part 39
ကျန်းယန်ရှန့် သည် သူမ၏လေ့ကျင့်မှု အပြီးတွင် ဈေးဝယ်မထွက်သောကြောင့်ကျန်းဟွမ် ထက်စောပြီး ပြန်လာခဲ့သည်။ ကျန်းဟွမ် ၏ကား ခြံဝင်းထဲသို့ ဝင်သွားပြီးနောက် တစ်ရက်လုံး အပြင်မထွက်ရဲသော လျန့်ယင်းယင်း က သူ့ကို နှုတ်ဆက်ရန် တတိယထပ်မှ အမြန်ဆင်းလာခဲ့သည်။
သူမမျက်နှာပေါ်တွင် ချော့မော့သောအပြုံးတစ်ခုရှိသော်လည်း ကျန်းဟွမ် က သူမကို နှစ်လိုဟန်မရှိချေ။
“ဘာလို့လဲ ဆိုတာ ငါ့ကို ရှင်းပြပါ…” သူက လျန့်ယင်းယင်း ကို လက်ညှိုးထိုးရင်း အော်လိုက်သည်။
သို့သော် လှေကားထောင့်ရှိ လက်ရန်းပေါ်တွင် မှီကာ ချောင်းကြည့်နေသော ကျန်းဟယ်လင်း ကို တစ်ချက် လှမ်းကြည့်မိရာ သူ ဆွံ့အသွားရသည်။
တချို့စကားလုံးများသည် ကလေးများ ရှေ့မှာ ပြောဖို့ မသင့်တော်ပေ။
"ငါနဲ့လိုက်ခဲ့..." လျန့်ယင်းယင်း အား ဒေါသတကြီးပြောလိုက်သည်။
လျန့်ယင်းယင်း သည် မျက်ခုံးပင့်ကာအပေါ်ထပ်သို့ လိုက်သွားခဲ့သည်။
ကျန်းဟယ်လင်း က “အဖေ...ပြန်လာပြီလား...” ဟု ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။ ကျန်းဟွမ် က တုံ့ပြန်ပြီး ကျန်းဟယ်လင်း ၏ ခေါင်းကို ချစ်စနိုး ကိုင်ကာ
"သမီး အစ်မ ဘယ်မှာလဲ..."
"သူ့အခန်းထဲမှာ..."
ကျန်းဟယ်လင်း က"အစ်မက နေ့တိုင်း သူမ အခန်းထဲမှာ စာကျက်ေနတယ်..." ဟု နာခံစွာ ပြောလိုက်သည်။
ကျန်းဟွမ် သည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
"သမီးလည်း စာကြိုးစားရမယ်..."
ကျန်းဟယ်လင်း က ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ သူမက အိမ်စာတွေကို နေ့တိုင်း လေးလေးနက်နက် လုပ် လေ့ရှိသည်။ သူမက လူကြီးများရှေ့တွင် ထုတ်ဖော် မပြခြင်းသာ ဖြစ်သည်။
လျန့်ယင်းယင်း သည် ဤအသုံးမကျသော သမီးကို စိတ်ဆိုးသွားသည်။ သူမ လမ်းလျှောက်လာရင်း ကျန်းဟယ်လင်း ၏ ခေါင်းကို လက်ဖြင့် အပြင်းအထန် ရိုက်လိုက်ပြီး သူမသည် အလွန် နုံအပြီး မျက်နှာသာပေး ခံရမည့် သမီး မဟုတ်ဟု တွေးနေမိသည်။
၎င်းကို ကျန်းဟွမ် က မြင်သွားပြီးအော်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ...မင်းဘာလို့ ကလေးကို ရိုက်တာလဲ..."
လျန့်ယင်းယင်း က ကမန်းကတန်း ပြုံးလိုက်ကာ
"သူမကို သင်ပေးနေတာ...စာကို ခက်ခက်ခဲခဲ ကြိုးစားဖို့လိုတယ် ဆိုတာ သူမသိသင့်တယ်..."
