Ch 15
Viewers 4k

 

🧶 Chapter 15   

 

 

 

“Diandi Media” ဟူသော နာမည်ကိုကြားလိုက်ရသောအခါ ရှန်းချူးချူးရင်တွင်းစကားဆိုမိသည်။ အကယ်၍ Diandi သို့ တကယ်သွားရပါက ကြယ်တစ်ပွင့်ဖြစ်လာရန် သူမ၏အိပ်မက်သည်ဝေးတော့မည်မဟုတ်ပေ။

 

သို့သော် လက်ရှိတွင် စာချုပ်မှာ ခုနစ်လကျန်ရှိနေသေးသဖြင့် ဒေါသတကြီးထွက်သွားပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။ ထို့နောက် ချန်းရှီလီသည် ယုယွီတင်းအစားလျော်ကြေးငွေပေးဆောင်ခဲ့သည်ကို သတိရမိသောအခါ ရှန်းချူးချူး ၏မျက်လုံးများတောက်ပလာရသည်။

 

 

"ဒါပေမယ့် ကျွန်မ ကုမ္ပဏီတစ်ခုနဲ့ချုပ်ပြီးနေပြီ။"

 

ချန်းရှီလီက မျက်မှောင်ကြုတ်လိုက်ပြီး "ဘယ်ကုမ္ပဏီလဲ ?"

 

ရှန်းချူးချူးက "မိန်ကျာ့ Entertainment" ဟု ပြန်ဖြေသည်။

 

ချန်းရှီလီသည် မျက်ခုံးပင့်ကာအပြင်ဘက်ရှိဖန်သားပြင်ကိုစိုက်ကြည့်လိုက်သည်။ ရှန်းချူးချူးသည် သူမ၏အကြည့်နောက်လိုက်ကြည့်ခဲ့ရာ ဖန်သားပြင်ပေါ်လက်ရှိပြသလျက်ရှိသည့် သူမ၏ကြော်ငြာအား မြင်လိုက်ရသည်။

 

ပြီးသည်နှင့်၊ ရှန်းချူးချူးသည် ချန်းရှီလီ၏အဖြေကိုစောင့်ဆိုင်းနေခဲ့သည်။

 

ချန်းရှီလီသည် သူ့ထံမှ သနားစဖွယ်အသံနှင့်ပြောလာသည်ကိုကြားရုံဖြင့် "အိုး၊ ငါ မင်းကိုနှောင့်ယှက် မိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်"

 

ပြီးသည်နှင့် ချန်းရှီလီ သူမကိုခေါင်းညိတ်ပြပြီး Sweet ဆိုင်မှထွက်လာခဲ့သည်။

 

ရှန်းချူးချူး အံသြသွားသည်။ အမ် ဘာလား ? ဟင် သူဘာလို့ စကားထပ်မပြောတော့တာလဲ ? စာချုပ်မှာ ခုနစ်လကျန်ရှိကာ အဆင်မပြေပါက လျော်ကြေးကို သူမကိုယ်တိုင် ပေးဆောင်ရမည်ဖြစ် သည်။

 

 

ရှန်းချူးချူး ချန်းရှီလီပျောက်ကွယ်သွားသည်ကို တိတ်တဆိတ်ကြည့်ပြီးနောက် စိတ်ဓာတ်ကျကာသည့် Sweet ဆိုင်မှထွက်သွားခဲ့သည်။ ချန်းရှီလီထံ မှစိတ်ဝင်စားမှုဆုံးရှုံးရခြင်းသည် သူမ၏လက်ရှိ စာချုပ်ကြောင့်မဟုတ်ဘဲ ကြော်ငြာကြောင့်ပင်။ ကြော်ငြာကိုမြင်ပြီးသည်နှင့် သူ ဘာတစ်ခွန်းမှထပ်မပြောလာတော့ချေ။

 

ရှန်းချူးချူးသည် သူမ၏ကြော်ငြာကိုတက္ကစီပေါ်တွင်ကြည့်နေရသော်လည်း မငြီးငွေ့ဘဲကြည့်လို့ကောင်းနေဆဲပင်။ ချန်းရှီလီ သူ့ကိုဘာကြောင့်ပြတ် ပြတ်သားသား ဖြတ်ချပစ်လဲ့မှန်း သူ လုံးဝးနားမလည်ခဲ့ပေ။ ကပ်သီးလေး !! Diandi Media သည် သူ အလွယ်တကူဝင်ရောက်နိုင်သော ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမဟုတ်ပေ။

