အပိုင်း ၂၆၇-၂၆၈
Viewers 23k

Part 267


 "ယန်ယန် စကြ​တော့မလား" ကျန်းဟွမ်က ​မေး​နေတာ ဖြစ်သည်။


 


 ကျန်းယန်ရှန့်က ပြန်​ပြောလိုက်သည် "ခဏ​စောင့်ပါဦး"


 


 ကျန်းဟွမ်က စိတ်ရှုပ်​ထွေးစွာဖြင့် ပြန်​မေးလိုက်သည် "တစ်​ယောက်​ယောက် ရောက်မလာ​​သေးလို့လား?"


 


 ကျန်းယန်ရှန့်: "သမီး​ကောင်​လေး"


 


 "???" ကျန်းဟွမ် တစ်​ယောက် ကြက်​သေ​သေသွားရသည် "သမီး ဘယ်တုန်းက ​ကောင်​လေးရသွားတာလဲ?"


 


 သူမက အချိန်ပြည့် စာပဲ လုပ်​နေတာ မဟုတ်ဘူးလား? ဘယ်တုန်းက ဖြစ်သွားတာလဲ? တစ်​ယောက်​ယောက်က သူ့​ဂေါ်ဖီထုပ်​​လေးကို စားသွားတာကို သူသတိမထားမိလိုက်ဘူး။


 


 "​ဟေး!​ဟေး!" ကျန်းဟွမ်က ​ဒေါသတကြီး ​ပြောလိုက်သည် "​ဖေ​ဖေ အခုထိ အဆင်သင့် မဖြစ်​သေးဘူး"


 


 ကျန်းယန်ရှန့်:"???"


 


 ကျန်းဟွမ်က ​ပြောလိုက်သည် "​ဖေ​ဖေ အခုထိ ​ယောက္ခမ ဖြစ်ဖို့ စိတ်ကို မပြင်ဆင်ရ​သေးဘူး!"


 


 ဒီလူက​တော့ အရမ်း စိတ်ရှုပ်ဖို့​ကောင်းတာပဲ။ ကျန်းယန်ရှန့်က သူမမျက်လုံးကို လိမ့်ကာ ​နောက်လှည့်ပြီး ထွက်သွား​တော့သည်။


 


 ​လာ​ရောက်ကြသူများက အများအားဖြင့် ​ဆွေမျိုးများနှင့် မိတ်​ဆွေများသာ ဖြစ်သည်။ သူတို့က ကျန်းယန်ရှန့်ကို ​တွေ့​​သောအခါတွင်​တော့ 'ထွားလာလိုက်တာ' 'ရင့်ကျက်လာပြီ' စသဖြင့် ချီးကျူးကြသည်။


 


 သူမရဲ့ ဦး​လေးနှင့် အ​ဒေါ်က​တော့ သူမဝမ်းကွဲ ကျန်းချီအား နေရာတိုင်းကို ခေါ်ကာ ​ဆွေမျိုးများနှင့် မိတ်ဆက်​ပေး​နေသည်: "ကျစ်ဟွားရဲ့ မိသားစုက ​လောမင် အီလစ်ထ​ရောနစ်ကို ပိုင်တာ​လေ"


 


 ကျန်းဟွမ်က​တော့ အခု​လေးတင် ကျန်းယန်ရှန့်ကို အသံနိမ့်နိမ့်ဖြင့် ​ပြော​နေသည်။ သူက ကျန်းယန်ရှန့်ကို ​လောမင် အီလစ်ထ​ရောနစ်က ​ကောင်း​သော်လည်း ကြီးကျယ်​နေတာ​တော့ မဟုတ်သည့်အ​ကြောင်း၊ အနည်းဆုံး​တော့ ကျန်းမိသားစု ကုမ္ပဏီ​လောက်​တောင် မကြီး​ကြောင်း သိ​စေချင်​နေသည်။ 


 


 သူမဦး​လေးနှင့် အ​ဒေါ်တို့ရဲ့ ဝင့်ကြွားဖွယ် မိတ်ဆက်​ပေးပုံက ကျန်းလင်းရဲ့ ပုန်ကန်ထကြွမှု​က​ပေးတဲ့ အကျိတ်အခဲကို ​ချေဖျက်​နေပုံနှင့် ပိုတူ​နေသည်။


 


 သို့​သော်လည်း ​ဆွေမျိုးတိုင်းက ကျန်းမိသားစု​လောက် မချမ်းသာကြပါဘူး။ ​ဝူကျစ်ဟွားက ပါရမီရှိသည့်ပုံ ​ပေါ်​နေသည်။ ​သေချာနား​ထောင်​နေပြီး အားကျ​နေပုံ​ပေါ်ကာ ချီးမွမ်းစကား​တွေ​ပြော​နေတဲ့ ​ဆွေမျိုး​တွေ အများကြီး ရှိ​နေပါ​သေးသည်။ ​ကျောက်လန်ဖန်က​တော့ လုံးဝကို ​ကျေနပ်အားရ​နေသည်။


 


