Chapter 24
ယောလ်တစ်ယောက် သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသော မှတ်ဉာဏ်များသည် သူ့ဟာ မဟုတ်ဘဲ သူ့စိတ်ထဲတွင် သူ့ဘာသာသူ ဝတ္ထုတစ်ပုဒ်ကို အလျင်စလိုရေးနေခြင်းသာ ဖြစ်ပါစေဟု စိတ်အားထက်သန်စွာ ဆုတောင်းနေမိသည်။
"မင်းရဲ့ ကြိုးချည်ထားတဲ့ လက်ကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြံနေတာလား”
"ဟင့်အင်း မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး"
ကျောရိုး၏တုန်ပြန့်မှုကဲ့သို့သော အလျင်ဖြင့် ထွက်လာသောအဖြေကြောင့် ရှက်ရန်ပင် အချိန်မရခဲ့ပေ။ မိုက်ကီရယ်သည် သူ့လက်ကို ဖြတ်ပစ်လိုက်မည်ကို ကြောက်ရွံ့စွာဖြင့် ယောလ်သည် သူ၏ခေါင်းလေးကို လျင်မြန်စွာ ခါလိုက်သည်။
"ကျ-ကျွန်တော် သောက်ပြီးတော့ စိတ်ခဏလွတ်သွားတယ်ထင်တယ်၊ ကျွန်တော်က အဲလိုပဲ သောက်လိုက်ရင် မူးမူးနဲ့လျှောက်ပြောတော့တာ"
သူပေးနိုင်သော တစ်ခုတည်းသောဆင်ခြေမှာ အရက် ဖြစ်သည်။ ထိုစကားများသည် ဆင်ခြေများဖြစ်သော်လည်း အမှန်ပင်ဖြစ်သည်။အကယ်၍ သူသာ အရက်မသောက်ခဲ့ပါက မိုက်ကီရယ်ရှေ့တွင်ထိုကဲ့သို့ ရူးကြောင်ကြောင် စကားမျိုးကို ပြောထွက်မည်မဟုတ်ချေ။
ထိုအကြောင်းကို သူ သေသည်အထိ လျှို့ဝှက်ထားသင့်သော်လည်း အရက်သောက်မိပြီး ဖွင့်ပြောလိုက်မိသည်။ ၎င်းမှာအရက်၏ အပြစ်ပင်။
"ယူရီ၊ မင်း ငါ့ကို အယုံလွယ်တယ်လို့ ထင်နေပုံရတယ်"
"အိုး၊ မဟုတ်ပါဘူး"
ဘယ်တော့မှပဲ၊ သေတောင်မထင်ဘူး။
ယောလ်သည် သူ၏ခေါင်းကို အတတ်နိုင်ဆုံး ပြင်းပြင်းထန်ထန်ခါလိုက်၏။ မိုက်ကီရယ် မည်မျှ ရူးသွပ်ကြောင်း သူ အသိဆုံးဖြစ်သည်။ သူသည် သူ၏ ရူးသွပ်မှုများ အားလုံးကို စာအုပ်ထဲတွင်ဖတ်ခဲ့ရသော စာဖတ်သူတစ်ယောက်ပင် မဟုတ်ပါလား၊ ဘာ့ကြောင့် လွယ်မည်ဟု ထင်မည်နည်း။
"ဒီလောက်လေးနဲ့ ငါ့ကို လိမ်လို့ရမယ်များ ထင်နေတာလား"
သူ့အသံသည် ရေခဲဆူးချွန်တစ်ချောင်းကဲ့သို့ အေးစက်စူးရှနေသည်။
ယောလ်တစ်ယောက် တံတွေးကို ခြောက်ကပ်စွာ မြိုချလိုက်မိသည်။ ယခုအခြေအနေကို သူ ပြန်ပြင်ဆင်ရပေမည်၊၊ သို့သော်သူ၏စိတ်သည် ဗလာဖြစ်နေကာ ဘာမျှ မသိတော့ပေ။ အရေးပေါ် အခြေအနေ ပေါ်လာလျှင် ကောင်းစွာ အလုပ်လုပ်တတ်သော သူ့ဦးနှောက်သည် အလှဆင်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သွားသည်မှာ အံ့ဩဖွယ်ရာပင်။
"မဖြေနိုင်ဘူးဆိုရင် ပိုလွယ်တာ မေးမယ်"
ထိုအေးစက်သော စကားများကြောင့် မျက်ရည်များ ပြည့်နှက်နေသော မျက်နှာဖြင့် ယောလ်သည် မိုက်ကီရယ်ကို မော့ကြည့်လိုက်၏။ သူ မည်ကဲ့သို့မေးခွန်းမျိုး မေးမည်ကို မသိသော်လည်း လွယ်လွယ်ကူကူ အဖြေပေးနိုင်မည် မဟုတ်ဟုခံစားနေရ၏။
သူသည် ယောလ်အား အရာအားလုံးကို မီးရှို့ပစ်တော့မည့်တောက်လောင်နေသောမီးကဲ့သို့ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူတို့၏ အကြည့်များ လေထဲတွင် ရှုပ်ထွေးစွာ ဆုံမိကြသည်။
"အစကတည်းက..."
