အခန်း (၂၆)
မစ္စချီ အဲဒီမယားငယ်ကို သွားပြီး ရိုက်နှက်ဖို့ အကူအညီလိုလား။
"မစ္စချီလား။"
ဒေါက်တာကျန်းက အတင်းအဖျင်း ပြောချင်စိတ်ကို မထိန်းနိုင်ဘဲ ချီမော့အား သိချင်စိတ်ဖြင့်
ကြည့်လိုက်သည်။
သူမ၏
အမြင်အရ မစ္စတာချီ၏ အမူအရာမှာ အမြဲတမ်း မပြောင်းလဲသည့် မျက်နှာသေမျိုး ဖြစ်သည်။ သူမက
လတ်တလော အွန်လိုင်း၌ တွေ့ရသည့် သတင်းများကို တွေးမိသည့်အခါ မစ္စတာချီ၏ မျက်လုံးများကို
တောက်ပလာပြီး ပြုံးလာအောင် လုပ်နိုင်သူမှာ သူမ ကြားရုံပဲ ကြားဖူးပြီး မမြင်ဖူးသေးသည့်
မစ္စချီသာ ဖြစ်ရမည်ဟု ကျိုးကြောင်းသင့်စွာ စဥ်းစားလိုက်သည်။
ချီမော့၏
နှုတ်ခမ်းက အနည်းငယ် ကော့ညွှတ်သွားရင်း ခေါင်းညိတ်လိုက်သည်။
ဒေါက်တာကျန်းက
ပြောလိုက်သည်။ "အဖွားကတော့ ရှင်နဲ့ ရှင့်ဇနီး ဒီလောက် ကောင်းကောင်းမွန်မွန် နေနေတာကို
မြင်ရင် အရမ်းပျော်နေမှာပဲ။"
ချီမော့က
ပြန်မဖြေဘဲ နူးညံ့စွာ ပြောလိုက်သည်။
အဖွားချီက
ကြင်နာတတ်ပြီး သဘောကောင်းသူ ဖြစ်သည်။ သူမက ဒေါက်တာကျန်းကို ဂျူနီယာတစ်ယောက်ကဲ့သို့
ဆက်ဆံပြီး သူမ(ဒေါက်တာကျန်း) အလုပ်မှ ထွက်ပြီးသွားသည့်နောက်၌ပင် ရံဖန်ရံခါ ခေါ်၍ စကားစမြည်ပြောတတ်သည်။
လူကြီးသူမများသည်
အမြဲတမ်း သားသမီးမြေးမြစ် သိုက်သိုက်ဝန်းဝန်းနှင့် နေချင်တတ်ကြသည်။ သူမက မြေးဖြစ်သူ
ချီမော့၏ လက်ထပ်မှုအကြောင်း တစ်ကြိမ်ထက်မက ပြောပြတတ်ပြီး ချီမော့နှင့် ရှန်းမူမူ၏ လက်ထပ်မှုသည်
မိဘများ၏ စီမံမှုကြောင့် ဖြစ်လာရခြင်း ဖြစ်သည့်အတွက် သူတို့ဆက်ဆံရေးက အခြား စုံတွဲများကဲ့သို့
ချိုမြိန်လိမ့်မည်မဟုတ်ဟု စိုးရိမ်ပူပန်နေခဲ့သည်။
ယခု သူမ
မစ္စတာချီ၏ အမူအရာကို သူမမျက်လုံးများနှင့် ကိုယ်တိုင်မြင်လိုက်ရပြီးနောက် ဒေါက်တာကျန်းသည်
အဖွားချီအတွက် စိတ်ရင်းနှင့် ပျော်ရွှင်ပေးမိပေသည်။
သူတို့
ရောက်သည့်အခါ ဒေါက်တာကျန်းက ကားထဲမှ ဆင်းလိုက်ပြီး ကိုယ်ကို ကိုင်းကာ ကားထဲမှ လူကို
ပြောလိုက်သည်။ "မစ္စတာချီ ကျွန်မ ရှင်ပြောတာကို စိတ်ထဲ ထည့်ထားပါ့မယ်။ အဖွားချီ
မြို့ကို လာတဲ့အခါ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို အပြည့်အဝ လုပ်ဆောင်ဖို့
ကျွန်မ စီစဥ်ပေးပါ့မယ်။"
ချီမော့က
ခေါင်းညိတ်လိုက်သည်။ "ဒုက္ခခံပေးလို့ ကျေးဇူးပါ။"
ဒေါက်တာကျန်းက
ပြုံးလိုက်သည်။ "ကျွန်မကို ကားကြုံလိုက်စီးခွင့်ပေးလို့ ကျေးဇူးတင်ရမှာပါ။"
"ကိစ္စမရှိပါဘူး။
