Part 209
ရှုလီချန် ဖုန်းချလိုက်ပြီးနောက် စားပွဲ၌ထိုင်နေရင်း ကြမ်းပြင်ပေါ်၌ပြန့်ကျဲနေသော ပန်းချီဆီဆေးများကိုကြည့်ကာ နံရံများပေါ်မဖိတ်စင်ကုန်၍စိတ်သက်သာရာရသွားသည်။
ထိုအရာထဲ၌ လက်ဝတ်ရတနာအချို့နှင့် ငွေသားအချို့ရှိနေသည်။ သူ၏အဖေက သူလိုချင်သောအရာများကို ရှာမတွေ့ခဲ့၍ သူထိုအရာများကို လစ်လျူရှူကာ စိတ်ဆိုးဆိုးနှင့်ထွက်သွားသည်။
နေရာအနှံ့ရှုပ်ပွနေချေပြီ။
လူများပြန်သွားကြပြီးနောက် အိမ်ကြီးကပြန်တိတ်ဆိတ်သွားသည်။
အန်တီကြီးက တုံဆိုင်းတုံဆိုင်းနှင့် ရောက်လာကာ
" ချန်းချန်…ဒါတွေကိုကြည့်ပါဦး…"
ဟု ပြောလာသည်။
ရှုလီချန်ကခံစားချက်မဲ့စွာဖြင့်
"ဒါတွေရှင်းလိုက်ပါဦး…"
အန်တီကြီးက
" ကျွန်မမရှင်းရဲပါဘူး…ဒီမှာပိုက်ဆံတွေကအ
များကြီးပဲ…သခင်လေးပဲအရင်ဆုံး ပိုက်ဆံတွေနဲ့ဒီအရာတွေကို စုသိမ်းလိုက်ပါဦးလား…ဒီအရာတွေက အရမ်းအဖိုးတန်ပါတယ်…ကျွန်မတို့ဒါတွေကိုအခိုးခံလိုက်ရရင်ပဲဖြစ်ဖြစ် ပစ္စည်းအချို့ပျောက်သွားရင်ပဲဖြစ်ဖြစ် ကျွန်မတို့ဘယ်တော့မှပြန်ရှာတွေ့မှာမဟုတ်တော့ဘူး…"
ထို့နောက် ရှုလီချန် သူ့အမေ၏အတွင်းရေးမှူးအားဖုန်းခေါ်လိုက်သည်။
" အတွင်းရေးမှူးဝမ်…ကျွန်တော်မီးခံသေတ္တာ အသစ်တစ်လုံးလိုတယ်…ကောင်းပြီ အမြန်ဆုံးပို့ပေးလိုက်ပါ…အဲ့လူတွေထွက်သွားပြီ…အမေ့ကိုလည်းပြောလိုက်ပါဦး အိမ်မှာဖြစ်ပျက်သွားတာတွေနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့လို့…ကျွန်တော်လည်းဒီမှာရှိနေပါတယ်…"
ဖုန်းခေါ်ပြီးနောက် သူ မတုန်မလှုပ်ပြန်ထိုင်နေလိုက်သည်။ အန်တီကြီးများလည်း ကြမ်းပြင်ကိုအရင်ဆုံးသန့်ရှင်းရေးလုပ်ကြပြီးနောက် သူတို့အားလုံးထွက်သွားကြသည်။
အခန်းထဲ၌ရှိနေသောအလင်းရောင်ကတဖြည်းဖြည်းမှိန်လာသည်။
အန်တီကြီးတစ်ယောက်ကရုတ်တရက်မီး
ခလုတ်ကိုဖွင့်လိုက်သောအခါမှသာ အပြင်၌မှောင်မဲနေပြီဖြစ်ကြောင်းသတိထားမိသည်။
အန်တီကြီးက
"မီးခံသေတ္တာအသစ် ရောက်ပါပြီ…"
ဟု ပြောလာသည်။
ထို့နောက် မီးခံသေတ္တာအသစ်တစ်လုံးအား သယ်လာနေသောအလုပ်သမားများအားမြင်လိုက်ရသည်။ အလုပ်သမားများက မီးခံသေတ္တာအဟောင်းအားမြင်ကာ သူတို့ခေါင်းများလှည့်လာပြီး
" ဆရာ ဒါတွေက…"
ရှုလီချန် : " ဒါတွေအားလုံးကို မီးခံသေတ္တာ အသစ်ထဲထည့်ထားချင်တယ်ကူညီပေးပါ…"
အလုပ်သမားများက တညီတညွတ်တည်းငြင်းဆန်လာကြသည်။
" ဒါတွေက အရမ်းများလွန်းတယ်… သခင်လေးကိုယ်တိုင်ပဲထည့်သိမ်းလိုက်ပါ…"