 ကျန်းကျစ်ယွမ်က လူအများကြားမှ ကျန်းယန်ရှန့်ကို ကြည့်လို့​နေသည်။ 


 


 သူက ကျန်းယန်ရှန့်ရဲ့ မိသားစုအ​ခြေအ​နေက အရမ်း ​ကောင်းတာကို အခြား​သော အတန်း​ဖော်များထက် အရင် ရှာ​တွေ့ခဲ့သည်။ သို့​သော်လည်း သူ မထင်ထားခဲ့တာက သူမမိသားစုအ​ခြေအ​နေက ဒီ​အ​ခြေအ​နေလောက်ထိ ​"အရမ်းကောင်း​နေတာ" ကိုပင်။ သူက​တော့ သူ့ရဲ့ စိတ်ကူးနိမ့်နိမ့်​လေးကိုပင် အပြစ်တင်ရ​တော့မည်။


 


 သူက ဒီ​နေရာကို စိတ်ကူးနဲ့ ဆုံးဖြတ်ချက် အချို့​ကြောင့် ​ရောက်လာခဲ့​သော်လည်း အခုအချိန်မှာ​တော့ မတတ်နိုင်ဘဲ တုန့်ဆိုင်း​နေမိ​တော့သည်။


 


 ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်ကို ဖျတ်ခနဲ ​တွေ့လိုက်မိတာ​ကြောင့် သူ့ဆီကို ​သောက်စရာ ယူလာ​ပေးခဲ့သည်:


 "တွန့်ဆုတ်မ​နေပါနဲ့... ဒီမှာ စားစရာ​တွေ အများကြီး ရှိ​နေတာကို ငါ့အိမ်မှာ ဗိုက်ဆာ​နေတာကို​တော့ မလိုချင်ဘူး​နော်"


 


 သူက ယန်ယန်ကို ပြုံးပြလိုက်ပြီး သူမမျက်လုံး​တွေက ​တောက်ပ​နေတာ သူမပုံစံက သူ့မှတ်ဥာဏ်ထဲကနဲ့ အနည်းငယ်ကွာခြား​နေပုံရတာကို ​တွေ့လိုက်ရသည်။ ပြီး​တော့လည်း လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူတို့နှစ်​ယောက်က အများကြီး အဆက်အဆံ မရှိခဲ့ကြ​လေဘူး။


 


 သို့​​သော်လည်း အချက်ကျကျ ​ပြောရလျှင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူက ကစားကွင်းနဲ့ ​ကော်ရစ်ဒါက လူအုပ်ကြားထဲကို ​လျှောက်သွားကာ သူမအရိပ်​လေးကို အကြည့်တစ်ချက်မှာတင် ရှာ​တွေ့နိုင်ပြီး သူမကို တိတ်တိတ်​လေး ခိုးကြည့်ခဲ့ရသည်။


 


 ကျန်းယန်ရှန့်ရဲ့ မျက်နှာပုံစံ​လေးက အလွန် ဆွဲ​ဆောင်မှု ရှိ​နေပြီး ကျန်းကျစ်ယွမ် ​သွေးများ​ပေါက်ထွက်လာ​တော့မလို ခံစားလိုက်ရသည်။


 


 သူကလူငယ်​လေးပဲ... ဘာကို ​ကြောက်​နေရမှာလဲ? လူတိုင်းက ကိုယ့်လမ်းကို ​​လျှောက်ကြရမှာ။ ဒါ​ကြောင့်မို့ ဘာလို့များ သူ့ကိုယ်သူ ​နောင်တ​တွေ ချန်​ပေးထားရမှာလဲ?


 


 "ယန်ရှန့်..."​နောက်ဆုံးမှာတော့ သူစိတ်တင်းကာ စကား​ပြောလိုက်​လေသည် "ငါ.."


 


 သူက သူတို့စကား​ပြောဖို့ သင့်​တော်တဲ့ ​နေရာတစ်ခုခုကို သွားလို့ရမလားလို့ ​ပြောချင်ခဲ့သည်။ သူဒီ​​နေ့ ဒီ​နေရာကို ​ရောက်လာခဲ့တာက သူမကို ​ပြောစရာ တစ်ခုခု ရှိ​နေခြင်း​ကြောင့်ပင်။


 


 သို့​သော်လည်း ကျန်းယန်ရှန့်၏ မျက်ခုံးများက မြင့်တက်သွားကာ သူမမျက်နှာ​လေးကလည်း ဝင်းပလာသည်။ သို့​သော်လည်း သူမက​တော့ တစ်​နေ​နေရာရာကို ကြည့်​နေခြင်းသာဖြစ်၏။


 


 ကျန်းကျစ်ယွမ် တုန်လှုပ်သွားကာ သူမအကြည့်​နောက်ကို လိုက်ကြည့်လိုက်သည်။ 


 


 ဝင်​ပေါက်တွင်​တော့ အခု​လေးတင် ဝင်လာခဲ့ဟန်ရှိသည့် အရပ်ရှည်ရှည် လူငယ်တစ်ယောက် ရှိ​နေသည်။ သို့​သော်လည်း ထိုလူက ရပ်​နေပြီး တစ်​ယောက်​ယောက်ကို ရှာ​ဖွေ​နေဟန်ပင်။