လမ်းကြုံနေတာပဲလေ။"
ချီမော့ကို
ကျေးဇူးတင်လိုက်ပြီးနောက် ဒေါက်တာကျန်းက လူနေအဆောက်အအုံဧရိယာသို့ လျှောက်သွားခဲ့သည်။
အဆောက်အအုံဧရိယာ
ဝင်ပေါက်တွင် ရပ်နေရင်း သူမက တိုက်ရိုက်ဝင်မသွားခဲ့ပေ။ ထို့အစား သူမက ရပ်နေဆဲဖြစ်ပြီး
အချိန်ခဏကြာအောင် မော့ကြည့်နေခဲ့သည်။
သူမက
ဘွဲ့ရပြီးနောက် ကွမ်ကျိုးတွင် ဆယ်နှစ်ကျော်ကြာအောင် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။
ယခု နောက်ဆုံး၌ သူမ၏ မြို့တော်တွင် အိမ်ကောင်းကောင်းတစ်လုံး ဝယ်ပြီး ကိုယ်ပိုင်ဆေးခန်း ဖွင့်ချင်သည့် အိပ်မက်က အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တောက်ပသည့်
အနာဂတ်က သူမကို လက်ဝှေ့ယမ်းပြနေပေသည်။
ဒေါက်တာကျန်းက
အသက်ပြင်းပြင်းရှူလိုက်ပြီး ယုံကြည်ချက်အပြည့်နှင့် လျှောက်သွားခဲ့သည်။
သူမသည်
မနီးမဝေးမှ အဝတ်အထည်စတိုးဆိုင်တစ်ခု၏ တံခါးနားမှ အမျိုးသမီးနှစ်ယောက်က သူမကို ကြည့်ရင်း
သူမအကြောင်း အတင်းပြောနေသည်ကို သတိမထားမိလိုက်ပေ။
"ကျွန်မ
အမြင်မမှားဘူးမလား။ အခုတွေ့လိုက်တဲ့ အဲဒီကားထဲက လူက ချီမော့နဲ့ တူတယ်မလား ဟုတ်တယ်မလား။"
"ရှင်
မမှားဘူး။ သူ့ရဲ့ ကားက ရပ်ကွက်ထဲကို အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာနေတာ။
ဒါ သေချာပေါက် သူ့ရဲ့ ကားပဲ။"
"ဘုရားရေ။
သူ့ ကားထဲက ထွက်လာတဲ့ အဲဒီအမျိုးသမီးက မစ္စချီနဲ့ မတူဘူး။ ဖြစ်နိုင်တာက..." အမျိုးသမီးက
တစ်ဖက်လူကို အဓိပ္ပါယ်ပြည့်သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
တစ်ဖက်လူကလည်း
ချက်ချင်း နားလည်သွား၏။ "ကျစ်.. ကျစ်.. သူမက မယားငယ်ဖြစ်ရမယ်။ ဒီနေရာက အိမ်တွေက
စျေးမပေါဘူး။ ဒီလို ကောင်းတဲ့ အိမ်တစ်လုံးကို ဘယ်မယားငယ်မှ မပိုင်ဆိုင်နိုင်ဘူး။"
"ဟုတ်တယ်။
အဲဒါ အဓိပ္ပါယ် ရှိတယ်။"
"ပိုက်ဆံရှိတဲ့
ယောက်ျားတွေ အားလုံးက ဒီလိုတွေချည်းပါပဲ။ သူတို့ မိသားစုတွေရှေ့ ဘာမှမဖြစ်သလို နေပြီး
သူတို့ကတော့ အပြင်မှာ ရောင်စုံအလံတွေ လျှောက်ကြဲနေကြတာပဲ။"
"မစ္စချီပဲ
သနားဖို့ကောင်းတယ်။ သူတို့က လက်ထပ်တာတောင် မကြာသေးဘူး။ ကျွန်မက သူတို့မှာ အံ့သြစရာကောင်းတဲ့
ဆက်ဆံရေးရှိမယ်လို့ ထင်ခဲ့တာ။" အမျိုးသမီးက လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။
"မစ္စဝမ်ကို
ပြောပြဖို့ မစောင့်နိုင်တော့ဘူး။ သူမက အတင်းအဖျင်းတွေ ကြိုက်တယ်လေ။"
"ဟားဟား...