ရှုလီချန် ဆက်မပြောချင်တော့ဘဲ
" အန်တီ…အန်တီတာဝန်ယူပေးပါ…"
အန်တီကြီးက သူ့အားတစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပိုက်ဆံနှင့်လက်ဝတ်ရတနာများကို မီးခံသေတ္တာအသစ်ထဲပြောင်းထည့်လိုက်တော့သည်။
အလုပ်သမားများက လျို့ဝှက်ကုဒ်အနေနှင့် ရှုလီချန်၏အသံအားထည့်သွင်းလိုက်ကာ ထွင်သွားကြသည်။
အန်တီကြီးရောက်လာကာ ရှုလီချန်အားထမင်းစားရန် လာခေါ်သည်။
" တစ်ခုခုလောက်ဖြစ်ဖြစ်စားပါဦးလား…"
ရှုလီချန်ကဖြင့် ခေါင်းသာတွင်တွင်ခါနေသည်။
သူမည်သည့်အရာကိုမှမစားချင်၊မသောက်ချင်ဖြစ်နေသည်။ မီးခံသေတ္တာအသစ်အားစိုက်ကြည့်ကာ စားပွဲ၌ထိုင်နေမိသည်မှာ အချိန်မည်မျှကြာနေပြီကိုသူမသိပေ။ ထို့နောက် အန်တီကြီးတစ်ယောက်က တံခါးခေါက်လာသည်။
"ချန်းချန်…"
"ဘာဖြစ်လို့လဲ…"
ရှုလီချန်နောက်လှည့်မကြည့်ဘဲမေးလိုက်သည်။
"သခင်လေး သူငယ်ချင်းရောက်နေပါတယ် …"
ဟု အန်တီကြီးကပြောလာသည်။
သူငယ်ချင်း…။
ရှုလီချန် ချက်ချင်းခေါင်းလှည့်လာသည်။
တံခါးဝ၌ရပ်နေသော မိန်းကလေးက ထင်ပေါ်သောမျက်ခုံး၊ပြိုင်စံရှားသောအလှအပတို့နှင့်တင့်တယ်နေသည်။ ထိုသူက ကျန်းယန်ရှန့်ပင်ဖြစ်သည်။
အန်တီကြီးက ရှုလီချန်ကိုတစ်လှည့် မိန်းမလှလေးကို တစ်လှည့်ကြည့်ကာ တိတ်ဆိတ်စွာဖြင့်လှမ်းလျှောက်ထွက်သွားသည်။
ရှုလီချန် ကျန်းယန်ရှန့်အား တဒင်္ဂမျှ ငေးကြည့်နေမိပြီးနောက် စားပွဲပေါ်မှခုန်ဆင်းကာ နှစ်ချက်ရယ်လိုက်မိသည်။
" အော် ကျန်းယန်ရှန့်ပါလား ဘာကိစ္စများရှိလို့ပါလဲ… ငါ့ကိုလာပြီးနှစ်သိမ့်ပေးတာလား…"
သူဂုဏ်ယူဝင့်ကြွားစွာ ခါးထောက်လိုက်ပြီး
" ဝန်ခံလိုက်စမ်းပါ…မင်း ငါ့ကိုကြိုက်နေတာမလား…"
" နင့်ကိုကြိုက်တယ် မဖြစ်နိုင်တာ…"
ကျန်းယန်ရှန့်လည်းခါးထောက်လိုက်ကာ
" ဒီဘဝတော့လုံးဝပဲ…"
ဟု အခိုင်အမာပြောလိုက်သည်။
ကျန်းယန်ရှန့်တစ်ယောက် လာဖို့ရည်ရွယ်ချက်တော့မရှိခဲ့ပါ။
ရှုလီချန်က သူမအရင်ဘဝတုန်းကထက်ကို ပိုပြီးတည်ငြိမ်လာသည်။ ငါဂရုစိုက်ပါ့မယ်…ဟုလည်း သူပြောလာသည်။ ထို့ေကြာင့် ကျန်းယန်ရှန့် ယုံကြည်မှုရှိရှိ ဖုန်းကိုချလိုက်ခြင်းဖြစ်သည်။
ဤဘဝ၌ မည်သည့်အရာများဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စမရှိချေ။ သူမ၌ အရင်ဘဝကထက် ရှုလီချန်အပေါ်ခိုင်မာသောယုံကြည်မှုများရှိနေချေပြီ။
ညစာစားချိန်တွင် ကျန်းဟွမ်က ညစာစားပွဲ၌ ကျန်းရှို့ချန်အကြောင်းပြောလာသည်။
