အခန်း (၅၂)
'စာချုပ်' စုံတွဲကြားက နယ်နိမိတ်စည်းက ဝေဝါးလာတယ်။
ရှန်းမူမူသည်
လမ်း၌ ချီမော့နှင့် တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကား၏
ကျယ်ဝန်းသော နောက်ထိုင်ခုံတွင် ချီမော့က ခြေထောက်များကို အနည်းငယ် ခွဲထားကာ လည်သာကျောမှီကို
မှီထားပြီး သူ၏ ကိုယ်ဟန်အနေအထားမှာ သဘာဝအတိုင်း သက်တောင့်သက်သာ ရှိနေသည်။
သူ့ ဒူးက
ရှန်းမူမူ၏ ဒူးကို မတော်တဆ ပွတ်တိုက်မိပုံရသည်။
သူမက
ဒူးကို အနည်းငယ် ရွှေ့ရန် ကြံနေစဥ် အမျိုးသား၏ သိမ်မွေ့ကာ နက်ရှိုင်းသည့် အသံက သူမ၏
အတွေးရထားကို နှောက်ယှက်လိုက်သည်။
"သူမ
မင်းကို ဘာအကြောင်းပြောနေတာလဲ။ မင်းကို စော်ကားတဲ့ စကားမျိုး ပြောခဲ့သေးလား။"
သူက ချွီဟွေ့ကို
ရည်ညွှန်းနေခြင်းဖြစ်သည််အား ရှန်းမူမူ ချက်ချင်း နားလည်လိုက်သည်။
သူမက
ဒရိုင်ဘာထိုင်ခုံကို တစ်ချက်ကြည့်လိုက်သည်။
ကားမောင်းသူက
လမ်းကိုသာ အာရုံစိုက်နေသည်။
ချီမော့ကဲ့သို့တစ်စုံတစ်ယောက်၏
အနားတွင် အလုပ်လုပ်နိုင်စွမ်းရှိရန် ပါးစပ်လုံခြင်းက ထိပ်တန်းလိုအပ်ချက်ဖြစ်သည်။
သို့သော်
စကားများတွင် ချီရှောင်ပိုင်၏ နောက်ခံအကြောင်းအရာနှင့် ပတ်သက်သည်များ ပါဝင်သည့်အတွက်
ရှန်းမူမူက ၎င်းကို တတိယလူ ရှိနေသည့်အချိန်၌ ဆွေးနွေးရန် တွန့်ဆုတ်နေခဲ့ပြီး
ချီမော့ကို ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
ရုတ်တရက်
အရှေ့ဘက်နှင့် နောက်ထိုင်ခုံကြားတွင် အခန်းကန့်တစ်ခု ဖြေးညင်းစွာ ပေါ်ထွက်လာပြီး နေရာနှစ်ခုကို
သီးခြားခွဲထားလိုက်သည်။
"အဆင်ပြေသွားပြီ။
အရှေ့က ဘာမှ ကြားရမှာ မဟုတ်ဘူး။" ချီမော့က သူမကို စိတ်ချလက်ချ ဖြစ်စေမည့် အကြည့်တစ်ချက်
ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်
ထိုယောက်ျား၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် မြင့်တက်လာသည်ကို သူမ သတိပြုမိသည်။
ထိုသည်မှာ
သူမ၏ ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်ချက်အတွက် ချီးကျူးမှု တစ်မျိုး ဖြစ်ပုံရသည်။
ရှန်းမူမူက