ရှင်သာ မစ္စဝမ်ကို ပြောပြခဲ့ရင် လူတိုင်း သိကုန်မှာ မဟုတ်ဘူးလား။"
ပြောပြီးနောက်
အမျိုးသမီးနှစ်ယောက်က သူတို့ ပါးစပ်များကို အုပ်ကာ ရယ်မောလိုက်ပြီး ရှိုးကြည့်ရန် စောင့်ဆိုင်းနေသကဲ့သို့
အကြည့်များ ဖလှယ်လိုက်ကြသည်။
ဝမ်ချင်းဝေ့သည်
ရှန်းမူမူကြောင့် ဒေါသထွက်နေဆဲ ဖြစ်၏။
ရုတ်တရက်
ထိုပေါက်ကွဲနိုင်သည့် သတင်းကို ကြားလိုက်ရသောအခါ ထိတ်လန့်မှုကြောင့် သူမ၏ ပါးစပ်က ပွင့်ဟသွားရသည်။
သူမက
ဆက်မေးလိုက်၏။ "တကယ်ကြီးလား။ မစ္စတာချီ ကျွန်မတို့ ဗီလာဝန်းထဲက မစ္စတာချီလား။"
"ကျွန်မတို့
ရပ်ကွက်ထဲက မစ္စတာချီဆိုတာ သေချာရဲ့လား။"
ဖုန်းတစ်ဖက်မှလူက
အခိုင်အမာ ပြောလိုက်သည်။ "ကျွန်မ မျက်လုံးတွေနဲ့ကို မြင်လိုက်တာ။ တကယ် သေချာလား
မသေချာလား ရှင်ပြောကြည့်လေ။"
ထိုသည်ကို
ကြားသည့်အခါ ဝမ်ချင်းဝေ့က စိတ်သက်သာရာရသွားသကဲ့သို့ ရုတ်တရက် ရယ်မောလိုက်သည်။
"အဲဒီတော့
အခုလေးတင် အဖွဲ့လိုက်စကားပြောခန်းထဲမှာ မစ္စချီက ကျွန်မကို ရှုံ့ချပြောဆိုနေတာက သူ့ယောက်ျား
အပြင်မှာ မယားငယ်ထားနေလို့ ကျွန်မ ယောက်ျားနဲ့ ကျွန်မ ကောင်းကောင်းမွန်မွန် အဆင်ပြေနေတာကို
မနာလို မရှုစိမ့်ဖြစ်နေတာကိုး။"
ဖုန်းတစ်ဖက်မှ
လူက ရှိုးကြည့်ရန် စိတ်ထက်သန်နေတာကြောင့် လောင်စာဆက်ဖြည့်လိုက်သည်။ "အဲဒါ ဟုတ်တယ်။"
ဖုန်းချပြီးနောက်
ဝမ်ချင်းဝေ့က သူမနှင့် ရင်းနှီးသော ဇနီးသည်များဖြင့် သီးသန့် စကားပြောဆိုခဲ့ပြီး အခုလေးတင်
သိလာရသည့် ပေါက်ကွဲစေတတ်သော သတင်းကို မျှဝေလိုက်သည်။
ကောလာဟလများက
ထင်ထားသည်ထက်ပင် မြန်မြန် ပျံ့နှံ့သွားသည်။ နေ့တစ်ဝက်ပင်မကြာသေးခင် အဖွဲ့ထဲမှ လူတစ်ဝက်လောက်က
သိရှိသွားကြပြီ ဖြစ်သည်။
ထို့နောက်
ကျန်သည့် အခြားတစ်ဝက်လည်း သိရှိစေရန် ဝမ်ချင်းဝေ့က ရည်ရွယ်ချက်ရှိသလိုလို မရှိသလိုလိုနှင့်
မက်ဆေ့ချ်မှား ပို့ချင်ယောင်ဆောင်ခဲ့သည်။
【ဝမ်ချင်းဝေ့ : ကျွန်မ