ကျန်းဟွမ် က လျစ်လျူရှုပြီး အပေါ်ထပ်သို့ တက်သွားသည်။
လျန့်ယင်းယင်း လည်း လိုက်သွားပြီး အပေါ်မတက်ခင် ကျန်းဟယ်လင်း ကို တစ်ချက်ကြည့်လိုက်ပြီး
"နင် အသုံးကိုမကျဘူး..."
ကျန်းဟယ်လင်း က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည်။
ကျန်းယန်ရှန့် ဟာ ညနေပိုင်းတွင် ခဏမျှ စာကြည့်ခဲ့ပြီး ပင်ပန်းသဖြင့် စာအုပ်ကို ပိတ်ပြီး အောက်ထပ်သို့ ဆင်းခဲ့သည်။အခန်းထဲက ထွက်လာချိန်တွင် ကျန်းဟယ်လင်း က ခေါင်းငိုက်စိုက် နှင့် သူမ မျက်လုံးတွေကို သုတ်ရင်း သူမ အခန်းထဲသို့ သွားနေသည်ကို တွေ့လိုက်ရသည်။
'မျက်ရည်ကျနေတာလား'
ကျန်းယန်ရှန့် ခေတ္တရပ်လိုက်ပြီး သူမဆီလျှောက်သွားကာ
"ဘာဖြစ်လို့လဲ...ကျန်းရှို့ချန် က နင့်ကို ထပ်ပြီး အနိုင်ကျင့် ပြန်ပြီလား..."
ကျန်းဟယ်လင်း က
“မဟုတ်ပါဘူး...”
ကျန်းယန်ရှန့် က သူမ မျက်ရည်သုတ်နေသည်ကို မြင်လိုက်၍ ရှက်သွားပြီး ခေါင်းကို ကမန်းကတန်းငုံ့ကာ "ရှို့ရှို့ ခြံထဲမှာ ကစားနေတယ်..."
"ဒါဆို နင် ဘာလို့ ငိုနေတာလဲ..."
“ညီမလေး...မငိုပါဘူး…”
ဒီကောင်မလေးသည် ညံ့ဖျင်းပြီး အားနည်းတတ်သူ ဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် ထိုကဲ့သို့ ပင်ကိုယ်စရိုက်ဖြင့် ကြီးပြင်း လာခဲ့သည်။
ကျန်းယန်ရှန့် က သူမ၏ ပြည့်ဝိုင်းသော မေးရိုးကို ကိုင်လိုက်ပြီး မျက်နှာကို လှည့်ပတ်ကြည့်ကာ
“နင် ဘယ်သူကို လိမ်နေတာလဲ...နင်ငိုနေတာပဲ..."
ကျန်းဟယ်လင်း က သူမ လက်ကို ဖယ်လိုက်ကာ ခြေမဖြင့် ကြမ်းပြင်ကို ရှက်ရွံ့စွာ ရစ်ဝိုင်းနေသည်။
"ဘာဖြစ်တာလဲ...ငါ စိတ်မရှည်တော့ဘူး...အဲ့ဒီတော့ပြော..."
ကျန်းဟယ်လင်း က လေသံ တိုးတိုးဖြင့် “အမေက ခေါင်းကို ရိုက်လိုက်တယ်...”
လျန့်ယင်းယင်း ဖြစ်သည်ကို သူမကြားသောအခါ ကျန်းယန်ရှန့် ဒေါသထွက်လာပြီး
"ဘာလို့ ရိုက်တာလဲ..." ကျန်းဟယ်လင်း စိတ်ရှုပ်သွားသည်။
“မသိဘူး…”
ကျန်းယန်ရှန့် : “…”
"ငါ့အခန်းထဲကိုလာခဲ့..."
