အခန်း ၃၉၊ နန်းတော်ဧည့်ခံပွဲ (အပိုင်း ၃)
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ!"
"ဧကရီမယ်မယ် ကျမ်းမာ ချမ်းသာပါစေ!"
ဧကရာဇ်နှင့်
သူ့၏မိဖုရားများ ခန်းမထဲသို့ ဝင်လာစဉ် အော်ဟစ်နှုတ်ဆက်သံများ ထွက်ပေါ်လာခဲ့သည်။
ကျွော့ချင်းက သူမ၏ ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး ယန်းဟုန်ထျန်းက
တောက်ပသော အဝါရောင် ပိုးသား၀တ်စုံ၊ အဖြူရောင် ကျောက်စိမ်း ခါးပတ်နှင့်
ခေါင်းပေါ်တွင် ရွှေရောင်နှင့်အနက်ရောင်ပါသော ကျောက်စိမ်းသရဖူအား ၀တ်ဆင်ထားသည်ကို သူမ
တွေ့လိုက်ရသည်။ အေးစက်သောမျက်လုံးများက လူအများကို ခြိမ်းခြောက်နိုင်သော်လည်း
စွဲမက်ဖွယ်ကောင်းနေသေးသည်။ သူက ဤအဝတ်အစားများနှင့် လိုက်ဖက်လွန်းနေသော်လည်း လူအများ
သူ့ကို တိုက်ရိုက်မကြည့်ရဲစေလောက်သည့် အရှိန်အဝါတစ်ခု ရှိနေပြန်သည်။ အမှန်တကယ်တွင်လည်း
ကျွော့ချင်းမှ လွဲပြီး သူ့ကို မော့ကြည့်ဝံ့သူ မည်သူမျှ မရှိပေ။ ဧကရီက
အသက်နှစ်ဆယ်ကျော်အရွယ်တွင်သာ ရှိသေးပြီး သူမ ဝတ်ဆင်ထားသည့်
ရွှေဆံထိုးနှင့် ကျောက်စိမ်းဆွဲသီးက သူမကို ပိုပြီး ငယ်ရွယ်နုပျိုစေပုံရသည်။ သူမက အနီရင့်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကြမ်းပြင်အထိ
တွဲလောင်းကျနေသော စကတ်ရှည်တွင် ပျိုနီပန်းများ ပန်းထိုးထားသောကြောင့် ဂုဏ်ကျက်သရေများနှင့်
ပြည့်နှက်နေသော်လည်း သူမကဲ့သို့ မြင့်မြတ်သောသူပင် ဧကရာဇ်၏နောက်မှသာ လိုက်ပါနိုင်ပြီး သူနှင့်
ဘယ်တော့မှ ဘေးချင်းမယှဥ်နိုင်ပေ။
ကျွော့ချင်းက
တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့
ရှေးခေတ်က ဘုရင်တွေ ဘာလို့ သူတို့ကိုယ်သူတို့ ကောင်းကင်သားတော်လို့ သတ်မှတ်သလဲဆိုတာ သူမ သိလာပြီ။
အဆုံးမှာတော့ သူရဲဘောကြောင်တဲ့ လူတွေက ဧကရာဇ်ဖြစ်မလာနိုင်ဘူးဆိုတာကို သူမ
နားလည်လာခဲ့ရတယ်။
ယန်းရူရွှယ်က
သူမ၏လက်များကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်နှာက အပူလောင်လုနီးပါးဖြစ်နေပြီး
သူမ၏နှလုံးခုန်သံက မိုးခြိမ်းသံကဲ့သို့ဖြစ်နေကာ သူမ၏နားထဲသို့ မည်သည့်အသံမျှ
မဝင်ရောက်နိုင်တော့ပေ။ သူမ၏ရင်ခုန်နေသော နှလုံးခုန်သံများကိုသာ သူမ ကြားနေရတော့သည်။
အခုန သူက တကယ်ပဲ
သူမလက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ အဲ့တာက ခဏတာလေးပြ ဆိုပေမယ့် သူမရဲ့လက်ကောက်ဝတ်က သူရဲ့အေးမြတဲ့
