Chapter 36.2
Viewers 21k


Chapter 36.2



“စိတ်မပူပါနဲ့… ထန်ဖူလန်။ ငါက မြို့ပေါ်မှာ အောင်သွယ်တော်လုပ်ခဲ့တာ နှစ်တွေလည်းကြာလှပြီ။ ဒီလိုအမှားမျိုးလုပ်ပြီး တစ်ပါးသူငှာ ဝတ်ပြုဆုတောင်းနေတဲ့အချိန်မှာ နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းပါ့မလား? အရင်ဆုံး ဆုံးဖြတ်ပြီးမှ ဝတ်ပြုဆုတောင်းကာလပြီးသွားရင် လက်ထပ်လို့ရတယ်လေ။ ငါပြောပေးမယ့် မိသားစုကလည်း အရမ်းကောင်းတာ မင်းသိဖို့လိုတယ်။ ဒီရွာကိုကျော်သွားရင် ဆိုင်တစ်ဆိုင်တွေ့လိမ့်မယ်။ မင်းက ဘယ်ဆိုင်လဲဆုံးဖြတ်ပြီး ကလေးနှစ်ယောက်ကို ခေါ်သွားလို့ရတယ်။ လက်ရှိမှာ စကားပြောရလွယ်ကူတဲ့ အမျိုးသားတွေမရှိဘူး… မင်း….! ဘာဖြစ်နေတာလဲ! ငါ့လမ်းကိုဘာလို့ပိတ်တာလဲ.. မင်းငါ့ကို အောင်သွယ်တော်လုပ်ခိုင်းချင်တာဆိုရင် ထန်ဖူလန်ရဲ့လက်ထပ်ပွဲပြီးမှ ဆက်ပြောကြတာပေါ့။”

 



ထန်ချွန်းမင်က နောက်လှည့်ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ တခြားသူများကို ကြိမ်းမောင်းသည့်အခါ အားလင်းက ပိုရဲရင့်လာတော့ သူက စိတ်သက်သာရာရသွားခဲ့သည်။ သူ့စိတ်ကြည်လာသည်နှင့်အမျှ သူက ​ထိုမြင်ကွင်းကြောင့် ရယ်မောမိသွားပြန်သည်။

 

အောင်သွယ်တော်ဟွားက သူနောက်ကနေ ခြံထဲသို့ လိုက်လာချင်ပေမယ့် မမျှော်လင့်ထားစွာပင် လူကြမ်းကြီးတစ်ယောက်က သူ့ရှေ့မှာပိတ်ရပ်ကာ အထဲဝင်ခွင့်မပေးခဲ့ပေ။ အောင်သွယ်တော်ဟွားက ဒေါသထွက်သွားပြီး လီဖုန်းကို တွန်းထုတ်လိုက်သော်လည်း လီဖုန်းက ဘယ်သူမို့လဲ? လူလတ်ပိုင်းကောအာတစ်ယောက်ထံမှ တွန်းခံလိုက်ရပေမယ့် သူက ရွေ့မသွားခဲ့ပေ။

 

ကျန်းရှို့နှင့် တာရှန်ကလည်း အူမြူးနေသည်။ လီဖုန်း၏ဆိုလိုရင်းကို သူတို့သိသည်။ သူက ပုံမှန်ဆိုလျှင် ဘာမှမလုပ်ပေမယ့် ယခုတစ်ကြိမ်မှာ ဒေါသထွက်သွားမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပေ။ 

  



ထန်ချွန်းမင်က ကျန်းရှို့ချီထားသော အားလင်းထံမှ ထွက်ကျလာသည့် ရွှေပဲသီးများကို ဖယ်ပေးလိုက်ပြီး “ခင်ဗျား ဘယ်သူ့အကြောင်းပြောနေတာလဲ? ခင်ဗျားပြောပြရင် ကျွန်တော်လက်ခံပေးမယ်။” ထန်ချွန်းမင်က သံသယဝင်နေ၏။ ယခုမူကား ကျန်းရှို့နှင့် ရှန်းဖူလန်က သူ၏ဝတ်ပြုဆု​တောင်းကာလပြီးလျှင် လက်ထပ်ပေးမည့်အစီအစဥ်ကို ပယ်ဖျက်ထားခဲ့တာ ကြာပြီဖြစ်၏။ 

