Chapter 45.3
Viewers 21k

Chapter 45.3




ထန်ချွန်းမင်က ရယ်ရမလား ငိုရမလားမသိပေ။ ယခု ဤလူများက သူ့မိသားစု၏ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများကို စတင်ဂရုစိုက်လာကြသည်။ သို့ပေမယ့် သူကတော့ သူ့ကိုယ်သူ အမျိုးသားတစ်ယောက်လို့သာ တွေးထားသည်။

     



သူ့ကိုရိုက်မှာလား? သူက သည်းခံနေမှာမဟုတ်ပဲ ချက်ချင်းကန်ထုတ်ပစ်လိုက်မည်။ လီဖုန်း၏တိုက်ခိုက်နိုင်စွမ်းက မြင့်မားတာကြောင့် ထန်ချွန်းမင်က သူ့ကိုအနိုင်မရသည့်တိုင် အရှက်ကွဲမခံပေ။ သို့ပေမယ့် သူ့လက်ထဲမှာ ပိုက်ဆံရှိတာကြောင့် တခြားသူတွေ သူ့ကိုအနိုင်ကျင့်မှာကို မစိုးရိမ်ပေ။

 

လီဖုန်းက အလွန်စိတ်အားထက်သန်နေပြီး ဟွမ်စစ်ကုံး၏ကိစ္စကြောင့် အလွန်အကျွံ စိတ်ထိခိုက်ခြင်းမရှိပေ။ မင်ကောအာက သူ့ကို စေ့စပ်ကြောင်းလမ်းစာတစ်စောင်ပေးပြီး ဇာတာခွင်ဖတ်ရန် အောင်သွယ်တော်အား ပို့ဖို့ပြောခဲ့သည်။ ရလဒ်မှာ သူလိုချင်သည့်အတိုင်းဖြစ်၏။ အောင်သွယ်တော်က သူ့ကိုပိုက်ဆံပေးပြီး ချစ်စရာကောင်းသော စကားများကိုပြောခဲ့သည်။ 

   

လီဖုန်းက မျက်နှာပေါ်မှာမပြပဲ ရင်ထဲမှာ ပျော်ရွှင်နေ၏။ သူသည် အောင်သွယ်တော်ပေးခဲ့သည့် ရက်များထဲမှာ နေ့ထူးနေ့မြတ်ရွေးကာ ဤကိစ္စကို သမရိုးကျလုပ်ရန် လူတွေကို ညစာဖိတ်ကျွေးခဲ့သည်။

 



ငါးရက်သာကျန်တော့သည်။ လီဖုန်းက စေ့စပ်ပွဲကတ် လဲလှယ်ပြီးနောက် ဤအိမ်ထောင်ရေး အတည်အကျဖြစ်သွားသည့်အချက်ကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ မင်ကောအာ စိတ်ပြောင်းစေရန် ဖျောင်းဖျလိုသော ထိုလူတွေက ပါးစပ်ပိတ်လိုက်ရပြီး ထန်ချွန်းမင် ကောင်းမွန်သောဘဝမှာ နေထိုင်ရပါစေလို့ မျှော်လင့်ရင်း စိတ်ပြောင်းလိုက်ရသည်။ သူအဆင်ပြေမှ အားလုံးလည်းအဆင်ပြေမည်ဖြစ်၏။

 

ကျန်းရှန့်ရွာမှလူများအပါအဝင် သူ့အသိအားလုံးကို အကြောင်းကြားပြီးနောက် လီဖုန်းက အစီအစဥ်များ စတင်ခဲ့သည်။ သူက လူတချို့နှင့် ရိုးရိုးရှင်းရှင်းစားသောက်ပြီး ပွဲကြီးတစ်ခု မကျင်းပခဲ့သော်လည်း လီဖုန်းက ပွဲကြီးတစ်ခုလိုပင် ပြင်ဆင်ခဲ့သည်။ ရံဖန်ရံခါ သူက ခရိုင်မြို့မှ ကုန်တင်ကားတစ်စီးနှင့် ပစ္စည်းအပြည့်သယ်ဆောင်လာလေ့ရှိသည်။ သူနဲ့တွေ့ဆုံသူများက ရဲရဲတင်းတင်း ဂုဏ်ပြုစကားပြောခဲ့ပြီး လီဖုန်းက စိတ်ကြည်လင်စွာ တုံ့ပြန်လေ့ရှိသည်။

