Chapter 12
Viewers 1k

🧜 အခန်း ၁၂

မင်းသားလေး : သေစမ်း… ငါတကယ်ကို စိတ်လှုပ်ရှားသွားပြီ…



ယွဲ့ကော ပြောပြီးသွားသည့်နောက် နှစ်ဦးလုံး တိတ်ဆိတ်သွားခဲ့သည်။


ခဏအကြာတွင် ယွဲ့ကောက အသာအယာ ချောင်းဟန့်လိုက်ပြီး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“ဒါပေါ့… မင်းသားလေးရဲ့ အခြေအနေက ပိုပြီးတော့ ရှုပ်ထွေးတယ်… မင်းရဲ့ ပြောပြချက်အရဆိုရင် မင်းသားလေးမှာ တကယ်ပဲ တခြားသူကို သံသယလွန်ကဲတဲ့ စိတ်ဝေဒနာမျိုး ရှိနေပုံပဲ… ဥပမာဆိုရင် မင်းနဲ့ သူ့ကြားထဲမှာ ချစ်သူရည်းစား ဆက်ဆံရေးမျိုး ရှိတယ်… ပြီးတော့ မင်းက သူနဲ့ အင်ပါယာကို သစ္စာဖောက်ပြီး သူ့ကို ထိခိုက်အောင် လုပ်လိမ့်မယ်လို့ စိတ်ကူးယဉ်နေတယ်… ဒါက သူ့ရဲ့ အတိတ်တုန်းက ဖြစ်ရပ်နဲ့လည်း သက်ဆိုင်လောက်တယ်… အထူးသဖြင့် သူ့မှာ ဒီကိစ္စနဲ့ ဆင်တူတဲ့ ဆေးမှတ်တမ်းမျိုး ရှိတယ်လေ…”


“တစ်ခုပဲ… ငါက မင်းသားလေးနဲ့ မဆုံဖူးသလို စကားလည်း မပြောဖူးတော့ တိတိကျကျကြီး မဆုံးဖြတ်နိုင်ဘူး… သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့ ဗဟိုချက်၊ ကံကြမ္မာရဲ့သားတော် ဖြစ်တယ်ဆိုပြီး ပြောနေတာကတော့ ငါ့အထင် အလယ်တန်းဒုတိယနှစ်ရောဂါ ဖြစ်လောက်တယ်… ဘယ်ကလေးကများ ကြယ်ပင်လယ်ကို အုပ်စိုးမယ်ဆိုပြီး အိပ်မက်မရှိဖူးလို့လဲ…”


“ဒါပေါ့လေ… မင်းသားလေးက အခုမှ ၁၈နှစ်ပဲ ရှိသေးတာကို အလယ်တန်းဒုတိယနှစ်ရောဂါ ခံစားနေရတယ်ဆိုတာကတော့ တကယ့်ကို ရှားတာပဲ… ဖြစ်နိုင်တာက… သူ့ရဲ့ စိတ်ကယောင်ချောက်ချား ရောဂါနဲ့များ သက်ဆိုင်နေမလား…”


ယွဲ့ကော၏ အသံမှာ သေချာမှု မရှိပေ။ မည်သို့ပင်ဖြစ်စေ မင်းသားလေးကဲ့သို့ မိမိကိုယ်မိမိ ကမ္ဘာကြီး၏ အဓိက ဇာတ်ကောင်အဖြစ် ထင်နေသော အခြေအနေမျိုးမှာ … အင်မတန် ရှားပေသည်။


တစ်ဖက်တွင်မူ ယွဲ့ကော၏ စကားများကြောင့် ယွဲ့ကျန့်သည် မင်းသားလေး၏ အခြေအနေက အတိတ်ကဖြစ်ရပ်နှင့် သက်ဆိုင်နေမည်ဟု တွေးမိနေသည်၊ အထူးသဖြင့် မင်းသားလေး၏ ယခင်က ဆေးမှတ်တမ်းနှင့် သက်ဆိုင်နေပေမည်။ 

ဒါဆိုရင် … မင်းသားလေးက မရည်ရွယ်ဘဲ ဒိီကိစ္စတွေ ဖြစ်လာစေခဲ့တာလား...


