အခန်း
(၆) - အဲ့ဒါ အကုန်မင်းပဲ
“ဒီလိုဆိုရင် ကျိုးယွီနဲ့ငါ ဒီကိစ္စကို ဆက်မပြောတော့ဘူး။ အခု
အရေးအကြီးဆုံးအရာက ငါတို့ ကြိုတင်ပြင်ဆင်ထားဖို့ပဲ”
“အမေ တကယ်လို့ ဒါက တစ်အိမ်လုံးကို သတ်ဖြတ်ချင်တာဆိုရင်တော့ ကံကြမ္မာကို
လက်ခံကြရုံပဲ။ ပြည်နှင်ဒဏ်ဆိုရင်တော့ ကျွန်တော်တို့ လမ်းမှာ ငတ်ပြီးမသေအောင်
လက်ထဲမှာ ပိုက်ဆံရှိနေဖို့လိုတယ်”
အမေ
ကျွန်မရဲ့ ကိုယ်ပိုင်ဝေစုထဲမှာ ငွေလျန်သုံးရာရှိပါတယ်။ ကျွန်မတို့ လမ်းမှာ
ချိုးခြံချွေတာမယ်ဆိုရင် လုံလောက်နိုင်ပါတယ်”
ဆဌမမရီးက အရင်ဆုံး ပြောလိုက်သည်။
ကိုယ်ပိုင်ပိုက်ဆံအကြောင်း
ပြောရလျှင် အဋ္ဌမမရီးမှာ ယုံကြည်ချက် ကင်းမဲ့လို့နေသည်။
“အမေလည်း သိပါတယ်။ ကျွန်မက ကောင်းကောင်းစားရတာ ကြိုက်တဲ့လူဆိုတာကို။
အဲ့ဒါမို့ ကျွန်မရဲ့ လစဥ်ပိုက်ဆံတွေကတော့ မုန့်တွေ ဝယ်လိုက်တာနဲ့ ကုန်ပါပြီ။
ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံနဲ့ လဲလို့ရမဲ့ လက်ဝတ်ရတနာလေးတွေတော့ ရှိပါတယ်”
“ကျွန်မမှာလည်း ပိုက်ဆံနဲ့လဲပြီး ယူသွားလို့ရမဲ့ အဖိုးတန်တာလေးတွေ ရှိပါတယ်”
မရီးများက
တစ်ယောက်ပြီး တစ်ယောက် သူမတို့၏ ပိုင်ဆိုင်မှုများကို ပြောနေသည်ကိုကြည့်ပြီး
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
မရီးတွေမှာ
ကိုယ်ပိုင်ငွေ ရှိကြတယ်ဆိုပေမဲ့ ဒါတွေက ဒါတွေက ဘဏ်စာရွက်တွေနဲ့ ကွာခြားတာ
သူမတို့နှစ်ယောက်လုံး သိကြသည်။ ဧကရာဇ်က သူမတို့ကို ဒါတွေ လွယ်လွယ်ကူကူနဲ့
ယူဆောင်ခွင့် ပေးပါ့မလား။
အဲ့လိုသာဆို
မိသားစုတစ်ခုလုံး ချွတ်ချုံကျသွားအောင် အသိမ်းခံရမည်မဟုတ်ပေ။
“မရီးတို့အားလုံး စိတ်ကောင်းရှိတာ ကျွန်တော်သိပါတယ်။ ဒီအခြေအနေထိတောင်
ရောက်နေမှတော့ အဲ့ဒါတွေကို ဘဏ်စာရွက်တွေနဲ့ လဲဖို့ အချိန်မရှိတော့ဘူး”
မော့ကျိုးယွီ၏
စကားလုံးများက မရီးရှစ်ယောက်လုံးအား ရေအေးဖြင့် လောင်းချလိုက်သလိုပင်။
အမျိုးသမီးများမှာ
ဆောက်တည်ရာမရ ဖြစ်သွားကြ၏။
“နဝမမတ်လေး ဒါဆို အစ်မတို့ ဘာလုပ်သင့်လဲ။ အစ်မတို့လက်ထဲက အရာတွေက
အများကြီးမတန်ဘူးဆိုပေမဲ့ အဲ့ဒါတွေကို ဟိုခွေးကောင်တွေလက်ထဲ ပေါပေါပဲပဲတော့
