Chapter 40.3
ကျန်းရှိ့က အိမ်အလုပ်ပြီးတော့ ရောက်ရှိလာပြီး မနေ့ညက ကျောက်လောင်စန်း၏ စေ့စပ်ပွဲဖျက်သိမ်းမှုနောက်ဆက်တွဲများကို ထန်ချွန်းမင်အား ပြောကြားခဲ့သည်။
ကျန်းရှို့ပြောပြပြီးနောက် ထန်ချွန်းမင်နှင့် လီဖုန်းက ထိုအကြောင်းစကားမစခဲ့ပေ။ ထိုအကြောင်းအရာများက သူတို့နှစ်ယောက် အတူရှိနေချိန်ကို ပျက်ပြားစေမှာစိုးရိမ်၏။ သို့သော် ဆိုင်ရှင်ချီ၏ သတိပေးခံရပြီးနောက် ထန်ချွန်းမင်က ထိုအကြောင်းတွေးပြီး ပျော်ရွှင်သွားခဲ့သည်။
မနေ့က ကျောက်မိသားစုသည် ရှန်းမိသားစု၏ အနိုင်ကျင့်ခံခဲ့ရသည်။ ရှန်းမိသားစုသည် မြို့တွင်းရှိ သူတို့၏အာဏာကိုအသုံးပြုပြီး ရွာသားများကို အနိုင်ကျင့်လေ့ရှိသည်။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာနဲ့ တစ်ဖက်လူရဲ့ တံခါးဝကိုလာပြီး အနိုင်ကျင့်စရာလား? ပညာရှင်က တခြားတစ်ယောက်၏သစ်ကိုင်းကို တက်ချင်၍ ရှန်းမိသားစုကို မကြိုက်တော့တာကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်း ကောလာဟလထွက်ပေါ်လာလျှင် ရှန်းမိသားစုက ဒေါသမထွက်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ? စကားတစ်ခွန်းမှမပြောပဲ သူတို့က လူသန်ကြီးနှစ်ယောက်ကိုခေါ်လာပြီး တံခါးကိုဖြိုချခဲ့သည်။
ကျောက်မိသားစုက လူသန်ကြီးနှစ်ယောက်နှင့် မယှဥ်နိုင်ပေ။ ဝမ်ချွန်းဟွာနဲ့ ဘိုးဘိုးကျောက်က ငိုတာကလွဲရင် ဘာလုပ်နိုင်မှာလဲ? ကျောက်တာနျိုကလည်း သူ့ညီလောက်မတော်ပေ။ သူက အိမ်ထဲမှာပုန်းအောင်းပြီး တခြားသူများတံခါးလာခေါက်လျှင် အရိုက်ခံရမှာစိုး၍ သူရဲဘောကြောင်စွာ အပြင်ထွက်မလာသူဖြစ်၏။ ကျောက်လောင်စန်းက ကြွားဝါဖို့အပြင် ဘာမှမလုပ်တတ်ပေ။ ထို့အပြင် သူက ကျောက်တာဟူလို လူကြမ်းများကို ရှုတ်ချလေ့ရှိသည်။ ဒါပေမယ့် ဘယ်သူက သူ့စကားကိုနားထောင်မှာလဲ? တစ်လုံးတည်းပြောရလျှင် ၎င်းက ရိုက်နှက်ခြင်း နှင့် ဖြိုခွဲခြင်းသာဖြစ်၏။
ရှန်းမိသားစုက မောက်မာသောပုံစံဖြင့် ပြေးဝင်လာပြီး ကျောက်မိသားစု၏ပစ္စည်းများကို ရိုက်ခွဲကာ ကြမ်းတမ်းစွာပြောဆိုခဲ့သည်။ ကျောက်လောင်စန်းက စေ့စပ်ပွဲဖျက်ချင်ရင် သူအိပ်မက်မက်နေတာပဲ! ထို့နောက် သတင်းကြားပြီးနောက် ရောက်လာသော တခြားကျောက်မိသားစုများကိုလည်း အရေးမလုပ်ခဲ့ချေ။
