အပိုင်း ၄၁-၄၂
Viewers 23k

Chapter 41


ကျန်း မိသားစု၏ ပထမထပ်တွင် ဧည့်ခန်းဆောင်အပြင်  ခန်းမငယ်တစ်ခုလည်း ရှိ‌ သေးသည်။ ကျန်းဟယ်လင်း သည် ကတ်ကြေးနှင့် တိပ်များကို ယူဆောင်လာပြီး ကျန်းယန်ရှန့် နောက်မှလိုက်ကာ ခန်းမငယ်လေး ဆီသို့ လျှောက်သွားသည်။


ကျန်းယန်ရှန့် လှည့်ပတ်ကြည့်ကာ နံရံတစ်ခုကို ရွေးလိုက်သည်။ အိမ်၏အစွန်းနှစ်ဖက်တွင် ဝင်ပေါက်နှစ်ပေါက် ရှိပြီး အိမ်၏အတွင်းပိုင်း နှင့် ခြံဝင်းအလယ် တွင် ကျဉ်းမြောင်းသောနံရံတစ်ခုရှိသည်။


 ဧည့်ခန်းမငယ်၏ စားပွဲပေါ်တွင် ပန်းပုရုပ် တစ်ခု ရှိသည်။ နံရံတွင် ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားသည်။


ကျန်းယန်ရှန့် သည် တစ်ချက်ကြည့်လိုက်ပြီး ပန်းချီကားကို ဖြုတ်ကာ ဘေးသို့ လှမ်းကြည့်လိုက်သည်။


 “ဆယ််လိုတိပ်ကို အပိုင်း တိုတို ဖြတ်ပြီး ငါ့ကို ပေး...” 


သူမက ပြောသည်။


ကျန်းဟယ်လင်း သည် တိပ်အတိုတစ်ပိုင်းကို ဖြတ်ကာ သူမကို အရင် ပေးလိုက်သည်။ ခေါင်းငုံ့ပြီး နောက်တစ်ခု  ထပ်ဖြတ်လိုက်သည်။ 


သူမ မော့ကြည့်လိုက်လျှင်  ရုတ်တရတ် အံ့ဩသွားရသည်။ သူမ၏ အစ်မသည် နံရံတွင် သူမ၏  'သင်ယူခြင်း ကြယ်' ဆုလက်မှတ်ကို  ထောင့်တစ်ဖက်ကို ဆယ်လိုတိပ်ဖြင့် ကပ်လိုက်၏။ 


ကျန်းဟယ်လင်း အံ့အားသင့်သွားသည် ကိုမြင်လျှင်  ကျန်းယန်ရှန့် က သူမလက်ထဲက တိပ်တစ်ပိုင်းကိုယူလိုက်ပြီး


 "ဘာကိုစောင့်နေတာလဲ....ဆက်ဖြတ်‌လေ...” 


သူမသည် ဆုလက်မှတ်၏ အခြားထောင့်ကို ဒုတိယတိပ်ဖြင့် ကပ်လိုက်ပြန်သည်။


ကျန်းဟယ်လင်း က ထပ်မဖြတ်ထားသဖြင့်  ကတ်ကြေးနှင့် တိပ်ကိုယူကာ သူမကိုယ်တိုင် ဖြတ်လိုက်သည်။ 


ကျန်းဟယ်လင်း က ချီတုံချတုံဖြင့်


"ဒါက... အဆင်ပြေပါ့မလား..."


"ဘာလို့ မဖြစ်ရမလဲ..."


ကျန်းယန်ရှန့် က


 “ဆုလက်မှတ်ဆိုတာ တခြားသူတွေကို ပြရမှာ မဟုတ်ဘူးလား...သေတ္တာထဲမှာ  ဖွက်ထားစရာ မလိုဘူး....” 


“မဟုတ်ဘူးလေ…”


ကျန်းဟယ်လင်း က ပျော့ညံ့စွာပြောသည်။


 “ညီမ ဆိုလိုတာက အဲဒါကို ဒီမှာတင်တာ မကောင်းဘူး… ဟုတ်တယ်မလား.... အဖေနဲ့ အမေ စိတ်ဆိုးမယ်ထင်တယ်...” 


