Chapter 63.2
ညစာစားပြီးနောက် လီဖုန်းက အိမ်၌မရှိသောကြောင့် ထန်ချွန်းမင်နှင့် သူ့မိထွေးက စားပွဲသန့်ရှင်းရေးလုပ်ပြီး အနားယူခဲ့သည်။ ထန်ချွန်းရုံက သမားတော်ဟဲနဲ့ အတူနေပြီး ထန်ချွန်းမင်၊ဝမ်ယင်၊ အားလင်းနှင့် အားစန်းတို့က ခန်းကုတင်ပေါ်မှာ အတူတူအိပ်ခဲ့သည်။ သို့သော် သူတို့အိပ်ပျော်သွားသည်နှင့် ခြံတံခါးခေါက်သံထွက်ပေါ်လာပြီး ရှောင်ဟွာနှင့် တခြားကောင်တွေက စတင်ဟောင်လာခဲ့သည်။ ထန်ချွန်းမင်က သေချာနားထောင်ကြည့်တော့ ရွာထဲက တခြားမိသားစုများမှ ဟောင်သံများလည်း ရှိနေသည်။ ညသန်းခေါင်ကြီး ဘယ်သူက တံခါးလာခေါက်တာလဲ?
“ဖေဖေ.. ကျေးဇူးပြုပြီးလှဲနေပါ။ ညသန်းခေါင်ကြီး ဘယ်သူလာတာလဲ ကျွန်တော်သွားကြည့်လိုက်မယ်။” ထန်ချွန်းမင်က ချီတုံချတုံ အိပ်ရာပေါ်မှထလိုက်ပြီး ချည်သားအင်္ကျီထူထူကိုဝတ်ဆင်ကာ တံခါးဖွင့်ပြီး အပြင်ထွက်သွားလိုက်သည်။ လေအေးများ တိုက်ခတ်လာသဖြင့် ထန်ချွန်းမင် တုန်ယင်သွားသည်။ ယခုချိန်မှာ သူတောင်ပေါ်လိုက်မသွားတာ ကောင်းသည်ဟု တွေးမိသွားသည်။ မဟုတ်ပါက သူက ဤရာသီကို တောင့်ခံနိုင်မည်မဟုတ်ချေ။ ဆန့်ကျင်ဘက်အခန်းတံခါးလည်း ပွင့်လာပြီး ထန်ချွန်းရုံထွက်လာသည်။ “အစ်ကို… . ညသန်းခေါင်ကြီး ဘယ်သူဖြစ်နိုင်မလဲ? ကျွန်တော်လည်း လိုက်ကြည့်မယ်။”
“ကောင်းပြီ. သွားကြစို့…ရှောင်ဟွာ..ငါတို့နဲ့လိုက်ခဲ့၊ ရှောင်ဟေးနဲ့ရှောင်သိုက်က အိမ်မှာနေ။” ထန်ချွန်းမင်က ခွေးဟောင်သံကိုတားကာ ရှောင်ဟွာကို ခြံပေါက်ဝသို့ ခေါ်သွားခဲ့သည်။
“လာပြီဗျို့! ညနက်ကြီး ဘယ်သူတံခါးခေါက်နေတာလဲ?” တံခါးက ခေါက်နေဆဲဖြစ်ပြီး ထန်ချွန်းမင်က အပြင်ကို စိတ်ပျက်လက်ပျက်အော်လိုက်သည်။
“ငါပါ… တံခါးမြန်မြန်ဖွင့်ပေး။”
ဒီအသံကရင်းနှီးသလိုပဲ? ထန်ချွန်းမင်က ခဏလောက်တော့ ဘယ်သူမှန်းမမှတ်မိပေ။ သူက လျှောက်သွားလိုက်ပြီး တံခါးဖွင့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ “စွင်းကောအာ.. ဘာဖြစ်လို့လဲ? ဘာကိစ္စရှိလိူ့လဲ?” ဘယ်သူကမှ ညသန်းခေါင်ကြီး ခန်းကုတင်ပေါ်က ထလာရမှာမပျော်ပေ။