သူမက ခပ်တိုးတိုး ပြောလိုက်သည်။
ကျန်းဟယ်လင်း ကျန်းယန်ရှန့် ၏ အခန်းသို့ လိုက်သွားသည်။ ကျန်းယန်ရှန့် က အာလူးကြော်တစ်ထုပ်ကို ယူလိုက်ပြီး အထုပ်ကို ဖောက်ကာ ကျန်းဟယ်လင်း ကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းသည်။
" လာ...ဘာဖြစ်တာလဲ...နင့်ခေါင်းကို ရိုက်ရအောင် နင်ဘာပြောခဲ့လို့လဲ...ဘာလုပ်ခဲ့လဲ..."
ကျန်းဟယ်လင်း သည် အာလူးကြော်နှစ်ချပ်ကို စားပြီး သူမ၏ ရင်ထဲမှ နာကျည်းမှုများ သက်သာသွားသောကြောင့် လှေကားပေါ်မှ အခြေအနေအကြောင်း သူမ ပြောပြလိုက်သည်။
ကျန်းယန်ရှန့် ကြားလိုက်သည် နှင့် နားလည်သွားသည်။
"နင့်အမေက နင် သူမကို ပြန်ပြောရဲမှာ မဟုတ်ဘူး လို့ထင်နေပုံရတယ်..."
ကျန်းဟယ်လင်း က အာလူးကြော်အိတ်ကို ဖျစ်ပြီး ခေါင်းငုံ့ လိုက်သည်။
သနားစရာ...
ကျန်းယန်ရှန့် သူမကို နှစ်သိမ့်လိုက်သည်။
"မေ့လိုက်ပါ...နောက်နှစ်ဝက် ကျရင် ကြိုးစားပြီး စာမေးပွဲမှာ အမှတ်ကောင်းအောင် လုပ်..."
ကျန်းဟယ်လင်း ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
"ဘာလဲ..." ကျန်းယန်ရှန့် စိတ်မရှည်တော့ဘဲ
"နင် အသံ ကျယ်ကျယ် ပြောလေ... နင် ခြင်တစ်ကောင်လိုပြောရင် နင့်ကိုဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး...တစ်ခုခုပြောချင်ရင် အသံကျယ်ကျယ်ပြော...”
အစ်မ စကားများသည် အမြဲတမ်း အဓိပ္ပါယ် ရှိသည်။တကယ်တော့ ဒီမိသားစုတွင် ဘယ်သူမှ သူမ ကို ဂရုမစိုက်ကြပေ။
ကျန်းဟယ်လင်း က သတ္တိကို စုစည်းပြီး
"ညီမက... အခန်းထဲမှာ ပထမနဲ့ တစ်တန်းလုံးမှာ ဒုတိယပါ..."
ကျန်းယန်ရှန့် : “…”
ကျန်းယန်ရှန့် က အံ့အားသင့်သွားသော အသံဖြင့်
"နင် ဘာပြောလိုက်တာလဲ..."
ကျန်းဟယ်လင်း သည် ခဏမျှ တုန်လှုပ်သွားသော်လည်း သူ့အစ်မနှင့် ရင်ဆိုင်ရာတွင် အခြားသူများထက် ပို၍ ရဲရင့်သည်။ သူမထပ်ပြောသည်။
“ညီမက အတန်းထဲမှာ ပထမနဲ့ တစ်တန်းလုံးမှာ ဒုတိယပါ..."
ကျန်းယန်ရှန့် မျက်တောင်ခတ်လိုက်သည်။
ဒီကောင်မလေးက သာမာန် ပညာရပ်ဆိုင်ရာ စွမ်းဆောင်မှု ရှိသည်ကို သူမ ဘယ်လို လုပ် မမှတ်မိရသနည်း။
ရှုထောင့်တိုင်းသည် အလွန်ရိုးစင်းပုံရသည်။ ဤမိသားစုတွင် သူမကို မည်သူမျှ ချီးကျူးသည်ကို မကြားဖူးပေ။
ကျန်းဟယ်လင်း က သူမကို မယုံသလို ကြည့်နေကာ “အဲ့ဒါ တကယ်ပါ...” ဟု အလျင်စလို ပြောလိုက်သည်။
"ဒါဆို နင့်အမေက နင် စာမကျက်ဘူးလို့ ဘာလို့ထင်နေတာလဲ..."
