အပိုင်း ၁၃၅-၁၃၆
Viewers 23k

Part 135

ဆယ်ကျော်သက်ကောင်လေးရဲ့ သန့်စင်ပြီး အနည်းငယ်စိတ်ထိခိုက်ဟန်ပေါ်နေတဲ့ အကြည့်တွေထဲမှာ ကျန်းယန်ရှန့်ရဲ့ ရန်လိုမှုတွေလျော့နည်းလာသလိုခံစားလိုက်ရသည်။

ဆောင်းတွင်းဖြစ်တာကြောင့် တိုက်ခတ်လာေသာ လေကအေးလှသည်။ ရပ်နေတာကြာပြီဖြစ်တာကြောင့် ကျန်းကျစ်ယွမ်ရဲ့နှာခေါင်းလေးတွေက အအေးဒဏ်ကြောင့် နီရဲစပြုနေပြီဖြစ်သည်။ အသက်ရှုလိုက်တဲ့အခါ အဖြူရောင်အာငွေ့တွေကို မြင်နေရပြီး အဲ့တာတွေက မြူနှင်းဝေနေတဲ့မြင်ကွင်းမျိုးကို ဖန်တီးနေကြသည်။

ကျန်းယန်ရှန့်နှလုံးသားထဲမှာ နူးညံ့မှုလေးတစ်ခုရှိသည်။

ကျန်းဟယ်လင်းက သူ့ကို အဲ့လိုခံစားချက်မျိုးပေါ်အောင်လုပ်တတ်သည်။ ကြည့်ရတာ ကျန်းကျစ်ယွမ်ကလဲ အဲ့လိုဘဲထင်သည်။ ဒါပေမဲ့ ကန်းဟယ်လင်းက အရမ်းငယ်သေးတာကြောင့် ကျန်းကျစ်ယွမ်ကြောင့်ဖြစ်လာတဲ့ခံစားချက်တွေလောက် မရှင်းလင်းပေ။

ကျန်းယန်ရှန့် ပြုံးလိုက်သည်။

“ အများကြီး မစဉ်းစားပါနဲ့ ” သူမက နူးညံ့စွာပြောသည်။

 “ တကယ်တော့ ငါက နင့်ကို လာထိခိုက်မှာစိုးလို့ ”

ကျန်းကျစ်ယွမ် မျက်တောင်ခပ်လိုက်သည်။

အခုအချိန်အတွင်းမှာတော့ ခြွင်းချက်အနေဖြင့် ကျန်းယန်ရှန့်ရဲ့ မျက်ခုံးတွေက နူးညံ့နေသည်။ အဲ့တာက သူမရဲ့ ပုံမှန်လိုဖြစ်နေတဲ့ အထီးကျန်နေတဲ့ပုံစံနဲ့ အများကြီးကွာခြားသည်။ အဲ့တာကြောင့် သူမ ပြောနေတာတွေကို သူ အသက်အောင့်ပြီး သေချာ နားမထောင်ဘဲ မနေနိုင်ပေ။

ကျန်းယန်ရှန့်က မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကို ပြောလိုက်သည်။

“ ငါ အစကတည်းက နင့်အဆင့်တွေကို သတိထားမိတာကြာနေပြီ။ နင်က အဆင့်ဘဲ ပိုကောင်းလာတယ်နော်။ ဘယ်တော့မှ အောက်ကို ကျ,မသွားဘူး ”

သူမက အများအားဖြင့် အေးစက်တယ်။ ဒီ ဆောင်းရဲ့နေ့တွေမှာတော့ ပြုံးနေတယ်။သူမရဲ့အပြုံးတွေက ဖော်ပြလို့မရအောင် တောက်ပပြီး သူ့ရဲ့မျက်လုံးထဲမှာတော့ နူးညံ့နေသည်။ သူမက သူ့ရဲ့အဆင့်တွေကို စောင့်ကြည့်နေတယ်ဆိုတာဝန်ခံခဲ့ပြီး ဒါက ကျန်းကျစ်ယွမ်ရဲ့နှလုံးသားကို ခေတ္တရပ်တန့်သွားစေသည်။ နောက်ဆက်တွဲအနေနဲ့ အရှိန်ပြင်းပြင်းရင်ခုန်သံတွေက လိုက်လာကြသည်။

“ ကျန်းကျစ်ယွမ်, နောက်လပတ်စာမေးပွဲကြရင်တော့ နင်က ထိပ်ဆုံးအတန်းကို ရောက်လိမ့်လို့ ငါ ခန့်မှန်းထားတယ် ” ကျန်းယန်ရှန့်က ပြောသည်။

“ အဲ့ဒါကြောင့် နောက်တော့ ငါ့ကိုယ်ငါ နင့်ကို နောက်ယှက်နေပါလားလို့ ခံစားမိလာတယ်။ သူများကို စာရှင်းပြတာက ကိုယ့်အတွက် revision ပြန်တာနဲ့ အတူတူဘဲလို့ လူတွေက ပြောကြပေမဲ့ နင်နဲ့ငါက အဆင့်တွေကွာတယ်လေ။ ငါက နင်ြအချိန်ကို လာဖြုန်းသလိုဘဲဖြစ်နေတာ။ ငါက အခြေခံမေးခွန်းလေးတွေကိုတောင် လည်နေပေမဲ့ နင့် အချိန်တွေက ပုစ္ဆာခက်ခက်တွေကို ဖြေရှင်းနေရင် ကုန်ဆုံးနေသင့်တာ ”

