အခန်း (၄) - မော့ကျိုးယွီကို ပြန်သယ်လာခဲ့သည်
ဟဲကျစ်ယန်သည် ရိတ်သိမ်းရန် ပစ်မှတ်ကို
ရှာဖွေနေပြီး အစောင့်များ၏ အကြည့်တွေကို ဆက်လက်ရှောင်တိမ်းနေခဲ့ရင်း သူမ၏ အသိစိတ်သည်လည်း
နေရာလွတ်ထဲသို့ စစ်ဆေးရန် ဝင်ရောက်သွားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးအိမ်တော်သည် ထူးခြားပြီး
စုဆောင်းထားသည့် ပစ္စည်းအချို့ ရှိမည်ဟု သူမ ထင်ခဲ့သည်။
အနည်းငယ် ကြည့်ကောင်းသော အထည်စ အချို့မှလွဲ၍
အစားအစာ၊ ဆန်ကြမ်းနှင့် ကောက်နှံကောင်းအချို့၊ ငွေချောင်း တစ်ဝက်သာပါရှိသည့် သေတ္တာ
တစ်လုံးသာ ရှိနေလိမ့်မည်ဟု မည်သူ သိမည်နည်း။
ရှေးဟောင်းပစ္စည်းများအနေဖြင့် လက်ရေးလှ၊
ပန်းချီ၊ ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာတို့မှာ အနည်းငယ်သာ ရှိခဲ့သည်။
ဂုဏ်သိက္ခာကြီးမားသော ကာကွယ်ရေးဝန်ကြီးအိမ်တော်သည်
အလွန်ဆင်းရဲလှပြီး ဒါကို ကြည့်ခြင်းအားဖြင့် မော့မိသားစု၏ ရိုးသားဖြောင့်မတ်သည့် လက္ခဏာရပ်ကို
ပြသနေသည်။
သို့ရာတွင် ဒါတွေက ရိုးရိုးရှင်းရှင်း
ယုတ္တိမရှိသော သက်ဦးဆံပိုင် ဘုရင်မင်းမြတ်ကို ကြောက်ရွံ့စေသော သစ္စာရှိ မိသားစု မျိုးဆက်
တစ်ခုဆိုတာကို ဖော်ပြနေသည်။
ခန့်မှန်းထားသည်ထက် နည်းပါးသော အဆိုပါ
ငွေသေတ္တာ တစ်ဝက်သည် ငွေတေး တစ်သောင်းခန့်သာ ရှိသော်လည်း ပြည်နှင်ဒဏ် ပေးခံရသည့် ခရီးစဉ်တွင်
ဘာမှ မရှိတာထက်တော့ ပိုကောင်းလိမ့်မည်ဟု ဟဲကျစ်ယန်တစ်ယောက် ယုံကြည်ခဲ့သည်။
ဟဲကျစ်ယန်သည် ဒီလိုတွေ လုပ်ဆောင်နေရင်းနဲ့
ဒီအကြောင်းကို တွေးတောမိကြည့်ခဲ့သည်။ သူမ ဒီလို အလွယ်တကူ ဝင်နိုင်သမျှ နေရာတိုင်းမှ
ပစ္စည်းများကို နေရာလွတ်ပြည့်သွားသည်အထိ စုဆောင်းပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ ခြံဝန်းထဲသို့
တုံ့ဆိုင်းစွာ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် သူမ အပြင်ထွက်သွားသည်မှာ
တစ်နာရီကျော်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်သည်။
ချောင်ယွီသည် တံခါးအပြင်ဘက်တွင် သတိဝီရိယအပြည့်ဖြင့်
စောင့်ကြပ်နေဆဲဖြစ်သည်။ ဟဲကျစ်ယန်သည် ပြတင်းပေါက်မှတဆင့် အိပ်ခန်းထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။
အပြင်မှာ ပြေးလွှားနေတဲ့ ခြေသံတွေကို ကြားလိုက်ရချိန်မှာတော့
သူမရဲ့ အနက်ရောင်ဝတ်စုံကို လဲဝတ်ပြီးရုံပင်ရှိသေးသည်။
“မြို့စား ဘာဖြစ်တာလဲ။”
ချောင်ယွီ၏ စိုးရိမ်တကြီး မေးခွန်းထုတ်သံကို