လက်ချောင်းထိပ်တွေက နူးညံ့တဲ့အင်အားကို ခံစားနေရတုန်းပဲ။
ယန်းရူရွှယ်က
သူမ၏လက်ကောက်ဝတ်ကို အနည်းငယ်မြှောက်လိုက်ပြီး သူ့၏ချောမောခန့်ညားသောမျက်နှာကို
ကြည့်လိုက်ပြန်သည်။ ယန်းရူရွှယ်က သူမ မည်မျှပင် စိတ်ဆင်းရဲစေကာမူ၊ မည်မျှပင် အသည်းကွဲနေစေကာမူ
သူမ သူ့ကို မလွှတ်ချနိုင်သည်ကို သိနေတာကြာပြီ ဖြစ်ကာ သူမ၏နှလုံးသားနှင့်
မျက်လုံးများက သူမှလွဲပြီး မည်သည့်ယောက်ျားကိုမျှ လက်မခံနိုင်တော့ကြောင်းလည်း သူမ
သိနေခဲ့သည်။
စုလင်းက သူ့မျက်လုံးများ၏စူးရှမူကြောင့်
ထိုနန်းတော်အစေခံက ချောင်ယွမ်မင်းသမီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း
သိမြင်နိုင်သည်။ စုလင်း၏မျက်လုံးများတွင် ရွံရှာနေသလိုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီးတွေက
အမှန်တကယ် ဒုက္ခပေးလွန်းတယ်။ အဲ့အမျိုးသမီးတွေက အခြေအနေတစ်ခုကို
ရှင်းရှင်းလင်းလင်း သဘောမပေါက်သလို ဘယ်တော့မှ နားလည်သဘောပေါက်လာမှာလည်း မဟုတ်ဘူး။
သူတို့ အတွေးကိုယ်စီနှင့်
သူတို့ဘာသာ ရုပ်ထွေးနေကြချိန်တွင် ယန်းဟုန်ထျန်းက အပေါ်ထပ်စင်မြင့်ပေါ်သို့ တက်သွားပြီး
နဂါးပုလ္လင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။ ဧကရီကတော့ သူ့၏ညာဖက်တွင် ထိုင်နေခဲ့သည်။ ယန်းဟုန်ထျန်းက
သူ့လက်ကို မြှောက်ပြီး “အရာရှိအားလုံး သက်တောင့်သက်သာနေပါ”
“ကျေးဇူးကြီးမြတ်လှပါတယ်
အရှင်မင်းကြီး”
မရေမတွက်နိုင်သော
တုံ့ပြန်မှုများ တစ်ဖန်ထွက်ပေါ်လာပြီး မှူးမတ်များက လေ့ကျင့်ထားကြသလို
တညီတညွတ်တည်း ပြန်ထိုင်လိုက်ကြသည်။
နောက်ဆုံး
တည့်တည့်မတ်မတ် ပြန်ရပ်နိုင်သွားချိန်တွင် ကျွော့ချင်းက စိတ်အားထက်သန်စွာဖြင့် သူမဒူးကို
ပွတ်သပ်နေခဲ့သည်။
အခုန မော့ပိုင်က
သူမကို ရုတ်တရက် ဆွဲချလိုက်တာကြောင့် သူမရဲ့ဒူးတွေ ပွန်းပဲ့သွားတယ်လေ။
သူမ ထိုအကြောင်းကို
စဉ်းစားနေတုန်းမှာပင် မော့ပိုင်၏ အေးစက်သော မျက်လုံးများက သူမလက်ပေါ်သို့
ကျရောက်လာသောကြောင့် ကျွော့ချင်းက သူမ၏နှုတ်ခမ်းကို ကော့ကာ ခေါင်းငုံပြီး မတ်တပ်ရပ်နေလိုက်သည်။
"မြောက်ပိုင်းချီမင်းဆက်ရဲ့သံတမန်တွေ ဝင်ခွင့်တောင်းပါတယ်"
သူတို့ သုံးယောက်လုံး ခမ်းနားထည်ဝါသည့်
အဝတ်အစားများကို ၀တ်ဆင်ထားကြသည်။ အရပ်ရှည်ပြီး ပိန်လှီသော အမျိုးသားက
ရှေ့တည့်တည့်တွင် ရပ်နေပြီး သန်မာသော အမျိုးသားက သူ့နောက်တွင် ရပ်နေလေသည်။ ကျွော့ချင်း၏