“ မဟုတ်ပါဘူး..ငါက... ”

ကျန်းကျစ်ယွပ်က ပြောဖို့ပြင်လိုက်ပေမဲ့ ကျန်းယန်ရှန့်က ဖြတ်ပြောလိုက်သည်။

သူမက ကျန်းကျစ်ယွမ်ကို ငေးကြည့်လိုက်ပြီး ပြောသည်။ “ ကျန်းကျစ်ယွမ်, နင့်ကို အမြန်ဆုံး ထိပ်ဆုံးအတန်းရောက်တာဘဲ ငါမြင်ချင်တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ ရက်ပေါင်း 900 ပဲ လိုတော့တာ။ အဲ့တာကြောင့် အတန်း 2 မှာဘဲ အချိန်တွေ ဖြုန်းမနေပါနဲ့တော့ ”

ကျန်းကျစ်ယွမ် အနည်းငယ် တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယန်ရှန့်ရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ အရောင်တောက်နေလို့ဖြစ်သည်။ သူမက သူကို့ချော့ဖို့ အလကားလျှောက်ပြောနေတာမဟုတ်ပေ။ သူမက တကယ်တမ်း မြေကြီးပေါ်ပြိုလဲသွားတဲ့ မျှော်လင့်ချက်တွေအကြောင်းကို ပြောနေတာဖြစ်သည်။

ကျန်းယန်ရှန့်က သူ့အကြောင်း စိတ်ဝင်စားတယ်။ သူ့ကို ဂရုစိုက်တယ်။ ဒါက သူ့အတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေပင်။

ကျန်းကျစ်ယွမ်က ပြုံးလိုက်ပြီး သူ့ရဲ့သွားဖြူဖြူတွေကို ပေါ်လာစေသည်။

“ အတန်း 2 က ကောင်းတယ်လို့တော့ ငါ ထင်ပေမဲ့ နင့်ကို အားပေးနေပါ့မယ်...ပြီးတော့  နင့်ရဲ့ပန်းတိုင်ဖြစ်တဲ့ Q တက္ကသိုလ်ကို၀င်နိုင်ဖို့ အရေးကြီးတယ်

ကျန်းကျစ်ယွမ် အနည်းငယ် အံ့ဩသွားရသည်။

“ မင်း ဘယ်လိုသိတာလဲ ”

ကျန်းယန်ရှန့်က နှုတ်ခမ်းကိုစေ့ပြီး ပြုံးသည်။

“ နင်က သင်္ချာ, ရူပဗေဒ နဲ့ ဓာတုဗေဒတွေမှာ အဲ့လောက်တော်တာ Q တက္ကသိုလ် ကိုမသွားရင် ဘယ်ကိုသွားမလို့လဲ ”

“ အဲ့တာဆို မင်းရဲ့စကားကောင်းတွေကို ငါ ငှားဦးမယ်နော် ” ကျန်းကျစ်ယွမ်က ပြုံးရင်းပြောသည်။

“ ဒါပေမဲ့ မင်းငါ့ကို ရှောင်နေစရာမလိုပါဘူး။ အဲ့ဒီ ခက်တယ်လို့ခေါ်ကြတဲ့ ပုစ္ဆာကြီးတွေကလဲ အခြေခံမေးခွန်းလေးတွေကို စုပြီးပြန်ဖွဲ့စည်းထားတာဘဲလေ။ မင်းနဲ့ အဲ့လိုမေးခွန်းတွေမေးတာက ငါ့ကိုမနှောင့်နှေးစေတဲ့အပြင် အခြေခံကို ပိုပြီးတောင် ပိုင်နိုင်သွားသေးတယ် ”

“ ကောင်းပြီလေ။ အဲ့တာဆို ကောရှောင်ရှောင် ရော ငါရော နားမလည်တဲ့မေးခွန်းတွေရှိရင် နင့်ကို လာမေးမယ် ” ကျန်းယန်ရှန့်က ပြောသည်။ 

“ နောက်ပြီး ငါ သီးသန့်စာပြပေးမဲ့သူ ငှားမလို့တွေးနေတာ မကြာသေးဘူး ”

“ စာပြပေးမဲ့သူလား..ပိုက်ဆံတတ်နိုင်ရင်တော့ အချိန်ပိုင်းလုပ်တဲ့ တက္ကသိုလ်ကျောင်းသားတွေအစား ဆရာမတစ်ယောက်ကိုငှားတာ အကောင်းဆုံးဘဲ ” ကျန်းကျစ်ယွမ် ဒါကို လေ့လာသဘောပေါက်ပြီးသား ဖြစ်သည်။

“ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက အမြဲပြောင်းလဲနေတာ။ တက္ကသိုလ်ကျောင်းသားတွေက လိုက်မီမှာ မဟုတ်ဘူး။ လက်ရှိပညာရေးက အမှတ် အနည်းအများကို ကြည့်နေတုန်းဘဲ။ အမှတ်များများရဖို့ကလဲ စာမေးပွဲဖြေနိုင်မှဖြစ်မှာ။ ဆေးတက္ကသိုလ်တွေ ကလဲ ဝင်ခွင့်အမှတ်တွေ မြင့်တယ်။ စာပြပေးမဲ့သူ ရှာမယ်ဆိုရင် ငါတို့ကျောင်းက ဆရာမကို ခေါ်မယ်ဆိုလဲ မဆိုးပါဘူး ဒါပေမဲ့ မင်း တိုးတိုးတိတ်တိတ်ရှာမှဘဲဖြစ်မယ်။ အခုက ပညာရေးဝန်ကြီးရုံးက ဒါမျိုးတွေကို စုံစမ်းနေတာမလို့ ဆရာမတွေက လူမသိသူမသိလေးဘဲ လုပ်ကြတယ် ”

ခေါင်းစဉ်က သဘာဝကျကျလေးပြောင်းလဲသွားသည်။ အသက်ရှုလိုက်လို့ထွက်လာတဲ့ အဖြူရောင်အာငွေ့တွေရယ် မျက်လုံးထဲက အပြုံးတွေရယ်ဖြင့် စာပြပေးတဲ့သူငှားမဲ့အကြောင်းရယ် အိမ်မှာ သင်ခန်းစာတွေလုပ်ဖို့အကြောင်းရယ်ဆီ သူတို့တွေရောက်သွားကြသည်

ကျောင်းဂိတ်ပေါက်ရောက်လို့ လက်ပြနှုတ်ဆက်ကြတော့ သူတို့နှစ်ယောက်လုံး မျက်နှာမှာ အပြုံးတွေကိုယ်စီနဲ့ဖြစ်သည်။ ထိုအပြုံးတွေက တောက်ပနေပြီး ပြတ်သားထင်ရှားနေကြ၏။

ဒါပေမဲ့ ရှုလီချန်ရဲ့ မျက်လုံးရှေ့ရောက်လာတဲ့ ဒီမြင်ကွင်းက သူ့ကို မနာလိုဖြစ်လာစေသည်။

နောက်နေ့က နှစ်သစ်ကူး ဇန်နဝါရီလ 1 ရက်နေ့မလို့ ကျောင်းတွေပိတ်မှာ။ ပိတ်ရက်တစ်ရက်က စနေ၊ တနင်္ဂနွေတွေလောက် မကောင်းပေမဲ့ တစ်ရက်လောက်တော့ အနားမယူချင်လဲ ယူလိုက်တော့   မင်း သက်သောင့်သက်သာလေး မလှဲရသေးခင် ကျောင်းပြန်ဖွင့်မှာဆိုတော့လေ။

......

ကျောင်းဖွင့်ရက် 

ကျန်းကျစ်ယွမ် အတန်းထဲကို ဝင်လာတဲ့အခါ အတန်းထဲမှာရှိသမျှလူတွေ နောက်ဆုတ်ကုန်ကြသည်။ သူ့ရဲ့မျက်လုံးထောင့်စွန့်က ပွန်းပဲ့နေပြီး သူက ပါးကိုဖုံးတဲ့ထိ အဝတ်အစားကို ထူထူထဲထဲဝတ်ဆင်ထားသည်။ အဝတ်နဲ့ဖုံးမနေတဲ့ အခြားယောင်ယမ်းပြီးပွန်းပဲ့နေတဲ့နေရာတွေလဲရှိပြီး သူ့မျက်နှာ ထိခိုက်ထားတယ်ဆိုတာ သိသာနေသည်။ လက်ညိုးနဲ့လက်သန်းကြားက လက်ချောင်းတွေအားလုံးကို ပတ်ထားတဲ့ ပတ်တီးတစ်ခုလဲ သူ့မှာရှိနေသည်။

အတန်းသားတွေက မနက်ပိုင်းစာမေးပွဲမတိုင်ခင် စာပြန်လုပ်နေကြတာတာဖြစ်ပြီး အခုတော့ ရပ်သွားကာ သူ့ကို တစ်ယောက်ပြီးတစ်ယောက် “ ဘာဖြစ်တာလဲ ” လို့ အံ့ဩတကြီး မေးနေကြပြီဖြစ်သည်။

ကျန်းကျစ်ယွမ်ရဲ့ နှုတ်ခမ်းမှာလဲ ထိခိုက်ရာတွေရှိပြီး နှုတ်ခမ်းထောင်ကလဲ ပြာနှမ်းနေသည်။ သူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး “ ငါ နမော်နမဲ့နိုင်လို့ပါ ” လို့ပြောကာ ကျန်တာတွေ ဆက်မပြောတော့။

ကျောင်းမတက်ခင် ဆယ့်ငါးမိနစ်အလိုမှာ သတိပေးခေါင်းလောင်းတီးတော့ အားလုံးက ကိုယ့်နေရာကိုယ် ပြန်သွားကြသည်။