ကျန်းယန်ရှန့် က ဆယ်လို တိပ်ကို ဖြတ်ပြီး သူမကို အေးဆေးတည်ငြိမ်စွာပြောတယ်


 "ဒီနေရာက အစကတည်းက ဆု တွေ ချိတ်ဖို့ပဲ...မမှတ်မိဘူးလား..."


 "ဟင်..." 


ကျန်းဟယ်လင်း အနည်းငယ် မှင်တက်သွားသည်။ 


“ထားလိုက်ပါ...ဘယ်မှတ်မိပါ့မလဲ...နင် အဲဒီတုန်းက ငယ်သေးတယ်... ငါ့ အနိုင်ကျင့်ခဲ့တာကိုတော့ နင် မှတ်မိနေတာ အံ့သြစရာပဲ...”


 ကျန်းယန်ရှန့် က


 “ဒီနံရံကို ငါ့ဆုတွေ ချိတ်ခဲ့တယ်... အဲဒီတုန်းက ငါ့မှာ ဆုတွေ အများကြီး ရပြီး ပြိုင်ပွဲ လက်မှတ်တွေလည်း ရှိတယ်... နင် အိမ်ပြန်ရောက်တုန်းက ဒီနံရံကို ဖုံးလုနီးပါးပဲ....ဒီပန်းချီကားကို နောက်မှ ဒီမှာချိတ်တာ...” 


'နောက်ပိုင်း  ဘာလို့ ဘာဆုမှ မချိတ်တာလဲ'


ကျန်းဟယ်လင်း တွေးလိုက်သည်။ 


လျန့်ယင်းယင်း သည် ကျန်းဟယ်လင်း သည်   နုံအ,သဖြင့် ကျန်းဟွမ် စိတ်ကျေနပ်စေမည် မဟုတ်ဟု မျှော်လင့်ထားသည်။ 


 အတန်းထဲတွင် ပထမနေရာကို ရယူနိုင်သော ကလေးသည် လူအ, မဖြစ်နိုင်သည်မှာ သေချာပါသည်။


ကျန်းဟယ်လင်း က သူ့အစ်မကို  'နောက်မှ ဘာဖြစ်သွားလဲ' ဟု မေးလျှင်  သူမ ကြားချင် မှာ မဟုတ် ဟု ဖျတ်ခနဲ ခံစားလိုက်ရသည်။ ထို့ပြင်  သူမ အမနှင့် သူမ တို့မောင်နှမ ရောက်လာခြင်းနှင့် ဆက်စပ်နေသည် ဟု သူမ ခံစားခဲ့ရသည်။


ကျန်းဟယ်လင်း က မေးရန် ရှက်ရွံ့သဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။


ကျန်းယန်ရှန့် က 'သင်ယူခြင်း ကြယ် ' လက်မှတ်ကို ကပ်လိုက်ပြီး နောက်ပြန်လှည့်ကာ


 "အဆင်ပြေရဲ့လား...စောင်းမနေဘူး မဟုတ်လား..."


ကျန်းဟယ်လင်း လည်း လှည့်ကြည့်ကာ 


"အဆင်ပြေပါတယ်..." 


ကျန်းယန်ရှန့် က ခေါင်းညိတ်ပြပြီး တိပ်ကို ကတ်ကြေးဖြင့် ဖြတ်လိုက်ပြီး ဒုတိယပုံကို စတင်ထည့်လိုက်သည်။ တိပ်ကို ချောမွေ့စေရန်  သူမ၏ လက်ချောင်း ဖြင့်  ဖိလိုက်သည်။ 


ကျန်းယန်ရှန့် သည် တစ်နေ့တွင် ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။


ယခင်က သူမ အဖေသည် မိသားစုအရေးကို ဂရုမစိုက်ပေ။ ထို့ကြောင့် ဆုလက်မှတ် အသစ်ရသည့်အခါတိုင်း သူမ အမေကို ပေးလိုက်သည်။


 


သူမ အမေသည်  ဤနံရံတွင် ကပ်ထားသည်။သူမ အမေ ဆုံးပါးသွားချိန်တွင် နံရံကြီးသည် သူမ ဆုများနှင့် ပြည့်နေ‌သည်။