ဟဲကျစ်ယန် ကြားသည်နှင့် အပြင်သို့ အမြန်ထွက်လာခဲ့သည်။
သူမသည် အစောင့်နှစ်ယောက်က ပက်လက်ထမ်းစင်ဖြင့်
မော့ကျိုးယွီကို တင်ပြီး အိမ်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
“သခင်မ မြို့စား ဒဏ်ရာရထားတယ်။ လက်အောက်ငယ်သားတွေက
သူ့ကို အရင်ပြန်ပို့ပေးပြီး နန်းတွင်းသမားတော်ကို ချက်ချင်း သွားဖိတ်နေပါတယ်။”
ထိုသို့ပြောပြီးနောက် အစောင့်နှစ်ယောက်က
မော့ကျိုးယွီကို ထမ်းစင်ပေါ်ကနေ ကုတင်ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။
အစောင့်နှစ်ယောက် ထွက်သွားသည်နှင့် ချောင်ယွီသည်
ဟဲကျစ်ယန်၏ ဘေးနားသို့ နီရဲသော မျက်ဝန်းတို့ဖြင့် လျှောက်လှမ်းလာခဲ့သည်။
“သခင်မလေး ခုနတုန်းက မြို့စား အပြင်ထွက်သွားတုန်းက
အကောင်းကြီးပါ။ အခု သူက ဘယ်လိုလုပ် သတိလစ်ပြီး ပြန်ရောက်ရတာလဲ။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ အခြေအနေကို
စောင့်ကြည့်နေခဲ့သည်။ သူမသည် သူက ကိုမာဝင်နေသည့်အသွင် သူ့မျက်ဝန်းတွေကို တင်းတင်းစေ့ထားသည်ကို
တွေ့လိုက်ရသည်။
“မင်း တံခါးဝမှာ အရင်သွားစောင့်နှင့်။
နန်းတွင်းသမားတော် ရောက်လာတာနဲ့ ဒီကို ချက်ချင်း ခေါ်လာခဲ့ပေးချေ။”
သူမ၏ ပထမ ဦးစားပေးမှာ ချောင်ယွီကို အာရုံပြောင်းရန်နှင့်
မော့ကျိုးယွီ၏ ဒဏ်ရာများကို စစ်ဆေးရန် ကူညီပေးဖို့ ဖြစ်သည်။
“ဟုတ်ကဲ့” ချောင်းယွီသည် ဤသို့ တုံ့ပြန်ပြီး
လှည့်ထွက်သွားသည်။
ဟဲကျစ်ယန်သည် အနီရောင် ဖယောင်းတိုင် နှစ်တိုင်ကို
အတောက်ပဆုံး အနေအထားသို့ ချိန်ညှိပြီး မော့ကျိုးယွီ၏ အခြေအနေကို စစ်ဆေးရန် ကုတင်ဘေးသို့
ကပ်သွားခဲ့သည်။
မထင်မှတ်ဘဲ သူမ အနားသို့ ကပ်သွားသည်နှင့်
မော့ကျိုးယွီသည် သူ့မျက်လုံးတွေကို ဖွင့်လာခဲ့သည်။
“ကိုယ် အဆင်ပြေတယ်။”
သူ့အသံကိုကြားတော့ အားအင်ပြည့်ဝနေပြီး
သူ တကယ့်ကို အန္တရာယ်မရှိပုံရသည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ” ဟဲကျစ်ယန်က မေးလိုက်သည်။
မော့ကျိုးယွီက တခဏတာမျှ တုံ့ဆိုင်းသွားပြီး
သူ့ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်။
သူ၏ အေးစက်နေသော မျက်ဝန်း တစ်စုံက ဟဲကျစ်ယန်ကို
စူးစိုက်ကြည့်နေခဲ့သည်။
“ဒီနေ့ ကိုယ် နန်းတော်ထဲကိုဝင်ရင် ဒုက္ခရောက်လိမ့်မယ်ဆိုတာ
မင်း ဘယ်လိုသိတာလဲ။”
နန်းတော်မှ အပြန်လမ်းတွင် မော့ကျိုးယွီတစ်ယောက်
လူနာထမ်းစင်ပေါ်တွင် လှဲလျောင်းနေရင်း ဟဲကျစ်ယန်က ဒီအကြောင်းကို ဘယ်လိုသိနေခဲ့တာလဲဟု
