အခန်း ၈ ဆေးကျိုဖို့ ကူညီပေးမယ်
ချိုးယွဲ့က
ကျိရှောင်ယင်၏အော်သံကို ကြားသွားပြီး ပျော်ရွှင်စွာ လှမ်းကြည့်လိုက်ကာ
သူမ၏မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်း မရှိသော ပျော်ရွှင်မှုများဖြင့်
ပြည့်နှက်နေလေသည်။ တစ်ဖက်တွင် စူးချင်းက မော့ကြည့်ဖို့နေနေသာသာ မျက်လုံးပင်
မလှန်ကြည့်ဘဲ သူမ လုပ်ရမည့်အရာကိုသာ အာရုံစိုက်နေခဲ့သည်။
သူမ
စားသောက်ပြီးမှသာ ခွန်အားရှိလာမည်ဖြစ်ပြီး ခွန်အားရှိမှသာ သူမကို အလျင်အမြန် သက်သာစေနိုင်မည့်
ဆေးပင်များကို ရှာဖွေရန် တောင်များကို ဝင်ရောက်နိုင်မည်ဖြစ်သည်။
သူမက
အလွန်လျင်မြန်စွာ စားနေပြီး ဂျုံယာဂုပန်းကန်ကို နှစ်ငုံ သုံးငုံစာဖြင့် အပြောင်ရှင်းလိုက်သည်။
ဂျုံယာဂုတစ်ပန်းကန်လုံး ကုန်သွားသော်လည်း သူမ ဘာမှ မစားရသေးသလိုခံစားနေရပြီး သူမ၏ဗိုက်က
တဟုန်းဟုန်းတောက်လောက်နေသေးသော်လည်း ဗိုက်ထဲမှ ပူနွေးသောခံစားမှုက သူမကို
ပိုအဆင်ပြေလာစေသည်။ သူမ၏ အေးစက်နေသော ခြေလက်များလည်း အနည်းငယ် နွေးထွေးလာသလို
ခံစားလိုက်ရပြီး စူးချင်းက သူမ အသက်ပြန်ရှင်လာပြီဟု ခံစားနေရသည်။
ထိုအချိန်မှပင်
သူမ၏အဝတ်အစားများ ပြောင်းလဲနေသည်ကို သူမ သတိပြုမိသွားပြီး သူမ၏အမူအရာက ပြောင်းလဲသွားသည်။
ငါ
သတိလစ်နေတဲ့အချိန်မှာ ဘယ်သူက ငါ့ရဲ့အဝတ်အစားတွေကို လဲပေးထားတာလဲ?
စူးချင်းက
ကျိရှောင်ယင်ကို မော့ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည်။ "ငါ့အဝတ်အစားတွေကို မင်း
လဲပေးထားတာလား?"
“ဟုတ်တယ် အစ်မ၊ အစ်မရဲ့အဝတ်တွေကို ကျွန်မ လျှော်ထားပြီးပြီ။ ပြန်ခြောက်သွားရင်
အစ်မအတွက် ပြန်ယူပေးပါ့မယ်" ကျိရှောင်ယင်က ခေါင်းညိတ်ပြလိုက်သော်လည်း
ကွာရှင်းစာကို တွေးမိကာ စူးချင်းကို နာကျင်စွာ ကြည့်နေခဲ့သည်။
"အစ်မ၊ အစ်မမှာ မိသားစုရှိလား? ရှိရင် အစ်ကိုကြီးကို ပြန်ပို့ခိုင်းပေးမယ်"
စူးချင်းက
သူမ၏မေးခွန်းကို ကြားသည်နှင့် သူမ ဘာကိုဆိုလိုနေမှန်း နားလည်နိုင်သည်။
သူမ၏
အေးစက်သော အသံက ခံစားချက်မဲ့နေပြီး မေးခွန်းကို မေးခွန်းဖြင့်သာ တုံ့ပြန်လာခဲ့သည်။
“မင်း
မြင်ပြီးပြီလား?”
“ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်တာ မဟုတ်ပါဘူး။ မြေပြင်ပေါ်ကို ကျသွားလို့ပါ”
ကျိရှောင်ယင်က
စူးချင်း ဒေါသထွက်မည်ကို ကြောက်သောကြောင့် အမြန်ရှင်းပြလိုက်သည်။ စူးချင်းက သူမ
ဘယ်လောက်ထိ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ပြီး သူမကို ပြစ်တင်ဝေဖန်ခြင်း မပြုတော့ပေ။
သူမက
ရိုးရိုးရှင်းရှင်းသာ တုံ့ပြန်လိုက်သည်။ "အဲ့ဒါကို မေ့လိုက်တော့"
သူမကို
ထိုကဲ့သို့ မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်၏နှလုံးသားက ပို၍ပင် နာကျင်လာခဲ့သည်။
အစ်မက
သူမရဲ့ဘဝကိုတောင် စွန့်လွှတ်လိုက်ပြီလား?