"..."
"မင်း ငါ့ဆီကနေ ထွက်ပြေးဖို့ ကြံနေတာလား"
သူ၏ စကားလုံးများတွင် သစ္စာဖောက်ခံရမှု အရိပ်ယောင်များပါနေသဖြင့် ယောလ်၏ ပါးစပ်သေးသေးလေးမှာ တဆတ်ဆတ်တုန်ယင်သွားသည်။ တစ်ခုခု ပြောသင့်သည်ဟု သူ တွေးလိုက်သော်လည်း မည်သည့်အရာမျှ ထွက်မလာပေ။ သူ၏ လက်တစ်ဆစ်အရွယ် ပါးစပ်လေးသည် အကြိမ်ကြိမ် ပွင့်လိုက်ပိတ်လိုက် ဖြစ်နေတော့သည်။
"ဖြေလေ ယူရီ"
၎င်းမှာ အေးစက်သော အသံပင်ဖြစ်သည်။ သို့သော် ထိုအသံထဲရှိ စိတ်ခံစားချက်မှာ ဒေါသသက်သက်ပင် မဟုတ်ချေ။ အေးစက်သောဒေါသနှင့် သစ္စာဖောက်ခံရမှုကြားတွင် အခြားသော ခံစားချက်တစ်ခုလည်း ပါလာခဲ့သည်။
ထိုခံစားချက်၏ အဓိပ္ပာယ်အတိအကျကို မသိပေ။ မိုက်ကီရယ် ကိုယ်တိုင်ပင် မသိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။‘သွေးနီရောင် ထောင်' ဝတ္ထုထဲတွင် သူသည် သူ၏ကိုယ်ပိုင်ခံစားချက်များကို အသိအမှတ်ပြုရာတွင် နှေးကွေးသောဇာတ်ကောင်တစ်ဦး ဖြစ်သည်။
ထိုအချက်ကို သိလိုက်ရသောအချိန်တွင် ယောလ်တစ်ယောက် အသိပြန်ဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် သူ့ထံမှထွက်လာသော လေအေးများကြောင့် ခဲနေခဲ့သော်လည်းချက်ချင်းပင် အရည်ပျော်သွားသလိုပင်။ တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်သေးသေးလေးမှ သူ့စိတ်ထဲတွင် ပေါ်လာသောစကားများကို စတင် ပြောဆိုလာတော့သည်။
"ကျ-ကျွန်တော် မှားပါတယ် မှားသွားပါတယ် ဒါပေမဲ့ ဒေါသမထွက်ဘဲ ကျွန်တော်ပြောတာလေး အရင် နားထောင်ပေးပါဦးနော်၊ ပထမဆုံးအနေနဲ့ ဘာပဲဖြစ်ဖြစ် အရုပ်ကို ကြိုးတုပ်ပြီး ဘယ်လိုများ အရင် ဒေါသထွက်နိုင်ရက်တာလဲဗျာ”
သူ အသက်ပင် မရှူဘဲ အလျင်အမြန် ပြောလာသောအခါ မိုက်ကီရယ်၏ အေးစက်သော မျက်လုံးများသည် အနည်းငယ် နူးညံ့လာခဲ့သည်။ အတိအကျ ပြောရလျှင် ရုတ်တရက် ပေါ်ထွက်လာသော ရူးကြောင်ကြောင် စကားများက ဒေါသကို ဖိနှိပ်သွားခဲ့သည်။