ယွဲ့ကျန့်၏ မူလရည်ရွယ်ချက်မှာ ဓားစာခံများကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ရန် ဖြစ်သော်လည်း သူ၏ အပြုအမူများမှာ အလွန်အမင်း ကြမ်းတမ်းခဲ့သည်ကို မငြင်းဆန်နိုင်ပေ။ အကျိုးဆက်အနေဖြင့် မင်းသားလေးက ပြန်ပေးဆွဲသမားများ၏ နှိပ်စက်မှုကို ခံခဲ့ရသည်။


ဤဖြစ်ရပ်ကြောင့် မင်းသားလေးက ယွဲ့ကျန့်အပေါ် ချစ်ခင်နှစ်သက်မှုအပြင် တစ်ချိန်တည်းမှာပင် စိုးရိမ်ကြောင့်ကြနေရခြင်း ဖြစ်နိုင်သည်။ ဤစိတ်နှစ်ခွက မင်းသားလေး ကြီးပြင်းလာပြီးနောက် သူ့ကို ပြန်မြင်လိုက်ရချိန်မှာ ချက်ချင်း ပြင်းထန်သွားပြီး စိတ်ကယောင်ချောက်ချား ဖြစ်မှုဆီ ဦးတည်သွားခဲ့သ။


ကံကောင်းစွာဖြင့် ယီနျိုက ယွဲ့ကျန့်ကဲ့သို့ အခြားတစ်ဖက်မှ အသံကို မကြားနိုင်ခဲ့။ သို့မဟုတ်ပါက မင်းသားလေးတွင် မေးခွန်းသင်္ကေတများ ပြည့်နေလိမ့်မည်။


ဘာကို စိတ်ကယောင်ချောက်ချား ဖြစ်တာလဲ… ငါ့ကို ဘယ်သူကယ်တာလဲ… ငါ့မှာ ဘာလို့ ထင်မြင်ချက် မရှိရမှာလဲ…


ယွဲ့ကောက ပြောသင့်သည်များကို အားလုံး ပြောပြီးပြီဖြစ်သည်။ ယွဲ့ကျန့် အတွေးလွန်နေသည်ကို မြင်လိုက်ရာတွင် အနှောင့်အယှက် မပေးချင်သော်လည်း မကြာသေးမှီက အင်ပါယာမြို့တော်မှ အခြေအနေကို တွေးကြည့်ပြီးနောက် အကြံအချို့ ပေးလိုက်သည်။


“စကားမစပ် မင်းက မကြာသေးခင်ကပဲ ဖက်ဒရယ်ကို အနိုင်ရထားတာဆိုပေမဲ့လည်း လတ်တလောတော့ အင်ပါယာမြို့တော်ဂြိုဟ်ဆီကို မပြန်သေးတာ ပိုကောင်းလိမ့်မယ်… တကယ်လို့ ပြန်ပြောင်းရွှေ့မိန့် ကျလာခဲ့ရင်တောင် ကြိုးစားပြီး အချိန်ဆွဲထားလိုက်…”


ယွဲ့ကော၏ စကားကို ကြားလိုက်ရသော် ယွဲ့ကျန့်က မျက်ခုံးတန်းများ ပင့်လိုက်ပြီး ဆက်ပြောရန် မျက်လုံးများဖြင့် အချက်ပြလိုက်သည်။


ယွဲ့ကောက သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

“အလိုလေး ပြီးခဲ့တဲ့ စစ်တပ်ဌာနချုပ်တွေ အစည်းအဝေးမှာ ဧကရာဇ်က ရှေ့တန်းမှာ မတော်တဆ ထိခိုက်မှုတွေ များခဲ့တဲ့အပေါ် ဝေဖန်နေတာ… တချို့ဝန်ကြီးတွေက အမိန့်ပေးမှု မှားယွင်းတာ ဖြစ်နိုင်လို့ ဒီကိစ္စကို စစ်ဆေးသင့်တယ်ဆိုပြီး အကြံပေးထားတယ်…”


ယွဲ့ကျန့်က အသာ ပြောလိုက်သည်။

“ကျွန်တော် ဒီကိစ္စကို သိပြီးပြီ…”


ယွဲ့ကျန့်မှ ဤကိစ္စအား စိတ်ထဲ မထားသည်ကို မြင်သောအခါမှ ယွဲ့ကောလည်း စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် မင်းက ငါ့ထက်စာရင် သေချာပေါက် ပိုပြီး သတင်းစုံမှာပါ…”


