Ch 7 - ရှောင်းသောင်းဇီ အရက်
Viewers 693

နောက်တစ်နေ့ မနက်မှာ ငါ ဖျင်ရှန်းမြို့၊ ချင်းယွင်လမ်း အမှတ် ၄၃ မှာရှိတဲ့ ဝမ်ကျားဖူစူပါမားကတ်ရှေ့မှာ ရောက်နေပြီ။


ဆိုင်ထဲမှာတော့ ခန္ဓာကိုယ် ကောက်ကြောင်းလှလှ၊ လှိုင်းတွန့်ဆံပင်နဲ့ နှုတ်ခမ်းနီနီ ဆိုးထားတဲ့ အသက်လတ်ပိုင်း အမျိုးသမီးဆိုင်ရှင်က ငါတို့ကို နှုတ်ဆက်တယ်။ 


တီဗီရှိုးထဲက ဖက်ရှင်ကျတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလိုပဲ။ တကယ်တမ်းလည်း သူမက မြင်ရတဲ့အတိုင်း ထက်မြက်သူတစ်ယောက်ပါပဲ။


သူမက ငါပြတဲ့ ဓာတ်ပုံတွေကို တစ်ချက်ကြည့်ပြီး ခဏနားလိုက်ပြီးနောက် သူ့ရဲ့မျက်နှာအမူအရာ ပြေလျော့သွားတယ်။ 


''ဒီဓာတ်ပုံထဲက လူနဲ့ ဘာကိစ္စရှိလို့လဲ''


သူက မေးတယ်။


ဒီလူဟာ လက်ရှိဖြစ်ပွားနေတဲ့ အမှုတစ်ခုမှာ ပါဝင်ပတ်သက်နေနိုင်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုမှာ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ငါ ရှင်းပြလိုက်တယ်။


သူမက တကယ် အံ့အားသင့်သွားပုံရပေမယ့် ကောင်တာနောက်ကို အမြန်သွားပြီး သူ့ရဲ့ လက်သည်းနီဆိုးထားတဲ့ လက်ချောင်းတွေနဲ့ ကွန်ပျူတာပေါ်မှာ အမြန်ရိုက်နှိပ်လိုက်တယ်။ 


ခဏအကြာမှာတော့ ဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးဖို့ ငါတို့ကို ဖိတ်ခေါ်တယ်။


''ကျွန်မတို့ရဲ့ စောင့်ကြည့်စနစ်က ဗီဒီယိုမှတ်တမ်းတွေကို တစ်ပတ်ပဲ သိမ်းထားပြီး အဲဒီနောက် ပြန်ဖြတ်လိုက်တယ်၊ ရှင်တို့ ရှာနေတဲ့ ဇူလိုင် ၇ ရက်နေ့က မှတ်တမ်းတွေက ရှိနေသေးတော့ ကံကောင်းတယ်လို့ ပြောရမယ်၊ ကျွန်မ ပြဖို့ ဆွဲထုတ်ထားပါတယ်''


ငါ ရိုးရိုးသားသား ကျေးဇူးတင်လိုက်တယ်။ အဲဒီခေတ်တုန်းက လုံခြုံရေးအမြင်ရှိရုံသာမက နည်းပညာကိုလည်း ကျွမ်းကျင်ပြီး ရဲနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်မျိုး ရှားပါးတာကို ငါသိနေခဲ့တယ်လေ။


ဆိုင်ရှင်က တိုက်ရိုက်ပဲ ပြောတယ်။ 


''အရမ်းရိုကျိုးပြတာတွေ မလိုပါဘူး၊ လိုအပ်တာကို ကြည့်ပါ၊ မေးစရာရှိရင် မေးပါ၊ ကျွန်မက မှတ်ဉာဏ်ကောင်းတယ်၊ ဘာမဆို မှတ်မိတယ်၊ ကျွန်မရဲ့ စီးပွားရေးကို ဝင်မရှုပ်နဲ့၊ ဒါဆို အဆင်ပြေပြီ''


''မှတ်တမ်းကို ကော်ပီကူးပြီးနောက် ငါက သူ့ကို မေးလိုက်တယ်။


''ဒီလူရဲ့ နာမည်ကို သိလား''