သူ့စိတ်နှလုံးထဲတွင် မှန်းဆနေခဲ့မိသည်။
အကြီးမားဆုံး ဖြစ်နိုင်ခြေကတော့ သူ့ယောက္ခထီး
ဟဲယွမ်မင်က ဒီအကြောင်းကို ကြိုသိနေတာပင်။ ဒီလိုမှမဟုတ်ရင် သူ ဒီအကြောင်းကို မဖြေရှင်းနိုင်ဘူး။
ဤသို့ဆိုလျှင် ဟဲယွမ်မင်သည် ဘုရင့်ဘက်တော်သားတစ်ဦးဖြစ်နေသည်မှာ
သံသယမရှိစရာပင်၊ ဟဲကျစ်ယန်သည်လည်း သူ့သူလျှိုဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို မငြင်းဆိုနိုင်ပေ။
ဤအတွေးဖြင့် ဟဲကျစ်ယန်ကို ကြည့်နေတဲ့ မော့ကျိုးယွီ၏
မျက်ဝန်းတွေက ပိုလို့တောင် စူးရှလာခဲ့သည်။
ဒီခေတ်က မိန်းမပျိုသာဆိုရင် ဒီအကြည့်တွေကြောင့်
ကြောက်လန့်လွန်းလို့ မျက်ရည်ကျသွားနိုင်သည်။
မော့ကျိုးယွီက သူမကို သံသယရှိကြောင်း ဟဲကျစ်ယန်က
သိနေသော်လည်း သူမက လုံးဝ မစိုးရိမ်ပေ။
“ကျွန်မ ဒီရက်ပိုင်း ရှင် ဒီအဖြစ်ဆိုးနဲ့
ကြုံတွေ့ရလိမ့်မယ်ဆိုတဲ့အကြောင်းကိုပဲ ဆက်တိုက် အိမ်မက် မက်နေတာ။ ရှင် ယုံချင်ယုံ မယုံချင်နေ
ဒါက ကျွန်မရဲ့ ဖြေရှင်းချက်ပဲ။”
သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများကို
ကြည့်ပြီး မော့ကျိုးယွီသည် သူမ၏ စကားလုံးများကို အလုံးစုံ မယုံကြည်သေးသော်လည်း အံ့အားသင့်ဖို့ကောင်းစွာပင်
သူက ဆက်လက် မေးမြန်းခြင်း မရှိပေ။
ဟဲကျစ်ယန်က သူ ဘာတွေ တွေးနေမှန်းကို မသိဘူး။
သူမက ထပ်မေးခဲ့ပြန်သည်၊ “ရှင် ဒဏ်ရာရခဲ့လား။ ကျွန်မ ဆေးပညာ နည်းနည်း တတ်တယ်၊ ကျွန်မ
ရှင့်ကို တစ်ချက်ကြည့်ပေးမယ်လေ။”
သူမ ပြောစကား ဆုံးသွားသည်နှင့် မော့ကျိုးယွီက
သူ့နောက်ကျောကနေ သူမ သူ့ကို ပေးထားသော အခင်းထူထူလေးကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုင်ဖုံအခင်းပြားလေးသည် တော်တော်လေး ဆိုးဆိုးရွားရွား
ပျက်စီးသွားကာ သူ့အပေါ်မှာ သွေးစွန်းရာလေးတွေကိုပါ ခပ်ဝါးဝါး မြင်တွေ့နေရသည်။
“ရှင် အနောက်ဆောင်ထဲ တကယ် ဝင်ခဲ့တာလား။
ပြီးတော့ ကြိမ်ဒဏ် တစ်ရာပါ အပေးခံခဲ့ရတာလား။”
ဤသည်မှာ သမိုင်းတွင် မှတ်တမ်းတင်ထားခြင်း
ဖြစ်သည်။ အခု မော့ကျိုးယွီသည် ပြန်သယ်ခံလာရပြီး အခင်းပြားပေါ်ရှိ သွေးစွန်းရာများကို
ကြည့်ခြင်းအားဖြင့် ဤအရာအားလုံးသည် အမှန်တကယ်ဖြစ်လာကြောင်းကို ညွှန်ပြနေပါသည်။
မော့ကျိုးယွီက အသာလေး ခေါင်းခါလိုက်သည်၊
“ကိုယ် အနောက်ဆောင်ထဲ မဝင်ခဲ့ဘူး။ ဘုရင်မင်းမြတ်က ကိုယ့်ကို အမိန့်မနာခံတဲ့ ပြစ်မှုနဲ့
စွဲချက်တင်ပြီး ကြိမ်ဒဏ် ငါးဆယ်ပေးခဲ့တယ်။”
ထိုသို့ပြောပြီးနောက် သူသည် သွေးစွန်းနေသော