တတိယဦးလေးက အပြေးလာခဲ့ပေမယ့် သူမြင်လိုက်ရသည်မှာ ရှုပ်ပွနေသော ခြံနှင့်အိမ်ဖြစ်၏။ လက်ထဲမှာရှိသည့်အရာအားလုံးက အပိုင်းပိုင်းခွဲခံလိုက်ရပြီး သူက ဒေါသထွက်လွန်းလို့ သတိလစ်မတတ်ဖြစ်ခဲ့သည်။ ဤသည်မှာ ကျောက်မိသားစုကို အလေးအနက်မထားခြင်းဖြစ်၏။
ဒါကြောင့် သူက ခြံနှင့်အိမ်ကို သန့်ရှင်းရေးလုပ်ရန်ပြောခဲ့ပြီး နာကျင်မှုကြောင့် အော်ဟစ်နေသော လူအနည်းငယ်၏ဒဏ်ရာကို သမားတော်ဟူနှင့် ကုစေခဲ့သည်။ ထိုစဥ် သူက အကူအညီတောင်းခံရန် ရွာလူကြီးအိမ်ကိုသွားခဲ့သည်။ ရှန်းမိသားစုက အလွန်မောက်မာပြီး သူတို့ဖျင်ရှန်ရွာက ပြန်တိုက်ခိုက်ရမည်။ မဟုတ်ပါက သူတို့ကျောက်မိသားစုနှင့် ဖျင်ရှန်ရွာကို ဘယ်သူမှအလေးထားတော့မှာမဟုတ်ပေ။
ကျောက်ဖျင်ချွမ် ပညာရှင်စာမေးပွဲအောင်သွားတော့ ကျောက်မိသားစုက ရွာထဲမှာ ပို၍ပင်လေးစားခံရ၍ ယုံကြည်မှုပိုရှိလာတယ်လို့ တတိယဦးလေးက ထင်ခဲ့သည်။ သူ့အမြင်၌ ဖျင်ရှန်ရွာက ရွာထဲက တစ်ဦးတည်းသော ပညာရှင်၏ဂုဏ်သတင်းကို ထိန်းသိမ်းထားရန် လုပ်နိုင်သမျှလုပ်ကြလိမ့်မည်။ နောင်မှာ သူက ကျွီရမ်ဖြစ်လာပြီး တစ်ရွာလုံးက ကျောက်မိသားစုကို မှီခိုရလိမ့်မည်။
(ကျွီရမ်.. အင်ပါယာစာမေးပွဲဘွဲ့ရကျောင်းသား)
“မနေ့က ရွာလူကြီးပြန်ရောက်တော့ အိမ်ကြီးက ဆူညံနေတာ။ ငါအိပ်ရာမဝင်ခင် အဲ့ဒီဘက်မှာ မီးထွန်းထားတာကို ငါ့ခြံထဲကမြင်လိုက်ရတယ်။ ငါ့ဦးလေးက တစ်ညလုံးကောင်းကောင်းအနားယူလို့မရခဲ့ဘူးထင်တယ်။”
“ကံကောင်းတာက… အိမ်မှာ လူနှစ်ယောက်ပဲရှိပြီး ကိုယ်ဝန်ရှိနေတဲ့ကောက မြို့ထဲရောက်နေပြီး ပြန်မလာဘူး။ မဟုတ်ရင် သူတို့သည်းခံနိုင်မယ်မထင်ဘူး။ အိမ်နီးနားချင်းတွေတောင် ကောင်းကောင်းမအိပ်ခဲ့ရဘူးထင်တယ်။”
ကျန်းရှို့က အားပါးတရပြောလိုက်သည်။ သူနဲ့မင်ကောအာ၏အိမ်က ရွာဝင်ပေါက်မှာဖြစ်တာကြောင့် ဘာမှမကြားရပေ။ မင်ကောအာက နှစ်နှစ်ခြိုကိခြိုက်အိပ်နေခဲ့ပြီး ဟိုမှာဘာဖြစ်နေလဲ သိခဲ့မှာတောင်မဟုတ်ဘူး။
