အခန်း (၂၁)
မဒမ် ချောချောမွေ့မွေ့ မီးဖွားနိုင်ပါစေ
ပန်းဆိုင်နှင့်
ပတ်သက်၍ ရှန်းမူမူသည် အခြေခံအားဖြင့် လိုအပ်သောအရာများကို စဥ်းစားဆုံးဖြတ်ခဲ့သည်။
နောက်ဆုံး
ရွေးချယ်ရန် ကျန်သည့်အရာမှာ ဆိုင်၏ အမည် ဖြစ်သည်။
သူမသည်
ဆိုင်အမည်ကို အများကြီး စဥ်းစားခဲ့သော်လည်း သာမန်ဆန်ပြီး မှတ်မှတ်ထင်ထင် မရှိသည့်အတွက်
မကြိုက်ခဲ့ပေ။
ကံကောင်းစွာနှင့်
သူမ လမ်းပျောက်နေသည့်အချိန်၌ မကြာခဏ လမ်းပြပေးသော ဘဝဆောင်ပုဒ် တစ်ခု
ရှိသည်။
ထိုသည်မှာ
'မလုပ်ဆောင်ခင် သုံးခါတွေး' ဟူ၍ ဖြစ်သည်။
ဒီပြဿာနာကို
ဖြေရှင်းနိုင်မလားတွေး။
ဒီပြဿနာကို
မနက်ဖြန် ဖြေရှင်းနိုင်မလား တွေး။
ဒီပြဿနာကို
ဖြေရှင်းဖို့ တခြားတစ်ယောက်ကို အကူအညီတောင်းနိုင်မလား တွေး။
သူမ ဘဝဆောင်ပုဒ်၏
တတိယအချက်အရ သူမသည် ချီမော့ထံ၌ အကြံဉာဏ်တစ်ခုခု ရှိနိုင်မလား မေးလိုက်သည်။
ချီမော့က
နာမည်နှစ်ခု ပြောလာခဲ့သည်။
သို့သော်
ရှန်းမူမူသည် ထိုအမည်များက အလွန် ခမ်းနားပြီး ရဲရင့်ကာ ကြံ့ခိုင်လွန်းသောကြောင့် ပန်းဆိုင်နှင့်
မကိုက်ဟု ခံစားမိလိုက်သည်။
ရှန်းမူမူက
သူအကြံပေးသည့် အမည်ကို သဘောမကျသည်အား မြင်သည့်အခါ ချီမော့က ပြောလိုက်သည်။
"နာမည်ပေးတယ်ဆိုတာ
အရေးကြီးတဲ့ ကိစ္စပဲ။ ဒီကိစ္စအတွက် မင်းကို ကူညီဖို့ ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ဖွဲ့လောက်
ရှာပေးရမလား။"
ယနေ့ခေတ်တွင်
နာမည်ပေးသည့် ဝန်ဆောင်မှုကို အထူးပြုလုပ်ဆောင်သော ကုမ္ပဏီများ ရှိနေပြီ ဖြစ်၏။
ရှန်းမူမူက
အပြုံးလေးနှင့် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်အား ငြင်းပယ်လိုက်သည်။
"မလိုဘူး။
မလိုဘူး။ ကျွန်မ ကိုယ့်ဘာသာ စဥ်းစားမယ်။"
ဘယ်လိုပဲဖြစ်ဖြစ်
ပရော်ဖက်ရှင်နယ်အဖွဲ့ ငှားလိုက်လျှင် ပိုက်ဆံပေးနေရပေလိမ့်မည်။
သူမက
မလိုအပ်သည့်နေရာ၌ ပိုက်ဆံ မဖြုန်းတီးချင်ပေ။
ထို့ကြောင့်
သူမသည် ရွေးချယ်စရာမရှိဘဲ ဒုတိယမြောက်အချက် ဖြစ်သည့် ဒီပြဿနာကို မနက်ဖြန်ကျ ဖြေရှင်းနိုင်မလား
တွေး ဟူသည့်အတိုင်း လုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။
အာ...
ဆိုတော့...