ကျန်းယန့်ရှန်ကတော့ မျက်ခုံးတွန့်ကာ ဆက်ကြည့်နေပြီးမှ မျက်နှာလွှဲသွားခဲ့သည်။

သူမရဲ့ အမြင်မှာတော့ ထိုဒဏ်ရာတွေက ဝိုင်းရိုက်ခံရလို့ ရလာတဲ့ဒဏ်ချက်တွေနဲ့တူနေသည်။

မနက်ပိုင်းစာမေးပွဲဖြေပြီးတော့ ပထမအချိန်ကုန်လို့ ဒုတိယအချိန်မကူးခင် ကြားချိန်က တိုတောင်းပြီး ငါးမိနစ်သာရှိသည်။ ပထမအချိန်ပြီးတော့ ကောင်လေးတွေက အမြန်ပြေးကာ ကျန်းကျစ်ယွမ်ရဲ့ဘေးမှာ ဝိုင်းအုံပြီး သူတို့သိချင်တာတွေမေးကြတော့သည်။

သိပ်မကြာခင် ကောရှောင်ရှောင် တစ်ဆင့်ပြန်ပြောပြလို့ ကျန်းယန်ရှန့် သတင်းတချို့ ကြားလိုက်ရသည်။

 “ သူပြောတာ အိမ်အပြန်လမ်းမှာ လူတစ်ယောက်နဲ့ အငြင်းပွားပြီး ရန်ဖြစ်ခဲ့ကြတာတဲ့။ တကယ်ပါဘဲ ကောင်လေးတွေက စိတ်ကြီးလိုက်ကြတာ။ သူပုံစံက ခပ်အေးအေးလေးဟာကို ” ဒါကို ကြားကြားချင်း သူမ ပြောစရာစကားပျောက်သွားရသည်။

သေချာပါတယ်။ သူ ဝိုင်းရိုက်ခံလိုက်ရတယ်ဆိုတာ။

ပွန်းပဲ့ရာတွေကိုကြည့်ရတာ ကြောက်ဖို့ကောင်းပေမဲ့ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ကြည့်လိုက်ရင် သူက အသားအရေတွေဘဲ ထိခိုက်ထားတာဖြစ်သည်။ ကြွက်သားထိခိုက်မိတာမျိုးလဲမရှိ။ အရိုးထိခိုက်မိတာမျိုးလဲမရှိ။

ကျန်းယန်ရှန့်က gym နဲ့ boxing ရောထားတဲ့ club ရဲ့ အဖွဲ့ဝင်ဖြစ်တာမလို့ သူမမြင်ဖူးတဲ့ ထိခိုက်ပွန်းပဲ့ရာတွေက ဒီထက်ဆိုးဝါးသည်။ ဒါ့အပြင် အရင်ဘဝတုန်းက သူမနဲ့ ရှုလီချန်က ရူးချင်ယောင်ဆောင်နေကြတာပင်။ ဒီလူက စိတ်ဓာတ် အလွန်အမင်းတက်ကြွပြီး အားအင်လဲပြည့်လျှံနေတတ်တာမလို့ တိုက်ခိုက်ရတာက သူ့အတွက် မပြောပလောက်စရာဖြစ်သည်။

ကျန်းယန်ရှန်က ထို့ကြောင့် ကောင်လေးတွေရန်ဖြစ်ကြတာကို စိတ်လှုပ်ရှားမှု မရှိပေ။

ကောရှောင်ရှောင်က သူမရှေ့တွင်ထိုင်နေပြီး သူမကို ပြုံးရင်းပြောသည်။

“ နင်က တည်ငြိမ်နေတာဘဲ ”

ထိခိုက်မိတဲ့သူက ကျန်းကျစ်ယွမ်ဖြစ်တာကြောင့် ဒါက သူမကို စဖို့ အကြောင်းအရာအသစ်ဖြစ်လာမှာ သိသာသည်။ ကျန်းယန်ရှန့်က ကောရှောင်ရှောင်ရဲ့ပါးကို လိမ်ဆွဲလိုက်တော့ နာသွားတဲ့သူက “ အ့ အ့ ” ဆိုပြီး အော်လာ၏။

အတန်းပြီးသွားလို့ ရေသွားခပ်တော့ ရေစည်မှာရှိနေတဲ့ ကျန်းကျစ်ယွမ်ဆီကို သူမ ပြေးသွားလိုက်သည်။

“ နင် အဆင်ပြေရဲ့လား ”

ကျန်းယန်ရှန်က စိုးရိမ်နေဟန်ဖြင့်မေးသည်။

“ ပြေပါတယ် ” ကျန်းကျစ်ယွမ်က ဖြေသည်။

သူမကို သူ ပြုံးပြချင်ပေမဲ့ နှုတ်ခမ်းထောင့်မှာကှိနေတဲ့ဒဏ်ရာက ခွင့်မပြုပေ။ ဝေဒနာက နာလွန်းတာမလို့ သူ့ပါးစပ်ကနေ ညည်းသံတစ်ခုထွက်သွားတော့သည်။ “ ရှိ့!! .... ”

ကျန်းယန်ရှန်က သူမ လက်ကို အလျင်စလိုမြောက်လိုက်ပြီး သူ့ကို တားလိုက်သည်။ “ မပြုံးနဲ့ ဒီတိုင်းဘဲနေ ”

