ကျိုးယန်၏ ရှုထောင့် :
"ဟုတ်ကဲ့၊ ဒီလူနာ မှတ်ဉာဏ်ပျောက်ဆုံးနေပါတယ်"
ဆရာဝန်ရဲ့ ပါးစပ် လှုပ်ရှားနေတာကို ငါ ကြည့်နေတယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှာ "Good Luck Coming" သီချင်းက အကြိမ်ကြိမ် ပြန်ဖွင့်နေတယ်။
( T/N : နာမည်အတိုင်းပဲ ကံကောင်းခြင်းတွေ လာနေပါပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ )
မုန်ထင် မှတ်ဉာဏ်ပျောက်သွားပြီ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ ငါ့ကို သူ့ ကောင်လေး လို့ အထင်မှားသွားတယ်။ ဒါက ကံဆိုးမိုးမှောင်ကျခြင်းကနေ ကောင်းချီးဖြစ်လာတာပဲ။
ငါ့နှလုံးသား အချိန်အတော်ကြာအောင် တည်ငြိမ်လို့ မရဘူး။
ငါ နည်းနည်းတည်ငြိမ်လာတော့မှ ခေါင်းလှည့်လိုက်တော့ မုန်ထင် ဖုန်းကြည့်ပြီး ညင်ညင်သာသာ ပြုံးနေတာ တွေ့လိုက်ရတယ်။
သူ့မျက်ခွံအောက်က ဖောင်းကားနေတာတွေက စင်ကြယ်ပြီး ဆွဲဆောင်မှုရှိတယ်။
"ဘာတွေ ရယ်နေတာလဲ"
သူ့မျက်နှာ နီရဲလာပြီး ငါ့ကို ဖုန်းပေးတယ်။
"ကျိုးယန်၊ ကျွန်တော့်ဖုန်းထဲမှာ ခင်ဗျားပုံတွေ အများကြီးပဲ"
အဲ့ဒီအခိုက်အတန့်မှာ ငါ ဘယ်လောက်တောင် လန့်သွားတယ်ဆိုတာ ဘယ်လို ဖော်ပြရမလဲ။
အရင်က သူ ဖုန်းနံပါတ်မှားခေါ်တာ ဖြစ်နိုင်တယ်ဆိုရင် ဒီခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘယ်လို ရှင်းပြမလဲ။ ရှင်းပြချက်တစ်ခုပဲ ရှိတယ်။
သူ ငါ့ကိုလည်း ကြိုက်တယ်။ အရမ်းကောင်းတာပဲ။ ငါ ကြိုက်တဲ့သူက ငါ့ကိုလည်း ကြိုက်တယ်။
ဒါပေမယ့် ဒါက ငါ ခိုးယူထားတဲ့ ပျော်ရွှင်မှုနည်းနည်းပဲ။ ပြီးတော့ ငါ အမြဲတမ်း ဆုံးရှုံးရမှာကို ကြောက်ခဲ့တယ်။
အဲဒီနေ့ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ မုန်ထင် မှတ်မိသွားပြီ။
ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူ ငါ့ကို မခုခံဘူး။ သူက နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်ပြီး ရှက်နေတာပဲ။
ကောင်းပြီ၊ ဒါဆို ငါ သူ့ကို လုံးဝ မလွှတ်ပေးတော့ဘူး။
~ The End ~