"ပထမဆုံးအနေနဲ့၊ ကျွန်တော့်မှာလည်း ကိုယ်ပိုင်ခန္ဓာကိုယ်ဆိုတာ ရှိနေတာပဲ မဟုတ်လားဗျာ၊ ကျွန်တော့်ခန္ဓာကိုယ်က တစ်နေရာရာမှာ ပုပ်ပွနေပြီဆိုရင် ဘယ်လိုလုပ်မလဲ ပြီးတော့ ပြောပြီးသားပါ ကျွန်တော်က ကျွန်တစ်ယောက်လေ၊ ကျွန်တစ်ယောက် ရုတ်တရက် ပျောက်သွားရင် သခင်က လွှတ်ပေးမှာမဟုတ်ဘူး ဒါကြောင့် ကျွန်တော်က ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို ရှာဖို့ ကြိုးစားနေရုံပါ မိုက်ကီရယ်ကို မကြိုက်လို့ မဟုတ်ပါဘူး၊ ဒါကလက်တွေ့ အခြေအနေနဲ့ ဘာမှ မသက်ဆိုင်ဘူး ကျွန်တော် မိုက်ကီရယ်ကို ကြိုက်တယ်၊ လပ်ကီး ကိုလည်း ကြိုက်တယ် အရာအားလုံးကိုလည်း ကြိုက်ပါတယ်၊ ဒါပေမဲ့ ဖြေရှင်းဖို့ လိုအပ်တာကိုတော့ ကျွန်တော် လုပ်ရမှာပဲလေ မဟုတ်ဘူးလား"
ငိုယိုနေရင်း ယောလ်တစ်ယောက် ပြောသင့်သည်ကို ပြောလိုက်သည်။ ၎င်းမှာ ရူးကြောင်ကြောင် စကားဖြစ်သော်လည်း ယောလ်၏ ဖုံးကွယ်မထားသော ခံစားချက်များကို ကောင်းစွာ ဖော်ပြခဲ့သည်။
ထိုသို့ ယောလ်ကို ကြည့်ကာ မိုက်ကီရယ်ပင် အံ့ဩမှင်တက်နေတော့သည်။
ချက်ချင်းပင် ငိုတော့မလို မျက်နှာထားဖြင့် မီးစ တစ်ခုကဲ့သို့လျင်မြန်စွာ ပြောနေသော ယောလ်ကို သူ ကြည့်လိုက်သောအချိန်တွင် သူလုပ်နေသည်များမှာ အနည်းငယ်ထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။
သူ့လက်ဖဝါး အရွယ်အစားလောက်ပင် မရှိသော ထိုသေးငယ်သည့် အရုပ်ကလေးကို ကြည့်လျက်…
"ဒါပေမဲ့ ယူရီ မင်းက မင်းရဲ့ ကိုယ်ခန္ဓာကို ရှာမယ်လို့ ပြောခဲ့တာမဟုတ်ဘူးနော်၊ မင်း ထွက်ပြေးကြမယ်လို့ ပြောခဲ့တာ"
ဟုတ်ပြီ။ ယောလ်တွင် လက်တွေ့ကျသော အခြေအနေတစ်ခု ရှိပြီး သူ့ကိုယ်ခန္ဓာကို ရှာရမည်ဟု ပြောသည်မှာ မှန်နေလျှင်ပင်ယောလ် မနေ့ကပြောသောစကားမှာ ထိုကဲ့သို့မဟုတ်ပေ။
အကယ်၍ သူသာ ဤဇာတ်လမ်းကို ယခင်ကတည်းက ပြောပြခဲ့ပါလျှင် သစ္စာဖောက်ခံရသည်ဟု သူ ခံစားရမည် မဟုတ်ချေ။သို့သော် ယောလ်က မပြောခဲ့ပေ။
မိုက်ကီရယ်၏ စကားများကြောင့် ယောလ်တစ်ယောက် ပြောစရာစကားလုံးများ မဲ့သွားသကဲ့သို့ ခေတ္တ ရပ်တန့်သွားသည်။ထို့နောက် သက်ပြင်းချလိုက်သည်။
