Chapter 10
Viewers 2k

ကျိုးယန် နဲ့ ငါ ဆက်တွဲခဲ့ကြတယ်။ ချိုမြိန်ပြီး ရင်းနှီးကြတယ်။ ကျောင်းရဲ့ အတင်းအဖျင်းချန်နယ်တွေမှာ ငါတို့နှစ်ယောက်အကြောင်း ခဏတာ ပျံ့နှံ့ခဲ့ပေမယ့် နောက်ပိုင်းတော့ နောက်ဆုံးစာမေးပွဲဖိအားကြောင့် အစားထိုးခံလိုက်ရတယ်။ 


ဒါက ငါ့ကို စိတ်သက်သာရာရစေတယ်။ နောက်ဆုံးတော့ လူတွေက ငါတို့အကြောင်း အချိန်ပြည့် ဆွေးနွေးတော့ဘူး။ 


ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ငါ နည်းနည်းတော့ ဇဝေဇဝါ ဖြစ်လာတယ်။


ကျိုးယန်က ငါနဲ့ အရမ်းရင်းနှီးတဲ့ ထိတွေ့မှုမျိုးတွေ သိပ်မရှိဘူးလို့ ထင်ရတယ်။ အများဆုံးက လက်တွဲတာ ဒါမှမဟုတ် ငါ့ခေါင်းကို ပုတ်တာ၊ ပွေ့ဖက်တာတောင် ဝမ်းနည်းစရာ ကောင်းလောက်အောင် ရှားတယ်။ 


ပုံမှန် ကောင်လေး တွေက နမ်းသင့်တယ် မဟုတ်လား။ 


သူက Platonic relationship ကို ပိုကြိုက်တာလား။ 


( T/N : Romance ပုံစံမျိုးမဟုတ်ဘဲ သူငယ်ချင်းလို ရိုးရှင်းတဲ့ ဆက်ဆံရေးပါ )


သူ ငါ့ကိုကြည့်တဲ့ပုံက ပြင်းပြပြီး ဘာမှ တားဆီးထားတာမျိုး မရှိဘူး။ ဒါပေမယ့် ငါ တိုက်ရိုက်မေးဖို့ အရမ်းရှက်နေတယ်။ 


ကျိုးယန်က သူ့ကိုယ်သူအတွက်ရော ငါ့အတွက်ပါ ထွက်ပေါက်တစ်ခု ထားနေသလို ခံစားရတယ်။ 


သူ ဘာကို သတိထားနေတာလဲ။ ဒီအတွေးတွေကို ငါ့စိတ်ထဲ သိမ်းထားခဲ့တယ်။ အိပ်မပျော်တဲ့အထိပဲ။ 


တစ်နေ့မှာ ကျိုးယန်ရဲ့ အခန်းဖော် မွေးနေ့ပါတီမှာ ငါလည်း အတင်းဆွဲခေါ်သွားခံရတယ်။ 


လူငယ်တွေက အသက်ဝင်ပြီး သောက်စရာတွေ ပေးရင်း ပျော်ရွှင်နေကြတယ်။ 


အာရုံစိုက်ခံနေရတယ်။ အထူးသဖြင့် ကျိုးယန်ပေါ့။ ကျိုးယန် ဘေးမှာ ထိုင်ရင်း ငါ စိတ်တွေ ကစဉ့်ကလျား ဖြစ်နေပြီး သတိမထားမိဘဲ အရက်နည်းနည်း သောက်လိုက်မိတယ်။ 


အဲဒီ တစ်ငုံလေးပဲကို၊ ငါ ခေါင်းမူးလာပြီ။


အိုး၊ ဒါဆို ငါ အရင်က အားနည်းသူပဲ။ 


ငါ အရမ်းနေမကောင်းဖြစ်လို့ မျက်နှာကို ဖုံးထားမိတယ်။ ဘာသံမှမထွက်ဘူး။ ကျိုးယန် က တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်း သတိထားမိတယ်။


"မင်း သောက်ထားလား"


“အင်း" 


ငါ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်တယ်။ မှိုင်နေတုန်းမှာ ကျိုးယန် ရယ်သံကို ကြားလိုက်ရတယ်။ ပြီးတော့ သူ သူ့အခန်းဖော်တွေကို တစ်ခုခု ပြောလိုက်ပုံရတယ်။ 


ရယ်မောသံတွေနဲ့ နောက်ပြောင်သံတွေ ထွက်ပေါ်လာတယ်။ နောက်တော့ ငါ့ကိုယ်ငါ ပခုံးပေါ် ထမ်းခေါ်သွားတာ ခံစားရတယ်။ 


ကျောပြင်က ကျယ်ပြီး သန်မာတယ်။ နှစ်လိုဖွယ်ကောင်းပြီး ရင်းနှီးတဲ့ရနံ့ ထွက်နေတယ်။ 


ဒါက ငါ့ကို အရမ်းသက်သာစေပြီး အိပ်ပျော်သွားစေတယ်။ ငါ နိုးလာတော့ အဆောင်မှာ ရောက်နေတာကို တွေ့လိုက်ရတယ်။ 


