၅၇
Viewers 9k

ထိုအခိုက်တွင် သူမ ခေါင်းငုံ့လာကာ သူတို့၏နှုတ်ခမ်းမှာ လက်နှစ်ချောင်းစာမျှသာ ကွာဝေးနေလေသည်။

[ငါ့ရဲ့ အတွဲပေးစားတဲ့သူတွေ ဘယ်ရောက်​နေတာလဲ?? မြန်မြန်လာကြည့်ကြ!!!]

[သူတို့ကို စုံတွဲ​လို့ မခေါ်ချင်ပေမယ့် သူတို့က နမ်းလုနီးပါးဖြစ်နေပြီ။]

[သူတို့ရုပ်ရည်​တွေနဲ့။ သူတို့ တကယ်သာ လက်ထပ်ကြရင် သူတို့က​လေးက ဘယ်လောက်တောင်လှ​နေလိုက်မလဲ။]

[ဘုရားရေ၊ အရမ်းချိုမြိန်တာပဲ။ ဒါက ဇာတ်ကားတွေထက်တောင် ပိုကောင်းတယ်။]

[မိတ်ကပ်လိမ်းရုံပဲကို။ သူတို့နှစ်ယောက်က ဘာလို့ဒီလောက် နီးနီးကပ်ကပ်နေနေရတာလဲ??]

[ချူးကျင်းချန်းရဲ့ အကြည့်ကို လူတိုင်း​တွေ့လိုက်ကြရဲ့လား။ သူက မာစတာရန်ရဲ့နှုတ်ခမ်း ကို စိုက်ကြည့်နေတယ်။]

[ပေးစား​နေတဲ့ပရိသတ်တွေ ရူးသွပ်သွားကြတော့မယ်။ သူတို့တောင် အများကြီးဝင်လာကြည့်နေကြပြီ]

[သူမက သူ့အတွက် မိတ်ကပ်လိမ်းပေးနေတာ​လေ။ အဲ့ဒါကို အတွဲလို့ ဘယ်လိုခေါ်နိုင်မှာလဲ။]

ချူးကျင်းချန်း မော့ကြည့်လိုက်သောအခါတွင် ရှီရန်၏အေးစက်သောမျက်လုံးများကို တွေ့လိုက်ရသည်။

လေထုက အနည်းငယ် တမျိုးဖြစ်နေသော်လည်း ရှီရန်၏တုံ့ပြန်မှုက ငြိမ်သက်နေဆဲဖြစ်သည်။

သူမ မျက်ခုံးပင့်လိုက်သည်။ "ဘာ မှားနေလို့လဲ?"

ချူးကျင်းချန်း ပြုံးလိုက်သည်။ "ဘာမှမမှားပါဘူး။ ဆက်လိမ်းပါ။"

၎င်းနဲ့ပတ်သက်ပြီး သံသယတောင်မရှိ​ပေ။ သူမ၏လက်များသည် အလွန်ကျွမ်းကျင်မှုရှိပြီး ချူးကျင်းချန်း၏မိတ်ကပ်ကို အမြန်လိမ်းပြီးအောင်ကူညီပေးသည်။ ဆံပင်တုကို ၀တ်လိုက်သည်နှင့် မူလက ထင်​ပေါ်သော ချူးကျင်းချန်းသည် ချက်ချင်းပင် သာမန်လူဖြစ်သွားသည်။

သူ့မျက်နှာအသွင်အပြင်ကို အနီးကပ် စစ်ဆေးကြည့်သောအခါတွင် သူ၏ပြောင်းလဲထား​သောအသားအရည်ဖြင့် သူက အရည်အချင်းရှိသော ချူးကျင်းချန်းလို့ မည်သူမှ ထင်မည်မဟုတ်​ပေ။

ထိုနောက် ရှီရန်က ကိုယ်တိုင်မိတ်ကပ်စလိမ်းတော့သည်။ သူမသည် သူမ၏အသားရောင်ကို တစ်ဆင့်မဲ​​အောင်လုပ်ကာ တင်းတိပ်များ ထည့်ပြီး အနက်ရောင်ကိုင်းပါ​သောမျက်မှန်ကို ၀တ်ဆင်သည်။