ကျိရှောင်ယင်က
စူးချင်းကို ကူညီချင်နေသောလည်း သူမ ဘယ်လိုကူညီရမည်ကို မသိခဲ့ပေ။ ခဏအကြာတွင် သူမ၏
မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး စူးချင်းကို ကြည့်နေကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာပြန်သည်။ "အစ်မ၊
ကျင်းရွှီလျိုမြောင်ကို လိုက်ခဲ့ပါလား? ကျင်းရွှီလျိုမြောင်မှာရှိတဲ့ မြေတွေက
မည်းနက်နေပြီး မြေဆီလွှာကောင်းတာကြောင့် ဆီတောင်မှ ထုတ်နိုင်တယ်လို ကျွန်မရဲ့ မွေးစားအဖေဆီကနေ
ကြားဖူးတယ်။ စိုက်ပျိုးနိုင်သမျှ အသီးအနှံကောင်းကောင်း ရနိုင်တယ်။ အဲ့တာအပြင် မြေယာအသစ်ဖော်တဲ့သူတွေက
ငွေကုန်ကြေးကျခံစရာ မလိုဘဲ မြေကွက်တွေကို
ပိုင်ဆိုင်နိုင်မယ်တဲ့။ ယွိချန်မှာလည်း မြေနဂါးလှန်ခဲ့တော့ ဒီအလှည့်အပြောင်းမှာ စပါးရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး။
အစ်မ ဒီမှာ နေစရာနေရာ မရှိရင် ဘာလို့ ကျွန်မတို့နဲ့ မလိုက်လာတာလဲ? အချိန်တန်ရင်
မြေရိုင်းတွေကို ပြုပြင်ပြီး အိမ်ဆောက်ဖို့ အကိုကြီးကို တောင်းဆိုပေးမယ်။ အစ်မမှာ အစ်မပိုင်တဲ့
အိမ်နဲ့ မြေတွေ ရှိလာလိမ့်မယ်"
စူးချင်းက
မူလက ထွက်ခွာသွားရန် ဆုံးဖြတ်ထားခဲ့သော်လည်း ကျိရှောင်ယင်၏စကားကို ကြားပြီးနောက်
သူမက မူလအတွေးကို စွန့်လွှတ်လိုက်သည်။ သူမ အနှိုးဆော်ခံခဲ့ရကြောင်း သူမ ဝန်ခံနိုင်သည်။
ရှောင်ယင်
ပြောနေတာက သူမလိုချင်တဲ့ဘဝအကြောင်းကို ပြောနေတာ မဟုတ်ဘူးလား? သူမ အတွက် လေနဲ့မိုးဒဏ်ကနေ
အကာအကွယ်ပေးနိုင်မယ့် အိမ်နဲ့ လယ်လုပ်နိုင်မယ့် မြေကွက်တစ်ခု ရှိမယ်။ သူမ
နေထွက်ချိန်မှာ မြေကို ထွန်ရက်နိုင်ပြီး နေဝင်ချိန်မှာ အနားယူနိုင်မယ်။ သူမ
တိတ်ဆိတ်ငြိမ်သက်စွာနေနိုင်ပြီး ပဋိပက္ခတွေများတဲ့ ကမ္ဘာကြီးနဲ့ ခပ်ကွာကွာနေနိုင်လိမ့်မယ်။
သတ်ဖြတ်တာတွေ ဒါမှမဟုတ် သွေးညှော်နံ့တွေ ရှိတော့မှာ မဟုတ်ဘူး။
"အစ်ကိုကြီးရွှေရှန့်!"
ချိုးယွဲ့က
ကျိရွှေရှန့်ကို အပြုံးဖြင့် နှုတ်ဆက်သည်။ သူမ၏ မျက်လုံးကြီးများမှ ကျိရွှေရှန့်အတွက်
ချစ်ခြင်းမေတ္တာများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
သူ့နောက်ကျောတွင်
တောင်းထဲမှ ဆေးဖက်ဝင်အပင်များ ပြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် သူမက အပြုံးလေးဖြင့်
"ရှင် ဆေးပင်တွေ အများကြီး ရှာနိုင်ခဲ့တာလား?"
