Viewers 115

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ နာမည်ကျော်ကြားတဲ့မင်းသမီးတစ်ယောက်ရဲ့ကောက်​ကြောင်းနဲ့ မျက်နှာက တကယ်ကို ထိပ်တန်းပဲ။"


ရှီရန်၏နားထဲသို့ ယောက်ျားတစ်ယောက်၏ညစ်ညမ်းသောစကားသံ ဝင်​ရောက်လာကာ သူမ၏စိတ်သည် ရှုပ်​ထွေး​နေသည်။

"ငါအရင်လုပ်မယ်ကွာ။ ငါအရင်က တစ်ခါမှနာမည်ကျော်ကြားတဲ့သူကို မမြည်းစမ်းဖူးဘူး!"

သူ၏ကြမ်းတမ်းသောလက်ဖဝါးများက သူမ၏ ခါးကို ပွတ်သပ်​နေသည် ။

ရှီရန် စိတ်​ရှုပ်​​ထွေး​ကာ မျက်​လုံးများကို ရုတ်​တရက်​ဖွင့်​လိုက်​သည်​။

'ဒီနေရာက ဘယ်​နေရာလဲ။'

နောက်​ထပ်စက္ကန့်​ပိုင်းတွင်​ ​အေးစက်​သည့်​အကြည့်တစ်​ခု​က သူမ၏မျက်လုံးထဲတွင်ပေါ်လာသည်​။

သူမသည် အပေါ်ကိုတဖြည်းဖြည်းတက်လာ​နေ​သောထိုလူ၏လက်ကို ဖမ်းကိုင်လိုက်ပြီးလိမ်ချိုးလိုက်သည်။ အရိုးများကွဲအက်သွားသောအသံသည် ထိုလူ၏ အော်သံနှင့်အတူ တညီတညွတ်တည်း ပဲ့တင်ထပ်သွားသည်။

ထိုလူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လက်ဖဝါးများကို ဆုပ်ကိုင်ထားလျက် ချွေးစေးများ သူ့မျက်နှာပေါ်သို့ စီးကျလာသည်။

သူမသည် ကုတင်ပေါ်တွင် အဖြူရောင် မျက်နှာသုတ်ပုဝါကို ပေါ့ပါးစွာ သူမခန္ဓာကိုယ်ပေါ်တွင်ပတ်လိုက်ပြီး သူမဘေးနားရှိကြက်​သေ​သေ​နေ​သောလူဆိုးကို ကန်ထုတ်လိုက်သည်။

ထိုလူက အချိန်မီ မရှောင်နိုင်ခဲ့သော​ကြောင့် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို အကန်ခံလိုက်ရသည်။

ထို့နောက် လျှပ်စီးကြောင်းကဲ့သိုလျင်မြန်​သောအရှိန်ဖြင့် ထိုယောက်ျား၏လည်ပင်းကို ဆွဲကိုင်ကာ သူမ၏ပခုံးပေါ်ကို​ကျော်လျှက် ပစ်ချလိုက်သည်။

ရှီရန်သည် ယိမ်းထိုးသွားသဖြင့် သူမ၏လက်များကို ကုတင်ပေါ်တင်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ဟန်ချက်ကို ထိန်းလိုက်သည်။ သူမ၏ပါးပြင်များ နီမြန်းလာပြီး အသက်ရှုမြန်လာသည်။

သူမ ဆေးခတ်ခံခဲ့ရသည်။

သူမ ထ​တော့မည်အချိန်တွင် ခေါင်းတဆတ်ဆတ်ကိုက်လာသည်။ သူမနှင့်မသက်ဆိုင်သော၊ မရင်းနှီးသောအမှတ်တရများသည် စတင်ပေါ်လာပြီး သူမ၏အာရုံကြောများကို နာကျင်စေသည်။

ထိုအမှတ်တရများစွာကို နားလည်​အောင်အ​ဖြေရှာပြီးသောအခါတွင် သူမသည် အိပ်ယာပေါ်တွင် မောပန်းနွမ်းနယ်စွာ လဲလျောင်းနေပြီဖြစ်သည်။