 

တခြားဘာအဆင်မပြေမဖြစ်တာမရှိပါက စာချုပ်သက်တမ်းခုနစ်လမပြည့်မချင်း စောင့်ရမည်ဖြစ်ပြီး ချန်းရှီလီ သူမအား လက်ခံရန် ဆန္ဒရှိ၊မရှိ မေးဖို့ရာချန်းရှီလီနှင့်ကံစမ်းနိုင်သည်။

 

ဘဝသည် ပျော်ရွှင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်လို့နေသည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင်၊ ရှန်းချူးချူးသည် Vigorous Kitten ၏အချစ်ဇာတ်လမ်းအတွက်ပျော်ရွှင်ခဲ့ပြီး ယခု ချန်းရှီလီနှင့်လွဲချော်ခဲ့ရသည့် အခွင့်အရေးအတွက်ဝမ်းနည်းနေခဲ့သည်။ စွန့် စားခဲ့ရသည့် သူတစ်ယောက်အတွက်တော့ ဒီခရီးက အလွန်ပင်ပန်းခဲ့သည်။ ထူးထူးခြားခြားတစ်ခုခုမရှိပါက သူအပြင်ကိုဘယ်တော့မှ မထွက်တော့ဘူးဟုဆုံးဖြတ်လိုက်သည်။

 

ရှန်းချူးချူးသည် အိမ်ပြန်ရောက်သည်နှင့် ဦးစွာတစ်ရေးတစ်မောအိပ်ပြီးနောက် Vigorous Kitten ၏အိမ်ထောင်ရေးစနစ်ကိုကြည့်ရှုခဲ့သည်။ အရင်ကနှင့် ကွာခြားမှုမရှိဘဲ အိမ်ထောင်ရေးအဆင့်သတ် မှတ်ချက်သည် ကြယ်လေးပွင့်ဖြစ်နေဆဲဖြစ်ကာ သူ့ စိတ်ထဲအေးချမ်းသွားရသည်။

 

 

ရက်အနည်းငယ်အတွင်း ရှန်းချူးချူး၏ Weibo follower အရေအတွက်သည် နှစ်သောင်းကျော်အထိမြင့်တက်လာခဲ့သည်။ သူမ၏နောက်လိုက်တစ်ဝက်နီးပါးသည် အစစ်အမှန်ပရိတ်သတ်ဖြစ်သောကြောင့် ယခုအခါ သူ့ခေါင်းထဲဗလာဖြစ်နေ သည်။

 

သူသည် ပြိုင်ဆိုင်မှုထဲနစ်မြုပ်နေပြီး သူမ၏သရုပ် ဆောင်မှုစွမ်းရည်ကို ပြင်းပြင်းထန်ထန်လေ့လာနေချိန်တွင် တစ်စုံတစ်ယောက်သည် သူ့အတွက်တစ်ခု ခုစီစဉ်နေကြောင်း သူ မသိသလောက်ပင်။

 

***

 

မိန်ကျာ့ Entertainment

 

ရှန်းချူးချူးအား သူ အကြိုက်ဆုံးလူသစ်တစ်ဦးနှင့် တမင်အစားထိုးရန်ဆန္ဒရှိခဲ့သော်လည်း Han Group မှငြင်းပယ်ခဲ့သည်။ ထို့နောက် လူသစ်သည် မယားငယ်ဖြစ်ကြောင်းပေါ်ပေါက်သွားပြီး ဇနီးသည်ထံမှရိုက်ချခံလိုက်ရသည်။ ထိုကိစ္စများကြောင့် ရှင်းမျန့် ကုမ္ပဏီ၌ခေါင်းမထောင်နိုင်ဘဲဖြစ်နေခဲ့သည်။

 

မိန်ကျာ့ Entertainment သည် ထိပ်ဆုံးမှလူများကို ချီးကျူးကာ နိမ့်ကျသူများကိုဖိနှိပ်‌လေ့ရှိသည်မှာထုံးစံပင်။ ထို့ကြောင့် ရှင်းမျန့်ကံမကောင်းသောအ ခါတွင် လူများက သူ့အားနင်းရန်တုံ့ဆိုင်းမနေခဲ့ကြပေ။

 

ရှင်းမျန့်သည် ခံနိုင်ရည်ရှိရန်အလွန်ခက်ခဲသော အ ခြေအနေတစ်ရပ်နှင့်တွေ့ကြုံနေရသည်။

 