အာရုံကို ဖမ်းစားနိုင်သူမှာ မိန်းကလေး ဖြစ်သည်။ သူမ၏လက်ရာမြောက်လွန်းသော
အလှတရားနှင့် အသွင်အပြင်က လူအများ လျစ်လျူမရှုနိုင်အောင် ဖြစ်စေပြီး သူမ၏ထက်မြက်သောအသွင်အပြင်က
ကိန်းကြီးခန်းကြီး ချိတ်ဆွဲပြသထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေလေသည်။ သူမ၏မျက်လုံးများက
ဆေးခြယ်သထားကဲ့သို့ ဖြစ်နေကာ
ဆောင်းဦးရေကဲ့သို့ လူများကို စူးစမ်းလေ့လာရန် ဖိတ်ခေါ်နေကြသည်။
“ကောင်းကင်ဘုံရဲ့သားတော် ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သတော်မူပါတယ်” ဟုဆိုကာ
သုံးယောက်သား ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။
ယန်းဟုန်ထျန်းက
ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"မင်းတို့ ထိုင်နိုင်ပြီ"
" ကျေးဇူးကြီးမြတ်လှပါတယ်၊ ဧကရာဇ်မင်းမြတ်"
လူသုံးယောက်က
စုလင်းဘေးမှ လွတ်နေသည့် စားပွဲရှည်သုံးလုံးတွင် ဝင်ထိုင်လိုက်ကြသည်။ ပိန်ရှည်ရှည်လူက
စုလင်း၏ဘက်သို့ လက်ခုပ်အုပ် နူတ်ဆက်လိုက်သော်လည်း စုလင်းက အေးစက်သည့်မျက်နှာနှင့်သာ
ခေါင်းညိတ်တုန့်ပြန်လိုက်သည်။ စုလင်း၏တုန့်ပြန်မှုက အနည်းငယ် ရိုင်းပျပုံရသော်လည်း
ထိုလူက ဂရုမစိုက်ဘဲ သပ်ရပ်စွာ ထိုင်နေခဲ့သည်။
"ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်"
အပြာရောင်နန်းတွင်းဝတ်စုံကို
ဝတ်ထားသော နန်းတွင်းအစေခံသုံးယောက်က အရက်အိုးများကို လက်ထဲတွင် ကိုင်ထားပြီး
စားပွဲရှည်ကြီးများဆီသို့ လျှောက်သွားကာ ဒူးတဝက်လောက် အနေအထားဖြင့် သေရည်များ ငဲ့ပေးနေကြသည်။
သေချာတာကတော့
ရှေးခေတ်ပဲဖြစ်ဖြစ် ယခုခေတ်ပဲဖြစ်ဖြစ် ပွဲလမ်းသဘင်ပွဲတွေက အမြဲတမ်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။
ကွာခြားချက်က အရင်က အနည်းဆုံးတော့ သူမ ထိုင်ချင်သလို ထိုင်နိုင်ပြီး စားချင်သလို စားနိုင်တယ်။
ထွက်သွားချင်ရင်လည်း ထွက်သွားနိုင်သေးတယ်။
အခုတော့ မတ်တပ်ပဲရပ်နေရတယ်။
ကျွော့ချင်းက
ပျင်းရိငြီးငွေ့နေပြီး ထိုနန်းတွင်းအစေခံများကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအချိန်တွင်
သူမ အသက်ကို ပြင်းပြင်းရှူလိုက်မိစေသည့် မြင်ကွင်းကို သူမ တွေ့လိုက်ရသည်။
မင်းသမီးအတွက် သေရည် ထည့်ပေးနေသည့် အမျိုးသမီး၏ ညာဖက်ပါးပြင်တွင် ထင်ရှားသော
အမာရွတ် နှစ်ခုရှိနေခြင်းပင်။
ချင်းလင်များ
ဖြစ်နေမလား?!
