Chapter 41.1
Viewers 21k

Chapter 41.1



“စည်းမျဥ်း”

 

တာရှန်က စျေးနှုန်းအမှန်ကို လိုအပ်လို့မေးခဲ့တာမဟုတ်ပဲ အမှုမဲ့အမှတ်မဲ့​မေးကာ လီဖုန်း၏အပြုအမူကနေ တစ်ခုခုကို ခန့်မှန်းမိခဲ့သည်။

 



လီဖုန်းက တာရှန်၏မိသားစုကို အရူးလုပ်ခဲ့ပေမယ့် ရွာလူကြီးကတော့ လီဖုန်းနဲ့အတူ မြင်းပုလေးသွားဝယ်ခဲ့တာဖြစ်၍ အမှန်တရားကိိိုသိပြီး နောက်ဆုံးညှိုနှိုင်းခဲ့သော စျေးက သူ့ကိုထိတ်လန့်စေခဲ့သည်။ သူက လီဖုန်းငွေအမြန်ထုတ်နေတာကိုမြင်၍ မတားဆီးနိုင်ခဲ့ပေ။

 

အိမ်ပြန်ရောက်၍ ရွာသားများ လူစုခွဲသွားပြီး​နောက် သူက သူ့ဇနီးကိို​​ပြောလိုက်သည်။ “ဖုန်းရှောင်ကျစ်က အပြင်မှာ​ တကယ်ချမ်းသာတယ်လို့ မထင်ထားခဲ့ဘူး။ လီစုန့်ကမ်းရဲ့မိသားစုက အမြင်ကျဥ်းတာပဲ။ သူတို့ ဖုန်းရှောင်ကျစ်ကို လွန်လွန်ကဲကဲမလုပ်ခဲ့ရင် လီဖုန်းက သူ့ဦးလေးမိသားစုကို ဆိုးဆိုးရွားရွားဆက်ဆံပါ့မလား? သူတို့က ခုချိန်ထိ ပြဿနာအရင်းအမြစ်ကို အဖြေမရှာပဲ ဖုန်းရှောင်ကျစ်ဆီက ငွေရဖို့တွေးနေတုန်းပဲ။”

 

ထိုစကားကြားတော့ ရှန်းဖူလန်က “လူကောင်းလေး”လို့အော်ကာ သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။ ဖုန်းရှောင်ကျစ်က မျက်တောင်တစ်ချက်တောင်မခတ်ပဲ မြင်းပေါက်တစ်ကောင်ဝယ်ဖို့ ငွေပြားဒါဇင်လောက်သုံးခဲ့သည်။

 

တစ်ဖက်တွင် ဖုန်းရှောင်ကျစ်က အားလင်းကို တုန်နေအောင်ချစ်ပြီး နောက်တစ်ဖကိမှာတော့ သူက ချမ်းသာ၍ ငွေဒါဇင်လောက်ကို ဂရုမစိုက်ကြောင်းပြနေသည်။ တချို့မိသားစုများက ရွာထဲ၌ ချမ်းသာသောမိသားစုလို့ သတ်မှတ်ခံရပေမယ့် ဘယ်သူကမှ ဖုန်းရှောင်ကျစ်လောက်မချမ်းသာပေ။

  

“အဲ့ဒီကလေးက လွင်တီးခေါင်တောင်ကုန်းကို ငွေငါးရာနဲ့ဝယ်ပြီး မင်ကောအာရဲ့နာမည်အောက်မှာ မှတ်ပုံတင်လိုက်သေးတယ်။”





“ငါသူ့ကိုအကြံပေးခဲ့ပေမယ့် ဒီခေါင်းမာတဲ့ကလေးက စိတ်မပြောင်းသွားဘူး။ ငွေငါးရာနဲ့ ဘာတွေလုပ်နိုင်လဲ? သူက သူ့အပိုင်မဟုတ်တဲ့ လွင်တီးခေါင်တောင်ကုန်းအတွက် သုံးခဲ့တယ်။ တကယ်လို့ မင်ကောအာက….”