သူမသည် အင်ပါယာ၏မဟာမိတ်ဖြစ်​သော နံပါတ်တစ်တိုက်ခိုက်ရေးကျွမ်းကျင်မိသားစု၏ အသက်အငယ်ဆုံးမိသားစုဝင်ဖြစ်သည်။ သူမသည် အသက် ၁၉ နှစ်တွင် တာဝန်စထမ်း​ဆောင်ခဲ့ပြီး အသက် ၂၆ နှစ်တွင် အစ်ကိုဖြစ်သူထံ အရာအားလုံးကို လွှဲ​ပြောင်းခဲ့သည်။ သူမသည် ဂုဏ်ကျက်သရေရှိရှိ အငြိမ်းစားယူခဲ့ပြီး ဘဝအရသာကို ပျော်ရွှင်စွာခံစားရန် ကမ္ဘာတစ်ပတ်ခရီးလှည်ပတ်ဖို့ စတင်ခဲ့သည်။

သို့​သော် မထင်မှတ်ပဲ သူမသည် ဆုပေးပွဲအခမ်းအနားသို့သွားရာတွင် လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့သည်။

ရှီရန်က သူမသေသွားပြီလို့ထင်ခဲ့သော်လည်း လက်တွေ့မှာ သူမ အရင်ကဖတ်ဖူးသော "သခင်​လေးကျုံးနောက်က​နေထပ်ကျပ်မကွာလိုက်ရသောသူ၏ဇနီး (ခ)ရုပ်ရှင်ဘုရင်မ၏ရောက်ရှိခြင်း" ဆိုသောစာအုပ်တစ်အုပ်သို့ ဘဝကူးပြောင်းလာခဲ့ပြီး တိုက်ဆိုင်စွာပင် သူမနာမည်နဲ့တူသောဇာတ်ပို့ဖြစ်သူ ရှီရန်၏ ခန္ဓာကိုယ်ကို ရရှိလာသည်။


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ ဖျော်ဖြေရေးနယ်ပယ်တွင် အဆင့် (၁၈)ရှိသော ထင်​ပေါ်ကျော်ကြားသော မင်းသမီးဖြစ်သည်။ သို့သော်လည်း သူမ၏မိုက်မဲမှုကြောင့် သူမသည် အရှုပ်တော်ပုံ အမျိုးမျိုးနှင့်ငြိ​နေခဲ့သည်။ ထို့ကြောင့် သူမသည် နာမည်မကြီးတော့ပဲ မုန်းတီး​​​သောပရိသတ်များစွာ ရရှိခဲ့သည်။

မကြာသေးမီကပင် သူမသည် ရှီမိသားစု၏ မွေးစားသမီးတစ်ဦးသာဖြစ်ကြောင်း ရုတ်တရက် ထုတ်ဖော်ခံခဲ့ရသည်။

သူမသည် အစကတည်းကပင် နှစ်သက်ခံရခြင်းမရှိခဲ့ဘဲ နောက်ပိုင်းတွင် သူမသည် အ​ရေးမပါ​သောသူတစ်ဦးဖြစ်လာခဲ့သည်။

တစ်ဖက်တွင်မူ သမီးအရင်းသည် နာခံမှုရှိပြီး ထူးချွန်လှ​ပေသည်။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကိုလည်း အနုပညာလောကမှာ အားလုံးက ချီးကျူးကြ​လေသည်။

အခြားတစ်ဖက်တွင် ဤခန္ဓာကိုယ်၏မူလပိုင်ရှင်တွင် အထက်တန်းကျောင်းဆင်းလက်မှတ်သာရှိပြီး နိုက်ကလပ်များတွင် ကခုန်ခြင်းကို နှစ်သက်သဖြင့် အင်တာနက်သုံးစွဲသူများ၏ ဝေဖန်မှုကို ပြင်းထန်စွာခံခဲ့ရသည်။

