Chapter 9
သို့ဖြင့် ယောလ်တစ်ယောက် ရူးသွပ်နေသော သခင်၏ ကျွန်လေး ဖြစ်လာရချေသည်။
အာ မဟုတ်ဘူး။ နှစ်သိမ့်စရာ အရုပ်လေး တစ်ရုပ်ပေါ့ တာ့ဒါဒါ။
ယောလ်လေး၏ ပင်ပန်းနွမ်းနယ်နေသော နှလုံးသားနှင့် မတူဘဲ အခြားတစ်နေရာမှ လာသော တက်ကြွနေသည့် အသံကို ကြားလျှင် သူ့မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်မိသည်။ ထို အရူးကောင်၏ ထောင်ချောက်ထဲသို့ ရောက်သွားပြီဟု သဘောပေါက်သွားသည့် အချိန်တွင် နောက်ကျသွားခဲ့လေပြီ။
စွဲလမ်းနေသော ထိုအရူးကောင်သည် ‘’ဘာမဆို လုပ်မှာလား’ ဟု မေးလာသောအခါ ယောလ်သည် "လုပ်မယ်" ဟု ဖြေမိခြင်းမှာ မိုက်မဲခြင်း တစ်ခုဖြစ်သည်။
ထိုမိုက်မဲသော စကားများကြောင့် ယောလ်တစ်ယောက် ယခုအခါ ထိုစကား၏ အကျိုးဆက်ကို ခံစားနေရရှာသည်။
"ရား တစ်ဆိတ်လောက်၊ ကျွန်တော့်ကို ဘယ်ခေါ်သွားနေတာလဲ ဟင်"
ယခုအခါ ယောလ်လေးသည် မိုက်ကီရယ် နှင့် လယ်ဗီ တို့နှင့်အတူ အလွန်ပင် ခမ်းနားထည်ဝါသော ရထားလုံးကြီးဖြင့် တစ်နေရာသို့ ဦးတည် သွားနေခဲ့သည်။
စောင့်ကြည့်မည်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့လျှင် အကြိမ်တစ်ရာပင် နားလည်ပေးနိုင်သည်။ ဒါပေမဲ့ သူတို့ လူတွေကို မဟုတ်ဘူး၊ အနားမှာရှိနေတဲ့ အရုပ်လေးကိုတော့ မပြောပြသင့်ဘူးလား။
ယောလ်တစ်ယောက် ဒေါသထွက်နေသော်လည်း ထို အရူးကောင်အား ဒေါသထွက်သည်ကို ပြသသည်အထိ မမိုက်မဲပေ။ ရင်ဘတ်ထဲတွင် ဆူပွက်နေသော ဒေါသများကို တတ်နိုင်သမျှ ထပ်၍ စစ်ထုတ်ပြီးနောက်တွင် နူးညံ့သိမ်မွေ့သောအသွင်ဖြင့် အစားထိုးလိုက်သည်။
မကျေနပ်မှုနှင့် ကျွန်ခံခြင်းတို့ကြားတွင် ကွာဟချက်ကြီးမားသော်လည်း ထိုစကားလုံးနှစ်ခုလုံးသည် အစစာလုံး အတူတူပင်ဖြစ်သဖြင့် ဆင်တူသည်ဟု ပြောရပေမည်။
"ဟဲလို”
"မြို့စားမင်း-နင်း၊ မိုက်ကီရယ်-နင်း"
[N/- K မှာဆိုလေ သိကြလားမသိဘူး တစ်ယောက်ယောက်ခေါ်ရင် ဟျောင်းနင်းတို့ နာမည်အနောက်မှာ နင်း ထည့်ခေါ်တာတို့ အဲလိုမျိုးခေါ်ကြတယ်လေ၊ အခုလည်း အဲလိုပဲ ]
မိုက်ကီရယ် ၏ အေးစက်သော အကြည့်ကို မြင်သောအခါ ယောလ်တစ်ယောက် အခြေအနေကို လျင်မြန်စွာ နားလည်သွားပြီး သူပြောခဲ့သည့် စကားများကို ပြန်ပြင်ပြောလိုက်သည်။
အချိန်အများစုတွင် လူများသည် ‘မြို့စားမင်း-နင်း' ဟု ခေါ်ဝေါ်ကြသဖြင့် ထိုသို့ ခေါ်ခြင်းက အသင့်တော်ဆုံးဟု သူ တွေးမိသည်။ သို့သော် မိုက်ကီရယ်-နင်း' ဟုလည်း ခေါ်ဝေါ်နိုင်ပေသည်။
သိုပေမဲ့ အကြောင်းတစ်ခုခုကြောင့် မိုက်ကီရယ်မှာ မကျေမနပ်ဖြစ်နေပုံရ၏။
