Chapter 12
Viewers 2k

ငါ : ?


ငါ စိတ်တိုတိုနဲ့ လုပေချန်ကို ကြည့်နေတယ်၊ ငါတို့ သူ့ကို မချော့ရသေးဘူး၊ မင်း ဘာလို့ ရှုပ်အောင်လုပ်နေတာလဲ!


လုရှောင်ပေက ငါ့လည်ပင်းကို ဆွဲထားတာကို လျှော့ချလိုက်ပြီး ဒေါသတကြီး နှုတ်ခမ်းဆူတယ်။


"ဖေဖေလေး တခြားသူနဲ့ ကလေးမယူနိုင်ဘူး! ပေ့ပေ့က ဖေဖေလေးရဲ့ တစ်ဦးတည်းသော ကလေးပဲ!"


ကောင်းတယ်၊ အခု မင်းသမီးလေးက ပိုတောင် ဒေါသထွက်နေပြီ။


နောက်ဆုံးတော့ ငါ သူ့ကို ချော့မော့ရတာပေါ့။ လက်သန်းချင်းချိတ်ကတိတွေ ပေးရတယ်။ ကျိန်ဆိုရတယ်။ အဲဒီအခါမှပဲ လုရှောင်ပေက ငါ့ကို ယုံတယ်။


ဝန်ထမ်းဖြစ်ရတာ ပင်ပန်းလိုက်တာ!


သူမရဲ့ စိတ်အခြေအနေ နူးညံ့သွားတာကို အခွင့်ကောင်းယူပြီး ငါ လင်လင်ကို ခေါ်ပြီး သူ့ကို ပြန်ပို့ခိုင်းလိုက်တယ်။


ဆယ်ထပ်က အစည်းအဝေးခန်း တိတ်ဆိတ်သွားပြီး ငါနဲ့ လုပေချန်ပဲ ကျန်ခဲ့တယ်။


သူ ငါ့ကို "ဇနီး" လို့ မခေါ်ခင်မှာ ငါ မြန်မြန် ပြောလိုက်တယ်။


"မစ္စတာလု၊ ခင်ဗျား ကျွန်တော့်ကို ပေ့ပေ့ကို လှည့်စားဖို့ အသုံးမပြုသင့်ဘူး၊ လိမ်ညာမှုတစ်ခုက မရေမတွက်နိုင်တဲ့ လိမ်ညာမှုတွေကို ဖုံးကွယ်ဖို့ လိုတယ်"


လုပေချန်က ခပ်ဖွဖွ ချောင်းဆိုးတယ်။ 


"ကိုယ် ပေ့ပေ့ကို လှည့်စားဖို့ မရည်ရွယ်ပါဘူး"


"ပေ့ပေ့ ပြောသလိုပဲ၊ ကိုယ့်အစ်ကိုနဲ့ မရီးက ဒုတိယကလေး မယူတော့ဘူး၊ သူ(မ)ပဲ ရှိမယ်လို့ ကတိပေးထားတာ ဒါပေမယ့် မမျှော်လင့်ဘဲ သူ ကိုယ်ဝန်ရှိသွားတယ်၊ ကိုယ့်မရီးက ကိုယ်ဝန်ဖျက်ဖို့ မခံမရပ်နိုင်တော့တာနဲ့ မွေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ပေ့ပေ့ ဒေါသထွက်ပြီး မိဘပြောင်းချင်နေတာ"


ငါ့အမူအရာက ရှုပ်ထွေးနေတယ်။


"ဒါဆို ဒါက ဘယ်လိုလုပ် ကျွန်တော်နဲ့ ပတ်သက်တာလဲ"


လုပေချန်ရဲ့ မျက်လုံးတွေ လွင့်ပျံလာတယ်။


"ဒီကိစ္စက... တကယ်တော့..."


"ဘာလဲ"


"ကိုယ် မင်းကို သဘောကျလို့ပါ၊ ကိုယ် မင်းကို သဘောကျလို့ ဒီလို... ရလဒ် ဖြစ်လာတာ"


ငါ မျက်လုံးမှေးလိုက်တယ်။


"ဒါ ဘယ်တုန်းက ဖြစ်တာလဲ"


လုပေချန်က ချက်ချင်း ပြန်ဖြေတယ်။


"လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက..."


"ငါ ထင်ထားတဲ့အတိုင်းပဲ..." ငါ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။


ဖြစ်နိုင်တာက လုပေချန် ငါ့ကို ကိုယ်တိုင် အင်တာဗျူးခဲ့တဲ့ အချိန်ကတည်းက ဒါတွေအားလုံးကို ကြိုတင်ကြံစည်ထားတာ။


ရုတ်တရက် ငါ တစ်ခုခုကို သတိရသွားပြီး လုပေချန်ကို စူးစူးဝါးဝါး ကြည့်လိုက်တယ်။


"ခင်ဗျား မှတ်ဉာဏ်ပျောက်နေတယ်ဆိုတာ မှတ်မိတယ်မလား၊ ဒါက ပြန်ရလာတဲ့ မှတ်ဉာဏ်လား၊ ဒါမှမဟုတ် ဘယ်တုန်းကမှ မှတ်ဉာဏ်မ‌ပျောက်ခဲ့တာလား"


လုပေချန်ရဲ့ လေသံက ခါးသက်နေတယ်။


"ကိုယ် မင်းကို တကယ် မလိမ်ခဲ့ပါဘူး၊ ကိုယ် မှတ်ဉာဏ်ပျောက်ခဲ့တာ မှန်ပါတယ်"