“သူမ မသိဘူး…” ကျန်းဟယ်လင်း စိတ်ပျက်သွားပြန်သည်။ကလေးရဲ့ အဆင့်အတန်း ကို ဘယ်အချိန်မှ မိခင်က သိတော့မည်နည်း။
ကျန်းယန်ရှန့် မျက်ခုံးပင့်လိုက်သည်။
“သူမက ညီမရဲ့ မိဘဆရာ အစည်းအဝေးကို မသွားခဲ့ဘူး...ရှို့ရှို့ နဲ့ ညီမက တစ်နေ့တည်း မိဘဆရာတွေ့ဆုံပွဲ ရှိတာ...သူမက ရှို့ရှို့ ဆီပဲသွားခဲ့ပြီးညီမ အတန်းကို မသွားဘူး..."
xxxxxxxx
Part 40
ကျန်းဟယ်လင်း၏ ရှင်းပြမှုကိုကြားပြီးနောက် ကျန်းယန်ရှန့် ဒေါသထွက်သွားသည်။
"နင် အ,လှချည်လား...မသွားတော့ သူမကို မပြောဘူးလား...”
“ညီမ ပြောတယ်…”
ကျန်းဟယ်လင်း က နှုတ်ခမ်းကိုကိုက်ပြီး အာလူးကြော်အိတ်ထဲက ယူလိုက်ပြီး
“သူမက မိတ်ကပ်လိမ်းနေတယ်… သူမက ‘သိတယ်’ လို့ပဲ ပြောလိုက်တယ်..."
တကယ်တော့ သူမ ဘာမှ မသိပေ။သူမ၏ သမီးက တစ်ခုခုပြောနေပေမယ့် သူမအလေးအနက်မထားခဲ့ပေ။ သူမသည် မိမိကိုယ်ကို လှပစေရန် အာရုံစိုက်ပြီး အလျင်အမြန်ထွက်တတ်သူပင်။
"အဖေ့ကို ပြောဖူးလား..." ကျန်းယန်ရှန့် က မေးသည်။
“ညီမလည်း ပြောပါတယ်…” ကျန်းဟယ်လင်း က “အဲဒီတုန်းက အဖေက ဖုန်းပြောပြီးမှ ပြောဖို့ ပြောပေမယ့် ဖုန်းပြောပြီးတာနဲ့ ချက်ချင်း အပြင်ထွက်သွားခဲ့တယ်...”
ညီမက စကားမပြောတာ ကြာပြီ။
ကျန်းဟယ်လင်း စိတ်ထဲတွင် ပြောစရာ အများကြီး ရှိပေမယ့် ဤမိသားစုထဲက ဘယ်သူမှ သူ့စကားကို နားမထောင်ချင်ကြပေ။
ဤအခွင့်အရေး ကိုယူ၍ နောက်ဆုံးတွင် သူမနှင့် စကားပြောရန် တစ်စုံတစ်ဦးကို ရှာတွေ့ခဲ့သည်။
“ကျွန်မ 'သင်ယူမှု ကြယ်' လက်မှတ်လည်း ရခဲ့ပါတယ်...ဒီလက်မှတ်ကို အတန်းထဲက ထိပ်တန်း သုံးဦးကိုပဲ ပေးတာ...ပြီးတော့ 'အပြုသဘောဆောင်သောကြယ်' နဲ့ 'ချစ်ကြည်ရေးကြယ်' လည်းရှိတယ်...ဒီလက်မှတ် နှစ်ခုက ..."