''ချန်မီ'' 


သူက မဆိုင်းမတွ ပြန်ဖြေတယ်။


ကျွန်တော် သူ့အဖြေကို မှတ်နေရင်း ဆက်မေးတယ်။


''သူ ဘာအလုပ်လုပ်လဲ သိလား'' 


''သန့်ရှင်းရေးလုပ်သား'' 


သူက အပြင်ဘက်ကို လက်ညှိုးထိုးပြီး 


''သူက ရှေ့တည့်တည့်က သူဌေးရပ်ကွက်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာ''


''သူဌေးရပ်ကွက်က သန့်ရှင်းရေးလုပ်သားလား'' 


ငါ့ရင်ထဲ လှပ်ခနဲ ဖြစ်သွားတယ်။ 


''ကျင်းခွေရပ်ကွက် နားနားလား''


''ဟုတ်တယ် အဲဒီနေရာပဲ! သူက ပုလင်းတွေနဲ့ စက္ကူပြားတွေကို အမြဲတမ်း စုပြီး ပိုက်ဆံပိုရအောင် ပြန်ရောင်းတယ်၊ ငယ်သေးပေမယ့် သူ့ပိုက်ဆံကို ထိထိမိမိ သုံးတတ်တယ်'' 


သူက ထပ်ပြောတယ်။


''လူငယ်လေးလား၊ သူ့အသက်ကိုရော သိလား၊ အမှိုက်တွေကို ဘယ်သူ့ဆီ အများအားဖြင့် ရောင်းတာလဲ''


ဆိုင်ရှင်က ခေါင်းခါလိုက်တယ်။ 


''သူ ၁၉၇၀ ပြည့်နှစ်တွေမှာ မွေးတာထင်တယ်၊ ကျွန်မထက်တော့ ငယ်တယ်၊ ကျွန်မက ၆၃ ခုနှစ်မှာ မွေးတာ၊ အမှိုက်တွေအတွက်ကတော့ ပြောရခက်တယ်၊ သူက သုံးဘီးစီးပြီး လာဝယ်ဖို့ အော်နေတဲ့သူတွေကို ရောင်းတတ်တယ်၊ ဒီမှာ အမြဲတမ်း ဝယ်တဲ့သူ မရှိဘူး၊ တခြားနေရာတွေမှာပါ ရောင်းလားတော့ မသိဘူး''


''သူ ဒီမှာ ဘယ်နှစ်ခါ ဝယ်ဖူးလဲ ဘာတွေ ဝယ်လဲ မှတ်မိလား''


''သုံးကြိမ်လောက်တော့ ရှိမယ်'' 


ဆိုင်ရှင်က ခဏစဉ်းစားပြီး 


''ဟုတ်တယ်၊ သုံးကြိမ်ပဲ၊ ပထမဆုံးတစ်ခါက တော်တော်ကြာပြီ၊ တစ်နှစ်၊ နှစ်နှစ်လောက် ရှိပြီထင်တယ်၊ ရှောင်းသောင်းဇီ အရက်လင်းတစ်လုံး ဝယ်တယ်၊ ဒုတိယတစ်ခါက လွန်ခဲ့တဲ့ ခြောက်လလောက်က မီးဖိုချောင်သုံးဓားတစ်ချောင်း ဝယ်တယ်၊ တတိယတစ်ခါက ချီးရှီးပွဲတော် ညနေပိုင်းတုန်းကပဲ၊ အဲဒီနေ့က သူက ပထမဆုံး ဝယ်သူဖြစ်လို့ ရှင်းရှင်းလင်းလင်း မှတ်မိတယ်၊ ခြောက်နာရီကျော်ကျော်လေးမှာပဲ၊ ရှောင်းသောင်းဇီ တစ်ပုလင်း ထပ်ဝယ်ပြီးတော့''


သူမက ပိုနီးကပ်လာပြီး တီးတိုးပြောလိုက်တယ်။ 


''ကွန်ဒုံးတစ်ဘူး''