“မင်ကောအာ… ကုံးတန့်ကို ပြန်ပေးပါ။ ကုံးတန့်ဘယ်မှာလဲ? သူ့ကိုမြန်မြန်ထုတ်ပေး”
“ဟမ်.. ခင်ဗျားကဘယ်သူလဲ? ကုံးတန့်ကဘယ်သူလဲ? ဘာလို့ ကျုပ်အစ်ကိုရဲ့အိမ်မှာ လာရှာတာလဲ?” သူ့အစ်ကိုကို ခုန်အုပ်တော့မည့် ကောတစ်ယောက်ကိုမြင်လိုက်ရတော့ ထန်ချွန်းရုံက သူ့အစ်ကိုရှေ့မှာ ကမန်းကတန်းရပ်လိုက်ပြီး ရောက်လာသူကို မကျေနပ်ကြည့်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ? သူက တကယ်ရှုပ်ထွေးနေသည်။
သူတင်မကပဲ ထန်ချွန်းမင်လည်း အံ့အားသင့်သွားသည်။ သူက သေမင်းကိုလာရှာနေပုံရသည့် ထိုကောကိုမမေးပဲ အတူလိုက်ပါလာသော ရွာသားများကို တိုက်ရိုက်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ဘာလို့ ငါ့အိမ်မှာလူလာရှာတာလဲ? ကုံးတန့်ကိုပြန်ပေးဆိုတာ ဘာကိုပြောတာလဲ?”
သူနဲ့အတူပါလာသော ရွာသားများက စွင်းကောအာကို ဖမ်းဆွဲပြီး အလျင်စလိိုလိုက်လာသော ချမ်သဲဖူက တုန်တုန်ယင်ယင်ပြောလိုက်သည်။ “ကုံးတန့်ထွက်ပြေးသွားပြီး ပြန်မရောက်လာတာ တစ်ရက်ပြည့်ပြီ။ ကုံးတန့်က မင်းအိမ်ပြေးလာလို့ သူကပြောတယ်။ တောင်းပန်ပါတယ်… မင်ကောအာ.. မင်း ကုံးတန့်ကိုတွေ့မိသေးလား?” ချမ်သဲဖူ၏မျက်နှာက အလွန်ရုပ်ဆိုးနေသည်။ ထန်ချွန်းမင်ပြောတာကိုမစောင့်ပဲ သူက စွင်းကောအာကို လှည့်ဆူလိုက်သည်။ “ပြန်ရအောင်.. ငါကုံးတန့်ကိုရှာလိုက်မယ်။ မင်း ညသန်းခေါင်ကြီး သူများအိမ်မှာ ဘာလို့လူသွားရှာတာလဲ?”
ကျိုးကြောင်းဆီလျော်မှုမရှိသော ဤအရာက ထန်ချွန်းမင်က စိတ်တိုသွားစေသည်။ သူက စွင်းကောအာကို ဘာအကြွေးမှတင်မနေပေ။ သူကဘာလ်ို့အကြွေးလာတောင်းသလို လုပ်နေတာလဲ? “ကလေးပျောက်နေပြီး ကိုယ်ဝန်ရှိနေလို့မဟုတ်ရင် ငါ မင်းကို အသေရေဖျက်မှုနဲ့ တရားစွဲမှာ။ မင်းရဲ့သားပျောက်သွားတာ ငါနဲ့ဘာဆိုင်လို့လဲ?”