ထိုနန်းတွင်းအစေခံကို
ကျွော့ချင်း
သတိပြုမိရုံမျှမက လို့ရှီးယန်လည်း သတိပြုမိသွားသည်မှာ ပုံမှန်သာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင်
သူ့၏မျက်လုံးများထဲမှ အံ့သြမှုများ တစ်ဖျပ်ဖျပ်ပေါ်လာဲ့သည်။
ဒီအမျိုးသမီးက
ချင်းလင် ဖြစ်နိုင်တယ်။ သူမနဲ့ ဖုန့်အာက ခန္ဓာကိုယ်ပုံစံရော ရုပ်ရည်ပါ အရမ်းဆင်တူနေတယ်။
ဖုန့်အာရဲ့မျက်လုံးတွေက ပြတ်သားပြီး ဂုဏ်ယူစရာကောင်းတဲ့ ထက်မြက်မှုတွေ ရှိနေပေမယ့်
သူမရဲ့မျက်လုံးတွေကတော့ အလွန်အမင်း အေးစက်မှုနဲ့ ထုံမွှမ်းထားတဲ့ ဥပေက္ခာတွေ
ပြည့်နှက်နေတယ်။
ဒါပေမယ့် ဘာလို့
သူမကို ဒီပွဲမှာ မြောက်ဘက်ချီရဲ့မင်းသမီးကို ခစားခိုင်းတာလဲ? ဧကရာဇ်က သူမကို
အရှက်ခွဲချင်တာကြောင့်လား?
လို့ရှီးယန်က
သဲလွန်စရှာရန် ယန်းဟုန်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ ယန်းဟုန်ထျန်း၏မျက်လုံးများတွင်လည်း
သူ့ကဲ့သို့ အံ့အားသင့်နေသော အရိပ်အမြွက်များ ရှိနေသည်ကို လို့ရှီးယန် တွေ့လိုက်ရသည်။ သူ စီစဉ်ပုံမပေါ်သောကြောင့်
ထိုသို့စီစဉ်ပေးမည့်သူတစ်ဦးတည်းမှာ ဧကရီသာ ဖြစ်နိုင်တော့သည်။
မောင်းမဆောင်၏အရေးကိစ္စများက
သူ စိုးရိမ်သင့်သည့်အရာ မဟုတ်သလို သူ့နောက်မှ ချင်းဖုန့်ကလည်း ကြီးကြီးမားမား
လှုပ်ရှားမှု မရှိသောကြောင့် လို့ရှီးယန်က သူ့မျက်လုံးများထဲမှ အံသြရိပ်များကို ညင်ညင်သာသာ
ဖုံးကွယ်လိုက်ပြီး ပြောင်းလဲမှုများကို စောင့်ကြည့်နေသည်။
ကျွော့ချင်း၏မျက်လုံးများက
ပြင်းထန်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သို့မဟုတ် စိတ်ချင်းဆက်သွယ်မှုဟုလည်း
ပြောနိုင်ပုံရကာ ထိုနန်းတွင်းအစေခံက ရုတ်တရက် ခေါင်းမော့ကာ ကျွော့ချင်း၏မျက်လုံးများကို
ကြည့်လာခဲ့သည်။
ကျွော့ချင်း၏မျက်နှာကို
ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ထိုမိန်းကလေး၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်လာပြီး
သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော အရက်အိုးကို လွတ်ချလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏အမူအရာကို
မြင်လိုက်ချိန်တွင် ကျွော့ချင်း၏စိတ်နှလုံးက ကျဆင်းသွားခဲ့ရသည်။
သူမက ချင်းလင်ဖြစ်နိုင်ပေမယ့်
ကုယွင်တော့ မဟုတ်ဘူး။ အကယ်၍ သူမသာ ကုယွင် ဖြစ်နေခဲ့ရင် သူမကို မှတ်မိနေတဲ့ အခြေအနေမျိုး
ရှိလာမှာ မဟုတ်သလို သူမရဲ့အတွေးတွေကို
လူအများကို မြင်ခွင့်ပေးရလောက်တဲ့အထိ စိတ်လှုပ်ရှားနေမှာလည်း မဟုတ်ဘူး။
(T/n: ကုယွင်ဆိုရင် ကျွော့ချင်းရဲ့လက်ရှိသွင်ပြင်ကို မှတ်မိမှာ မဟုတ်ပါဘူးလို့ ပြောချင်တာပါ)