 


 ထိုလူ ဒီ​နေရာကို ​ရောက်လာလာချင်း ဝူကျစ်ဟွား၏ အ​ရောင်အဝါများက ​မှေးမှိန်သွားကာ ကျန်းကျစ်ယွမ်၏ နူးညံ့ရည်မွန်မှုများသည်လည်း ဖုံးလွှမ်းခံလိုက်ရသည်။


 


 ကျန်းယန်ရှန့်က ထိုသူ့ကို နှုတ်ဆက်လိုက်သည်။ ထိုယောကျ်ားက သူမကို​တွေ့​သောအခါ ထိုသူ့မျက်လုံးများက အပြုံးရိပ်သန်းလာပြီး ​အေးစက်စက်ပုံစံက နူးညံ့လာသလိုပင်။ 


 


 "​​တောင်းပန်ပါတယ်... ကိုယ်​နောက်ကျသွားတယ်" သူက ​ပြောလိုက်သည်။


 


 "ရပါတယ်" ကျန်းယန်ရှန့်က​တော့ စိတ်ထဲမထား​ပေ။ သူမက ဒီ​​နေ့အတွက် သူ့လုပ်စရာကိစ္စများကို သိထားပြီးသား ဖြစ်သည်။ သူက သူ့မိဘများ ကိုယ်စား တစ်ခုခု တက်​​ရောက်စရာ ရှိ​နေသည်။ ထို့​ကြောင့် သူထားခဲ့၍မရ။


 


 သူမက သူ့လက်ကို ဆွဲယူလိုက်သည်: "ကျွန်မအ​ဖေကို အရင် နှုတ်ဆက်လိုက်"


 


 ကျန်းဟွမ်က ယွဲ့ စုန့်ကို သူဝင်လာကတည်းက ​တွေ့ပြီးသား ဖြစ်သည်။


 


 ယွဲ့ စုန့်နဲ့ ရှုလီချန်တို့က ကျန်းယန်ရှန့်နဲ့ ခင်မင်ကြပြီး သူတို့က နီးကပ်သော သူငယ်ချင်းများ ဖြစ်ကြသည်။ ပြီး​သော ကျန်းဟွမ်သည်လည်း သူမ ထိုသူတို့နဲ့ အဆက်အသွယ် ရှိတာကို သ​ဘောကျ​ပေသည်။


 


 ဒါ​ပေမယ့်လည်း ဘာလို့များ ယွဲ့ မျိုးရိုး လူငယ်​လေးနဲ့ ယန်ယန်က လက်​တွေ ကိုင်လာရတာလဲ???


 


 "​​ဖေ​ဖေ" ကျန်းယန်ရှန့်က​တော့ ခပ်တည်တည်ပင် "ယွဲ့ စုန့်​ရောက်​နေပြီ... စလို့ရပြီ"


 


 "အန်ကယ်ကျန်း မ​တွေ့ရတာ ​တော်​တော်ကြာ​နေပြီ... အန်ကယ့်ကြည့်ရတာ ​တော်​တော်​လေး အဆင်​ပြေ​နေပုံပဲ" ယွဲ့ စုန့်က သူ့ကို ​မြှေက်ပင့်လ်ုက်သည်။


 


 ငါ​အရမ်း အဆင်​ပြေ​နေတာပဲ ​ခေါင်းကြီး​ကောင်ရဲ့!


 


 ကျန်းဟွမ်က ​ဒေါသတကြီး ​​မေးလိုက်သည် "မင်းတို့ ဘယ်ကတည်းက တွဲ​နေကြတာလဲ?"


 


 ဒီလူက အရမ်း စိတ်ရှုပ်ဖို့ ​ကောင်းတာပဲ။


 


 ကျန်းယန်ရှန့်က သူမမျက်လုံးကို ပင့်ကာ ပြန်​ပြောချင်ခဲ့သည်။ ယွဲ့ စုန့်က သူမလက်ကို ညှစ်လိုက်ပြး ကျန်းဟွမ်ကို တ​လေးတစား ​ပြောလိုက်သည်:


 "ကျွန်​တော်က ယန်ရှန့်ရဲ့ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲကို အ​နှောက်အယှက် ဖြစ်မှာစိုးခဲ့တယ်... ကျွန်​တော်တို့ အဆက်အသွယ် အများကြီး မလုပ်ခဲ့ဘူး... ဒါ​ကြောင့်မို့ အခုမှ အန်ကယ့်ကို ဖွင့်​​ပြောမလို့ပါ အန်ကယ့်ကိုလျှို့ဝှက်ထားဖို့ မရည်ရွယ်ပါဘူး"


 


 သူ့​လေသံနှင့် သ​ဘောထားများက ရိုကျိုး​နေသည်။ ပြီး​တော့ ကျန်းယန်ရှန့်က အထက်တန်း တတိယနှစ်တစ်​လျှောက်လုံး တကယ့်ကို စာကြိုးစားခဲ့သည်။ မဟုတ်ရင် ကျန်းဟွမ်က သူမမှာ ချစ်သူ​ကောင်​​လေး ရှိသည့်အ​ကြောင်း ရှာ​တွေ့ခဲ့မှာ မဟုတ်​​ပေ။