သို့သော် သူ ဘာမှမလုပ်နိုင်ခဲ့ချေ။ ကုမ္ပဏီတွင် ဆက်ရပ်တည်ချင်ပါက စိတ်ရှည်သည်းခံပြီးအ ပြောင်းအလဲဖြစ်ပေါ်လာမည့် အခွင့်အလမ်းကို စောင့်ရလိမ့်မည်။

 

ဓါတ်လှေကားစောင့်နေတုန်း တစ်စုံတစ်ယောက်မှ သူ့ဘေးကိုလျှောက်လာသည်။ ရှင်းမျန့်သည် ထိုလူကိုစိုက်ကြည့်ကာ မထင်မှတ်ထားသောလေသံဖြင့်

 

 

"ဘာလဲ ? ဝမ်ကျဲကကော ငါ့ကိုနင်းချင်နေသေးတာလား ? လုပ်ချင်ရင် မြန်မြန်လုပ်ရင်တာပိုကောင်းမယ် ဒါမှမဟုတ် ငါ အာဏာပြန်ရတဲ့အခါကျ မင်းမှာအခွင့်အရေးရှိတော့မှာမဟုတ်ဘူးလေ။"

 

 

ဝမ်ရှန်ရှန်သည် သူ‌ပြောတာကိုကြားတော့ ရယ်ပြီး အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

 

 

"မျန့်ကော ရှင် ဘာဘယ်လိုပြောလိုက်တာလဲ ? ကျွန်မက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ ??"

 

 

ရှင်းမျန့်သည် ဝမ်ရှန်ရှန်ကို မထီမဲ့မြင်ပုံစံဖြင့်စိုက်ကြည့်လိုက်သည်။ သူ့ကိုယ်သူတွေးကြည့်လိုက်ပြီး လူတိုင်းက သူဘယ်လိုလူမှန်းသိထားပြီးသားပင်။ ထို့ပြင် ကုမ္ပဏီမှာ လူတိုင်းသည် ပထမဆုံးအလုပ်စဝင်ခြင်းမဟုတ်သည့်အတွက် လူတိုင်းသည် တစ်ယောက်လှုပ်ရှားမှုတစ်ယောက်သိထားကြသည်။

 

သူစဉ်းစားနေစဥ် ဓာတ်လှေကားသည် ပထမထပ်သို့ရောက်ရှိလာပြီး သူတို့နှစ်ယောက်တယောက်ပြီး တယောက်လျှောက်ထွက်လာကြသည်။

 

 

ထိုစဉ် ဝမ်ရှန်ရှန်းသည် မသိနားမလည်ဟန်ဆောင်ကာ “မျန့်ကော၊ ရှင့်ရဲ့အောက်မှာ ရှန်းချူးချူလို့ခေါ်တဲ့ မင်းသမီးတစ်ယောက်ရှိလားလို့ ? သူ  လတ် တလော ဘာ အစီအစဉ်တွေရှိလဲ ?"

 

ရှင်းမျန့်သည် ရှန်းချူးချူး၏နာမည်ကိုကြားပြီး မျက်လုံးများမှိတ်ထားလိုက်သည်။ ထိုသူအားကုမ္ပဏီရှိလူတိုင်း သိကြသည်။ ရှန်းချူးချူးဟုခေါ်သော မိုက်ရိုင်းသည့်တတ်သစ်စသည် သူ့လက် အောက်တွင်ရှိခဲ့ပြီး သူမ ကြောင့်အရှက်ရခဲ့ရသည်။

 

သူ့ဘေးနားရှိလူကိုစိုက်ကြည့်ရင်း လွန်ခဲ့သည့်အ ခိုက်အတန့်က သူ့ကို မလှောင်ပြောင်ဘူးဟုဆိုထားသော်လည်း အလွန်ကမောက်ကမဖြစ်သည့်အခြေ အနေဖြစ်နေပြန်သည်။

 

"ဘာလဲ ? နောင်တရပြီး ငါ့ကိုထပ်ပြီး လှောင်ချင်နေတာလား ?" ရှင်းမျန့်က မခိုးမခန့်ပြောလိုက်သည်။

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်အား အပြစ်ကင်းသောအမူ အရာဖြင့်ကြည့်ကာ "မျန့်ကော ဘာပြောနေတာလဲ။ ရှင့်ကို ဘာလို့လှောင်ချင်ရမှာလဲ ? "