ကျန်းယန်ရှန့် သည် ညီမငယ်၏စကားကို နားထောင်ပေးပြီး ကျန်းဟယ်လင်း က စကား အမျှင်မပြတ်အောင် ပြောဆိုလေတော့သည်။သူမ၏ မျက်လုံးများတွင် ပုံမှန်အားဖြင့် မမြင်ရသော အလင်းရောင်များ ရှိနေလေ၏။
“နင့်ရဲ့ ဆုလက်မှတ်တွေ ဘယ်မှာလဲ...” ဟု မေးလိုက်သည်။
ကျန်းဟယ်လင်း က
“ညီမ အခန်းထဲမှာ...” ကျန်းယန်ရှန့် က မတ်တပ်ထရပ်ပြီး
“ငါကြည့်ချင်တယ်...နင့်အခန်းကို သွားရအောင်...”
ကျန်းဟယ်လင်း ၏ မျက်လုံးများသည် ကောင်းကင်ရှိ ကြယ်များကဲ့သို့ ဖြတ်ခနဲ ဝင်းလက် သွားရသည်။ အချစ်ခံချင်သည့် ကလေးတစ်ယောက်၏ မျက်လုံးတွေ ဖြစ်သည်။
တစ်ချိန်က သူမမျက်လုံးထဲတွင်လည်း တောက်ပသည့် အလင်းတန်းများ ရှိခဲ့သည် ဟု ကျန်းယန်ရှန့် တွေးမိသည်။ နောက်ပိုင်းတွင် ထိုအလင်းတန်း များသည် စိတ်ပျက်လက်ပျက်ဖြင့် ငြိမ်သက် သွားခဲ့ရသည်။
ကျန်းဟယ်လင်း က အခန်းထဲတွင် သူမမြတ်နိုးသော ဆုလက်မှတ်များ ပြည့်နေသည့် စက္ကူပုံးကို ထုတ်ယူလိုက်သည်။
ကျန်းယန်ရှန့် သည် ဆုလက်မှတ် များ ကိုဖတ်သည်။ထို့နောက် သူမ၏ ထောက်ခံစာများ ကိုဖတ်သည်။သူမ၏ အိမ်စာ စာအုပ်များကိုလည်း ဖတ်သည်။ နောက်ဆုံးတော့ သူမ မှတ်မိ ထားသည်တို့ သွေဖည်သွားသည် ဟုဝန်ခံလိုက်ရတော့သည်။
ကျန်းဟယ်လင်း သည် သာမာန်မိန်းကလေး မဟုတ်ပေ။ အလွန်ထက်မြက်သော မိန်းကလေး ဖြစ်လေသည်။
ဤကဲ့သို့ ထူးချွန်သည့် မိန်းကလေးဟာ နောက်ပိုင်းတွင် စိတ်ထားပျော့ညံ့ကာ တိတ်တဆိတ် ငိုယိုတတ်သော သူရဲဘောကြောင်သည့် မိန်းကလေး ဘာကြောင့် ဖြစ်ခဲ့ရပါလိမ့်။
ကျန်းယန်ရှန့် သည် ဆုလက်မှတ်ကိုင်ထားကာ ပဟေဠိ ဖြစ်နေရသည်။ သူမသည် ခေါင်းကို မော့ကာ ကျန်းဟယ်လင်း ကို ချီးကျူးစကားဆိုသည်။
ကျန်းယန်ရှန့် ရုတ်တရက် ဤမျက်လုံးများ၏ အကြည့် ကို သတိရသွားသည်။
' အစ်မ...အမေက တကယ်ပဲ အပျော်မယားလား...'