“ဘိုးဘိုးကျောက်က စေ့စပ်ပွဲဖျက်ဖို့ ရှန်းမိသားစုကိုသွားခဲ့တာလား? သူတို့ဘယ်လိုရှင်းပြလိုက်လဲ?” ထန်ချွန်းမင်က ရွာလူကြီးနှင့် သူဇနီးကို သနားပြီး စိတ်ဝင်တစားမေးလိုက်သည်။
“ဇာတာခွင်က ကိုက်ညီတယ်လို့ သူတို့မပြောခဲ့ဘူးလား? ဒါပေမယ့် ဘိုးဘိုးကျောက် မြို့ပေါ်ထပ်သွားတော့ ဇာတာခွင်ကမှားနေလို့ သူတို့နှစ်ယောက်က မလိုက်ဖက်ဘူးလို့ အောင်သွယ်တော်ကိုပြောခဲ့တယ်။ သူတို့က ကျောက်လောင်စန်းရဲ့ စေ့စပ်ပွဲကိုဖျက်ချင်ပေမယ့် ရှန်းမိသားစုက ဘယ်လိုလက်ခံမှာလဲ? သူတို့လူလွှတ်စစ်ဆေးခိုင်းမယ်လို့ပြောပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ရပ်မှန်ကိုသိသွားတယ်။ ကျောက်မိသားစုက ပိုကောင်းတဲ့မိသားစုကိုလိုချင်ပြီး ရှန်းမိသားစုကို မလိုချင်တော့တာတဲ့။ ရှန်းမိသားစုရဲ့ကောလေးက အိမ်မှာသေတော့မှာလို့လည်း ပြောခဲ့တယ်တဲ့။”
ကျန်းရှို့က ရယ်ရလွန်းလို့ ပြုတ်ကျမတတ်ပင်။ “ကျောက်မိသားစုက လတ်တလော ကျေနပ်အားရနေပြီး ဘိုးဘိုးကျောက်က လေပေါ်မှာပျံနေတာ။ သူက ရွာက မိသားစုနဲ့ ကွဲပြားသလိုပြုမူနေတာ။ ကျောက်သုန့်ကလည်း သူ့အောက်ဆွဲတစ်သိုက်ကိုခေါ်ပြီး သူမုန်းတဲ့ကလေးတွေကို လိုက်ရိုက်နေတာ။ သူက လူတွေ သူ့ကိုမုန်းလာအောင်လုပ်ရတာ အရမ်းသဘောကျတာပဲ။ အခု ဘိုးဘိုးကျောက်ကို သဘောမကျတဲ့ အဲ့ဒီလူတွေက သူတို့မိသားစုကိုကြည့်ပြီး လှောင်ပြောင်နေကြတယ်။”
“ရွာလူကြီးက ကျောက်မိသားစုပြောသလို ရှန်းမိသားစုကိုဆီမှာ ရှင်းပြချက်သွားတောင်းဖို့ သဘောတူလိုက်လား?” ထန်ချွန်းမင်က ထိုစကားကြားတော့ အလွန်ပျော်နေ၏။
“ဘာလို့သဘောတူရမှာလဲ? မျိုးနွယ်စုလူကြီးတွေက သူတို့အမြင်မှာ စည်းလုံးမှုမရှိကြဘူး။ သူတို့ မနေ့ညက ရွာလူကြီးအိမ်မှာ မရပ်မနားငြင်းခုံနေကြတာ။ သူတို့က တခြားမိသားစုနဲ့ လက်ထပ်မှာမဟုတ်ပဲ သူတို့သားက ရှန်းမိသားစုရဲ့ကောလေးနဲ့ သဟဇာတမဖြစ်လို့ စေ့စပ်ပွဲဖျက်ပြီး မနှောင့်နှေးစေချင်ခဲ့တာဖြစ်ကြောင်း ဘိုးဘိုးကျောက်နဲ့ တတိယဦးလေးကျောက်က ငြင်းဆိုခဲ့တယ်။”
