Chapter 13
Viewers 2k

သူပြုံးပြီး ပြောလာတယ်။ 


"မပင်ပန်းပါဘူး...ဆက်လုပ်လေ"


သေချာပေါက် ရွဲ့တာပဲ! ငါ ပြောနိုင်တယ်!


ငါ့ နှလုံးခုန်သံ ပိုလို့တောင် မြန်လာတယ်။ 


ဒါက ခြောက်ခြားစရာဂိမ်းရဲ့ Final Boss ပဲ...


ငါ သူ့ကို ချည်ထားပြီး အတင်းအကြပ် ချစ်ခိုင်းဖို့ ကြံစည်ခဲ့တာ! 


သူ ခြောက်ခြားစရာ Boss အဖြစ် ပြောင်းသွားတာနဲ့ ငါ့ကို သေချာပေါက် အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်။


ငါ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်တယ်။


ခေါင်းကို ဖုံးအုပ်ပြီး မျက်လုံးမှိတ်လိုက်တယ်။


"ငါ အရမ်းပင်ပန်းတယ်၊ ခေါင်းလည်း ကိုက်တယ်" 


ဒါပေမယ့် မျက်လုံးမှိတ်ထားရင်တောင် ငါ့ကို စိုက်ကြည့်နေတဲ့ ပူလောင်တဲ့အကြည့်ကို ခံစားနေရတုန်းပဲ။ 


ဘာပဲဖြစ်ဖြစ် သူငါ့ကို သတ်တော့မယ်ဆိုရင်တောင် အိပ်ပျော်နေတုန်းပဲ ဖြစ်ပါစေ။ 


အဲဒါဆို မနာတော့ဘူး! 


ငါ အရမ်း ရဲရဲတင်းတင်း ဖြစ်နေတာလား.... ဒါမှမဟုတ် တကယ်ပဲ အရက်ရဲ့ လွှမ်းမိုးမှုအောက်မှာလားတော့ မသိတော့ဘူး 


ဒါပေမယ့် မကြာခင်မှာပဲ ငါ တကယ်ပဲ အိပ်ပျော်သွားတယ်။


နောက်နေ့မနက်မှာ ငါ နိုးလာတော့။


ငါ့လည်ပင်းကို မြန်မြန်စမ်းလိုက်တယ်။


ငါ့ခေါင်းက ရှိနေတုန်းပဲ။ 


ဒါတင်မကသေးဘူး။ 


သော့တစ်ချောင်း... 


ရွှေရောင်သော့တစ်ချောင်းကိုလည်း တွေ့လိုက်ရတယ်။ 


အဲဒီအချိန်မှာ ငါ့ရဲ့ system online ပေါ်ပြန်ရောက်လာတယ်။ 


[သခင်လေး Final Boss က တကယ်ပဲ သခင်လေးကို တတိယသော့ကို တိုက်ရိုက်ပေးလိုက်တယ်... သခင်လေးကို ဘာမှလုပ်ခိုင်းတာလည်း မရှိဘူး ]


System က သော့သုံးချောင်းကိုလည်း ရှင်းပြတယ်။ 


ပထမသော့က အဆောင်မှူးအခန်းထဲမှာ ဖြစ်ပြီး ညဘက်၊ ညသန်းခေါင်မတိုင်ခင် ယူရမယ်။


ဒုတိယသော့က စာမေးပွဲဖြေပြီး ရတာ၊ ကျပန်းပဲ။ 


တတိယသော့က ကျောင်းအုပ်ရုံးခန်း အံဆွဲထဲမှာ။ ညဘက်ပဲ ယူရမှာ။ အဆင့် အများကြီးကိုလည်း ဖြတ်သန်းရမယ်။ 


System က ပြောတယ်။ 


[သခင်လေး သော့သုံးချောင်းလုံး စုမိသွားပြီ ] 