အမည်ပေးခြင်းကို
ရက်နောက်ဆုတ်လိုက်၍လည်း ရပေသည်။
သူမသည်လည်း
အလျင်မလိုပေ။ သူမထံသို့ စိတ်ကူးစိတ်သမ်းကောင်းများ ရောက်ရှိလာရန်သာ တိတ်တဆိတ် မျှော်လင့်နေသည်။
ထို့နောက်တွင်
သူမ ဆန္ဒရှိသည့်အရာကို ရရှိခဲ့ပေသည်။
ညတစ်ညတွင်
စိတ်ကူးစိတ်သမ်းကောင်းက သူမထံ လာရောက်ထိမှန်လေသည်။
သူမက
ဆိုဖာပေါ်တွင် ခြေထောက်များ ခွေကာ ထိုင်ပြီး ငှက်သိုက်သောက်နေရင်း
TV ရှိုးတစ်ခု ကြည့်နေခဲ့သည်။
TV တွင်
တော်ဝင်ကိုယ်လုပ်တော်က မှန်ရှေ့၌ ထိုင်နေရင်း သူမ၏ နှင်းဆီရောင်နှုတ်ခမ်းလွှာကို အသာဖွင့်လိုက်သည်။
"အမျိုးသမီးတစ်ယောက်ရဲ့ အလှအပက သူမရဲ့ ပျော်ရွှင်မှုပေါ်မှာ မူတည်တယ်။ အရှင်မင်းမြတ်က
ငါ မက်မွန်မိတ်ကပ် လိမ်းထားတဲ့အခါ သဘောအကျဆုံးပဲ။ ကော်ချွေ့ ပန်ကုန်းရဲ့
မျက်နှာချေ ယူလာခဲ့ပေး..."
ထိုဒိုင်ယာလော့ခ်မဆုံးခင်
ရှန်းမူမူက နှာမှုတ်လိုက်သည်။
"အမျိုးသမီးတစ်ယောက်က
သူမကို တခြားလူ စိတ်ကျေနပ်အောင် ပြင်ဆင်သင့်တာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ရဲ့
ပျော်ရွှင်ကျေနပ်မှုအတွက်ပဲ ပြင်ဆင်သင့်တာ။ ခေတ်သစ် TV ရှိုးတွေက အမြဲတမ်း အဓိပ္ပါယ်မရှိတဲ့
အကြောင်းအရာတွေပဲ ဖြန့်ချင်နေတာ။"
အိုး
နေပါဦး။
ကိုယ်ကိုယ်တိုင်ရဲ့
ပျော်ရွှင်မှုလား။
ကိုယ်ကိုယ်တိုင်
စိတ်ကျေနပ်ဖို့၊ ဘဝကို ပျော်ရွှင်ဖို့။
ဘယ်လောက်
ကောင်းလိုက်တဲ့ အဓိပ္ပါယ်လဲ။
လတ်ဆတ်တဲ့
ပန်းတွေ ပို့ဆောင်ပေးခြင်းက အလွန် ရိုမန့်တစ်ဆန်သောအရာ ဖြစ်သည်။ နေ့တိုင်း ပန်းစည်းတစ်စည်းကို
အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေခြင်းမှာ ဘဝ၏ စိတ်ကျေနပ်မှု ရရှိစေခြင်း ဖြစ်သည်။
ရှန်းမူမူက
သူမ နဖူး သူမ ရိုက်လိုက်သည်။
"ဒါပဲလေ။
ယွဲ့ကျီပန်းဆိုင်လို့ ခေါ်မယ်။"
ရှန်းမူမူက
နာမည်ပေးခြင်းအတွက် အချိန်အကြာကြီး ရုန်းကန်ခဲ့ရသည်။ ယခု နောက်ဆုံး၌ နာမည်ကို ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ
သူမက ထိုပျော်ရွှင်မှုကို ကျယ်ကျယ်လောင်လောင် မျှဝေရန် မစောင့်နိုင်တော့ပေ။
သူမက
ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း အံ့အားသင့်ဖွယ် ကောင်းစွာပင် ထိုမျှ ကြီးမားသည့်