"ချိုးယွဲ့၊ တာ့ဟိုင်နဲ့ ထျဲတန့်တို့ တူးလာတဲ့ ဆေးပင်တွေအားလုံးကို
ပြုတ်ပြီး လူတိုင်းကို ဝေပေးလိုက်ပါ"
ကျိရွှေရှန့်က
ပြောနေရင်းဖြင့် သူ့လက်ထဲမှ ငှက်နှစ်ကောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူက ချိုးယွဲ့ကို
လူတိုင်းအတွက် ဆေးကျိုပေးရန် ညွှန်ကြားခဲ့သည်။ ချိုးယွဲ့က မသွားချင်ဘဲ ကျိရွှေရှန့်ကို
တောက်ပသော မျက်လုံးကြီးများဖြင့် ကြည့်နေရင်း မေးလိုက်ပြန်သည်။
"အစ်ကိုရွှေရှန့်၊ အစ်ကို သယ်လာတဲ့ တောင်းထဲက ဆေးပင်တွေကိုရော ပြုတ်မှာ
မဟုတ်ဘူးလား?"
“ဒီဆေးပင်တွေက အအေးမိတာအတွက် မဟုတ်ဘူး။ နောက်မှ ငါ ကိုယ်တိုင်ပြုတ်လိုက်မယ်”
ကျိရွှေရှန့်က ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
ချိုးယွဲ့က
နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး စူးချင်းကို တစ်ချက်ကြည့်ကာ ဤဆေးများက
ထိုအမျိုးသမီးအတွက်ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူမက
တခြားဘာမှ ထပ်မပြောတော့ဘဲ “ကောင်းပြီလေ၊ ညီမ ချက်ချင်း သွားကျိုလိုက်ပါ့မယ်။
ကျိရွှေရှန့်က
သူမကို နောက်တစ်ကြိမ် မကြည့်တော့ဘဲ သတိလစ်နေသော သင်းခွေချပ်ကို သူ့ကျောပေါ်ရှိ
ခြင်းတောင်းထဲမှ ထုတ်ယူလိုက်သည်။ ဒီအကောင်ကို ဖမ်းဖို့အတွက် သူ အများကြီး
ကြိုးစားခဲ့ရတယ်။ ပြန်လည်နာလန်ထူဖို့နဲ့ သွေးလည်ပတ်မှုအတွက် လိုအပ်တဲ့ဆေးကို
ဖော်ချင်ရင် ဒါက မရှိမဖြစ်ပဲ။ သင်းခွေချပ်ကို ဆေးဝါးအဖြစ် ပြင်ဆင်ရတာက ပိုခက်ခဲတယ်။
သို့သော်
ထိုအမျိုးသမီးကို ကယ်တင်ရန် သူ ဆုံးဖြတ်ထားသောကြောင့် အစွမ်းကုန် ကြိုးစားခဲ့သည်။
ထိုအမျိုးသမီး၏
ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်တွင် ဒဏ်ရာများစွာ ရှိနေသည့်အပြင် ထိုဒဏ်ရာများက
အလွန်ပြင်းထန်လှသည်။ လက်ရှိအချိန်တွင် သူမ၏ နာကျင်ကိုက်ခဲမှုများ လျော့ပါးသက်သာစေရန်၊
သူမ၏ကျိုးနေသောအရိုးအဆစ်များကို ပြန်လည် ပြုပြင်ရန်နှင့် သွေးခဲများကို ဖယ်ရှားရန်သာ
ကူညီပေးနိုင်လိမ့်မည်။
ထိုသို့
တွေးပြီးနောက် ကျိရွှေရှန့်က လှည်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ စူးချင်း၏မျက်လုံးများနှင့်
အကြည့်ချင်း ဆုံသွားမိသည်။ သူမက တည်ငြိမ်သောမျက်နှာဖြင့် လှည်းပေါ်တွင် ထိုင်နေပြီး
သူမ၏မျက်နှာတွင် သူမက ဒဏ်ရာတစ်ခါမှ မရဖူးသလို နာကျင်မှု တစ်စုံတစ်ရာ မရှိဘဲ
အေးဆေးတည်ငြိမ်သောအမူအရာကိုသာ ဖော်ပြထားသည်။
ကျိရွှေရှန့်က
သူမကို အထင်မကြီးဘဲ မနေနိုင်တော့ပေ။
ဒီလိုအရိုးကျိုးတဲ့ဝေဒနာကို