“ဒါပေမယ့် လူတစ်ချို့ကပဲယုံကြပြီး ရှန်းမိသားစုကတော့ ပစ္စည်းတွေလာရိုက်ခွဲခဲ့တယ်။ တချို့လူတွေက သူတို့ကိုဖျောင်းဖျဖို့ ရှေ့တိုးခဲ့ပေမယ့် ရှန်းသခင်ကြီးကိုယ်တိုင်ရောက်လာပြီး တံခါးဝမှာ ကြော်ညာချက်ထုတ်လိုက်တော့ ကျောက်မိသားစုက ရှန်းမိသားစုကို အရင်စော်ကားခဲ့တာဖြစ်ကြောင်း အားလုံးသိသွားပြီး ဘယ်သူကမှ တားဆီးဖို့ရှေ့မတိုးကြတော့ဘူး။”
“တတိယဦးလေးကျောက်က တခြားမိသားစုနဲ့ လက်ထပ်ထိမ်းမြားလိုပြီး ရှန်းမိသားစုနဲ့ စေ့စပ်ပွဲဖျက်ချင်တယ်လို့ ရှန်းသခင်ကြီးကပြောခဲ့တယ်။ သူက အောင်သွယ်တော်ကိုလာဘ်ပေးပြီး မူလရလဒ်ကိုပြောင်းလဲပေးဖို့ ဗေဒင်ဆရာကိုပြောခဲ့တယ်။”
“ပြီးတော့ သူတို့က ကျောက်မိသားစုကိုပစ်မှတ်ထားပြီး ဖျင်ရှန်ရွာကို ပြဿနာမရှာဘူးလို့လည်း ပြောခဲ့တယ်။”
ကျန်းရှို့က အာခေါင်ခြောက်နေပြီမို့ ရေတစ်ခွက်သောက်လိုက်သည်။ မင်ကောအာ၏မိသားစုမှရေသည် တခြားမိသားစုများထက် ပိုချိုသည်။
“ဒါက နောက်ကွယ်ကနေ ခြယ်လှယ်နေတဲ့ ကျောက်လောင်စန်းရဲ့လက်ချက်ပဲဖြစ်ရမယ်။” ထန်ချွန်းမင်က ထိုလူများ၏ သဘောသဘာဝကိုတွေးကာ မှန်းဆလို့မရတာမရှိခဲ့ပေ။
“ဘိုးဘိုးကျောက်နဲ့ ဝမ်ချွန်းဟွာက သူတို့မှာရှိတဲ့ပိုက်ဆံကိုတော့ မထုတ်ချင်ပေမယ့် ဒါက လိမ္မာပါးနပ်တဲ့ လှုပ်ရှားမှုတစ်ခုပဲ။ တခြားတစ်ယောက်သာဆိုရင် သူတို့အောင်မြင်သွားနိုင်တယ်။”
သူ့အမြင်မှာ ရှန်းမိသားစုက သူတို့ကောလေးကို ရိုးရိုးသားသားလက်ထပ်ပေးချင်တယ်ဆိုလျှင် သူတို့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ပေ။ တကယ်တော့ ဤကိစ္စကဖြေရှင်းရလွယ်သည်။ ဘုရားကျောင်းမှ ဗေဒင်ဆရာ သို့်မဟုတ် ဘုန်းကြီးကိုရှာကာ ကျောက်််မိသားစုလိမ်နေသလား စစ်ဆေးလိုက်လို့ရသည်။
ထို့အပြင် ရှန်းမိသားစုက မြို့ပေါ်မှာ လေးစားထိုက်သောမိသားစုအဖြစ် သတ်မှတ်ခံထားရသည်။ တစ်ယောက်ယောက်က စေ့စပ်ပွဲဖျက်လိုလျှင် သူတို့အရှက်ကွဲသွားမှာဖြစ်၏။ ရှန်းမိသားစုက ကောလေးက မကောင်းလို့ စေ့စပ်ပွဲပျက်ရတာပါဆိုပြီး လူတွေပြောလိမ့်မည်။ ကျောက်မိသားစုက အမျိုးသားတစ်ယောက်ဖြစ်နေလို့ အများကြီးဆုံးရှုံးသွားမှာမဟုတ်ပေ။
“ငါလည်း အဲ့လိုထင်တာပဲ” ကျန်းရှို့က ရေသောက်ပြီးနောက် စိတ်ကြည်သွား၏။