အမြင်မမှားခဲ့ဘူးဆိုတာ သေချာတယ်။ ဆံပင်တိုတိုနဲ့ မိန်းမလှလေးက မစ္စတာချီရဲ့ ကားပေါ်က
ဆင်းလာပြီး သူတို့ရဲ့ အချစ်အသိုက်မြုံဆီ ပြန်သွားခဲ့တာလေ။】
ထိုအချိန်၌
ရှန်းမူမူက အဖွဲ့စကားပြောခန်းအတွင်းမှ ပန်းဆိုင်အဖွဲ့ဝင်အဖြစ် ဝယ်ယူမည့် လူစာရင်းကို
အမှားမရှိစေရန် ဂရုတစိုက် စစ်ဆေးနေသည်။
ရုတ်တရက်
ပေါ်လာသည့် မက်ဆေ့ချ်ကို မြင်သောအခါ အစ ပထမ၌ သူမ၏ အမူအရာက ဖရဲသီးစားနေသည့်
အမူအရာမျိုး ဖြစ်သည်။
သူမ သေချာကြည့်လိုက်သည့်အခါမှ
ချီမော့ကို ရည်ညွှန်းသည့် 'မစ္စတာချီ' ကို မြင်လိုက်ရပြီး သူမ မျက်နှာက မည်းမှောင်သွားကာ
မျက်ခုံးတို့ စုကျုံ့သွား၏။
အိုး...
ငါ့နှယ်... ဒီဖရဲသီက ငါ့မိသားစုကို လာထိတာပါလား။
သူမ ဤနေရာသို့
ကူးပြောင်းလာစဥ်ကတည်းက သူမနှင့် ချီမော့သည် စာချုပ်အရ ပတ်သက်သည့်
အိမ်ထောင်ဖက်များအဖြစ် အလွန် သန့်ရှင်းခဲ့ကြသည်။ ချီမော့၌ အပြင်ဘက်တွင် အခြားအမျိုးသမီး
ရှိနေလျှင် ခဏတာအတွက်ပဲဖြစ်ဖြစ် ခန္ဓာကိုယ် လိုအပ်ချက်အတွက်ပဲဖြစ်ဖြစ် ဒါက အလွန် ပုံမှန်သာ
ဖြစ်သည်။
သူက ယောက်ျားတစ်ယောက်ဖြစ်သည်။
ထို့ပြင် ချမ်းသာ၍ ရင့်ကျက်သည့် ယောကျာ်းတစ်ယောက် ဖြစ်၏။
၎င်းက
သူမ၏ ကိစ္စမဟုတ်သဖြင့် ဝင်စွက်ဖက်ရန် အခွင့်မရှိပေ။
သို့သော်
ကောလာဟလက သူမ မျက်နှာတည့်တည့်ကို ရိုက်ချလာပြီး သူမက ခဏလောက်တော့ အတွေးနစ်သွားရသည်။
သူမက
အရေးတကြီး မေးလိုက်သည်။ : သူမ ယောက်ျားက အပြင်မှာ အငယ်အနှောင်းရှိနေတယ်လို့ ဇနီးတစ်ယောက်က
ရှာတွေ့သွားတဲ့အခါ ပုံမှန်ဆို ဘယ်လို တုန့်ပြန်သင့်လဲ။
အရေးပေါ်
အကြံဉာဏ်ပေးကြပါ။
တစ်လကို
ယွမ်ငါးသိန်း လစာရသည့် စာချုပ်စာတမ်းအရ ဇနီးသည်တစ်ယောက်အဖြစ် ဟန်ဆောင်ရန် သူမက ထိုမျှ
ငယ်ငယ်ရွယ်ရွယ်လေးနှင့် မရှိသင့်သော ပြဿနာများကို ရင်ဆိုင်နေရသည်။
မကြာခင်၌
ဇနီးသည်များ အဖွဲ့ထဲ၌ ဝမ်ချင်းဝေ့၏ မက်ဆေ့ချ် ကို တုန့်ပြန်သူ အများကြီး ရှိလာခဲ့သည်။
【မစ္စကျိုး : ဘာ... မစ္စတာချီ၊ ကျွန်မတို့ ဗီလာဝန်းထဲက မစ္စတာချီတော့ မဖြစ်နိုင်ပါဘူး။