နောက်ပိုင်းတွင်... သူမ အတွက် ဘယ်သူမှ မချိတ်ပေးတော့ပေ။ သူမသည်လည်း  မည်သည့် ပြိုင်ပွဲမဆို မပါဝင်တော့ပေ။ သူမ၏ ပညာရေးစွမ်းဆောင်ရည်သည် တဖြည်းဖြည်း သာမန်ဖြစ်လာသဖြင့် ကျောင်းက ဆုတွေကို မရနိုင်တော့ပေ။


နံရံပေါ်ရှိ ဆုလက်မှတ်များသည် ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သည်။ တစ်နေ့ သူမ အိမ်ပြန်ရောက်သည့်အခါ ဆုများမတွေ့ရတော့ဘဲ လျန့်ယင်းယင်း ဝယ်ထားသည့် ပန်းချီကားတစ်ချပ်ကသာ ထိုနေရာတွင် ချိတ်ဆွဲထားလေ၏။


ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း နှင့် စကားများကာ


 "ရှင် ကျွန်မရဲ့ ဆုလက်မှတ်တွေအားလုံးကို ဘာလို့ ဖြုတ်လိုက်တာလဲ..." 


လျန့်ယင်းယင်း က


 “သူတို့ ဒီမှာ ချိတ်ထားတာ ကြာပြီ...အကုန် ဟောင်းနေပြီ...တစ်ခုဆို လုံဝ ပျက်စီးနေပြီ...ကြည့်လို့မလှ‌ဘူးလေ...အခု ဒီအိမ်ကိုကြည့်လိုက်စမ်း...နေရာတိုင်းက လှနေတယ်...." 


ထိုအချိန်က အရာရာကို ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုးစားခဲ့သော ကျန်းဟွမ် က သူမဘက်ကလိုက်ပြောခဲ့သည်။


“လက်မှတ်တွေက တကယ့်ကို ဟောင်းပြီး မလှတော့ဘူးလေ အဆင်ပြေပါတယ်... ပန်းချီကို အရင် ချိတ်ထားလိုက်ရအောင်...ယန်ယန် လက်မှတ်အသစ်ရရင် ဒီနေရာမှာ ထပ်ချိတ်ပေးမယ်....” 


သို့သော် ကျန်းယန်ရှန့် သည် ဒီကိစ္စက လုံးဝ မရိုးရှင်းဘူး ဆိုသည်ကိုသိ‌ နေလေ၏။ လျန့်ယင်းယင်း သည် သူမ၏အိမ်ကို ဖြည်းဖြည်းချင်း သိမ်းပိုက် နေသော အမျိုးသမီးဖြစ်သည်။


ထိုအချိန်က သူမသည်  မုန်းတီးခဲ့သည်၊ ခံစားခဲ့ရသည်။ သို့သော် ထုတ်ဖော်မပြနိုင်ခဲ့ပေ။ အော်ဟစ်ကာ ဆူညံနေပြီး ဆိုးသွမ်းသော မိန်းက‌လေး တစ်ဦး ဖြစ်ခဲ့ရသည်။


"ဟေ့...ဒီလက်မှတ်က ဘာလဲ..." ကျန်းဟွမ် ၏ အသံသည် စင်္ကြံတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်မလေးနှစ်ယောက်လုံး လှမ်းကြည့်လိုက်သည်။ 


ကျန်းဟွမ် သည် သူ့ဇနီးကို ဆုံးမပြီးသည်နှင့် သူ မကျေမနပ်ဖြစ်ကာ ဗိုက်ဆာလာသည်။ ညစာစားချိန် နီးနေပြီဟု သိသဖြင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။ အစားအသောက် အဆင်သင့်မဖြစ်ခင် ဧည့်ခန်းငယ်လေးတွင် အရင်ထိုင်လိုက်သည်။


 တံခါးဝကို လှမ်းကြည့်ရာ သူ့သမီးနှစ်ယောက် ဟိုမှာ ဘာတွေ လုပ်နေတယ်ဆိုသည်ကို မြင်လိုက်ရသည်။ ဒီ ဖအေတူ အမေကွဲ ညီအစ်မနှစ်ယောက် လိုက်ဖက်ညီစွာ ပေါင်းသင်းနေတာကို သူ သဘောကျသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကသာ မြင်တွေ့ခဲ့ရသည့် အေးချမ်းသော မြင်ကွင်းဖြစ်ပြီး သူကြည့်ကာ ကြည်နူးမဆုံးဖြစ်ရသည်။