သူမက ထပ်မေးလိုက်သည်။ “ ရန်ဖြစ်ပြီးသွားတော့ ဘယ်လိုဖြစ်သွားလဲ။ ရဲကိုရော ခေါ်ခဲ့သေးလား ”

နှစ်ဝက်လောက် သူငယ်ချင်းဖြစ်ထားတဲ့အတွေ့အကြုံအရ သူတို့ချန်ပီယံက ဒီရန်ပွဲကို စခဲ့တာမဟုတ်ဘူးလို့ သူမ မျက်နှာလိုက်ပြီး ဆုံးဖြတ်ထားသည်။ သူ ဂန်းစတားတစ်ယောက်ကို တွေ့ခဲ့တာဖြစ်မည်။ ဒီလိုဆိုရင်တော့ ရဲကို ခေါ်ခဲ့သင့်သည်။

“ ဟင့်အင်း ရဲကိုခေါ်ဖို့လောက်ထိ မတန်ပါဘူး ” ကျန်းကျစ်ယွမ်က ပြောလိုက်သည်။

ကျန်းကျစ်ယွမ်ရဲ့စရိုက်က တော်တော်လေးနူးညံ့တယ်တယ်လို့ ကျန်းယန်ရှန် ခံစားရသည်။ ဘယ်လိုဘဲဖြစ်ဖြစ် လူတိုင်းက သူမနဲ့ ရှုလီချန်တို့လို ပြန်တိုက်ခိုက်တတ်တဲ့ စရိုက်ပိုင်ရှင်တွေမှမဟုတ်တာ။

သူမက ပုခုံးတွန့်လိုက်ပြီးမှ “ ရေခဲကပ်ပေးရင် နင် ပိုပြီးမြန်မြန်ပြန်ကောင်းလာလိမ့်မယ် ”

Xxxxx

Part 136

ကျန်းယန်ရှန့်က ဒီကိစ္စကို တခြားအကြောင်းတစ်ခုကြောင့်လို့ထင်ပြီ ကျန်းကျစ်ယွမ် ဝိုင်းရိုက်ခံရတာက သူမနဲ့သက်ဆိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

သို့သော် စနေနေ့ရောက်တော့ ကောရှောင်ရှောင်က ရုတ်တရက် စာပို့လာခဲ့သည်။

 “ နင် သိလား။ ကျန်းကျစ်ယွမ် အထိုးခံရတာက အတန်း 8 က ရှုလီချန်လုပ်တာနဲ့ တူတယ်တဲ့ ”

ထိုအချိန် ကျန်းယန်ရှန့် အံ့အားသင်ကာ ထိတ်လန့်တုန်လှုပ်သွားပြီး သူမဆီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

“ အို့ ဘာလို့ ဖုန်းခေါ်ဖို့ VX voice ကို မသုံးတာလဲ။ နင် ph bill တွေတော့ မတရား ဖြတ်ခံရတော့မှာဘဲ ” 

ကျန်းယန်ရှန့်က အလေးအနက်ထားတဲ့လေသံနဲ့ မေးလာသည်။ “ ကျန်းကျစ်ယွမ်က အဲ့လိုဖြစ်လာတယ်ဆိုတာ မင်းက ဘယ်လိုသိတာလဲ ”

“ အဲ့ဒါက ငါတို့အတန်းဖော် ချီကွမ်ယု ဆီက သိလာတာ။ သူဘယ်သူလဲ နင်သိလား။ ငါတို့ အတန်းမှုးက သူ့ဦးလေးတဲ့။ နှစ်ဝက်တောင်ရှိနေပြီကို သူ အဲ့အကြောင်းတွေကို တစ်ခါမှထုတ်မပြောဖူးဘူး။ သူက သော့ချက်ကို ဖုံးကွယ်ထားတာဘဲ။ သူက စောက်ရမ်း ဉာဏ်ပြေးတာဘဲ ” 

ကောရှောင်ရှောင် ထိုသူ့ကို ဆက်တိုက်လေးစားနေမိကာ သူသိသမျှ ကျန်းယန်ရှန်ကို ပြော‌ပြနေခဲ့သည်။ “ ချီကွမ်ယု က ဟွမ်ဟန့်ကိုပြောတာ။ ဟွမ်ဟန့်က လီရှုချင်း ကိုပြောတာ။ ရှုချင်းက သူတို့ group chat မှာ ပြန်တင်တာ။ အဲ့တာကို ယဲ့မန် က မြင်တော့ လျိုကရန် ကိုပြန်ပြောတာ။လျို... နဲ့ ရမ်စစ်ယွီ က စန္တယားသင်တန်းအတူတူတက်ဖူးတာ ငါ နင့်ကို မပြောရသေးဘူးထင်တယ်။ ငါတို့မှာလဲ group chat အသေးလေးရှိတယ်...... ”

ကျန်းယန်ရှန့် သူမရဲ့ မျက်ခုံးမွှေးနှစ်ခုရဲ့ အလယ်ကို ဖိချေလိုက်မိသည်။

 “လိုရင်းကိုသာ ပြောစမ်းပါ! ”