"အဲလို မကြိုက်ဘူးဆိုရင် 'Mr. Handsome'...လား၊ 'Professor'...လား"
"Mr. Handsome၊ အဲဒါ ဘာအဓိပ္ပာယ်လဲ"
"အမ်၊ တကယ်စိတ်ကောင်းရှိတဲ့ တစ်ယောက်ယောက်လား၊ ဟုတ်တယ်ဟုတ်၊ ကျွန်တော်လည်းသိပ် မသိဘူး ဒါပေမဲ့ တစ်ယောက်ယောက်ကို အဲလို ခေါ်တာမျိုးကိုတော့ အာ၊ ကျွန်တော်နေခဲ့တဲ့ ကမ္ဘာမှာတော့ 'Professor' ဆိုတာ အာဏာအရှိဆုံးပုဂ္ဂိုလ်ပဲ"
ဘွဲ့ရကျောင်းသားတစ်ဦးအတွက် ပါမောက္ခထက် မြင့်မားသော ရာထူးမရှိပေ။ မှန်သည်။ ယောလ်လေးသည် သူ၏ အတွေးများကို ခေါင်ငြိမ့် ထောက်ခံလိုက်၏။ ထို့နောက် မိုက်ကီရယ်မှာ ရယ်စရာကောင်းသည်ဟူသော သဘောဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"Professor ဆိုတာ ဘာလဲဆိုတာ ငါသိတယ်"
"အာ ဟုတ်ကဲ့၊ ဟုတ်တာပေါ့ ဒီမှာ အကယ်ဒမီကျောင်း ရှိတာကို၊ ဒါပေမဲ့ ဒါက နည်းနည်း ကွာခြားတယ် ဘွဲ့လွန်ကျောင်းက ပါမောက္ခတစ်ယောက်က အကယ်ဒမီကျောင်းက ပါမောက္ခထက် ပိုပြီး အနိုင်ကျင့်တတ်တယ်၊ အတင်းအကြပ်စေခိုင်းတတ်တယ်၊ ဗဟုသုတကြွယ်ဝတယ်၊ အရည်အချင်းရှိပေမဲ့ စိတ်အနှောင့်အယှက် ပိုပေးတတ်တယ်"
"ငါက အဲလိုလူမျိုးလား"
"ဟစ် မဟုတ်ပါဘူး အဲလိုပြောဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊ ကျွန်တော်က ပါမောက္ခတွေရဲ့ သဘာဝကို ရှင်းပြနေရုံသက်သက်ပါ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ဗျ ကျွန်တော် ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းပါတယ်"
ပါမောက္ခများအကြောင်းကို သူ မသိလိုက်ဘဲ အဆက်မပြတ် ရေရွတ်နေမိသော ယောလ်တစ်ယောက် သူ၏ အမှားကို သဘောပေါက်သွားပြီး သကြားလုံးနှင့် ဆင်တူသည့် သူ့မျက်လုံးများမှာ ပြူးကျယ်သွား၏။ ထို့နောက် သူ ဖြည်းညင်းစွာ မျက်လုံးများကို လှိမ့်ကြည့်သောအခါ မိုက်ကီရယ် ၏ အကြည့်နှင့် ဆုံမိသည်။ မိုက်ကီရယ် ၏ အေးစက်ခက်ထန်နေသော မျက်နှာကို မြင်ပြီး ယောလ်လေးသည် တံတွေး မျိုချလိုက်သည်။
"ဒ-ဒါဆို ကျွန်တော် ဒီကစပြီး မိုက်ကီရယ်-နင်း လို့ပဲ ခေါ်ပါ့မယ်နော်”
သူ ကျူးလွန်ခဲ့သော အပြစ်များကြောင့် ယောလ်ခင်မျာ အလွန်ပင် ခယတတ်သူ ဖြစ်လာခဲ့ပုံရသည်။ သူ ပြောဆိုပုံလျှင်ပင် အလွန်အမင်း ခယတတ်ပုံကို ပြသနေသည်။
"အဟင်း၊ မိုက်ကီရယ် လို့ပဲ ခေါ်”
"တကယ်လား"
"တကယ်”
ယောလ်လေး၏ မျက်လုံးများမှာ ထိုမျှော်လင့်မထားသော အဖြေကြောင့် ပြူးကျယ်သွား၏။ သူသည် အမြင့်ဆုံး ဂုဏ်ပြုစကားလုံးဖြင့် ခေါ်ဝေါ်စေလိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ့အား ပထမနာမည်ဖြင့်သာ ခေါ်စေခိုင်းခြင်းက အံ့အားသင့်စရာဖြစ်သည်။