သေချာသည်မှာ သူမသည် သူတစ်ပါးထက် သာလွန်ချင်စိတ်မရှိသော်လည်း သူမ သာလွန်​ရန်ကြိုးစားသည့်အခါတိုင်း အမြဲတမ်းရှုံးနိမ့်ခဲ့သည်။

ယ​နေ့သည် သမီးအရင်း၏မွေးနေ့ညဖြစ်သောကြောင့် အားလုံးက လာရောက်ဆင်နွှဲကြသည်။

ရှီရန်သည် လှပစွာ၀တ်ဆင်ထားသော်လည်း သူတစ်ပါး၏ပွဲတွင် ရေပန်းစားမှုကို ခိုးယူရန်ကြိုးစားနေသည် ဟုလှောင်ပြောင်ကြသည်။ အားလုံးက သူမကို မေ့သွားပုံပေါ်သည်။

စင်ပေါ်တွင်လိုက်လျောညီထွေရှိလှ​သောမိသားစုကို ကြည့်ကာ သူမ မထိန်းနိုင်ဘဲ စိတ်မ​ပျော်မရွှင်ဖြစ်သွားသည်။ မည်သည့်အရာကိုမှမစဥ်းစားဘဲ ဧည့်ခံသမားထံမှ ဝိုင်ကိုယူကာ သောက်လိုက်သည်။

ပြန်နိုးလာသောအခါတွင် သူမသည် ဟိုတယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဤခန္ဓာကိုယ်ရှိဝိညာဉ်သည် အလဲခံလိုက်ရပြီးပြီဖြစ်သည်။

"ဒေါက်၊ ဒေါက်"

တံခါးခေါက်သံတစ်ခုသည် သူမ၏အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။

ထိုသူသည် သတင်းထောက်ဖြစ်သည်။

စာအုပ်ထဲမှာ ဇာတ်ကောင်ရှီရန်က လူသုံးယောက်အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း မခံရခင်တွင် ဆေးခတ်ပြီးမေ့လဲ​အောင်ပြုလုပ်ခံခဲ့ရသည်။ မကြာမီ သတင်းထောက်များအခန်းထဲသို့ဝင်​ရောက်လာကာ သူမ၏ ဂုဏ်သိက္ခာကို ညတွင်းချင်း ပျက်သုဉ်းသွားစေခဲ့သည်။

ထိုနောက်ပိုင်းတွင် ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် ရွေးချယ်စရာမရှိတော့ဘဲ ဖျော်ဖြေရေးလောကကနေ ထွက်ခွာခဲ့ရသည်။ သူမ၏ မွေးစားမိဘများကပင် သူမအား အစုရှယ်ယာများ လွှဲပြောင်းပေးရန် အတင်းအကျပ် ခြိမ်းခြောက်လာကြသည်။

အဆုံးတွင် သူမကို ခွေးတစ်ကောင်လို အိမ်အပြင်ကနေ နှင်ထုတ်လိုက်သဖြင့် ထိုအ​ကြောင်းအရာသည် လူသိများ​သောသတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ချိုသာသော်လည်းဝမ်းနည်း​နေသောမိန်းက​လေးတစ်​ယောက်၏အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

ရှီမိသားစု၏သမီးအရင်းဖြစ်သူ၊ သူမ၏ညီမ ရှီဝန်​ဖေးဖြစ်သည်။ သူမသည် စာအုပ်ထဲကအမျိုးသမီးဇာတ်ဆောင်အစစ်အမှန်လည်း ဖြစ်သည်။

"မမဆီက ခုနကမှဖုန်းဝင်လာတာ။ မမကစိတ်ပျက်အားငယ်နေတယ်ထင်ပါရဲ့။ ကျွန်မက စကား​ပြောလို့မ​ပြီး​သေးခင်မှာဘဲ ဖုန်းအရင်ချသွားတယ်။ ပြီး​တော့ မမက ဒီအခန်းထဲမှာရှိနေတယ်လေ။ ကိစ္စတစ်ခုခုဖြစ်သွားတယ်ထင်တယ်။ ကျေးဇူးပြုပြီး ကျွန်မအတွက် တံခါးဖွင့်ပေးပါလား"