"အာ အဲဒါက မိုက်ကီရယ်သာ လယ်ဗီ နဲ့ ချစ်မိသွားခဲ့ရင်အသိစိတ်လွတ်"
"ချစ်မိသွားတယ် ဟုတ်လား၊ ဘယ်သူနဲ့"
ခေတ္တမျှ အသက်ရှူရပ်သွားပြီးနောက် မိုက်ကီရယ်သည် ယောလ်၏ စကားများကြောင့် အံ့ဩမှင်တက်စွာ မေးလိုက်၏။ သူသည် "အသိစိတ်လွတ်" ဟူသော စကားကို နားမလည်သော်လည်း ၎င်းမှာ နောက်ဆက်တွဲ ပြဿနာသာ ဖြစ်သည်။
"လယ်ဗီလား၊ ငါက လယ်ဗီကို ချစ်မိသွားမယ်တဲ့လား"
"ဟုတ်တယ်"
မိုက်ကီရယ်၏ တုန်လှုပ်သွားပုံရသော တုံ့ပြန်မှုကြောင့် ယောလ်သည် ထစ်ထစ်အအ ဖြစ်နေသော်လည်း ခိုင်မာစွာ ဖြေကြားလိုက်၏။ထို့နောက် မိုက်ကီရယ်သည် ရုတ်တရက် ရယ်မောလိုက်တော့သည်။
ယောလ်တစ်ယောက် ထိုလူ ဘာကြောင့် ရယ်သည်ကို နားမလည်နိုင်ပေ။ မိုက်ကီရယ်သည်လည်း ယောလ် ဘာကြောင့် ထိုသို့ပြောသည်ကို နားမလည်နိုင်ပေ။
"မင်း ဘာလို့ ငါ လယ်ဗီ ကို ကြိုက်မယ်လို့ ထင်နေတာလဲ၊ အခုမှစဉ်းစားမိတယ် မနေ့က ငါနဲ့ လယ်ဗီ နဲ့ ပတ်သက်တဲ့ တစ်ခုခုကို'ဖတ်' ခဲ့တယ်လို့ မင်း ပြောခဲ့တယ် မလား"
ထို မှန်လွန်းသောအချက်ကြောင့် ယောလ်တစ်ယောက် အသက်အောင့်လိုက်မိသည်။ ဖြစ်လာမည့်အရာမှာ ဖြစ်လာခဲ့ချေပြီ။ ယခုအချိန်တွင် ဤအရာသည် စိတ်ကူးယဉ် ကမ္ဘာကြီးတစ်ခုဟုသာ ပြောရတော့မည်။
သို့သော်ငြား သူ ထိုကဲ့သို့ ပြောလျှင် အမှန်တကယ် အဆင်ပြေမည်လား။ မိုက်ကီရယ် အံ့အားသင့်ပြီး ဂေါက်သွားခဲ့လျှင် မည်ကဲ့သို့ လုပ်ရမည်နည်း။
မိုက်ကီရယ်သည် ယောလ် တစ်စုံတစ်ရာ စိတ်ပူနေသည်ကိုချက်ချင်း သတိထားမိလိုက်သည်။ ထိုခေါင်းသေးသေးလေးဖြင့် မည်သည့်အကြောင်းအရာများ တွေးနေသည်ကို သူ အတိအကျမသိသော်လည်း အမှန်တရားကို ပြောသင့်၊ မပြောသင့်ကြောင်းစဉ်းစားနေသည်ကိုမူ ပြောနိုင်၏။
မိုက်ကီရယ်သည် ယောလ်ကို ဆွဲမလိုက်သည်။ သူ့လက်များကိုချည်နှောင်ထားသော သံကြိုးများသည် တကျွီကျွီ မြည်ကာ ခါးသီးစွာ ငိုကြွေးနေပုံရသည်။
"ပြော၊ မင်းရဲ့ ခန္ဓာကိုယ်လေးကို အစိတ်စိတ် အမွှာမွှာ မဆုတ်ဖြဲခင်"
"ဟုတ်!"