“ဘာပဲဖြစ်ဖြစ် မနေ့ညက ဘာရလဒ်မှမထွက်ခဲ့ဘူး။ ရွာလူကြီးက ရှန်းမိသားစုဆီမှာ ပြဿနာသွားမရှာမှာသေချာတယ်။ ငါ့ဦးလေးလည်း ဒီရက်ပိုင်းမှာ ခေါင်းကိူက်နေတာ။ ကျောက်မိသားစုက လွယ်လွယ်နဲ့ရပ်တန့်မှာမဟုတ်ဘူး။ ပြီးတော့ သမားတော်ဟူကလည်း ဆေးတွေအများကြီးညွှန်းပေးပြီး ဘိုးဘိုးကျောက်ဆီက ပိုက်ဆံတောင်းခဲ့တယ်။”
“သူက ပိုက်ဆံမရရင် ဆေးပေးမှာမဟုတ်ဘူး။ ဘိုးဘိုးကျောက်က ပိုက်ဆံမပေးချင်လို့ မသိချင်ယောင်ဆောင်နေတယ်လို့ကြားတယ်။ လူတွေအများကြီးကြည့်နေလို့ ကျောက်လောင်စန်းက အရှက်မကွဲချင်ပဲ ပိုက်ဆံကိုချက်ချင်းထုတ်ပေးခဲ့တယ်။ ဘိုးဘိုးကျောက်က စူးစူးဝါးဝါးထအော်တော့တာပဲ”
ထန်ချွန်းမင်က ပြောစရာပျောက်ရှသလို ခေါင်းခါလိုက်သည်။ ဘယ်လိုငတုံးက ဒီလိုလုပ်မှာလဲ? သူပြောရလျှင် ရှန်းမိသားစုလုပ်ခဲ့တာမှန်သည်။ သူတို့က အရိုက်ခံရသင့်သည်!
ရှန်းမိသားစုက ဘာလို့အကြောက်တရားမရှိတာလဲ? တစ်ဖက်လူက ခရိုင်မော်ကွန်းထိန်းဖြစ်နေလို့လား? ရှန်းမိသားစုက ကိစ္စကြီးအောင်လုပ်ပြီး ခရိုင်အစိုးရကို ဤခရိုင်မော်ကွန်းထိန်းအကြောင်း သိစေချင်တာဖြစ်မည်။ ဒါမှ သူတို့နှစ်ဖက်လုံးက ယောက္ခမဖြစ်မလာပဲ ရန်သူတွေဖြစ်လာမှာပင်။
ကျောက်လောင်စန်းက ပညာရှင်ဆိုရင်တောင် နောက်ခံမရှိတဲ့လူကို ဘယ်သူက မျက်နှာသာပေးမှာလဲ? ထိုအချိန်တွင် ခရိုင်မော်ကွန်းထိန်းက အနာကိုဆားမသိပ်ရင်ကောင်းမည်။ ကျောက်လောင်စန်း၏အပြုအမူက မိသားစုနှစ်ခုလုံးကို မျက်နှာပျက်စေသည်။
မျှော်လင့်ထားသလိုပင် လီဖုန်းက ညနေမှပြန်ရောက်လာ၏။ သူရွာထဲကို ဝင်လိုက်တာနဲ့ လမ်းဘေးကလူတွေသည် လီဖုန်းမြင်း၏နောက်မှလိုက်လာသော မြင်းပုလေးကို မြင်လိုက်ရသည်။ သူတို့က လီဖုန်းထံကိုသွားကာ ထူးဆန်းမှုကိုမေးလိုက်သည်။ လီဖုန်းက အားလင်းအတွက် မြင်းပေါက်လေးဝယ်လာပေးတာကို သိလိုက်ရသောအခါ သူတို့က မနာလိုအားကျသွားခဲ့သည်။
ဒီဖုန်းရှောင်ကျစ်က ဘယ်လောက်တောင် ရက်ရောလိုက်လဲ? သုံးနှစ်အရွယ်ကလေးကစားဖို့ မြင်းပေါက်လေးလား? သူတို့လိုရွာလေးမှာ မိုးကြိုးပစ်ခံရသလိုပင်။