  

ကိစ္စပြီးသွားတာနဲ့ အောင်သွယ်တော်တစ်ယောက်က တံခါးလာခေါက်ခဲ့သည်။ သာမန်လူတွေက တ​ခြားသူများ၏စည်းစိမ်ကို စိတ်ဝင်စားပေမယ့် အောင်သွယ်တော်၏လေသံအရ တစ်ဖက်လူမှာ ငွေကြေးချို့တဲ့သူမဟုတ်လောက်ပေ။

 

ရှန်းဖူလန်နှင့် ကျန်းရှို့က သူ့ကို နောက်အိမ်ထောင်ပြုဖို့ ဖျောင်းဖျနေသည်မှာ လီဖုန်းက သူ့ကိုစိတ်ဝင်စားနေ၍ ဖြစ်ကြောင်း ထန်ချွန်းမင် မသိခဲ့ပေ။ လူကအသင့်ရှိသဖြင့် တ​ခြားနေရာကိုသွားပြီး အောင်သွယ်တော်နှင့် အရှာလွှတ်စရာမလိုပေ။

 

ထန်ချွန်းမင်က အံ့အားသင့်နေပြီး ဆိုင်ရှင်ချီကလည်း ထပ်တူပင်။ မြို့ထဲကလူအများစုက အချင်းချင်းသိကြပြီး အောင်သွယ်တော်ဟွားက ဘယ်သူ့အကြောင်းပြောနေလဲ သူမသိခဲ့ပေ။ ယင်းမှာ ကျင်းကျိနှင့် သခင်လေး၏စီးပွားရေးနှင့် ပတ်သက်နေသည်။ သူတို့က စာချုပ်ချုပ်ထားသော်လည်း အနာဂတ်မှာဘာဖြစ်လာမလဲ အာမခံထားခြင်းမရှိပေ။ မမျှော်လင့်ထားတာတွေဖြစ်လာရင် သူတို့က ဘယ်သူ့ကိုမှ မပါဝင်စေချင်ပေ။ သို့ဖြစ်၍ ဆိုင်ရှင်ချီက ထိုနေရာမှာရပ်နေပြီး တုံ့ဆိုင်းခြင်းမရှိ နားထောင်နေ၏။

 



အောင်သွယ်တော်က ထန်ချွန်းမင် စိတ်ဝင်စားနေသည်ဟု ထင်လိုက်သည်။ နောက်အိမ်ထောင်ပြုချင်ပြီး ကလေးကိုထည့်တွက်နေရသည့် မုဆိုးဖိုကောများက သူတို့၏ကလေးများကို စိတ်အပူဆုံးဖြစ်သည်။ အကြောင်းမှာ ခင်ပွန်းသည်၏မိသားစုက သူတို့ကလေးများကို လက်ခံပေးတာရှာပါးလို့ပင်။

   

အောင်သွယ်တော်က အထဲဝင်သွားချင်ပေမယ့် လီဖုန်းက ဝင်ခွင့်မပေးပဲ သူ့သွားမည့်လမ်းကို ပိတ်ဆို့ထားဆဲပင်။ အောင်သွယ်တော်က သူ့လက်ကိုင်ပုဝါကို ဒေါသတကြီးခါယမ်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပဲ “အိုး”ဟုပြောကာ ထန်ချွန်းမင်ကို ထိုမိသားစုနှင့် မိတ်ဆက်ပေးလိုက်သည်။ မပြင်ဆင်ထားသော လီဖုန်းက အရည်အသွေးနိမ့်သော ရေမွှေးကြောင့် ပြင်းပြင်းထန်ထန် နှာချေသွားခဲ့သည်။

 