သူမက နံရံ၏ အရိပ်မှာ ရပ်ပြီး မေးခဲ့ခြင်း ဖြစ်သည်။
ထိုနေ့က သူမ အိမ်ပြန် ရောက်သောအခါ လျန့်ယင်းယင်း နှင့် အကြီးအကျယ်ရန် ဖြစ်ခဲ့ပြန်သည်။
ကျန်းဟယ်လင်း ၏ ခံစားချက်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။
အပေါ်ထပ်သို့တက်ကာ ပစ္စည်းယူပြီး အခန်းပြင်သို့ ထွက်လာခဲ့ သော်လည်း ကျန်းဟယ်လင်း က သူမကို စင်္ကြံတွင် စောင့်ဆိုင်းနေပြီး ထိုမေးခွန်းကို မေးခဲ့သည်။ ထိုအချိန်က သူမ လှောင်ပြောင်ခဲ့သည်။
“အပျော်မယား...အပျော်မယားလို့ ပြောတာက ချီးကျူးလွန်း နေပြီမဟုတ်လား...”
သူမ၏ စကားများသည် ဓားတစ်လက်ပမာ မစ္စကျန်း မဖြစ်မီ လျန့်ယင်းယင်း ၏ မျက်နှာကို ဆုတ်ဖြဲပစ်လိုက်သည်။
သူမကသာ နင့်ကို မမွေးရင် အပျော်မယားပဲ။
သူမက:
"တကယ်လို့ နင့်ကိုသာ မမွေးခဲ့ရင် နင့်အမေက ဒုတိယ မယားတွေထဲက တစ်ယောက်ပဲ ဖြစ်မှာပဲ... ကျန်းရှို့ချန် ဒီအိမ်ကို ဝင်လာတာကို သူမ ကျေးဇူးတင်သင့် တယ်...အထူးသဖြင့်...နင်..."
သူမသည် ယခင်က အိမ်အကူ အဒေါ်များ၏ အတင်းအဖျင်း စကားများကို ရံဖန်ရံခါ ကြားခဲ့ရသောကြောင့် ယခုကဲ့သို့ ပြောရခြင်း ဖြစ်သည်။ လျန့်ယင်းယင်း နှင့်အတူ ကျန်း အိမ်သို့ လိုက်လာသော အန်တီဝမ် သည် နှုတ်မလုံစွာဖြင့် အခြားသူများအား
“ဟယ်ဟယ် ဘယ်လို ကိုယ်ဝန်ရလာလဲ သိလား...ပြောပြမယ်...တစ်ခါက ကွန်ဒုံး အပေါက် ဖြစ်သွားလို့ ဆိုပြီး တစ်ယောက်ယောက်ကို ဖုန်းဆက်နေတာ ကြားလိုက်ရတယ်...အဲ့တာနဲ့ ဟယ်ဟယ့်ကို ကိုယ်ဝန်ဆောင် ရပါလေရော...နောက်ဆုံးတော့ ရွှေသခင်ကြီး ကို ထောင်ချောက် ဆင်ပြီး ဖမ်းရတော့တာပေါ့...."