 

"ဒါဆို မင်းဘာလို့ ရှန်းချူးချူးအကြောင်းမေးတာလဲ။"

 

 

ရှင်းမျန့်သည် ဝမ်ရှန်ရှန်ကို နောက်ဆုံးအကြည့်တစ်ချက်လှမ်းကြည့်လိုက်သည်။

 

"ငါ ဒီလိုအဆုံးသတ်ရတဲ့အကြောင်းရင်းက ရှန်းချူးချူးကြောင့်မှန်းသိရက်နဲ့မသိချင်ယောင်ဆောင်နေတာလား။"

 

ပြီးနောက် ရှင်းမျန့် ဓာတ်လှေကားမှထွက်လာခဲ့သည်။

 

ဝမ်ရှန်ရှန်သည် အခြားထပ်သို့သွားမည့်ခလုတ်အားမနှိပ်ဘဲ ရှင်းမျန့်နောက်သို့လိုက်သွားခဲ့သည်။

 

ရှင်းမျန့်က ဝမ်ရှန်ရှန် သူ့နောက်လိုက်လာတာတွေ့တော့ မျက်မှောင်ကြုတ်ပြီး "မင်း အထပ်မှားသွားတာလား ? ဒါမှမဟုတ် အဲဒါ မလုံလောက်သေးလို့ မင်း ငါ့ကိုဆက်လှောင်ချင်နေသေးတာလား ?”

 

ဝမ်ရှန်းရှန်သည် ယနေ့တွင် သူမ၏ခက်ထန်ကြမ်း တမ်းသောအပြုအမူအားပြောင်းလဲခဲ့ပြီး ပိုရင်းနှီးသဖွယ် ပတ်ပတ်လည်ကိုလှမ်းကြည့်ကာ "ရှင် အရင်က အမှုဆောင်ချန်ကိုစော်ကားခဲ့တယ်လို့ကြားမိတယ်" ဟု အသံတိုးတိုးနှင့်ပြောလာသည်။

 

အမှုဆောင်ချန်၏အမည်ကိုကြားလိုက်ရသောအခါ ရှင်မျန့်၏မျက်နှာမှာပိုဆိုးလာသည်။ အမှုဆောင်ချန်ကိုစော်ကားခဲ့သည့် အကြောင်းရင်းမှာရှန်းချူးချူးကြောင့်ဖြစ်သည်။ ရှန်းချူးချူးနှင့်လက်မှတ် ထိုးပြီးကတည်းက သူ့ထံချောမွေ့သည့်နေ့ဟူ၍မရှိခဲ့ဘဲ သူ့၏မကျေနပ်မှုအများစုသည် ကံမကောင်းတဲ့ရှန်းချူးချူးထံမှဆင်းသက်လာပင်။

 

"ဟုတ်တယ် ဘာဖြစ်လဲ ?" ရှင်းမျန့် စိတ်ဆိုးစွာပြန်ဖြေလာသည်။

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်ပြန်ဖြေသည်ကိုနားထောင်ပြီး သူ့ရုံးခန်းထဲလိုက်လာပြီးနောက် တံခါးပိတ်လိုက်သည်။

 

“ကောင်းပြီ၊ အမှုဆောင်ချန်နဲ့ ရှင့်ရဲ့ဆက်ဆံရေးကို ပြန်စဖို့အခွင့်အရေးတစ်ခုရှိတယ် စိတ်ဝင်စားလား"

 

ရှင်းမျန့်သည် ဝမ်ရှန်းရှန်း ယနေ့ သူနှင့်မတူအောင်သည်းခံနေပြီး သူ့ရုံးခန်းထဲထိလိုက်လာခဲ့သဖြင့် သူ့ထံမှတစ်စုံတစ်ခုလိုချင်‌နေမှန်းသိလိုက်သည်။ မဟုတ်ပါက သူ့နောက်လိုက်ပြီး ရှန်းချူးချူးအ ကြောင်းမေးမည်မဟုတ်ချေ။

 

"ဘာ အခွင့်အရေးလဲ ?" ရှင်းမျန့် စိတ်ဝင်တစား မေးလိုက်သည်။

 

“အမှုဆောင်ချန်တက်ရောက်မယ့် ညစာစားပွဲရှိတယ်။ အခွင့်အရေးယူပြီးတောင်းပန်လိုက်ပါလား ? အဲ့လိုဆို ပြဿနာတော်တော်များများရှင်းသွားလိမ့်မယ်။”