ထန်ချွန်းမင်က သူ့အသံကြောင့် စိတ်တိုသွားပြီး တစ်ကိုယ်လုံးကြက်သီးထလာသည်။ ဤအောင်သွယ်တော်က သူ့မျက်နှာကို ပေါင်ဒါလိမ်းထားရုံတင်မကပဲ သစ်ခွလက်ချောင်းဖြင့် တွန့်လိမ်လျှောက်လာလေသည်။ ဒီလိုပုံစံ? ဒါရွံစရာမကောင်းလွန်းဘူးလား? ဤကမ္ဘာကိုရောက်လာပြီးနောက် ထန်ချွန်းမင်နှင့် အများဆုံးပြောဆိုဆက်ဆံခဲ့သည့် ကောအာအများစုမှာ သူ့အရင်ကမ္ဘာက အမျိုးသမီးများနှင့် တူကြသည်။ သူတို့သည်လည်း မိန်းမ မဆန်လွန်းသည့် တက်တက်ကြွကြွ လူသားများဖြစ်တာကြောင့် အလွန်အမင်းစိတ်ပျက်ဖို့ မကောင်းခဲ့ပေ။ ကျန်းရှို့နဲ့ရှန်းဖူလန်ကို ထည့်မပြောလျှင်ပင် ဝမ်မော့က အနည်းငယ်သိမ်မွေ့ပေမယ့် ချွဲပစ်ကပ်တွယ်ခြင်းမရှိပေ။ ယခုမူ ထိုအောင်သွယ်တော်နှစ်ယောက်က သူ့မျက်လုံးတွေကို ညစ်ညမ်းစေသည်။

(သစ်ခွလက်ချောင်း… orchid finger = လက်အမူအရာအမျိုးမျိုးပါ)

 

အောင်သွယ်တော်နှစ်ယောက်က လီဖုန်းကို တိတ်တဆိတ်ကြည့်ကာ ထန်ချွန်းမင်ကို ဆက်လက်သွေးဆောင်ခဲ့သည်။ “အဲ့ဒါက မြို့ပေါ်ဖူမန်ထန်က ဆိုင်ရှင်လီပါ။ သူတို့က မိသားစုကောင်းပါ။ သူ့ဇနီးဆုံးတာ တစ်နှစ်ကြာပြီ။ ပြီးတော့ သူ့မှာ ကောငယ်လေးတစ်ယောက်ပဲရှိတယ်။”

 



“ဒါက ထန်ဖူလန်နဲ့ ကောင်းကင်ဘုံဖူးစာပဲ။ ပြီးတော့ ဒီထက်ပိုကောင်းတဲ့ အိမ်ထောင်ရေးမရှိဘူး။ ဆိုင်ရှင်ချီ… ခင်ဗျားလည်း ဖူမန်ထန်ကိုသိတယ်မလား? အဲ့လိုစားသောက်ဆိုင်ကြီးကို ဆိုင်ရှင်လီက တစ်ယောက်တည်းအုပ်ချုပ်ရတာ။ ဒီလိုမိသားစုမှာ စိတ်မကျေနပ်စရာ ရှိပါ့မလား?”



ဖူမန်ထန်၏နာမည်ထွက်လာတာနဲ့ ဆိုင်ရှင်ချီ၏မျက်နှာတစ်ခုလုံး နက်မှောင်သွားသည်။ သူ ဤနေရာမှာရှိနေသည်ကိုပင် အောင်သွယ်တော်က သူ့နံရံကို ချောင်းတက်ဖို့ ကြိုးစားနေသည်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ! ဖူမန်ထန်က ရှန်းဖူလန်ကို အမြန်ဆုံးရှာတွေ့မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ သူဘာကိုလိုချင်သေးတာလဲ? ထိုလှည့်ကွက်မျိုးဖြင့် ဆိုင်ရှင်လီက အမှန်တကယ်ပင် ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး နောက်အိမ်ထောင်ပြုတော့မှာ သေချာသည်။ ထန်ချွန်းမင် လက်ခံလိုက်လျှင် နောင်မှာ ကျင်းကျိနှင့် သူ့စားသောက်ဆိုင်ကို သူရွေးချယ်ရလိမ့်မည်။