 

လီမိသားစုက တိတ်ဆိတ်နေသည်။ မလိုလားသော လီစုန့်ကမ်းမိသားစုမှလွဲ၍ တခြားမည်သူကမျှ ဝင်ရောက်မစွက်ဖက်ခဲ့ပ။ လီဖုန်းရဲ့ကိစ္စကို ဘယ်သူက ဝင်စွက်ဖက်ရဲမှာလဲ?

 



သူတို့မရောက်ခင် ခရိုင်မြို့ အစိုးရရုံးမှ တစ်ယောက်ယောက်ရောက်လာခဲ့ပြီး ရွာလူကြီးက သူ့ကိုလက်ခံတွေ့ဆုံဖို့ ထွက်လာခဲ့သည်။ ရွာသားများက ယခုချိန်တွင် အစိုးရဘာကြောင့် ရောက်လာသလဲသိချင်နေသည်။ ရလဒ်အနေဖြင့် သူတို့မေးသည့်အခါ ရွာက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဟွမ်စစ်ကုံးနှင့် ကျန်းလန်ဟွာ၏ ယခင်ကိစ္စကို ဖုံးလွှမ်းသွားခဲ့သည်။



 

လီဖုန်းကတောင်ကိုဝယ်တော့မယ်! ပြီးတော့ လွင်တီးခေါင်​တောင်ကုန်း! 

 

သူက လွင်တီးခေါင်တောင်ကုန်းကိုဝယ်ရန် ငွေရာချီသုံးစွဲခဲ့ပြီး မင်ကောအာ၏ အမည်ပေါက်ဖြင့် အဆုံးသတ်သွားခဲ့သည်။

 

ကြမ်းတမ်းတဲ့လီဖုန်းက သူ့ကောလေးကို မချစ်ဖူးလို့ဘယ်သူပြောလဲ? သူ သူ့ကောကိုမချစ်ရင် ရာနဲ့ချီတဲ့ငွေကို ရေထဲပစ်ချပါ့မလား? အကျိုးအမြတ်ကို မမြင်နိုင်ခင်မှာ လီဖုန်းက မင်ကောအာ စိတ်ကျေနပ်စေဖို့ ပိုက်ဆံများကို ရေထဲပစ်ချနေသည်ဟု လူတွေကထင်ခဲ့သည်။

 

တချို့မိသားစုများက အလွန်အမင်းကြေကွဲနေပြီး သွေးထွက်သံယိုဖြစ်သလို ခံစားလိုက်ရသည်။

  

“သူက အသုံးမဝင်တဲ့ လွင်တီးခေါင်​တောင်ကုန်းကိုဝယ်ဖို့ ငွေရာချီဖြုန်းခဲ့တာလား?” လီစုန့်ကမ်းက သတင်းပြောပြသည့် လူကို ထပ်ခါတလဲလဲမေးနေသည်။ သူ့မျက်လုံးကပြူးထွက်ပြီး အသက်ရှူသံ ကမောက်ကမဖြစ်နေသည်မှာ သူ့ရှေ့ကလူက သူ့ရန်သူလိုပင်။

  

“ဟုတ်ပါရဲ့… အစိုးရရောက်လာပြီး မြေပိုင်ဆိုင်မှုစာချုပ်ထုတ်ပေးတော့မယ်။ ဘယ်သူမှမင်းကိုလိမ်လို့မရဘူး။ ကျစ်….ကျစ်.. မင်းရဲ့တူလေး ဒီလောက်ချမ်းသာမယ်လို့ ငါမထင်ထားဘူး။ ငွေရာချီနဲ့ မြေတွေဝယ်ပြီး ချမ်းသာနေတာ။ မင်းတို့နှစ်ယောက် ဖုန်းရှောင်ကျစ်ကို ကောင်းကောင်းဆက်ဆံခဲ့ရင် ဒီငွေတွေက မင်းတို့မိသားစုကို ရောက်လာမှာပဲ။ မင်းအဲ့လိုမထင်ဘူးလား?”