ဗီလာအတွင်း ဝိညာဥ်တစ်ကောင်ပင် မမြင်ရပေ။
တစ်စုံတစ်ယောက်က
ပျော်ရွှင်နေသော်လည်း ထိုအပျော်ကို မျှဝေရမည့် ဘယ်သူမှ မရှိလျှင် စိတ်လှုပ်ရှားထက်သန်နေမှုက
လျော့ကျသွားမည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်
ဒုတိယထပ်မှ စာကြည့်ခန်းတံခါးက ပွင့်ဟလာပြီး ချီမော့ လျှောက်ထွက်လာသည်။
ချီမော့က
ရေခဲရေတစ်ခွက်ထည့်ရန် မီးဖိုချောင်သို့ လျှောက်လာသည်။
သူ အောက်ထပ်သို့
ရောက်လာသည်နှင့် ရှန်းမူမူက ဆိုဖာပေါ်မှ ခုန်ထကာ သူ့ထံသို့ ပြေးလာခဲ့သည်။
သူမက
လျင်မြန်စွာ ခုန်ပေါက်သွားပြီး သူ့ရှေ့တွင် ရပ်၍ အင်္ကျီလက်အား ဆုပ်ကိုင်လိုက်သည်။
သူမ၏ မျက်နှာက အပြုံးများဝေနေပြီး သူမအသံက ကျည်ကျည်ကျာကျာ အော်မြည်နေသည့် ငှက်ပေါက်ကလေးလို
စိတ်လှုပ်ရှားနေခဲ့သည်။
"ကျွန်မ
ရသွားပြီ။ ရသွားပြီ။ ကျွန်မ နောက်ဆုံးတော့ ရသွားပြီ။"
သူမ ဘာပြောနေသည်ကို
မသိသော ချီမော့က မေးခွန်းထုတ်နေဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။ "?"
ထိုအချိန်တွင်
ဝိုင် သိမ်းသည့် မြေအောက်ခန်းထဲတွင် လက်ကျန်စစ်ပြီး၍ ပြန်လာသော အိမ်တော်ထိန်းကျန်းက
ရှန်းမူမူ ချီမော့၏ အင်္ကျီလက်ကို စိတ်အားထက်သန်စွာ ကိုင်ထားရင်း ပျော်ရွှင်စွာ အော်ဟစ်နေသည်ကို
မြင်သောအခါ သူ့အတွေးတွေက လျင်မြန်စွာ လည်ပတ်သွားပြီး ချက်ချင်း ကောက်ချက်ချလိုက်သည်။
ချီမိသားစုအတွက်
နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် အိမ်တော်ထိန်းကျန်း၏ ထူးချွန်မှုမှာ သူ့အလုပ်ရှင်များထံမှ
စကားလုံးအနည်းငယ်မျှဖြင့် တိကျသည့် သတင်း အချက်အလက်ကို စစ်ယူနိုင်ခြင်း ဖြစ်သည်။
ရုတ်တရက်
သူ့မျက်နှာက လင်းလက်သွားပြီး သူက ကျယ်လောင်စွာဖြင့် ဂုဏ်ပြုလိုက်သည်။
"ဂုဏ်ပြုပါတယ်
ဆရာ၊ ဂုဏ်ပြုပါတယ် မဒမ်။ နောက်ဆယ်လအတွင်း ကျွန်တော် မဒမ်အတွက် အန္တရာယ်ကင်းတဲ့
အစားအသောက်ပုံစံ ဖြစ်အောင် ပိုပြီး ဂရုစိုက်ပေးပါ့မယ်။"
ရှန်းမူမူက
ခေါင်းကို ဖြေးဖြေးလေး လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် အပြုံးတို့ ရှိနေဆဲဖြစ်သော်လည်း
ဇဝေဇဝါလည်း ဖြစ်နေပုံရသည်။
ဟမ်...