ယောလ်တစ်ယောက် ကြောက်မက်ဖွယ်ကောင်းသော သတိပေးချက်ကို လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
ကောင်းပြီ၊ မိုက်ကီရယ် သူ့စကားများကြောင့် ရူးသွားခဲ့သည်ဆိုလျှင်ပင် ၎င်းမှာ နောက်မှ ဖြေရှင်းရမည့် ပြဿနာပင်။ သူ့ကိုယ်ခန္ဓာ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရမည့် လက်ရှိအခြေအနေကို ရှောင်ရှားရန်မှာ ပို၍ အရေးကြီးသည်။ ခဏတာ စဉ်းစားပြီးနောက် ယောလ်သည် သူ့ပါးစပ်ကို ဖွင့်လိုက်၏။
***
“...”
အခန်းတစ်ဝိုက်တွင် လေးလံသော တိတ်ဆိတ်မှုကြီး လွှမ်းခြုံနေခဲ့သည်။ ယောလ်၏ ရှည်လျားသော စကားများ ဆုံးပြီးနောက်တွင် မိုက်ကီရယ်သည် အချိန်အတော်ကြာ ဘာမျှ မပြောဘဲ ရှိနေသည်။
ယောလ်သည် ဤကမ္ဘာမှာ အမှန်တိုင်းပြောရလျှင် "သွေးနီရောင် ထောင်" ဟူသည့် ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်း၊ မိုက်ကီရယ်သည် လယ်ဗီနှင့် ချစ်မိသွားပြီး သူ့အပေါ် စွဲလမ်းသွားကာ ဆိုးသွမ်းသွားကြောင်း ပြောပြခဲ့သည်။
သူ၏စကားများကို ရပ်တန့်ခိုင်းကာ အဓိပ္ပာယ်မရှိသောစကားများ မပြောရန် မိုက်ကီရယ် ပြောလာမည်ဟု ယောလ် မျှော်လင့်ထားသော်လည်း မိုက်ကီရယ်သည် ယောလ်၏ စကားများကိုတိတ်ဆိတ်စွာသာ နားထောင်နေခဲ့၏။ ယောလ် စကားပြောပြီးသောအခါတွင်ပင် သူ ဘာမျှ မပြောခဲ့။
"မိုက်- မိုက်ကီရယ်”
မူလတွင် ပြပွဲများ၌ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အခိုက်အတန့်မှာ ဆူညံသံများ မထွက်ပေါ်လာခင်တိတ်ဆိတ်နေသော အချိန်ပင် ဖြစ်သည်။ ယခုသည်လည်း ထိုကဲ့သို့ပင်ဖြစ်နေသည်။
မိုက်ကီရယ်သည် သူ့စကားများကို တိတ်ဆိတ်စွာ နားထောင်နေကြောင်း ယောလ် ကောင်းစွာ သိသည်။ သူ ဘာမျှ မတွေးမိတော့ပေ။ မုန်တိုင်းကြီး တစ်ခု ရောက်လာတော့မည်။ ယောလ်သည် မျက်လုံးဝိုင်းဝိုင်းများဖြင့် သူ့ကို ကြည့်လိုက်၏။
"ဒါဆို မင်း ပြောတာက ဝေဒီဖီယာ ဧကရာဇ်နိုင်ငံက စိတ်ကူးယဉ် ကမ္ဘာတစ်ခုဖြစ်ပြီး ငါကလည်း ဝတ္ထုထဲက ဇာတ်ကောင်တစ်ဦးပေါ့"
