Chapter 45.4
သူ့လင်ပါသားက ယခုလိုပဲ စွမ်းဆောင်နိုင်နေမယ်ဆိုလျှင် ၎င်းကိုမကောင်းသည့်အရာလို့ သူမထင်ပေ။ သူ့လင်ပါသားက ယခုသူနဲ့ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် စိတ်ဝင်စားနေပြီး အနာဂတ်မှာ သူက သူ့သားကို ကူညီပေးနိုင်လိမ့်မည်။ သူ့မှာ ဤသားလေးတစ်ယောက်သာရှိ၍ သူ့သားကိုမျက်နှာသာပေးရန် သူသည် ယခင်ကသဘောမကျခဲ့သော သူ့လင်ပါသား၏အိမ်ကိုလာဖို့ ဆန္ဒရှိသည်။
“မင်းလည်း သတိထားသင့်တယ်။ ဒီလိုဗိုက်ကြီးနဲ့အပြင်ထွက်ရတာ အဆင်မပြေဘူးမလား” ပတ်ဝန်းကျင်တွင် အပြင်လူများရှိတာကြောင့် ဝမ်ယင်က တိုးလျစွာပြောပြီး သူတို့နှစ်ဦး ယခင်က ပဋိပက္ခမရှိခဲ့သလိုပင်။
ထန်ချွန်းမင်က သူ့မိထွေးတွေးနေတာကို ခန့်မှန်းနိုင်၍ အလွန်ဝမ်းသာနေသည်။ သူကပြုံးကာပြောလိုက်သည်။ “ဖေဖေ.ဒီကိုလာတာရှားတယ်လေ။ ပြီးတော့ ကျွန်တော်လှုပ်ရှားရတာမပင်ပန်းပါဘူး။ အားလင်း… လာ သားဘိုးဘိုးနဲ့ ဦးလေးကိုတွေ့လိုက်။”
“ဦးလေး…ဘိုးဘိုး…” အားလင်းက ချိုသာသောအသံဖြင့်အော်လိုက်သည်။
နောက်တော့ လီဖုန်းနဲ့ ထန်ချွန်းရုံးသည်ကား ချစ်နေကြသောလူနှစ်ယောက်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်သည်။ ပြီးနောက် သူတို့က တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ပြီး နှုတ်ခမ်းများက တွန့်ကွေးသွားလေသည်။
သူ့အားမူနဲ့ သူ့အစ်ကို နှစ်ယောက်လုံးက သရုပ်ဆောင်တာတော်မှန်း ထန်ချွန်းမင်သိသည်။ သူ သူ့အားမူကို ကောင်းကောင်းမသိလျှင် သူ့အားမူက သူ့ကိုဆက်ဆံသလို သူ့အစ်ကိုကို ဆက်ဆံနေတယ်လို့ သူထင်ပေလိမ့်မည်။
ခြံထဲဝင်ပြီးနောက် အပြင်ဘက်ရှိ လူများ၏ဆွေးနွေးသံများကို ကြားနေရဆဲဖြစ်၏။ “ကြည့်… ကျန်းရှန့်ရွာက မိထွေးလည်းရောက်နေတယ်။ ဒီတော့ မင်ကောအာမှာ မိဘထောက်ပံ့မှုမရှိဘူးဆိုတာ အမှားပေါ့။”