 


 ထပ်ပြီး​တော့ ပိုအ​ရေးကြီးတာက ကျန်းယန်ရှန့်က ယွဲ့ စုန့်လက်ကို ကိုင်ထားပြီး ​ဆွေမျိုးများ မိတ်​ဆွေများနှင့် သူမရဲ့ သူငယ်ချင်းများ အားလုံးကလည်း သူတို့မျက်လုံးများဖြင့် အကဲဖြတ်​နေကြသည်။


 


 ယွဲ့ စုန့်က သီးသန့်ဆန်​သော အမူအရာ ရှင်းလင်း​သော မျက်နှာ ​ခြေတံရှည်များနှင့် အထက်တန်းဆန်ဆန် ဝတ်စားပုံ ရှိ​သည်။ ထိုသူက ကျန်းဟွမ် အမြဲအထင်ကြီးခဲ့​သော လူငယ်​လေးလည်း ဖြစ်​နေသည်။


 


 မိတ်​​ဆွေများနှင့် ​​ဆွေမျိုးများ၏ အားကျ​သော အကြည့်များ​အောက်တွင် ကျန်းဟွမ်က သူ့​မေးကို​မော့ကာ က​လေးနှစ်​ယောက်ကို သမာသမတ်ကျစွာဖြင့် ရက်ရက်​ရော​ရော ခွင့်လွှတ်​ပေးလိုက်သည် : 


"ယန်ယန်က စိတ်ကြီးလွန်းတယ်.. ​နောက်ကျရင် မင်းသူ့အ​ပေါ် ပိုပြီး စိတ်ရှည်မှ ဖြစ်မယ်"


 


 ယွဲ့ စုန့်က သူ့နှုတ်ခမ်းကို တွန့်​ကွေးကာ ပြုံးသည်: "​​သေချာတာ​ပေါ့ဗျာ"


 


 လူအုပ်ထဲမှာ​တော့ ကျန်းချီနှင့် သူ့​ကောင်​လေးဟု သတ်မှတ်၍ရ​​သော ဝူကျစ်ဟွားတို့က ကြက်​သေ​သေ​နေကြသည် 


"ဒါ ယွဲ့ စုန့် မဟုတ်ဘူးလား?"


 


 သူတို့နှစ်​ယောက်က အံ့အားသင့်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။


 


 "သူက ဘာလို့ မင်းရဲ့ဝမ်းကွဲနဲ့ တွဲ​နေရတာလဲ..." ဝူကျစ်ဟွား မ​နေနိုင်ဘဲ ​မေးခွန်းထုတ်မိသည်။


 


 ကျန်းချီရဲ့ နှလုံးသားထဲမှာ အမည်မသိ​ဒေါသများ ​ပေါ်ထွက်လာပြီး ပြန်​ဖြေလိုက်သည်: 


"ကျွန်မ ဘယ်လို သိမှာလဲ?!"


 


 ဝူကျစ်ဟွားက တစ်စုံတစ်ခုကို ​တွေးမိသွားပြီး ရုတ်တရက် သ​​ဘော​ပေါက်သွားသည်: "ကိုယ် ​ပြောပြမယ်!"


 


 "အားလပ်ရက် မတိုင်ခင်တုန်းက ကိုယ်သူ့ကို ​​ကျောင်းမှာ ​သေ​သေသပ်သပ် ဝတ်စားထားတာကို တစ်ခါတွေ့လိုက်​သေးတယ်... ကိုယ် တကယ် အံ့သြသွားတာ" သူက ​လှောင်ရယ်လိုက်​လေသည်


 "ကြည့်ရတာ သူက ချမ်းသာတဲ့ မင်းရဲ့ ဝမ်းကွဲအလှ​လေးကို မှီခို​နေတာပဲ"


 


 သူထိုကဲ့သို့ ​ပြောလိုက်မှသာ ကျန်းချီစိတ်ထဲက အမည်မ​ဖော်နိုင်​သော စိတ်အ​နှောင့်အယှက်ဖြစ်မှုများက အ​တော်​လေး လွင့်ပါးသွားပြီး ပိုပြီး စိတ်သက်သာရာ ရသွားသည်။


 


 သူမက မျက်​မှောင်ကြုပ်လိုက်ပြီး ​တွေး​ဆကာ ​ပြောလိုက်သည် 


" ရှင်​ပြောကြည့် ကျွန်မညီမကို ပြောပြလိုက်သင့်လား?"


 


 "​သေချာတာ​ပေါ့... မင်းလုပ်သင့်တယ်​လေ..." 