 

"ညစာစားပွဲ" ဟူသော စကားလုံးကိုကြားလိုက်သည်နှင့် ဝမ်ရှန်းရှန်း ဘာကိုဆိုလိုသည်ကို မှန်းဆလိုက်သောအခါတွင် သူ့ပါးစပ်ထောင့်မှာလှုပ်ရှားသွားရသည်။

 

 

"မင်း စကားမပြီးသေးဘူးမဟုတ်လား ? မင်း ငါ့ကို ရှန်းချူးချူးကိုခေါ်စေချင်နေတာလား ? ရှန်းချူးချူးနဲ့ ငါ ဘာလို့အစကပြဿနာဖြစ်တာလဲ မင်းသိလား ? ကြည့်ရတာ သိပြီးသားပဉနေမှာပါ၊ ငါ သူ့ကို အမှုဆောင်ချန်နဲ့ လိုက်သောက်စေချင်ပေမယ့် သူက အဆုံးထိ လူလုံးလာမပြခဲ့ဘူး။ အဲဒါကြောင့် ငါတို့ဆက်ဆံရေးက ပိုဆိုးလာတယ်။ ရှန်းချူးချူးကို ငါ့စကားနားထောင်မယ်လို့ မင်း ထင်နေတာလား ?

 

ပြီးသည်နှင့် ရှင်းမျန့်သည် အေးစက်စွာရယ်မောလိုက်သည်။

 

ဝမ်ရှန်ရှန်သည် ရှန်းချူးချူးနှင့် ရှင်းမျန့်နှင့် အမှု ဆောင်ချန်တို့၏အခြေအနေကို သဘာဝကျကျသိထားသည်။ သေချာမစုံစမ်းဘဲ ဒီကိုရောက်လာမည်မဟုတ်ဘူပေ။

 

ထို့ပြင် ဝမ်ရှန်းရှန်းသည် မပြောင်းလဲသည့်အပြုံးနှင့် ပြန်ဖြေလာသည်။

 

“မျန့်ကော၊ အခုက အရင်လိုမဟုတ်တော့ဘူး။ ငါ့အနုပညာရှင် ထောင်ထောင်က ရုပ်ရှင်လောကထဲ တိုးဝင်နေတာကို ရှင် သိထားရမယ်။ မကြာခင်မှာ လက်မှတ်ထိုးတော့မယ့် သင့်တော်တဲ့‌ဇာတ်‌ကောင်တစ်ခုရှိတယ်။ ရင်းနှီးမြုပ်နှံသူက အမှုဆောင်ချန်လေ ပြီးတော့ ထောင်ထောင်နဲ့ ရှန်းချူးချူးတို့က ကုမ္ပဏီတစ်ခုတည်းမှာရှိနေတာဆိုတော့ ရှန်းချူးချူးအတွက် ဇာတ်ကောင်တစ်ခုပေးချင်တယ်လို့ပြောလာတယ်၊ ရှန်းချူးချူး ဒီအခွင့်ကောင်းကို ဆုပ်ကိုင်လိမ့်မယ်လို့ ရှင် မထင်ဘူးလား ?"

 

 

ရှင်းမျန့်သည် ဝမ်ရှန်ရှန်၏စကားကိုနားထောင်ပြီး မျက်လုံးမှိတ်ကာစဉ်းစားလိုက်သည်။ သူ စားပွဲပေါ်ရှိဘောပင်ကိုကောက်ကိုင်လိုက်ပြီး အကြိမ်အနည်း ငယ်လှည့်လိုက်ကာ "ထောင်ထောင်ရဲ့ ဇာတ်ကောင်မသတ်မှတ်ရသေးတဲ့အတွက် မင်းကို ကူဖို့ရှန်းချူးချူးကို အသုံးချချင်တာလား ?"