" သမီးအတွက်နဲ့ အဖေ စိုးရိမ်ပူပန်ခဲ့ရတယ်ဆိုတာမရှိဘူး…"
ကျန်းယန်ရှန့် : " ဟမ်…"
"ဘာကြီးတုန်း…"
" ရှို့ရှို့ အတန်းထဲကကောင်လေးတစ်ယောက်နဲ့ ရန်ဖြစ်လို့ဆိုပြီး ကျောင်းအုပ်ကြီးကအဖေ့ကိုခေါ်တွေ့သေးတယ်…"
ဟုကျန်းဟယ်လင်းက ကျန်းယန်ရှန့်ဆီတိုင်ကြားနေခဲ့သည်။
ကျန်းရှို့ချန်က ကျန်းယန်ရှန့်၏ အုပ်ထိန်းမှုအောက်၌ ကျန်းယန်ရှန့်ပြောသမျှကိုအရင်ကထက်အများကြီးနာခံလာသည်။ သူ ကျောင်း၌ ပြဿနာထပ်ရှာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် ကျန်းရှို့ချန်၏အတန်းပိုင်ဆရာမက ပြီးခဲ့သော ကျောင်းတက်ကာလအတွင်း လျန့်ယင်းယင်းအစား ကျန်းဟွမ်အားခေါ်ခဲ့သည့်အချိန်ကတည်းကစ၍ လျန့်ယင်းယင်းအားခေါ်ခဲ့တုန်းကထက် ရလဒ်ကပိုသိသာသည်ဆိုသည်ကို သူမသိခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ခုဖြစ်ပြီဆိုသည်နှင့် ကျန်းဟွမ်အားခေါ်ဖို့ကိုမတုန့်ဆိုင်းတော့ချေ။
ကျန်းဟွမ် တစ်ကယ်ကိုပင် အကူအညီမဲ့နေလေပြီ။
" မင်း ကြီးလည်းကြီးနေပါပြီကွာ…အဲ့ဒါကိုတောင် တတိယတန်းကကောင်းလေးတွေနဲ့ရန်ဖြစ်ရဲသေးတယ်နော်…"
" နောက်မှ မင်းကို မင်းအစ်မနဲ့စာရင်းရှင်းခိုင်းတော့မယ်…"
ကျန်းဟွမ် ကျန်းရှို့ချန်အား ခြိမ်းခြောက်လိုက်သည်။
ကျန်းရှို့ချန် သူ၏အမှားကို ဝန်ခံရန်ငြင်းဆန်နေသော်လည်းပဲ ကျန်းယန်ရှန့်၏အကြည့်အောက်၌ အပြစ်ရှိသလိုခံစားနေရသည်။
ကျန်းရှို့ချန်က မိန်းကလေးများကို မလှောင်ပြောင်သရွေ့၊အနာဂါတ်ထိထိုအကျင့်ဆိုးကိုဆက်မသယ်သွားသရွေ့ ကျန်းယန်ရှန့်တစ်ယောက် သူဘာလုပ်သည်၊ဘယ်သူနှင့်ရန်ဖြစ်သည် ဆိုသည်ကို လုံးဝဂရုစိုက်မည်မဟုတ်ချေ။ ကျန်းဟယ်လင်းက သူ၏စာလေ့လာမှုကို တာဝန်ယူထားရသည်တောင်မှပင်ဖြစ်သည်။
သူပြောစကားနားမထောင်သည့်အချိန် ကျန်းယန်ရှန့်၌ သူ့အားရိုက်ဖို့တာဝန်ရှိ၏။
သို့သော်လည်း နျူးကလီးယားလက်နက်များကို လွယ်လွယ်နှင့်အသုံးမပြုကြသော်လည်း သူတို့၏အဟန့်က အရမ်းပင်ကြီးမားလှသည်။ကျန်းဟွမ်၏ခြိမ်းခြောက်ဟန်ပါသောစကားလုံးများက ကျန်းရှို့ချန်၏စိတ်ပိုင်းဆိုင်ရာအဟန့်အတားအဖြစ်အကျိုးသက်ရောက်ကောင်းသက်ရောက်ပေလိမ့်မည်။
ညစာစားပြီးနောက် ကျန်းယန်ရှန့် သူမအခန်းကိုပြန်လာခဲ့ပြီးနောက် ကျန်းရှို့ချန်က သူမ၏တံခါးအားခေါက်လာသည်။
"ဘာဖြစ်လို့လဲ…"
ကျန်းယန်ရှန့် တံခါးပိတ်ထားလျက်သားမေးလိုက်သည်။
ကျန်းရှို့ချန် ရှက်ရွံ့နေပြီး အသံတိုးတိုးလေးနှင့်ပြောလာသည်။
"..."
