အခန်း (၂၈)
စကားလုံးလေးလုံးပဲ ပြောမယ် 'ရှင်နဲ့မဆိုင်ဘူး'
စွင်းအိမ်တော်တွင်
"ဝါး
ရှစ်ခု။"
"စားပြီ။"
(လေးခုတန်း(တစ်စုံ)နှင့် သုံးစုံတန်းရင် စားရ)
ရှန်းမူမူက
ပြုံးလိုက်ပြီး ဝါးရှစ်ခုနှင့် စားသွားပြီးနောက် သူမရှေ့မှ မာကျောက်အတုံးလေးများကို
တစ်ခါ ထပ်ကြည့်လိုက်သည်။
၎င်းမှာ
ကတ်ဆွဲခြင်းဖြင့် အနိုင်ရခြင်းဖြစ်နိုင်သလို တန်းနေသည့် တိုင်များကို ဖျက်ဆီးမိသွားခြင်းလည်း
ဖြစ်နိုင်ပေသည်။
မာကျောက်စားပွဲ၏
တစ်ဖက်မှ ဝမ်ချင်းဝေ့က ရယ်မြူးရိပ်သမ်းနေသော အသံနှင့် ပြောလိုက်သည်။
"အိုး... မစ္စချီမှာ စူးရှတဲ့ မျက်လုံးရှိတာပဲ။ ကျွန်မတောင် ကောင်းကောင်း မကြည့်ရသေးခင် ရှင်က ကျွန်မရဲ့ မာကျောက်တုံးကို
ခိုးသွားပြီ။"
ရှန်းမူမူက
တစ်ချက်မျှသာ ကြည့်လိုက်ပြီး တုန့်ပြန်ရန် အလွန် ပျင်းရိနေသည်။
ဝမ်ချင်းဝေ့က
ရှန်းမူမူ သူမအား အဖက်လုပ်လုပ် မလုပ်လုပ် လှောင်ပြောင်သရော်သည့် စကားများကို ဆက်ပြောနေရန်
တွေးထားပြီး ဖြစ်သည်။
ရုတ်တရက်
သူမက သက်ပြင်းချလိုက်၏။ "အာ--"
သူမ အသံက
အလွန်အမင်း ပုံကြီးချဲ့ကာ ရေရွတ်ရင်း နောက်ဆုံးကျန်သည့် တုံးကို ဆွဲယူလိုက်သည်။ စားပွဲရှိ
အမျိုးသမီးသုံးယောက်က အချင်းချင်း ကြည့်လိုက်၏။
ဝမ်ချင်းဝေ့
: "မစ္စချီ ကျွန်မ ရှင့်အတွက် တကယ် စိတ်မကောင်းပါဘူး။ ရှင့်မှာ စူးရှတဲ့ မျက်လုံးရှိပေမယ့်
ရှင်က မျက်လုံးအောက်က မြေခွေးမကိုတောင် သတိမပြုမိဘူးပဲ။"
ရှန်းမူမူ၏
အမူအရာက မပြောင်းလဲပေ။ သူမက တည်ငြိမ်စွာဖြင့် ဝမ်ချင်းဝေ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်မှ
သူမ၏ အာရုံကို သူမ၏ မာကျောက်တုံးများပေါ်
ပြန်ပို့လိုက်သည်။
သူမက
ယခုအချိန်၌ စိတ်အနှောက်အယှက် အဖြစ်မခံနိုင်ပေ။ ဤအနိုင်အရှုံးက အရေးကြီးပေသည်။
ဝမ်ချင်းဝေ့က
မျက်လုံးထောင့်များထိ ရောင်အောင် နူးညံ့ညင်သာစွာ ပြုံးနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအား
လိမ်ရစ်ရင်း စားပွဲကို မှီလိုက်သည်။ သူမက ဆက်ပြောလိုက်၏။
"မစ္စချီ
ကျွန်မ တကယ် ကြွားပြောတာ မဟုတ်ရပါဘူး။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ရှင် လက်ထပ်ပြီးတဲ့နောက်မှာ
ဇနီးသည်တွေ တတ်အပ်တဲ့ အနုပညာတချို့တော့ လေ့လာထားသင့်တယ်။ မဟုတ်ရင် ရှင့်ယောက်ျားက အနှေးနဲ့အမြန်
