Chapter 19 ( End )
Viewers 2k

တစ်ပတ်အကြာ။ 


ငါ အကြာကြီး ဈေးဝယ်နေခဲ့တယ်။


ဘီလီယံတစ်ရာ ရခဲ့ပေမယ့် ရှန်‌မော့ကို နေ့တိုင်း သတိရနေတုန်းပဲ။ 


ရှန်မော့ကို ပိုပြီးသတိရလာလေလေ၊ ငါနှလုံးသားကိုလည်း ငါ သိလာလေလေပဲ။ 


ရည်ရွယ်ချက်ကို ပြီးမြောက်ဖို့ လိုအပ်တာကြောင့်တင် မဟုတ်ဘဲ မသိစိတ်ကနေ ရှန်မော့ကို ချစ်မိနေခဲ့တာ။


အဲဒီအချိန်မှာ ကုန်တိုက်တစ်ခုမှာ စစ်ရန်ရဲ့ ဧရာမပိုစတာကြီးတစ်ခု ချိတ်ဆွဲထားတာကို ငါ တွေ့လိုက်ရတယ်။ 


မနေနိုင်ဘဲ ငါ ရပ်လိုက်မိတယ်။


ငါ့အကြည့်က စစ်ရန်ပေါ်မှာ စွဲမြဲနေတယ်။ 


လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ငါ Idol စစ်ရန်ကို စလိုက်ခဲ့တာ။ ဒါပေမယ့် ဒီနှစ်နှစ်အတွင်း စစ်ရန်က နိုင်ငံခြားမှာ ပညာသင်နေပြီး သူ့မျက်နှာကို မပြလာဘူး။


ဒါကြောင့် ငါ အွန်လိုင်းကနေ သူ့ရဲ့ ပုံအဟောင်းတချို့ကိုပဲ ရှာဖွေနိုင်ခဲ့တယ်။ 


ရှန်မော့နဲ့ စစ်ရန်က အရမ်းဆင်တယ်။ 


ထူးဆန်းတဲ့အတွေးတစ်ခု ငါ့စိတ်ထဲ ဖြတ်ပြေးသွားတယ်။ 


ရှန်မော့က... 


ငါ မြန်မြန်ပဲ ခေါင်းခါလိုက်တယ်။


ကိုယ့်ဘာသာကိုယ် လှောင်ပြောင်ရယ်မောလိုက်တယ်။ 


ဒီလိုထူးဆန်းတဲ့အတွေးမျိုး ဘယ်လိုလုပ် စဉ်းစားနိုင်မှာလဲ။ 


စစ်ရန်က ဘယ်လိုလုပ် ဂိမ်းထဲဝင်ပြီး ခြောက်ခြားစရာ Final Boss ဖြစ်လာနိုင်မှာလဲ။ ပြီးတော့ ဘယ်လိုလုပ် ငါ့ကို ချစ်မိသွားမှာလဲ။


ငါ ထွက်သွားတော့မလို့ လုပ်တုန်း ကားတစ်စီး ငါ့ရှေ့မှာ ရပ်လိုက်တယ်။ 


ကားထဲက လူတစ်ယောက် ဆင်းလာတယ်။ 


သူက ဝတ်စုံပြည့်ဝတ်ထားပြီး သူ့မျက်နှာမှာ မျက်နှာဖုံးတပ်ထားတယ်။


နှာခေါင်းပေါ်မှာ နေကာမျက်မှန် တပ်ထားတယ်။ 


ဒါပေမယ့် အားလုံးရဲ့ အာရုံစိုက်မှုကို အဆွဲဆောင်နိုင်ဆုံးကတော့ သူ့ရဲ့ ငွေဖြူရောင်ဆံပင်ပဲ။ 


သူ့ဆီက သံပရာနံ့ သဲ့သဲ့လေး ထွက်နေတာကြောင့် ငါ့နှလုံးခုန်နှုန်း မြန်လာတယ်။ 


နောက်တစ်စက္ကန့်မှာ သူက နေကာမျက်မှန်နဲ့ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်၊ ပြေပြစ်တဲ့မျက်နှာလေး ပေါ်လာတယ်။ 


သူ့နှုတ်ခမ်းထောင့်စွန်းတွေမှာ အပြုံးတစ်ခု ရှိနေပြီး ညင်သာစွာ ပြောလိုက်တယ်။


"ကုယန်ယွီ၊ ငါတို့ ပြန်ဆုံပြီ"


"မင်း... မင်းက..." 


သူက ညင်သာစွာ သူ့ကိုယ်သူ မိတ်ဆက်တယ်။ 


"ကိုယ့်ကိုယ်ကိုယ် ပြန်မိတ်ဆက်ပါရစေ၊ ငါ့ နာမည်က စစ်ရန်... ပြီးတော့... ရှန်မော့ပါ... ကုယန်ယွီ၊ ငါ မင်းကို ချစ်တယ်၊ ငါ မင်းကို လိုက်ခွင့်ရမလား" 


ငါ မထိန်းနိုင်တော့ဘူး။ 


ငါ သူ့ဆီ ပြေးသွားပြီး သူ့ခါးကို တင်းတင်းဖက်လိုက်တယ်။ 


"လိုက်ဖို့မလိုဘူး၊ ဘာလို့လဲဆိုတော့ ငါလည်း မင်းကို ချစ်လို့ပဲ"


---