ကျန်းယန်ရှန့်စိတ်မရှည်ဖြစ်လာသည်။
"ကျယ်ကျယ်ပြော…နင်ဘာပြောချင်တာလဲ…"
ကျန်းရှို့ချန် အသံကျယ်လာပြီး
" သူက ကိုကိုးကို မြေကြီးပေါ်တွန်းပစ်တာ…ပြီးတော့ သားသူ့ကိုမထိုးရသေးခင် သူကသူမရဲ့ကျစ်ဆံမြီးကိုအရင်ဆွဲတာ…"ဟု ပြောလာသည်။
ကျန်းယန်ရှန့်သဘောပေါက်သွားသည်။ ၎င်းက ကျန်းရှို့ခန်အား ဒေါသထွက်သည့် သူငယ်ချင်းတစ်ယောက်ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။
"ကိုကိုးလား…"
ကျန်းယန်ရှန့် နာမည်နှင့်ပတ်သက်ပြီး ဇဝေဇဝါဖြစ်သွားသည်။
"နင်ကြိုက်နေတဲ့ကောင်မလေးလား…"
"ကိုကိုးမှာ ရှေ့သွားတွေမရှိဘူး…အဲ့ဒါကသိပ်ရုပ်ဆိုးတာ… အဲ့တော့ သားသူ့ကို ကြိုက်စရာအကြောင်းမရှိဘူး…"
ဟု ကျန်းရှို့ချန်ကပြောလာသည်။
ကျန်းယန်ရှန့် : "..."
"ဒါက မျိုးရိုးလိုက်တဲ့ တွေးခေါ်ပုံများဖြစ်နေတာလား…
နင့်ကိုနင်လည်းမှန်ထဲပြန်ကြည့်ပါဦးဟယ်… ရှေ့သွားလည်းမရှိ စကားပြောရင်လည်း လေကထွက်နေသေးတယ်…"
" နင် သူမကိုမကြိုက်ဘဲနဲ့တောင် သူမအတွက်ရန်ဖြစ်ပေးသေးတယ်ဟုတ်လား…"
ကျန်းယန်ရှန့် ထူးထူးခြားခြားမေးလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတော့ သားတို့က သူငယ်ချင်းတွေလေ…"
ကျန်းရှို့ချန်က ထုံးစံအတိုင်းပြန်ဖြေသည်။
ဒီကောင်လေးက သူကလေးဘဝကတည်းက အနိုင်ကျင့်တတ်ခဲ့တာ…ဒါပေမယ့်ခုတော့ သူ့မှာသူငယ်ချင်းရှိနေပြီတဲ့…သူ သူငယ်ချင်းဆိုတာဘာလဲတောင်သိရဲ့လား…
သူငယ်ချင်းတစ်ယောက်ဆိုတာ…။
ရှုလီချန်ဖုန်းထဲ၌ပြောခဲ့သောစကားများကို ကျန်းယန်ရှန့်သတိရသွားသည်။
" ငါ့အတွက်မစိုးရိမ်ပါနဲ့…ငါ့ဘာသာငါဖြေရှင်း
နိုင်ပါတယ်…"
ရှုလီချန်၏စကားလုံးများထဲတွင်ခွန်အားများ
ပါနေသည်။ သူမ၏အရင်ဘဝ၌ ဆေးလိပ်သောက်၊အရက်သောက်၊ရန်ဖြစ်၊ဒေါသထွက်လာလျှင်ဝိုင်ပုလင်းများအားရိုက်ခွဲတတ်သော ရှုလီချန်းမဟုတ်တော့ဘဲ ရင့်ကျက်တည်ငြိမ်သော ရှုလီချန်ဖြစ်လာခဲ့ပြီ။