ထည့်မပေးလိုက်ချင်ဘူး” စိတ်တိုလွန်းသောကြောင့် ဆဌမမရီးမှာ
ကြမ်းတမ်းသော စကားလုံးများပင် သုံးမိလာ၏။
ထိုအကြောင်းကို
မော့ကျိုးယွီလည်း တွေးထားသော်လဲ ဖြေရှင်းဖို့ အကြံကောင်းကို စဉ်းစားမရပေ။
အားလုံး
ဘာလုပ်ရမှန်းမသိသေးခင်ဘဲ ဟဲကျစ်ယန်က စကားထပြောလိုက်သည်။
“အမေနဲ့ မရီးတို့ အိတ်လေးတွေကို ခန္ဓာကိုယ်အနီးဆုံး အင်္ကျီမှာ ကပ်ချုပ်ပါ။
ပိတ်စအနည်းငယ်နဲ့ ဘဏ်စာရွက်တွေကို ပတ်ပြီး အဲ့အိတ်တွေထဲ ထည့်လိုက်ဖို့
အကြံပေးချင်ပါတယ်”
ပိတ်စများတွေက
ပုံမှန်ဆို နူးညံ့ပါတယ်။ တစ်ယောက်ယောက်က ရှာဖွေရင်တောင် ဘာမှစမ်းမိမှာ မဟုတ်ပါဘူး။
တခြားပစ္စည်းတွေကတော့ ကျန်တဲ့အချိန် ဖြည်းဖြည်းချင်း စဉ်းစားကြတာပေါ့”
သခင်မကြီးမော့က
သဘောတူလိုက်သည်။ “ကောင်းပြီ၊ ချွေးမလေးဟဲရဲ့ အကြံက အဓိပ္ပါယ်ရှိတယ်။ သူမ
ပြောသလို လုပ်ကြရအောင်။ အားလုံးပဲ ပြန်ပြီးတော့ ပြင်ဆင်ကြတော့”
စည်းကမ်းအရ
ယောက္ခမကစကားပြောပြီးလျှင်ပြီးချင်း သူမတို့ ချက်ချင်းပြန်ကာ စီစဉ်ကြရမည်ဖြစ်သည်။
သို့သော် တော်ဝင်သမားတော်မှာ မော့ကျိုးယွီ၏ ဒဏ်ရာများကို ကြည့်ပေးရန်
ရောက်မလာသေးပေ။ ထို့ကြောင့်ပင် သူမတို့အားလုံး စိတ်ပူနေကြပြီး ပြန်မသွားချင်ကြပေ။
ပုံမှန်အားဖြင့်ဆိုလျှင်
သခင်မကြီးမော့သည် ခင်ပွန်းမရှိတော့သော ချွေးမများကို သနားသောကြောင့် ယောက္ခမဆိုသော
ဂုဏ်ပုဒ်ကိုတပ်ကာ အမိန့်ပေးလေ့မရှိပေ။
သို့သော်
အခုအခြေအနေက အရေးတကြီးဖြစ်နေပြီး သူမတို့အား အလိုလိုက်နေလို့ မရပေ။
ထို့ကြောင့်
သခင်မကြီးမော့က အေးစက်စွာ ပြောလိုက်၏။ “ဒီမှာပဲ
ကြောင်ပြီးရပ်မနေကြနဲ့။ မြန်မြန်ပြန်ပြီး ထုပပ်ပိုးတော့”
မရီးရှစ်ယောက်လုံးမှာ
တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရသည်။
ထိုလူများ
ထွက်သွားပြီးနောက် သခင်မကြီးမော့၏ အကြည့်မှာ မော့ကျိုးယွီထံသို့ ရောက်လာပြန်၏။
“တော်ဝင်သမားတော်ကို သွားခေါ်နေတာ ဘယ်လောက်တောင်ကြာပြီလဲ။ ချွေးမတွေနဲ့ ငါ
ဒီမှာရှိနေတာ တစ်နာရီလောက်ရှိတော့မယ်။ တော်ဝင်သမားတော်က အခုထိရောက်မလာသေးဘူး”
သူမ