ရွာလူကြီးက သူစိတ်ပူတာလုံလောက်ပြီလို့ တွေးလိုက်သည်။ နောက်ကျနေပြီဖြစ်၍ သူက ခန်းကုတင်ပေါ်မှာလူးလှိမ့်ကာ အိပ်မပျော်နိုင်ဖြစ်နေ၏။

  

“ဘာ!” ရှန်းဖူလန်က လီဖုန်းငွေငါးရာသုံးခဲ့တယ်ကြားတော့ ထိတ်လန့်သွားပေမယ့် နောက်ဆက်တွဲကို မကြားချင်ပေ။ သူက စောင်ကိုမကာ ရုတ်တရက်ထထိုင်လိုက်၏။ “ခင်ဗျား မင်ကောအာကို သဘောမကျလို့ လီဖုန်းအတွက် လူပျိုကောတစ်ယောက်ကိုရှာချင်တာ ကျွန်တော်သိပေမယ့် သူတို့ ဘယ်လိုလူစားမျိုးလဲ ခင်ဗျားတွေ့ဖူးလို့လား?။ အရင်က ဖုန်းရှောင်ကျစ်ရုပ်ဆိုးလို့ သူရဲ့ကြမ်းတမ်းတဲ့ပုံစံကို မကြိုက်ဘူးလို့ တွေးခဲ့ပေမယ့် အခုသူ ချမ်းသာတာကိုတွေ့တော့ ချက်ချင်းသဘောကျသွားပြီလား… ဒီလူတွေက ဖုန်းရှောင်ကျစ်ကို ချမ်းသာလို့ သဘောကျတာလား လူတစ်ယောက်အဖြစ် သဘောကျတာလား? ဒီလိုလူတွေနဲ့ အတူနေထိုင်ဖို့ သင့်တော်ပါ့မလား?”

  

“ဟုတ်ပါပြီ…ဟုတ်ပါပြီ…” ရွာလူကြီးက အမြန်အရှုံးပေးလိုက်သည်။ သူက မင်ကောအာနဲ့ပတ်သက်ပြီး မပြောသင့်ပါ။ သူ့ဇနီးက မင်ကောအာကို အမြဲဘက်လိုက်သည်။ “ဒီအတိုင်းပြောလိုက်တာပါ။ ပြီးတော့ ဖုန်းရှောင်ကျစ်က ခေါင်းမာလို့ စိတ်ပြောင်းမှာမဟုတ်ဘူး။ သူဒုက္ခရောက်မှာ ငါမ​စိုးရိမ်ရဘူးလား?”

   

ရှန်းဖူလန်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ညသန်းခေါင်မှာ သူများအတွက်စိတ်ပူနေပြီး အိပ်မပျော်နိုင်တာဘာလို့လဲ?

 



“ခင်ဗျားတခြားတစ်​ယောက်ရှာပေးလို့ ဖုန်းရှောင်ကျစ်ဒုက္ခရောက်မှာ စိတ်မပူဘူးလား… မင်​ကောအာက ဖုန်းရှောင်ကျစ်ရဲ့ရုပ်ကို အစတည်းက သဘောမကျမဖြစ်ခဲ့ဘူး။”

 

ရွာလူကြီးက သက်ပြင်းချသည်။ သူ့စိတ်ထဲမှာ ကွဲလွဲမှုတချို့ရှိနေသည်။ သူ့ဇနီးပြောသလိုပဲ သူ ကောတစ်​ယောက်ရှာပေးရင် အဲ့ဒီကောက ဘဝကောင်းမှာနေမယ့်အစား ငွေကိုပဲဂရုစိုက်နေမလား?