သူ လျှောက်သွားကာ နံရံပေါ်ရှိ ဆုလက်မှတ်ကို ကြည့်ပြီး စိတ်လှုပ်ရှားမှုဖြင့် 


“ဒီမှာ ဆုလက်မှတ် ချိတ်ထားတာ မတွေ့တာကြာပြီ...ငယ်ငယ်တုန်းကတော့ နံရံမှာ အပြည့်ပဲ ဆိုတာ မှတ်မိသေးတယ်... သမီးအသစ်ရရင် ချိတ်မယ်လို့ အဖေ ပြောပေမယ့်  အကြာကြီး စောင့်ခဲ့ရတယ်....ဖေဖေ ကြည့်ရအောင်... ယန်ယန် ဘယ်လို ဆုမျိုး ရခဲ့လဲ...ဟေး... ဟေး...ဒါ... ဟယ်ဟယ်ဆုလား..." 


ကျန်းဟွမ် ရှက်သွားသည် ။ ကျန်းယန်ရှန့် ဂရုမစိုက်။


“အဲ့ဒါတွေက ပြီးခဲ့တဲ့ နှစ်ဝက်တုန်းက ဟယ်ဟယ် ရခဲ့တဲ့ ဆုတွေပဲ...” 


သူမက ခေတ္တရပ်ပြီးမှ "တတိယ အဆင့်...” ဟုဆက်ပြောလိုက် သည်။ 


ကျန်းဟွမ် သည် ကျန်းဟယ်လင်း ၏အဆင့်ကိုပင်  မသိသောကြောင့် သူမက ပြောပြလိုက်ရသည်။


Xxxxxxx


Chapter 42


သူမ အစ်မပြောသည်ကို ဂရုမစိုက်ပေမယ့် ကျန်းဟယ်လင်း ၏ မျက်လုံးများသည် ထူးထူးခြားခြား တောက်ပနေ၏။ 


အစ်မက သူမကို 'ဟယ်ဟယ်' လို့ ခေါ်လိုက်သောကြောင့် ဖြစ်သည်။


ဒါဟာ သူမ မှတ်မိသလောက်  ပထမဆုံးအကြိမ် ဖြစ်သည်။ ကျန်းဟွမ် လည်း သတိထားမိသည်။ ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ကို 'အ‌မေ' သို့မဟုတ် 'အန်တီ လျန့်' ဟု ပင်မခေါ်ခဲ့ချေ။ 


သူမ မောင်လေး နှင့် ညီမ တို့ကိုလည်း နာမည် အပြည့်အစုံဖြင့်သာ ခေါ်သည်။ 


ကျန်းဟွမ် သည် အလွန်ပျော်နေပြီး လျန့်ယင်းယင်း ကြောင့် ဖြစ်ပေါ်လာသော ဒေါသ များသည် ယခုပင် ပျောက်ကွယ် သွားသည်။ သူက ပြုံးရွှင်စွာဖြင့်


“ဒါမှ ငါတို့ ဟယ်ဟယ်ကွ...အရမ်းတော်တာပဲ...  ဒီဆုတွေက ဘယ်လိုဆုတွေလဲ ဆိုတာ အဖေကြည့်လိုက်ဦးမယ်... 'သင်ယူခြင်း ကြယ်' ဒါဘာလဲ... ဒါက ပညာရေး စွမ်းဆောင်ရည်အတွက် ဂုဏ်ပြုတာလား...”


 ကျန်းဟယ်လင်း က  "အတန်းထဲက ထိပ်တန်း သုံးယောက် ပဲ "သင်ယူခြင်း ကြယ်" ကို ရတာ..."


ကျန်းဟွမ် က အံ့သြတကြီးနှင့် “ငါတို့ ဟယ်ဟယ် က အတန်းထဲမှာ ထိပ်တန်း သုံးယောက်ထဲ ဝင်တာလား...တော်လိုက်တာ..." 