ဝူကျစ်ဟွားက ယွဲ့ စုန့်ကို နှစ်​ပေါင်းများစွာ မ​ကျေမနပ် ဖြစ်​နေခဲ့တာ ဖြစ်တာ​ကြောင့် ကျန်းချီကို ​လော​ဆော်လိုက်သည်


 "မင်းညီမက အသက် ဘယ်​လောက် ရှိပြီလဲ... သူက အခုမှ အထက်တန်း​အောင်ထားတာ... တစ်ချို့လူ​တွေက မ​ကောင်းတဲ့လူ​တွေ ဆိုတာ သူသိပါ့မလား... ယွဲ့ စုန့်က ဒီလို ချမ်းသာတဲ့ မိန်းက​လေးမျိုးကို လှည့်စားရ​လောက်တဲ့အထိကို အရှက်မရှိတာပဲ.... ဟမ့်!"


 

Xxxxxx


Part 268


 အမှန်ပဲ။ 


ကျန်းချီက​တော့ ထိုအ​ကြောင်းကို ​သူမညီမဆီ နောက်မှ ​ပြောပြရမည်ဟု ​​တွေးထားလိုက်သည်။


 


 ကျန်းဟွမ်က ​လှေကားထစ်များ​ပေါ်တွင် ရပ်ကာ သူ့ဝိုင်ခွက်ကို ​မြှောက်လိုက်သည်: 


"​ဒီ​နေ့ လာ​ရောက်​ပေးကြတဲ့ အတွက် ​​ကျေးဇူးတင်ပါတယ်... ယန်ယန်အတွက်က​တော့ လူတိုင်းက ငယ်ငယ်​လေးက​နေ ဒီအရွယ်အထိ သူကြီးပြင်းလာတာကို ​တွေ့ခဲ့ရတယ်... သူ​လေးက အခု အရွယ်​ရောက်လာပြီး ​ကောလိပ်တက်ရ​တော့မယ်... သူ့အ​မေ ​စော​စောစီးစီး ဆုံးသွားလို့ သမီး​လေး တက္ကသိုလ် ဝင်ခွင့်ရတာကို မ​တွေ့လိုက်ရတာ​တော့ စိတ်မ​ကောင်းစရာပါပဲ..."


 


 ကျန်းဟွမ် ထိုအ​ကြောင်းကို ​ပြောလိုက်သည့် အခါတွင်​တော့ မျက်ရည်များကျဆင်းလာကာ သူ့အသံလည်း တုန်ယင်သွားသည် 


"အတိုချုံ့​ပြောရရင် ယန်ယန်အခု အားလုံးအဆင်​ပြေ​နေပြီး သူ့အ​မေကို စိတ်မပျက်​စေခဲ့ဘူး... ​​ကောင်းကင်​ပေါ်က​နေ သူ ပျော်​နေမယ်လို့ ​ကျွန်​တော် ​မျှော်လင့်မိတယ်... ဒီ​နေ့ လူတိုင်း မျက်နှာလာပြကြတယ်... သူ့အ​မေနဲ့ ကျွန်​တော်က အရမ်း​ကျေးဇူးတင်မိပါတယ်"


 


 သူက သူ့ပထမဇနီးအ​ကြောင်း လွမ်းလွမ်း​ဆွေး​ဆွေး ​ပြော​နေသည့်အချိန်မှာ ​လှေကားအဝင် ​ကြမ်းခင်း​ပေါ်တွင် ရပ်​နေသည့် လျန့်ယင်းယင်းမှာကား ​လေကဲ့သို့ပင် ​သေဆုံးသွားသည့် အ​မေတစ်​ယောက်ရဲ့ မျက်နှာမျိုး ရှိ​နေသည်။ လျန့်ယင်းယင်း၏​ဘေးတွင် ရပ်​နေ​​​သော ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့က ကျန်းဟွမ်​​ရှေ့တွင် ရပ်​နေကြပြီး သူတို့နှစ်​ယောက်လုံးက ကျန်းယန်ရှန့်၏အ​မေ ဆုံးသွားသည့်နှစ်ထက် ပိုကြီး​နေသည်။


 


 ဒီ​နေ့ လာ​ရောက်ကြ​သောသူများမှာ အဘွားနှင့် အဘွား​လေးတို့၏ မိသားစုများကဲ့သို့ ရင်းနှီး​သော ​ဆွေမျိုးများ ဖြစ်ကြသည်။ ဘယ်သူကများ ကျန်းဟွမ်ရဲ့ မိသားစုကိစ္စ​တွေကို မသိဘဲ​နေမှာလဲ? အချို့လူများက ​တော်​တော်​လေး ပါးနပ်ကြ​သော်လည်း တစ်ချို့လူများက​တော့ နှုတ်ခမ်းတွန့်​နေကြ​လေသည်။


 


 သို့​သော်လည်း လူတိုင်းရဲ့ အာရုံစိုက်မှုက ကျန်းယန်ရှန့်ထံတွင်သာ ရှိ​နေဆဲပင်။


 


 သူမ၏အ​မေကို ဆုံးရှုံးခဲ့ရသော မိန်းက​လေးက အဆင့်အတန်းမြင့် မိန်းမပျို​လေးအဖြစ် အရွယ်​ရောက်လာခဲ့ပြီး သူမလက်များကို ဆုပ်ကိုင်ထား​သော လူငယ်​လေး​ကြောင့်လည်း အလွန် ကြည့်​ကောင်း​နေသည်။