 

သို့ပေမယ့် သူ ယခုချိန်မှာ ဘာမှမပြောနိုင်ခဲ့ပေ။ သူက ထန်ချွန်းမင်ကို ဝမ်းနည်းစွာကြည့်လိုက်လေသည်။ သူက စာချုပ်ချုပ်ထား၍ ထန်ချွန်းမင်က တခြားလုပ်ဖော်ကိုင်ဖက်ကို ရှာလို့တော့မရပေ။ အမှန်တိုင်းပြောရလျှင် ဆိုင်ရှင်လီက သူဌေးကောင်းတစ်ယောက်မဟုတ်ပေ။ သူ့မှာ ကလေးတစ်ယောက်ရှိသည့်အပြင် သူက သူ့ဇနီးမဆုံးခင်မှာ နှိပ်စက်ခဲ့သည်။ သို့ပေမယ့် သူ ဤအရာများကို ပြောပြလို့မရပေ။

 

သူဟာ ကျင်းကျိစားသောက်ဆိုင်နှင့် စာချုပ်ချုပ်ထားသော ကုန်တင်သွင်းသူတစ်ယောက်ဆိုတာကို ထန်ချွန်းမင်က နားလည်သည်။ သူက အိမ်မှာပဲနေ​ကာ ဟင်းသီးဟင်းရွက်စိုက်ပျိုးနေလေ့ရှိသည်။ မြို့ထဲက လူတွေက သူ့ကိုဘယ်လိုသိပြီး လက်ထပ်ပွဲအတွက် လာကမ်းလှမ်းမှာလဲ? တစ်ဖက်လူက ဆိုင်ရှင်တစ်ယောက်ဖြစ်လို့ သူ့ကိုချစ်မိသွားတာတော့ မဖြစ်နိုင်ပေ။ သူချမ်းသာလျှင်ပင် ထန်ချွန်းမင်က နှစ်ခါပြန်ကြည့်မှာမဟုတ်ပေ။

 

ထန်ချွန်းမင်က ဆိုင်ရှင်ချီကို အပြစ်တင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသတင်းက သူ့ဆီက ထွက်သွားတာပဲဖြစ်မည်။ ဤသည်မှာ သူတို့လုပ်ခဲ့သော ပြဿနာပင်။

 

ဆိုင်ရှင်ချီက ထိုအကြောင်းကို သေချာစဥ်းစားလိုက်ပြီး မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရသည်။ သူတို့က ဤကိစ္စကို လျှို့ဝှက်ထားချင်တာကြောင့် သခင်လေးက ထန်ချွန်းမင်ဆီမှာ ဟင်းသီးဟင်းရွက်လာယူရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ထန်ချွန်းမင် ခဏခဏပေါ်လာလျှင် လူတွေက သဲလွန်စကိုရှာတွေ့ပြီး ထန်ချွန်းမင်၏ သရုပ်မှန်ကို သိသွားမယ်လို့ သူစိုးရိမ်ခဲ့သည်။ သတင်းပျံ့တာနောက်ကျလေ ပိုကောင်းလေဖြစ်၏။ ထို့ကြောင့် သူက ရှောင်ရွှင်းကျိအပါအဝင် စားသောက်ဆိုင်မှ လူအားလုံးကို ထပ်ခါတလဲလဲ သတိပေးထားခဲ့သည်။

 

သူတို့မျက်လုံးဆုံသွားတော့ ထန်ချွန်းမင်က အောင်သွယ်တော်ကို ခေါ်မေးဖို့ဆုံးဖြတ်လိုက်သည်။ “ခင်ဗျားရဲ့ကမ်းလှမ်းမှုက အရမ်းထူးဆန်းနေတယ်။ ကျွန်တော်က မြို့ပေါ်တက်တာရှားလို့ ဆိုင်ရှင်လီကို သိတောင်မသိဘူး။ ခင်ဗျား အထဲဝင်လာပြီး သေသေချာချာ ရှင်းပြပါ။ ခင်ဗျား….. သူ့ကိုဝင်ခွင့်ပေးလိုက်ပါ!” နောက်ဆုံးစကားက လီဖုန်းကိုပြောတာဖြစ်သည်။ သူက ထန်ချွန်းမင်မပြောလျှင် ဝင်ခွင့်ပေးမည်မဟုတ်ပေ။ လူတိုင်းက ဤအရာကိုမြင်ခဲ့တာကြောင့် ကောလာဟလများ ထွက်ပေါ်လာလိမ့်မည်။