 

ဤလူမှာ ရည်ရွယ်ချက်ဆိုးရှိသည်။ သူက လီစုန့်ကမ်းမိသားစု၏ ရင်ထဲကို ထိုးနှက်ခဲ့သည်။ လီစုန့်ကမ်းမိသားစု စိတ်ဆင်းရဲလေ စကားပြောနေသူက ပျော်ရွှင်လေဖြစ်၏။ ဤသည်မှာ လီစုန့်ကမ်း၏မိသားစုက လီမိသားစု၏မျိုးရိုးနာမည်ကြီးကိုသုံးကာ တခြားမျိုးနွယ်စုများကို ဖိနှိပ်ခဲ့လို့ဖြစ်သည်။

   

သူတို့က လီမိသားစုနဲ့ပတ်သက်ပြီး အမြဲကြွားဝါကာ ရွာလူကြီးကလည်း သူ့ဆွေမျိုးဖြစ်သည်။ ဤရွာတွင် သူ့မိသားစုက ပြောခွင့်ဆိုခွင့်ရှိသည်။ တချို့လူတွေက သည်းမခံနိုင်ပေမယ့် ယခုမူ သူတို့လက်စားချေဖို့ အချိန်ရောက်လာခဲ့ပြီ။ ဖုန်းရှောင်ကျစ်က ထိုငွေများကို သူ့ဦးလေးဖြစ်သူအား ပေးမည့်အစား ရေထဲပစ်ချခဲ့သည်။ ၎င်းက လူတွေကို ဝမ်းသာစေသည်။

 

စုန့်ကမ်း၏ဇနီး အိမ်ပြန်ရောက်စဥ် အသက်ရှူကြပ်ကာ လဲကျသွားလေသည်။ သူ့ရင်ဘတ်က နာကျင်နေသည်။ သူ့ခင်ပွန်းပြန်လာ​တော့ သူတို့ရန်ဖြစ်ခဲ့ပြီး တစ်​ယောက်နဲ့တစ်ယောက် ထိုသို့မပြုမူရန် စွပ်စွဲခဲ့သည်။ သူတို့ထဲက တစ်ယောက်သာ သဘောမတူခဲ့ရင် လီဖုန်းက ထွက်သွားခဲ့ရပါ့မလား? ဒီလိုဆို သူပြန်လာရင် မုန်းတီးနေပါ့မလား?

 



လီဖုန်း၏နာမည်ဆိုးကြောင့် လီဖုန်း၏ကိစ္စများကို မျက်ကွယ်ပြုထားသော လီမိသားစုဝင်များက ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ကမ်းမိသားစု၏လှုံ့ဆော်မှုကြောင့် သူတို့က ဝင်စွက်ဖက်ချင်ခဲ့ပေမယ့် လီဖုန်း၏အပြုအမူကို တွေ့လိုက်ရစဥ် သူတို့ လက်လျှော့ခဲ့ရသည်။ သို့သော် ယခုမူ လူကြီးများ၏အကြံဉာဏ်မပါပဲ ဤလူငယ်များလုပ်ခဲ့သောအရာက ဒေါသထွက်စရာဖြစ်၏။

 

သူတို့က လီဖုန်းထံသို့မသွားပဲ ရွာလူကြီးဆီပြေးသွားခဲ့သည်။ အကြောင်းမှာ လီဖုန်းက ရွာလူကြီးနဲ့ ရယ်ရယ်မောမော စကားပြောခဲ့ပြီး ရွာလူကြီးက ဤကြမ်းတမ်းသောလူအား မကြောက်တာကို သူတို့မြင်တွေ့ခဲ့ရလို့ဖြစ်သည်။ ရွာလူကြီးက ဤလူများ၏ရည်ရွယ်ချက်ကို ရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့။ “ဖုန်းရှောင်ကျစ် ဒီငွေ​ကို သူ့အသက်နဲ့ရင်းပြီး ရှာခဲ့တာ။ သူဘယ်လိုသုံးချင်လဲဆိုတာ သူ့ကိစ္စ၊ တခြားသူတွေ ဝင်စွက်ဖက်ချင်ရင် ကိုယ်တိုင်လုပ်။ ငါဝင်ပါပြီး လူမုန်းမခံဘူး။” 