အိမ်တော်ထိန်းကျန်းက
ဘာအကြောင်းပြောနေတာလဲ။ ငါ နားမလည်ပါလား။
ချီမော့ကလည်း
ကျန်းအိမ်တော်ထိန်းကို လှည့်ကြည့်လိုက်ပြီး အကူအညီမဲ့စွာနှင့် သူ့နှာခေါင်းရင်းကို
လက်ဖြင့် ဖိညှစ်လိုက်ပေမယ့် ဘာမှမတုန့်ပြန်ခဲ့ပေ။
အထင်လွဲမှုများနှင့်
အမှားအယွင်းတို့က ဆက်တိုက်ဆိုသလို ဖြစ်ပေါ်တတ်ပြီး လိပ်ပြာသက်ရောက်မှု ဖြစ်တတ်သည်။
သေချာပေါက်ပင်
ညနေခင်းစာကျက်ချိန်ပြီးသွားသဖြင့် ချီရှောင်ပိုင်က အိမ်ပြန်လာပြီး အိမ်အဝင်ဝ၌ အိမ်တွင်းစီးဖိနပ်
စီးနေသည့်အချိန်တွင် အိမ်တော်ထိန်းကျန်းက စကားပြော၍ မပြီးသေးပေ။
သူသည်
အိမ်တော်ထိန်းကျန်း၏ အားကောင်းလှသော စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရပေသည်။
သေချာပေါက်ပင်
ကြားလိုက်ရသည့်သတင်းကြောင့် သူက ထိတ်လန့်အံ့အားသင့်သွားပြီး လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်မိကာ
အသံကြားရာဘက်သို့ ကြည့်လိုက်သည်။
ချီရှောင်ပိုင်
မြင်လိုက်ရသည်မှာ —
သူ၏ မိထွေးက
အရူးတစ်ယောက်လို ပြုံးဖြဲရယ်မောနေပြီး အိမ်တော်ထိန်းကျန်းက ပျော်ရွှင်စွာဖြင့် ဂုဏ်ပြုပေးနေသည်။
သူ့အဖေကလည်း
ထိုနေရာ၌ ရပ်နေပြီး စိတ်ခံစားချက်ကောင်းမွန်နေပုံ ရလေသည်။
သူက ရှင်းလင်းသွားပေသည်။
သူ နားမလည်ဘဲ
ဘယ်နေပါ့မလဲ။
ရှန်းမူမူက
သူမ၏ ဆိုလိုရင်းကို နားလည်မှုလွဲသွားသလို ပြန်မေးလာသည်။ "ဟမ်.... အိမ်တော်ထိန်းကျန်း
ဘာတွေပြောနေတာလဲ။"
ချီရှောင်ပိုင်က
သူမ၏ စကားများကို တခြားအဓိပ္ပါယ် ယူဆလိုက်သည်။
သူမက
သူ့ကို ထိရှလွယ်သည့် ဆယ်ကျော်သက်လေးဟု သတ်မှတ်ကာ မိသားစုဝင်အသစ် တိုးလာသည်ကို သူစိတ်မသက်မသာ
ဖြစ်နေမည်အား စိုးရိမ်သောကြောင့် ထိုသတင်းကို သူ့အား မသိစေသဖြင့် ဇဝေဇဝါ ဖြစ်ချင်ယောင်ဆောင်နေသည်ဟု
ခန့်မှန်းလိုက်သည်။
ကျေးဇူးပြုပြီး
သူက အသက်ဆယ့်ခုနစ်နှစ်ရှိပြီး အရွယ်ရောက်လုနီးပါး ဖြစ်နေပါပြီနော်။
သူ့ကို
ကလေးလေးတစ်ယောက်လို မဆက်ဆံစမ်းပါနဲ့။
သူသည်
သူ့အဖေ ဇနီးအသစ် အိမ်သို့ ခေါ်လာသည်အား မြင်ကတည်းက အချိန်မရွေး ညီလေးညီမလေးများ ရလာရန်
ဖြစ်နိုင်ကြောင်း သူ့စိတ်သူ ပြင်ဆင်ပြီး ဖြစ်သည်။