ယောက်ျားတွေတောင် သည်းမခံနိုင်ပေမယ့် သူမက ရှောင်ယင်ကို ကယ်တင်ဖို့ ပြင်းထန်တဲ့
ဝေဒနာကို သည်းခံနိုင်ခဲ့သေးတယ်။ သူမက တကယ်ကို အရမ်းသန်မာလွန်းတယ်။
စူးချင်းက
ကျိရွှေရှန့်ကို စိုက်ကြည့်နေသော အကြောင်းရင်းက သူမ သူ့ကို သဘောကျနေခြင်း မဟုတ်ဘဲ
သူ့လက်ထဲမှ ဆေးပင်ကို သဘောကျနေခြင်းသာ ဖြစ်သည်။
ကျိရွှေရှန့်
ပြန်ရောက်ကတည်းက ရှောင်ချီ၏ စိတ်လှုပ်ရှားနေသော အသံလေးက စူးချင်း၏ နားထဲတွင် ဆူညံနေခဲ့သည်
"သခင်၊ အခု ဆေး ရှိနေပြီ။ အရိုးနဲ့ကြွက်သားအတွက် ဆေးကို ဖော်စပ်လို့ ရတယ်"
ကျိရွှေရှန့်ကို
သူမကို လှမ်းကြည့်လိုက်သောကြောင့် စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ကျိရွှေရှန့်က ခေါင်းပြန်ငုံ့သွားပြီး သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေခဲ့သည်။
ဆေးကျိုခြင်းက
အချိန်အများကြီးယူရပြီး သိမ်မွေ့သော အလုပ်တစ်ခုသာ ဖြစ်သည်။ စူးချင်းက ဆေးယူရန်အတွက်
သူမ၏နံရိုးမှ နာကျင်မှုကို သည်းခံကာ လှည်းပေါ်မှဆင်းလိုက်ပြီး သူ့ဆီသို့
လျှောက်သွားလိုက်သည်။
ကျိရှောင်ယင်က
သူမ ထလာသည်ကို မြင်လိုက်သဖြင့် သူမကို ကူညီရန် အလျင်အမြန် ရောက်လာသည်။
"အစ်မ အိမ်သာသွားမလို့လား? အဲဒီအတွက် ကျွန်မ အစ်မကို ကူညီပေးမယ်”
စူးချင်းက
သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသော အနွေးစီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ သူမ
ငယ်ငယ်ကတည်းက ဂရုစိုက်ခံရသည့် ခံစားချက်မျိုး မကြုံဖူးသေးပေ။
ဒါဆို
ဒါက နွေးထွေးမှုလို့ ခေါ်တဲ့အရာလား?
"မဟုတ်ဘူး၊ ငါ မင်းရဲ့အစ်ကိုကြီးဆီကို သွားပြီးတော့ ကူညီပေးချင်တယ်"
ကျိရှောင်ယင်က
အနည်းငယ် အံ့သြသွားသည်။
"အာ!!! အစ်မ လုပ်နိုင်တာ သေချာလား?"
“ငါ ဆေးပညာကို လေ့လာဖူးတယ်”
စူးချင်းက
လိမ်ညာနေခြင်း မဟုတ်ပေ။ စစ်နတ်ဘုရားဖြစ်ရခြင်းက လူများကို သေစေရုံသာမက
လူများကိုလည်း ကယ်တင်နိုင်သေးသည်။ သူမတွင် ကုသရေးစနစ် မရသေးခင်မှာပင်
သူမ၏ဒဏ်ရာများကို သူမဘာသာ ကုသခဲ့ရသည်။
"ဒါပေမယ့် အစ်မရဲ့ လက်ရှိ ခန္ဓာကိုယ်ကရော...?"
ကျိရှောင်ယင်က
စူးချင်း၏ယိမ်းယိုင်နေသော ခန္ဓာကိုယ်ကို ကြည့်နေပြီး အမှန်တကယ် စိုးရိမ်နေမိသည်။
“အဆင်ပြေပါတယ်။ ဟိုဟိုဒီဒီ လျှောက်သွားနေမှ ဖြစ်မယ်၊ တစ်ချိန်လုံး
လဲလျောင်းနေရင် သံချေးတက်သွားလိမ့်မယ် "
စူးချင်းက
ဆင်ခြေပေးလိုက်သည်။ သူမက ကျိရှောင်ယင်ကို ပြုံးပြချင်နေသော်လည်း သူမက အေးစက်ပြီး
နှလုံးသားမဲ့နေသည်မှာ ကြာပြီ ဖြစ်သောကြောင့် ပြုံးပြနိုင်စွမ်း မရှိတော့ပေ။
"အင်း ဒါဆိုလဲ... ကောင်းပြီလေ!"