ထို့နောက် သူမက ကျစ်ဆံမြီးပါ​သောဆံပင်တုကို ရှာတွေ့ခဲ့ပြီး ဝတ်ဆင်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူမသည် လူ့အဖွဲ့အစည်းထဲသို့ ယခုမှ ဝင်ရောက်လာခဲ့သည့်ကျောင်းသူလေးတစ်ဦးနှင့်တူသည်။

သူတို့ နှစ်ယောက် အတူတူ မတ်တပ်ရပ်ပြီး ရုပ်ရည်ချောမောသောစုံတွဲကနေ သာမန် ကျောင်းဝင်းထဲက စုံတွဲတစ်တွဲအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

[ဒီမိတ်ကပ်အစွမ်းက အံ့မခမ်းပဲ။]

[သူ့နဂိုစိတ်နေစိတ်ထားကလွဲရင် ဒီလူက ငါ့ရဲ့ အမျိုးသားအိုင်​ဒေါလို့တောင် ငါတကယ် မသိနိုင်ဘူး။]

[ငါ အဲ့ဒီလိုလက်တွေ လိုအပ်တယ်!]

[အဲဒါက မိတ်ကပ်နဲ့လုံးဝမတူဘူး။ သူတို့က လုံးဝတခြားလူတွေနဲ့တူတယ်။ အံ့သြစရာကောင်းလိုက်တာ။]

[မာစတာရန်၊ မိတ်ကပ်ချန်နယ်တစ်ခု စတင်လိုက်ပါ။ မာစတာရဲ့ သင်ခန်းစာတွေကို ဒူးထောက်ပြီး နားထောင်ပါ့မယ်။]

နှစ်ယောက်သား မိတ်ကပ်လိမ်းပြီးသွားသည်နှင့် တံခါးကို တွန်းဖွင့်လိုက်သည်။ တိုက်ဆိုင်စွာပင် မျက်နှာချင်းဆိုင်တံခါးကလည်း ပွင့်လာသည်။

ပိုင်ကျင်းထျန်သည် အဖိုးအို၏မိတ်ကပ်နှင့် အဖြူရောင်ဆံပင်တုကို တမင်တကာ ၀တ်ဆင်ထားသည်။ သူ့မျက်နှာမှာလည်း အရေးအကြောင်းများ ပြည့်နေသည်။

တစ်ဖက်တွင် ယွီဇစ်ကျန်းသည် ဆွဲ​ဆောင်မှုရှိစွာ ၀တ်ဆင်ထားသည်။ သူမ၏အနီရောင် ၀တ်စုံသည် လှိုင်းထနေပြီး နေကာမျက်မှန် ၀တ်ထားသည်။

"မင်းက... ရှီရန်?" ပိုင်ကျင်းထျန်သည် ခဏတာမျှ မသေချာဖြစ်ကာ သူတို့ကို ခွဲခြားသိမြင်ရန် သူမ၏ကိုယ်ခန္ဓာပုံသဏ္ဍာန်ကိုသာ အားကိုးနိုင်သည်။

"ကျွန်မပါ"  ရှီရန်က ခေါင်းညိတ်သည်။

ချူးကျင်းချန်းသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ပိုင်ကျင်းထျန်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

"သွားကြရအောင်" ချူးကျင်းချန်းက တိုးတိုးလေးပြောသည်။

သူတို့သည် တံခါးပေါက်မှ ထွက်လာပြီး ထိုနေရာတွင် ရပ်နေကြသည်။ သူတို့ချက်ချင်းမ သွားကြသေး​ပေ။

ဂျင်မော်စင်တာတတိယထပ်ရှိ Good View ကော်ဖီဆိုင်တွင် အလုပ်ဝင်လုပ်ရန် ရွေးချယ်ခဲ့သည်။