     

သူတို့က အရှက်ကွဲပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားခဲ့ရသည်။

 

ထိုအချိန်တွင် ထန်ချွန်းမင်က စာချုပ်ကိုကြည့်ကာ ဝမ်းသာအားရပြုံးလိုက်သည်။ ဤမြေရာချီက သူ့အပိုင်ဖြစ်၏။ ဒီကလူတွေက သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဘယ်လိုနားလည်နိုင်မှာလဲ?

    



ကမ္ဘာပေါ်ကအခြေအနေကို တွေးကြည့်လိုက်တော့ မြေယာအားလုံးက နိုင်ငံပိုင်ဖြစ်ပြီး ပုဂ္ဂလိကပိုင်များက နှစ်အနည်းငယ်စာချုပ်ချုပ်နိုင်သော်လည်း ဤနေရာတွင်မူ ဤ​မြေများက ကိုယ်ပိုင်ပိုင်ဆိုင်မှုလို့ မှတ်ယူနိုင်သည်။ ရုတ်တရက် သူသည် ဒေသခံသူဌေးတစ်ဦးကဲ့သို့ ရက်ရောမှုကို ခံစားလိုက်ရသည်။

 

“ကောင်းကောင်းသိမ်းထား… နောင်မှာမင်းဝယ်မယ့်မြေတွေနဲ့ ပစ္စည်းတွေအားလုံးကို မင်းနာမည်နဲ့ပဲထားမယ်။” မင်ကောအာ၏ စစ်မှန်​သောပျော်ရွှင်မှုနှင့် အပြုံးကို မြင်လိုက်ရသောအခါ လီဖုန်းက အလွန်ကျေန​ပ်သွားခဲ့သည်။

    

သူက မတွေးပဲပြောလိုက်ပေမယ့် နောင်တရမှာမဟုတ်ပေ။ ထိုအစား ၎င်းက သဘာဝကျသည်။ သူက ​ပြင်ပရေးရာကိစ္စများကို တာဝန်ခံပြီး မင်​ကောအာက အတွင်းကိစ္စများကို တာဝန်ယူလိမ့်မယ်။

  

“စိိတ်မပူပါနဲ့။ ကျွန်တော်နှစ်ဆရအောင်လုပ်ပေးမယ်။” ထန်ချွန်းမင်က ယုံကြည်မှုရှိရှိပြောလိုက်သည်။

   

သူက လီဖုန်း၏ပစ္စည်းများကို အလဟဿဖြစ်အောင်မလုပ်ပေ။ ဤအရာများက သူ့လက်ထဲတွင် သေချာပေါက် ကြီးပွားလာလိမ့်မည်။ မဟုတ်ပါက သူ အလွန်အရှက်ရသွားပေမည်။..

  



“ကောင်းပြီ… ကိုယ်စောင့်ပါမယ်။” လီဖုန်း၏မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေပြီး သူက ကြမ်းတမ်းခက်ထန်သည့်လူနှင့် လုံးဝမတူပေ။ “ယွိမုက နှစ်ရက်နေရင်ရောက်လာလိမ့်မယ် ဒါပေမယ့်စိတ်မပူပါနဲ့။ သူ ကိုယ့်နေရာမှာနေလိမ့်မယ်။”





.