ချီရှောင်ပိုင်က
ချီမော့နှင့် ရှန်းမူမူကို ဖြတ်ကျော်ကာ လျှောက်သွားသည်။
သူက ခြေလှမ်းအနည်းငယ်
လျှောက်ပြီးနောက် ပြန်လှည့်လာသည်။
သူက ခန္ဓာကိုယ်ကို
လှည့်ရင်း ဂုဏ်ပြုပျော်ရွှင်နေသည့် သူ့အဖေနှင့် မိထွေးကို ကြည့်ကာ ပြောလိုက်သည်။
"ဝမ်းသာနေတာကို
ကျွန်တော့်ရှေ့မှာ ဖုံးကွယ်ဖို့ ကြိုးစားနေစရာ
မလိုပါဘူး။ ကျွန်တော် စိတ်ထဲ မထားဘူး။"
သူက ရပ်တည်ချက်ကို
ရှင်းလင်းအောင် လုပ်ထားရပေသည်။
သို့မှသာ
သူတို့ မည်သူမှ စိတ်မသက်မသာ မခံစားကြရမည် ဖြစ်သည်။
ထိုသို့ပြောပြီးနောက်
ချီရှောင်ပိုင်က သူ့အခန်းသို့ ဆက်လျှောက်သွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ခု သတိရလိုက်သလို
ရှန်းမူမူထံသို့ ပြန်လှည့်ကြည့်လာကာ ပြောလိုက်၏။
"ဂုဏ်ပြုပါတယ်။"
ထိုသို့ပြောပြီးနောက်
သူက အခန်းထဲ ဝင်သွားကာ တံခါးပိတ်သွား၏။
ရှန်းမူမူ
: "..."
အခုလို
အခြေအနေ၌ တုန့်ပြန်မှု နှေးကွေးသူပင်လျှင် နားလည်သင့်နေပြီ ဖြစ်သည်။
သူမက
ချီမော့ကို ကြည့်လိုက်ပြီး အနေရခက်စွာဖြင့် နှုတ်ခမ်းတို့ တွန့်သွားခဲ့သည်။
"အာ...
တကယ်တော့ ကျွန်မ ပြောချင်တာက ပန်းဆိုင်ရဲ့ နာမည်ပေးဖို့ ထွက်လာပြီလို့ပါ။ ယွဲ့ကျီလို့
ခေါ်ဖို့ စဥ်းစားထားတယ်။"
သူမက
ပြောနေရင်း ချီမော့၏ အင်္ကျီလက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမစိတ်ထဲတွင် ခဏလေးအတွင်း အချက်အလက်များစွာ
ပေါက်ကွဲထွက်သွားသည့်အတွက် လွှတ်ပေးရန် မေ့သွားခဲ့သည်။
သူတို့၏
အနေအထားက ရင်းနှီးနေဟန်ပေါ်သည်။
အိမ်တော်ထိန်းကျန်းက
ရှက်ရွံ့သလို ခံစားလိုက်ရပြီး တိတ်ဆိတ်စွာ အဝေးသို့ လျှောက်ထွက်သွားခဲ့၏။
ရှန်းမူမူက
မျက်တောင်ခတ်ရင်း ချီမော့ကို မေးလိုက်သည်။
"ချီရှောင်ပိုင်က
တစ်ခုခုကို အထင်လွဲသွားတယ် ထင်တယ်။ သူ ကျွန်မကို ကိုယ်ဝန်ရှိနေတယ်လို့ ထင်သွားပုံရလို့
ကျွန်မ သူ့ကို သွားပြီး ရှင်းပြလိုက်သင့်လား။"
ချီမော့၏
အကြည့်က အောက်သို့ ရွေ့လျားသွားပြီး သူမ ဆွဲကိုင်ထားသည့် အင်္ကျီလက်စပေါ်တွင် ရပ်တန့်သွားသည်။
သူက ခပ်ဖြေးဖြေး
ပြောလိုက်၏။ "ရှင်းပြစရာ မလိုပါဘူး။"
ရှန်းမူမူ