ဖြစ်ပျက်ခဲ့သမျှ၏ အဓိကအချက်များကို ပြန်လည်ပြောပြခဲ့ပြီး ချွီဟွေ့၏ ခံစားချက်များနှင့်အတူ
သူမကို အထင်အမြင်သေးနေကြောင်း ပျမ်းမျှသာ ပြောခဲ့ပြီး သိပ်အသေးစိတ် မပြောပြခဲ့ပေ။
ပထမအချက်မှာ
ချီမော့က အရာအားလုံးကို ကြားချင်လိမ့်မည် မဟုတ်ဟု သူမ ခံစားခဲ့ရသည်။ သူမက 'သူမ ရှင့်ကို
အရမ်းကြိုက်ပုံရတယ်' ဟူသော ရိုးရိုးရှင်းရှင်း အကျဉ်းချုံ့ထားသည့် စကားတစ်ခွန်းသာ ဖော်ပြခဲ့သည်။
အမျိုးသားက သူ၏ စိတ်အနှောက်အယှက်ဖြစ်မှုကို မြိုသိပ်မထားဘဲ မျက်မှောင်ကြုတ်နေခဲ့သည်ကို
မြင်သောကြောင့် ထိုသို့တွေးခဲ့ခြင်း ဖြစ်သည်။
ဒုတိယအနေနှင့်
အလွန်အကျွံ ညည်းညူပြခြင်းသည် သူမက ဆတ်ဆတ်ထိမခံဖြစ်နေပြီး သူ့အား သူမအတွက် ရပ်တည်ပေးရန်
တောင်းဆိုနေပုံ ပေါ်သွားလိမ့်မည် ဖြစ်သည်။ ချွီဟွေ့ကို သူမ လုံးဝ အလေးအနက်မထားသောကြောင့်
သဘာဝအတိုင်း သူမကို ဆက်လက် ညွှန်းဆိုနေမည်မဟုတ်ပေ။
ချီမော့သည်
လျှို့ဝှက်နက်နဲသော မျက်လုံးများဖြင့် သူမကို စူးစိုက်ကြည့်နေခဲ့သည်။
သူမ စကားပြောသောအခါတွင်
သူမ၏ မျက်လုံးများက အမြဲတမ်း အသက်ဝင် တောက်ပကာ လှပနေကြောင်း သတိပြုမိခဲ့သည်။
ရှေ့ခန်းမှ
ကားမောင်းသူကို သတိထားနေပြီး သူမအသံက ပုံမှန်ထက် အနည်းငယ် တိုးလျနေပေမယ့် ကြည်လင်ပြီး
ငြိမ့်ညောင်းနေဆဲ ဖြစ်သည်။
သူမ စကားမပြောခင်
ကားအရှေ့ခန်းနှင့် နောက်ခန်းကို ပိုင်းကန့်သည့် အလွှာ အပြည့်အဝ စောင့်ဆိုင်းနေခဲ့ပြီး
သူမ စကားပြောရန် မည်မျှ ချီတုံချတုံဖြစ်နေခဲ့သည်ကို သတိရမိသည့်အခါ သူ့နှလုံးသားထဲ၌
နားလည်ရန်မလွယ်ကူသော ကြည်နူးမှုလေးတစ်ခု လှိုင်းထလာသည်။
သူမက
သူ့ကို တွေးပေးခဲ့ခြင်း ဖြစ်သည်။
ရှန်းမူမူသည်
ထိုအမျိုးသား၏ စိတ်ခံစားမှု အပြောင်းအလဲများကို သတိမထားမိလိုက်ပေ။ ချွီဟွေ့နှင့် ဖြစ်ပျက်ခဲ့သည်များကို
ပြောပြီးသွားသည့်အခါ သူမက တစ်ခုခုကို သတိရသွားသည်။
"အိုး
ဟုတ်သား။ ကျွန်မ ဒီနေ့လယ်က ရေပူစမ်းကို သွားခဲ့တယ်။ အဲဒီမှာ မန်နေဂျာက ညစာအစီအစဉ်တွေ