ငါ ခဏတာ ကြောင်သွားတယ်။


ငါ ရှောင်းသောင်းဇီ ကို သိတယ်။ အဲဒါက ဈေးပေါပြီး၊ စပ်တဲ့အရက် အမျိုးအစားဖြစ်ပြီး ကောလိပ်တက်တုန်းက ခိုးသောက်ခဲ့ဖူးတဲ့ နည်းနည်းကနေ ရေရှည်စွဲမှတ်စရာ ထင်ကျန်ရစ်ခဲ့တယ်။ 


ကွန်ဒုံး အတွက်ကတော့ ခွဲစိတ်စစ်ဆေးမှုအစီရင်ခံစာအရ သေဆုံးသူတွေထဲက ဘယ်သူ့ဆီမှာမှ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရတဲ့ လက္ခဏာ မတွေ့ရတာကြောင့် ဒီသဲလွန်စက အခုချိန်ထိ တိကျမှုမရှိဘူးလို့ ခံစားရတယ်။


ငါ မီးဖိုချောင်သုံးဓားကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘာလို့လဲဆိုတော့ လောင်ထန်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ အလောင်းတွေကို ဖြတ်တောက်ရာမှာ အသုံးပြုတဲ့ ကိရိယာဟာ မီးဖိုချောင်သုံးဓားအသစ် ဖြစ်နိုင်တယ်လို့ ပြောထားလို့ပဲ။


''ဘယ်မီးဖိုချောင်သုံးဓားလဲ၊ ခင်ဗျားတို့ ဆီမှာ အဲဒါတွေ ရှိသေးလား''


''ဟုတ်ကဲ့၊ စင်ပေါ်မှာ ရှိပါတယ်၊ တစ်ချောင်းယူပေးမယ်''


ဆိုင်ရှင်က ထရပ်ပြီး နောက်တန်းစင်တွေဆီ လျှောက်သွားပြီး မီးဖိုချောင်သုံးဓားတစ်ချောင်းနဲ့ ပြန်လာတယ်။ 


သူက ကောင်တာပေါ်တင်ပြီး အရောင်းမြှင့်တင်မှု စလုပ်တော့တယ်။


''အရာရှိ၊ ဒီဖေးသောင်းအမှတ်တံဆိပ်ဓားက ကျွန်မတို့ရဲ့ အရောင်းရဆုံးတွေထဲက တစ်ခုပါ၊ ဈေးသက်သာတယ်၊ ထက်တယ်၊ ခံနိုင်ရည်ရှိတယ်၊ အိမ်အတွက် တစ်ချောင်းလောက် ဝယ်သင့်တယ်!''


ဘယ်သူမှ မတုံ့ပြန်ဘူး၊ ဒါပေမယ့် သူမက ဂရုမစိုက်ပုံမရဘူး။ 


သူ့လည်ချောင်းရှင်းပြီး ထပ်ပြောတယ်။ 


''ဒါက ချန်မီ ဝယ်သွားတာနဲ့ တူတူပဲ၊ ကိုယ်တိုင်ကြည့်လို့ရပါတယ်'' 


ဓားက ၂၀ စင်တီမီတာလောက် ရှည်တယ်။ ငါ ကောက်ယူပြီး လက်ထဲမှာ အလေးချိန်ချိန်ကြည့်တယ်။ 


''ဈေးပေါတယ်၊ ဒါပေမယ့် သိပ်မခံဘူးထင်တယ်၊ မဟုတ်လား အရိုးကို ဖြတ်တဲ့အခါ ပဲ့ထွက်မလား''


ဆိုင်ရှင်က တွေဝေသွားတယ်။ 


''အင်း အတင်းအကျပ် မလုပ်ရင်တော့ အဲလောက် မြန်မြန် ပဲ့ထွက်မှာ မဟုတ်ဘူး''


သူမက ရုတ်တရက် စကားပြောနေတာ ရပ်သွားပြီး မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ 


''အရာရှိ ချန်မီ ဒီဓားကို…အဲဒါအတွက် သုံးခဲ့တယ်လို့ ရှင် မထင်ဘူးမလား…ဟုတ်တယ်မလား''