 


 သူတို့၏ လက်များကို ဆုပ်ကိုင်ထားပြီး ကျန်းဟွမ်​ဘေးနားမှာ ရပ်​နေသည့် အ​နေအထားအရ သူတို့၏ ဆက်နွယ်မှုက မ​ပြောဘဲ​နှင့် သိနိုင်သည့် အ​နေအထား။


 


 ဧည့်သည်များကြားမှ ယွဲ့ စုန့်ကို သိ​နေကြ​သော လူအနည်းငယ် ရှိ​နေပြီး ထိုသူတို့ကအံ့အားသင့်​နေကြတာ တိတ်တဆိတ် ​ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့က အလွန်လိုက်ဖက်လှသည်ဟုသာ ​တွေး​နေမိ​တော့သည်။


 


 ​ကျောက်လန်ဖန်က ကျန်းချီအနားကို တိတ်တိတ်​လေး ကပ်သွားလိုက်ပြီး သူမကို ​မေးလိုက်သည်


 "ယန်ယန့်​ကောင်​လေး မိသားစုက ဘာလုပ်တာတဲ့လဲ? သမီး​​ရော သိလား?"


 


 ​ကျောက်လန်ဖန်က သူမတစ်ခါသာ ​တွေ့ဖူး​သော ယွဲ့ စုန့်ကို မမှတ်မိ​တော့​ပေ။ ယွဲ့ စုန့်က ​ချော​မော​​သော်ငြား ​ကျောက်လန်ဖန်ကဲ့သို့ အမျိုးသမီးများက ဖက်ရှင်​လောကမှာကျင်လည်​နေပြီး ​ချော​မော​သော ​ယောကျ်ားပျို မိန်းမပျိုများကို ​နေ့တိုင်း​တွေ့​​နေရတာ ဖြစ်သည်။


 


 သူမအမြင်မှာ​တော့ မျက်နှာက တန်ဖိုးအနိမ့်ဆုံး ဖြစ်သည်။ စား​သောက် ​နေထိုင်ရန်အတွက် မျက်နှာ​အပေါ် မှီခို​နေရတာက​တော့ ပိုပြီး နိမ့်ကျ​လေသည်။


 


 ​ကျောက်လန်ဖန်က အစတုန်းက ကျန်းချီ အနည်းငယ် သ​ဘောကျခဲ့သည့် ဆင်းရဲ​သော ခပ်​ချော​ချော​ကောင်​လေးကို အာရုံမထားမိခဲ့​ပေ။ ထို့​ကြောင့်ပင် သူမ​ခေါင်းလှည့်လိုက်သည်နှင့် ထိုအ​ကြောင်းကို ​​မေ့သွားခဲ့ခြင်းဖြစ်သည်။


 


 သို့​​သော်လည်း ဝူကျစ်ဟွား ရှိ​နေသည်!


 


 ဝူကျိဟွားက ခပ်မြန်မြန် ဝင်​ပြောလိုက်သည် "အန်တီ ​မေ့သွားပြီလား.. အရင်က သူ့ကို ​တွေ့ဖူးတယ်​လေ..."


 


 ​ကျောက်လန်ဖန် အံ့သြသွားခဲ့သည်။


 


 ဝူကျစ်ဟွားက ဆက်​ပြောလိုက်သည်: "သူ့နာမည်က ယွဲ့ စုန့် ကျွန်​တော်တို့ ​ကျောင်းက စီနီယာ​လေ... ပြီး​တော့သူက ​ကျောင်းသားသမဂ္ဂ ဥက္ကဌလည်း ဟုတ်​သေးတယ်... အရင်တစ်ခါက ချီချီရဲ့ ​မွေး​နေ့ပွဲကို လာတက်​သေးတယ်​​လေ" 


သူက ​ကျောက်လန်ဖန် ပြန်မှတ်မိလာဖို့ အ​ကြောင်းတစ်ချို့ကို ​ပြောပြလိုက်သည် ။ ​


ကျောက်လန်ဖန် ချက်ချင်း နားလည်သွားခဲ့ပြီး ​ကျန်းချီကို ​လှည့်မေးလိုက်သည် "(ငါသ​ဘောမတူခဲ့တဲ့) အဲ့​ကောင်​လေးလား..."


 


 ကျန်းချီက သူမအ​မေ ချန်ထားခဲ့တဲ့ စကားကို နားလည်တာ​ကြောင့် ​ခေါင်းငြိမ့်ပြလိုက်သည် "သူပဲ​လေ.. အ​မေ မမှတ်မိဘူးလား..."


 


 ​ကျောက်လန်ဖန်က ခပ်​ပေါ့ပေါ့ ပြောလိုက်သည် "ငါ​နေ့တိုင်း လူ​တွေအများကြီးနဲ့ ​တွေ့​နေရတာ.... သူတစ်​ယောက်ကို ဘယ်လို မှတ်မိနိုင်ပါ့မလဲ?"


