[ နေ့ဘက်မှာ သူက သာမန် NPC တစ်ယောက်ဖြစ်ပေမယ့် ည ၇ နာရီမှာတော့ ခြောက်ခြားစရာ Final Boss အဖြစ် ပြောင်းသွားပြီး ကစားသမားတွေကို သတ်ဖြတ်တယ်...ကံမကောင်းစွာနဲ့ အခု ၇ နာရီထိုးဖို့ သုံးမိနစ်ပဲ လိုတော့တယ်... ]
ငါ့ ခေါင်းကို မိုးကြိုးပစ်ခံလိုက်သလို ခံစားရပြီး တစ်ကိုယ်လုံးကို တောင့်တင်းသွားတယ်။
ငါ့ လက်ချောင်းတွေ တုန်ယင်လာတယ်။
ဘာ! ငါ ဂိမ်းမှားနေတာလား...
ဒါက ခြောက်ခြားစရာဂိမ်းလား... အချစ်ဂိမ်းမဟုတ်ဘူးလား။
စက္ကန့်အနည်းငယ်အတွင်းမှာ ငါ ထူးဆန်းမှုအားလုံးကို ပြန်သတိရသွားတယ်။
အရင်က သံသယတွေ ရှိခဲ့ပေမယ့် အချစ်ဂိမ်းလို့ ကြိုတွေးထားခဲ့လို့ အဲဒီသံသယတွေကို ဖိနှိပ်ထားခဲ့တယ်။
ငါ့ရဲ့ မူးဝေမှု ချက်ချင်း ပြန်သက်သာသွားပြီ။
"အခု ဘာလုပ်ရမလဲ"
ငါ စိတ်ထဲမှာ system နဲ့ ဆက်သွယ်လိုက်တယ်။
[ အင်း... လက်ရှိ အထူးအခြေအနေအရ system က အရေးပေါ် oofline သွားရတော့မယ်...မျက်နှာပြင်က ဝေဝေဝါးဝါး ဖြစ်သွားပြီ... သခင်လေး မနက်ဖြန်တွေ့မယ်နော်... သခင်လေး မနက်ဖြန်အထိ အသက်ရှင်နိုင်မယ်ဆိုရင်ပေါ့ ]
ငါ မအော်နိုင်ခင်မှာပဲ system က offline ဖြစ်သွားပြီ။
အဲဒီလူရဲ့ သွေးရောင်နီနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး ငါ တောင့်တင်းစွာ ပြုံးလိုက်တယ်။
"နည်းနည်း ပင်ပန်းနေတယ်ထင်တယ်နော်"
---