အခင်းပြားကို ပြန်ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခဲ့သည်၊ “ဒီကပ်ဆိုးကြီးကနေ
လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ မင်းရဲ့ သတိပေးမှုနဲ့ အခင်းပြားအတွက် ကျေးဇူးပါ။”
ဒါကိုတွေးပြီး မော့ကျိုးယွီတစ်ယောက် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်သည်။
သူ့ကို နန်းတော်ထဲ အခေါ်လွှတ်ချိန် ဟဲကျစ်ယန်က
သူ့ကို ဘုရင်မင်းမြတ်က အနောက်ဆောင်ဆီသို့ အခေါ်လွှတ်လာခဲ့ပြီး ထိုသို့ ဆိုလာခဲ့ရင်
မသွားဖို့ သတိပေးခဲ့တာကို ပြန်အမှတ်ရမိသည်။
ဟဲကျစ်ယန်၏ ထပ်ခါတလဲလဲ သတိပေးချက်ကို ပြန်ပြောင်းသတိရကာ
မော့ကျိုးယွီသည် အနောက်ဆောင်ထဲ အမျိုးသားများကို ဝင်ခွင့်မပြုသောကြောင့် မလာသင့်ကြောင်းဆိုကာ
ငြင်းဆိုခဲ့သည်။
သူ့အကြံအစည်အတိုင်း မဖြစ်မြောက်တာကိုမြင်တော့
ဘုရင်မင်းမြတ်က အမျက်ထွက်သွားခဲ့ပြီး မော့ကျိုးယွီကို အမိန့်ကို မနာခံတဲ့ ပြစ်မှုနှင့်
အပြစ်ပေးခဲ့သည်။
အမိန့်ကို မနာခံခြင်းသည် ရာဇဝတ်မှုကြီး
တစ်ခုဖြစ်သော်လည်း မော့ကျိုးယွီအား ဤကဲ့သို့ အပြစ်ပေးခြင်းသည် ယုတ္တိမရှိကြောင်း ဘုရင်မင်းမြတ်လည်း
သိသည်။ အမှန်တရားကို ဖော်ထုတ်လိုက်ရင် တိုင်းပြည်၏ ဘုရင်တစ်ပါးအနေဖြင့် သူ မျက်နှာပျက်ရလိမ့်မည်။
သို့ရာတွင် သူက မော့ကျိုးယွီကို ထိုကဲ့သို့
မဖြစ်စေချင်ပေ။ စွဲချက်တင်ပြီးနောက် ဘုရင်မင်းမြတ်သည် သူ့ကို ကြိမ်ဒဏ် အချက် ငါးဆယ်
အပြစ်ပေးခဲ့သည်။
မော့ကျိုးယွီသည် ကြိမ်ဒဏ် အချက် ငါးဆယ်
လျှော့ချခဲ့ရုံသာမက ဟဲကျစ်ယန်၏ အခင်းပြားကလည်း သူ့ကို ကာကွယ်ပေးခဲ့သဖြင့် ပြင်ပဒဏ်ရာအနည်းငယ်သာ
ရရှိခဲ့သည်။
သို့သော်လည်း မော့ကျိုးယွီသည် ပြင်ပဒဏ်ရာအနည်းငယ်သာ
ရရှိခဲ့တာကို ဖုံးကွယ်ရန် တမင်တကာ သတိလစ်သွားဟန်ဆောင်ပြီး ကာကွယ်ရေးဝန်ကြီးအိမ်တော်ကို
ပြန်ပို့ပေးစေခဲ့သည်။
မော့ကျိုးယွီ၏ စိတ်ထဲတွင် ဟဲကျစ်ယန်က အခြားသော
အရာအချို့ကို သိရှိနိုင်သေးသည်ဟု ခံစားမိသည်။
“မင်း အိမ်မက်ထဲမှာ တခြားဘာတွေမြင်မက်ခဲ့သေးလဲ။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ စတင်မေးမြန်းလာမှာကို
စောင့်ဆိုင်းနေခဲ့တာ ဖြစ်သည်။ သူမက “ကျွန်မ ကာကွယ်ရေးဝန်ကြီးအိမ်တော် အရှာဖွေခံရပြီး
ပြည်နှင်ဒဏ်အပေးခံရတာကိုလည်း မြင်မက်ခဲ့သေးတယ်။” ဟု လေးနက်စွာ ပြောလိုက်သည်။
“အရှာဖွေခံရပြီး ပြည်နှင်ဒဏ်အပေးခံရတာလား”