“ အဟွတ်! အဓိကပြောချင်တာက ငါသတင်းက ခိုင်မာတယ် ဘယ်လိုဖြစ်တာလဲဆိုတော့.... ”

ကောရှောင်ရှောင် ရှင်းပြပြီးသွားတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ကျန်းယန်ရှန့် သဘောပေါက်လိုက်သည်။

ကျန်းကျစ်ယွမ်က လမ်းဘေးကလေကချေတစ်ကောင်နဲ့ ပြဿနာတက်ခဲ့တာမဟုတ်ပေ။ အိမ်ပြန်လမ်းမှာ ရှုလီချန်ရဲ့ တားဆီးတာ ခံလိုက်ရပြီး ရိုက်နှက်ခံလာရတာဖြစ်သည်။

“ ကျန်းကျစ်ယွမ်က အိမ်က သူ့မိသားစုကို လမ်းဘေးကလေကချေတစ်ကောင်နဲ့ ရန်ဖြစ်လာတာလို့ဘဲပြောပြီး ရဲခေါ်ဖို့လဲ ငြင်းဆန်ခဲ့တယ်တဲ့။ ဒါပေမဲ့ သူ့အမေက သူပြောတာမယုံလို့ ရဲနဲ့ တိတ်တိတ်လေး သွားတွေ့ခဲ့တာတဲ့။ ရဲစခန်းက လမ်းဘေးစောင့်ကြည့်ရေးကင်မရာတွေကိုစစ်လိုက်တော့ video ထဲမှာမြင်ရတာ တခြားတစ်ယောက်ကလဲ ကျောင်းဝတ်စုံနဲ့ဖြစ်နေခဲ့တာလို့ပြောတယ်။ သူတို့ပြောပုံအရဆို ကျောင်းဆင်းခါစချိန်မှာ ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်ကဘဲ သူ့နောက်ကို နောက်ယောင်ခံလိုက်လာခဲ့တာတဲ့ ”

“ ကျန်းကျစ်ယွမ်ကဲ့အမေက သက်သေ video နဲ့ ကျောင်းကိုရောက်သွားတော့ အတန်းမှူးက တစ်ချက်ကြည့်လိုက်တာနဲ့တင် အဲ့တာက ရှုလီချန်ဆိုတာ ချက်ချင်း သိလိုက်ရော့ ”

“ ပြီးသွားတော့ သူတို့တွေက ကျန်းကျစ်ယွမ်နဲ့ ရှုလီချန်ကိုခေါ်ပြီး ဘာလို့ရန်ဖြစ်ကြတာလဲမေးတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်မရလို့,လို့ တစ်သံထဲထွက်လာကြတယ်ဆိုဘဲ။ နောက်တော့ သူတို့တွေ စကားနဲ့ရန်ဖြစ်ကြပြီး ထချကုန်ကြတယ်တဲ့။ ဟေဟေ့....နင် စဉ်းစားကြည့်လိုက်စမ်း။ သေချာစဉ်းစား ”

“ ငါက ဘာကိုစဉ်းစားရမှာလဲ ” ကျန်းယန်ရှန့်က ဒေါသတကြီးပြောသည်။

 “ ‌ကျောင်းက အဲ့ကိစ္စကို ဘာလုပ်ပေးလဲ ငါ့ကိုပြောပါဦး ”

“ ဒါက ပြဿနာတော့ ကြီးတယ် ချီကွမ်ယုဆီက သိရတဲ့သတင်းတွေအရ ရန်ပွဲမှာ သူတို့နှစ်ယောက်လုံးက စိတ်ပါခဲ့ကြတာမလို့ တစ်ဝက်စီ တာဝန်ယူရမယ်ထင်တယ်။ တနင်္လာနေ့အထိစောင့်ကြည့်ရမှာဘဲ။ နှစ်ယောက်စလုံး တစ်ယောက်ချင်းစီအပြစ်ပေးခံရတာလဲ ဖြစ်နိုင်တာဘဲ ”

ကျန်းယန်ရှန် တိတ်ဆိတ်သွားသည်။

ကောရှောင်ရှောင် က ပုံမှန်အတိုင်းပြောလာသည်။

“ ဝန်မခံရင်တောင် ရှုလီချန်ဘက်က စထိုးခဲ့တာ အဖြစ်နိုင်ဆုံးလို့ လူတိုင်းသိနေတာဘဲဟာ။ ဒီအကြောင်း ငါတို့ အခုလေးတင်ဘဲ ပြောလာတာမလား။ သူက ဒေါသထွက်နေရင် တော်တော်ချောတယ် ဟဲဟဲ။ အဲ့တာက မှားနေတယ်ဆိုတာသိပေမဲ့ သူက တကယ့်ကိုချောတာ။ အမှန်အတိုင်းပြောရရင် ငါတို့အခန်းထဲမှာ သူ့ကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးတွေ မနည်းဘူး... ”

ဒီလိုမျိုး လူဆိုးကောင်လေးတွေက စည်းကမ်းလိုက်နာတဲ့ကောင်မလေးတွေအပေါ် အထူးဆွဲဆောင်မှုရှိနေတတ်သည်။