“ပြီးတော့… ကောင်လေးကလည်း မင်ကောအာနဲ့ ဆက်ဆံရေးကောင်းပြီး မင်ကောအာကို ခဏခဏလာတွေ့လေ့ရှိတယ်။ သူကြီးပြင်းလာပြီး နှစ်အနည်းငယ်ကြာတဲ့အခါ မင်ကောအာနဲ့ သေချာပေါက်ရင်းနှီးလာမှာပဲ။”
“လီဖုန်းကိုယ်တိုင် သူတို့ကိုဖိတ်ထားတာ။ တကယ်ဝမ်းသာစရာပဲ။ ငါလည်း သူတို့နေရာမှာဆို လာမှာပဲ။”
ဝမ်ယင်က ခြံထဲသို့ဝင်ပြီးနောက် အရာအားလုံးကို သေချာကြည့်နေသည်။ အရင်တစ်ခေါက် သူရောက်ခဲ့စဥ်က ဤနေရာတွင် ဘာမှမရှိပေ။ ၎င်းက နွမ်းလျပြီး ငြိမ်သက်နေခဲ့သည်။ လအနည်းငယ်အတွင်းမှာ အများကြီးပြောင်းလဲသွားမယ်လို့ သူမထင်ထားခဲ့ပေ။
ခြံထဲတွင် သီးပင်များစွာပွင့်လန်းနေပြီး ခြံကြီးက ဥယျာဥ်နဲ့ပိုတူနေသည်။ ဝမ်ယင်က သူ့လင်ပါသားကို အားနာမနေပေ။ သူက ထန်ချွန်းမင်ကို အိမ်ထဲဝင်ပြီး တခြားဧည့်သည်များကို ဧည့်ခံရန်ပြောလိုက်သည်။
ထို့နောက် သူက ခြံအသစ်ကြည့်ရန် အားရုံကိုခေါ်သွားခိုင်းခဲ့သည်။ သူ့လင်ပါသားက ဟင်းသီးဟင်းရွက်တွေကို ကောင်းကောင်းစိုက်ပျိုးတယ်လို့ အားရုံထံမှ ကြားဖူးပြီး သူကလည်း အားရုံယူလာသော ဟင်းသီးဟင်းရွက်များကို မကြာခဏစားလေ့ရှိသည်။
ဤတစ်ကြိမ်တော့ သူကိုယ်တိုင်လာကြည့်ခြင်းဖြစ်ပြီး သူ့လင်ပါသား၏စကားက သူ့ကို စိုက်ပျိုးရာမှာပါဝင်စေချင်တယ်လို့ အဓိပ္ပါယ်သက်ရောက်သည်။ ထိုကောင်းသောရည်ရွယ်ချက်ကို သူငြင်းလိုက်လျှင် သူငွေဆုံရှုံးရလိိမ့်မည်။
သူ့မိထွေးက သူ့ကို အပြင်လူလိုမဆက်ဆံတာတွေ့ရတော့ ထန်ချွန်းမင်က အင်မတန်ဝမ်းသာနေသည်။ သူက အားရုံအား သူ့အားမူနှင့် ခြထဲက ကလေးများကို စောင့်ရှောက်ရန်မှာခဲ့သည်။ သူက တာမောင်းနှင့် အာမောင်းတို့ကိုလည်း မှာခဲ့သည်။ အကြောင်းမှာ အားလင်းက သခင်လေးဖြစ်သော်လည်း ငယ်နေသေးလို့ဖြစ်၏။
ထန်ချွန်းမင်က ထမင်းချက်ကောင်းသူဖြစ်သော်လည်း ယနေ့မှာတော့ ဘယ်သူမှသူ့ကို ချက်ပြုတ်ခွင့်မပြုခဲ့ပေ။ ရှန်းဖူလန်၊ ကျန်းရှို့နှင့် ဝမ်အားမော့က ကူညီပေးရန် မနက်စောစာရောက်လာခဲ့ကြသည်။ ဦးလေးကျောက်ကလည်း သူ့သားနှင့် ရှောင်ကျူး၏အားမူကို လာကူခိုင်းခဲ့သည်။