ယောလ်တစ်ယောက် သူ့နာမည်ရင်းကို ခေါ်၍ ရ၏ မရ၏ စဉ်းစားနေခဲ့သော်လည်း မိုက်ကီရယ် ကိုယ်တိုင်က ပြောခဲ့သဖြင့် တကယ်ပင် အဆင်ပြေပုံရသည်။
"အိုကေ၊ အိုကေ၊ ကီရယ်-အာ"
"ဘာ"
မိုက်ကီရယ် သည် ရယ်မောလိုက်သည်။ မိုက်ကီရယ် ပြုံးနေသည်ကို မြင်သောအခါ ယောလ်တစ်ယောက် စိတ်သက်သာရာ ရသွား၏။
မိုက်ကီရယ်၊ ဒီကောင်က ဒီလိုမျိုးကို တောင့်တနေခဲ့တာပဲ။ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး၊ အခင်ဆုံး သူငယ်ချင်းတွေလိုပေါ့။
ယောလ်လေးသည် မိုက်ကီရယ် ၏ တုံ့ပြန်မှုကြောင့် အားတက်သွားကာ သူပြောလိုသော စကားလုံးများကို ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။
"ဟေး ကီရယ်-အာ ကျွန်တော်တို့ ဘယ်ကိုသွားနေကြတာလဲ၊ ခင်ဗျား ကျွန်တော့်ကို ရောင်းစားမှာတော့ မဟုတ်ဘူးမလား"
ယောလ် နောက်တွင် ထိုင်နေသော လယ်ဗီ၏ မျက်လုံးများမှာ ရှက်ရွံ့ခြင်း အရိပ်အယောင်များရှိနေသော်လည်း ယောလ်တစ်ယောက် သူ့ရှေ့မှ မိုက်ကီရယ်ကိုသာ ကြည့်နေခဲ့သဖြင့် ခေါင်းနောက်တွင် မျက်လုံးမရှိသောကြောင့် လယ်ဗီ၏ တုံ့ပြန်မှုကို မမြင်နိုင်ခဲ့ပေ။
ယောလ် နောက်ပြောင်နေစဉ်တစ်လျှောက်လုံး ပြုံးနေခဲ့သော မိုက်ကီရယ်သည် ချက်ချင်းပင် မျက်နှာ အမူအယာမှာ ခက်ထန်မာကျောသွားကာ အေးစက်စွာ ပြောလိုက်၏။
"လယ်ဗီ!"
"ဟုတ်ကဲ့"
"ဒီကောင်ကို ပြတင်းပေါက်ကနေ ပစ်ချလိုက်"
"ဟုတ်ကဲ့၊ နားလည်ပါပြီခင်ဗျ"
"အာ မဟုတ်ဘူး၊ ဘ-ဘာလို့ ကျွန်တော့်ကို ပစ်ချချင်တာလဲ”
ရုတ်တရက် ပြေးနေသော ရထားလုံးပေါ်မှ အပြင်အထုတ်ခံလိုက်ရသော ယောလ်လေးသည် ကြောက်လန့်တကြားဖြစ် ချောမွတ်သော သားရေထိုင်ခုံကို ဆုပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ဝါဂွမ်းလက်များဖြင့် ဖမ်းဆုပ်ရန်မှာ မဖြစ်နိုင်ခဲ့ပေ။ ကြီးမားသော အတားအဆီးမရှိဘဲ ယောလ်တစ်ယောက် လယ်ဗီ၏ ဆွဲခေါ်ခြင်းခံရကာ ပြတင်းပေါက်သို့ ဦးတည်သွားလေသည်။
သန်မာသော မြင်းလေးကောင်ဖြင့် ဦးဆောင်သော ရထားလုံးသည် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်။ ထို့ကြောင့် ယောလ်လေးမှာ မျက်လုံးပင် ကောင်းစွာ ဖွင့်မရရှာပေ။ ဤအရှိန်ဖြင့် ပြုတ်ကျခဲ့ပါက သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိမည်ဖြစ်ပြီး လက်တွေ့ကျကျ တွေးကြည့်လျှင်မူ ချက်ချင်း သေဆုံးသွားနိုင်ပေသည်။
"အူဝါး! ကျွန်တော့်ကို သနားပါဦး၊ ဝူး! ကျွန်တော့် မျက်လုံးတွေ ခဲနေပြီလို့”