''မဟုတ်ပါဘူး၊ စဉ်းစားလွန်မနေပါနဲ့'' 


ငါပြုံးလိုက်တယ်။ 


''သူ ဒီပစ္စည်းတွေကို ဝယ်တုန်းက သူ့ရဲ့ စိတ်ခံစားမှုအခြေအနေ ဘယ်လိုလဲ မှတ်မိလား''


ဆိုင်ရှင်က သက်ပြင်းချလိုက်တယ်။ 


''မှတ်မိတယ်။ သူက ထူးဆန်းတဲ့လူပဲ၊ ဘယ်သူနဲ့မှ စကားမပြောဘူး၊ တစ်ခါတုန်းက ရှောင်းသောင်းဇီ ဝယ်တုန်းက ပျော်နေပုံရတယ်။ ကျွန်မတောင် သူ့ကို မေးလိုက်သေးတယ်၊ ဆွေမျိုးတွေ လာလို့ ဧည့်ခံဖို့ ဝယ်တာလို့ သူက ပြောတယ်၊ ပိုကောင်းတာ ဝယ်ဖို့ ကျွန်မ ပြောတာကို သူက မတတ်နိုင်ဘူးတဲ့၊ သန့်ရှင်းရေးလုပ်သားဆိုတော့လည်း ပိုက်ဆံ သိပ်မရှိဘူးလေ၊ အထင်မသေးခံရအောင်တောင် မနည်းရှောင်နေရတာ''


ဆိုင်ရှင်ရဲ့ စကားတွေက မရပ်မနားဖြစ်နေတာကြောင့် ငါ ညင်ညင်သာသာပဲ သူ့ကို ဖြတ်ပြောလိုက်ရတယ်။


''အမ်… အဓိကအချက်တွေကိုပဲ ပြောပေးပါ''


သူမက အမြန်တုံ့ပြန်ပြီး OK အမူအရာပြတယ်။ 


''ဓားဝယ်တုန်းကတော့ ပုံမှန်ပဲ၊ ထူးခြားတာ မရှိဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှောင်းသောင်းဇီနဲ့ တခြားဟာတွေ ဝယ်ဖို့ လာတုန်းကတော့ သူက တကယ်ကို ထူးဆန်းနေတယ်''


ငါစာရေးနေတာ ရပ်သွားတယ်။ 


''သူ့မှာ ဘာထူးဆန်းတာလဲ''


''အင်း သူ တော်တော်လေး စိတ်လှုပ်ရှားနေပုံရတယ်၊ အဲဒီနေ့က ကျွန်မတို့ ဆိုင်အပြင်မှာ မနက်တစ်ဝက်လောက် ရပ်နေတယ်၊ နောက်ဆုံးတော့ ကျွန်မ သူ့ကို ခေါ်လိုက်ရတယ်၊ ဘာလိုချင်လဲ မေးတော့ သူက ဘာမှ မပြောဘူး၊ သူက ဆိုင်ထဲမှာ လျှောက်သွားနေပြီး ရှောင်းသောင်းဇီ အပိုင်းရှေ့မှာ တော်တော်ကြာ ရပ်နေတယ်၊ ဆယ်မိနစ်ကျော်ကြာမှ သူက ပုလင်းတစ်လုံးကို စားပွဲခုံကို ယူလာတယ်၊ ဒါပေမယ့် တခြားဟာအတွက်ကတော့ သူ မြန်တယ်၊ စားပွဲခုံမှာ မြင်တာနဲ့ ချက်ချင်း ဝယ်သွားတယ်''


''ချန်မီ၊ အဲဒီကလေးက ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ တကယ် သိတယ်နော်၊ သူ့လို အရွယ်မရောက်သေးတဲ့ ကလေးတွေက ရှားတယ်!''