အိမ်မှ ဂျင်မော်စင်တာသို့ တစ်နာရီခန့် ကားမောင်းသွားရမည်။

ယခုအချိန်တွင် သူတို့တွင် ကားမရှိသည့်အပြင် သူတို့၏ကိုယ်ပိုင်ဆဲလ်ဖုန်းများကို ရိုက်ကူးရေးအဖွဲ့က သိမ်းဆည်းထားသည်။

ရှီရန်လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ခေတ်ဟောင်းကားတစ်စီးသည် အိမ်နီးချင်း၏အိမ်ရှေ့တွင် ပေါ်လာသည်။

"အိမ်နီးနားချင်းဆီက ကျွန်မ ကားငှားလိုက်မယ်"

ချူးကျင်းချန်းနှင့် ရှီရန်တို့သည် ရှေ့သို့ လျှောက်သွားကြသည်။

အထူးသဖြင့် ချူးကျင်းချန်းသည် စီးပွားရေးကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် အိမ်နီးချင်းနှင့်ပြောဆိုဆက်ဆံရသည်မှာ သူတို့ထင်ထားသည်ထက် များစွာရိုးရှင်းသည်။ သူ စကားအနည်းငယ်ပြောရုံဖြင့် ကားကို ငှားနိုင်ခဲ့သည်။

ချူးကျင်းချန်းသည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေချိန်တွင် ရှီရန်သည် ကားမောင်းရန် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်သည်။

[ရှီရန်: ငါ့ရဲ့သကြားအဖေကို ကားမောင်းခိုင်းလို့ဘယ်ဖြစ်မလဲ။]

[ချူးကျင်းချန်းက ကိုယ်တိုင်တောင် ကားမမောင်းဖူးတဲ့ပုံပဲ။]

[သူတို့နှစ်ဦးက ဒီကိစ္စနဲ့ပတ်သက်ပြီး  နားလည်မှု တိတိကျကျရှိတယ်။]

[ဒါပေမယ့် သူ အားစိုက်ထားတယ်​လေ။ ချူးကျင်းချန်းက ကားအတွက် ညှိနှိုင်းပေးခဲ့တာ။ အစကတော့ အိမ်နီးချင်းတွေက သူ့ကို ကားမငှားချင်ကြဘူးလေ။]

သူတို့နှစ်ဦးသည် ရိုက်ကူးရေးအဖွဲ့ထံမှ ဖုန်းငှားကာ ဂျင်မော်စင်တာသို့ ရောက်ရှိလာသည်။

ဤသည်မှာ မြို့F ၏အဆင့်မြင့်စျေးဝယ်စင်တာတစ်ခုဖြစ်သည်။ ကားပါကင်တွင် သန်းချီတန်​သောဇိမ်ခံကားများဖြင့် ပြည့်နေသည်။

ဇိမ်ခံကားများစွာရှိသည့်အထဲတွင် သူတို့၏ ခေတ်ဟောင်းကားသည် အလွန်ပေါ်လွှင်​နေပြီး ထို​နေရာနှင့်မလိုက်မဖက်ဖြစ်နေသည်။

သူတို့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ထူးဆန်းသော အကြည့်များစွာကို ရရှိသည်။

Good View ဆိုင်ကို သူတို့ရောက်လာပြီး သူတို့အလုပ်ကိစ္စကို စားပွဲထိုးကိုရှင်းပြပြီး​သောအခါ မန်နေဂျာအား စောင့်ဆိုင်း​ပေးရန်ကောင်တာဆီဖိတ်ခေါ်ခံခဲ့ရသည်။

ကော်ဖီဆိုင်ကို ပေါ့ပါးပြီး ဇိမ်ကျကျပုံစံဖြင့် အလှဆင်ထားသည်။ အလယ်ဗဟိုရှိ စင်မြင့်တစ်ခုပေါ်တွင် အဖြူရောင်စန္ဒယားတစ်လုံးပင် ရှိသည်။

ချူးကျင်းချန်းသည် စန္ဒယားကိုစိုက်ကြည့်နေသော ရှီရန်ကိုမြင်ပြီး အသံနိမ့်နိမ့်ဖြင့် မေးသည်။ "စန္ဒယားတီးနည်းကို သိလား?"