အပြင်ဘက်က တခြားမိန်းကလေးတွေရဲ့ မြူဆွယ်တာကို ခံရလိမ့်မယ်။"
ရှန်းမူမူက
တုံးတစ်ခု ဆွဲလိုက်ရင်း ရုတ်တရက် အခက်တွေ့သွားပုံပေါ်သည်။ သူမက ဝမ်ချင်းဝေ့အား မော့ကြည့်လိုက်၏။
၎င်းကို
မြင်သောအခါ ဝမ်ချင်းဝေ့က မနေနိုင်ဘဲ နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်သည်။
သူမက
သူမဘာသာ တွေးလိုက်၏။ ဟားဟား ငါတော့ ချက်ကောင်းကို ရိုက်မိလိုက်တာ မဟုတ်ဘူးလား။
ဝမ်ချင်းဝေ့က
သူမ၏ ကျေနပ်နေမှုကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး နှစ်သိမ့်ပေးချင်ယောင်ဆောင်လိုက်သည်။
"မစ္စချီ
ကျွန်မရဲ့ အတွေ့အကြုံတချို့ မျှဝေပေးစေချင်လား။ ကျွန်မ လက်ထပ်ထားတာ ငါးနှစ်ရှိပြီ။
ကျွန်မယောက်ျားက ကျွန်မကို အခုထိ အရမ်းကပ်နေတုန်းပဲလေ။"
ရှန်းမူမူက
ခေါင်းခါလိုက်သည်။ သူမက ပေါ့ပါးစွာ ပြုံးလိုက်၏။ "ဆောရီး။ မာကျောက်တုံးမှားပြီး
ဆွဲလိုက်မိတယ်။"
ဝမ်ချင်းဝေ့
: "............"
ဘာလဲ။
ရှန်းမူမူ
: "တစ်ယောက် ရှစ်ထောင် လာထား။"
ဒီတစ်ကြိမ်အပါအဝင် သူမက ဆက်တိုက် သုံးကြိမ်နိုင်ပြီးသွားပြီ ဖြစ်သည်။
သူမက
ထိုမျှ ပိုက်ဆံအများကြီး ရိတ်သိမ်းလိုက်ရသည့်အတွက် အနည်းငယ်ပင် စိတ်မကောင်းသလို ခံစားလာရသည်။
ဝမ်ချင်းဝေ့က
စိတ်မကျေနပ်စွာနှင့် မျက်မှောင်ကြုတ်လိုက်ရင်း ရှန်းမူမူအား တွန့်ဆုတ်စွာဖြင့် ပိုက်ဆံပေးလိုက်ရသည်။
သူမက
သူမဘာသာ တွေးလိုက်သည်။ : ဟမ့်... ရန်စခံရတာတောင် ဆက်ပြီး တည်ငြိမ်နေလိုက်။ နင် ဒါကို
ဘယ်လောက်သည်းခံနိုင်လဲ ကြည့်ရအောင်။
နောက်တစ်ပွဲ၏
တစ်ဝက်ခန့်တွင်...
ဝမ်ချင်းဝေ့က
လည်ချောင်းရှင်းလိုက်ပြီး စားပွဲကို ဝိုင်းထိုင်နေသည့် အမျိုးသမီးလေးယောက်ကို ကြည့်လိုက်သည်။
သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
"အခုတော့
ကျွန်မ လူကြီးသူမတွေ အမြဲ ပြောလေ့ ရှိတာကို
ယုံလာမိပြီ။"
မစ္စကျိုးက
သိချင်စိတ်ဖြင့် မေးလိုက်သည်။ "သူတို့က ဘာပြောတာလဲ။"
ဝမ်ချင်းဝေ့၏
အကြည့်များက ရှန်းမူမူပေါ်သို့ ဖြေးညင်းစွာ ကျရောက်လာသည်။ "ဆက်ဆံရေးမှာ ကံမကောင်းရင်
လောင်းကစားမှာ ကံကောင်းတယ်တဲ့။"
သူမ စကားဆုံးသွားပြီးနောက်
မစ္စကျိုးနှင့် မစ္စစွင်းတို့က မာကျောက်စားပွဲနားတဝိုက်၌ ငုပ်လျှိုးနေသည့်
ပြင်းထန်သည့် လှိုင်းတို့ကို ခံစားမိလိုက်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဝမ်ချင်းဝေ့က