မြင်းပုလေးက ထန်ချွန်းမင်၏ခြံထဲသို့ ရောက်သွားသည်ကို သူတို့က အားကျသလို ကြည့်နေခဲ့သည်။ တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့တာဖြစ်မည်။ သူတို့အပေါက်ဝရောက်တာနဲ့ တံခါးကပွင့်နေသည်။ အသေးလေးသုံးယောက်က အမြန်ပြေးထွက်လာကာ ဦးလေးဖုန်းကို ချစ်ခင်ယုယစွာခေါ်လိုက်ပြီး မြင်းပုလေးကို စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်ရှုလိုက်သည်။
ထန်ချွန်းမင်က အနောက်ကနေ ဖြည်းဖြည်းချင်းလျှောက်လာပြီး လီဖုန်းအမြန်ပြန်လာတာကိုတွေ့တော့ အံ့သြသွားကာ ပြောလိုက်သည်။ “ဘာလို့အလောတကြီးပြန်လာတာလဲ? ခင်ဗျားတစ်လမ်းလုံးပင်ပန်းနေမှာပေါ့”
“အဆင်ပြေပါတယ်။ အရင်ကထက်ပိုလွယ်တယ်။ ကိုယ် မြောက်ဘက်မှာရှိနေစဥ်ကနဲ့ ယှဥ်ရင် အခုဘဝက သက်တောင့်သက်သာရှိလို့ ပျင်းတတ်နေပြီ။”
“ကောင်းပြီ… မြင်းကို အိမ်ထဲအမြန်ခေါ်လာပါ။ ကျွန်တော်တို့ညစာအတူစားကြမယ်။ တာမောင်း… မင်းဦးလေးနဲ့ မြင်းပုလေးကို ကူသယ်ပေးလိုက်။” ထန်ချွန်းမင်ကအော်လိုက်သည်။
မြင်းကိုအိမ်ထဲခေါ်လာပြီးနောက် ခြံတံခါးဝကို မပိတ်ထားပေ။ လူတော်တော်များများက မြင်းကိုအပြေးလေးလာကြည့်ကြသည်။ ထန်ချွန်းမင်က သူတို့ကိုမတားပဲ လုပ်ချင်တာလုပ်ခွင့်ပေးထားသည်။ ရှောင်ဟွာကို စောင့်ကြည့်ပြီး လူတွေကိုလိုက်ကိုက်ခြင်းမှ တားဆီးရန် သူက တာမောင်းနှင့်အာမောင်းအား မှာထားသည်။
လူအများစုက ဤခြံထဲကို ရောက်ဖူးပေမယ့် ကျောက်တာဟူဆုံးတော့ သူတို့လာတာရှားသည်။ ယခု သူတို့ဝင်လာတော့ ခြံကအများကြီးပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ သူတို့က ထန်ချွန်းမင်၏ဘဝပိုကောင်းလာပြီး သာယာဝပြောနေတယ်လို့ ဆိုကြသည်။ အရင်တုန်းက သူတို့သည် တခြားသူများပြောတာကိုသာ ကြားခဲ့ရပေမယ့် ယခုမူ သူတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ပြီး ယင်းက တကယ်ကိုကြွယ်ဝချမ်းသာနေတာ သေချာသည်။
မင်ကောအာ ဟင်းသီးဟင်းရွက်ရောင်းပြီး ချမ်းသာလာသည်ဟု ကြားသောအခါ တချို့လူတွေက ခြံအနောက်ဘက်နှင့် ခြံအသစ်ကို ဂရုတစိုက်ကြည့်လိုက်သည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို မြင်ရခြင်းက အံ့ဖွယ်ပင်။ ဟင်းသီးဟင်းရွက်များက အလွန်ကောင်းမွန်စွာ ကြီးထွားနေပြီး ကျင်းကျိစားသောက်ဆိုင်က ဟင်းသီးဟင်းရွက်ကောက်ဖို့ မကြာခဏလာနေတာ မဆန်းတော့ပါပေ။