ငါ့ဘေးက အရာရှိတွေက ရယ်ချင်တာကို မနည်း ထိန်းထားပုံရတယ်။ ငါလည်ချောင်းရှင်းပြီး ပြောလိုက်တယ်။


''ကောင်းပြီ၊ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ထပ်လိုအပ်တာရှိရင် ခင်ဗျားကို စခန်းကို ခေါ်ပြီး ထပ်မံစုံစမ်းစစ်ဆေးပါ့မယ်၊ ဓားက ဘယ်လောက်လဲ'' 


ဆိုင်ရှင်က သူ့လက်တွေကို ရိုက်လိုက်တယ်။ 


''ဪ၊ စောစောက ပြောသင့်တာ, အရာရှိအတွက်ဆို ဈေးလျှော့ပေးမယ်၊ ၁၀ ယွမ်!''


''သဘောတူပြီ၊ တစ်ချောင်းယူမယ်၊ အိမ်က မီးဖိုချောင်သုံးဓား အခုမှ ကျိုးသွားတာ''


တကယ်တော့ ငါက လောင်ထန်အနေနဲ့ နောက်မှ ကိရိယာအမှတ်အသားတွေကို နှိုင်းယှဉ်ဖို့ ဝယ်ခဲ့တာပါ။


စူပါမားကတ်ကနေ ထွက်လာတာနဲ့ လောင်ခုံဆီက ဖုန်းဝင်လာတယ်။ သူတို့ တိုးတက်မှုရှိတယ်လို့ ပြောတယ်။


သူက ကျင်းရပ်ကွက်ပတ်ဝန်းကျင်၊ အထူးသဖြင့် ချန်မီလို့ ခေါ်တဲ့ သန့်ရှင်းရေးလုပ်သားနဲ့ ပတ်သက်တဲ့ ဧရိယာကို တာဝန်ယူထားတာလားလို့ မေးလိုက်တယ်။


သူက အတည်ပြုပြီး ငါလည်း တစ်ခုခု တွေ့လားလို့ မေးတယ်။


ငါက မှတ်ပုံတင်ရုံးကို ချန်မီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းပြီး ပို့ပေးဖို့ မှာကြားထားကြောင်း၊ နောက်ထပ်လှုပ်ရှားမှု မလုပ်ခင် စခန်းမှာ တွေ့ပြီး မှတ်စုတွေ နှိုင်းယှဉ်သင့်ကြောင်း ပြောလိုက်တယ်။


လောင်ခုံက ငါ့ထက် စခန်းကို စောရောက်တယ်။ ငါ ရောက်သွားတော့ သူက သူ့ကွန်ပျူတာမျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး လုံးဝ စိတ်ဝင်စားနေပုံရတယ်။ 


ငါ နီးနီးကပ်ကပ် လျှောက်သွားကြည့်လိုက်တော့ သူက ချန်မီရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်နေတာ တွေ့ရတယ်။


ချန်မီ၊ အရင်က ချန်ကျင်းရှန်လို့ သိထားပြီး ၁၉၇၀ မှာ မွေးဖွားပြီး အသက် ၃၀ ရှိပြီ။ 


သူ့ရဲ့ အိမ်ထောင်စုမှတ်ပုံတင်နဲ့ လက်ရှိနေရပ်လိပ်စာ နှစ်ခုလုံးက ဟွာယွင်မြို့၊ ဖျင်ရှန်းမြို့နယ်၊ ရှီထျန်ကျေးရွာလို့ ဖော်ပြထားတယ်။ သူ ကလေးဘဝတုန်းက စွင်းလူမှုဖူလုံရေးဂေဟာမှာ သုံးနှစ်ကြာနေခဲ့ပြီးနောက် မွေးစားခံခဲ့ရပေမယ့် စာရွက်စာတမ်းတွေ မပြည့်စုံဘူး။ 


လူမှုဖူလုံရေးဂေဟာကို ဆယ်စုနှစ်တစ်ခုအကြာမှာ ဖြိုဖျက်ခဲ့ပြီး သက်ဆိုင်ရာ မှတ်တမ်းတွေ ပျောက်ဆုံးသွားခဲ့လို့ သူ့ရဲ့ မွေးစားမိသားစုအကြောင်း အသေးစိတ်ကို ရှာမတွေ့ခဲ့ဘူး။