ရှီရန်က မဖြေပေ။ သူမအကြည့်က တံခါးဝတွင် ရောက်​နေသည်။

အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီ၀တ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည်ကို သူမ တွေ့လိုက်ရသည်။

အမျိုးသားက နေကာမျက်မှန်ထာဝတ်ထားပြီး အမျိုးသမီးက ဦးထုပ်နဲ့ maskကို တပ်ထားသည်။

တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

'ရန်သူတွေနဲ့ ထိပ်တိုက်လာတိုး​နေတာပဲ'

ပရိုဂရမ်အဖွဲ့၏မစ်ရှင်တည်နေရာကို မတူညီသောအဖွဲ့များက ထပ်ခါတလဲလဲ ရွေးချယ်နိုင်မည်ဟု သူမ မမျှော်လင့်ထား​ပေ။

ရှီဝန်ဖေးနှင့် ကျုံးယူဖန်တို့သည် လမ်းတစ်လျှောက်တွင် သတိထားနေကြသည်။ ရှေ့ စားပွဲတွင် ချူကျင်းချန်းနဲ့ ရှီရန်တို့ကို တွေ့သောအခါ သူတို့ အံ့ဩသွားကြသည်။

ခဏလောက် အကဲခတ်ကြည့်ပြီးနောက် ကျုံးယူဖန်က "ရှီရန်နဲ့ တတိယသခင်လေးတို့ပဲ" လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"သူတို့တွေလား?!" ရှီဝန်ဖေးက ထိတ်လန့်သွားပုံ​ပေါ်သည်။

ရှီဝန်ဖေးက သူတို့ကို မမှတ်မိသည်မှာအံ့သြစရာမရှိပေ။ ရှီရန်နှင့်ချူးကျင်းချန်းသည် သာမန်ဆန်လွန်းနေသောကြောင့်ဖြစ်သည်။

အဆုံးတွင် ကျုံးယူဖန်သည်  ချူးကျင်းချန်းကို သူ၏ကိုယ်ရောင်ကိုယ်ဝါကြောင့်မှတ်မိသည်။

"မမ၊ ဘယ်လိုတိုက်ဆိုင်နေတာလဲ၊ မမတို့ကရော ဒီနေရာကို ရွေးခဲ့တာလား" ရှီဝန်ဖေးက အသံတိုးတိုးဖြင့် မေးသည်။

"အင်း" ရှီရန်က အေးစက်စွာ ပြန်ဖြေသည်။

ထို့နောက် မန်နေဂျာက လမ်းလျှောက်လာသည်။

ရှီဝန်ဖေးနှင့်ကျုံးယူဖန်တို့က သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးသည်။

မန်နေဂျာက နားလည်ပြီးနောက် “လောလောဆယ်မှာ ကျွန်တော်တို့ ကော်ဖီဆိုင်မှာ နေရာနှစ်ခုက လူလိုနေပါတယ်။ တစ်ခုက စားပွဲထိုးနဲ့ နောက်တစ်ခုက စန္ဒယားပညာရှင် အတွက်ပါ” လို့ ပြောသည်။

"စားပွဲထိုးကို တစ်နေ့ ယွမ်နှစ်ရာနဲ့ စန္ဒယားတီးဆရာကို တစ်နာရီ ယွမ်ငါးရာ ပေးပါမယ်။ ဖောက်သည်ဆီက ဘောက်ဆူးရှိရင် မင်းတို့ ယူလို့ရပါတယ်။"

"ကျွန်မရဲ့မမကလွဲလို့ ဒီမှာရှိတဲ့လူတိုင်း စန္ဒယားတီးတတ်တယ်ဆိုတာ သေချာတယ်" ဟု ရှီဝန်ဖေးက အပြစ်ကင်းဟန်ဆောင်ကာ ပြောသည်။