လိုသေးလားလို့မေးတော့ ဗီလာကို ဟော့ပေါ့ဟင်းချက်စရာတွေ ပို့ပေးခိုင်းလိုက်တယ်။ အပြင်ထွက်မယ့်အစား
ဒီည အဲဒါပဲ စားလိုက်ကြမယ်။ ရှင် ဘယ်လို ထင်လဲ။"
ချီမော့က
နူးညံ့သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။ "အဲဒါကောင်းတယ်။"
"အဲဒါဆို
ဒီအတိုင်းပဲ လုပ်လိုက်တော့မယ်။ ကျွန်မတို့ ဗီလာမှာပဲ စားကြတာပေါ့။" ရှန်းမူမူက
ပြုံးလိုက်သည်။
အစောပိုင်းက
ကားအပြင်ဘက်တွင် အကြာကြီး နေခဲ့သောကြောင့် သူမ၏ နားရွက်ကလေးများနှင့် နှာခေါင်းဖျားလေးက
အအေးဒဏ်ကြောင့် ပန်းရောင်သန်းနေသေးသည်။
ယနေ့ညမှာ
သူမတို့ ဟော့ပေါ့စပ်စပ်လေး စားကြမည့်အကြောင်း တွေးမိသည့် သူမက ပျော်ရွှင်သွားသည်။
အခုက
ဇူလိုင်လသာ ရှိသေးသည်။ သူမတို့ ကျင်းမြို့မှာဆိုရင် ဟော့ပေါ့သောက်ဖို့ လုံးဝ စဉ်းစားမှာ
မဟုတ်ပေ။
ချွေးများတလုံးလုံးနှင့်
စိုထိုင်းထိုင်းဖြစ်နေပြီး စားသောက်ရခြင်းကို သည်းမခံနိုင်ပေ။
သို့ပေမယ့်
ရှန်မြို့၏ ရာသီဥတုက ကျင်းမြို့နှင့် လုံးဝမတူချေ။ ထို့အပြင် အပန်းဖြေစခန်း၏
နှင်းများကျနေသည့် ရှုခင်းများကို ကြည့်ရင်း ဟော့ပေါ့ကို စားခြင်းက ထူးခြားသော အရသာကို
ရရှိစေနိုင်သည်။
ချီမော့သည်
သူမက ရုတ်တရက် အကြောင်းအရာ ပြောင်းလဲလိုက်ခြင်းက ညစာအတွက် ဘာစားရမည်ကို ဆွေးနွေးရုံသာမဟုတ်ကြောင်း
နားလည်ပေသည်။
ယင်းအစား
သူမသည် ချွီဟွေ့ ထုတ်ပြောလာသည့် ချီရှောင်ပိုင်၏ နောက်ခံအကြောင်းကို ဆက်မပြောလိုဘဲ
သူ့အား အဆင်မပြေသော မှတ်ဉာဏ်များအား ပြန်လည်အမှတ်ရစေလိုခြင်းမရှိသောကြောင့် ဖြစ်သည်။
သူမသည်
အကဲဆတ်သောအကြောင်းအရာများမှ စကားဝိုင်းကို မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း ထိန်းကျောင်းရမည်ကို
သိရှိ၍ လိမ္မာပါးနပ်သည်။
သူက သူမ၏
ဉာဏ်ရည်ဉာဏ်သွေးကို သဘောကျပြီး သူမ အနား၌ ရှိနေလျှင် အမြဲတမ်း စိတ်အေးလက်အေး ခံစားရပေသည်။
သို့သော်
ယခုတစ်ကြိမ်တွင်မူ သူ့အကြောင်းအရာပြောင်းရန် မရည်ရွယ်ခဲ့ပေ။
သူက လက်ချောင်းများကို
ကျင်လည်စွာ လှုပ်ရှား၍ နက်ခ်တိုင်ကို ဖြည်လိုက်သည်။
ရှန်းမူမူက