ရက်သတ်မှတ်ပြီးနောက် သူက စာတစ်စောင်ပို့ခဲ့သည်။ ယွိမုက သတင်းရတာနဲ့ ချက်ချင်းရောက်လာပြီး ယွိမုကို သူ့ကိစ္စတွေလုပ်ခိုင်းရမည်။ ဟွမ်မိသားစုအား ရွာပြင်မှနှင်ထုတ်ရုံဖြင့် သူကျေနပ်မည်မဟုတ်ပေ။





“သိပါပြီ။” ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်ပြီး သူ့စိတ်က ​မြေရှင်ကြီးဖြစ်လာပြီး ငွေပိုရှာနိုင်မည့် အလားအလာကို အာရုံစိုက်နေခဲ့သည်။ သူ့အမူအရာက လီဖုန်းကို ပိုပျော်ရွှင်စေခဲ့ပြီး သူ့မျက်လုံးက ယွိမုအကြောင်းပြောတိုင်း တောက်ပနေခဲ့သည်။



 

စာကိုရရှိပြီး​နောက် ဖျင်ရှန်ရွာကို အပြေးအလွှားလာနေသော ယွိမုက မြင်းပေါ်တွင် ရုတ်တရက်ဆိုသလို ကျယ်ကျယ်လောင်လောင် နှာချေလိုက်လေသည်။ သူ့အဖော်တချို့က ရယ်လိုက်ကြသည်။ ဗိုလ်ချုပ်ယွိမုဖျားနေသလား? သူ ဝိုင်သောက်သင့်သေးလား? 





ယွိမုက ချက်ချင်းကျောကိုမတ်ကာ အော်လိုက်​လေသည်။ “အဓိပ္ပါယ်မရှိတာ… ငါ သူဌေးရဲ့ဝိုင်ကို သောက်လို့မရဘူးလား? ပြီးတော့ ငါ မင်ကောအာ ချက်တာကို မစားရတာကြာပြီ။ ဒီတစ်ခါအဝစားရမယ်။”

  



“အစ်ကိုယွိ.. မင်ကောအာက ဘယ်သူလဲ? သူက သူဌေးပြန်လာတာနဲ့ သူဌေးရဲ့နှလုံးသားကို သိမ်းသွားတာလား? ဒါပေမယ့် သူဌေးက… . အဲ့ဒီကောကိုတောင် ကြိုက်ခဲ့တာမဟုတ်ဘူးမလား” တခြားသူများက သိချင်နေပြီး သူတို့၏ အနာဂတ်သူဌေးကတော် ဘယ်လိုလူစားမျိုးလဲသိရဖို့ ပျံသွားချင်မိသည်။

  

“ဟားဟား…. မင်းအဲ့ဒီကိုရောက်ရင်သိလိမ့်မယ်။ ဒါပေမယ့် မင်းကိုပြောပြပါရစေ မင်း မင်ကောအာကို လန့်အောင်လုပ်ရင် သူဌေးက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။ ​ပြီး​တော့ ငါ့ကိုလည်း ဆွဲမထည့်နဲ့… သွားတော့!” မြင်းက လမ်းပေါ်တွင် အလွန်လျင်မြန်စွာပြေးလွှားနေပြီး လူတစ်စုက အမြန်ဆုံးဖြတ်ကျော်သွားကြသည်။

 

ထိုနေ့သည် ကောင်းသောနေ့မြတ်ဖြစ်ပြီး အပြင်တွင် နေရောင်ကတောက်ပနေပြီး ထန်မိသားစုက အတွင်းရောအပြင်မှာပါ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။

 

အားလင်းလေးက သူ့ဧည့်သည်လေးများကို ဧည့်ခံဖို့ လှည့်ပတ်ပြေးနေ၏။ အားလင်းက အိမ်ရှင်ဖြစ်၍ ကလေးများကို ကောင်းကောင်းဆက်ဆံသင့်သည်ဟု သူ့အားမူကပြောထားသည်။ လအနည်းငယ်ကြာပြီးနောက် သူ့မှာ အရင်ကလို ရှက်ကြောက်စိတ်မရှိတော့ပဲ သူ့မျက်နှာပေါ်တွင် ပြိုးပြိုးပြက်ပြက်နိုင်သော အပြုံးများရှိနေခဲ့သည်။

  