သို့ဖြစ်၍ ထန်ချွန်းမင်က ယခုအခါ အားလပ်နေပြီး အိပ်မပျော်ပေ။ သူနဲ့စကားပြောနေရသော ကောများက သူ့ကိုမွန်းကျပ်စေပြီး သူတို့ပြောသမျှက ဗိုက်ထဲက ကလေးနဲ့သက်ဆိုင်တာကြောင့် သူက စိတ်ဓာတ်ကျနေသည်။
“ဘာဖြစ်လို့လဲ? ပင်ပန်းနေပြီလား? ဘာလို့အထဲဝင်ပြီးအနားမယူတာလဲ?” လှည်းရပ်ကာ ကျင်းဖုန်းကိုနေရာချပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ကူညီဖို့လာခဲ့၍ သူ့အမူအရာကို သတိထားမိခဲ့သည်။
“အဆင်ပြေပါတယ်…ခေါင်းကိုက်နေရုံပါ။ ဒီနေ့အလုပ်မြန်မြန်ပြီးစေချင်တာ။” ထန်ချွန်းမင်က လက်ခါယမ်းပြလိုက်သည်။
လီဖုန်း၏မျက်နှာက နက်မှောင်သွားသည်။ အပြင်လူတွေမရှိလျှင် မင်ကောအာအပေါ် ဒေါသပုံချရန် နှာခေါင်းနှင့် ပါးစပ်တစ်ခုခုကိုကိုက်ဖို့ တွေးလောက်သည်။ သို့သော် ယခုချိန်မှာတော့ သူ့စိတ်ထဲမှာပဲ တေးမှတ်ထားနိုင်သည်။ ယနေ့က သူတို့၏နေ့ထူးနေ့မြတ်ဖြစ်၏။ တရားဝင်ဆုံးဖြတ်သည့်နေ့လည်းဖြစ်သည်။ မင်ကာအာ၏မျက်နှာပေါ်မှာ ပျော်ရွင်မှုမရှိပေ။ သူမပျော်ဘူးလို့ဆိုလိုတာလား?
ဤအရာမျိုးနဲ့ကြုံတွေ့လျှင် ခက်ထန်သောလူများပင် ရှုပ်ထွေးသည့်အတွေးများရှိနေလိမ့်မည်။
“ထားလိုက်တော့… ကျွန်တော် မီးဖိုချောင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားက တာရှန်နဲ့တခြားသူတွေကို စကားသွားပြောလိုက်ပါ။” ထန်ချွန်းမင်က လုပ်စရာတစ်ခုရှာဖွေဖို့ ကြိုးစားနေပြီး လီဖုန်း၏နက်မှောင်သောမျက်နှာကို သတိမထားမိချေ။
“ကောင်းပြီ… ဂရုစိုက်ပါ။” သူ့မှာနက်မှောင်သောမျက်နှာရှိသော်လည်း လီဖုန်းက ထိုလူကို မီးဖိုချောင်သို့ပို့ကာ ကျန်းရှို့နှင့် တခြားသူများလက်ထဲ အပ်ပေးလိုက်ဆဲဖြစ်သည်။ သူ၏သတိရှိသောအပြုအမူက မီးဖိုချောင်ရှိလူများကို ရယ်မောစေသည်။ အပြင်လူတွေ ဒီမြင်ကွင်းကိုမြင်သွားရင် လီဖုန်းလိုလူမျိုးက သူ့ကောကို ဂရုမစိုက်ဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ?