"ကိစ္စမရှိပါဘူး။ သန်မာတဲ့သူတွေက ကျွန်မကိုလာကူညီကြပါဦး။ ဒီတံခါးပွင့်ဖို့ အတူတူ ဖြိုချကြမယ်"

ရှုပ်ပွနေသောကုတင်နှင့် ထောင့်စွန်းမှ သတိလစ်နေသော လူသုံးယောက်ကို ကြည့်လိုက်ကာ ရှီရန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကူညီဖို့ နောက်ထပ်လူနည်းနည်းလိုသေးတယ်။"

တံခါးပေါ်ထုရိုက်သံသည် ပိုကျယ်လောင်လာသည်။

ရှီရန်မျက်မှောင်ကြုတ်လိုက်သည်။

တံခါးက ကြာကြာ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

သတင်းထောက်တစ်ဦး ဖောက်ထွင်းဝင်ရောက်ခဲ့လျှင် သူမသည် ပါးစပ်သုံးပေါက်ရှိလျှင်ပင် ဖြစ်ပျက်ခဲ့သမျှကို သူမရှင်းပြနိုင်မည်မဟုတ်ပေ။

'ဘန်း'

တံခါးပွင့်ထွက်သွားသည်။

"သူမဘယ်မှာလဲ။"

အခန်းထဲသို့ လူများစွာ ဝင်လာပြီး အခန်းထဲတွင်လူမရှိသည်ကို တွေ့လိုက်ရသည်။

"မမက ဒီအခန်းထဲမှာရှိ​နေမှာလို့ပြောတယ်။ ပုန်းနေတာများလား။" ရှီဝန်ဖေးစိတ်ပူဟန်ဆောင်ကာ ဝင်လာသည်။

အံကြိတ်ကာ သူမသည် အခန်းထဲကို စတင်ရှာဖွေသောအခါတွင် အခန်းထောင့်မှာသတိလစ်နေသော အမျိုးသားသုံးဦးကို​တွေ့​လေသည်။

....

အမှန်တကယ်တွင် ရှီရန်က သတင်းထောက်များ ဝင်ရောက်လာစဉ်တွင် ထွက်ပေါက်ကို ကြိုရှာတွေ့ခဲ့ပြီးပြီဖြစ်သည်။သူမဟာ လသာဆောင်ကိုကျော်ပြီး နောက်အခန်းတစ်ခန်းထဲကို ဝင်သွားသည်။

ဆေးက ပိုအစွမ်းပြလာသဖြင့် သူမ၏အသိစိတ်များလွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

သူမသည် ဘောပင်တစ်ချောင်းကိုယူကာ သူမ၏နက်မှောင်သောဆံပင်တွင် ထိုးလိုက်ကာ ရေချိုးခန်းတံခါးကိုဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။

ရေချိုးကန်ထဲတွင် ဆံပင်စိုရွှဲနေကာ​ရေများစီးကျ​နေ​သောအမျိုးသားတစ်ယောက်ရှိ​နေ​လေသည်။ သူ၏ပါးလွှာသော နှုတ်ခမ်းများကို စေ့ထားပြီး နယ်မြေကျူးကျော်ခြင်းခံထားရသော ကျားသစ်တစ်ကောင်ကဲ့သို့ သူမအား သူ့မျက်လုံးများက စိုက်ကြည့်နေသည်။ ကြည်လင်နေသောရေသည် ထိုသူ၏သန်မာသောပုံပန်းသဏ္ဌာန်ကို မဖုံးကွယ်နိုင်ပေ။

ရှီရန်သည် သူမ၏အဖြူရောင် မျက်နှာသုတ်ပုဝါကို ချွတ်လိုက်ပြီး ရေချိုးကန်ထဲသို့ လှမ်းဝင်လိုက်သည်။