ကျန်းဟယ်လင်း ခဏတုံ့ဆိုင်းသွားပြီး 


"သမီးက အတန်းထဲမှာ ပထမ နဲ့ တစ်တန်းလုံးမှာ ဒုတိယ ရတယ်..." ဟု ပြောလိုက်သည်။


 “…” 


    ကျန်းဟွမ်             :      “ဟင်...”


ကျန်းယန်ရှန့်:     "ဟက်..."


ကျန်းယန်ရှန့် ၏'ဟက်' ဟူသည့် စကားသည် ထေ့ငေါ့၍ ပြောခြင်းဖြစ်သည်။


ကျန်းဟွမ် က ချောင်းအသာဟန့်လိုက်ပြီး


" အဖေ့ ကို ကြည့်ပါဦး...အလုပ်အရမ်းရှုပ်နေတယ်...ငါတို့ ဟယ်ဟယ်ရဲ့ ပညာရေး စွမ်းဆောင်ရည်က အရမ်း ကောင်းလာတာလဲ မသိခဲ့ဘူး...” 


ကျန်းဟယ်လင်း က"သမီး ပထမတန်း ကတည်းက  အဆင့် -၁ကို ရခဲ့တာ...." 


     ကျန်းဟွမ် :             “…” 


ကျန်းယန်ရှန့် :    "ဟက်..." 


ကျန်းဟွမ် က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး


 "သမီးအမေက အဖေ့ကို မပြောပြဘူး...ကောင်းတယ်... ငါတို့ ဟယ်ဟယ် အရမ်း တော်တယ်...”


 သူက ပြောရင်း လက်ခုပ်တီးပြီး လက်မထောင်ပြလိုက်သည်။


ကလေး များကို ချော့နေခြင်းဖြစ်သည်။ 


ကျန်းဟယ်လင်း သည် အမှန်တကယ်ပင် ကလေးသာရှိသေး၏။ သည်  သူမကို အလွန်အာရုံစိုက်ပြီး ချီးကျူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ မျက်နှာလေးသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းသွားသည်။


 ကျန်းဟွမ် သည် သူ့သမီးငယ်လေးသည် အလွန်ချစ်စရာကောင်းကြောင်း အမြဲသိသည်။ မိဘနှစ်ပါးစလုံးက ရုပ်ရည် ကြည့်ကောင်းကြပြီး မိသားစုထဲမှ ကလေးသုံးယောက်သည် တစ်ယောက်မှ ရုပ်မဆိုး‌ပေ။ 


ယခုမူ ကျန်းဟယ်လင်း သည် အလွန်ချစ်စရာကောင်းသည်ဟု သူတကယ်ထင်နေသည်။ 


သူ၏ သားသမီးများသည် မငိုဘဲ၊ ဒုက္ခမပေးဘဲ၊ ဂုဏ်ယူရသည့်အခါ  ချီးမွှမ်းပြီး ဆုလာဘ်တွေ ပေးကာ ကလေးတွေရဲ့ စကား နားထောင်ပေးသင့်သည် ဟု သူယူဆမိသွားသည်။


ငိုသံတွေ၊ ဆူညံသံတွေနဲ့ အသေးအဖွဲ ဖြစ်စဉ် များအတွက် သူတို့ရဲ့ မိခင်တွေ ရှိနေပါသေးသည်။ သင်ဟာ ဖခင်တစ်ယောက်ဖြစ်တဲ့အခါ သူတို့ကို ကျွေးမွေးဖို့ ၊ငွေရှာဖို့ တာဝန်ရှိပြီး သည်လိုအချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင် လေ၏။


ပထမဇနီး သေဆုံးပြီးကတည်းက ဖခင်တစ်ယောက်လို အချိန်အတော်ကြာအောင် မခံစားခဲ့ရရှာပေ။


 လျန့်ယင်းယင်း ကို မိသားစုထဲသို့ ခေါ်သွင်းပြီးကတည်းက တစ်အိမ်လုံး ဆူညံနေခဲ့သည်။ ကျန်းဟွမ် သည် သူ့အစ်ကိုကြီး နှင့် သူ့အမေ၏ အကြံဉာဏ်ကို နားမထောင်ခဲ့ပေ။