ထန်မိသားစုက အလုပ်ရှုပ်နေသော်လည်း ကျောက်မိသားစုက ကျောက်လောင်စန်း စာမေးပွဲအောင်ခဲ့ခြင်း၏ ပျော်ရွှင်မှုကို မခံစားနိုင်တော့ပေ။ ဘိုးဘိုးကျောက်က ခန်းကုတင်ပေါ်မှာလဲလျောင်းနေပြီး သူထထိုင်လိုက်ရုံရှိသေးသည်။ ထန်ချွန်းမင်၏သတင်းများက တစ်ခုပြီးတစ်ခုရောက်လာ၍ သူက စိတ်ဆင်းရဲကာ ပြန်လှဲလိုက်ရသည်။
“ဖေဖေ… သားလည်း ထန်မိသားစုဆီသွားချင်တယ်။ သား အသားစားချင်တယ်။ မြင်းပေါက်လေးလည်းကြည့်ချင်တယ်။ ဖေဖေ… သားကိုခေါ်သွားပေးပါ!” ကျောက်သုန့်က အိမ်မှာ ဆူညံဆူညံလုပ်နေသည်။
သူ၏ပျော်ရွှင်ရသည့် နေ့ရက်များကုန်ဆုံးသွား၍ ရွာကကလေးများက သူနဲ့မကစားချင်တော့ပေ။ သူတို့က ထန်မိသားစုမှ မြင်းပေါက်လေး၏ ဆွဲဆောင်ခံလိုက်ရသည်။ ကျောက်သုန့်က သွားချင်ပေမယ့် ဘယ်သူကမှမခေါ်သွားခဲ့ပေ။ သူက လီဖုန်းကိုကြောက်သည်။ သူက လီဖုန်းလက်ထဲမှာ ခံစားခဲ့ရတာကို မှတ်မိသေးသည်။
တစ်ခုတည်းသောနည်းလမ်းမှာ သူ့အားမူကို ထိုနေရာသို့ခေါ်သွားခိုင်းခြင်းဖြစ်၏။ အရင်တုန်းက သူ အသနားခံတိုင်း သူ့အားမူက သူ့တောင်းဆိုမှုများကို လိုက်လျောပေးလေ့ရှိသည်။ ယနေ့မှာ သူက ကစားဖို့လူသွားရှာပေမယ့် ထိုလူတွေက ထန်မိသားစုအိမ်ကို ရောက်နေခဲ့သည်။
တချို့လူတွေက သူ့ကိုကြွားရန် မုန့်တစ်ထုပ်ယူလာခဲ့သည်။ တစ်ချို့လူတွေက ပြောခဲ့သေးသည်။ “ ကျောက်သုန့်.. မင်အားမော့က ကြောက်ဖို့ကောင်းတဲ့ လီဖုန်းကိုလက်ထပ်ရတော့မယ်။ သူက မင်းရဲ့ဦးလေးမဟုတ်တော့ဘူး။ မင်းက မင်အားမော့တို့အိမ်က ဘာမှစားရတော့မှာမဟုတ်ဘူး။”
ကျောက်သုန့်ကို ခဏတာကြွားပြီးနောက် ကျောက်သုန့်ဒေါသထွက်ပြီး ပါးစပ်လှုပ်လာသောအခါတွင် သူတို့က ရယ်မောကာ ထွက်ပြေးသွားကြသည်။ တကယ်တော့ ကျောက်သုန့်က သူတို့မိသားစုမှာ အသားမကြာခဏစားလေ့ရှိပြီး ဒုတိယဦးလေးက သူတို့မိသားစုကို အသားပေးသလို ဒုတိယဦးလေးအိမ်က ကောင်းတာမှန်သမျှသည် သူတို့ပိုင်ဆိုင်တာဖြစ်ကြောင်း ထိုကလေးများအား ကြွားခဲ့ဖူးသည်။
အရွယ်ရောက်ပြီးသူတိုင်းက ယခုလိုတွေးပြီး ကလေးများကလည်း ထိုနည်းအတိုင်းပင်။
သူ့ဒုတိယဦးလေးဆုံးသွားတော့ ကျောက်သုန့်မှာ ကောင်းမွန်သောဘဝမရှိခဲ့ပေ။ အသားမပါပဲရှင်သန်ရခက်သည်။ သူ့ဒုတိယဦးလေးအိမ်တွင် အပြင်လူများက စားသောက်နိုင်သော်လည်း သူ့မှာတော့ ဘာမှမရှိပေ။
သူက စိတ်မကောင်းဖြစ်သွားသည်။ သူ့အမြင်တွင် သူ့ဦးလေးအိမ်က ဤသရေစာမုန့်များနှင့် မြင်းပေါက်လေးက သူ့အပိုင်ဖြစ်သင့်သည်။ သူ့အားမူနဲ့ ဘိုးဘိုးက အဲ့လိုပြောခဲ့တာမလား?