ကိစ္စများအကြောင်း ပြောပြီးသည့်နောက်တွင် ယွဲ့ကျန့်က ဖုန်းချလိုက်ပြီး မသိလိုက်ပါဘဲ တစ်ဖက်အခန်းဆီ ကြည့်လိုက်မိသည်။


ယွဲ့ကျန့်က ယခုလေးတင် ယွဲ့ကော၏ စောင်းပါးရိပ်ခြည် ပြောနေခြင်းနှင့် ရင်ဆိုင်နေစဉ်က ယုံကြည်မှု ရှိနေခဲ့သော်လည်း မင်းသားလေး၏ အခြေအနေကို တွေးကြည့်ပြီးနောက်တွင် စိတ်မကြည်တော့ပေ။


တစ်ဖက်အခန်းထဲတွင်မူညယီနျိုက ရေသူအသွင်ဖြင့် ရေချိုးကန်ထဲတွင် ရေစိမ်နေခဲ့သည်။ သက်တောင့်သက်သာနှင့် စိတ်ကျေနပ်နေသည်ကြောင့် အမြီး၏ထိပ်ဖျားလေးက ရေစက်လေးများ စီးကျနေအောင် တစ်ကြိမ်ပြီးတစ်ကြိမ် မြှောက်နေခဲ့သည်။


သို့သော်လည်း သူ၏ အမူအရာက ထိုသို့ မဟုတ်ခဲ့ပေ။


ယီနျို၏ ကြည့်ကောင်းလှသော မျက်ခုံးတန်းများက တွန့်ချိုးနေပြီး ဆက်သွယ်ရေးစက်ပေါ်တွင် အနာဂတ်အစီအစဉ်များအကြောင်း သေချာ ရေးသားနေခဲ့သည်။


“ငါက အဓိကဇာတ်ကောင် ဖြစ်ပြီး ဇာတ်ကြောင်းကလည်း ငါ့လက်ထဲမှာ ရှိနေတယ်…ငါ့ရဲ့ ကိုယ်ပိုင်အသိစိတ်လည်း နိုးထလာခဲ့ပြီး စာရေးသူ ထိန်းချုပ်တာကို ခံနေရတာ မဟုတ်တော့ဘူး ဆိုမှတော့ ငါ ဘာကို ကြောက်နေရဦးမှာလဲ…”


သူ သိထားသော ဇာတ်ကြောင်းကို အသုံးပြုကာ သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်လေသည်။ 

ဥပမာဆိုရရင် ဖက်ဒရယ်စစ်တပ်နဲ့ တိုက်ပွဲရလာဒ်ကိုလည်း သူကိုယ်တိုင် ပြောင်းလဲခဲ့ခြင်းမလား...


ငါက အဝါရောင်စာပေကို လွဲမှားအသုံးပြုနေတဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်နေလည်း ဘာဖြစ်လဲ… အဓိကဇာတ်ကောင်က အဓိကဇာတ်ကောင်ပဲ... ကံကောင်းခြင်း၏ သားတော် ဖြစ်နေတုန်းပဲ... တခြားအဓိကဇာတ်ကောင်ဖြစ်တဲ့ ယွဲ့ကျန့်ကလွဲပြီး ဘယ်သူကများ ငါ့ကို ကျော်တက်နိုင်ပါ့မလဲ…


ယွဲ့ကျန့်က အဓိကဇာတ်ကောင် ဖြစ်နေပါသော်လည်း သူ၏ ကိုယ်ပိုင် အသိစိတ်မရှိသေးပေ။ သူကသာ လက်ဦး၍ ကြိုတင်ပြီး စီစဉ်ထားပါက တစ်ဖက်လူ၏ ချုပ်နှောင်ခြင်း ခံရမည့် ကံကြမ္မာအား သေချာပေါက် ပြောင်းလဲနိုင်ပေလိမ့်မည်။


ဤသည်ကို တွေးကြည့်ပြီးနောက် ယီနျိုက လက်သီးဆုပ်လိုက်ပြီး မျက်နှာတွင် စိတ်ပိုင်းဖြတ်မှုများ ရှိနေခဲ့သည်။


ကံမကောင်းစွာပင်၊ စာအုပ်ထဲ၌ အသုံးဝင်သော အချက်အလက်များ မများသဖြင့် များများစားစား မစီစဉ်ထားနိုင်ပေ။