စကားဆုံးသည်နှင့် တော်ဝင်သမားတော် သွားပင့်သော အစေခံလေးများ တစ်ယောက်ပြီးတစ်ယောက်
ပြန်ရောက်လာကာ လျှောက်တင်ကြသည်။
သူတို့ပြန်ယူလာသော
သတင်းမှာ ထိုတော်ဝင်သမားတော်များက ဆင်ခြေတွေပေးနေပြီး မော့ကျိုးယွီ၏ ဒဏ်ရာများကို
ကုသပေးရန် မလာနိုင်ဟု ဆိုကြသည်ပင်။
သူမ၏
လက်ချောင်းများဖြင့်ပင် ဒီအရှုပ်အထွေး ဘယ်လိုဖြစ်လဲ ဟဲကျစ်ယန် ပြောနိုင်ပေသည်။
ဧကရာဇ်က အမိန့်ပေးထားသောကြောင့်သာ တော်ဝင်သမားတော်များ လိုက်နာရခြင်းပင်။ သူ၏
ရည်ရွယ်ချက်မှာ မော့ကျိုးယွီကို ပြန်မကောင်းစေချင်ခြင်း သို့မဟုတ် မြို့တော်မှ
အသက်ရှင်လျက် ထွက်မသွားစေချင်ခြင်းပင်။
ထိုအကြောင်းအရာအား
မော့ကျိုးယွီမှာ တွက်ဆထားပြီးသားဖြစ်ပုံပင်။ သူ ဘာမှ မလှုပ်ရှားခဲ့ပေ။
သို့သော်လည်း
သူ့အမေကို နှစ်သိမ့်ဖို့ရန်အတွက် ပြောလိုက်သည်။ “အမေ
ကျွန်တော် ဒဏ်ရာတွေက အရမ်းမဆိုးပါဘူး။ စိတ်မပူပါနဲ့”
သခင်မကြီးမော့သည်လည်း
အမျှော်အမြင်မရှိသောလူ မဟုတ်ပေ။ အခြေအနေတွေက ဒီအထိ ဖြစ်လာပြီး သူမသားဖြစ်သူ၏
ဒဏ်ရာအကြောင်း စိတ်ပူလှသော်လည်း သူမ လုပ်ပေးနိုင်တာ ဘာမှရှိမနေပေ။
ထို့အပြင်
မော့ကျိုးယွီ၏ လက်ရှိအခြေအနေမှာ အရမ်းကြီး ဆိုးဝါးတာမျိုး မရှိသည့်ပုံပင်။
“ဒါက ဒီလိုဆိုရင် အမေလဲ ပြန်သွားပြီး ပြင်ဆင်တော့မယ်”
မော့ကျိုးယွီမှာ
ကြိမ်ဒဏ် အချက်ငါးဆယ် ရိုပ်ခံထားရသောကြောင့် မြေပေါ်ထပြီး လမ်းလျှောက်ဖို့ပင်
ခက်ခဲနေသည်။
ဟဲကျစ်ယန်က
လက်ဦးမှုယူကာ သထင်မကြီးမော့အား သူမ၏ဝန်းဆီသို့ ပြန်ပို့ပေးလိုက်၏။
အခန်းသို့
ပြန်ရောက်သောအခါ သူမ၏ ဝတ်ရုံလက်ကို အကာအကွယ်ယူပြီး နေရာလွတ်ထဲမှ
ကျွန်စာချုပ်နှစ်ခုကို ထုတ်ယူလိုက်သည်။
တစ်ခုက
ချောင်းယွီ၏ ကျွန်စာချုပ်ဖြစ်ပြီး နောက်တစ်ခုကတော့ သူမအား ခစားနေသည့်
နောက်ထပ်တစ်ယောက်ဟာ ဖြစ်သည်။
“အရှင်မင်းမြတ်က ကာကွယ်ရေးဝန်ကြီးအိမ်တော်ကို နယ်နှင်ဒဏ်ပေးလိုက်ပြီ။
သူတို့က လမ်းမှာ ကျွန်တွေ ခေါ်ယူခွင့် လုံးဝ ပေးမှာ မဟုတ်ဘူး။ ကျွန်စာချုပ်တွေ
ပြန်ပေးပြီး သူတို့ကို လွတ်လပ်ခွင့်ပေးဖို့ စီစဉ်ထားတယ်”
မော့ကျိုးယွီသည်