ဟော့ပေါ့နှင့်အတူ ကာဗွန်နိတ်အချိုရည် သောက်ရမလား သစ်သီးဖျော်ရည် သောက်ရမလားဟု တွေးနေစဥ်
ကြီးမားသော လက်တစ်ဖက်က ထိုင်ခုံပေါ် တင်ထားသည့် သူမလက်ပေါ်ကို ရုတ်တရက် အုပ်ကိုင်လာကာ
နှစ်ကြိမ် ပုတ်လိုက်သည်။
၎င်းသည်
စကားစမြည်ပြောနေသည့် အိမ်ထောင်ဘက်များကြားတွင် သဘာဝအဆန်ဆုံး ရှိသင့်သည့် ကိုယ်ဟန်အမူအရာနှင့်
တူသည်။
ချီမော့၏
ဆွဲဆောင်မှုရှိသော မျက်လုံးများက သူမကို ကြည့်လိုက်သည်။
"သူမ
မင်းကို ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့လား။"
သူ့လေသံသည်
ညင်သာ ပေါ့ပါးသော်လည်း ဖော်မပြနိုင်သော လွှမ်းမိုးချုပ်ကိုင်မှုမျိုး ရှိသည်။
သူက အမှန်တရားကို
တူးထုတ်ရန် ဆုံးဖြတ်ထားပုံရသည်။
ရှန်းမူမူက
ခေတ္တရပ်လိုက်သည်။
ဤအခိုက်အတန့်တွင်
သူမသည် ထိုယောက်ျား၏ ထိန်းချုပ်မှုနှင့် ဖိနှိပ်ချုပ်ချယ် အရှိန်အဝါကို အမှန်တကယ် ခံစားခဲ့ရသည်။
၎င်းမှာ
ရေရှည်အာဏာမှ ပေါက်ဖွားလာသော သီးခြားဆန်၍ အေးစက်ခြင်းမျိုး မဟုတ်သော်လည်း သူ၏ အသွေးအသားထဲ
စိမ့်ဝင်နေသော မွေးရာပါ ပါရမီနှင့် အရည်အချင်းများက ပံ့ပိုးပေးထားသော မွေးရာပါ ယုံကြည်ချက်ကြောင့်
ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။
အစွမ်းထက်သည့်
အရှိန်အဝါဖြင့် ဖုံးလွှမ်းခံထားရသောကြောင့် ရှန်းမူမူက မလိမ်ဝံ့ခဲ့ပေ။
"လေသံက
မယဥ်ကျေးဘူး။ ဒါပေမယ့် သူမက တစ်ဖက်သတ်ပြောနေတာပါ။ ကျွန်မက သူမကို တုံ့ပြန်ဖို့ အရမ်းပျင်းလွန်းနေလို့
ဂရုမစိုက်ခဲ့ဘူး။"
သူမ စကားဆုံးပြီးသည်နှင့်
သူ့မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်ကို မြင်လိုက်ရသည်။
သူမ၏
လက်ကောက်ဝတ်ကို အုပ်ကိုင်ထားသည့် လက်သည်လည်း သိသိသာသာ တင်းကျပ်လာသည်။
သူ၏ ချွန်ထက်သော
မေးရိုးလိုင်းများသည် သိသာစွာ တင်းမာနေပြီး မီးသင့်ကျောက်ကဲ့သို့ မျက်လုံးများက နက်ရှိုင်းနေကာ
နားမလည်နိုင်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူ၏ ချောမောသည့်
မျက်နှာပေါ်တွင် ဤကဲ့သို့ အမူအရာမျိုးကို မြင်ဖူးသည်မှာ ဤသည်က ဒုတိယအကြိမ် ဖြစ်သည်.