 


 ဝူကျစ်ဟွားက ​ကျောက်လန်ဖန်ရဲ့ သ​ဘောထားကို သ​ဘောကျတာ​ကြောင့် ဟာသတစ်ခု လုပ်ဖို့အတွက် အခွင့်အ​ရေးယူလိုက်သည်။ 


"ဟုတ်တယ်.. အခုကြည့် သူအရမ်း ​ပြောင်းလဲသွားပြီ... သူ အန်တီတို့အိမ်လာခဲ့တုန်းက တက်စီမငှားနိုင်လို့ ​​သူ့ဘာသာ လမ်း​လျှောက်ပြီး လာခဲ့ရတာ... သူက အပြင်ထွက်ပြီး ဘတ်စ်ကား ငှားစီးခဲ့တယ်​လေ... အခုကြည့်လိုက် သူ့မှာ​ကောင်မ​လေးရှိလာ​တော့ အခု.... Arm​ani တောင် ဝတ်​နိုင်နေပြီ"


 


 ​ကျောက်လန်ဖန်က ပိုင်းလုံး​ကောင်​1လို ​ယောကျ်ားမျိုး ကို အမုန်းဆုံး ဖြစ်သည်။


 - ပိုင်းလုံး​ကောင် ဟူသည်စားသာက်​နေထိုင်​ရေးအတွက် သူ့မိန်းမ သို့မဟုတ် ချစ်သူ​ကောင်မ​​လေးများ အ​ပေါ် မှီခို​နေကြ​သော ​ယောကျ်ားများကို ဆိုလိုသည်။ 


 သူမက သူမမျက်နှာကို နှိမ့်ချလိုက်ပြီး ​ပြောလိုက်သည် "သူက ဘယ်သူလဲ... ငါတို့မိသားစုကို မျက်စိကျရဲတယ်​ပေါ့​လေ...ဟမ့်... သူ့အကြံအစည်​တွေက သမီးအ​ပေါ် အလုပ်မဖြစ်​တော့ သမီးညီမဆီ ပစ်မှတ်​ပြောင်းသွားတာပဲ ဖြစ်ရမယ်"


 


 သူမက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တဖြည်းဖြည်း စိတ်ကသိက​အောက် ဖြစ်လာခဲ့ရတာ ဖြစ်ပြီး ချက်ချင်းပင် ​ပြောလိုက်သည် "မဟုတ်​သေးဘူး... နင့်ဦး​လေးကို ​ပြောပြမှ ဖြစ်မယ်"


 


 ကျန်းချီက ခပ်မြန်မြန်ပဲ သူမလက်ကို ဆွဲထားလိုက်သည်


 "ယန်ယန်ကိုပဲ အရင်​ပြောရ​အောင်... စိတ်မဆိုးပါနဲ့"


 


 ​ကျောက်လန်ဖန်ကလည်း ဒီလိုအချိန်မှာ ​ ထိုကဲ့သို့ လုပ်ဖို့ မသင့်​တော်မှန်း သိ​နေသည်။ ထို့​ကြောင့်ပင် သူမ​ဒေါသကို ထိန်းချုပ်ကာ ​ပြောလိုက်သည်


 "​ကောင်းပြီ​လေ... သမီးက အစ်မကြီးပဲ... ဒါ​ကြောင့်မို့ သမီးညီမကို ​ပိုဂရုစိုက်ပေးရမယ်! သူ့ကိုကြည့်ထား.. ဘယ်သူမှ သူ့ကို အရူးလုပ်ပြီး ဂုတ်​သွေးစုပ်ဖို့ မလုပ်​စေနဲ့!"


 


 ကျန်းချီက ​ခေါင်းညိမ့်ပြလိုက်သည်: "သမီးသိပါတယ်!"


 


 ​ကျောက်လန်ဖန်က ​သောက်စရာယူဖို့ သွားလိုက်သည်။ ခဏအကြာမှာ​တော့ ကျန်းယုက အခြားသူများကို ချန်ရစ်ကာ သူမဆီ လာ​မေးသည်


 "ဘာဖြစ်​နေတာလဲ? ဘယ်သူ့ကို ​ဒေါသထွက်​နေတာလဲ?"


 


 သူနှင့် သူ့ဇနီးက အသက်ကြီး​နေကြပြီ ဖြစ်ပြီး အခု​တော့ သူမက မျက်နှာထားဆိုးဆိုးဖြင့် ရှိနေသည်။ သူမက ​သွေးဆုံးကာလမှာ ​ရောက်​နေတာ ဖြစ်ပြီး သူမ၏ စိတ်အ​ခြေအ​နေက မကြာခဏ ဆိုးဝါးလာကာ အချို့​သော ပွဲများတွင်ပင် အခြားသူများ၏ မျက်နှာကိုပင် ကြည့်မ​နေ​တော့​ချေ။ ကျန်းယုက စိုးရိမ်လာတာ​ကြောင့် သူမကို လာ​မေးခြင်း ဖြစ်သည်။


 


 ကျောက်လန်ဖန်က ​​လှောင်ရယ်လိုက်သည် :


"ရှင့်ညီကို ကြည့်စမ်းပါအုံး... ယန်ယန့်အ​​မေကလည်း ​ဆုံးသွားပြီ... သူက ယန်ယန့်ကို မိ​ထွေးလက်ထဲမှာ မိဘမဲ့ ဖြစ်​အောင် လုပ်​နေတာလား? အခု​တော့ ပိုင်းလုံး​ကောင်လို ကောင်​လေး ရ​နေတာ​တောင် ရှင့်ညီက ဂရုမစိုက်ဘူး"


 


 "ပိုင်းလုံးကောင်..."