 

ထန်ချွန်းမင်က သံသယဝင်သွားသည်။ ဒီလူက ဒီလိုပဲနေ​နေမှာလား? သူဟာ အပြင်မှာ ရိုးသားသူဖြစ်ပြီး အတွင်းမှာတော့ သစ္စာဖောက်ဖြစ်နေမှန်း ထန်ချွန်းမင် မထင်မှတ်ထားခဲ့ပေ။

  

လီဖုန်းက ခေါင်းလှည့်ကာ ထန်ချွန်းမင်ကို နက်မှောင်သောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ထန်ချွန်းမင်၏နှလုံးသားက တုန်လှုပ်သွားပြီး သူက အမှားလုပ်မိသလိုပင် သက်ပြင်းချလိုက်သည်။

 

ထန်ချွန်းမင်က တစ်ဖက်သို့လှည့်ကာ အိမ်ထဲကို လျှောက်သွားလိုက်ပြီး သူလျစ်လျူရှုခဲ့သည့် မျက်လုံးက သူ့နောက်ကျောတွင် အပေါက်​ဖြစ်တော့မှာကို မသိခဲ့ပေ။

  

“မင်း…မင်းကြားရဲ့လား? လမ်းဖယ်စမ်း!” အောင်သွယ်တော်က ထန်ချွန်းမင်၏စကားလုံးများကို နားမလည်ပေမယ့် လီဖုန်းကို လမ်းဖယ်ပေးဖို့ ပြောနေသည်။

 



လီဖုန်းက ခေါင်းပြန်လှည့်ပြီး အောင်သွယ်တော်ကို အေးစက်စက်စိုက်ကြည့်ကာ သူ့မျက်လုံးများက ဝံပုလေအလား လူကို တုန်လှုပ်သွားစေသည်။ ကံအားလျော်စွာ လီဖုန်းက အကြည့်အမြန်လွှဲလိုက်သည်။ မဟုတ်ပါက အောင်သွယ်တော်က ခံနိုင်တော့မှာမဟုတ်ပေ။ ယခုမူကား သူက ရင်တုန်နေဆဲဖြစ်ပြီး ထန်ချွန်းမင်နောက်သို့လိုက်သွားရင်း ရင်ဘတ်ကိုပုတ်လိုက်လေသည်။

 



ကျန်းရှို့က ထန်ချွန်းမင်နောက်ကို လိုက်သွားခဲ့သည်။ ထန်ချွန်းမင်က ဘာကြောင့် သူ့ကို အထဲခေါ်သွင်းလာသည်ကို မသိသော်လည်း ဤကိစ္စက ထိုမျှလောက်မရိုးရှင်းမှန်းသိသည်။ မူဖန်ထန်က ကျင်းကျိလိုပဲ စားသောက်ဆိုင်တစ်ခုဖြစ်လိမ့်မည်။ တုံးအနေရင်တောင် ဒါဘာကိုဆိုလိုလဲ သိနိုင်လေသည်။

 