"အသင်းတစ်သင်းကတစ်​ယောက်တည်းပဲ စန္ဒယားတီးနိုင်ပါမယ်" ဟု မန်နေဂျာက သူတို့ကို ကြင်နာစွာ သတိပေးသည်။

"ဒါဆို..." ရှီဝန်ဖေး ပြောသည်။ "ကျွန်မက  စားပွဲထိုးလုပ်လိုက်ပါမယ်။ ယူဖန်က စန္ဒယားတီးလို့ရတယ်။"

သူမသည် အလွန်စာနာတတ်သည်ကို မြင်လိုက်ရသဖြင့် ကျုံးယူဖန်၏နှလုံးသားက နွေးထွေးသွားသည်။ သူက ရှီဝန်ဖေး၏ခေါင်းကို ပွတ်သပ်ပြီး "ရပါတယ်။ မင်းက စန္ဒယားတီးရမယ့်နေရာကိုယူပါ။ မင်းက ကောင်းကောင်း စန္ဒယားတီးနိုင်ပါတယ်" လို့ ချစ်ခင်စွာ ပြောသည်။

[သူတို့နှစ်ယောက်က တကယ်ကို စုံတွဲတွေပဲ။]

[သူက ရှီရန်ရဲ့စေ့စပ်ထားသူဖြစ်ပေမဲ့ သူတို့နှစ်​ယောက်က အတွဲ​တွေလိုခံစားချက်မျိုးတောင် လုံးဝမရဘူး။]

[ ရှီရန်နဲ့ကျုံးယူဖန်က စေ့စပ်ပွဲတောင်ဖျက်ပြီးပြီလို့ ငါ ထင်တယ်။ သူတို့က အဲဒါကို လူသိရှင်ကြားသာမကြော်ငြာသေးတာ။]

[ငါ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဖေး​ဖေးနဲ့ ကျုံးယူဖန်က ပိုလိုက်ဖက်တယ်လို့ ငါ ထင်တယ်။]

[ ဖေး​ဖေးက ရှီရန်ထက် အများကြီး ပိုသာတယ်၊ အို​ကေ? စိတ်ပုံမှန်ဖြစ်​နေသူမှန်သမျှက ဘယ်သူ့ကို ရွေးရမယ်ဆိုတာ သိတယ်။]

မန်နေဂျာက ရှီရန်ကို ကြည့်လိုက်သည်။

ရှီရန်က စကားပြောတော့မည့်အချိန်တွင် ချူးကျင်းချန်းက စကားစ​ပြောလာသည်။ "မင်းက စန္ဒယားတီးနိုင်တယ်။"

"အို​ကေ။" သူ့ကို အ​ကြောင်းပြချက်မ​မေးဘဲ ရှီရန်က သဘောတူလိုက်သည်။

"မမကစန္ဒယား...တီးမှာလား"  ရှီဝန်ဖေးအံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။

[???? ရှီရန်က စန္ဒယားတီးနိုင်တယ်။ အတည်ပြောနေကြတာလား?]

[ငါအသက်ငယ်ငယ်ရွယ်ရွယ်မှာ ရှီရန်စန္ဒယားတီးတာကို ကြားရတဲ့အထိ ငါကံကောင်းတာပဲ။ ေ-ာက်ရမ်းမိုက်တယ်လို့ပဲ ငါပြောချင်တယ်!]

[ရှီရန်ရဲ့ပင်ကိုယ်စွမ်းရည်က ကျဆင်းနေပြီး မဟုတ်လား။ မကြာခင်ကမှ သူမရဲ့နာမည်ဆိုးကိုရှင်းလင်းဖို့ ပြိုင်ကားမောင်းပြိုင်ပွဲကိုလုပ်ခဲ့တယ်။]

[ဒါက ခန့်မှန်းနိုင်တာပဲ။ သူမက အထက်တန်းကျောင်းတောင် မပြီးခဲ့ဘူး။ သူမမှာ ဘယ်လိုအရည်အချင်းတွေ ရှိနိုင်မှာလဲ။]