ပညာအရည်အချင်း - ပထမတန်း။


ပြစ်မှုမှတ်တမ်း - မရှိ။


နောက်ဆုံးတော့ ငါ့ကို သတိထားမိပြီး လောင်ခုံက အော်ပြောလိုက်တယ်။


''ခင်ဗျားက ကျွန်တော့်ကို လန့်သွားတာပဲ! ဘယ်လို လမ်းလျှောက်တာလဲ၊ သိပ်တိတ်ဆိတ်တာပဲလား'' 


''မင်းက အာရုံစိုက်နေလွန်းလို့ပါ'' 


အခုတော့ စကားပြောဆိုချိန် မဟုတ်သေးဘူး၊ ဒါကြောင့် ငါက မေးလိုက်တယ်။ 


''ခင်ဗျားရဲ့ စုံစမ်းစစ်ဆေးမှုက ဘာတွေ တွေ့လဲ”


''အကြီးအကျယ် တွေ့တာပဲ!'' 


လောင်ခုံက စိတ်လှုပ်ရှားနေတယ်။ 


''သူ့လုပ်ဖော်ကိုင်ဖက်တွေ ပြောတာ ချန်မီက ဘယ်သူနဲ့မှ သိပ်စကားမပြောဘူး၊ ဒါပေမယ့် သူ အများကြီး စားတယ်၊ အလုပ်မှာ အခမဲ့ထမင်းဘူးတွေ စားကြတာ၊ သူက တစ်ခါတည်း သုံးဘူး ကုန်အောင် စားနိုင်တယ်၊ ပြီးတော့ ဒါလေး သိလား.. သန့်ရှင်းရေးလုပ်သား မလုပ်ခင်က သူက သားသတ်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတယ်၊ အကြောင်းရင်းမသိဘဲ ထွက်သွားတာ၊ ဒါပေမယ့် ဒါက လောင်ထန်ပြောခဲ့တဲ့ လက်နဲ့ ဖြတ်တောက်တဲ့ နည်းစနစ်နဲ့ ကိုက်ညီနေတာ မဟုတ်ဘူးလား''


ငါမီးဖိုချောင်သုံးဓားကို မြှောက်ပြလိုက်တယ်။ 


''ဒါလည်း ကိုက်ညီတယ်''


''ဒါ့အပြင်! တခြားသန့်ရှင်းရေးလုပ်သားတွေက အမှိုက်ပုံးတွေထဲမှာ ဆေးဘက်ဆိုင်ရာ အမှိုက်တွေကို မကြာခဏ တွေ့ရတယ်၊ ဆေးဝါးထုပ်ပိုးမှု တချို့က မဖွင့်ရသေးဘူး၊ ချန်မီတစ်ယောက်တည်းကပဲ အသုံးပြုပြီးသား အမှိုက်အိတ်တွေကို သူနဲ့အတူ ယူသွားတယ်လို့ သူတို့က ပြောတယ်၊ ဒါတွေ အားလုံးက ကိုက်ညီနေတာ မဟုတ်ဘူးလား''


ငါ မျက်ခုံးပင့်လိုက်တယ်။ စီးပွားရေးရာဇဝတ်မှု အဖွဲ့အတွက် ကူညီစရာတွေ ရှိသေးပုံရတယ်။


''သူ့ကို ဖမ်းမိပြီလား'' 


ငါမေးလိုက်တယ်။


''မမိသေးဘူး'' 


လောင်ခုံ ပြန်ဖြေတယ်။ 


''ကြီးကြပ်ရေးမှူးက သူ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အလုပ်ထွက်သွားပြီလို့ ပြောတယ်၊ ဒါပေမယ့် လိပ်စာရပြီ၊ လူတွေကလည်း လိုက်လံစုံစမ်းနေပြီ၊ ခင်ဗျားကို ရှာဖွေဝရမ်းလျှောက်ဖို့ပဲ စောင့်နေတာ''


ဒီလို ချောမွေ့နေတာ အံ့ဩစရာ မဟုတ်ဘူး၊ ဒါက ဖမ်းမိတဲ့ အချက်ပဲ။


ချန်မီနေထိုင်တဲ့ ရှီထျန်ကျေးရွာကို နှစ်ရက်အကြာမှာ ငါတို့ ရောက်ရှိခဲ့တယ်။ အဲဒီတုန်းက ခွင့်ပြုချက် လုပ်ငန်းစဉ်က နှေးကွေးပြီး အရေးပေါ်အခြေအနေမျိုးမှာတောင် အနည်းဆုံး နှစ်ရက်ကြာတယ်။ 