လီတာရှန်က ​နောက်မှာ နေရစ်ခဲ့သည်။ လီဖုန်း လူလွှတ်ပေးလိုက်သည်ကို တွေ့သောအခါ သူက ထိုနေရာကို လျှောက်သွားခဲ့ပြီး လီဖုန်း၏ပခုံးကို ပုတ်လိုက်သည်။ ယနေ့ဖြစ်ရပ်က လီဖုန်းကို သတိပေးလိုက်သလိုပင်။ ဖုန်းရှောင်ကျစ်က ရာထူးမြင့်အရာရှိဖြစ်ပေမယ့် ငတုံးကြီးတစ်ယောက်သာဖြစ်မည်။ တာရှန်က အရမ်းပျော်နေပြီး “မင်း ဘာဆက်လုပ်မှာလဲ? သူတို့ကဒီကိုရောက်နေပြီ။ နောင်မှာ တခြားလူတွေလည်းရှိလာလိမ့်မယ်။ မင်ကောအာက အရင်ကနဲ့မတူတော့ဘူး။” မင်ကောအာက ယခုချိန်တွင် ကောင်းမွန်သောဘဝမှာ နေထိုင်နေပြီး သူတို့ရွာအပါအဝင် လူအများအပြားက သူ့ကိုအာရုံစိုက်နေသော်လည်း ရှန်းဖူလန်က သူတို့ကို စကားလုံးနည်းနည်းဖြင့် ငြင်းဆိုခဲ့သည်။

 

မင်ကောအာကို လိုချင်သူများသည်။ အထူးသဖြင့် ထိုလူတွေက စွမ်းဆောင်ရည်မရှိပဲ မင်ကောအာ၏ စည်းစိမ်ဥစ္စာကို မက်မောနေခြင်းဖြစ်သည်။ လူအများစုက သူ့ကို ချဥ်းကပ်ချင်ပေမယ့် လီဖုန်းက သူတို့ကို ခြောက်လှန့်ပစ်ခဲ့သည်။ သို့သော် သူနှင့် ကျန်းရှို့က မင်ကောအာ စိတ်မဆိုးစေရန် ထိုအကြောင်းအရာများကို မပြောပြခဲ့ပေ။

 

လီဖုန်းက တာရှန်ကိုပြန်ကြည့်ကာ ဘာမှမပြောခဲ့ပေ။ တာရှန်က သူ၏ဆိုလိုရင်းကိုနားမလည်ပဲ ရှုပ်ထွေးသွားခဲ့သည်။ သူက ခေါင်းကုတ်ကာ လှည်းဆီသို့ လျှောက်သွားနေသော လီဖုန်းကို ကြည့်နေခဲ့သည်။ မြင်းက ထိုနေရာမှာ ပိုင်ရှင်ကို ငြိမ်ငြိမ်လေးစောင့်နေသည်။ ပိုင်ရှင်ရောက်လာမှ ခေါင်းကိုထုတ်ပြီး ပိုင်ရှင်ကို လှောင်ပြောင်နေသလို အော်ဟစ်နေ၏။ 

 

လီဖုန်းက လျစ်လျူရှုပြီး ​နောက်ဘက်ရှိ လှည်းဆီကိုသွားကာ တချို့ပစ္စည်းများကို ချလိုက်သည်။ တာရှန်က သူ့ကိုကြည့်ကာ ရယ်​မောနေ၏။ လီဖုန်းက မင်ကောအာကို တကယ်သဘောကျ​နေပုံရပြီး စိတ်ပြောင်းမှာမဟုတ်ပေ။

 

လီဖုန်းက အပင်တချို့ကိုထမ်းပြီး အဝတ်ထုတ်ကိုကိုင်ကာ နောက်ပြန်လှည့်ပြီး ထန်ချွန်းမင်၏အိမ်ထဲရောက်လာခဲ့သည်။ စိတ်လှုပ်ရှားစရာကို စောင့်ကြည့်နေသော ရွာသားများမှာ ထန်ချွန်းမင်၏အိမ်ထဲသို့ တစ်လှမ်းမှမရပ်ပဲ လျှောက်သွားသည့် လီဖုန်းကိုကြည့်နေသည်။ တာရှန်က ရွာသားများ၏မျက်နှာပေါ်က အမူအရာကိုကြည့်လို​က်သည်။ သူတို့က တီးတိုးပြောဆိုနေကာ လီဖုန်း၏ပုံစံကိုကြည့်နေပြီး ထိုသို့လုပ်ခြင်းဖြင့် လီဖုန်းဒေါသထွ​က်မှာကို မစိုးရိမ်ပေ။ မင်ကောအာက လက်မခံသေးတာကြောင့် တာရှန်က စိုးရိမ်တကြီးဖြင့် သူ့နောက်အမြန်လိုက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့ကောကလည်း အထဲမှာရှိ​နေတာမို့ သူဟာ အတင်းအဖျင်းကို ရင်ဆိုင်ရမှာမဟုတ်ပေ။