အပြုံးကို ကွယ်ဝှက်ရင်း ဆက်ပြောလိုက်၏။ "မစ္စချီက အစောကတည်းက အနိုင်ရမယ့် မာကျောက်တုံးတွေချည်း ဆွဲမိလောက်အောင် ကံကောင်းနေတာ။ ကောင်းကင်ဘုံက
ကောင်းချီးပေးတာ ဖြစ်ရမယ်။"
မစ္စစွင်းက
အတင်းသိပ်မပြောတတ်ပေ။ သူမက တည်ငြိမ်စွာ နားထောင်နေရင်း ကစားပွဲကို ဆက်နေခဲ့သည်။
"ဝါးသုံးခု။"
ရှန်းမူမူက
စားပွဲကို ကြည့်လိုက်သည်။ "စားပြီ"
ဝမ်ချင်းဝေ့၏
အတွေးအတိုင်း လိုက်ရင်း မစ္စကျိုးက ပြောလိုက်သည်။ "မစ္စချီက ဒီနေ့ တကယ် ကံကောင်းနေတာပဲ။"
ရှန်းမူမူက
ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ပွင့် ပေးလိုက်သည်။
"ဟုတ်တယ်။
အဲဒါကြောင့် ရှင်တို့အားလုံး စကားပြောတာရပ်ပြီး အာရုံစိုက်သင့်တယ်။ မဟုတ်လို့ကတော့
ကျွန်မ ရှင်တို့အားလုံးဆီကနေ အပြောင်ရိတ်မိသွားမှာ သတိထားနေနော်။"
သူမ၏
ကွယ်ဝှက်ထားသော လှောင်ပြောင်သရော် ရန်စမှုက အချည်းနှီးဖြစ်သွားသည်ကို မြင်သောအခါ ဝမ်ချင်းဝေ့က
ဒေါသတကြီးနှင့် တုံးကို ရိုက်ချလိုက်သည်။ "ဝါးခုနစ်ခု။"
"ဟူး..." ရှန်းမူမူက ရယ်လိုက်သည်။ "ရိုးရှင်းလိုက်တာ။ ကျွန်မ
ရှင့်ရဲ့ ဝါးခုနစ်ခုကို နိုင်တုန်းပဲ။"
"နောက်ထပ်
တစ်ယောက် ရှစ်ထောင်။"
မစ္စစွင်းက
ရှန်းမူမူကို ကြည့်ကာ နောက်ပြောင်လိုက်သည်။ "မစ္စချီ စောစောက ပြောတော့ မာကျောက်ကစားတာ မကောင်းဘူးဆို။ ကြည့်ရတာ ကျွန်မတို့ကို လိမ်ပြောသွားတာပဲ။"
ရှန်းမူမူက
ရယ်လိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မစ္စဝမ်ရဲ့ ကောင်းချီးပေးမှုကို
ကျေးဇူးတင်ရမှာပါ။"
ဆက်ဆံရေးမှာ
ကံမကောင်းရင် လောင်းကစားမှာ ကံကောင်းတယ်။
ထိုသည်ကသာ
အမှန်ဖြစ်လျှင် ချီမော့ အပြင်ဘက်၌ အရူးထနေသရွေ့ သူမ၏ ကံကောင်းမှုက အတိုင်းထက်အလွန်
ဖြစ်ပေလိမ့်မည်။
သူမသည်
ထိုမျှ ကောင်းမွန်သည့် ကံကြမ္မာအတွက် အလဲအလှယ်ပြုရန် တစ်သက်လုံး အသီးအရွက်သာ စားရန်လည်း
ဆန္ဒရှိပေသည်။
ဝမ်ချင်းဝေ့က
တော်တော်လေး ဆွံ့အသွားသည်။ မကျေမနပ်နှင့် လောင်းကြေးပေးပြီးနောက် မာကျောက်တုံးလေးများကို
အဝေးသို့ တွန်းလိုက်သည်။
"ထပ်ပြီးတော့လား။"
သူမက
၎င်းကို ယုံကြည်ရန် ငြင်းဆန်နေပြီး သူမ၏ မထီမဲ့မြင်ပြုသည့် နည်းဗျူဟာက
အသုံးမဝင်ဖြစ်ကာ သူမ ဂုဏ်ယူရသည့် မာကျောက်စကေးလ်သည်ပင် ရှန်းမူမူကို
ရှုံးနိမ့်ရသည်။
ဟမ့်...
......