ကျန်းယန်ရှန့်သူ့အားချီးကျူးချင်စိတ်ဖြစ်မိ
သည်။
သူမ ကျန်းရှို့ချန်၏ခေါင်းလေးအားပုတ်ကာ ချီးကျူးလိုက်သည်။
" ဒီကိစ္စမှာ ငါထင်တာတော့ နင်ဘာအမှားမှမလုပ်ခဲ့ဘူး…မိန်းကလေးတွေကိုကာကွယ်ပေးတယ်ဆိုတာမှန်ကန်တဲ့လုပ်ရပ်ပဲ … သူတို့ကိုစော်ကားရမှာမဟုတ်ဘူး…"
ကျန်းယန်ရှန့်က နှစ်ပေါင်း 10000 လောက်နေမှ တစ်ကြိမ်ရှားရှားပါးပါးချီးကျူးဖူးခြင်း
ဖြစ်သည်။ ထို့ကြောင့် ကျန်းရှို့ချန်တစ်ယောက်ပျော်နေလေတော့သည်။
Xxxxxx
Part 210
ကျန်းယန်ချန့် ကျန်းရှို့ချန်၏ခေါင်းပေါ်၌ သူမ၏လက်အားတင်ထားရင်း ရှူလီချန်အား သတိရမိသွားသည်
" ရှုလီချန်လည်းချီးကျူးခံချင်နေမှာပေါ့ ဟုတ်တယ်မလား…"
သူလိုအပ်သည့်အရာက အနာဂါတ်တွင် ပိုင်ဆိုင်မှုများကို အမွေဆက်ခံနိုင်မည်လားဆိုသည်ကိုဆုံးဖြတ်ရမည်ဖြစ်သည်။
သူတကယ်လိုအပ်နေသည်က မည်သည့်အရာဖြစ်မည်နည်း။
သူယခုအိမ်၌ရှိနေမည်လား။ ကျန်းယန်ရှန့်က ထိုအိမ်နှင့်အရမ်းပင်အကျွမ်းတဝင်ရှိနေပြီ။ အဘယ်ကြောင့်ဆိုသော် ရှုအဖေနှင့်ရှုအမေက ယောက်နှင့်တစ်ယောက်မျက်နှာချင်းမဆိုင်ချင်ကြချေ။ ထို့ကြောင့် အချိန်တော်တော်ကြာ သူတို့အိမ်ပြန်မလာဘဲရှိပြီး ထိုနေရာ၌ ရှုလီချန်တစ်ယောက်တည်းဖြစ်နေပြီး ပါတီများဆင်နွဲနေပေတော့သည်။
ယခု ထိုအိမ်ကြီးထဲ၌ သူတစ်ယောက်တည်းဖြစ်နေမည်ဖြစ်သည်။
ချစ်သူဖြစ်ရခြင်းထက် သူငယ်ချင်းဖြစ်ရခြင်းက ပိုကောင်းသည်။ အရင်ဘဝကကဲ့သို့ဖြစ်သည်။
သူတို့အရင်ဘဝက ချစ်သူမဖြစ်ခဲ့ကြရင် ဤဘဝ၌လည်း ပို၍ ဖြစ်နိုင်ခြေမရှိချေ။
သို့သော် သူငယ်ချင်းဆက်ဆံရေးဆိုရင်ဖြင့် သူတို့အမြဲတမ်းအတူရှိနေနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အချင်းချင်းအားနည်းချက်များသိခဲ့ကြရင်တောင်မှ တစ်ယောက်အတွက်တစ်ယောက်ကဆက်ရှိပေးနေနိုင်လိမ့်မည်။
ကျန်းယန်ရှန့်ချက်ချင်း သူမလက်အားရုတ်လိုက်ကာ အခန်းဘက်သို့လှည့်ထွက်လာလိုက်သည်။
ကျန်းရှို့ချန် : "..."