အဲဒီကာလအတွင်းမှာ လောင်ထန်က မီးဖိုချောင်သုံးဓားနဲ့ ဖြတ်တောက်ကိရိယာကို နှိုင်းယှဉ်ခဲ့ရာ တူညီတဲ့ အမျိုးအစားဖြစ်ကြောင်း အတည်ပြုခဲ့တယ်။ ချန်မီရဲ့ အိမ်ကို စောင့်ကြည့်နေတဲ့ အရာရှိတွေက ထူးခြားလှုပ်ရှားမှု မရှိကြောင်း အစီရင်ခံခဲ့တယ်။


အရာအားလုံးက သူ ထွက်ပြေးခဲ့တာကို ပြသနေတယ်။


တကယ်ပဲ ချန်မီရဲ့ တံခါးကို ဖွင့်လိုက်တဲ့အခါ ခြောက်သွေ့နေတဲ့ သွေးစွန်းထင်းမှုတွေနဲ့ မဖွင့်ရသေးတဲ့ ရှောင်းသောင်းဇီ တစ်ပုလင်းကို ငါတို့ တွေ့လိုက်ရတယ်။


ထောင်ခုံက အိမ်နီးနားချင်းတွေကို မေးမြန်းနေချိန်မှာ ငါကတော့ နေရာကို စစ်ဆေးဖို့ ကျန်နေခဲ့တယ်။


ချန်မီရဲ့ အိမ်က သေးငယ်ပြီး သစ်သားခုတင်ကလွဲလို့ ပရိဘောဂနီးပါး မရှိဘူး။ ပိုများခဲ့ရင်လည်း သူ ထွက်သွားတုန်းက အကုန်ယူသွားပြီ။ အရင်က ပစ္စည်းတွေ ထားခဲ့တဲ့ နေရာတွေမှာ ရှင်းလင်းတဲ့ အမှတ်အသားတွေ ရှိနေတယ်။


နောက်ပိုင်းမှာတော့ သူ့အိမ်ထဲမှာ ဆံပင်အနည်းငယ်ကို တွေ့ခဲ့တယ်။ DNA စစ်ဆေးပြီးနောက် သေဆုံးသူငါးဦးထဲက ဘယ်သူ့ဆီကမှ မဟုတ်တာကို တွေ့ရှိခဲ့တာကြောင့် ဒါကို ချန်မီချန်ထားခဲ့တဲ့ အဓိက သဲလွန်စအဖြစ် သတ်မှတ်ခဲ့တယ်။ နောက်ထပ် သဲလွန်စတစ်ခုကတော့ သူ ရှောင်းသောင်းဇီ ပုလင်းပေါ်မှာ ချန်ထားခဲ့တဲ့ လက်ဗွေနှစ်ခုပါပဲ။


သူ့လက်ဗွေတွေနဲ့ DNA ကို ဒေတာဘေ့စ်ထဲ ထည့်သွင်းပြီးနောက် 

လောင်ခုံက သူ့မှတ်စုစာအုပ်ကို လှည့်ပြီး ချန်မီရဲ့ အိမ်နီးနားချင်းတွေဆီက သူ စုဆောင်းထားတဲ့ သဲလွန်စတွေကို ငါ့ကို ပြလိုက်တယ်။


အချက်အလက်တွေက မရေရာဘူး။ သူတို့က ချန်မီကို တိတ်ဆိတ်ပြီး တစ်ကိုယ်တည်းနေသူအဖြစ် ဖော်ပြကြတယ်။ ဆွေမျိုးတွေအကြောင်း ဘယ်တော့မှ မပြောဘူး၊ သူ့အိမ်မှာ ဧည့်သည်လာတာကိုလည်း ဘယ်တော့မှ မမြင်ဖူးဘူး။