တစ်နာရီကြာပြီးနောက်
ဝမ်ချင်းဝေ့က
သူမ ယူလာသည့် ငွေရှစ်သောင်းလုံး ရှုံးနိမ့်သွားကာမှ ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွား၏။
သူမ ဘာဖြစ်နေတာလဲ။
သူမက
အမုန်းတရားအတွက် ယနေ့ အပြည့်အဝ လက်စားချေရန် လာခဲ့ခြင်း ဖြစ်သည်။
သို့သော်
မာကျောက်စားပွဲ၌ သူမသာလျှင် ရှန်းမူမူထံမှ ရက်ရက်စက်စက် အနိုင်ပိုင်းခံရခြင်းနှင့်
အဆုံးသတ်ခဲ့သည်။
အခြားတစ်ဖက်တွင်
ရှန်းမူမူက သည်တစ်ကြိမ်၏ အကြီးဆုံး အနိုင်ရသူ ဖြစ်လာခဲ့သည်။
သပ်သပ်ရပ်ရပ်
သန့်သန့်ရှင်းရှင်း အနိုင်ရသွားခြင်းပင်။
နာရီအနည်းငယ်အတွင်း
သူမက ယွမ်တစ်သိန်းလောက် အနိုင်ရသွားသည်။
ထိုသည်မှာ
သူမ လအနည်းငယ်လောက် ပရောဂျက်အား ကြိုးကြိုးစားစား လုပ်ပြီးမှ ရသည့် ဘောနပ်စ်ထက် ပိုများပေသည်။
ရှန်းမူမူသည်
ယခင်က ထိုမျှများပြားသည့် ပိုက်ဆံကို မည်သည့်အခါမှ မမြင်ဖူးသလို မပြုမူမိရန် အကောင်းဆုံး
ကြိုးစားနေသည်။
သူမက
ဘာကိုမှ ဂရုမစိုက်ဟန် အပြုအမူကို ထိန်းသိမ်းထားပြီး ပိုက်ဆံကို သူမ အိတ်ထဲသို့ ဖြေးညင်းစွာ
ထည့်လိုက်သည်။
သူမက
ဘာမှမဖြစ်သလို ပြုမူနေလေ ဝမ်ချင်းဝေ့က ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။
သူမက
လှောင်ပြောင်သရော်ရန် ကျရှုံးခဲ့ရုံသာမက ပိုက်ဆံပင် ဆုံးရှုံးခဲ့သည်။
ဒေါသထွက်လိုက်တာ။
ဝမ်ချင်းဝေ့က
သူမကိုယ်သူမ တည်ငြိမ်အောင် စိတ်အခြေအနေကို ထိန်းညှိလိုက်သည်။
ရှန်းမူမူက
ရန်စခြင်းတွင် မကျရှုံးသည့်အတွက် သူမက ပိုနူးညံ့သည့် ချဥ်းကပ်ခြင်းဖြင့် ကြိုးစားကြည့်နိုင်သည်။
တစ်ပွဲပြီးသွားသည့်နောက်
မစ္စစွင်း သန့်စင်ခန်းသွားသည့်အချိန် ဝမ်ချင်းဝေ့က ရုတ်တရက် ရှန်းမူမူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူမက
သက်သောင့်သက်သာ ပုတ်ရင်း ပြောလိုက်သည်။
"မစ္စချီ
ကျွန်မတို့ အားလုံးက မိန်းမသားတွေပဲ။ ရှင့်နှလုံးသားထဲက ခါးသီးမှုတွေကို ကျွန်မ နားလည်ပါတယ်။
ရှင့်ကိုယ်ရှင် ဖိအားပေးပြီး ပြုံးနေရရင်တောင် ရှင့် စိတ်ထဲမှာတော့ ငိုနေမှာကို သိပါတယ်။"
ရှန်းမူမူ၏
အရေပြားပေါ်၌ ကြက်သီးမွေးညင်းများ ချက်ချင်း ထလာသည်။ သူမက ဖြေးညင်းစွာ မော့ကြည့်လိုက်ပြီး
ဝမ်ချင်းဝေ့အား ငတုံးလားဟူသော သဘောဖြင့် စိုက်ကြည့်လိုက်သည်။
ရှန်းမူမူ၏
မျက်တောင်များ တဖျတ်ဖျတ် တုန်ယင်နေသည်ကို မြင်သောအခါ ဝမ်ချင်းဝေ့က သူမ မှန်ကန်သော ကော့ဒ်ကို တီးခတ်မိပြီဟု တွေးရင်း ဆက်လက်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"အာ..