ထိုအကြံကို မငြင်းဆန်ခဲ့ပေ။ သူကိုယ်တိုင်လဲ ထိုသို့လုပ်ဖို့ စဉ်းစားထားသည်ပင်။
“ကောင်းပြီ၊ မင်း သင့်တော်တယ်လို့ထင်ရင် အဆင်ပြေတယ်”
မော့ကျိုးယွီ
တစ်ခုခုပြောရန် ကြံနေစဉ်မှာပဲ အစောင့်တစ်ယောက်က အပြေးအလွှား သတင်းပို့လာသည်။
“မှူးမတ်ကြီးကို သတင်းပို့ပါတယ်။ ဝန်ကြီးအိမ်တော်ရဲ့ ဂိုထောင်
ဓားပြတိုက်ခံရပြီး ဘာမှကို မကျန်တော့ပါဘူး။ စင်အလွတ်တွေပဲ ကျန်ခဲ့ပါတော့တယ်”
အစောင့်
ပြောပြီးသည်နှင့် အကြီးဆုံးမရီးနှင့် ဒုတိယမရီးလဲ အပြေးအလွှား ရောက်လာကြ၏။
“နဝမ မတ်လေး အကြီးဆုံးအစ်မနဲ့ ကျွန်မ စားဖိုဆောင်ထဲသွားပြီး
အခြောက်အခြမ်းလေးပြင်မလို့ ဒါပေမဲ့ စားဖိုဆောင်ထဲမှာ ဘာဆို ဘာမှ မရှိတော့ဘူး”
“နဝမ မတ်လေး အစ်မတို့အိမ်တော်တော့ သူခိုးဝင်ခံရပြီ”
အကြီးဆုံးမရီးက
အိမ်တော်ထဲသို့ သူခိုးတွေဝင်သွားပြီဟု ပြောနေသည်ကို နားထောင်ပြီး ဟဲကျစ်ယန်
အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူတို့အားလုံးပြောနေသော ထိုသူခိုးမှာ
သူမကိုယ်တိုင်ပင်။
သို့သော်လည်း
သူမ နောက်မှ ပြောပြလိုက်တော့မည်။ သူမ ဘာမှ မခိုးချင်ခဲ့ပေ။ အားလုံး၏
အကျိုးကျေးဇူးအတွက်သာ လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းအရာကို
ကြားပြီးနောက် မော့ကျိုးယွီလဲ စိတ်ရှုပ်သွားရသည်။
ကာကွယ်ရေးဝန်ကြီး
အိမ်တော်က ပိုင်ဆိုင်မှု အကုန်သိမ်းခံရပြီး ပြည်နှင်ဒဏ် ပေးခံရမည်ဆိုသော်လဲ အဲ့ဒါက
အခုထိ မဖြစ်သေးပေ။
အစောင့်များကလဲ
ပုံမှန် ကင်းလှည့်နေကြသည်။ ဂိုထောင်တစ်ခုလုံး အပြောင်ရှင်းအောင်
ခိုးသွားဖို့မပြောနှင့် ပုံမှန် ပစ္စည်းသေးသေးလေး ခိုးရင်တောင်မှ သူတို့က
ထိုလှုပ်ရှားမှုကို သတိမထားမိဖို့ မဖြစ်နိုင်ပေ။
သူ၏
ပင်ကိုယ်အသိစိတ်က ထိုကိစ္စသည် ဟဲကျစ်ယန်နှင့် ဆက်စပ်နေသည်ဟု ပြောနေသည်။
ဘာပဲပြောပြော
ဒီအမျိုးသမီးရဲ့ လုပ်ဆောင်ချက်တွေက ရှုပ်ထွေးလွန်းလှသည်။
သူသည်
အစောင့်အား လက်ဝေ့ယမ်းလိုက်၏။ “မင်း
အရင်သွားလို့ရပြီ။ ငါနောက်မှ ဒါကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးမယ်”
“နဝမ မတ်လေး စားဖိုဆောင်ထဲက သူခိုးကရော” အကြီးဆုံး