 

သူတို့သဟဇာတမဖြစ်လျှင် သူ့အပြစ်ဖြစ်လာမလား? ပြီး​တော့ ဖုန်းရှောင်ကျစ်က အတွေးအခေါ်ရှိသူဖြစ်လို့ သူ့ကို လွမ်းမိုးနိုင်မှာ​တော့မဟုတ်ပေ။

 

ရှန်းဖူလန်က ထပ်မံလဲလျောင်းလိုက်ပြီး သူ့​နောက်ကျောကလူကိုပြောလိုက်သည်။ “အိပ်တော့… ခင်ဗျားတစ်ညလုံး လူးလှိမ့်နေတော့ ပင်ပန်းနေမှာပေါ့။ မနက်ဖြန် မျိုးနွယ်စုကလူတွေနဲ့ ကျောက်မိသားစုက လာနှောင့်ယှက်ဦးမှာ။”



“ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာကိုတော့ ကျွန်တော်ယုံတယ်။ ခင်ဗျားမြင်မှာပါ။ သူတို့အနာဂတ်ဘဝက တခြားမိသားစုတွေထက် ပိုကောင်းလာလိမ့်မယ်။”

  

ဟင်း… မင်ကောအာက ကျန်းရှို့နှင့် အားမော့ကို ငွေရအောင်ကူညီပေးခဲ့တာ သူသတိထားမိသည်။ ထိုသဘောထားကြီးသော ကောလေးတစ်ယောက်က တစ်ယောက်တည်း အကျိုးအမြတ်ကို ခံစားရမယ့်အစား တခြားသူတွေကိုပါ ဂရုစိုက်ပေးခြင်းသည် အမျိုးသားများစွာထက် ပိုကောင်းလေသည်။

 

ရွာလူကြီးက တစ်ဖက်လှည့်ကာ နံရံကိုမျက်နှာမူထားသည်။ သူ့ဇနီး၏စိတ်ရှည်သည်းခံမှုက ပိုဆိုးလာ၏။ သူက အပြင်မှာ ဖုန်းရှောင်ကျစ် ဘယ်လောက်ရာထူးမြင့်လဲ ပြောပြချင်နေသည်။

   

သူ့ကြည့်ရတာ ရာထူးဖြုတ်ခံရလို့ ယခုအိမ်ပြန်ရောက်နေတယ်လို့ ထင်ရသော်လည်း တကယ်က ထိုသို့မဟုတ်ပေ။ လီမိသားစုတစ်ခုလုံးနှင့် ဖျင်ရှန်ရွာက အနာဂတ်မှာ ဖုန်းရှောင်ကျစ်အပေါ် မှီခိုရနိုင်သည်။ ကျောက်မိသားစုမှ ကျောက်လောင်စန်းကိုတော့ ရွာလူ​ကြီးက စဥ်းစားရင်း ခေါင်းခါလိုက်လေသည်။

   



သူက ယခုထိမအောင်မြင်သေးပဲ ထိုအရာမျိုးလုပ်ခဲ့သည်။ သူ အနာဂတ်မှာ ချမ်းသာလာလျှင် ဖျင်ရှန်ရွာက လူတွေကိုပါ သူနဲ့တူတူ သာယာဝပြောလာအောင် လုပ်ပေးမယ်ဆိုသော စကားက အဓိပ္ပါယ်မဲ့သော အတွေးတစ်ခုသာဖြစ်၏။

 

ပညာရှင်စာမေးပွဲမအောင်ခင်က ရွာသူကြီးသည် သူ့ကို မလေးစားခဲ့ပေ။ အနာဂတ်မှာ ဘာကိုမျှော်လင့်နိုင်မှာလဲ? သူ့သားနှစ်ယောက် စာမေးပွဲအောင်ဖို့ မျှော်လင့်တာက ပိုကောင်းဦးမည်။ 

 