အရမ်းတိတ်ဆိတ်နေတယ်။ ငါ့အခန်းဖော်တွေ အပြင်သွားနေကြတယ်။ ငါ့ ကောင်လေး ကျိုးယန်က ငါ့ရှေ့မှာ ထိုင်နေပြီး ငါ့ဖိနပ်တွေကို ချွတ်ပေးနေတယ်။ 


ခန္ဓာကိုယ်အနေအထားက နည်းနည်းတော့ ကမောက်ကမဖြစ်နေပြီး ငါ့ရဲ့ မှိုင်းနေတဲ့ခေါင်းကို ပိုပြီး မူးဝေစေတယ်။ ငါ မနေနိုင်ဘဲ သူ့ကို ခေါ်လိုက်တယ်။ 


"ကျိုးယန်"


"ဟင်”


သူ ငါ့ကိုကြည့်ဖို့ မျက်ခွံကို မလိုက်ရုံပဲ။ ငါ့စိတ်က မကြည်လင်ပေမယ့် ငါ သူ့ကို ခေါ်တဲ့ပုံစံကို ပုံမှန်အတိုင်း ပြောင်းလိုက်တယ်။


“ကော" 


“ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား"


ငါ ခေါင်းခါပြီး တိုးတိုးလေး ပြောလိုက်တယ်။


“မဟုတ်ဘူး၊ ကျွန်တော် လုပ်ချင်တာတစ်ခုရှိတယ်"


"ဘာလဲ"


ကျိုးယန် ငါ့ဘေးမှာ ထိုင်လိုက်တယ်။ 


သူ့အကြည့်က ဆွဲဆောင်မှုရှိတယ်။


မူးမူးနဲ့ ငါ သူ့ကို ကြည့်လိုက်တယ်။ ပြီးတော့ ငါ့အကြည့်က နာခံမှုမရှိဘဲ အောက်ကို ရွေ့သွားတယ်။


သူ့ရဲ့ ပါးလွှာတဲ့နှုတ်ခမ်းတွေဆီ ရောက်သွားတယ်။ စကားပုံက ပြောသလိုပဲ။ 


"In vino veritas" (ဝိုင်ထဲမှာ အမှန်တရားရှိတယ်)


ဒါကြောင့် ငါ ငါ့စိတ်ထဲရှိတာကို ပြောလိုက်တယ်။ 


"ခင်ဗျားကို ကျွန်တော် နမ်းချင်တယ်"


“အဲဒါ ရလား"


ငါ့စကားအပြီးမှာ အဆောင်က တိတ်ဆိတ်သွားတယ်။ ကျိုးယန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပူနွေးလာပြီး ငါ့လည်ပင်း နီရဲသွားတဲ့အထိ ပူလောင်စေတယ်။ 


ဒါပေမယ့် ခဏစောင့်ပြီးတဲ့နောက် သူ ဘာလှုပ်ရှားမှုမှ မလုပ်ဘူး။ သူ ငါ့ကို စတင်ဖို့ စောင့်နေတယ်လို့ ထင်ပြီး ငါ သူ့ဘက်ကို မှီလိုက်တယ်။ 


ဒါပေမယ့် ငါ သူ့ကို နမ်းတော့မလို့ ရှိတုန်းမှာပဲ ထင်ရှားတဲ့ လက်ဆစ်တွေရှိတဲ့ လက်ချောင်းတစ်ချောင်းက ငါ့နဖူးကို ညင်သာစွာ ဖိလိုက်တယ်။ 


ပြီးတော့ ကျိုးယန် ရဲ့ နည်းနည်းတိုးတိမ်တဲ့အသံ ထွက်လာပြီး 


"မုန်ထင်၊ ကိုယ်တို့ လုပ်လို့မရဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်က အခုပဲ အရမ်းလောဘကြီးနေပြီ"


ရှုပ်ထွေးပြီး ငါ မျက်တောင်ခတ်လိုက်တယ်။ သူ ဘာကိုဆိုလိုမှန်း ငါ နားမလည်ဘူး။ သူ တခြားတစ်ခုခု ပြောလိုက်ပုံရတယ်။ 


ဒါပေမယ့် ငါ့မူးယစ်မှုက ထပ်ပြီး ပြင်းထန်လာပြီး ငါ ညည်းညူရင်း အိပ်ပျော်သွားပြန်တယ်။ 


မူးယစ်နေတုန်းမှာ တစ်ယောက်ယောက်က ငါ့ကို ညင်ညင်သာသာ ဆက်တိုက် ဂရုစိုက်ပေးနေတာ ခံစားရတယ်။ ငါ သက်သောင့်သက်သာ လှိမ့်လိုက်တယ်။ 


အင်း…ကောင်လေး ရှိတာ ကောင်းတာပဲ၊ နမ်းလို့မရပေမယ့်ပေါ့။


နောက်နေ့ နိုးလာတော့ ငါ အဆောင်မျက်နှာကျက်ကို အချိန်အတော်ကြာ ကြည့်နေမိတယ်။ ပြီးတော့ စောင်ထဲမှာ ဖြည်းဖြည်းချင်း ကွေးလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် အော်ဟစ်တော့တယ်။


~~~