ယောလ်လေးသည် လျင်မြန်သော လေတိုက်နှုန်းနှင့် မြင်းများ ပြေးခြင်းအရှိန်မြန်လာသောအခါ လေပေါ်လိပ်တတ်လာသည့် ဖုန်မှုန့်များကြောင့် မျက်လုံးများကို မှိတ်ထားလိုက်ရပြီး အကူအညီရလို့ ရငြား တောင်းပန်နေခဲ့၏။ သူသည် သူ့လက်သေးသေးလေးဖြင့် မည်သို့ပင်ဖြစ်စေ ပြုတ်မကျစေရန် လယ်ဗီ၏ လက်ချောင်းကို အားကုန်ဖက်တွယ်ထားခဲ့သည်။
ယောလ် အော်ဟစ်နေသည်ကို ပျော်ရွှင်စွာဖြင့် ကြည့်နေသော မိုက်ကီရယ်သည် လယ်ဗီကို တစ်ချက် ကြည့်လိုက်ပြီးနောက် လယ်ဗီသည် ခေါင်းဖြေးဖြေးငြိမ့်လိုက်ကာ ယောလ်အား ရထားလုံးထဲသို့ ပြန်ခေါ်ဆောင်လာခဲ့သည်။ မျက်လုံးပင် ဖွင့်မရဘဲ လယ်ဗီ၏ လက်ကို ဆုပ်ကိုင်ထားလျက်ရှိသော ယောလ်လေးသည် သူတို့၏ တိတ်တဆိတ် အချက်ပြမှုများကို သတိမထားမိခဲ့ပေ။
"ကျွန်တော့် မျက်ကြည်လွှာတွေ ပြတ်ကုန်ပြီထင်တယ်၊ ကျွန်တော့်မျက်လုံးတွေ နာတယ် အီးဟီး ဖုန်တွေမှ အများကြီး ဝင်သွားခဲ့တာ ဝူး"
ယောလ်လေးသည် ကျန်ရှိနေသေးသော နာကျင်မှု၏ နောက်ဆက်တွဲအဖြစ် စီးကျလာသော မျက်ရည်များကို သုတ်ပစ်လိုက်သည်။
အချိန်အနည်းငယ် ကုန်လွန်ပြီးနောက်တွင်မူ မိုက်ကီရယ် အပေါ် မကျေနပ်မှုများ ထပ်မံ မြင့်တက်လာသည်မှာ သဘာဝပင်။
ထိုလူယုတ်မာသည် တကယ်ပင် 'ပါမောက္ခ' ဖြစ်ခဲ့၏။ ညစာစားပွဲဟန်ဆောင်ကာ သောက်စားမူးယစ်ပြီးနောက် မလေးမစား ပြောဆိုစေခဲ့သူမှာ ပါမောက္ခပင် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်မူ ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့၏။ ပါမောက္ခ၏ မျက်နှာနှင့် မိုက်ကီရယ် ၏ မျက်နှာတို့မှာ ထပ်တူကျနေသည်။
"မင်းကို ဒီလို မလေးမစား ခေါ်ဖို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး”
"ဟွန့်၊ သတိထားပါ့မယ်"
မိုက်ကီရယ်၏ သတိပေးစကားများကြောင့် သူ့နှလုံးသားထဲမှ မှားယွင်းစွာ ခံစားနေရခြင်းမှာ ငြိမ်သက်သွားခဲ့၏။
ထိုသို့ဆိုလျှင် သူ့ကို မိုက်ကီရယ် ဟု မခေါ်ရန် ပြောကြားခဲ့ခြင်း ဖြစ်မည်။ သူ ပြောသည့်အတိုင်း လုပ်ခဲ့သည် မဟုတ်လား။
ဒါပေမဲ့ ဒီလို ချစ်စရာကောင်းတဲ့ အရုပ်သေးသေးလေးကို နှိပ်စက်စရာလား။ သူ့မှာ လုံးဝကို လူ့ အသိစိတ်မရှိပါ့လား ဟွန့်။
ယောလ်လေးသည် မကျေမနပ်ဖြင့် မိုက်ကီရယ် ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးနီနီများမှာ စူးရှနေသည်ကို မြင်သောအခါ ချက်ချင်းပင် အပြစ်ကင်းစင်စွာ မျက်လုံးများကို ပြူးကျယ်လိုက်၏။
"မိုက်ကီရယ်၊ ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ"