ကျန်းရှို့ကလည်းရောက်လာပြီး ထန်ချွန်းမင်နှင့် လီဖုန်းကို ထမင်းသွားစားခိုင်းလိုက်သည်။ သူနဲ့တာရှန်က ခြံကိုစောင့်ပေးနေပြီး ဟင်းသီးဟင်းရွက်များကို ဘယ်သူမှဖျက်စီးလို့မရအောင် တားဆီးလိုက်သည်။
“အားလင်းစားပြီးပြီလား? အားလင်းကိုပါ အတူတူစားဖို့ ခေါ်လိုက်ရမလား?” လက်ဆေးပြီးနောက် လီဖုန်းက အိမ်ထဲဝင်သွားပေမယ့် အားလင်းကို မတွေ့ခဲ့ပေ။ သူ မြင်းပုကိုကြည့်နေရလို့ မစားချင်တော့တာဖြစ်မည်။
“သူ့ကိုလွှတ်ထားလိုက်ပါ။ သူကြက်ဥတစ်ပန်းကန်စားထားတယ်။ အဲ့ဒါကြောင့်ဗိုက်မစာတာဖြစ်မယ်။” ထန်ချွန်းမင်က လက်ယမ်းပြကာ ပြောလိုက်သည်။ သူက သူ့ကို အသီးတွေလည်းကျွေးထား၍ ဗိုက်ဆာနေမှာမဟုတ်ပေ။ သူတို့ သူ့ကို ယခုခေါ်လိုက်လျှင် မပျော်တော့မှာသေချာသည်။
“ဟုတ်ပြီ…တာရှန်အပြင်မှာစောင့်နေမှာမို့ စိတ်မပူပဲ အမြန်စားကြတာပေါ့။” လီဖုန်းက ထန်ချွန်းမင်ကို ထမင်းခူးပေးပြီး သူ့ကို ထိုင်ခုံပေါ်မှာ ဂရုတစိုက်ထိုင်စေသည်။
ကြည့်ရှုသူအားလုံးထွက်သွားပြီးနောက် ကလေးသုံးယောက်အိမ်ထဲပြန်ဝင်လာကာ ကျန်းရှို့နှင့် တာရှန်လည်းလိုက်လာခဲ့သည်။
အနေအေးသော တာရှန်၏မျက်နှာမှာ အပြုံးတစ်ပွင့်ရှိနေပြီး သူက မြင်းပုလေးကိုကြည့်ကာ ပျော်နေ၏။ သူက လီဖုန်းကိုမေးလိုက်သည်။ “မြင်းပုလေးဝယ်ဖို့ ဘယ်လောက်ကျလဲ?”
“အများကြီးမကုန်ဘူး။ ရိုးရိုးမြင်းပုလေးပါပဲ..ကလေးတွေက သဘောကျသလို ကြီးလာရင်လည်း အလုပ်ဖြစ်လိမ့်မယ်။” လီဖုန်းက တာရှန်၏စကားကို တိုက်ရိုက်မဖြေပေ။ ထန်ချွန်းမင်က လီဖုန်းကို ဘေးကနေစိုက်ကြည့်နေသည်။
ဤမြင်းပုလေးက ငွေငါးဆယ်ကျမယ်လို့ လီဖုန်း သူ့ကို မနေ့ညကပြောခဲ့သည်။ သူက မြောက်ဘက်ရှိ တရစ္ဆာန်များနှင့် မကြာခဏဆက်ဆံရတာကြောင့် သူက အဆင့်အတန်းမြင့်သည်။
သူက သာမန်မြင်းပုလေးကို မထီမဲ့မြင်ပြုခဲ့သည်။ သူတစ်ခုခုဝယ်လျှင် ကောင်းတာလေးဝယ်သည်။ ကံအားလျော်စွာ ဤသည်မှာ ခရိုင်မြို့ဖြစ်၍ မြင်းကောင်းများစွာမရှိပေ။ မဟုတ်ပါက ငွေမည်မျကုန်ကျမည်ကို သူမသိပေ။