"ဟု-ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါတွေက တကယ်ပဲ အရေးကြီးလို့လား၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ကြိုးစားကြမယ်ဆိုရင် ဘဝရဲ့အဓိပ္ပာယ်က ကိုယ်စီပိုင်ဆိုင်ကြတာပဲလို့ ကျွန်တော်ထင်တယ်"
သူသည် တက္ကသိုလ်ကျောင်းသားဘဝတွင် တင်ပြမှုများ ပြုလုပ်စဉ် ပါမောက္ခ၏ စူးရှသော မေးခွန်းများကို အလိုအလျောက် ဖြေဆိုခဲ့သော အတွေ့အကြုံများ ရရှိခဲ့၍ပင် ယခုအကြိမ်လည်း ထိုကဲ့သို့ဖြစ်သည်။ သို့သော် ကောင်းသော အရာတော့ မဟုတ်ချေ။
ယောလ် လျစ်လျူရှုထားသော အရာတစ်ခု ရှိသည်။ ၎င်းမှာတက္ကသိုလ်ကျောင်းသားဘဝတွင် သူ့၏ သတ္တိရှိသော ပြောဆိုမှုကြောင့် ဘွဲ့ရကျောင်းသားတစ်ဦး ဖြစ်လာခဲ့ပြီးနောက်တွင် ထိုပါးစပ်မျိုးကို သူ ဆုံးရှုံးခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယောလ်သည် သာမာန်အားဖြင့် ကိုယ့်ဒုက္ခကိုယ်ဖန်တီးတတ်သော ဘေးကပ်ဆိုးအမျိုးအစားပင်ဖြစ်သည်။
မထင်မှတ်စွာပင် မိုက်ကီရယ်၏ မျက်လုံးနီနီများသည်အဝေးသို့ ငေးမောနေခဲ့သည်။ အတွေးထဲတွင် နစ်မြောနေသကဲ့သို့ ယောလ်ထံ ရွေ့လျားလာခဲ့၏။
"ဒါဆို... သူ မထွက်ပြေးနိုင်အောင် လယ်ဗီ ရဲ့ ခြေချင်းဝတ်ကို ငါချိုးလိုက်တယ်ပေါ့"
"ဟုတ်တယ် ဟုတ်တယ် အဲလို"
"ဟင် ဘာလို့လဲ"
ဘာလို့လဲဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲလို့။
ယောလ်တစ်ယောက် သူ၏ မပြောနိုင်သော စကားများကို မြိုချလိုက်ကာ မသက်မသာ ပြုံးပြလိုက်သည်။ သို့သော် မိုက်ကီရယ်၏ နောက်ထပ်စကားများကြောင့် ယောလ်၏ မျက်နှာတွင်အံ့ဩမှုဖြင့် ရောင်စုံစွန်းထင်းသွားတော့၏။
"ဖြတ်သင့်တာပေါ့၊ မချိုးသင့်ဘူး ချိုးလိုက်ရင် သူ့အရိုးတွေကမြန်မြန် ပြန်ကောင်းသွားမှာလေ ငါသိပ် နားမလည်တော့ဘူး"
ရား ရား ဒီစောက်ရူးကောင် အခု ဘာတွေ ပြောနေတာလဲ။
ယောလ်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် မိုက်ကီရယ်၏တည်ငြိမ်သော မျက်နှာကို ကြည့်လိုက်၏။ သူ၏မျက်လုံးနီနီများသည် ယောလ်၏ ဖောင်းကြွနေသော ခြေထောက်များထံသို့လှည့်လည်လာခဲ့သည်။
"ဒါပေမဲ့ ခြေကျင်းဝတ်ကို ဖြတ်လိုက်ရင်တောင် ပြန်ချုပ်လို့ရတာပဲ၊ ဒါဆို ငါ တခြားနည်းလမ်း ရှာရတော့မှာပေါ့”