ကျန်းယန်ရှန့် ပြန်ထွက်လာသည့်အချိန်တွင် သူမကျောပေါ်၌ လွယ်အိတ်တစ်လုံးပါလာနှင့်ပြီးဖြစ်ပြီး အပြင်သို့သွားရန်ခြေလှမ်းလှမ်းလိုက်သည်။
" အစ်မ ဘယ်သွားမလို့လဲ…"
ကျန်းရှို့ချန်မေးလိုက်သည်။
" သူငယ်ချင်းဆီသွားမလို့…"
ကျန်းယန်ရှန့်ပြန်ပြောလိုက်သည်။
ထို့နောက် ကျန်းယန်ရှန့် တကယ်ရောက်လာခဲ့ပြီ။
" သေစမ်း…"
ရှုလီချန် ကျိန်ဆဲလိုက်ပြီး သူခါးထောက်ထားလျက်ပင်
" ဒါဆို ဒီကိုဘာလာလုပ်တာလဲ…"
"နင်ပဲပြောခဲ့တာလေ…ငါကနင့်ကိုနှစ်သိမ့်ပေးဖို့လာတာဆို…"
ကျန်းယန်ရှန့်က ပခုံးတွန့်လိုက်ကာ
" နင်တစ်ယောက်တည်းပုန်းပြီးငိုနေလားလို့ငါ့
လာကြည့်တာလေ…"
" ဘာဖြစ်တယ်…"
ရှုလီချန်သူ၏မျက်နှာပေါ်မှမျက်ရည်စီး
ကြောင်းအား အလင်းရောင်ကြောင့် ရှင်းလင်းစွာမြင်နေရသည်ကိုသူမသိချေ။
သူက သူများအားစိုက်ကြည့်ကာ
" နင်ဘယ်တော့မှအဲ့လိုအခြေအနေကိုမြင်ရမှာ
မဟုတ်ဘူး…ဖြစ်တော့ဖြစ်နိုင်ပါတယ် နောက်ဘဝဆိုရင်ပေါ့…"
ယခုလည်း နောက်ဘဝရောက်နေပြီမဟုတ်ပါလား။
ကျန်းယန်ရှန့် ပြုံးကာ လက်ယက်ခေါ်လိုက်ပြီး
" သွားကြစို့…ငါ နင့်ကို နေရာကောင်းတစ်ခုကိုခေါ်သွားပေးမယ်…ဘယ်မှာလဲနင့်ကား…"
ကားဆိုသည်မှာ အမှန်၌ ရှုလီချန်၏
မော်တော်ဆိုင်ကယ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
မော်တော်ဆိုင်ကယ်ကို ရှုအိမ်တော်၏ ကားဂိုထောင်၌ ပါကင်ထိုးထားသည်။ရှုလီချန်တစ်ယောက် တက်တော့မည့်ဆဲဆဲ ကျန်းယန်ရှန့်က သူ၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး နောက်သို့ဆွဲလိုက်သည်။
ရှုလီချန် : " ဟာ…"
ကျန်းယန်ရှန့်သူမ၏ သွယ်လှသောခြေတံရှည်အားမြှောက်လိုက်ကာ ဆိုင်ကယ်ပေါ်တက်ခွလိုက်သည်။
" ဟေ့ နင်မောင်ူတတ်လို့လား…"
ရှုလီချန့် သူမအား မယုံရဲပေ။
ကျန်းယန်ရှန့် : " သော့ဖွင့်လိုက်…"
ရှုလီချန်ဆိုင်ကယ်က ပိုင်ရှင်၏လက်ဗွေရာဖြင့်ဖွင့်ရခြင်းဖြစ်သည်။
သူက သူ၏လက်မအား လက်ဗွေရာနေရာသို့ ဖိလိုက်ပြီး အင်ဂျင်စနှိုးလိုက်သည်။ ရှုလီချန်ကနောက်ဘက်သွားလိုက်ပြီး မေးလာသည်။
" ငါတို့ဘယ်သွားကြမှာလဲ…"
" Jiao ရေကန်ဆီ…"
ဟု ကျန်းယန်ရှန့် သူ့အားပြောလိုက်သည်။
" အဲ့ဒါကဝေးလား…"
ရှုလီချန် အံ့ဩသွားပြီး
" ငါတို့က အဲ့ရေကန်မှာ ညရှုခင်းကြည့်ပြီးပျော်ကြမှာလား…ငါနင့်ကိုပြောဖူးပါတယ် ငါကအဲ့လို ကဗျာဆန်ဆန် စာဆန်ဆန်တွေမကြိုက်ပါဘူးလို့…နင်ငါ့ကိုနှစ်သိမ့်ပေးချင်တာဆိုရင် ဘာလို့ Sihou လမ်ကြားဆီ သောက်ဖို့စားဖို့မခေါ်သွားရတာလဲ…"