"ပိုကောင်းတဲ့နေရာကိုပေါ့"
မိုက်ကီရယ်သည် ယောလ်၏ စကားများကြောင့် ကျေနပ်စွာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ဤကောင်လေးထံမှ အမြင့်ဆုံး လေးစားမှု ခံယူလိုစိတ်မရှိပေ။ အသေးအဖွဲလေး အရာလေးကြောင့် ဂုဏ်ပြုစကားများကို နားထောင်လိုစိတ်မရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် သူ့ကို ပထမနာမည်ဖြင့် ခေါ်စေခဲ့သော်လည်း ရုတ်တရက် ရိုင်းစိုင်းစွာ ပြုမူခဲ့သည်။
နောက်တဖန် သူ အသေးအဖွဲလေး ဖြစ်ပုံရသောကြောင့် ဒေါသမထွက်ခဲ့ပေ။ သို့သော် သူ့ကို စနောက်ချင်စိတ် ပြင်းပြခဲ့သဖြင့် လယ်ဗီကို ထိုသို့ လုပ်ခိုင်းလိုက်ပြီး ထိုအကောင်သေးသေးလေးမှာ ချက်ချင်းပင် အမြီး ကုပ်သွားခဲ့သည်။ လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ပြောင်းလဲသွားသော အမူအရာက ထူးဆန်းပြီး ရယ်စရာကောင်းလှသည်။
"ငါ တော်ဝင်နန်းတော်ကို သွားနေတာ"
"ဟမ်၊ တော်ဝင်နန်းတော်ကိုလား”
"ဟုတ်တယ်၊ ပြဿနာကောင်တစ်ကောင် ငါ့ကို ခေါ်ထားလို့"
"တော်ဝင်နန်းတော်" နှင့် "ပြဿနာကောင်တစ်ကောင်" ဟူသော စကားလုံးများကို ကြားပြီးနောက် ယောလ်လေးသည် သူ မည်သည့်နေရာသို့ ဦးတည်နေသည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူ့ကို ခေါ်ခဲ့သူမှာ ဧကရာဇ်ဖြစ်လိမ့်မည်။
ဧကရာဇ်အကြောင်း ပြောရလျှင် မူရင်းဇာတ်လမ်းတွင် လယ်ဗီမှာ မိုက်ကီရယ်၏ နှိပ်စက်မှုကို မခံနိုင်တော့ဘဲ သူ့ကို အမြဲဂရုစိုက်ခဲ့သော ဧကရာဇ်၏ အကူအညီကို ယူခဲ့သဖြင့် မိုက်ကီရယ်သည် ပုန်ကန်မှု စတင်ခဲ့သည်။
ပြဿနာမှာ ယောလ်သည် ပုန်ကန်မှုပြီးနောက် ဘာဖြစ်ခဲ့သည်ကို ကောင်းစွာ မှတ်မိခြင်း မရှိခြင်းပင်။ ပုန်ကန်မှု အောင်မြင်ခဲ့ခြင်း ရှိ၊ မရှိပင် မမှတ်မိပေ။
တွေးကြည့်သောအခါ "သွေးနီရောင် ထောင်" ၏ အဆုံးသတ်ကို သူ လုံးဝ မမှတ်မိတော့ပေ။ ပြင်ဆင်ရေး ခဲတံဖြင့် ဖျက်ထားသလိုပင်။ သူသည် ထိုဝတ္ထုကိုကို အဆုံးထိ ဖတ်ပြီးပြီမှာ သေချာသည်။ သို့သော် ထိုနောက် ဇာတ်လမ်း၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သူ အလွန်အမင်း ထိတ်လန့်သွားခဲ့ခြင်းကြောင့်လား မသည်းကွဲပေ။
မည်သို့ပင်ဆိုစေ သူသည် ပုန်ကန်မှုပြီးနောက် ဘာဖြစ်ခဲ့သည်ကို မသိခဲ့ချေ။
အဆုံးသတ်သည် မည်သို့ပင်ရှိစေကာမူ ဧကရာဇ်နှင့် တွေ့ဆုံရန် သွားရမည်ဟူသော အတွေးနှင့် မူရင်းဇာတ်လမ်းတွင် ပါဝင်ခဲ့သော ဇာတ်ကောင်တစ်ဦးမှာ ထူးဆန်းသည်ဟု ခံစားရသည်။
