Chapter 55.1
Viewers 21k

Chapter 55.1




လီဖုန်း၏သတိပေးချက်အပြီးတွင် ရွာလူကြီးက မျိုးစေ့ဝယ်ဖို့ရောက်လာသော လူတစ်သုတ်ကို ​မြေနှစ်ဧကအတွက် မျိုးစေ့လုံလုံလောက်လောက် ရောင်းချပေးခဲ့သည်။ ထိုထက်ပိုမရောင်းပေးခဲ့ပေ။ မျိုးစေ့များက အကန့်အသတ်ရှိသဖြင့် ရည်ရွယ်ချက်က မိသားစုအများအပြားကို စိုက်ခွင့်ပေးဖို့ဖြစ်သည်။ ထို့အပြင် ထန်ချွန်းမင်က လာမည့်နှစ်မှာ မျိုးစေ့များ ပိုမိုပြင်ဆင်ထားမယ်လို့ ကတိပေးခဲ့သည်။ 


၎င်းကြောင့် စပါးစေ့ စောစောဝယ်ထားကြသူများက အားရပါးရပြုံးလိုက်ကြပြီး နောက်ကျမှသိရ၍ အခွင့်အရေးလွတ်သွားသော လူတွေက လွန်စွာနောင်တရခဲ့ကြပြီး ကြမ်းပြင်ကို စိတ်ပျက်လက်ပျက် ထုရိုက်နေကြ၏။ သူတို့ဘာလို့တွန့်တိုပြီး ငွေဆုံးရှုံးမှာကြောက်ခဲ့တာလဲ?

အစပိုင်းမှာ ထန်ချွန်းမင် ဂျုံမျိုးစေ့ရောင်းမည့်အကြောင်း ထွက်ပေါ်လာခဲ့စဥ် သံသယဝင်နေသော တချို့မိသားစုများက တန်ရဲ့လားဟု ​မေးခွန်းထုတ်ခဲ့ကြသည်။ တစ်ပေါင်လေးဆင့်ငါးဆယ်နဲ့ရောင်းတာက အရှုံးပေါ်မယ်လို့ သူတို့ထင်ခဲ့ကြသည်။ မြို့ပေါ်က စျေးအကြီးဆုံး ဂျုံစပါးကပင် ဤမျှလောက်မကုန်ကျပေ။ သတိထားပြီး မစွန့်စားရဲတာက လူအများစုမှာတွေ့ရသည့် ပြဿနာတစ်ခုဖြစ်သည်။ ၎င်းကို သတိကောင်းခြင်းလို့ ခေါ်ပေမယ့် သူတို့က ထန့်ယွီ စပါးလာဝယ်သွားတာကို မတွေ့ခဲ့ရပေ။ သူတို့သာသိခဲ့လျှင် သူတို့ တုံ့ဆိုင်းနေမှာမဟုတ်ပေ။



ဒုတိယထုတ်ပြန်ချက်အပြီးမှာ တခြားသူများ၏ အတင်းအဖျင်းကို ယုံကြည်ခဲ့ပြီး ချီတုံချတုံဖြစ်ခဲ့သည့် လူတွေက နောင်တရလွန်းလို့ ထိုလူများ၏အိမ်ကိုသွားကာ ပွဲရှာချင်ခဲ့သည်။ ကောလာဟလဖြန့်ခဲ့သူက အပြင်မှာထိုင်နေဆဲပင်။ သူက တ​ခြားသူများနဲ့ စကားစမြည်ပြောနေသည်။ တခြားသူများက သူ့ဆီပြေးလာကာ ဒေါသတကြီး လက်သီးနဲ့ထိုးလိုက်လေသည်။ သူတို့မဝယ်လိုက်နိုင်သော မျိုးစေ့များက တစ်ပေါင်၄၅ဆင့်ရမည့် စပါးစိုက်ပျိုးနိုင်သည်ကိုသိလျှင် စိတ်ပြေနပြေ စကားစမြည်ထိုင်ပြောနေသူများက လန့်သွားကြလေသည်။