“ သူက နင့် အတွက် မသင့်လျော်ဘူး ” ကျန်းယန်ရှန့် ပြောင်ပြောင်ဘွင်းဘွင်းပြောလိုက်သည်။

ကောရှောင်ရှောင် က စိတ်ပျက်အားလျော့သွားခဲ့သည်။ 

“ သိပါတယ် အဲ့ဒါက အတွေးလေးတစ်ခုဘဲဟာကို။ ဟေ့, သူက အရမ်းချောတာ နင်သိတယ်မလား။ အဲ့ဒါကို သူဘာလို့ စာမကြိုးစားလဲ မသိဘူးနော်။ သူသာ စာကြိုးစားချင်စိတ်ရှိရင် ငါတို့ရဲ့ လက်ရှိ school prince အဖြစ် ရွေးခံရမယ်ထင် ”

ကောရှောင်ရှောင် နဲ့ ဖုန်းပြောပြီးသွားတော့ ကျန်းယန်ရှန့်စိတ်ထဲ မကောင်းတဲ့ နတ်ဆိုးမီးတောက်တွေချည်း တောက်လောင်နေတာကိုသာ ခံစားမိတော့သည်။

နှစ်သစ်ကူးမတိုင်ခင်ညတုန်းက သူမ လူမသိသူမသိ ပျော်ရွှင်နေခဲ့ပြီး အသက်ရှင်ဖို့အတွက် စာကြိုးစားချင်စိတ်တွေလဲ ဖြစ်နေခဲ့သေးသည်။

အခုတော့ သူမရင်ထဲမှာ ကျန်းကျစ်ယွမ်အစွမ်းနဲ့ ငြိမ်သက်သွားခဲ့တဲ့ ရန်လိုစိတ်တွေက ရှုလီချန်ကြောင့် ပြန်လည်ပေါက်ဖွားလာပြီဖြစ်သည်။

ကျန်းယန်ရှန့် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်သည်။ ရှုလီချန်ကိုဖုန်းခေါ်ဖို့ ဖုန်းကိုဖွင့်တော့ ဒီဘဝမှာ သူမဆီ ရှုလီချန်ရဲ့ဖုန်းနံပါတ်မရှိဘူးဆိုတာ သိလိုက်ရသည်။

အရင်ဘဝတုန်းက ရှုလီချန်ရဲ့ ဖုန်းနံပါတ်က shortcut key နံပါတ် 1 ဖြစ်သည်။ နံပါတ် “ 1 ” လေးကို ခနဖိပြီးနှိပ်ထားလိုက်ရုံနဲ့ ရှုလီချန်‌ဆီကို တန်းပြီးဖုန်းခေါ်နိုင်သည်။

ဒါပေမဲ့ ရှုလီချန်ကို သူမ friend list ထဲ လက်ခံခဲ့တာတောင် သူက ခေါင်းမာပြီး စာတစ်ကြောင်းမှ မပို့ခဲ့တာကို သူမ မှတ်မိသည်။

ကျန်းယန်ချန် Audio Call ကို သူမ ဘက်က စလိုက်သည်။ ပြီးတော့ အဲ့တာက လီချန်နဲ့ ချိတ်မိဖို့ အချိန်တော်တော် ကြာသွားသည်။

“ ကျန်းယန်ရှန့်လား ”

သူ့နောက်ဘက်မှာ ဆူညံသံတွေနဲ့ ပြည့်နေပြီး သီချင်းသံတွေကလဲ ကျယ်လွန်းလှသည်။ Club မဟုတ်ရင် Casino လို နေရာမျိုးကို ရောက်နေတာ သိသာသည်။

ကျန်းယန်ရှန့်က မေးလိုက်သည်။

“ နင် ဘယ်မှာရောက်နေတာလဲ ”

သီချင်းသံက အနည်းငယ်တိုးသွားပြီး စ‌ကားပြောတဲ့လေသံက သီးသန့်ခန်း ကနေ ကော်ရစ်ဒါကို သွားနေပုံပင်။ ရှုလီချန်က ပြောသည်။

“ ငါ အပြင်ဘက်ရောက်လာပြီ။ မင်း ငါ့ဆီက လိုချင်တာ တစ်ခုခုရှိလို့လား ”

ကျန်းယန်ရှန့်က မေးသည်။ “ အဲ့ဒါ ဘယ်နေရာမှာလဲ ”

ရှုလီချန်က ခဏရပ်သွားပြီ ပြန်ဖြေသည်။ “ Baochi, လျိုဒေါင် တောင်ဘက်လမ်း... ”

ကျန်းယန်ရှန်အတွက် လိပ်စာအတိအကျမလိုပေ။ Baochi ဘယ်မှာရှိတယ်ဆိုတာ သူမ သိသည်။ ကျင်းတင်းရဲ့ မျက်နှာချင်းဆိုင်၊ သူမရဲ့ သေဆုံးမှု နာမည်ကြီးလာတဲ့နေရာ။ Baochi က K မြို့တော် မှာ အလန်းဆုံး club ဖြစ်သည်။ အရင်ဘဝတုန်းက သူမ အဲ့ကို မကြာခဏ သွားလေ့ရှိသည်။