ကလေးကို မိခင်ကသာ ထိန်းနိုင်မည်ဟု သူ ထင်ခဲ့သဖြင့် လျန့်ယင်းယင်း သည် မိသားစုထဲသို့ ဝင်လာခဲ့သည်။ အစပိုင်းတွင် သူ့အစ်ကိုနဲ့ အမေ၏ စိတ်ကူးမှာ ကလေးတွေကို ခေါ်ပြီး ထိုမိန်းမကို ဖယ်ထုတ်ဖို့ ပိုက်ဆံသုံးခြင်း ဖြစ်သည်။


တရားမ၀င်သော ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်နိုင်သည်ဟု ၎င်း၏ မိခင်ကြီးက ပြောခဲ့သည်။ သို့သော် ကျန်းဟွမ် က  နားမထောင်ခဲ့ပေ။


"လာ ဟယ်ဟယ်...ဖေဖေနဲ့ စကားလာပြော...ဘာလိုချင်လဲ..." ကျန်းဟွမ် က ပြုံးပြီး ပြောလိုက်သည်။


ကျန်းယန်ရှန့် သည် ဤ စကားကို နှစ်ပေါင်းများစွာ မကြားခဲ့ရပေ။


 တစ်ခါက အဖေက ဆုလက်မှတ်တွေကို တွေ့တော့ သူက ပြုံးပြီး "ယန်ယန်...ဘာလိုချင်လဲ..ဟုမေးဖူးသည်။


ထိုဆုများ ရရန် ကျန်းယန်ရှန့် ဘယ်လိုကြိုးစားအားထုတ်ခဲ့သလဲ၊ သူမ အမေကရော ဘယ်လိုကြိုးစားမှုမျိုးတွေ လုပ်ခဲ့လဲလို့ မမေးခဲ့ဖူးပေ။ 


ကတိပေးပြီး ရက်ရက်ရောရော ပေးရုံသာရှိသည်။ နောင်တွင်၊ ကျန်းယန်ရှန့်  ကွယ်လွန်သောအခါ သူသည် အချိန်ကြာမြင့်စွာကပင် မျှော်လင့်ချက်မဲ့သော သမီးလေးကို စွန့်လွှတ်ခဲ့ပြီး သူမကို မတွေ့မမြင်‌ စေရန် ငွေကိုသာ အသုံးပြုခဲ့သည်။


ကျန်းဟယ်လင်း က "သမီးလိုချင်တာ ဘာမှမရှိဘူး..." 


သို့သော်လည်း ကျန်းယန်ရှန့် သည်  ကတ်ကြေးကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ 


 'ဖခင်၏ မေတ္တာနှင့် သနားခြင်း'  ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်နေသော ဖခင်နှင့် သမီးတို့ တုန်လှုပ်သွားရသည်။


"ဟယ်ဟယ်ရဲ့ စန္ဒယားဆရာကို ပြောင်းရမယ်...သူ့ဆရာမ က မကောင်းဘူး...သူမ ကလုံးဝ အလေးအနက် မရှိဘူး...သူ့အတန်းက အလုပ်ချိန်ကို ဖြုန်းတီးပြီး အဖေ့ ရဲ့ပိုက်ဆံတွေကို လိမ်ယူနေတာပဲ...” 


ကျန်းယန်ရှန့် က ကျန်းဟယ်လင်းကိုပါကြည့်၍ အတည်ပြုချက်ယူလိုက်သည်။


 "ဟယ်ဟယ်...ဟုတ်တယ်မလား...." 


ကျန်းဟယ်လင်း က ခေါင်းညိတ်သည် 


"သူမက သမီးကို သိပ်ဂရုမစိုက်ပါဘူး...သူက သမီးကို တစ်ယောက်တည်း တီးခွင့်ပေးတာ...သူမ က မသင်ပြဘူး...” 


"ငါ့ပိုက်ဆံတွေ ယူထားပေမယ့် ဘာမှမသင်ဘူးပေါ့...သူ့ကို အလုပ်ဖြုတ်မယ်...”


