Chapter 12
Viewers 2k

အခု‌တော့ အားဟေး မှင်တက်ရမယ့် အလှည့်ပဲ။


"နေဦး၊ မင်းရဲ့ ကောင်လေး ကျိုးယန်လေ၊ ငါတို့ကျောင်းရဲ့ ရူးသွပ်စွဲလမ်းဖွယ်ရာ ကောင်လေး၊ မင်းတို့နှစ်ယောက် မနေ့က အပြင်မှာ ထွက်စားတုန်းက တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ပဲလေ"


"ကျိုး... ကျိုးယန်လား!” 


"သူက ငါ့ ကောင်လေးလား!” 


ငါ လုံးဝကို မှင်တက်သွားပြီး ခေါင်းက ပိုတောင် ကိုက်လာတယ်။ မှတ်ဉာဏ်နှစ်ခုက ရောထွေးနေပြီး ဘာက အမှန်တကယ်လဲ၊ ဘာက အိပ်မက်လဲဆိုတာ ခွဲခြားရခက်နေတယ်။


အဲဒီအခိုက်အတန့်မှာ လူငယ်တစ်ယောက် ဆေးရုံအခန်းထဲကို အလောတကြီး ဝင်လာတယ်။ 


သူ့မျက်နှာက ထူးခြားစွာ ချောမောပေမယ့် သူ့မျက်ခုံးတွေက စိုးရိမ်ပူပန်မှုနဲ့ တွန့်ချိုးနေတယ်။ 


သူက ကျိုးယန်ပဲ။ ငါ မှိုင်တိုင်တိုင် ထိုင်နေတာကို မြင်တော့ သူ သက်ပြင်းချပြီး ချက်ချင်း ငါ့ကို လာဖက်တယ်။ သူ့အသံက နှစ်သိမ့်မှုတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့ လတ်ဆတ်ပြီး နှစ်လိုဖွယ်ရနံ့က ငါ့အာရုံတွေကို ဖုံးလွှမ်းသွားပြီး ငါ့ဦးနှောက်ကို ခဏတာ ရပ်သွားစေတယ်။ 


"ညက မင်းနဲ့ပဲ နေခဲ့သင့်တာ"


"မင်း အခုထိ နေမကောင်းသေးဘူးလား၊ ပေါင်ပေ့”


ပေါင်ပေ့တဲ့လား… ကျိုးယန် က ငါ့ကို ပေါင်ပေ့လို့ ခေါ်တာလား…


ငါ့ခေါင်းထဲမှာ မြည်နေတဲ့အသံတွေက ပြင်းထန်ပြီး ငါ့နှလုံးသားက တဒိတ်ဒဒိတ် ခုန်နေတယ်။ 


အားဟေးက ရယ်မောရင်း 


"ဒါဆို မင်းတို့နှစ်ယောက်တည်း ထားခဲ့တော့မယ်"


"ဒါနဲ့လေ၊ ကျိုးယန်၊ မုန်ထင် ခုနက နည်းနည်း ထူးဆန်းနေတယ်၊ သူ့မှာ ကောင်လေး ရှိတာကိုပါ မေ့သွားတယ်တဲ့"


‌ဒါပြောပြီး သူက ပညာသားပါပါ အခန်းထဲက ထွက်သွားတယ်။


ဒါပေမယ့် ငါ့ကိုဖက်ထားတဲ့ ကျိုးယန် က တောင့်ခဲသွားတယ်။ ခဏအကြာမှာ သူ ငါ့ကို ညင်ညင်သာသာ လွှတ်ပေးပြီး ငါတို့ကြားမှာ ယဉ်ကျေးတဲ့ အကွာအဝေးတစ်ခု ဖန်တီးလိုက်တယ်။ 


ငါ သူ့ကို မော့ကြည့်လိုက်တော့ သူ့ရဲ့ ချောမောတဲ့မျက်နှာမှာ နောင်တနဲ့ အကူအညီမဲ့မှုတွေ ပြည့်နေတာ တွေ့ရတယ်။ 


ဒါက သူ ပုံမှန်လို ထိန်းချုပ်နိုင်ပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ပုံစံမျိုး မဟုတ်ဘူး။ 


သူ့အသံက တင်းမာစွာနဲ့ ငါ့ကိုမေးတယ်။


“မုန်ထင်၊ မင်း မှတ်မိပြီလား"


ငါ မျက်နှာနီရဲပြီး ခေါင်းညိတ်လိုက်တယ်။ 


"နည်းနည်းတော့ မှတ်မိပြီ"


ငါ ကျိုးယန်ကို တိတ်တိတ်လေး စွဲလမ်းခဲ့ပုံကို မှတ်မိတယ်။ ဒါပေမယ့် သူက လိင်တူမုန်းတီးသူလို့ ထင်နေလို့ ဖွင့်ပြောဖို့ ကြောက်ခဲ့တာ၊ ဒါကြောင့် သူ့ contact ကို ‘ကောင်လေး’ လို့ တိတ်တိတ်လေး save ထားခဲ့တာ။ 


မှတ်ဉာဏ်ပျောက်ဆုံးပြီးနောက် ငါ့ရဲ့ crush ကို ငါ့ရဲ့ တကယ့် ကောင်လေး လို့ ထင်မှတ်မှားသွားတာ။ 


ငါ သူ့ကို crush နေတယ်ဆိုတဲ့ အချက်က ဖော်ထုတ်ခံလိုက်ရတယ်။ ဒါပေမယ့် သူ ငါ့ကို မငြင်းခဲ့ဘူး၊ မစက်ဆုပ်ခဲ့ဘူး၊ ပြီးတော့ အဲဒီ‌နေရာကို ယူလိုက်တယ်။ 


သူ ငါ့ကို ကောင်းကောင်းဆက်ဆံတယ်၊ ငါ့ကို ကြိုက်တယ်လို့တောင် ပြောတယ်။ 


ပြီးတော့... သူက ငါ့ကို '‌ကော’ လို့ ခေါ်ဖို့ ချော့မော့ခဲ့တာ... တကယ်ပဲ အံ့သြစရာပဲ။ 


ငါ့နှုတ်ခမ်းတွေ ကမောက်ကမ လှုပ်ရှားနေတယ်။ တစ်ခုခု အတည်ပြုချင်ပေမယ့် ဘယ်လို စရမှန်းမသိဘူး။ 


“တောင်းပန်ပါတယ်”


ကျိုးယန် ရုတ်တရက် တောင်းပန်လိုက်တယ်။ သူ့အကြည့်က ငါ့ကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်နေတယ်။ ငါ့မျက်တောင်တွေ တုန်ခါသွားတယ်။ 


"ရပါတယ်၊ ကျွန်တော့်အမှားပါ"


ပြီးတော့ သေလောက်အောင် တိတ်ဆိတ်သွားတယ်။ 


ရုတ်တရက် ကျိုးယန် နှာခေါင်းထဲကနေ အသံတစ်ချက် ထွက်လာတယ်။


သူက ငါ့အနား ထပ်ကပ်လာပြီး နည်းနည်းစွဲလမ်းတဲ့ပုံနဲ့ မေးတယ်။


“မုန်ထင်၊ ကိုယ်တို့ ဆက်တွဲလို့ ရဦးမလား"


ငါ သူ့အကြည့်ကို ရှောင်လိုက်တယ်၊ ငါ့အသံက မပီမသနဲ့


"ကျွန်တော် မသိဘူး"


~~~