သူမက ရှုလီချန်ကို ကြားဖြတ်ပြီး မေးလိုက်သည်။

“ အခန်း 806 လား ”

စက္ကန့်ပိုင်းလောက်ငြိမ်သက်သွားပြီးနောက် ရှုလီချန်က မယုံနိုင်တဲ့လေသံက ထွက်ပေါ်လာတော့သည်။ “ မင်း ဘယ်လိုသိတာလဲ ”

ဒါပေါ့ ကျန်းယန်ရှန့် သေချာပေါက်သိတာပေါ့။

Baochi က ရှုလီချန်ရဲ့အမျိုးတစ်ယောက်ဖွင့်ထားတာဖြစ်ပြီး သူတို့မိသားစုတွေလဲ ရှယ်ယာဝင်ထားကြသည်။ အခန်းနံပါတ် 806 က  သူ့အတွက် သီးသန့်ဖြစ်သည်။

သူတို့ အဲ့ကို ‌ကစားဖို့သွားခဲ့ဖူးသည်။ ရှုလီချန်က သူမ စိတ်ကြိုက်သွားလာနိုင်စေရန်နှင့် သူ့ရဲ့ သီးသန့်ခန်း ကို သုံးချင်တဲ့အချိန်သုံးလို့ရစေရန် သူမကို သူ့ရဲ့ black မန်ဘာကတ် ကို ပေးခဲ့ဖူးသည်။

လူတိုင်းက သွားကြပေမဲ့ ကျန်းယန်ရှန့်ကတော့ အဲ့ဒီကို ဘယ်တော့မှမသွားခဲ့ပေ။ နောက်တော့ သူက နိုင်ငံခြားကိုထွက်သွားပြီး နိုင်ငံခြားသူတွေနဲ့သာ သွားအိပ်ခဲ့သည်။

ကျန်းယန်ရှန့်က သူမ မိသားစုကို အနှောင့်အယှက် မပေးသလို သူတို့ဒရိုင်ဘာကိုလဲ မခေါ်ခဲ့ပေ။ အပြင်က ကားကိုသာ သူမဘာသာ ငှားလာခဲ့သည်။

ကားငှားရာတွင် သူမ ဇိမ်ခံကား, Mercedes-Benz သို့မဟုတ် BMW ကိုဘဲ ငှားလေ့ရှိသည်။ Automobile ကုမ္မဏီတွေမှာ ဒရိုင်ဘာတွေအပေါ်တင်းကျပ်လွန်းတဲ့စည်းကမ်းတွေရှိသည်။ ပြီးတော့ သူတို့က customer တွေရဲ့ အေးငြိမ်မှုကို အနှောက်အယှက်မဖြစ်စေဖို့ customer တွေနဲ့ အနီးကပ်စကားပြောလို့မရပေ။

ဒါပေမဲ့ ကျန်းယန်ရှန့်က တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ကျောင်းသူလေးနဲ့တူသည်။ ဒရိုင်ဘာက ကားနောက်ကြည့်မှန်ကနေ အကြိမ်ပေါင်းများစွာကြည့်နေရင်းမှ သိချင်စိတ်ကို ထိန်းမရတော့ဘဲ မေးလိုက်သည်။ “ မမလေး လက်မှာ ဘာတွေပတ်နေတာလဲဗျ ”

ကျန်းယန်ရှန့်က လက်ချောင်းတစ်ဝှိုက်မှာ သားရေကြိုးပတ်ဖို့သာ အာရုံစိုက်နေပြီး သူ့ ဒရိုင်ဘာကိုလှမ်းပြောသည်။ “ လက်ပတ် ”

ဒရိုင်ဘာက မေးသည်။ “ ဘာလိုပတ်နေတာလဲဗျ ”

ကျန်းယန်ရှန့်က ပြောသည်။ “ အရိုးတွေကို မကျိုးအောင် ကာကွယ်‌အောင် ။ အရေပြားတွေ မစုတ်ပြဲ‌ေအာင်။ လက်ကောက်ဝတ် အဆစ်မလွှဲအောင် ကာကွယ်ဖို့ သုံးတာ ”

“ ဒါပေမဲ့ နေ့စဉ်ဘဝမှာတော့ အဲ့လိုမျိုး မထိခိုက်တတ်ပါဘူး။ ဟုတ်တယ်မလား ” ဒရိုင်ဘာက ပဟေဠိဖြစ်စွာဖြင့် မေးသည်။

“ ပုံမှန်ဆိုရင်တော့ ထိခိုက်ခံရမှာမဟုတ်ပါဘူး ” ကားထဲတွင် ဖြူဖွေးအေးစက်နေတဲ့မျက်နှာဖြင့်ကောင်မလေးက သူမရဲ့ မျက်လုံးတွေကို အပေါ်ကိုလှန်ကြည့်လိုက်သည်။ 

“ ဒါပေမဲ့ တစ်ယောက်ယောက်ကို ဘာမှမဆိုင်ဘဲ ထိုးကြိတ်ထားမိရင်တော့ ခံရမယ် ”

“ ဆရာကြီးတွေကတော့ ဒါကို တိုက်ပွဲဝင် ပတ်တီးလို့ခေါ်တယ် ”

Xxxxxx