မော့ကျိုးယွီ၏ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ကြည့်ရတာ သိသိသာသာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဟဲကျစ်ယန်က လေးလေးနက်နက် ခေါင်းညိတ်ပြသည်၊
“အချိန်မမှားဘူးဆိုရင် မနက်ဖြန်မနက် ဖြစ်လိမ့်မယ်။”
“မနက်ဖြန်မနက်လား။”
“ဟုတ်တယ်၊ မနက်ဖြန်မနက်ပဲ။ မနက်ဖြန်မနက်
ညီလာခံကျရင် မှုးမတ်တွေက သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ ရှင် ရန်သူတွေနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့
နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ အထောက်အထားတွေနဲ့ စွဲချက်တင်ကြလိမ့်မယ်။”
အချိူ့သောအကြောင်းများကြောင့် မော့ကျိုးယွီသည်
ဟဲကျစ်ယန်၏ ပြောစကားကို အလွန်အမင်း သံသယမရှိပေ။
နောက်ဆုံးတော့ ဒီအရာတွေ မဖြစ်ပျက်ခင်မှာ
အရိပ်အယောင်တချို့ ရှိနေခဲ့သည်။
ဒီနေ့ည နန်းတော်သို့ တိုးတိုးတိတ်တိတ်
ဆင့်ခေါ်ခံရပြီးတော့ ကြိမ်ဒဏ် အချက် ငါးဆယ် ရရှိခဲ့သည်။
မော့ကျိုးယွီ လုံးဝ သတိမထားမိသော အခြားသော
အရာများလည်း ရှိပါသေးသည်။
ဒီအခိုက်အတန့်တွင် မော့ကျိုးယွီတစ်ယောက်
အတွေးနက်သွားခဲ့သည်။
ဟဲကျစ်ယန်သည် ပြောသည့် စကားတွေက အမှန်ဖြစ်လာသည်ဖြစ်စေ
မဖြစ်လာသည်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားဖို့ လိုအပ်သည်ဟု သူ ခံစားမိသည်။
ဤအတွေးဖြင့် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို
ကြည့်လိုက်သည်။
“ကိုယ့်အမေနဲ့ မရီးတွေကို အခု သတင်းပို့ဖို့
တစ်ယောက်ယောက် လွှတ်လိုက်ပါ။ ကိုယ် တော်ဝင်နန်းတော်ကနေ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး
သတိလစ်ပြန်လာတယ်လို့ ပြောလိုက်ဖို့ပဲ လိုတယ်။ သူတို့ ကိုယ့်ကိုကြည့်ဖို့ ဒီကို သေချာပေါက်
ရောက်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ကိုယ် သူတို့ကို ဒီအကြောင်းပြောလိုက်မယ်။”
အချို့သော အကြောင်းများကြောင့် မော့ကျိုးယွီသည်
ယခုအချိန်တွင် သူနှင့် သိပ်မရင်းနှီးသော ဤအမျိုးသမီးကို ထူးဆန်းစွာ ယုံကြည်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဟဲကျစ်ယန်အပေါ်
တူညီသောသဘောထားကို ဆက်လက်ထိန်းသိမ်းထားခဲ့ကာ သူမ ပြောတာကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ
အကြောင်းပြချက်မရှိ အချိန်ဖြုန်းနေရတယ်ဆိုရင်တောင်မှ အဆိုပါ အဖြစ်အပျက်များ ဖြစ်ပျက်လာသည့်အခါ
ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းပေလိမ့်မည်။