ဒီအထိရောက်လာမှ ဒီကိစ္စပျံ့နှံ့သွားပြီး အိမ်နီးနားချင်းတွေ အကုန်သိကုန်တာ ကျွန်မ အမှားပါ။
တောင်းပန်တဲ့အနေနဲ့ ရှင်နဲ့ မစ္စတာချီတို့ ကွာရှင်းတဲ့အခါ မြို့ထဲက အကောင်းဆုံးရှေ့နေဆီ
ညွှန်းပေးမယ်ဆိုရင် ဘယ်လိုလဲ။"
"ဖူး--"
နောက်ဆုံး၌
ရှန်းမူမူက ထိန်းမထားနိုင်ဘဲ ရယ်မောလိုက်တော့၏။
ထိုရယ်သံတစ်ချက်နှင့်
ဆယ်နှစ်လောက် ထိန်းသိမ်းလာသည့် ပုံရိပ်က ပျက်စီးသွားလေသည်။
အပြင်ပန်း၌
ငြိမ်းချမ်းသာယာသော လက်ထပ်ခြင်းအဖြစ် အပတ်တကုတ် ကြိုးစားထိန်းသိမ်းနေမှုက ပျက်စီးသွားလေသည်။
သူမလည်း
မတတ်နိုင်ပေ။ မစ္စဝမ်က အလွန် တွက်ချက်တတ်ပြီး ၎င်းက သူမအား မရယ်ဘဲ မနေနိုင်အောင်
လုပ်နေသည်။
လူတစ်ယောက်က
ဘယ်လိုလုပ်ပြီး ဒီလောက် တုံးအနိုင်ရတာလဲ။
သူမက
ပြဿနာကို ပိုပြီး ပြင်းထန်လာစေဖို့ စိတ်အား ထက်သန်နေတယ်ဆိုတာကို တခြားလူတွေ မသိမှာ
စိုးလို့လား။
ရှန်းမူမူက
ရယ်သံကို အတင်းအကျပ် ဖိနှိပ်ထားရသည်။
သူမ၏
အပြုအမူက ကျိုးပျက်သွားပြီဆိုမှတော့ သူမက ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ပိုကောင်းပေမည်။
သူမက
လက်ကို ဝမ်ချင်းဝေ့၏ ဆုပ်ကိုင်မှုမှ ဆွဲထုတ်ကာ အလျင်မလိုစွာ ပြောလိုက်သည်။
"မစ္စဝမ်
ရှင်က မာကျောက်ဆော့နေတဲ့ တလျှောက်လုံး ကျွန်မရဲ့ မိသားစုအရေးကို
ထိပါးနေတာ။ ဒီတလျှောက်လုံးမှာ ကျွန်မက မစ္စကျိုးနဲ့ မစ္စစွင်းရဲ့ ပျော်ရွှင်မှုကို
ထိခိုက်မှာစိုးလို့ ဘာမှမတုန့်ပြန်ခဲ့ဘူး။ ဒါပေမယ့် အခု ကျွန်မတို့ ကစားပြီးသွားပြီဆိုတော့
ကျွန်မရဲ့ ကိစ္စကို ရှင်အရမ်းသိချင်နေတာ အဖြေပေးပါရစေ။"
ဝမ်ချင်းဝေ့သည်
မတူညီသော လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည့် ရှန်းမူမူအား ဗလာဖြစ်စွာ စိုက်ကြည့်နေခဲ့သည်။
သူမက ကြောင်အမှင်တက်နေခဲ့၏။
ရှန်းမူမူ
: "ကျွန်မရဲ့ တုန့်ပြန်မှုက အရမ်းရိုးရှင်းတယ်။"
ဝမ်ချင်းဝေ့က
သူမကို ဇဝေဇဝါ ဖြင့် ကြည့်လိုက်သည်။ : "?"
ရှန်းမူမူ:
“ကျွန်မ စကားလုံး လေးလုံးပဲ ပြောလိုက်မယ် 'ရှင့်အပူမပါဘူး'”
ဝမ်ချင်းဝေ့
: "ရှင်..."