ပထမအကြိမ်မှာ
ချီအုပ်စုအဆောက်အဦး၏ ကားပါကင်တွင် သူမ ကားတွင် ကပ်ထားသည့် မှတ်စုအား
ယူလိုက်စဥ်က ဖြစ်သည်။
ထိုအကြောင်းအရာကို
မရှောင်လွှဲချင်တော့သဖြင့် ရှန်းမူမူက တိုက်ရိုက်မေးလိုက်သည်။
"ချီရှောင်ပိုင်ရဲ့
နောက်ခံအကြောင်း သူမ သိထားတာလား။ သူမက သတင်း လျှောက်ဖြန့်ပြီး ပြဿနာရှာနိုင်လား။"
သူမသည်
ထိုအမျိုးသမီးက ချီမိသားစုကို ဖရိုဖရဲဖြစ်မသွားစေရန် မျှော်လင့်မိသည်။
သူမနှင့်
ချီသားအဖကြားတွင် ငွေကြေးနှင့် ခိုင်မာသော စာချုပ်ဆိုင်ရာ ဆက်ဆံရေးတစ်ခုသာ ရှိခဲ့သော်လည်း
အတူတကွ အချိန်ဖြုန်းပြီးနောက်တွင် သူမက သူတို့ကို အမှန်တကယ် ဂရုစိုက်မိခဲ့သည်။
သူမသည်
အမြဲတမ်း ကျောရိုးမတ်မတ်နှင့် နေတတ်သည့် ဤအမျိုးသားနှင့် အပြင်ပန်းပုန်ကန်သော်လည်း
အတွင်းစိတ်ထိခိုက်လွယ်သော အသက်ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတို့က ထိုကောလာဟလများကြောင့်
ထိခိုက်ခံစားရမည်ကို မမြင်ချင်ပေ။
ထိုအမျိုးသား၏
မင်ကဲ့သို့ နက်မှောင်နေသော မျက်ဆံများက သူမကို မယိမ်းမယိုင် စူးစိုက်ကြည့်နေခဲ့သည်။
ကြီးမားကျယ်ပြန့်သော
လက်ဖဝါးက သူမ လက်ကောက်ဝတ်မှ အပေါ်သို့ ဖြေးဖြေးချင်း ရွေ့လျားသွားပြီး သူမ ခေါင်းထိပ်ဆီသို့
ရောက်လာကာ ဆံပင်များကို ဖွလိုက်သည်။
သူ့လက်ချောင်းရှည်များက
သူမဆံပင်တွေထဲ အဆုံးအထိ လျှောဆင်းလာပြီး လက်ပြန်မရုတ်ခင် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်နေသည်။
လှုပ်ရှားမှုသည်
နူးညံ့သိမ်မွေ့ပြီး ထိန်းချုပ်ထားသည်။
သူတို့၏
"အိမ်ထောင်ရေးစာချုပ်" မှ မှုန်ဝါးလာသော နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ခြင်းမပြုခဲ့ပေ။
ရှန်းမူမူသည်
မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး သူမ၏ အရည်လဲ့နေသော မျက်လုံးများက ဇဝေဇဝါနှင့် ပျာယိပျာယာ
ဖြစ်နေကာ ချစ်စဖွယ်ကောင်းနေခဲ့သည်။
သူမ ခေါင်းထက်မှ
သိမ်မွေ့သော ခံစားမှုနှင့်အတူ ထိုလူ၏ သံလိုက်ကဲ့သို့သော ခပ်နိမ့်နိမ့်အသံ ထွက်ပေါ်လာသည်
။
"မင်း
မထိခိုက်သရွေ့တော့ အဆင်ပြေပါတယ်။ ကျန်တာ စိတ်မပူနဲ့။ သူမ အမြဲ နှုတ်ဆိတ်နေအောင် ကိုယ်
သေချာ လုပ်ပေူမယ်။"
ထိုအေးစက်သော
စကားလုံးများသည် ရှန်းမူမူကို ကြောင်အအနှင့် ထိတ်လန့်သွားစေခဲ့သည်။
သူမက
တုန့်ဆိုင်းစွာနှင့် အသံတိုးတိုးလေးဖြင့် တုန်ယင်စွာ မေးလိုက်သည်။
"အမြဲ
နှုတ်ဆိတ်နေအောင်... သတ်... သတ်ပစ်မှာလား..."