တစ်ညလုံးလူးလှိမ့်ပြီးနောက် သူ အိပ်ပျော်သွားခဲ့သည်။ သူ့အိပ်မက်ထဲတွင် ချပ်ဝတ်တန်ဆာဝတ်ထားပြီး မြင်းစီးကာ လူရိုင်းများကိိုသတ်နေသည့် ဖုန်းရှောင်ကျစ်ကို မြင်လိုက်ရသည်။ ထို့နောက် သူက သူ့သားနှစ်ယောက်လုံးစာမေးပွဲအောင်တာကို မြင်လိုက်ရပြီး သူနဲ့သူ့ဇနီးက ခြံထဲမှာ ဧည့်ခံနေသည်။ တစ်ရွာလုံးက လူတွေက သူ့တို့ကိုဂုဏ်ပြုဖို့ လာခဲ့ကြသည်။

 



ကလေးသုံးယောက်က ဦးလေးဖုန်းအနားတွင် စကားပြောနေပြီး ထန်ချွန်းမင်ကို ခေါင်းကိုက်စေသည်။ သူ အေးအေးဆေးဆေး တစ်ရေးမအိပ်နိုင်ခင်မှာ သူက လီဖုန်းအပါအဝင် သူတို့အားလုံးကို မောင်းထုတ်ခဲ့သည်။

 

နိုးလာပြီးနောက် သူ့မှာ မအီမသာမျက်နှာရှိနေ၏။ အားလင်းက သူ့အားမူအနားသွားဖို့ပင် အတန်ငယ်ကြောက်နေသည်။ သူ့အားမူက စိတ်ဆိုးနေသည်။ ထန်ချွန်းမင်က ကလေးသုံးယောက်၏ မဝံ့မရဲမျက်နှာကိုတွေ့တော့ ပြုံးလိုက်လေသည်။ 

   

သူက အိပ်ရာထလာလို့ စိတ်မကြည်ခြင်းဖြစ်သည်။ လီဖုန်းက သူ လန်းဆန်းသွားစေရန် သိုးနို့တစ်ခွက်ယူလာပေးမှသာ သူက ကလေးသုံးယောက်အား ခန်းကုတင်ကိုပုတ်ပြကာ ပြောလိုက်၏။ “လာထိုင်ကြ.. ငါမင်းတို့ကို စည်းမျဥ်းတချို့ ချမှတ်ပေးမယ်။”



 သူ့အားမူပြုံးနေတာကိုတွေ့တော့ အားလင်းက မတ်တပ်ထကာ သူ့အားမူကိုဖက်လိုက်သည်။ “ဖေဖေ… စည်းကမ်းတွေကဘာတွေလဲ?” သူက မျက်လုံးကို စိတ်ဝင်တစားခတ်လိုက်သည်။

 

လီဖုန်းက မျက်ခုံးပင့်ကာ မင်ကောအာကိုကြည့်လိုက်သည်။ တကယ်တော့ ယင်းမှာ သူရွေးချယ်ထားသော ကောဖြစ်၏။ ကလေးများကို အလိုလိုက်ခြင်းက စည်းကမ်းမရှိလို့မရပေ။

    

မူလက သူသည် ဤအကြောင်းကိုပြောဆိုရန် မြင်းပေါက်လေးကိစ္စကို အသုံးချလိုသော်လည်း မင်ကောအာက သူ့ထက်ဦးသွားခဲ့သည်။

  

“အရင်က တာမောင်းနဲ့အာမောင်းကိုပေးခဲ့တဲ့ အိမ်စာလိုပဲ။ သူတို့နေ့တိုင်း လက်ရေးလှရေးရမယ်။ ရေးလို့မပြီးရင် သူတို့ကိုအပြစ်ပေးမယ်။ သူတို့ကို အပြင်ထွက်ကစားခွင့်မပေးဘူး ဒါမှမဟုတ် နောက်နေ့မှာ စာလုံးရေဆယ်ဆလောက်ရေးရမယ်။ အရင်တုန်းက အားလင်းလည်း စည်းကမ်းမလိုက်နာပေမယ့် အခုအားလင်းက တာမောင်း၊အာမောင်းတို့နဲ့ တူတူဖြစ်သွားပြီ… နားလည်လား?”