“ဖေဖေ… ဒုတိယဦးလေးက ဖေဖေ့စကားနားထောင်တယ်မလား? သား အသားစားချင်တယ်။ မုန့်လည်းစားချင်တယ်။ သား မြင်းပေါက်လေးလိုချင်တယ်။ ဖေဖေ.. သားကိုခေါ်သွားပေးပါ။ သားအားလုံးလိုချင်တယ်…ဝူး…ဝူး…..” သူက ကြမ်းပြင်ပေါ်မှာလူးလိမ့်ပြီး သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်က ပိုမိုပိန်ပါးလာခဲ့သည်။
ကျောက်မိန်ကလည်း အပြင်ကလူများ၏ စကားများကိုကြားလိုက်ရပြီး သူ့မျက်လုံးထဲတွင် အားကျမှုနှင့် တောင့်တမှုရှိနေခဲ့သည်။ သူက အားလင်းကို သိပ်အားကျသည်။ အားလင်းရဲ့ဘဝကလည်း အရင်ကသူ့လိုပဲဆိုတော့ အားမကျပဲနေပါ့မလား? သို့သော် သူကတော့ အမှောင်ထဲကပဲ တိတ်တဆိတ်ကြည့်နိုင်သည်။ သူအလုပ်မပြီးလျှင် ထမင်းစားရမှာမဟုတ်ပေ။
“ထတော့ လူယုတ်မာလေး… မင်းမှာသတ္တိရှိရင် သူ့အိမ်မှာ သွားပြဿနာရှာလိုက်။ သူက အခုမင်းရဲ့ဦးလေးမဟုတ်တော့ဘူး။ သူက လီမိသားစုဝင်ဖြစ်နေပြီ။ သူ့အိမ်မှာရှိသမျှက လီမိသားစုအပိုင်ပဲ။ အဲ့ဒါ ငွေမရှာနိုင်တဲ့ မင်းအဖေရဲ့အပြစ်ပဲ။ မင်းအဖေကို သွားရှာစမ်း!” ဝမ်ချွန်းဟွာက စိတ်တိုလွန်းလို့ သူ့သားကိုတောင် ဆူလိုက်မိသည်။
“သားမထချင်ဘူး။ သား ပြဿနာရှာမယ်။ ဖေဖေပြောတော့ ဒုတိယဦးလေးက ဖေဖေ့စကားအမြဲနားထောင်တယ်ဆို.. သားပြဿနာရှာမယ်.. အသားစားချင်တယ်။ မြင်းပေါက်လေးလည်းလိုချင်တယ်။
ကျောက်သုန့်က သူ့ဆန္ဒမပြည့်မချင်း ထရန်မလိုလားပေ။ သူက လူးလှိမ့်ပြီး ကျယ်ကျယ်လောင်လောင်ငိုနေ၏။ ဝမ်ချွန်းဟွာ၏ဆူပူခြင်းနှင့်ထပ်တူညီစွာ အခန်းထဲမှာ လှဲနေသော ဘိုးဘိုးကျောက်ကလည်း လွန်စွာဒေါသထွက်သွားသည်။ သူက ကုတင်ပေါ်မှထကာ အပြင်ကိုအော်လိုက်လေသည်။ “မင်းသေချင်နေတာပဲ ကံဆိုးတဲ့ကောင်.. မင်းက တစ်မနက်လုံး ဆူညံပူညံလုပ်ပြီး ငိုယိုနေတာ။ ငါအခုထိမသေသေးဘူး။ မင်းစိတ်ချမ်းသာအောင် ငါမြန်မြန်သေဖို့ ဆုတောင်းနေတာလား?””