“မင်ကောအာ… အဓိပ္ပါယ်မရှိတာတွေကို နားမထောင်နဲ့။” နောက်ကလိုက်လာသူများကလည်း တုန်လှုပ်သွားသည်။ “ငါတို့သူနဲ့လိုက်လာတာ သူ့ကိုတားမရလို့ပဲ။ သူ ဘာလို့ မင်းတို့အိမ်ကိုစိုက်ကြည့်နေပြီး သူ့ကလေးက မင်းတို့အိမ်ကိုရောက်လာတယ်လို့ပြောလဲ ငါနားမလည်ဘူး။”
“လုပ်ပါ… “ သို့သော် ဤကောက ရှင်းပြချက်ကို မကြားသလိုပင်။ သူက ဒူးထောက်ဖို့ ရုန်းကန်လိုက်သည်။ “ငါ့အပြစ်ဆိုတာငါသိပါတယ်။ ငါ ကုံးတန့်ကို ကောင်းကောင်းမသင်ပေးခဲ့လို့ပါ။ ဒါပေမယ့် သူက ခြောက်နှစ်ပဲရှိပါသေးတယ်။”
တောက်… ထန်ချွန်းမင်က ထိုစကားကြားတော့ ဒေါသထွက်သွားသည်။ ဒါဘာကိုဆိုလိုတာလဲ? သူက ခြောက်နှစ်သားနဲ့ ရန်ဖြစ်ပြီး အိမ်ခေါ်ထားတာလား? သူက စွင်းကောအာကို နောက်ကနေဆွဲနေသည့် ချမ်သဲဖူကို လျစ်လျူရှုကာ အားရုံကိုလည်း ဝင်မပါဖို့တားခဲ့သည်။ ဤလူတွေကို ရှင်းပြနေလည်း ဘာမှမထူးပေ။ သူလှည့်ပတ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က နောက်ကရောက်လာပြီး သူတို့ဆီကိုလျှောက်လာတာ တွေ့လိုက်ရသည်။
ဓာတ်မီးများနှင့် ရောက်လာသူများက ရွာလူကြီးနှင့် သူ့အဖွဲ့ဖြစ်၏။ သူတို့က ချမ်သဲဖူနှင့် သူ့ကောကိုတွေ့လိုက်ရသည့်အခါ စတင်ပြောဆိုတော့သည်။ ရှန်းဖူလန်ကလည်း လိုက်လာပြီး ထန်ချွန်းမင်ကို ရှင်းပြလိုက်သည်။ ထိုမှသာ ထန်ချွန်းမင်က ရေးတေးတေးနားလည်ခဲ့သည်။ ရှန်းဖူလန်ကလည်း ချမ်မိသားစုမှာ ဘာတွေဖြစ်နေလဲမသိတာကြောင့် ကလေးတစ်ယောက် အိမ်ပြန်ရောက်မလာတာ မသိခဲ့ပေ။
“ဒီတော့ ကလေးက အိမ်မှာညစာစားဖို့မလာပဲ အခုထိပြန်မရောက်သေးဘူးပေါ့? မင်းက ဘာလို့ ငါ့အိမ်မှာလာရှာတာလဲ? ပြီးတော့ ငိုပြတာက ဘာအတွက်လဲ? ငိုနေတာထက် မင်းရဲ့သားကို လိုက်ရှာတာက ပိုအကျိုးမရှိဘူးလား?” ထန်ချွန်းမင်က ဒေါသတကြီးအော်ဟစ်ပြီး သူ့အပေါ် လာပုံချနေလို့ အပြစ်တင်လိုက်သည်။ ဒီလိုကောမျိုးက ဘာလုပ်နေလဲ သူတကယ်မသိပေ။ ထိုကောမျိုးက ကလေးကို ကောင်းကောင်းသွန်သင်ထားလျှင် ထူးဆန်းနေပေမည်။