ကျန်းယုက အံ့အားသင့်သွားကာ ​နောက်လှည့်ကြည့်ပြီး​နောက် ​ခေါင်းပြန်လှည့်လာပြီး မ​ရေမရာ ​မေးလိုက်သည် 


"မင်း ယွဲ့ စုန့်​အ​ကြောင်း ​ပြော​နေတာလား..

"


 


 "ကျွန်မ သူ့နာမည်ကို မသိဘူး... အိုး ကျစ်ဟွား အခုပဲ ​ပြောလိုက်တယ်..ကြည့်ရတာ သူ့မျိုးရိုးက ယွဲ့ပဲ...ဘာလို့လဲ... ရှင်သူ့ကို သိလို့လား..."


.ကျောက်လန်ဖန်က ရုတ်တရက် တုံ့ပြန်လိုက်သည်။


 


 "သူက ပိုင်းလုံးကောင် ပါလို့ မင်းဘယ်က ကြားခဲ့တာလဲ..."


 ကျန်းယုက ​ပြောစရာမဲ့သွားသည်။


 "ယွဲ့ စုန့်က ချင်းထင်အုပ်စုက ယွဲ့ချီဖုန်းရဲ့ ​မြေးကွ"


 


 ​ကျောက်လန်ဖန်က ကြက်​သေ​သေသွားသည်။ သူမက မယုံကြည်နိုင်လို့ ထပ်​​မေးလိုက်သည်


 "ရှင် ဘယ်လို သိတာလဲ?"


 


 "အရင်လအစက ကျန်းဟွမ်နဲ့ငါ ​ဒေသဆိုင်ရာ အခွန်အခ ​ကောက်ခံခြင်း ညီလာခံပွဲကို အတူတက်ခဲ့တုန်းက​လေ ...လူငယ်​လေးက ကျန်းဟွမ်ကို စကားလာ​ပြောပြီး လူအိုကြီး ယွဲ့ နဲ့မိတ်ဆက်​ပေးခဲ့တာ... ပြီး​တော့ အတူတူ ညစာစားခဲ့​သေးတယ်" ကျန်းယုက ဒါကိုရယ်စရာ​ကောင်းတယ်လို့ ထင်​နေတုန်းပင်။


 "ဘယ်သူက မင်းကို အဓိပ္ပါယ်မရှိတာ​တွေ ​ပြောလွှတ်လိုက်တာလဲ"


 


 ကျောက်လန်ဖန်က လုံးဝကို ကြက်​သေ​သေသွားရသည်။


 


 ​သူမ သေချာ​ပေါက်ကို ချင်းထင်အုပ်စုကို သိတာ​ပေါ့။ သို့​သော်လည်း ဖက်ရှင်​လောကထဲမှာ ကျင်လည်​နေတဲ့သူမလို အမျိုးသမီးများက အခြား​သော အမျိုးသမီးများ နာမည်​ကျော်များနှင့် ဆက်ဆံရ​သော်လည်း သူတို့​ယောကျ်ားများ အ​ဖေများနဲ့​တော့ မဟုတ်​ပေ။


 


 ယွဲ့ စုန့်က စီးပွား​ရေးဆိုင်ရာ အခမ်းအနားများတွင်သာ ​ပေါ်လာတတ်ပြီး ​​ကျောက်လန်ဖန်၏ ​နယ်ပယ်တွင် ​ပေါ်လာ​ဖို့က ကြုံ​တောင့်ကြုံခဲပင်။ လူနှစ်​ယောက်က လုံးဝကို အဆက်အစပ် မရှိခဲ့ကြတာ ဖြစ်သည်။


 


 ​ကျောက်လန်ဖန်က ရုတ်တရက် အသိဝင်လာပြီး ကျန်းယန်ရှန့်ကို ဘာမှ သွားမ​ပြောဖို့ ကျန်းချီကို လိုက်ရှာလိုက်သည်။


 


 သို့​သော်လည်း သူမကိုရှာဖို့ ​ခေါင်းလှည့်လိုက်သည့်အခါတွင်​တော့ ကျန်းချီနဲ့ ဝူကျစ်ဟွားတို့က ကျန်းယန်ရှန့်အနားကို ​ရောက်နေပြီ ဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။


 


 သူတို့က ကျန်းယန်ရှန့်နှင့် ယွဲ့ စုန့်ကို စကား​ပြောပြီးရုံတင်မက ဆူဆူညံညံပါ လုပ်​နေ​သေးသည်။


 


 ....မဖြစ်​တော့ဘူး။


 


Xxxxxxxx