ထိုလူ၏မျက်လုံးများ မဲနက်သွားသည်။ သူမ၏လက်ကိုဆွဲပြီး သူမကို ရေကန်ထဲကဆွဲထုတ်ရန်ဟန်ပြင်လိုက်သည်။

နောက်ထပ်တစ်စက္ကန့်မှာ ရှီရန်က ထိုယောက်ျား၏ချုပ်ကိုင်မှုကနေ လွတ်မြောက်ရန် သူမ၏ခန္ဓာကိုယ်ကို လှည့်လိုက်ကာ ချွန်ထက်ပြီးအေးမြ​သောအရာဝတ္ထုတစ်ခုကို ယောက်ျား၏လည်ပင်းတွင် ဖိထားလိုက်သည်။
သူမ၏ရှည်လျားသောအနက်ရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး သူမ၏ပါးပြင်များ နီရဲလာသော်လည်း သူမ၏မျက်လုံးများသည် ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"တတိယမြောက်သခင်လေး၊ အဆင်ပြေရဲ့လားခင်ဗျ" တံခါးအပြင်ဘက်ရှိလက်ထောက်၏အသံသည် ထွက်ပေါ်လာသည်။

ရှီရန်၏လက်ထဲရှိဘောပင်က သူ့လည်ပင်းကို ပိုဖိလာပြီး "အသံမထွက်နဲ့!"ဟု စကားတိုးညင်းစွာ​​ပြောပြီးခြိမ်း​ခြောက်လိုက်သည်။

ထိုလူက မော့ကြည့်လိုက်သောအခါတွင် သူ၏နက်မှောင်သောမျက်လုံးများက သူမ၏မျက်လုံးများဖြင့် အကြည့်ချင်းဆုံမိသည်။

သူ့ဆံပင်မှရေစက်များသည် သူ၏ပန်းနုရောင် နှုတ်ခမ်းပေါ်သို့ ကျဆင်းသွားသည်။ သူသည် ရေချိုးကန်ကို မှီလိုက်ရင်း နှုတ်ခမ်းထောင့်များပြုံးလာကာ ကျေနပ်နေပုံရသည်။

ထိုလူက ရေချိုးကန်၏တစ်ဖက်တစ်ချက်စီတွင် လက်နှစ်ဖက်ကို တင်ထားကာ ရေချိုးခန်းအတွင်းရှိ ရေငွေ့များ ပိုစိမ့်ဝင်လာသည်။ သူ၏ကြွက်သားများသည် ပေါ်လွင်နေပြီး သူ၏ကျယ်ပြန့်သောပခုံးများနှင့် ကျဥ်း​မြောင်း​​သောခါးသည် ပို၍ပင် ထင်ရှားနေသည်မှာ အံ့သြစရာ​ကောင်းလှသည်။

အထူးသဖြင့် ထိုကြွက်သားများဖြင့်ပြည့်​နေ​သောခါးသည် အလွန်သန်မာနေပုံ​ပေါ်သည်..။

ရှီရန်သည် သူမ၏ခန္ဓာကိုယ် ပိုပူလာသည်ကို ခံစားလိုက်ရပြီး သူမ၏ခန္ဓာကိုယ်တွင်းရှိ ဆေး၏အာနိသင်ကို ထိန်းမရနိုင်တော့ပေ။

သူမ၏ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းညွတ်လာသောအခါတွင် သူမ၏ချုပ်ကိုင်ထားမှုက ပြေလျော့သွားလေသည်။

ထိုလူက မတုံ့ပြန်နိုင်မီတွင် သူမ၏ပူနွေးသော နှုတ်ခမ်းများသည် အနည်းငယ်အေးစက်နေသောသူ့လည်ပင်းပေါ်သို့ ကျရောက်လာသည်။

သဲကန္တာရထဲတွင် လမ်းပျောက်နေသောခရီးသည်တစ်ဦးက နောက်ဆုံးတွင် အိုအေစစ်တစ်ခုကိုတွေ့ရှိခဲ့သဖြင့် ရေကို အရူးအမူးသောက်နေသကဲ့သို့ဖြစ်​နေသည်။