ဟုတ်တယ်မလား။ [ထိတ်လန့်][ထိတ်လန့်][ထိတ်လန့်]】
【မစ္စတာဝူရဲ့ ဘေဘီလေး
: ကျွန်မဖြင့် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ရပ်ကွက်မှာ မျိုးရိုးနာမည်
ချီ ရှိတာ မိသားစုတစ်စုပဲ ရှိတာလေ။】
【မစ္စတာကျန်းရဲ့ အဖိုးတန်ဇနီးလေး
: @ဝမ်ချင်းဝေ့ ရှင် မှားပို့မိတာလား။ ဒီလိုမျိုး စာတွေကို ဂရုမစိုက်ဘဲ မပြောသင့်ဘူးလေ။】
ဝမ်ချင်းဝေ့က
မက်ဆေ့ချ် ပို့ပြီးနောက် အချိန်ကို ရေတွက်နေသည်။ တစ်မိနစ်နှင့် ငါးဆယ်စက္ကန့်ကြာပြီးနောက်
သူမက ထိုစာကို အလျင်အမြန် ဖျက်လိုက်သည်။
ထို့နောက်
သူမက လက်ချော်သွားချင်ယောင်ဆောင်၍ ပြောလိုက်သည်။ "အို့စ်.. ကျွန်မ လက်ချော်သွားတာ။
ကျွန်မ မတော်တဆ ဒီအဖွဲ့ဆီ ပို့မိသွားတာပဲ။ လူတိုင်း မမြင်သလိုပဲ နေပေးကြပါနော်။"
ဖရဲသီးပူပူ မစားလိုက်ရသူများက မေးလာသည်။ "ဘာဖြစ်သွားတာလဲ။ ဘာဖြစ်သွားတာလဲ။"
ဝမ်ချင်းဝေ့က
အလွန် ရှိုးတို့ရှန်းတန်းနိုင်စွာ ပြုမူပြောဆိုလိုက်သည်။ "အဖွဲ့ထဲမှာ ပြောလို့ကောင်းတဲ့
အကြောင်းအရာမျိုး မဟုတ်ဘူး။"
ရှိုးတစ်ခုလုံးကို
ကြည့်ရှုပြီးနောက် ရှန်းမူမူက စိတ်ထဲမှ ရေရွတ်လိုက်သည်။ : ကောင်းလိုက်လေခြင်း။
ယခု တလောကလုံးက
ချီမော့ အပြင်ဘက်၌ အမျိုးသမီးတစ်ယောက် ရှိနေကြောင်း သိသွားကြလေပြီ။
သူမ သူ့ကို
ကာကွယ်ပေးချင်လျှင်ပင် မလုပ်နိုင်တော့ပေ။
မကြာခင်၌
မဒမ်များစွာက ရှန်းမူမူကို သီးသန့်မက်ဆေ့ချ် ပို့လာခဲ့သည်။
【အမ်း... မစ္စချီ
အဆင်ပြေရဲ့လား။】
【မစ္စချီ ဝမ်းမနည်းပါနဲ့။
ဒါက တကယ် ပုံမှန်ပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်မ ယောက်ျားလည်း အပြင်မှာ အငယ်အနှောင်း
ရှိနေတယ်လို့ သံသယဖြစ်နေခဲ့တာ။】
【မစ္စချီ အဲဒီမယားငယ်ကို
သွားပြီး ရိုက်နှက်ဖို့ အကူအညီလိုလား။】
ရှန်းမူမူက
အုံ့မှိုင်းလှသော ခံစားချက်ဖြင့် အသက်ပြင်းပြင်းရှူရင်း ရယ်မောလိုက်သည်။
"..."