ရှန်းမူမူ
: "ကျွန်မ ဘာဖြစ်လဲ။ ရှင့်ရဲ့ နံဟောင်နေတဲ့ ပါးစပ်ပုပ်ကြီးနဲ့ နေ့တိုင်း အိမ်မှာနေရတာ
ပျင်းနေတာကြောင့် အခု ရှားရှားပါးပါး မာကျောက်ဆော့ဖို့ ထွက်လာရင်း
အခွင့်အရေးရတုန်းလေး ပါးစပ်ကို လေ့ကျင့်ခန်းလုပ်ပေးချင်လို့ အတောမသတ်အောင် စကားပြောနေတာလား။"
ဝမ်ချင်းဝေ့၏
အမူအရာက အေးခဲသွားသည်။ "ရှင် ကျွန်မကို နံဟောင်နေတဲ့ ပါးစပ်ရှိတယ်လို့ ပြောရဲတယ်လား။"
ရှန်းမူမူ
: "ဥပမာပေးတာပါ။ အလေးအနက် မှတ်စရာ မလိုဘူး။"
ဝမ်ချင်းဝေ့သည်
ယခင်က ဤမျှလောက် ဒေါသဖြစ်ရမှုကို မည်သည့်အခါကမှ မခံစားခဲ့ရဖူးပေ။ သူမ လက်များက ထိန်းချုပ်မရနိုင်အောင်
တုန်ယင်လာပြီး သူမ ခန္ဓာကိုယ်က အေးစက်လာကာ မျက်လုံးများက စူးစူးရဲရဲဖြင့် ရှန်းမူမူအား
စိုက်ကြည့်လာခဲ့သည်။
သူတို့ဘေးရှိ
မစ္စကျိုးကလည်း စိုးရိမ်ပူပန်စွာဖြင့် နှစ်ယောက်လုံးကို ကြည့်နေခဲ့သည်။
သူမက
သူမနှင့် ရင်းနှီးသည့် ဝမ်ချင်းဝေ့ကို ကူညီသင့်သည် မှန်သော်ငြား ရှန်းမူမူ၏ ဒေါသမရှိဘဲ
တည်ငြိမ်နေသည်ကို မြင်သောအခါ မစ္စကျိုးက သူမ ဝင်မစွက်ဖက်တာ ပိုကောင်းမည်ဟု အလိုလို
ခံစားမိလိုက်သည်။
ဝမ်ချင်းဝေ့က
မာကျောက်စားပွဲကို လက်ဝါးဖြင့် ဒေါသတကြီး
ရိုက်ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"နင့်ကိုယ်နင်
ဘယ်သူထင်နေတာလဲ။ ငါ့ယောက်ျားတောင်မှ ငါ့ကို အဲဒီလို မပြောရဲဘူး။"
"နင်က
ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကိုတောင် မထိန်းသိမ်းထားနိုင်ဘဲ ငါ့ရှေ့မှာ လာပြီး မောက်မာပြရဲတယ်လား။"
"နင့်မှာ
နင့်ယောက်ျားရဲ့ စိတ်ကို ပြောင်းလဲလာအောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိလား။ နင့်မှာ မယားငယ်မကို
ဖမ်းနိုင်တဲ့ စွမ်းရည်ရှိလား။"
ရှန်းမူမူက
ဝမ်ချင်းဝေ့ကို အမူအရာမဲ့စွာ ကြည့်နေခဲ့သည်။
သူမသည်
ဝမ်ချင်းဝေ့က အမှန်တကယ် သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သူမ၏
ကိုယ်ပိုင်တန်ဖိုးက ယောက်ျားတစ်ယောက်ပေါ်တွင် အပြည့်အဝ မူတည်နေသည်။ သူမ ဖော်ပြလာသည့်
စကားအခွန်းတိုင်း၌ သူမ၏ နက်နက်ရှိုင်းရှိုင်း စိတ်မလုံခြုံမှုတို့ ပါဝင်နေ၏။
ရှန်းမူမူက
ထပ်ပြောရန် ပြင်လိုက်သည့်အချိန်တွင် ခိုင်မာတည်ငြိမ်သည့် ခြေလှမ်းအသံက တဖြေးဖြေး ချဥ်းကပ်လာသည်ကို
ကြားလိုက်ရသည်။
အဝင်ပေါက်မှ
စွင်းမိသားစု၏ အမျိုးသမီးအိမ်စေတစ်ဦးက လမ်းပြလျှောက်လာသည်။ သူမက မာကျောက်စားပွဲကို
ညွှန်ပြရင်း ပြောလိုက်သည်။
"မစ္စတာချီ...
မစ္စချီက ဟိုမှာပါ။"