" အဓိပ္ပာယ်မရှိတာတွေသိပ်မပြောစမ်းပါနဲ့…"
ကျန်းယန်ရှန့် သူမ၏ ဆိုင်ကယ်စီးဦးထုပ်အားဆောင်းကာ အော်ပြောလိုက်သည်။
ရှုလီချန် ကျန်းယန်ရှန့်၏ အမိန့်ပေးသံများကိုအမြဲလိုလိုကြားရသည်။ သူတက်ထိုင်လိုက်ပြီး သူ၏ဆိုင်ကယ်စီးဦးထုပ်အားကောက်ဆောင်းလိုက်သည်။သူ သူမ၏နောက်၌ ထိုင်ပြီးသည့်တိုင် အလျှော့မပေးသေးဘဲ ထပ်မေးလိုက်သည်။
" နင်တကယ်မောင်းတော့မှာလား…"
မော်တော်ဆိုင်ကယ်က ဝေါခနဲ ထွက်သွားသည်။ ရှုလီချန်လည်း ကြောက်လန့်တကြား ကျန်းယန်ရှန့်၏ ခါးကို လျင်မြန်စွာဖက်ထားလိုက်သည်။
ဤအရာက တကယ်ဖြစ်ပျက်နေသည်လား။
သူ အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။
သူကပဲအမြဲတမ်းကောင်မလေးတွေကိုတင်ခေါ်ခဲ့သည်ချည်းသာဖြစ်သည်။ ကောင်မလေးတစ်ယောက်က သူ့အားတင်ခေါ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
သူစဉ်းစားနေဆဲမှာပင် ဆိုင်ကယ်က အရှိန်နှင့်ပြေးနေသည်။
ထို့ကြောင့် ကျန်းယန်ရှန့်က ဆိုင်ကယ်မောင်းသည့်နေရာတွင်တော်ကြောင်း ရှုလီချန်သိလာသည်။
သောကြာနေ့ညများတွင် ညခင်းအပြင်ဘက်ထွက်သူများပြားလှသဖြင့် လမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေသည်။
ယောက်ျားလေးတစ်ယောက်အား မိန်းကလေးတစ်ယောက်ကဦးဆောင်တင်မောင်းလာသောထိုမော်တော်ဆိုင်ကယ်နှင့်မိန်းကလေး၏သွယ်လှလှပသောခြေတံခြေများက ကားထဲ၌ရှိနေသော လူအမြားအပြား၏စိတ်အာရုံအားဆွဲဆောင်နိုင်ခဲ့သည်။
မော်တော်ဆိုင်ကယ်က မြို့ထွက်အဝိုင်းလမ်းမကြီးကိုဖြတ်မောင်းလာသည်။ မောင်းနေသောနှုန်းကိုမြှင့်လိုက်ပြီးနောက် ဘေးနှစ်ဖက်ရှိသစ်ပင်များအားလည်းရိပ်ခနဲသာမြင်ရတော့သည်။ အဆောက်အဦးများနှင့်လည်းတဖြည်းဖြည်းဝေးသွားခဲ့ပြီ။ သူတို့ရေကန်ရှိရာအနီးသို့ရောက်လာချိန်တွင် စီးပွားရေးဇုန်ဖြစ်၍ စက်ရုံများ၊ဂိုထောင်များ အများအပြားရှိနေသော်လည်း လူနေအိမ်တစ်စွန်းတစ်စပင်မရှိချေ။ သင့်အနေနှင့် ရေကန်ကို ရှူထောင့်ကောင်းကောင်းမှကြည့်လိုလျှင်ရှေ့သို့ဆက်၍သွားရဦးမည်ဖြစ်သည်။
သို့သော် ကျန်းယန်ရှန့်က စက်ရုံနှင့်တူသော နေရာတစ်ခုသို့မောင်းလာခဲ့သည်။ တစ်ခြံလုံးပြည့်လုနီးပါးပါကင်ထိုးထားသောကားများရှိနေသည်။
ရှုလီချန် ဆိုင်ကယ်ပေါ်မှဆင်း၍ သူ၏ဦးထုပ်အားချွတ်ကာ ကြည့်နေသည်။