 

ထန်ချွန်းမင်က သူ့နဖူးသူပွတ်လိုက်သည်။ ဒါဘယ်လိုနေ့မျိုးလဲ? အားလုံးက မူမမှန်ပေ။

 

လီဖုန်းက ထန်ချွန်းမင်ကို မျက်နှာတည်ဖြင့် ပြောလိုက်သည်။ “ဒါတွေက တင်းကျိုးခရိုင်က ချယ်ရီပင်တွေ။ ဒီအိတ်ထဲမှာ သာမန်မဟုတ်တဲ့ အစေ့တွေပါတယ်။” 



သူ့မျက်နှာမှာ အပြုံးမရှိသော်လည်း သူက ထန်ချွန်းမင်ကို မျက်လုံး​ထောင့်မှ ချောင်းကြည့်နေသည်။ သူ အရင်တည်းကစိတ်ဝင်စားပေမယ့် ယခုချိန်မှာတော့ စိတ်ပိုင်းဖြတ်ထားသည်။ သူက အနှီကောကို တခြားမိသားစုထဲ ဝင်ခွင့်ပေးမှာမဟုတ်ပေ။ သူ လီဖုန်းမိသားစုကိုပဲ ဝင်ရောက်လာရမည်။ ဘယ်လိုတစ္ဆေသရဲမျိုးနှင့် မကောင်းဆိုးဝါးဖြစ်ဖြစ် သူတို့မောင်းထုတ်ခံရမည်ဖြစ်သည်။

  

“ငါ တင်းကျိုးခရိုင်က ယွိမုကို ဒါတွေခူးပေးဖို့စာပို့ခဲ့တာ။” မင်ကောအာက သူ့ကို ကြည်လင်သောမျက်လုံးများဖြင့် ကြည့်နေသည်။ လီဖုန်းက နောက်တစ်ကြောင်းထပ်မပြောပဲ မနေနိုင်ခဲ့ချေ။

 

ပြောပြီးသည်နှင့် သူက သူ့ပါးစပ်ကိုပင် ပြန်ရိုက်ချင်လာသည်။ ဘာလို့အဲ့လောက်စကားများရတာလဲ? ထိုရှင်းပြချက်ကြောင့် မင်ကောအာ၏မျက်လုံးများ ​တောက်ပလာ​လေသည်။ သူသာကြိုသိမယ်ဆိုလျှင် သူ ထိုကောင်ယွိမုကို လုပ်ခိုင်းခဲ့မှာမဟုတ်ပေ။

  

“အင်းပါ…. ကျွန်တော့်ကိုယ်စား ယွိမုကို ကျေးဇူးတင်တယ်ပြောပေးပါ။” ထန်ချွန်းမင်က ပျော်နေသည်။ အိမ်ထဲမှာ ဘယ်လိုအစေ့မျိုးရှိလဲ မသိပေမယ့် ဤချယ်ရီပင်အနည်းငယ်က သူ့ကို ပျော်ရွှင်စေသည်။ လီဖုန်းကလည်း တွေးနေခဲ့သည်။ သူ ဒါတွေခူးဖို့ ယွိမုကို ဘာလို့စာပို့ခဲ့မိတာလဲ?

   



“မလိုပါဘူး။” လီဖုန်းက ခြောက်ကပ်ကပ်ဖြေလိုက်သည်။ ထန်ချွန်းမင်က ရယ်မောကာ မျက်စောင်းထိုးလိုက်သည်။ အနှီလူက သူရယ်မောလေ နေရခက်ပြီး ရှက်သွေးဖြာလေဖြစ်သည်။