"ဝမ်လီက ကိုယ်တို့နှစ်ယောက် သုံးနှစ်အတွင်း ဘာမှ တိုးတက်မှု မရှိတာကို မြင်တော့ မကြာသေးခင်က ကိုယ့်ကို စာအုပ်တစ်အုပ်ပေးတယ်၊ကိုယ်တို့အခြေအနေနဲ့ အရမ်းဆင်တူတယ်လို့ ပြောတယ်၊ မမျှော်လင့်ဘဲ ကိုယ် အဲဒါကို ဖတ်ပြီး နောက်တစ်ရက်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ခေါင်းထိသွားတာ၊ ခဏတာတော့ ဝတ္ထုနဲ့ လက်တွေ့ကို ရောထွေးသွားတယ်"


"ကိုယ် သတိပြန်ရလာတော့ ကိစ္စတွေက ဖြစ်ပြီးသား.. ဝမ်လီရဲ့ အကြံဉာဏ်အတိုင်း မင်းရဲ့ အကန့်အသတ်တွေကို စမ်းသပ်ကြည့်လိုက်တယ်"


သူ ခါးခါးသက်သက် ပြုံးတယ်။


"အဲဒီတုန်းက ကိုယ် ဆုံးဖြတ်ထားပြီးသား၊ မင်းက ကိုယ့်ရဲ့ ထိတွေ့မှုကို လုံးဝ ငြင်းပယ်ရင် ဒီဆက်ဆံရေးကို ကိုယ် လက်လျှော့လိုက်မယ်လို့"


"ဒါပေမယ့် မမျှော်လင့်ထားတာက အရာအားလုံးက ကိုယ်မျှော်မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ စုန့်ယိနင်၊ မင်း ကိုယ့်ကို မငြင်းခဲ့ဘူး၊ မင်း ကိုယ့်အပေါ် ခံစားချက်ရှိတယ်မလား"


"အနည်းဆုံးတော့ မင်း ယောက်ျားလေးတွေကို လက်ခံနိုင်တယ်လေ"


လုပေချန်ရဲ့ စကားတွေက အရမ်းထိတ်လန့်စရာကောင်းလို့ ငါ အကြာကြီး မနားလည်နိုင်ဘဲ ဖြစ်နေခဲ့တယ်။


"ဒါပေမယ့်..." 


ငါ မျက်မှောင်ကြုတ်တယ်။


"ခင်ဗျားကို သဘောကျမှန်း ဘယ်လို သေချာတာလဲ၊ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးခင်ကတည်းက..."


လုပေချန်က မျက်ခုံးပင့်တယ်။


"ကိုယ် မင်းအပေါ် ဆန္ဒရှိတယ်"


( TN - လုပ်ချင်တဲ့ ဆန္ဒပါ )


"ဒါပဲလား" 


ငါ တုန်လှုပ်သွားတယ်။


"ဒါ မလုံလောက်ဘူးလား" 


လုပေချန်က ပြုံးတယ်။


"ကိုယ် ပထမဆုံး မြင်မြင်ခြင်းမှာ ချစ်မိတာက ရုပ်ရည်ပေါ် မူတည်တာကို ကိုယ် ဝန်ခံပါတယ်၊ ဒါပေမယ့် စုန့်ယိနင်... ဒီသုံးနှစ်တာကာလအတွင်းမှာ ကိုယ် မင်းကို မြတ်နိုးမိသွားပြီ"


လေက ပြတင်းပေါက် ဇကာကို ဖြတ်တိုက်ခတ်သွားပြီး လေးလံတဲ့ လိုက်ကာစွန်းတွေကို လှုပ်ခါနေတယ်။


လုပေချန်ရဲ့ တုံးတိတိ ပြောဆိုမှုကြောင့် ငါ မျက်လုံးတွေ ပြာသွားတယ်။


"မစ္စတာလု၊ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ သူငယ်ချ... အွန်း..."


လုပေချန်က ငါ့မေးစေ့ကို ဆွဲယူပြီး ငါ့နှုတ်ခမ်းတွေကို ပိတ်လိုက်တယ်။ ငါ့ကို ငြင်းဆန်ခွင့်မပေးဘူး။


သူ့ရဲ့ အတင်းအကြပ် ကျူးကျော်မှုက ငါ့ကို တစ်ကိုယ်လုံး မြိုချလုနီးပါး ဖြစ်စေတယ်။


ငါ သူ့ရင်ဘတ်ကို တွန်းပြီး သူ့ကို တွန်းထုတ်ဖို့ ကြိုးစားတယ်။


"မစ္စတာလု..."


ငါ မပြီးခင်မှာပဲ သူ နမ်းတာကို ပိုနက်ရှိုင်းအောင် လုပ်လိုက်တယ်။


ငါ့ခေါင်းထဲမှာ အသံကျယ်ကြီးတစ်ခု မြည်ဟီးသွားသလို၊ ငါ့အတွင်းထဲမှာ တစ်ခုခု ပေါက်ကွဲသွားသလိုပဲ။


အဲဒီခံစားချက်က အရမ်းကို မရင်းနှီးဘူး၊ ငါ့နှလုံးခုန်နှုန်းကို မြန်စေတယ်။


ငါ အရည်ပျော်ကျနေသလို ခံစားရတယ်။ ငါ့အတွေးတွေ ရပ်တန့်သွားပြီး ငါ့နားတွေ တဝီဝီ မြည်နေတယ်။


တော်တော်ကြာတော့ လုပေချန်ရဲ့ တိုးတိုးရယ်သံကို ငါ ကြားလိုက်ရတယ်။


သူက ပြောလာတယ်။ 


"နင်နင်.. ကြည့်ပါလား၊ မင်းမှာလည်း ကောင်လေးတွေအပေါ် ခံစားချက်ရှိတာပဲ"


~~~