" ဒါဘာနေရာကြီးလဲ…စုတ်ပြတ်သတ်နေတာပဲ…"
နံရံပေါ်မှအင်္ဂဒေများလည်းကွာကျနေပြီ။ ဤအရာက စက်ရုံ သို့မဟုတ် ဂိုထောင် အဟောင်းအပျက်ကြီးတစ်ခုနှင့်တူနေသည်။
သို့သော် ဂိတ်ပေါက်၌ ဆေးလိပ်သောက်နေကြသောယောက်ျားသားအများမပြားရှိနေကြသည်။
ကျန်းယန်ရှန့်က ရှုလီချန်အားဆွဲခေါ်သွားချိန် သူတို့ကတားလိုက်သည်။ ကျန်းယန်ရှန့်လည်းတိုက်ရိုက်ပင်မေးလိုက်တော့သည်။
"အစ်ကိုပန့် ရှိလား…"
သူတို့အားတားလိုက်သောလူများက သူမအားသတိထားကာကြည့်လိုက်ပြီး သူတို့ထဲမှတစ်ယောက်က ပြောလာသည်။
" ရှိတယ် ဒါနဲ့ မင်းက…"
သူမ၏အသက်အရွယ်နှင့်မျက်နှာအားကြည့်ကာ အနည်းငယ်စိတ်ရှုပ်နေကြသည်။
သို့သော် ကျန်းယန်ရှန့်က ရင်းရင်းနှီးနှီးပင် ယွမ် 2000 ပေးလိုက်သည်။
" နှစ်ယောက်စာ…"
ထိုလူများက ဧည့်သည်တော်များအားလုံးကို ချမရေးထားကြချေ။ အထူးသဖြင့် ဤနေရာနှင့်အရမ်းအကျွမ်းတဝင်ရှိသော ကျန်းယန်ရှန့်ကိုဖြစ်သည်။ သူတို့ ပိုက်ဆံများကို စုသိမ်းလိုက်ပြီးနောက် တံခါးဖွင့်ပေးခဲ့သည်။
ရှုလီချန် ကျန်းယန်ရှန့်ဝင်သည့်နောက်သို့လိုက်ဝင်လိုက်သည်။ အထဲ၌ နောက်ထပ်တံခါးတစ်ချပ်ရှိနေသေးသည်။ သူ ထိုအခန်းထဲဝင်လိုက်ချိန် အသံလုံသောလိုက်ကာထူများချိတ်ဆွဲထား
သည်ကိုမြင်လိုက်ရသည်။
ထိုလိုက်ကာများအားဘေးဘက်ဆွဲလိုက်သောအခါ အသံများက သူ့နားထဲသို့တိုးဝင်လာသည်။
နေရာကျယ်ကြီးတစ်ခုထဲ၌ လူများပြည့်နေသည်။ အလယ်နေရာလောက်တွင် လူနှစ်ဦးက အချင်းချင်းသတ်ပုတ်နေကြပြီး သူတို့ကိုယ်ပေါ်မှ ချွေးများက အလင်းရောင်အောက်တွင် ပြောင်လက်နေသည်။
ပရိတ်သတ်များက ကျယ်ကျယ်လောင်လောင် ထောပနာပြုနေကြသည်။
ရှုလီချန် ထိုလက်ဝှေ့ထိုးနေသည့်နေရာအား စိုက်ကြည့်နေကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ကျန်းယန်ရှန့်က သူဘက် ခေါင်းလှည့်လာပြီး
" နင်ဒါကိုလည်း ကဗျာဆန်သေးတယ်ထင်ရင်…Sihou လမ်းကြားဆီ သောက်ဖို့စားဖို့ ခေါ်သွားပေးမယ်…"
" အိုး သေလိုက်ပါတော့ … နင်လူတွေကိုမကျေမနပ်ဖြစ်နေရင် နင်ဘယ်တော့မှစကားကောင်းတွေပြောထွက်မှာမဟုတ်ဘူး သိရဲ့လား…"
ဟု ရှုလီချန်သူမအားအပြုံးလေးနှင့်ဆူကာစနောက်လိုက်သည်။
"ငါဘယ်ကိုမှမသွားတော့ဘူး…ဒီနေရာကလွဲလို့…"
ကျန်းယန်ရှန့်တစ်ယောက် လက်ဝှေ့ကြိုးဝိုင်းအားကြည့်ပြီး သူ့အားမေးလိုက်သည်။
" နင်အဲ့ဒီကိုမတက်ချင်ဘူးလား…"
ရှုလီချန်သွေးဆူလာလေသည်။
Xxxxxx