“မင်းကြိုက်သလောက်အော်နေလည်း အခုအသုံးမဝင်တော့ဘူး။ မျိုးစေ့တွေအကုန်ရောင်းထွက်သွားပြီ။ ဘာပဲဖြစ်ဖြစ် မင်းက ဝယ်ဖို့မရည်ရွယ်ထားဘူးမလား? မင်ကောအာက လူတွေကို ငွေလိုက်လိမ်နေတယ်လို့ လုပ်ကြံပြောဆိုခဲ့တာ မင်းမလား? ​အေး.. ဒီတစ်ခါမဝယ်လိုက်နိုင်ရင် နောက်နှစ်ထိစောင့်ရမယ်လို့ မင်​ကောအာကပြောတယ်။ မင်းအခု ​ပြဿနာရှာလိုက်ပြီဆိုတော့ မင်းအမည်ပျက်စာရင်းသွင်းခံရမှာ။ အမည်ပျက်စာရင်းဆိုတာဘာလဲသိလား? မင်းတို့လိုမိသားစုတွေကို ဘယ်တော့မှမရာင်းဖူးလို့ပြောတာ။ ခံလိုက်အဲ့မှာ… “ သူတို့ကို လှောင်ပြောင်နေသူက သက်ပြင်းချကာ ဒေါသတကြီးထွက်သွားခဲ့သည်။


တစ်ဖက်လူက အချိန်အတော်ကြာအောင် အသံမထွက်နိုင်တော့ပဲ ပုံမှန်နည်းလမ်းတွေက အလုပ်မဖြစ်တာကို တွေ့ရှိခဲ့သည်။ မင်ကာအာ အမည်ပျက်စာရင်းသွင်းလိုက်မှာကို သူတို့ကြောက်နေသည်။ သူတို့နားကလူများ မျက်နှာပျက်နေတာကိုတွေ့တော့ သူတို့က စိတ်ပျက်လက်ပျက် အိမ်ပြန်သွားခဲ့သည်။ သို့ပေသိ သူတို့ထဲကတစ်​ယောက်က စကားတစ်ခွန်းပြောခဲ့သေးသည်။ “ငါမင်းတို့ကို မဝယ်ခိုင်းခဲ့တာမှမဟုတ်တာ။ အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ?”

သတင်းက ထန်ချွန်းမင်ဆီ​ ရောက်သွားသောအခါ သူက အသာပြုံးလိုက်သည်။ သူက ကျိုးကြောင်းဆီလျော်မှုမရှိသော လူတွေနဲ့ ပတ်သက်ဖို့ ပျင်းရိလွန်းသည်။ သ်ု့ဖြစ်၍ သူက အမှတ်မဲ့အမှတ်မဲ့ပြောလိုက်လေသည်။ “ဘယ်သူမဆိုပြဿနာရှာနိုင်တယ်။ ဒါပေမယ့် သူတို့ ကျွန်တော့်ဆီက မျိုးစေ့ဝယ်ပိုင်ခွင့်မရှိတော့ဘူး။ သူတို့က တွန်းအားပေးလာမယ်ဆိုရင် ကျွန်တော့်အထွက်နှုန်းကိုပဲ ပြလိုက်မယ်။ ကျွန်တော် ဒီလူတွေနဲ့ ငြင်းခုံဖို့ပျင်းတယ်”

ကျန်းရှို့နဲ့ဝမ်မော့က ဂျုံစပါးငါးဧကစာဝယ်ခဲ့သည်။ တကယ်တော့ သူတို့မြေအားလုံးမှာ ဂျုံစိုက်လို့မဖြစ်ပေ။ သူတို့က ​ဆောင်းရာသီအတွက် တခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖို့လိုသည်။ ထို့အပြင် အများကြီးစိုက်ပျိုးခြင်းက တခြားမိသားစုတွေကို မနာလိုဖြစ်စေပြီး ၎င်းက ထန်ချွန်းမင်အတွက် ဒုက္ခရောက်စေသည်။ ထန်ချွန်းမင်​က သူတို့ဦးလေးတွေဖြစ်သည့် လျိုရွှေ၊ ထျဲရွှေနှင့် တာရွေတို့ကိုလည်း ဂျုံစေ့များပေးခဲ့ပေမယ့် ၎င်းဂျုံစေ့များက ရွာလူကြီးဆီက မဟုတ်ပေ။

မိထွေးဖြစ်သူကိုတော့ ထန်ချွန်းမင်က ဂျုံစေ့နှစ်ရာကီလိုကို တိုက်ရိုက်ပို့ဆောင်ခဲ့သည််။ စိုက်ပျိုးဖို့အတွက်လား စားသုံးဖို့အတွက်လား ဆိုတာကတော့ သူ့အပေါ်မူတည်သည်။ သူက ရွာထဲကအခြေအနေကိုလည်း ရှင်းပြခဲ့ပြီး ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်။ သူဂျုံစိုက်ပျိုးပြီးလျှင် လာမည့်နှစ်မှာ ရိတ်သိမ်းပြီး ဤနေရာကိုပို့လို့ရသည်။ အမြတ်ကွာခြားမှုတော့ ရှိမှာမဟုတ်ပေ။