: "ရှင် သေချာလား။"
ချီမော့က
သူမကို မော့ကြည့်လိုက်သည်။ "ဟုတ်တယ်။ သူက အခု ကြီးနေပြီ။ အရာရာတိုင်းကို အထူးတလည်
ရှင်းပြနေစရာ မလိုဘူး။"
ရှန်းမူမူက
ခေါင်းညိတ်လိုက်သည်။ "အိုခေ"
သူက မရှင်းပြနဲ့ဆိုတော့လည်း
မရှင်းပြရုံပဲပေါ့။
သူမက
ကိုယ်ဝန်မရှိသလို သူမဘဝတွင် ဘယ်တော့မှလည်း ရှိလာမည် မဟုတ်ပေ။ ချီရှောင်ပိုင်က သူ့ဘာသာ
တဖြေးဖြေး ရှာတွေ့လာပေလိမ့်မည်။
သူမက
ဒီဇိုင်နာထံ ဖုန်းခေါ်ရန် အပေါ်ထပ်သို့ ပျော်ရွှင်စွာ တက်သွားခဲ့သည်။
ရှန်းမူမူ
ထွက်သွားပြီးနောက် ချီမော့က သူ့ရှပ်အင်္ကျီလက်ကို သပ်သပ်ရပ်ရပ် ဖြန့်လိုက်ပြီး မီးဖိုချောင်သို့
လျှောက်သွားခဲ့သည်။
သူက အရပ်မြင့်မားပြီး
ဖြောင့်မတ်(ကျောရိုး)သည့် ပုံရိပ်ရှိသည်။ လက်တစ်ဖက်က ကောင်တာပေါ် တင်ထားပြီး နောက်တစ်ဖက်က
ဖန်ခွက်ကို သူ့နှုတ်ခမ်းနားသို့ သယ်သွားသည်။
သူ့လက်ဖျံကို
ဖော်ပြထားပြီး ကြံ့ခိုင်ကျစ်လျစ်သည့် ခွန်အားကို ဖွင့်ထုတ်ထားသည်။
သူ့ခေါင်း
နောက်သို့ အနည်းငယ် မော့သွားသည့်အခါ သူ၏ ထက်ရှကာ ခိုင်ကြည်သည့် မေးရိုးက ပေါ်ထွက်လာသည်။
သူ့တစ်ကိုယ်လုံးက
ရင့်ကျက်သည့် ယောက်ျားဟော်မုန်းတို့ကို ထုတ်လွှတ်ပေးနေ၏။
သူ ရေခဲရေကို
မြိုချလိုက်တိုင်း လည်ဇလုတ်က အထက်အောက် ရွေ့လျားသွားသည်။
အပေါ်ထပ်၌
ရှန်းမူမူ၏ ပျော်ရွှင်စွာဖြင့် ဆိုင်အတွက် အိုင်ဒီယာများ ဆွေးနွေးနေသည့် အသံက သူ့နားထဲသို့
ဝင်ရောက်လာသည်။
ကြည့်ရသည်မှာ
သူမက ဆိုင်မျက်နှာစာ ဆိုင်းဘုတ်အတွက် ဆွေးနွေးနေပုံရသည်။
ချီမော့၏
အကြည့်များက ဧည့်ခန်းထဲသို့ ဟိုဟိုဒီဒီ ရည်ရွယ်ချက်မရှိ ရောက်သွားခဲ့သည်။
ယခင်က
ဤနေရာ၌ သူနှင့် ချီရှောင်ပိုင် နှစ်ယောက်သာ နေစဥ် သူသည် နေရာက အနည်းငယ် ကျယ်ဝန်းသလို
ခံစားရပြီး အခြားအိမ်သို့ ပြောင်းရွှေ့ရန် စဥ်းစားခဲ့သည်။
သူ့အမြင်က
မည်သည့်အရာအပေါ်တွင်မှ စူးစိုက်မှုမရှိ ဝေဝါးနေသည်။
ရှန်းမူမူ၏
စိတ်ကျေနပ်နေသော အသံက ဆက်လက်ထွက်ပေါ်နေသည်။
သူက ရေနောက်တစ်ငုံ
သောက်လိုက်ပြီး ခေါင်းကို အနည်းငယ် ငဲ့ကြည့်လိုက်သည်။
ကြည့်ရသည်မှာ
အိမ်ပြောင်းရန် စီစဥ်စရာ မလိုအပ်တော့သည့်ပုံပင်။