အခြားတစ်ဖက်တွင်
ဝမ်ချင်းဝေ့က တစ်ခုခု ကြီးမားသော တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်ကာ ဆန္ဒပြည့်ဝသွားသကဲ့သို့
အလွန် ပျော်ရွှင်နေခဲ့သည်။
ညဘက်
သူမ ယောက်ျား အိမ်သို့ ပြန်လာသည့်အခါ သူမက ခါးကို လွှဲယမ်းကာ လျှောက်လာရင်း ပြောလိုက်သည်။
"ဘေဘီ
ကျွန်မတို့ ဇနီးသည်တွေရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲမှာ ဒီနေ့ စည်ကားနေရောပဲ။"
မစ္စတာဝမ်က ဖိနပ်လဲစီးနေရင်း သာမန်ကာလျှံကာ တုန့်ပြန်လိုက်သည်။
"အိုး... ဘယ်လိုဖြစ်တာလဲ အချစ်လေး။"
ဝမ်ချင်းဝေ့က
သူမ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
"မစ္စတာချီ၊
ကျွန်မတို့ ရပ်ကွက်ထဲက မစ္စတာချီရဲ့ ကိစ္စတွေ ဖော်ထုတ်ခံလိုက်ရပြီး အခု အဖွဲ့လိုက်
စကားပြောခန်းတစ်ခုလုံး ပျံ့နှံ့နေရောလေ။"
မစ္စတာဝမ်က
တန့်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲဒီလူတွေနဲ့
လိုက်ပြီး အဖွဲ့ထဲမှာ မဟုတ်တာတွေ ရေးကြီးခွင်ကျယ်တွေ လျှောက်လုပ်မနေနဲ့။"
သူ့ကုမ္ပဏီက
ချီမော့၏ ကုမ္ပဏီနှင့် စီးပွားရေးကိစ္စလုပ်ဆောင်ရန် ရှိသေးသည်။ အမျိုးသမီးများ၏ အတင်းအဖျင်းတို့ကြောင့်
ချီမော့ကို ဆန့်ကျင်မိလျှင် ပြဿနာတက်သွားနိုင်ပေသည်။
သူမ ယောက်ျား၏
တင်းမာသော လေသံကို ကြားသည့်အခါ ဝမ်ချင်းဝေ့က နှုတ်ခမ်းစူလိုက်သည်။
"မဟုတ်တာတွေ
ရေးကြီးခွင်ကျယ် လုပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူတို့ကို ပြောပြလိုက်တာ ကျွန်မလေ။"
ထိုစကားကို
ကြားသည့်အခါ မစ္စတာဝမ်က ဖိနပ်လဲစီး၍ မပြီးခင်မှာပင် ရှေ့သို့ အလျင်စလို လျှောက်လာပြီး
သူမ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"ဘာပြောတယ်၊ မင်းက အဖွဲ့ထဲမှာ ချီမိသားစုရဲ့ အတွင်းရေးကိစ္စကို ပြောလိုက်တာလား။
မင်း အရမ်းရဲတင်းနေတာပဲ။"
"အု့ချ်... ရှင် ကျွန်မကို နာအောင် လုပ်နေတယ်။" ဝမ်ချင်းဝေ့က သူမယောက်ျားကို
စိတ်ဆိုးဆိုးနှင့် ကြည့်ရင်း ပြန်ပြောလိုက်သည်။ "အဲဒါ ဘာဖြစ်နေလို့လဲ။ ဒီနေ့လယ်တုန်းက
အဖွဲ့ထဲမှာ မစ္စချီက ကျွန်မ လမ်းလျှောက်ရင်း ခဏခဏ ချော်လဲတတ်တာ အာရုံကြောရောဂါ ဖြစ်နေလို့