ကျောက်လောင်စန်းက ထွက်သွားပြီး ကျောက်တာနျိုကလည်း ဘယ်နေရာကိုရောက်နေမှန်းမသိပေ။ ဝမ်ချွန်းဟွာကလည်း ဘိုးဘိုးကျောက်လို ဒေါသထွက်နေပေမယ့် သူက သူ့ဒေါသကို မျိုသိပ်လိုက်ရသည်။
သူက သူ့သား၏နားရွက်ကိုဆွဲကာ ထန်ချွန်းမင်၏အိမ်ဘက်သို့ မုန်းတီးစွာကြည့်လိုက်သည်။ သူ့သားထင်နေသလိုပင် သူသည်လည်း ကျောက်တာဟူအိမ်က အရာအားလုံးကို သူ့အပိုင်လို့မှတ်ယူထားပြီး အနည်းဆုံးတော့ သူက ဘိုးဘိုးကျောက်ထံမှ တစ်စိတ်တစ်ပိုင်းရနိုင်လိမ့်မည်။ သို့သော် ငွေရာချီက သူတစ်ဘဝလုံး အသားစားဖို့လုံလောက်ကြောင်း ကြားသည့်အခါ သူက လီစုန့်ကမ်းမိသားစုလိုပင် စိတ်မသက်မသာဖြစ်ခဲ့ရသည်။
“ရွာလူကြီး… ရွာလူကြီး…” အပြင်က အမျိုးသားတစ်ယောက်က အော်ဟစ်လိုက်သည်။ “အပြင်မှာစစ်သားတွေရောက်နေတယ်။ စစ်သားတွေမြင်းစီးပြီး ကျုပ်တို့ဖျင်ရှန်ရွာကို လာနေတယ်!” စစ်သားများ၏ ရုတ်တရက်ရောက်ရှိလာမှုက ရွာသားများကို ထိတ်လန့်စေသည်။ ဤစစ်သားများက ရွာသို့ရောက်လာခြင်းက ကံဆိုးခြင်းဖြစ်၏။
အတိတ်မှာ စစ်သားတွေ ရွာကိုရောက်လာတိုင်း အခွန်အမျိုးမျိုးကောက်လေ့ရှိသည်။ လက်ရှိဧကရာဇ်အာဏာရချိန်မှသာ သူတို့ဘဝ ပိုကောင်းလာခဲ့တာဖြစ်၏။
“စစ်သားတွေ?” ရွာလူကြီးက ပင်မခန်းမ၌ထိုင်ကာ လီဖုန်းနှင့် တခြားသူတွေကို စကားပြောနေသည်။ သူက ထိုစကားကြားတော့ အံ့အားသင့်သွားသည်။ သူက ဂရုတစိုက်တွေးတောလိုက်ပြီး ယာမန်မှာ လတ်တလောဖြစ်ခဲ့သည်များကို ဘာမှမကြားမိမှန်း သတိရသွားသည်။
သူက စိတ်အေးအေးထားပြီး မတ်တပ်ရပ်ကာပြောလိုက်သည်။ “မလန့်ကြနဲ့။ ဖုန်းရှောင်ကျစ်.. ဦးလေးနဲ့အတူ သွားကြည့်မယ်။ နေ့ထူးနေ့မြတ်ကို မဖျက်စီးပစ်နဲ့။”
“ဟုတ်ကဲ့…ဦးလေး စိတ်မပူပါနဲ့.. ဘာမှမဖြစ်ပါဘူး။” လီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ယွိမုက မကြာခင်ရောက်လာမှာဖြစ်၍ ယခုက ရုတ်တရက်ဆန်နေသည်။ ဒီကလေးများလား?
လီဖုန်းက ရွာလူကြီးအပါအဝင် ရွာထဲက တခြားအမျိုးသားများနှင့်အတူ လျှောက်ထွက်သွားခဲ့သည်။ ဘယ်သူမှမမြင်နိုင်ခင် လီဖုန်းလိုခေါင်းဆောင်က ဒီကောင်ယွိမုကို မမှတ်မိတာဖြစ်နိုင်ပါ့မလား? သူတို့က ဒီခရီးမှာ မောက်မာနေကြသေးတယ်ပေါ့… လီဖုန်းက မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။