ကျန်းယန်ရှန့် က “သမီးရဲ့ စန္ဒယား သင်ခန်းစာတွေကို ဆက်မသင်တော့ဘူး... နောက်လည်း မသင်ချင်ဘူး... သမီး အမေက ဆရာမကို သိခဲ့တာ...သူမက သမီးကို နှစ်ပေါင်းများစွာ သင်ပေးခဲ့တယ်...ဟယ်ဟယ် ကိုလည်း သူမနဲ့ပဲ သင်ခိုင်းပါ...” 

.


"ကောင်းပြီ...သမီးရဲ့ ဆရာဖြစ်ခဲ့တယ်ဆိုတော့ ဟယ်ဟယ်က ဒီတိုင်း..." 


သို့သော် သူ့စကား မဆုံးမီ ကျန်းယန်ရှန့် သည် သူမ၏ ဆဲလ်ဖုန်းကို ကြည့်လိုက်ပြီး ခေါင်းကို မော့ကာ ပြောလိုက်သည်။


“ဆရာမ ဖုန်းနံပါတ်ကို သမီး ပေးလိုက်ပါပြီ...ဒါကြောင့် သူမကို ဆက်သွယ်နိုင်မှာပါ...” 


"သူမနဲ့..." 


ကျန်းဟွမ် အံ့အားသင့်သွားသည်။ 


" ပြီးတော့ အဖေက မိဘပဲ...ဟယ်ဟယ့် မှာ ခုထိ အဖေရှိသေးတယ်..." 


ကျန်းယန်ရှန့် က ရွဲ့စောင်းပြီး ပြုံးလိုက်ကာ


 "အဖေ့ရဲ့ သားသမီးကို တခြားသူကို စောင့်ရှောက်ခိုင်းလို့ မရဘူး...သမီးက အခု ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တယ်...ဒါပေမဲ့ သမီးညီမကို မစောင့်ရှောက်နိုင်ဘူး..."


 "အို...ဘယ်လိုပဲဖြစ်ဖြစ်...သူမ ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ...ဆရာမက အရမ်းနာမည်ကြီးတယ်...သူမ မှာ သင်တန်း ရှိပြီးသားဆိုရင်  ရက်ချိန်းယူဖို့ မလွယ်ကူဘူး...အရမ်းနောက်ကျသွားခိမ့်မယ်.... ”


 ထိုအချိန်တွင် အန်တီ လော သည် စင်္ကြံအဝင်ဝတွင် ပေါ်လာပြီး 


"ညစာ စားချိန် ရောက်ပါပြီရှင့်..." ဟု ခေါ်လိုက်သည်။


ကျန်းယန်ရှန့် သည် ထမင်းစားခန်းဆီသို့ လျှောက်သွားခဲ့သည်။ 


ကျန်းဟွမ် က ကျန်းဟယ်လင်း ကို မေးလိုက်သည်။


"မင်းအစ်မ က ဘာလို့ စန္ဒယားမသင်တော့တာလဲ..." 


"အစ်မ ပြောတာက သူမ စန္ဒယားတီးတာကို လုံးဝမကြိုက်လို့ တဲ့...” 


 မကြိုက်ဘူးလား...


ယန်ယန်  ငယ်ငယ်က စန္ဒယားကို အပြင်းအထန် လေ့ကျင့်ပြီး စာမေးပွဲကို တစ်ဆင့်ပြီး တစ်ဆင့် တက်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ 


သူမ နောက်တစ်ဆင့် တက်တိုင်း သူ့မိန်းမ သည် အရမ်း ပျော်နေတတ်သည်။


 ဒါဆို ဒီကလေးက သူမ အမေကို ပျော်အောင်ထားဖို့ ကြိုးစားတာလား.... ကျန်းဟွမ် သက်ပြင်းချလိုက်သည်။


 ပြန်တွေးကြည့်လျှင် ယန်ယန်သည် စကားကို ကောင်းမွန်စွာ မပြောခဲ့သည်မှာ ကြာပြီ ဖြစ်သည်။


'အမေ‌ ရော အဖေ မရှိဘူး ဆိုတာ ဘာကိုဆိုလိုတာလဲ.....အဖေ တစ်ယောက်လုံး အသက်ရှင်နေသေးတာပဲ...'