[ဖေး​ဖေးက အကောင်းဆုံးပဲ။ သူမက စန္ဒယား၊ အက၊ သီချင်းဆိုတာ​တွေမှာ ဘွဲ့ရထားပြီးသား။]

[ငါ ဖေး​ဖေးရဲ့ သီချင်းကို ပြန်ကြားရနိုင်ပြီ။ ပျော်လိုက်တာ။]

[မင်းမှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နိုင်စွမ်းနဲ့အဲဒီစန္ဒယားကို အမဲစက် မစွန်းထင်းစေဖို့​မျှော်လင့်တယ်။]

"စန္ဒယားတီးချင်ရင် အကဲဖြတ်မှုတစ်ခုရှိပါလိမ့်မယ်။ အရင်ဆုံးတစ်ခုခုတီးပြရမယ်။ အောင်မြင်သွားရင် အဲ့ဒီနေရာကိုတာဝန်ယူနိုင်တယ်။"

ရှီဝန်ဖေးသည် ရှီရန်ကို ကြည့်ပြီး ပြောသည်။ "ဒါဆို ကျွန်မ အရင်တီးပါမယ်။"

ရှီရန်က တကယ်ပဲ ငါနဲ့ စန္ဒယားတီးပြိုင်ချင်နေတာလား?

ဒါဆို ငါ ဒီခွေးမကို ငါတို့ နှစ်ယောက်ကြား ကခြားနားချက်ကို ပြရမှာ​ပေါ့။

ရှီဝန်ဖေးသည် ကော်ဖီဆိုင်အလယ်ရှိ စန္ဒယားဆီသို့ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်သွားသည်။

မကြာခင်တွင် သာယာငြိမ့်ညောင်းသောသီချင်းသံကို ကြားလိုက်ရသည်။ စန္ဒယားသံက ရိုးရိုသာယာလွန်းလှသည်။

စန္ဒယားတီးသံကြောင့် ဧည့်သည်များသည် စင်မြင့်ဆီသို့ ကြည့်လာကြသည်။

ချူးကျင်းချန်းသည် တံတောင်ဆစ်ကို ကောင်တာပေါ်တင်ပြီး မေးစေ့ကို လက်ဖြင့်ထောက်လိုက်သည်။ သူ့အကြည့်က သူမ၏​​ဘေးမျက်နှာကို ရောက်​နေသည်။

ရှီရန်သည် သူ စိုက်ကြည့်နေသည်ကို ခံစားလိုက်ရပြီး ခေါင်းလှည့်ကာ မျက်လုံးချင်းဆုံသွားသည်။

"ရှင် ဘာလို့ စန္ဒယားမတီးတာလဲ" ရှီရန်က မေးသည်။

သခင်လေးသည် လူများကိုခစားရာတွင် အတွေ့အကြုံများစွာမရှိသောကြောင့် စားပွဲထိုးလုပ်ခိုင်းရန် မသင့်​တော်ပေ။

"ကျွန်​​တော် မတီးတာကြာတော့ မေ့လုနီးပါးတောင်ဖြစ်နေပြီ။"

"ဒါဆို ကျွန်မ တီးလိုက်မယ်။ အနားယူလို့ရမယ့်နေရာကိုရှာပြီး ကျွန်မ အလုပ်ဆင်းမှာကို ထိုင်စောင့်နေလိုက်" ဟု ရှီရန်က အနည်းငယ် တွေးပြီးနောက် ပြောလိုက်သည်။

ရှီရန်၏လေးနက်သောအမူအရာကိုကြည့်ရင်း ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများသည် အနည်းငယ်ရွေ့လျားသွားသည်။ နှုတ်ခမ်းပေါ်မှ သူ့အပြုံးသည် တဖြည်းဖြည်း မြင့်တက်လာသည်။

"ကောင်းပါပြီ။ မင်းသ​ဘောအတိုင်းပါပဲ။"

သူ့အသံက ညင်သာမှုဖြင့်ပြည့်နက်​နေသည်။