ဤသည်မှာ ဝတ္ထုတစ်ပုဒ်ထဲရှိ ကမ္ဘာဖြစ်ကြောင်း သူ့ကို အမှန်ပင် အသိဝင်စေခဲ့ပြီး မူရင်းကမ္ဘာသို့ ပြန်သွားနိုင်ပါ့မလားပင် မသေချာတော့ပေ။
"မင်းက နတ်ဆိုးပူးနေတဲ့ အရုပ်ဆိုတာကို လူတိုင်းကို လိုက်ကြွားနေစရာမလိုဘူး၊ အဲ့ဒါကြောင့် သတိထား"
"နတ်ဆိုးဆိုတာ ဘာကိုဆိုလိုတာလဲ၊ အဲစကားလုံးတွေက အရမ်းပြင်းထန်လွန်းတယ်၊ အဲလိုမဟုတ်ပါဘူးလို့ ပြောထားရဲ့သားနဲ့”
“တခြားသူတွေကတော့ မင်းကို အဲလိုမြင်မှာမဟုတ်ဘူး”
"ဟင့်..."
စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ယောလ်သည် မိုက်ကီရယ်၏ စကားများကြောင့် ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်စွာ နှာခေါင်းရှုံ့လိုက်မိသည်။
“ကျွန်တော်တို့ ရောက်ပြီ”
ထိုအချိန်တွင် လယ်ဗီက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
သူ၏စကားကြောင့် အံ့သြသွားသည့် ယောလ်သည် မြင်းရထားလုံးပြတင်းပေါက်ဘောင်ပေါ်သို့ လျင်မြန်စွာ လက်တင်လိုက်ပြီး ခြေထောက်သေးသေးလေးများကို ထောက်ကာ အပြင်ဘက်သို့ ကြည့်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် သူဟာ လက်တစ်ချောင်းစာခန့် အရပ်ပုနေသောကြောင့် အပြင်ဘက်ရှိမြင်ကွင်းကို မမြင်နိုင်ခဲ့ပေ။ တကယ့်တော်ဝင်နန်းတော်က မည်သည့်ပုံစံရှိသည်ကို သိချင်စိတ်ပြင်းပြနေသောကြောင့် ယောလ်သည် ခုန်ဆွ ခုန်ဆွဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရန် ကြိုးစားနေခဲ့သည်။
ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည့် မိုက်ကီရယ်သည် ယောလ်အား ပြတင်းပေါက်ရှေ့သို့ တိတ်တဆိတ် မ,တင်ပေးလိုက်သည်။
မေးရိုးများ အလိုအလျောက် ပြုတ်ကျသွားလောက်အောင် ခမ်းနားထည်ဝါသော မြင်ကွင်းကြောင့် ယောလ်တစ်ယောက် မှင်တက်သွားခဲ့သည်။ မိုက်ကီရယ်၏ ကြီးမားသောလက်ထဲတွင် ကိုင်ထားခံရသည့် ယောလ်လေးသည် ပြတင်းပေါက်အပြင်ဘက်သို့ သက်သောင့်သက်သာ ကြည့်ရှုလိုက်သည်။
“ဝိုး၊ လှလိုက်တာ”
သူ၏ မျက်လုံးပြာလေးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ ယောလ်၏ တုံ့ပြန်မှုနှင့်မတူဘဲ မိုက်ကီရယ်ကမူ စိတ်မဝင်စားစွာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဤမြင်ကွင်းက ဘာမှ ထူးထူးခြားခြား မရှိသည်ကို အတည်ပြုပြီးနောက် သူသည် သူ့အကြည့်ကို သူ့လက်ထဲရှိ ဝါဂွမ်းလုံးလေးထံသို့ ချက်ချင်း ပြောင်းလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သူ့မျက်လုံးထဲတွင် ဤအရာလေးမှာ အရာအားလုံးထက် ပို၍ကြည့်ရ ထိုက်တန်သောကြောင့်ဖြစ်သည်။