မရီးက မေးလိုက်၏။
မော့ကျိုးယွီ
အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။ “အကြီးဆုံးမရီး၊
ပစ္စည်းတွေ ပျောက်တာမပျောက်တာ ကိစ္စမရှိပါဘူး။ ဘာပဲပြောပြော ကျွန်တော်တို့လဲ
သယ်သွားလို့မှ မရတာ။ ကျွန်တော်တို့ရန်သူတွေ လက်ထဲ ထည့်လိုက်ရတာထက်စာရင်
သူခိုးလေးကို ပေးလိုက်တာကမှ ပိုကောင်းပါသေးတယ်”
အကြီးဆုံးမရီးသည်
မော့ကျိုးယွီ၏ စကားလုံးများကို သဘောတူသည့်ပုံပင်။ သူမ တည်တည်ငြိမ်ငြိမ်ပင်
ခေါင်းငြိမ့်လိုက်၏။ “နဝမ မတ်လေးပြောတာ အဓိပ္ပါယ်ရှိတယ်။ ဒီလိုဆိုမှတော့
ဒုတိယမရီးနဲ့ အစ်မ လုပ်စရာရှိတာ သွားလုပ်တော့မယ်”
မရီးနှစ်ယောက်
ထွက်သွားပြီးနောက် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်သာ အခန်းထဲတွင် ကျန်ရစ်တော့သည်။
မော့ကျိုးယွီ၏
လေးနက်သော အကြည့်များက ဟဲကျစ်ယန်အပေါ်တွင်သာ။
သူ၏
ထက်ရှသော မျက်လုံးများနှင့် ရင်ဆိုင်ရသော်လဲ ဟဲကျစ်ယန်က နည်းနည်းလေးမှ
တုန်လှုပ်မသွားပေ။
အချိန်အတော်ကြာပြီးနောက်
မော့ကျိုးယွီက လေးနက်သောအသံဖြင့် မေးလိုပ်၏။ “ဒါတွေအကုန်လုံး
မင်းနဲ့ဆက်စက်နေတာမလား”
အပေါ်ယံတွင်တော့
မေးခွန်းတစ်ခုဖြစ်သော်လဲ အမှန်တရားပဲဆိုသည့် သဘောလည်း ပါဝင်နေသည်။
မျက်နှာသာရခြင်းနှင့်
အရှက်ကွဲခြင်းတို့အပေါ်တွင် နည်းနည်းလေးတောင် မတုန်လှုပ်အောင် လေ့ကျင့်ထားသော သူမ၏
အရင်ဘဝက အတွေ့အကြုံနှင့်ပင် ဟဲ့ကျစ်ယန်မှာ ဒီလိုမေးခံလိုက်ရခြင်းအပေါ် အနည်းငယ်
စိတ်လွတ်သွားမိသည်ဟု ခံစားလိုက်ရ၏။
တခြားကြောင့်မဟုတ်ဘဲ
မော့ကျိုးယွီ၏ လေသံအရ တစ်ဖက်လူက ထိုအရာများကို သူမလုပ်ခဲ့တာဟု ကောက်ချက်ချပြီးသား
ဖြစ်နေကြောင်း သေချာပေါက် ပြောနိုင်ပေသည်။
ဒီလိုအခြေအနေမျိုး
ကြုံတွေ့ရမှတော့ သူမ ဘယ်လိုဖောက်ထွက်ရမလဲ။
ဟဲကျစ်ယန်မှာ
တစ်ခဏလောက် ဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားရသည်။
သမိုင်းမှတ်တမ်းများအရ
မော့ကျိုးယွီသည် ဖြောင့်မတ်သော လူတစ်ယောက်ဟု ဆိုသော်လည်း သူမတို့နှစ်ဦးက
မရင်းနှီးသေးပေ။ အဲ့ဒါကို တစ်ဖက်လူဆီ သူမမှာ နေရာလွတ်ရှိကြောင်း ဘယ်လိုလုပ်
ပြောပြနိုင်မှာလဲ။