“မြန်မြန်လုပ်… သူ့ကိုခေါ်သွားပြီး စောင့်ရှောက်ဖို့ တစ်ယောက်ယောက်နဲ့လွှတ်ထားလိုက်!” ရှန်းဖူလန်ကလည်း ဒေါသထွက်နေသည်။ သူက ရွာလူကြီး၏ဇနီးဖြစ်တာကြောင့် သူ့စကားတွေက ထိရောက်သင့်သည်။ သူက လူအချို့ကိုခေါ်ကာ ထိုကောကို အတင်းအကြပ်ခေါ်သွားကြဖို့ ပြောလိုက်သည်။ တကယ်တော့ သူက ကိုယ်ဝန်ရှိနေသဖြင့် သူ့ကိုစောင့်ရှောက်ပေးရန် ဟူလန်ကျုံးကိုခေါ်ခိုင်းလိုက်သည်။
ထန်ချွန်းမင်က ခဏလောက်အိပ်မပျော်နိုင်ဖြစ်သွားသဖြင့် အခန်းထဲပြန်ဝင်သွားကာ အိပ်ရာနိုးနေသော သူ့မိထွေးနှင့် သမားတော်ဟဲကိုပြောလိုက်သည်။ အားရုံက အိမ်မှာမနေချင်သဖြင့် သူက သူ့ကိုခေါ်သွားပြီး အကူအညီဖြစ်လိုဖြစ်ငြား ရှန်းဖူလန်နဲ့အတူလိုက်သွားခဲ့သည်။ သူပြောသလိုပင် သူက ကလေးကိုသဘောမကျသော်လည်း ကလေးကို ယုတ်မာသည့် အတိုင်းအတာအထိတော့ မသွားနိုင်ပေ။ အမှန်မှာ မိဘတစ်ယောက်အနေဖြင့် ကလေး၏အကျင့်စရိုက်ကောင်းလာရန် ပျိုးထောင်ရမှာ မိဘတာဝန်ဖြစ်၏။
ထန်ချွန်းရုံက သူ့အစ်ကိုနောက်ကလိုက်သွားပြီး သူ့အစ်ကိုက လူတစ်ယောက်အား စုံစမ်းမေးမြန်းနေသည်ကို ကြည့်နေလိုက်သည်။ ထိုလူက ကလေး၏မိသားစုဖြစ်မည်။ သူ့အစ်ကိုမှားယွင်းစွပ်စွဲခံရတာနဲ့ပတ်သက်ပြီး ထန်ချွန်းရုံကမပျော်တော့ပေ။
“ပြောပါဦး.. ခင်ဗျားတို့ကောက ကျုပ်တို့အိမ်မှာလူလာရှာရအောင် ဘာဖြစ်ခဲ့လို့လဲ? ခင်ဗျားက သေချာမရှင်းပြရင် လူဘယ်လိုရှာလို့ရမလဲ? ညသန်းခေါင်ကြီး ဘာလမ်းညွှန်မှမရှိပဲ သူ့ကိုဘယ်လိုသွားရှာမလဲ? ပြီးတော့ ဒီလိုအေးတဲ့ရာသီမှာ ကလေးတစ်ယောက်ထွက်ပြေးသွားတာ နှင်းကိုက်သွားနိုင်တယ်။” ထန်ချွန်းမင်က ချမ်သဲဖူကို မကျေမနပ်မေးလိုက်သည်။ ချမ်သဲဖူ၏မျက်နှာပေါ်က လူသတ်လိုသော အရိပ်အယောင်ကိုတော့ သူလျစ်လျူရှုလိုက်လေသည်။
ရွာလူကြီးက ထန်ချွန်းမင်၏မေးခွန်းကို ကြားသောအခါ သူက နောက်လှည့်ကြည့်ပြီး ချမ်သဲဖူကို အားလုံးရှင်းပြပေးဖို့ ခက်ခက်ထန်ထန်မေးလိုက်သည်။ ဤကလေးက ရွာကိုဒုက္ခပေးခဲ့သော်လည်း သူတို့က သူ့အသက်ကို လျစ်လျူမရှုနိုင်တာကြောင့် ညနက်ကြီး ကလေးရှာပေးဖို့ လူအများကြီးခေါ်လာခဲ့သည်။