 

တာမောင်းက အဆင်ပြေပေမယ့် အာမောင်းက ငယ်သေးသလို အိမ်စာများသည့်အခါ ပျင်းရိချင်တာကြောင့် သူက မင်အားမော့၏ အပြစ်ပေးခံခဲ့ရပြီး သူ ထိုအရာကို သေချာမှတ်မိသေးသည်။

  

ထို့ကြောင့် ယခုအာမောင်း၏အမြင်အရ မင်အားမော့က မိသားစုထဲမှာ သဘောအကောင်းဆုံးဖြစ်သော်လည်း တကယ်တော့ သူက ဦးလေးဖုန်းထက်​ပင် အင်အားကြီးသည်။ ထိုအချိန်က သူအမှားလုပ်ခဲ့စဥ် သူ့လက်တွေက စာရေးရလွန်းလို့ နာကျင်လာသော်လည်း မင်အားမော့က သူ့ကို အလွတ်မပေးခဲ့ပေ။

 



ထို့​ကြောင့် သူ ယခု မင်အားမော့ပြောသောစကားကို ကြားလိုက်ရသောအခါတွင် သူ့ဦးရေပြားက တင်းမာလာပြီး မတ်မတ်ထိုင်ကာ မျက်လုံးတဖျပ်ဖျပ်ခတ်ရင်း မင်အားမော့ အရမ်းမတင်းကျပ်ဖို့ မျှော်လင့်နေသည်။

  

“အို ..သားနားလည်ပြီ. အဲ့ဒါက အစ်ကိုအာမောင်းလိုပဲ” အားလင်းက လက်ခုပ်တီးကာပြောလို​က်၏။ သူက အာမောင်းအပြစ်ပေးခံရတာကို မှတ်မိသည်။

  

“ကျွန့်တော့်ကို စာရွက်နဲ့ စုတ်တံယူလာပေးပါ…အားဖုန်း” ထန်ချွန်းမင်က လူတွေကို အမိန့်ပေးရင်း ထိုင်နေသည်။ လီဖုန်းက မလိုက်နာပဲ ဘယ်လိုနေနိုင်မလဲ? မင်ကောအာ ကလေးများအား သင်ပြပေး​နေပုံကိုလည်း သူမြင်ချင်သည်။

 

မှင်ကိုကြိတ်ကာ စာရွက်ကိုဖွင့်ပြီး​နောက် ထန်ချွန်းမင်က လီဖုန်းကိုပြောလိုက်သည်။ “ခင်ဗျားပြော…. ကျွန်တော်ရေးမယ်… မြင်းပေါက်မွေးဖို့ လိုအပ်တဲ့အရာအားလုံးကို တစ်ခုမကျန်ပြောပါ။ ဘယ်အချိန်အစာကျွေးမလဲ..ဘယ်အချိန်ရေတိုက်မလဲ.. ဘယ်အချိန်ရေချိုးပေးမလဲ… ဘယ်အချိန် လမ်းလျှောက်ထွက်ပေးမလဲ… ကျွန်တော်အားလုံးကို စာရင်းပြုစုမယ်။”

“အခုကစပြီး မြင်း​ပေါက်လေးကို မင်းတို့ပြုစုပျိုးထောင်ရမယ်။ စည်းမျဥ်းချိုးဖောက်ရင် မင်းတို့ မြင်းပေါက်​လေးနဲ့ အချိန်တစ်ခုအထိ မကစားရဘူး။ အမှားအများကြီးလုပ်မိရင် မြင်းနဲ့တွေ့ခွင့်မရှိတော့ဘူး။ တစ်ချိန်တည်းမှာ မင်းတို့က ဦးလေးဖုန်းနဲ့ ငါပေးတဲ့ အိမ်စာတွေကို မပျင်းမရိလုပ်ရမယ်။ မပြီးဘူးဆိုရင် မြင်းပေါက်လေးအနားကို ကပ်ခွင့်မပေးဘူး။”

 