သူ၏ ထင်မြင်ချက်များကို ဆန်းစစ်ပြီးနောက် ယီနျိုက ဟူယိချန်း၊ အနာဂတ် ပြည်သူ့ရေးရာဝန်ကြီး၊ á€á€”á€şá€€á€źá€Žá€¸á€á€ťá€Żá€•á€şá€Ąá€œá€ąá€Źá€„á€şá€¸á€Ąá€œá€ťá€Ź နှင့် အခြား အနာဂတ်မှ အကောင်ကြီးကြီးများကို သူ့ဖက်သို့ ကြိုတင်သိမ်းသွင်းထားရန် လိုအပ်ကြောင်း ခံစားမိလာသည်။


သူသာ အာဏာရှိသော မင်းသားတစ်ပါး၊ ဒါမှမဟုတ်… ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဆိုပါက ယွဲ့ကျန့်က သူ့ကို ထိရဲတော့မည် မဟုတ်ပေ။


စာအုပ်ထဲတွင် ယွဲ့ကျန့် အောင်မြင်သွားရသော အကြောင်းအရင်းကြီးများထဲမှ တစ်ခုက သူ့တွင် အမှန်တကယ် အာဏာ မရှိသည့်အပြင် သူ ပျိုးထောင်ခဲ့သော ငါး*မှ ကျင်းတူးပေးခံလိုက်ရပြီး သူ့ကို ကူညီဖို့ရာ မည်သူမှ ဆန္ဒ မရှိသောကြောင့်ပင်။

(T/N : ယီနျိုအပေါ် ဟိုလိုလို ဒီလိုလိုနဲ့ တကယ်တမ်း သစ္စာမရှိကြတဲ့ နောက်လိုက်တွေကို ပြောတာပါ။)


မှန်ပေသည်၊ သူက သေချာပေါက် စာအုပ်ထဲက ‘သူ’ကဲ့သို့ လူများကို သိမ်းသွင်းမည် မဟုတ်ပေ။ မပြတ်မသား ဆွဲဆောင်မှုများက သူတို့ကို ထိခိုက်စေနိုင်ပြီး ကျင်းတူးပေးခံရလျှင်လည်း ထိခိုက်မည်မှာ သူဖြစ်သည်။


…


တစ်ညတာလုံး ဂရုတစိုက် အစီအစဉ် ချပြီးနောက် နောက်တစ်နေ့တွင် ယီနျိုက စိတ်ဓာတ်တက်ကြွမှု မရှိဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။


ယွဲ့ကျန့်သည်လည်း သူကဲ့သို့ပင် တစ်ချိန်တည်းမှာပင် ထွက်လာခဲ့သည်။ ယီနျို၏ ညိုးနွမ်းနေသော အမူအရာနှင့် မျက်လုံးအောက်မှ အနက်ရောင်အကွက်များကို မြင်လိုက်ရချိန်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများတွင် စိတ်ပူပန်မှု တစွန်းတစ ဖြတ်သန်းသွားသည်။


မင်းသားလေးက ကောင်းကောင်း မအိပ်ရဘူးလား… စိတ်ကယောင်ချောက်ချားဖြစ်မှုကြောင့် သက်ရောက်ခံထားရတာလား… တိတိကျကျ ပြောရရင် တစ်ဖက်လူရဲ့ အခြေအနေက အဲ့ဒီ့နှစ်က ကယ်ဆယ်မှုမှာ ငါ အမှားလုပ်ခဲ့မိလို့လည်း ဖြစ်နေတာပဲ…


ဤသို့ တွေးမိပြီးနောက် ယွဲ့ကျန့်က သူ တာဝန်ယူသင့်သည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံး ယခုအချိန်တွင် သူသာလျှင် ရှေ့တက်ပြီး မင်းသားလေးအား ဂရုစိုက်သင့်ပေသည်။


သို့ရာတွင် သူက အခြားသူများကို ဂရုစိုက်ပေးသည့်နေရာ၌ ကောင်းမွန်မနေပေ။ တွေးကြည့်ပြီးနောက် ယွဲ့ကျန့်က ရှေ့ကို လျှောက်သွားလိုက်ပြီး တတ်နိုင်သမျှ နွေးထွေးစွာ မေးမြန်းလိုက်သည်။