ထိုလူ၏
အမူအရာက ရုတ်တရက် ပြေလျော့သွားသည်။ သူ၏ ခပ်တိုးတိုးနှင့် လုံးထွေးနေသော ရယ်မောသံသည်
သူ့ရင်ဘတ်ထဲမှ ထွက်ပေါ်လာသည်။
သူ၏ လှပသော
မျက်ဝန်းထောင့်များက ဖြည်းညှင်းစွာ ကွေးသွားကာ အပြုံးရိပ်ထင်နေသည့် အသံဖြင့် ပြောလိုက်သည်။
"မင်း
တွေးသလို မဟုတ်ရပါဘူးကွာ။"
ရှန်းမူမူက
ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး အသက် ခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။
သေမလောက်
လန့်သွားတာပဲ။
နေ့တိုင်း
သူမဘေးမှာ အတူအိပ်နေတဲ့ အမျိုးသားက ဥပဒေချိုးဖောက်သည့် အလုပ်များ လုပ်နေသည်ဆိုလျှင်
သူမ ကြောက်လန့်လွန်း၍ သေရလိမ့်မည် ဖြစ်သည်။
ချီမော့၏
အကြည့်က ပြတင်းပေါက် အပြင်ဘက်သို့ ရွေ့လျားသွားသည်။
သူ့မျက်လုံးများက
ဆုံချက်မရှိဘဲ အတွေးထဲတွင် နစ်မြုပ်နေပုံရသည်။
အပြင်ဘက်က
နှင်းတွေကျနေတဲ့ ရှုခင်းတွေက သူ၏ ဘေးဘက်ပုံရိပ်ကို ပို၍ အေးစက်စက်ပုံ ပေါ်သွားစေသည်။
ရှန်းမူမူက
သူ ချွီဟွေ့နှင့် မည်သည့် ဖြေရှင်းမည်ကို မမေးခဲ့ပေ။
အချို့အရာများကို
ရှင်းရှင်းလင်းလင်း မပြောဘဲ ထားခဲ့ခြင်းက ပိုကောင်းပါသည်။
သူတို့
ပတ်သက်ခဲ့သည်မှာ အချိန်အနည်းငယ် ကြာပြီဖြစ်ရာ အရွယ်ရောက်ပြီး
သူများကြားတွင် ရှိသင့်သော စကားလုံးများ မလိုသည့် နားလည်မှုတို့ ဖွံ့ဖြိုးလာသင့်ပြီ
ဖြစ်၏။
သို့ပေမယ့်
သူမ ထပ်မေးလိုစိတ် မရှိတော့ခြင်းရဲ့ အဓိက အကြောင်းအရင်းက ထိုအကြောင်းကြောင့် မဟုတ်ပေ။
ရှန်းမူမူသည်
မျက်လွှာချကာ သူမ၏ သိချင်စိတ်ကို ရပ်တန့်စေပြီး သူမ အတွေးများကို အနှောင့်အယှက်ပေးသော
တရားခံကို ငုံ့ကြည့်လိုက်သည်။
သူ၏ ခပ်ကြီးကြီးလက်ဖဝါးက
သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
အဝတ်များခြားနေသဖြင့်
သူမသည် အပူချိန်အစစ်အမှန်ကို မခံစားနိုင်ပေ။
သူ့လက်က
ပူနွေးနေမည်ဟု သူမထင်သည်။
မဟုတ်လျှင်
သူမ လက်ဖဝါးက အဘယ့်ကြောင့် ချွေးများ စိုလာရမည်နည်း။
ဤခံစားချက်က
ဘာလဲဆိုတာကို သူမ အတိအကျ မသိနိုင်ပေ။
ယခင်က
ပါတီပွဲ၌ဖြစ်စေ ဗီလာဝန်းထဲရှိ မဒမ်များ ရှေ့၌ဖြစ်စေ ဟန်ဆောင်ခဲ့သော သူတို့၏ ချစ်ခြင်းမေတ္တာကို
ပြသသည့် လုပ်ရပ်နှင့် ကွဲပြားနေသည်။
ဤတစ်ကြိမ်၌
သူတို့ နှစ်ယောက်သာ သီးသန့် ရှိနေခြင်း ဖြစ်သည်။
သူမ ဆံပင်တွေကို
သူ ပွတ်သပ်လာသည့် အခိုက်အတန့်တွင် သူသည် မရည်ရွယ်ဘဲနှင့် သူ၏ နူးညံ့မှုနှင့် ပိုင်ဆိုင်လိုမှုတို့ကို
ဖော်ပြခဲ့သည်။
သူမ ၎င်းကို
သတိထားမိသည်။
ထို့ပြင်
သူမ သတိထားမိတာကို သူလည်း သိ၏။...