လီဖုန်းက ပြောစရာမရှိပေ။ မင်ကောအာလုပ်နေတာတွေက ကလေးတွေရဲ့ ကောင်းကျိုးအတွက်ဖြစ်ပြီး သူတို့လေးတွေရဲ့ တာဝန်နှင့် ဇွဲလုံ့လကို ပျိုးထောင်ပေးဖို့ဖြစ်သည်။

    

မြင်းမဝယ်ခင်မှာ သူက အများကြီးမတွေးခဲ့တာကြောင့် မင်ကောအာနဲ့အတူ အဓိကအချက်များကို သေချာဖော်ပြပြီး စာရင်းပြုစုခဲ့သည်။ ယင်းမှာ မင်ကောအာက ကလေးများကို အလုံးစုံတာဝန်လွှဲအပ်လိုက်တာတော့မဟုတ်ပေ။

  .



လီဖုန်းက ကြီးကြပ်ရမည်ဖြစ်ပြီး သူတို့တာဝန်တွေပြီးမြောက်ရဲ့လား စစ်ဆေးရန်နှင့် အထူးသဖြင့် အစပိုင်းတွင် သူတို့နဲ့အတူ အတူလုပ်ဆောင်ကာ သင်ပြပေးရမည်ဖြစ်သည်။

 

အာမောင်းက သူကြားတာ​ကို သိပ်နားမလည်ပေမယ့် အလွန်လေးနက်ပုံရသည်။ သို့သော် သတင်းကောင်းတော့ရှိသည်။ မင်အားမော့က မြင်းပေါက်လေးကို ပြုစုပျိုးထောင်ရန် သူတို့အား တာဝန်ပေးခဲ့သည်။ သူက အင်မတန်ပျော်ရွှင်သွားတာကြောင့် ခန်းကုတင်ပေါ်မှ ခုန်ချလိုက်ချင်မိသည်။

 

မင်အားမော့စာရေးနေပြီး သူတို့ကို အာရုံမစိုက်တာကိုတွေ့တော့ သူက သူ့အစ်ကို၏လက်မောင်းကိုကိုင်ကာ တီးတိုးရေရွှတ်လိုက်သည်။ “အစ်ကို… မင်အားမော့က မြင်း​ပေါက်လေးကိုပျိုး​ထောင်ဖို့ ပြောနေတာလား?”

 

ဒါကောင်းလား? သူတို့အားမူက သူတို့ကို နမော်နမဲ့နိုင်တယ်လို့ပြောခဲ့ပြီး အိမ်က ကြက်တွေလန့်စေမှာစိုးလို့ ပေးမထိပေ။

 .



သို့သော် တာမောင်းက ထိုမျှလောက်မရိုးရှင်းဟု ခံစားရသည်။ သူက ဦးလေးဖုန်းပြောသော လိုအပ်ချက်ကိုနား​ထောင်လိုက်သည်။ သူတို့စကားနားထောင်ပြီးနောက် ထိုအရာက အလွန်ခက်ခဲမယ်လို့ သူမထင်ခဲ့ပေ။

   

ထို့အပြင် ခက်ခဲလျှင်ပင် သူက မြင်းပေါက်လေးအတွက် ကြိုးစားမည်။ အာမောင်း၏မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် သူကပြန်ဖြေလိုက်သည်။ “မင်အားမော့ပြောတာ အကုန်အမှန်ပဲ။”

 

ဤသည်မှာ သူ့အားမူနှင့် ကွာခြားသည်။ ဥပမာအားဖြင့် သူတို့အိမ်စာ​ကောင်းကောင်းလုပ်လျှင် မင်အားမော့​က သူပြောသလိုဆုချမည်။ “ဒါပေမယ့် နောင်မှာ မပျင်းမိစေနဲ့။ မဟုတ်ရင် မင်အားမော့က မင်းကို မြင်းပေါက်လေးနဲ့ ထိခွင့်ပေးမှာမဟုတ်ဘူး။” တာမောင်းက သူ့ညီငယ်လေးကို သင်ပေးလိုက်သည်။

  