ကျွော့ချင်းက
စိတ်ပျက်လက်ပျက်ဖြင့် အဝေးသို့ အကြည့်လွှဲလိုက်ပြီး ထိုမိန်းကလေးကလည်း ဣန္ဒြေပြန်ဆယ်နိုင်သွားပြီး
သူမ၏ခေါင်းကို ငုံ့ထားလိုက်ကြောင်း သူမ၏မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။ သို့သော်လည်း
အနည်းငယ် လှုပ်ယမ်းနေသော သူမ၏ ပုခုံးများက သူမ မည်မျှ စိတ်လှုပ်ရှားနေသည်ကို
ပြောပြနိုင်သေးသည်။
ယန်းဟုန်ထျန်းက
နားလည်မှုရှိသော အကြည့်ဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်ပြနေခဲ့ပြီး "မြောက်ပိုင်းချီက
ချုံယွဲ့ရဲ့အိမ်နီးချင်းတိုင်းပြည်ဖြစ်ခဲ့တာ အချိန်တွေ ကြာနေပြီ၊ တိုင်းပြည်နှစ်ခုကြားမှာလည်း
သံတမန်ဖလှယ်မှုတွေ ရှိခဲ့ကြတယ်၊ အပြန်အလှန် ဖလှယ်မှုတွေ ပိုများလာတာက တကယ်ကို
ကောင်းပါတယ်။ တတိယမင်းသား ရောက်လာပြီဆိုမှတော့ ချုံယွဲအနှံ ခရီးသွားပြီး ချုံယွဲ့ရဲ့
လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်တယ်"
ယန်းဟုန်ထျန်းက
ရှရွှင်းစစ်၏စကားကို လုံးဝ တိုက်ရိုက်မဖြေပေ။ ရှရွှင်းစစ်က ယန်းဟုန်ထျန်းအနေဖြင့် မဟာမိတ်ဖွဲ့ရန်
စိတ်အားထက်သန်မှုမရှိကြောင်း သူ့စိတ်ထဲမှ သိထားပြီးသား ဖြစ်သည်။ သို့သော်လည်း ရှရွှင်းစစ်က
ပြုံးနေခဲ့ပြီး "အရှင့်ရဲ့ကြင်နာမှုအတွက် ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။
ချုံယွဲ့ရဲ့ ကျယ်ပြောလှတဲ့ နယ်မြေနဲ့ ရိုးရာသီချင်းတွေက သဘာဝအတိုင်း လှပပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့
မြောက်ပိုင်းချီက ချုံယွဲ့ကြီးပွားချမ်းသာပါစေလို့ ဆုတောင်းပြီး နှစ်နိုင်ငံ
ထာဝရမိတ်ဆွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"အိုး?" ပျားရည်ထောင်ချောက်ကို သုံးနေတာ အရမ်းမြန်နေတာလား?
ယန်းဟုန်ထျန်းက သူ့မျက်လုံးကို အနည်းငယ်ပင့်တင်လိုက်ပြီး
ရယ်မောလိုက်ကာ "သတ္တမမင်းသမီးရဲ့အကစွမ်းရည်က အရမ်းကောင်းတယ်လို့ ငါကိုယ်တော် အမြဲကြားနေရတယ်။
ဒီနေ့ သူ(မ)ကို ဂုဏ်ပြုချင်တယ်"
"ယွင်ယွင်က အရည်အချင်း အများကြီးမရှိလို့ အရှင့်ကို စိတ်ပျက်အောင်လုပ်မိရင်
ခွင့်လွှတ်ပေးပါ"
မိန်းကလေးက ကြော့မော့စွာ မတ်တပ်ထရပ်လိုက်ပြီး
အလယ်ရှိ ရွှေရောင်ကော်ဇောဆီသို့ လျှောက်သွားကာ ယန်းဟုန်ထျန်းကို ကြည့်ရင်း ချစ်စဖွယ်
စကားစလိုက်သည်။ သူမ ကခုန်တော့မည်မှာ အမှန်ပင်ဖြစ်ပြီး သူမက သူမ၏ခါးစည်းကြိုးကို ဖြည်းညှင်းစွာ ဆွဲဖြုတ်လိုက်သည်။
ကျွော့ချင်းကတော့
အလွန်အမင်း အံ့ဩနေခဲ့သည်။
မင်းက လူတိုင်းရှေ့မှာ
မင်းရဲ့အဝတ်အစားတွေကို ချွတ်တယ်ပေါ့လေ။
သူမ ကမယ့်အကက Sexy အကတော့ မဟုတ်ဘူးမလား????!!!!!