“မင်းသားလေး ကောင်းကောင်း အနားမယူခဲ့ရဘူးလား…  အခန်းထဲက စောင်က သက်တောင့်သက်သာ မရှိလို့လား… အဲ့ဒီ့စောင်ကို လဲချင်လား… ဒါမှမဟုတ် အရှင့်သားမှာ အိပ်မပျော်တဲ့ ရောဂါမျိုးများ ရှိလို့လား… အိပ်စက်ခြင်းကို တိုးမြှင့်ပေးနိုင်တဲ့ အမွှေးနံ့သာ လိုအပ်သေးလား…”


ယီနျို : “…”


ယီနျိုက အစပိုင်းတွင် အိပ်ချင်နေခဲ့သော်လည်း ယွဲ့ကျန့်၏ အသံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် နိုးလာကာ သရဲကို မြင်လိုက်ရသလိုမျိုး မသိလိုက်ဘာသာဖြင့် နောက်သို့ ခြေသုံးလှမ်း ဆုတ်မိသွားသည်။


[ဒါ ဒါ ဒါ… ဗိုလ်ချုပ်ယွဲ့လား… ဘာလို့ ရုတ်တရက်ကြီး နူးနူးညံ့ညံ့ ပြောနေရတာလဲ… သူ ငါ့ကို ဂရုစိုက်နေတာလား…]


[ပြီးခဲ့တဲ့ ရက်တွေတုန်းက… ငါက လတ်လတ်ဆတ်ဆတ် ငါးကို စားချင်နေလို့ဆိုပြီး ငါးသလောက် စည်သွပ်ဘူးကို ပစ်ပေးပြီး ရှေ့တန်းက အခြေအနေတွေက မကောင်းလို့ ငါ့ကို သည်းခံရမယ်ဆိုပြီး ပြောသွားတာလေ… ဒါက တကယ်ပဲ တူညီတဲ့ ဗိုလ်ချုပ်ယွဲ့ ပဲလား… သူ အစားထိုးခံထားရတာလား…]


ယွဲ့ကျန့် : “…” 

ဒီကောင်လေးက ဘယ်လို အငြိုးအတေး ထားရမလဲဆိုတာ သိနေတာပဲ...


ယွဲ့ကျန့်က လက်သီးဆုပ်လိုက်ကာ နှုတ်ခမ်းနားကပ်ပြီးနောက် အသာအယာ ချောင်းဟန့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

“ကိုယ် အရင်က အရှင့်သားအကြောင်း မသိလို့ ရိုင်းပြမိခဲ့ပါတယ်… ကိုယ့်အမှားပါ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”


ယီနျိုက သူ့ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်ပြီး သူ မည်သည်ကို တွေးနေကြောင်း သိချင်နေခဲ့သည်။


သို့သော်လည်း ဤသည်က အဓိက မဟုတ်ပေ။ အဓိကသည် ယွဲ့ကျန့်က အမှန်တကယ် သူ့ကို တောင်းပန်နေခြင်းပင်။ ထို့အပြင် ဤတောင်းပန်မှုက ကြိုတင်သတိပေးချက်လည်း မရှိသလို အကြောင်းပြချက်လည်း မရှိပေ။


ယီနျိုက အံ့ဩသွားရကာ ပုံမှန် မဟုတ်ကြောင်း ခံစားမိလိုက်သည်။


သူ၏ မျက်နှာထက်တွင် သတိထားနေသည့် အကြည့်မျိုး ရှိနေခဲ့ပြီး သူ တွေးနေခဲ့သည်မှာ…


[တကယ်လို့ တစ်ခုခု မှားနေတာဆိုရင် ယွဲ့ကျန့်ကိုယ်ထဲ မိစ္ဆာဝင်နေတာ ဖြစ်ရမယ်… ဘာလို့ ယွဲ့ကျန့်က ငါ့အတွက် ဒီလောက် လုပ်ပေးနေမှာလဲ… ဖြစ်နိုင်တာက… ငါသူ့ကို မဆွဲဆောင်ခဲ့လို့များ သူ တောင့်မခံနိုင်တော့လို့ အရင်ဆုံး ခြေစလှမ်းလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာများလား…]


[အိုး… နောက်ဆုံးတော့ မြေခွေးအမြီးကို ထုတ်ပြပြီပေါ့လေ… သူ ငါ့ကို တပ်မက်နေတာ ငါသိသားပဲ…]