ဒါပေမယ့် သူက စက်ဘီးတစ်စီး ရှိတယ်လို့တော့ ပြောကြတယ်။


''အသစ်စက်စက်ပဲ၊ သူက ခြံထဲမှာ မကြာမကြာ ထားခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ သူ စီးတာ မမြင်ဖူးဘူး''


သူ့အိမ်ထဲမှာ တခြားပစ္စည်းတွေ ရှိမရှိကိုတော့ ဘယ်သူမှ တကယ် မသိဘူး။ ချန်မီက အမြဲတမ်း စောစောထွက်ပြီး နောက်ကျမှ ပြန်လာတယ်။ ဘယ်သူနဲ့မှ သိပ်အဆက်အဆံမရှိဘူး၊ ဘယ်သူမှ သူ့အိမ်ထဲကို မဝင်ဖူးဘူး။ ဒါကြောင့် ပရိဘောဂတွေ ဒါမှမဟုတ် ဘာတွေ ရှိတယ်ဆိုတာ သူတို့ မသိကြဘူး။ 


စက်ဘီးကိုတောင် ဘေးအိမ်က ဖြတ်သွားရင်း မတော်တဆ လှမ်းမြင်လိုက်တဲ့သူတစ်ယောက်ပဲ မြင်ဖူးတာ။


ချန်မီရဲ့ ဓာတ်ပုံက ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ လင်းလက်နေတုန်းပဲ။ ငါသူ့ကို စိုက်ကြည့်နေမိတယ်။ 


''ဘယ်လိုမျက်နှာမျိုးလဲ''


သာမန်ပဲ၊ ဒါပေမယ့် သိပ်တော့လည်း သာမန်မဟုတ်ဘူး။


သူ့ရဲ့မျက်နှာသွင်ပြင်က နူးညံ့ပြီး သူ့မျက်လုံးတွေ… ထက်မြက်ပြီး အသက်ဝင်နေတဲ့ မျက်လုံးတွေက အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေသလိုမျိုး ကင်မရာကို တည့်တည့်ကြည့်နေတယ်။ 


ဒါပေမယ့် အဲဒီအကြည့်ထဲမှာ ပိုနက်ရှိုင်းတဲ့ အရာတစ်ခု ရှိနေပြီး သူ့နှုတ်ခမ်းထောင့်က မှိုင်းညို့နေတဲ့ အပြုံးကတော့ ဖန်သားပြင်ကနေတစ်ဆင့် ငါနဲ့ တိတ်ဆိတ်တဲ့၊ ဝေးကွာတဲ့ စကားပြောဆိုမှုတစ်ခု လုပ်နေသလိုပဲ။


စိန်ခေါ်မှုလား.. ငါတော့ မထင်ဘူး။


ငါပိုသိချင်နေတာက ဘာလို့ ဒီလို သာမန်လေးလို့ ထင်ရတဲ့လူတစ်ယောက်က ရာဇဝတ်မှုလမ်းကို ရွေးချယ်ခဲ့တာလဲဆိုတာပဲ။


ရုတ်တရက် ကျိုးချွမ်ရှုန်းရဲ့ ဟွမ်ဟွင်း သီချင်းသံပျော့ပျော့က ငါ့ကို လက်တွေ့ဆီ ပြန်ခေါ်လာတယ်။ 


ငါ့ဖုန်း မြည်လာပြီး လောင်ခုံရဲ့ ကျယ်လောင်တဲ့အသံက ထွက်လာတယ်။


''အဖွဲ့မှူးလီ၊ ခင်ဗျား လာကြည့်သင့်တယ်''


ချန်မီကို စစ်ဆေးနေတဲ့ အရာရှိက လောင်ခုံကိုပါ ဆွဲခေါ်သွားပုံရတယ်။ ငါက မေးလိုက်တယ်။


''ဘာဖြစ်တာလဲ''


လောင်ခုံ ပြန်ဖြေတယ်။ 


“သေဆုံးသူရဲ့ ဦးခေါင်းနဲ့ ပျောက်ဆုံးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေကို တွေ့ပြီ။ လာကြည့်မလား''


''လာခဲ့မယ်''


~~