ငါ မျှော်လင့်တကြီး ပြောလိုက်တယ်။


"ရွှီကျစ်လန်တို့က သော့တွေက ဂိမ်းအောင်ဖို့ ကိရိယာတွေလို့ ပြောတယ်.. ဒါဆို ငါ ဒီသော့တွေကို သုံးပြီး ဒီကနေ ထွက်သွားလို့ ရပြီလား"


System က တိုက်ရိုက်ပဲ ပြောလိုက်တယ်။ 


[ မရဘူး ] 


"ဟင် ဘာလို့လဲ" 


System က ရှင်းပြတယ်။ 


[ ဒီခြောက်ခြားစရာဂိမ်းမှာ ကစားသမားတွေက Boss ကို သတ်ပြီး ဂိမ်းကို အောင်နိုင်မယ်လို့ ထင်ကြတယ်... Boss ကို သတ်တဲ့နည်းလမ်းကတော့ သော့သုံးချောင်း စုဆောင်းတာပဲ ]


[ သော့သုံးချောင်းက အချိန်ကို ရပ်တန့်နိုင်တဲ့ ကျောက်မျက်ရတနာ ကိရိယာပါတဲ့ သေတ္တာတစ်လုံးကို ဖွင့်နိုင်တယ်... ပြီးရင် ကစားသမားတွေက အဲဒီအခွင့်အရေးကို ယူပြီး Final Boss ကို သတ်နိုင်တယ် ]


[ဒါပေမယ့် ကျွန်တော့်အမှားကြောင့် ကျွန်တော် သခင်လေးကို တခြားတံခါးတစ်ခု ပေးပါ့မယ်... ဒီ Final Boss က အဆင့်မြှင့်ထားပြီးသား... သခင်လေး သေတ္တာဖွင့်ပြီး အချိန်ရပ်တန့်ပြီး သူ့ကို သတ်ရင်တောင် သူပြန်ရှင်လာလိမ့်မယ်... ဒါကြောင့် သာမန်ကစားသမားတွေရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ရင် သခင်လေး ပိုဆိုးဆိုးရွားရွား သေရုံပဲ ရှိမှာ! ဒါ့အပြင် ကစားသမားတွေအားလုံးက ကျောင်းအုပ်က Final Boss လို့ ထင်ကြပေမယ့် တကယ်တော့ ရှန်မော့က အစစ်အမှန် Final Boss ဖြစ်နေတာ ]


[ ဒီဂိမ်းရဲ့ မှတ်တမ်းတွေအရ ကစားသမားအားလုံး ဂိမ်းထဲမှာ သေဆုံးခဲ့ကြပြီး တစ်ပြားမှ မရခဲ့ကြဘူး ]


ငါ မျက်နှာမှောင်မဲသွားပြီး မျှော်လင့်ချက်မဲ့သွားတယ်။


"သွားပြီ! ဒီ Boss က အရမ်းရက်စက်တယ်! ဒါဆို သူငါ့ကို သော့သုံးချောင်း ပေးတာက နောက်မှ ငါ့ကို သေချာပေါက် သေစေချင်လို့ပပေါ့... ငါ အလကား လှုပ်ရှားနေတာကို ကြည့်ပြီး ပိုဆိုးဆိုးရွားရွား သေစေချင်လို့လား" 


ငါ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားတယ်။ 


System က ပြောတယ်။ 


[ ဟုတ်တယ်... မှတ်တမ်းတွေအရ သူ အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ ]


ငါ့နှလုံးသားလေး သေဆုံးသွားပြီ...


ဘယ်လိုတောင် သူများကို နာကျင်အောင် လုပ်ရတာ ကြိုက်တဲ့ လူတစ်ယောက်လဲ


လူတွေကို ကောင်းကင်ဘုံကို ပို့ပြီးတော့မှ ငရဲကို ကန်ချတာ။


ငါ သူ့ကို လိုက်ခဲ့တယ်... နှောင့်ယှက်ခဲ့တယ်။ 


ပြီးခဲ့တဲ့ညက မူးနေတုန်းဆို သူ့ကို အတင်းအဓမ္မလုပ်ဖို့ ကြိုးစားခဲ့သေးတယ်။


သူ ငါ့ကို ပိုတောင် မုန်းနေမှာပဲ။ 


ဒါကြောင့် သူ ငါ့ကို သော့သုံးချောင်း ပေးတာက နောက်မှ အပြတ်သတ်ချေမှုန်းဖို့ပဲ...