“ကောင်းပါပြီ။ သားက မင်အားမော့ပြောတာကို သေချာပေါက်နားထောင်မှာ။” အာမောင်းက လက်သီးဆုပ်ကာ ကတိပေးလိုက်သည်။ မဟုတ်လျှင် သူ မြင်းပေါက်လေးကိုထိလို့ရမှာမဟုတ်ပေ။ သူ ဝမ်းနည်းရုံတင်မကပဲ တခြားကလေးများ၏ လှောင်ပြောင်ခံရလိမ့်မည်။ သူ မြင်းပေါက်မွေးနိုင်တာကို သိလျှင် ရွာထဲက ကလေးများက သူနဲ့တာမောင်းကို အားကျနေမှာဖြစ်၏။

 

ထန်ချွန်းမင်နှင့် လီဖုန်းက နားထောင်လိုက်ပြီး တစ်ယောက်ကိုတစ်​ယောက်ကြည့်ကာ ပြုံးလိုက်သည်။ တကယ်တော့ သူတို့လေးတွေက အစပိုင်းမှာ ကောင်းကောင်းလုပ်နိုင်လိမ့်သည်။ အဖိုးတန်ဆုံးအရာမှာ နေ့စဥ်ရှင်သန်ခြင်းဖြစ်၏။ သူတို့လောလောဆယ် လုပ်နိုင်မလားမသိပေမယ့် ၎င်းက သူတို့အနာဂတ်စွမ်းဆောင်ရည်ပေါ်် မူတည်သည်။

 



ထန်ချွန်းမင်က စာရွက်အပြည့်အစုံကိုဖြည့်လိုက်ပြီး ကလေးသုံးယောက်ကို ဖတ်ပြလိုက်သည်။ ထို့နောက် နောက်တစ်စောင်ထပ်ရေးကာ တင်းကုပ်ထဲတွင် ကပ်ထားလိုက်မည်။

   

တာမောင်းက စာလုံးအများစုကို နားလည်တာကြောင့် ထန်ချွန်းမင်က သူ့အတွက် စကားလုံးအသစ်များကို ဝိုင်းပေးထားသည်။ သူ ထိုစကားလုံးများကိုဖော်ထုတ်သည့်အခါ မှတ်မိနိုင်လိမ့်မည်။ သူ၏လမ်းညွှန်မှုဖြင့် ကလေးနှစ်ယောက်က ထိုအကြောင်းအရာများကို ကောင်းကောင်းမှတ်မိသွားသည်။

 

မှင်ခြောက်သွားတော့ ထန်ချွန်းမင်က လီဖုန်းကို ကမ်းပေးလိုက်သည်။ “တင်းကုပ်ထဲမှာက​ပ်ထားပါ။ ခင်ဗျားအခုကစပြီး သူတို့ကို ကြီးကြပ်ရမယ်နော်။ သူတို့ကို တိတ်တိတ်လေးမကူညီရဘူး… မဟုတ်ရင်တော့ အဟွန်း….ခင်ဗျားကိုလည်း အပြစ်ပေးမှာ။

 

လီဖုန်းက ပြုံးလိုက်သည်။ သူက မင်ကောအာ ဘယ်လိုအပြစ်ပေးမလဲသိချင်နေသည်။ သို့သော် ယခု ဤနေရာမှာ ကလေးတွေရှိနေတော့ မေးဖို့မလွယ်ပေ။ သို့ဖြစ်၍ သူက ကလေးတွေကို ခေါ်ထုတ်သွားလိုက်သည်။ “လာ…. မြင်းတင်းကုပ်ကိုသွားမယ်။ နောက်နှစ်ရက်အတွင်း နည်းနည်းစီသင်ယူကြ။ သင်ပြီးတာနဲ့ မင်းတို့ကို ပျိုးထောင်ခွင့်ပေးမယ်။”

 

“ဟုတ်ကဲ့!” ကလေးသုံးယောက်က အော်ဟစ်ပြီး သူတို့နောက်လိုက်သွားခဲ့သည်။