[ဒါပေမဲ့ ငါက အရူးလုပ်ခံမှာ မဟုတ်ဘူး… ငါက အရင်ကလို ယီနျို မဟုတ်တော့ဘူး… အခု ငါက … နိုးထလာပြီဖြစ်တဲ့ ကံကြမ္မာရဲ့ သားတော်ပဲ…]


ယွဲ့ကျန့် : “…” 


သူ၏ နဖူးတွင် အပြာရောင် သွေးကြောများ ထွက်ပေါ်လာပါသော်လည်… သို့သော်လည်း… မေ့လိုက်သင့်သည်။ စိတ်ကယောင်ချောက်ချား ဖြစ်နေသော လူနာများ၏ စကားများကို အတည် မယူသင့်ပေ။


ယွဲ့ကျန့်က ရှက်ဖွယ်ကောင်းသော ‘ဂရုစိုက်မှု’ကို အဆုံးသတ်လိုက်ကာ ပြောလိုက်သည်။

“အရှင့်သား မနက်စာ သွားစားတော့မလို့လား… အတူတူ သွားရအောင်ပါ… လမ်းသိမှာ မဟုတ်လောက်ဘူး…”


ယီနျိုက ယခုအချိန်ထိ သူ့ကို အခြားအကြံအစည်များ ရှိနေသလားဟု စူးစမ်းနေသယောင် သတိအပြည့်နှင့် ကြည့်နေဆဲပင်။ နှစ်စက္ကန့်ခန့် ကြာပြီးသည့်နောက် သတိတကြီးနှင့် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ…”


ယွဲ့ကျန့်မှာ အလွန်အမင်း ကူရာကယ်ရာ မဲ့နေပါသော်လည်း စိတ်ကယောင်ချောက်ချား ရောဂါသည်များကို လှုံ့ဆော်မှုများ မဖြစ်စေသင့်ကြောင်း သိထားသည်။


အခြေစိုက်စခန်း၏ စားသောက်ခန်းသို့ ရောက်သည့်အချိန်တွင် ယွဲ့ကျန့်က မင်းသားလေးကို တတိယထပ်မှ သီးသန့်ခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။ မင်းသားလေး၏ ငါးသလောက် စည်သွပ်ဘူးအပေါ် မကျေနပ်မှုကို တွေးလိုက်ပြီးနောက် ယွဲ့ကျန့်က စားဖိုမှူးကို ငါးဟင်းများ ပိုချက်ရန် ညွှန်ကြားလိုက်ပြီး လတ်ဆတ်သော ငါးများသာ အသုံးပြုရန်နှင့် ယခုချက်ချင်း ချက်ပြုတ်ထားသော ဟင်းလျာများ ဖြစ်စေရန် ပြောလိုက်သည်။


ယီနျိုက စိတ်ထဲတွင် ယွဲ့ကျန့်အား သတိထားနေသေးသော်လည်း ဟင်းလျာများကို စားပွဲဆီသို့ ယူဆောင်လာသော အခါတွင် သူ့မျက်လုံးများကို မခွာနိုင်တော့ဘဲ ပန်းကန်ထဲမှာ ငါးကိုသာ စိုက်ကြည့်နေလေတော့သည်။


အခြေစိုက်စခန်းတွင် ရှိသည့် ဤရက်များအတွင်း သူက ငါးစည်သွပ်ဘူးကိုသာ စားခဲ့ရသည်။ သူ လတ်ဆတ်သော ငါးကို စားခဲ့သည်မှာ မည်မျှပင် ကြာပြီဖြစ်ကြောင်းကို ဘုရားသခင်သာ သိနိုင်တော့မည်။ ညဖက်အချိန် ရေချိုးသောအခါတွင်လည်း သူ့အမြီးသူ ပြန်ကြည့်ကာ သွားရည်များကျပြီး တစ်ကိုက်လောက် ကိုက်ပစ်ချင်ခဲ့သည်။


မှန်ပေသည်၊ ကောင်းမွန်သော အမူအကျင့်များ ရှိသည့် မင်းသားတစ်ပါး အနေဖြင့် သူ ဘယ်သောအခါမှ သွားရည်ကျမည် မဟုတ်သလို အလွန်ဆုံးမှ တိတ်တခိုး တံတွေးမျိုချရုံသာ ရှိလိမ့်မည်။ ယီနျိုက ယွဲ့ကျန့်အား အကြည့်တစ်ခု ပေးလိုက်ပြီး သူ 'စားလို့ရပြီလား… စားဖို့ အဆင်သင့်ဖြစ်ပြီလား'ဟု မေးမြန်းနေသကဲ့သို့ပင်။