ဆိုပြီး ပြောတယ်။ ကျွန်မက ဘာလို့ နည်းနည်းလေး ပြန်ရန်မဖြစ်နိုင်ရမှာလဲ။ ရှင်က ကျွန်မဘက်က
မရပ်တည်ဘဲ ကျွန်မကိုတောင် ဆူပူနေသေးတယ်လား။"
ထိုသို့ပြောပြီးနောက်
ဝမ်ချင်းဝေ့က သူမ၏ လက်သီးသေးသေးလေးနှင့် သူမယောက်ျားကို ထိုးနှက်လိုက်သည်။
မထင်မှတ်ထားစွာနှင့်
သူမ ယောက်ျားက ပုံမှန်ကဲ့သို့ နူးနူးညံ့ညံ့နှင့် ဂရုစိုက်ပေးခြင်း မရှိခဲ့ပေ။ သူက ပြင်းပြင်းထန်ထန်
ဆူပူလိုက်၏။
"ရူးမိုက်လိုက်တာ... ချင်းဝေ့ ကြည့်ရတာ မင်းကို ငါ အများကြီး အလိုလိုက်ထားမိသွားပုံပဲ။"
ဝမ်ချင်းဝေ့၏
နှာခေါင်းက ချဥ်စူးလာသည်။ သူမသည် သူမယောက်ျားက သူမအား လုံးဝ နားမလည်သလို ခံစားလိုက်ရသော်လည်း
အမှန်တကယ် ဒေါသမထွက်ရဲခဲ့ပေ။ သူမက စတင် ငိုရှိုက်ရုံသာ တတ်နိုင်သည်။
ပုံမှန်ဆိုလျှင်
သူမ ငိုလိုက်သရွေ့ သူမ ယောက်ျားက သူမကို ကျိန်းသေ ချော့မော့လိမ့်မည်
ဖြစ်သည်။
သို့သော်
ဤတစ်ကြိမ်၌ သူမယောက်ျားက သူမအား လုံးဝ လျစ်လျူရှုသွားခဲ့သည်။ သူက စာကြည့်ခန်းသို့ အလျင်အမြန်
လျှောက်သွားခဲ့ပြီး တံခါးအား ဆောင့်ပိတ်လိုက်သည်။
ထိုအချိန်၌
မစ္စတာဝမ်သည် သူ့ဇနီးကို ချော့မော့ရန်ထက် ပိုအရေးကြီးသည့် အရာတစ်ခု လုပ်ရန် ရှိနေခဲ့သည်။
၎င်းမှာ ချီမော့အား ဖုန်းခေါ်၍ တောင်းပန်ရန် ဖြစ်သည်။
သူက ချီမော့ကို
ဖုန်းခေါ်၍ မရခင် အချိန်အကြာကြီး စောင့်လိုက်ရသည်။
"မစ္စတာချီ
ဒီလောက်နောက်ကျနေမှ နှောက်ယှက်ရတာ တကယ် အားနာပါတယ်။ ကျုပ်ရဲ့ မိန်းမက အဲဒီလိုမျိုး
လုပ်လိုက်တာ ကျုပ် တကယ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။"
ဖုန်းတစ်ဖက်မှ
ချီမော့က သူ ဘာကို ဆိုလိုသလဲ နားမလည်ပေ။ "ဟမ်..."
မစ္စတာဝမ်က
လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။ "ကျုပ်ရဲ့ ဇနီးက ဝက်တစ်ကောင်လို တုံးအတာမို့
အဖွဲ့လိုက် စကားပြောခန်းထဲမှာ ပေါက်ကရတွေ လျှောက်ပြောမိပြီး ခင်ဗျားနဲ့ ခင်ဗျားဇနီးကို
ပြဿနာဖြစ်စေမိပါတယ်။"
ထိုစကားကို
ကြားသည့်အခါ ချီမော့၏ နက်ရှိုင်းသော မျက်လုံးများထဲ၌ အေးစက်သည့် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး
သူ့မေးရိုးကလည်း တောင့်တင်းသွားသည်။
သူက ခပ်နိမ့်နိမ့်အသံနှင့်
မေးလိုက်၏။ "ဘာပြဿနာလဲ။"