ထန်ချွန်းမင်နှင့် လီဖုန်းက သူတို့၏လယ်ကွင်းမှာ ဆောင်းစပါးများကို စိုက်ပျိုးခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရန်ကတော့ သူတို့၏ကိုယ်ပိုင်​မြေမှာ စိုက်ပျိုးဖို့နေရာလောက်သည်။ တခြားရွာသားများလိုပင် သူတို့က မုန်လာဥနှင့်ဂေါ်ဖီတွေ အများကြီးစိုက်ထားသည်။ တစ်မျိုးကို မုန်လာချဥ်ပြုလုပ်ရန် အသုံးပြုမှာဖြစ်ပြီး တစ်မျိုးက​တော့ ​ဆောင်းရာသီမှာလိုအပ်သည့် ဂေါ်ဖီချဥ်ပြုလုပ်မှာဖြစ်သည်။

သို့သော် ဂျုံစိုက်ပြီးသည့်နောက်မှာ အိမ်တစ်လုံး​ဆောက်မည့် တာဝန်တစ်ခုတိုးလာသည်။ သမားတော်ဟဲကပင် အ​မြန်ဆောက်ရန် တိုက်တွန်းခဲ့သည်။ သမားတော်ဟဲ သည်းမခံနိုင်လောက်သည်အထိ ၎င်းက အဆင်မပြေဖြစ်လာခဲ့သည်။ သူ့စကားအရ သူတို့သည် အိမ်အမြန်ဆောက်ပြီး လက်ထပ်ကာ အဘိုးကြီးအား တစ်နေကုန် အနှောင့်အယှက်မပေးသင့်တော့ပေ။

ထန်ချွန်းမင်က အဆင်မပြေဘူးလို့ ခံစားမိသည့်အတွက် အိမ်နောက်ဖေးမှာအိမ်​ဆောက်ရန် လီဖုန်းအား လူတစ်​ယောက်အမြန်ရှာခိုင်းခဲ့သည်။ အိမ်အမျိုးအစားကတော့ သူက နှစ်ထပ်ဆောက်ချင်ပေမယ့် စဥ်းစားပြီးနောက် ရိုးရာဓလေ့အတိုင်း ​ဆောက်လုပ်တာပိုကောင်းသည်။ သူက လီဖုန်းနဲ့တိုင်ပင်ပြီး အိမ်ရှေ့ခြံအပြင်အဆင်အတိုင်း သုံးခန်းတွဲအိမ်ကြီးကို ဘေးတစ်ဖက်တစ်ချက်ဆီမှာ အခန်းအပိုနှစ်ခန်းထည့်ရန် သဘောတူခဲ့သည်။ ဤနည်းအားဖြင့် အလုံးစုံပြင်ဆင်ခြင်းသည် ဝင်ပေါက်နှစ်ခုရှိသည့် ခြံပုံစံနှင့်တူသွားလိမ့်မည်။ အိမ်ရှေ့ခြံမှ ပင်မခန်းမကို ဖွင့်လိုက်လျှင် ထိုနေရာမှ နောက်ခြံကို တိုက်ရိုက်ဝင်ရောက်လို့ရလေသည်။

“ဆောင်းရာသီရောက်လာတော့မယ်။ အိမ်မှာ အပူပေးကြမ်းခင်းသုံးသင့်လား? အဲ့ဒါက ကလေးတွေအတွက် ပိုအဆင်ပြေလိမ့်မယ်။ ကျွန်တော်လည်း ခန်းပေါ်မှာတစ်နေကုန်နေစရာမလိုတော့ဘူး။ ပြီး​တော့ ကျွန်တော်တို့ သမား​တော်ဟဲရဲ့နေရာကိုလည်း ပြန်မွမ်းမံဖို့လိုတယ်။”

သူ ရောက်ခါစကအချိန်ကို ပြန်တွေးကြည့်တော့ သူက ခန်းကုတင်မှမခွာနိုင်ခဲ့ပေ။ ထန်ချွမ်းမင်က ဘယ်လိုသုံးနှုန်းရမလဲပင် မသိတော့ချေ။ ထိုအချိန်က သူသည် အသိုက်ဆောက်နေခဲ့တာဖြစ်၏။ အဆုံးမှာ ကိုယ်ဝန်ဆယ်လလွယ်ပြီး အားစန်းလေးကို မွေးဖွားခဲ့သည်။