 

 

ဝမ်ရှန်ရှန်၏မျက်နှာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူ့စိတ်ထဲ ရည်ရွယ်ချက်အမှန်ကိုဖုံး ကွယ်ထားရန် ကျယ်လောင်စွာရယ်မောလိုက်သည်။ ခဏတာရယ်မောပြီးနောက် ဝမ်ရှန်ရှန်က

 

 

"Ah ? မျန့်ကော ရှင် ဘာတွေပြောနေတာလဲ ? ရှန်းချူချူးကို ဘယ်သူကဂရုစိုက်မှာလဲ ? သူက အခုမှ ကြော်ငြာတွေစရိုက်တဲ့ အသစ်တစ်ယောက်သာသ။ပဲလေ၊ နှစ်တိုင်း ကုမ္ပဏီမှာ သူ့လိုအသစ်တွေမှအ များကြီးပဲ၊ ဒါ့ပြင် သူက ရှင်နဲ့ကုမ္ပဏီကိုလည်းစော် ကားခဲ့သေးတယ်။ သူ့ကို ဘယ်သူကခေါ်ထားရဲမှာလဲ ?”

 

ရှင်းမျန့်သည် သူမစကားကိုနားထောင်ပြီး ဝမ်ရှန်ရှန်၏ရည်ရွယ်ချက်များကို ပိုသေချာလာခဲ့သည်။ သူ့အံဆွဲကို ရိုးရှင်းစွာဖွင့်လိုက်ပြီး ကြည်လင်သော လက်သည်းဆိုးဆေးတစ်ပုလင်းကိုထုတ်ကာ သူ့လက်သည်းများကို အေးအေးဆေးဆေးဆိုးနေလိုက်သည်။

 

"ဒါဆို မင်း ပြောသလိုပဲလေ၊ ရှန်းချူးချူးက ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတာတောင်မှ မင်းကဘာလို့ သူ့ကို ကူညီပေးချင်နေတာလဲ။"

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်၏အမူအရာကိုကြည့်ကာ သူမ၏စကားများထဲ အပေါက်ရှိသွားကြောင်းနား လည်လိုက်သည်။ သူ ခပ်ပေါ့ပေါ့ရယ်မောပြီးနောက် သူမ ပြောသမျှကိုဖုံးကွယ်ရန်အတွက် ဟာသတစ်ခုလုပ်ရန်ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် ရှင်းမျန့် သည် သူ၏လက်သည်းများကို အပြင်းအထန်ခြယ်သနေကာ သူမ၏အပြုံးများကိုရပ်တန့်သွားစေခဲ့သည်။

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်၏ဂရုမစိုက်သောအကြည့်ကိုကြည့်ပြီး တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ရှင်းမျန့်ပြောခဲ့သလိုပဲ လူတိုင်းသည်လုပ်ဖော်ကိုင် ဖက်များဖြစ်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိကြသည်။ ထို့ပြင် ရှင်းမျန့်သည် သူမရှေ့တွင်ရှိနေခဲ့ပြီး သူမထက်ပိုသက်တမ်းရှည်သောမန်နေဂျာတစ်ဦးပင်။

 

ဤအတွေးဖြင့် ဝမ်ရှန်းရှန်းက ရှင်းမျန့်ကိုကြည့်ကာ

 

 

"မျန့်ကော၊ ရှင် တကယ်သိတာပဲ ဟုတ်တယ် ထောင်ထောင့်အပိုင်းက အခု နောက်ဆုံးအဆင့်ညှိ နှိုင်းနေတုန်းပဲ၊ အမှုဆောင်ချန်က ရင်းနှီးမြုပ်နှံသူဆိုတော့ သူ့ဆီကအကူညီယူချင်တယ်။”

 

ရှင်းမျန့်သည် ဝမ်ရှန်ရှန်စကားအားမကြားချင်ယောင်ဆောင်ကာ သူ့လက်သည်းများကိုဆက် လက်ခြယ်သနေသည်။ လက်သည်းဆယ်ချောင်းလုံးပြီးသွားသည်နှင့် ရှင်းမျန့်သည် သူ့လက်ချောင်းများကိုကျေနပ်စွာကြည့်ကာ လက်သည်းဆိုးဆေးကိုဖြည်းညှင်းစွာဖယ်လိုက်သည်။

 

သူသည် ခေါင်းကိုဖြည်းညှင်းစွာမြှောက်လိုက်ပြီး သူ့ဘက်ခြမ်းတွင်ထိုင်နေသော ဝမ်ရှန်ရှန်အားပြုံးပြကာ "မြင်လား ? ဒါပဲလေ၊ အဲ့ဒါကို စောစောကပြောလိုက်ရင် ပြီးနေတာကို၊ အကယ်၍ မင်းတစ်ယောက် ယောက်ဆီကတောင်းဆိုချင်တယ်ဆိုရင် မင်း သူ တောင်းစားလိုပြုမူတတ်ဖို့တော့လိုတယ်။”