ကလေးရှိနေသဖြင့် ယောက်ျား တစ်ယောက်က သူမကို ငြီးငွေ့လာပြီး ကလေး ထပ်မယူတော့သည့်တိုင် သုံးစွဲရန် ငွေအမြဲပေးမည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ တစ်စုံတစ်ယောက် မွေးဖွားပြီး ဖြစ်ပြီး ကျန်းဟွမ် သည် နောက်တစ်ယောက်ရှိရန် အလေးမထားသောကြောင့် ကျန်းရှို့ချန် မွေးဖွားခဲ့ရခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့်၊ ယောက်ျား တစ်ယောက်သည် သူ့အေပျာ်မယား အတွက်ကြောင့် သူ့မိန်းမကို ကွာရှင်းမည် မဟုတ်သလို အိမ်ထောင်တစ်ခု ပြိုကွဲခံမည် မဟုတ်ပေ။ ယောက်ျားများအတွက် ချစ်သူ များစွာရှိခြင်းသည် စံ တစ်ခုဖြစ်ပြီး လျန့်ယင်းယင်း သည် ကျန်းယန်ရှန့် ၏ မိခင် ဆုံးပါးသွားသဖြင့်သာ ကံကောင်းခဲ့ ရခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် တို့အတွက် ကျန်းဟွမ် သည် နောက်ဆုံးတွင် ဤအမျိုးသမီးကို ကျန်းအိမ်တော်သို့ ဝင်ခွင့်ပေးလိုက် ရတော့သည်။ အပျော်မယားမှ မစ္စကျန်း အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုနေ့က ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း အား ထိုစကားများပြောပြီးနောက် လှည့်ထွက်ခဲ့သည်။ လှေကား ထိပ်သို့ ရောက်သောအခါ ပြန်လှည့်ကြည့် လိုက်သည်။ညီမငယ် သည် နံရံ၏ အရိပ်ထဲတွင် ခေါင်းငုံ့ကာ ရပ်နေသေးသည်။ ကျန်းယန်ရှန့် အောက်ထပ်သို့ဆင်းသွားသောအခါတွင် သူမ၏ နှလုံးသားထဲတွင် လျှို့ဝှက်သော ပျော်ရွှင်မှုတစ်ခု ရှိနေတော့သည်။
လျန့်ယင်းယင်း သည် သူ့အတိတ်ကို မရှက်လျှင် သူ့သမီးကို အရှက်ရစေချင်သည်။
ထိုနှစ်အနည်းငယ်အတွင်း ကျန်းယန်ရှန့် ကြီးပြင်းလာကာ စာညံ့ဖျင်းပြီး သူမလုပ်ချင်သမျှကိုသာ လုပ်ခဲ့သည်။
သူမနှင့် လျန့်ယင်းယင်း အကြား ရန်ပွဲကြောင့် ဤမိသားစုတွင် ဗရုတ်ဗရက်ဖြစ်ခဲ့ရပြီး တစ်အိမ်လုံး စိတ်မချမ်းသာစရာ ကောင်းသော အငွေ့အသက်များ ပြည့်နှက်နေသည်။
ကျန်းယန်ရှန့် သည် သူမရှေ့တွင် ချစ်စဖွယ် ပြုံးပြနေဆဲဖြစ်သော ညီမငယ်အား ကြည့်လိုက်သည်။ ထို့နောက် သူမ သည် စင်ပေါ်မတက်နိုင်သော ဇာတ်ကောင်မျိုး အဘယ်ကြောင့် ဖြစ်လာရကြောင်း သူမ နားလည်သွားရသည်။
ပျိုးပင်များ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ မိသားစုအသိုက်အဝန်း မကောင်းလျှင် ရှင်သန်ကြီးထွားရန် မဖြစ်နိုင်ပေ။
သည်တစ်ခါ အစ်မက အကြာကြီး တိတ်ဆိတ်သွားသည်။ ထို့ကြောင့်မျှော်လင့်ခြင်းမှ စိတ်ပျက်ခြင်းသို့၊ စိတ်ပျက်ခြင်းမှ စိုးရိမ်ခြင်းအထိ၊ ကျန်းဟယ်လင်း စိတ်မသက်မသာဖြစ်စပြုလာသည်။
ရုတ်တရက်ဆိုသလို ကျန်းယန်ရှန့် မေးလိုက်သည်။
"နင့်မှာ တိပ်ရှိလား..."
ကျန်းဟယ်လင်း က ကမန်းကတန်းဖြင့် "ရှိတယ်..."
"ကတ်ကြေးရော..."
“ရှိတယ်...”
“ယူလာပေး...”
ကျန်းဟယ်လင်း က ကျန်းယန်ရှန့် တောင်းသမျှကို ယူလာသည်။ကျန်းယန်ရှန့် က ဆုလက်မှတ်တွေကို ကောက်ယူလိုက်သည်။
ထို့နောက်"ငါနဲ့ လိုက်ခဲ့..." ဟု ပြောလိုက်တော့သည်။
xxxxxx