သမားတော်ဟဲက စုံတွဲ၏ဆွေးနွေးမှုကို အပြုံးတစ်ခုဖြင့် နားထောင်ပြီး ဘာအကြံဉာဏ်မှမပေးခဲ့ပေ။ သို့ပေမယ့် သူက ဆောင်းရာသီမှာ သက်တောင့်သက်သာပိုရှိစေမည့် အပူပေးကြမ်းခင်းကိုတော့ လိုချင်သည်။ သူတို့သေချာဆွေးနွေးပြီးမှ သူကပြောလိုက်သည်။ “ငါ အားလုံးသောက်ဖို့ ပဲနို့နဲ့တို့ဖူးလုပ်လိုက်မယ်။ အားလင်း… မင်းအဘိုးကို ပဲနို့ဖျော်ဖို့ ကူညီပေးပါဦး။”

“ဟုတ်ကဲ့… ပဲနို့…” အားလင်းက လက်ခုပ်တီးလိုက်သည်။ အဘိုးဖြစ်သူက ဦးလေးဖုန်းအား ပဲနို့ဖျော်လို့ရသည့် ကျောက်ကြိတ်စက်ဝယ်ခိုင်းခဲ့သည်။ အားလင်းက ၎င်းကို စောင့်မျှော်နေတာကြာပြီပင်။ သမား​တော်ဟဲက အားလင်းလက်ကိုတွဲပြီး အပြင်ကို လျှောက်ထွက်သွားလေသည်။

သမားတော်ဟဲက လီဖုန်းအား ကျောက်ကြိတ်စက်ဝယ်ဖို့ပြောရာတွင် လီဖုန်းက သမားတော်ဟဲ၏ တို့ဟူးချက်ပြုတ်စွမ်းရည်ကို ချွင်းချက်မရှိကောင်းသည်ဟု ​ပြောခဲ့သည်။ သူတို့ မြောက်ပိုင်းမှာရှိခဲ့စဥ်က ဆောင်းရာသီတွင် စားဖို့အသီးအရွက် များများစားစားမရှိခဲ့ပေ။ စစ်တပ်ထဲရှိ နေရေးထိုင်ရေးက ပိုမိုခက်ခဲလာပြီး အခြေအနေတိုးတက်မှုစိုးစဥ်းမျှ မရှိခဲ့ပေ။ သမားတော်ဟဲဲ၏တို့ဟူးက လူကြိုက်အများဆုံးအစားအစာဖြစ်လာသည်။ သမားတော်ဟဲက ​ခြံထဲရှိ လတ်လတ်ဆတ်ဆတ် ပဲစေ့များကိုတွေ့သည့်အခါ ယင်းက သူ့အတွက် ပိုထူးခြားလာခဲ့သည်။ မြောက်ဘက်ရှိ အခြေအနေများက ခက်ခဲသော်လည်း ၎င်းက လွမ်းဆွတ်စရာတစ်ခုအဖြစ် တည်ရှိနေ၍ သူက သူ၏ကျွမ်းကျင်မှုကို ပြန်လည်ဖန်တီးလိုသည်။

ရွာတွင် အများသူငှာအသုံးပြုလို့ရသည့် ကျောက်ကြိတ်စက်ကြီးတစ်ခုရှိသော်လည်း သမားတော်ဟဲက သူ့မှာရှိသည့် စက်အသေးကိုသာသုံးချင်သည်။ သူက အားလင်းကိုပုံပြင်ပြောပြရင်း ကြိတ်စက်ကိုတွန်းလိုက်သည်။ အဖြူရောင်အရည်ပျစ်​ပျစ်က ​ကျောက်စက်မှထွက်လာပြီး သူတို့သတိမထားမိခင်မှာ အရည်ပုံးကြီးတစ်ပုံးရလာခဲ့သည်။ ထိုမှသာ သူတို့က ပုံပြင်ပြောတာရပ်ပြီး ပုံးကိုဆွဲကာ မီးဖိုချောင်ထဲဝင်လာသည်။ လီဖုန်းက ထိုနေရာမှာ မီးမွှေးပြီး အိုးကိုအပူပေးထားပြီးဖြစ်သည်။

သမားတော်ဟဲက ဘယ်သူ့အကူအညီမှမလိုခဲ့ပေ။ အိုးထဲပဲနို့မထည့်ခင် နှစ်ကြိမ်စစ်လိုက်သည်။ ကျန်ရှိသော ပဲမှုန့်များကို မသွန်ပစ်ပဲဖယ်ထားလိုက်သည်။ ထန်ချွန်းမင်က အိမ်အသစ်၏ပုံစံကို ရေးဆွဲပြီးနောက် ၎င်းကိုကြည့်ရန်ထွက်လာပြီး ဝင်ကူညီဖို့ လက်ဆေးလိုက်သည်။ သူက အဆီတစ်ဝက်ရှိသည့် ဝက်သားကိုယူကာ လှီးဖြတ်ပြီး ပဲမှုန့်လက်ကျန်နှင့် အသားလုံးဟင်းလျာတစ်မျိုး ချက်မှာဖြစ်သည်။ 