ကျိရှောင်ယင်က
ခန စဉ်းစားနေပြီးမှ သူမ ပြောသည့်က
အဓိပ္ပါယ်ရှိသည့်အတွက်
သဘောတူလိုက်ကာ စူးချင်းကို ကျိရွှေရှန့်အား ကူညီစေခဲ့သည်။
"အစ်ကိုကြီး၊ အစ်မကလည်း ဆေးကျိုဖို့ ကူညီပေးမယ်တဲ့"
ကျိရွှေရှန့်က
စူးချင်းကို တအံ့တသြ ကြည့်နေကာ "မင်း လုပ်နိုင်တယ်လား?"
“လုပ်နိုင်တယ်၊ ထားခဲ့လိုက်ပါ။ တခုခု သွားစားလိုက်ပါဦး!"
စူးချင်းက
သူ့လက်ထဲမှ သင်းခွေချပ်ကို စိုက်ကြည့်နေရင်း ရှောင်ချီ၏ စိုးရိမ်သောက ရောက်နေသော အသံလေးကို
နားစွင့်နေခဲ့သည်။ "သခင်၊ ဆေးကို မြန်မြန်ပေးပါ။ ရှောင်ချီက မင်းအတွက်
လုပ်ပေးနိုင်ပါတယ်"
"မင်း အဆင်ပြေလို့လား?"
ကျိရွှေရှန့်က
ဆေးကို သူမလက်သို့ လွှဲပြောင်းပေးရန် စိတ်မချနိုင်သေးပေ။ ယိမ်းနွဲ့နေသော
ခန္ဓာကိုယ်က ဆေးအိုးကို ခွဲပစ်လိုက်နိုင်သည်။
ဒါက
သူ့ရဲ့မွေးစားဖခင် နောက်ဆုံးအနေနဲ့ ထားရစ်ခဲ့တဲ့ အမှတ်တရတစ်ခုပါ။
“အင်း ရတယ်”
“သင်းခွေချပ်ကို စီမံဖို့ လိုတယ်။ မင်း လုပ်နိုင်ပါ့မလား?"
"ငါ လုပ်နိုင်တယ်"
အဓိပ္ပါယ်မရှိတဲ့
တိုတိုနဲ့ ရိုးရှင်းလွန်းတဲ့ အဖြေတစ်ခုပါပဲ။
ကျိရွှေရှန့်က
သူမကို နောက်တကြိမ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ဒီအမျိုးသမီးက
လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ခံစားရစေတယ်။ သူမက အတိအကျဘယ်သူလဲ?
လီတာ့နျိုက
မြစ်ကမ်းနံဘေးတွင် အလုပ်များနေပြီး ချွေးသီးချွေးပေါက် ထွက်နေသော်လည်း
ငါးမျှားပိုက်ကို ပြီးအောင်မရက်နိုင်သေးပေ။ ကျိရွှေရှန့် ပြန်ရောက်လာသည်ကို မြင်သောအခါ
သူက သူ့၏ကယ်တင်ရှင်ကို တွေ့လိုက်သလို အော်ခေါ်တော့သည်။
"အစ်ကိုရွှေရှန့်၊ လာပြီး ကူညီပေးပါဦး!"
“သင်းခွေချပ်ကို မင်းအတွက် ငါ စီမံပေးမယ်။ ဆေးကို ကိုယ်တိုင်ကျိုလို့ရတယ်။
ပြီးရင် သောက်လိုက်ပါ။ အဲ့ဒါက နာကျင်မှုကို သက်သာစေလိမ့်မယ်”
လီတာ့နျိုက
ဘာမှမတတ်နိုင်တော့သည်ကို မြင်လိုက်ရသဖြင့် ကျိရွှေရှန့်လည်း အလွန်အားကိုးရာမဲ့
ဖြစ်နေခဲ့သည်။ သူ နောက်သို့ ပြန်လှည့်လိုက်ပြီး စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။
အဆုံးတွင် သူက စိတ်ပူဆဲဖြစ်ပြီး ဆေးကို သူမထံသို့ မပေးအပ်မီ သင်းခွေချပ်ကို
စီမံဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
စူးချင်းက
သူမအတွက် ဆေးဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် ကျိရွှေရှန့်က သင်းခွေချပ်ကို
ကိုင်တွယ်နေသည်ကို သူမ တိတ်တဆိတ်ကြည့်နေပြီး သူမ၏အမူအရာက လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။
ဒီလူက
သူ့အလုပ်ကို သူ အာရုံစိုက်နေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ရန်လိုမှုတွေက
လျော့ကျသွားတယ်လို့ သူမ ခံစားတယ်။
စူးချင်းက ကျိရွှေရှန့်၏ ဘယ်ဘက်ခြမ်းတွင် ရပ်နေကာ သူ့ကို အမှတ်မထင် စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ခု မှားနေသည်ကို သူမ သတိပြုမိလိုက်သည်။
✍️✍️✍️