ငါ့နှလုံးကို ချေမွပြီး ဖျက်ဆီးပစ်ဖို့ပဲ! 


ငါ မျှော်လင့်ချက်မဲ့နေတုန်းမှာ system က ငါ့ကို နှစ်သိမ့်လာတယ်။ 


[ သခင်လေး နည်းလမ်းရှိပါသေးတယ်.... ကျွန်တော် သခင်လေးအတွက် တခြားတံခါးတစ်ခု ထပ်ဖွင့်ပေးနိုင်တယ်... နောက်ထပ်တစ်ပတ်လောက် အသက်ရှင်နိုင်ရင်ပဲ ရပြီ... ကျွန်တော် စွမ်းအင် အလုံအလောက် စုမိတာနဲ့ သခင်လေးကို ဒီ‌ခြောက်ခြားစရာဂိမ်းကနေ ထုတ်ပေးမယ်... အခု ကျွန်တော့်မှာ စွမ်းအင် သိပ်မကျန်တော့ဘူး အားသွင်းဖို့ လိုတယ်... သခင်လေး ကြံ့ကြံ့ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်... Final Boss က သခင်လေးကို ‌စောပြီး မသတ်ပါစေနဲ့ ]


ငါ ကျေးဇူးတင်စွာနဲ့ ပျော်ရွှင်စွာ အော်လိုက်တယ်။


" System မင်းက ငါ့ရဲ့ ကယ်တင်ရှင်ပါပဲ.... ဒါဆို ငါ သော့တွေကို တစ်ပတ်လောက် ကိုင်ထားမယ်... သူ ငါ ရက်အနည်းငယ်အတွင်း သေတ္တာဖွင့်ဖို့ စီစဉ်နေတယ်လို့ ထင်အောင်လုပ်ပြီး တတ်နိုင်သမျှ ဆွဲဆန့်မယ်" 


အသက်ရှင်ဖို့အတွက် ငါ ရှန်မော့ကို ထပ်ပြီး မနှောင့်ယှက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ 


ရှန်မော့ ငါ့ကို သတ်ပစ်မှာ ကြောက်တယ်လေ။ 


System က ငါ ဒီမှာ သေရင် အပြင်က ငါ့ခန္ဓာကိုယ်လည်း သေမယ်လို့ ပြောတယ်။ 


ဒါကြောင့် အသက်ရှင်ဖို့အတွက် ငါသတိထားရမယ်။


ရုတ်တရက် ငါ စဉ်းစားမိတယ်။


"System မင်း တခြားလူတွေရဲ့ ချစ်ခင်မှုအဆင့်တွေကို ကြည့်လို့ မရဘူးလား... သူ ငါ့ကို ဘယ်လောက်ကြိုက်လဲဆိုတာ ကြည့်လို့ရမလား" 


[ တောင်းပန်ပါတယ်... ခြောက်ခြားစရာဂိမ်းတစ်ခုမှာ Final Boss ရဲ့ ချစ်ခင်မှုအဆင့်ကို ကြည့်ဖို့ ကျွန်တော့်မှာ အခွင့်အာဏာမရှိဘူး... ဒါပေမယ့် ခြောက်ခြားစရာဂိမ်းကနေ ထွက်သွားတဲ့အခါ Final Boss ရဲ့ ချစ်ခင်မှုအဆင့်ကို ကျွန်တော် ကြည့်ပေးနိုင်ပါတယ် ] 


"ကောင်းပြီ" 


ငါ အဲဒီအတွေးကိုလည်း လက်လျှော့လိုက်တယ်။ 


သူ့ချစ်ခင်မှုက အနှုတ်လက္ခဏာဖြစ်မှာ သေချာပါတယ်လေ။


---