လီဖုန်း အိမ်အလုပ်ပြီးသောအခါ ထန်ချွန်းမင်လက်နှစ်ဖက်ဖြင့် အသားလှီးနေသည်ကို တွေ့လိုက်ရသည်။ သမားတော်ဟဲက အိုးအောက်ခြေမှာ ပဲနို့မကပ်စေရန် ပဲနို့ကို အဆက်မပြတ်မွှေနေသည်။ အားလင်းက ထန်ချွန်းမင်၏ ညွှန်ကြားချက်အတိုင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာပြီး မျက်လုံးကို မတော်တဆပွတ်လိုက်မိရာ မျက်ရည်များကျလာသဖြင့် သူ့အားမူ၏ အလှောင်ခံလိုက်ရသည်။

ပဲနို့ကျိုပြီးနောက် လူအများအပြားက မီးဖိုချောင်ထဲတွင် ပဲနို့ကိုမြည်းစမ်းနေ၏။ အနံအရသာပြည့်စုံသော ပဲနို့ကို လူကြီးရောကလေးပါ ​ကြိုက်ကြသည်။ လီဖုန်းက ထန်ချွန်းမင်၏အလုပ်ကိုတာဝန်ယူကာ အသားကိုခုတ်ထစ်ပေးလိုက်သည်။ တို့ဟူးပြုလုပ်ရာတွင် အရေးကြီးဆုံးမှာ ပဲနို့ကိုပျစ်ခဲအောင်လုပ်ခြင်းဖြစ်၏။ ထန်ချွန်းမင်က တခြားသူများပြုလုပ်တာကို မြည်းစမ်းဖူးသော်လည်း ကိုယ်တိုင် မစမ်းကြည့်ဖူးပေ။ သူ့အရင်ဘဝက နှစ်သစ်ကူးရောက်သည့်အခါ ရွာသားတွေက ဧည့်သည့်များကို ကျွေးရန် အိမ်မှာတို့ဟူးပြုလုပ်လေ့ရှိသည်။

တို့ဟူးက သမားတော်ဟဲ၏လက်ထဲတွင် တဖြည်းဖြည်းပုံဖော်လာသည်။ အရသာရှိသော ပဲနို့ကို မြည်းစမ်းပြီးနောက် သူတို့က နူးနူးအိအိတို့ဖူးလေးကို စားလို့ရပြီဖြစ်၏။ သမားတော်ဟဲက တွဲစားရန် ငံ​ပြည်ရည်ကို ကိုယ်တိုင်လုပ်ခဲ့သည်။ သူအရင်ဆုံးမြည်းကြည့်လိုက်တော့ တို့ဟူးက ​မြောက်ဘက်မှလုပ်ခဲ့တာထက် အရသာပိုရှိလေသည်။ ယင်းက ပဲနှင့်ရေကြောင့်ဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။ သူက ပုံမှန်အားဖြင့် လက်ဖက်ရည်ဖျော်ရန် တွင်းရေသုံးပြီး လက်ဖက်ရည်ချစ်သူတစ်ယောက်အဖြစ် အိမ်ရှိတွင်းရေ၏ အရသာကွာခြားမှုကို သူသိခဲ့သည်။

အားလင်းအရွယ်ကလေးများက ချိုသောအစားအစာကို နှစ်သက်သည်။ ထို့ကြောင့် ထန်ချွန်းမင်​က တို့ဟူးထဲမှာ ယိုထည့်ကာမွှေပေးလိုက်သည်။ အားလင်းက သူ့ပန်းကန်ကိုကိုင်ပြီး လုံးဝမချပေ။ ယခုလေးတင်နိုးလာသော အားစန်းလေးက အခန်းတွင်းရှိ စားကောင်းသောက်ကောင်းနေသော လူတွေကိုကြည့်ကာ ဒေါသတကြီး လက်ဝေ့ယမ်းလိုက်သည်။ ကလေးတစ်ယောက်အနေဖြင့် ၎င်းကအနိုင့်ကျင့်ခံလိုက်ရသည်ဟု သူခံစားရသည်။


လက်ကျန်တို့ဟူးများကို တို့ဟူးထပ်လုပ်ရန် အသုံးပြုခဲ့သည်။ နူးနူးအိအိ တို့ဖူးစားချင်သူများရှိလျှင်တော့ ပျော်ပျော်ကြီးထပ်လုပ်ပေးမည်ဟု သမားတော်ဟဲကပြောခဲ့သည်။