“အားလင်း… မင်းရဲ့ဘိုးဘိုးနဲ့​ဦးလေးရောက်လာတယ်။ ဦးလေးဖုန်းက သူတို့ကို ဒီခေါ်လာနေတယ်။” အာမောင်းက အပြင်ဘက်မှပြေးဝင်လာ​ကာ အော်လိုက်လေသည်။

 



အားလင်းက ချက်ချင်းဆိုသလိုပင် ခွေးခြေခုံမှလျှောဆင်း​ကာ တခြားကလေးများကို မနှုတ်ဆက်တော့ပဲ ပြေးထွက်သွားခဲ့သည်။ တစ်ရွာတည်းမှ လာကစားကြသော ကလေးများမှာ သူ့ကိုအားကျစွာ လိုက်ကြည့်နေသည်။

   



သူတို့လက်ထဲမှာ သရေစာတစ်ထုပ်စီရှိသော်လည်း ၎င်းက သူတို့မုန့်တွေမဟုတ်ပဲ အားလင်းပေးခဲ့တာဖြစ်၏။

 

ရှောင်သိုက်က နောက်ကလိုက်သွားခဲ့သည်။ ရှောင်ဟွာ၊ရှောင်ဟေးနှင့် ဘဲဖြူကြီးနှစ်ကောင်တို့က ခြံသစ်တွင်နေထိုင်ကြသည်။ ရှောင်ဟွာက ယခုချိန်တွင် ပိုကြမ်းတမ်းနေ၍ အိမ်မှာလူအများကြီးရှိတာကြောင့် ယနေ့မှာ သူတို့ကို အပြင်ထွက်ခွင့်မပြုထားပေ။ 

 

လှည်းက တံခါးနားမှာရပ်သွားသည်။ ထန်ချွန်းရုံက သူ့အားမူကို အပြုံးတစ်ပွင့်ဖြင့် အောက်ဆင်းရန် ကူညီပေးခဲ့သည်။ ဝမ်ယင်မှာလည်း တင်းမာသော မျက်နှာထားမရှိသလောက်ပင်။ သူက အဝတ်အစားသစ်လဲထားပြီး ပွဲတက်လာပုံပေါ်သည်။

 

ထုံစံအတိုင်း တစ်စုံတစ်ယောက်က ထန်ချွန်းမင်အား သူ့မိထွေးရောက်လာ​ကြောင်း လာပြောခဲ့သည်။ သူက သူ့ကိုထွက်နှုတ်ဆက်ရမည်။ ကိုယ်ဝန်ရှိနေသော ထန်ချွန်းမင်က တံခါးနားရောက်တော့ လီဖုန်းကို အရင်ပြုံးပြလိုက်ပြီးမှ သူ့မိထွေးနှင့် ညီလေးကို လှည့်ပြောလိုက်သည်။ “ဖေဖေ…. အားရုံ…. ရောက်ပြီလား… အထဲမြန်မြန်ဝင်ခဲ့”

 

ဝမ်ယင်က သူ့အဝတ်အစားများကို ဖုန်ခါလိုက်ပြီး သူ့လင်ပါသားကို မော့ကြည့်လိုက်သည်။ သူ အများကြီးပြောင်းလဲသွားသည်။ အင်မတန်အင်အားကြီးတယ်လို့ ​အပြင်လူတွေပြောနေကြသည့် လူကို သူတွေ့လိုက်ရသည်။

    



သူ လင်ပါသားကို လေးစားသင့်သည်ဟု ဝမ်ယင်ခံစားလိုက်ရသည်။ သူ ငွေရာချီတန်သော လွင်တီးခေါင်းတောင်ကုန်းကိုဝယ်ခဲ့ကြောင်း မြို့နှင့်ရွာကလူတိုင်းသိကြသည်။ အပြင်မှာ ကောလာဟလမျိုးစုံရှိပေမယ့် ဝမ်ယင်က သူ့လင်ပါယား ထူးခြားတာတစ်ခုခုလုပ်ပြနိုင်ဖို့ မျှော်လင့်သည်။