ယီနျိုက တိတ်ငြိမ်နေသယောင် ဟန်ဆောင်နေပါသော်လည်း ယွဲ့ကျန့်အနေဖြင့် သူ့မျက်လုံးများထဲမှ စိတ်အားထက်သန်နေသော မျှော်လင့်ချက် အရိပ်အယောင်များကို မြင်နိုင်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

“မင်းသားလေး ကျေးဇူးပြုပြီး သုံးဆောင်ပါ…”


“ကျေးဇူးပြုပြီး ဗိုလ်ချုပ်ယွဲ့လည်း သုံးဆောင်ပါ…”

ယီနျိုသည်လည်း ယဥ်ကျေးစွာ ပြန်ပြောလိုက်ပြီး ဇွန်းခက်ရင်းများကို ကျက်သရေရှိစွာ ကိုင်လိုက်သည်။


ယီနျိုက အစပိုင်းတွင် အလျင်အမြန် မစားသောက်ခဲ့ပေ။ သူ၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ကျင့်ဝတ်စည်းကမ်းများနှင့် တစ်ထပ်တည်းပင်။ သို့သော်လည်း မကြာလိုက်ဘဲ ရေသူသွေးထဲမှ လတ်ဆတ်သော ငါးအပေါ် တပ်မက်မှု၊ ဆာလောင်မှုများသည် သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖုံးလွှမ်းသွားပြီး ယွဲ့ကျန့်က သူ့ဘေးနားတွင် ထိုင်နေသည်အား မေ့လျော့သွားကာ စားသောက်တော့သည်။


ယွဲ့ကျန့်က သူ့ တူများကို မလှုပ်ရှားခဲ့ဘဲ စားပြီးသည့်နောက် သူက ယီနျိုကိုသာ ကြည့်နေခဲ့သည်။


သူ့မျက်လုံးထဲတွင် မင်းသားလေးက ဂရုမစိုက်စွာ စားသောက်နေပါသော်လည်း သူ့အပြုအမူများဟာ ဗရုတ်သုတ်ခ မဖြစ်ခဲ့သလို အမြင်မတော်သည်လည်း မဟုတ်ခဲ့ပေ။ ဆန့်ကျင်ဖက်အားဖြင့် သူက ရှဉ့်ပေါက်စလေးတစ်ကောင်က အခွံမာသီး စားနေသလိုမျိုး အလွန် ချစ်စရာကောင်းနေခဲ့၏။


မင်းသားလေးက ငါးစားရသည်ကို အလွန်အမင်း ကြိုက်နှစ်သက်ပုံရသည်။ ငါးသာ စားနေရမည်ဆိုပါက သူ၏ စိတ်အခြေအနေလည်း သိသိသာသာကို ကောင်းလာပေလိမ့်မည်။ သူ့ခေါင်းပေါ်မှ အနက်ရောင်တိမ်တိုက်လေးကပင် မိနစ်အနည်းငယ်ခန့် အဖြူရောင် ပြောင်းသွားပြီး တလက်လက် တောက်ပနေသည်။


တိမ်တိုက်လေးကို ခဏမျှ ကြည့်ပြီးသည့်နောက် ယွဲ့ကျန့်၏ လက်ဖျားများက ရှင်းမပြတတ်အောင် ယားယံလာခဲ့သည်။ ဤသို့ဖြင့် ဓာတ်လိုက်မှာကိုပင် မကြောက်ရွံ့တော့ဘဲ တိမ်တိုက်လေးကို ထပ်မံ ထိတွေ့ချင်နေသည်။


သို့သော်လည်း သူ လက်မြှောက်လိုက်သည်နှင့် ယီနျိုက သတိထားမိသွားပြီး သူ့ကို သတိတကြီး ကြည့်ကာ မေးလိုက်သည်။

“ဘာလုပ်ချင်လို့လဲ…”


ယွဲ့ကျန့် : “…”


သူက တစ်ခဏလောက် ရှက်ရွံ့သွားသော်လည်း လက်ကို ပြန်မရုတ်သိမ်းခဲ့ပေ။ ထို့အပြင် သူက မင်းသားလေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ လိမ်လည်လိုက်သည်။

“အရှင့်သားရဲ့ ခေါင်းပေါ်မှာ ဆံပင်တွေ ရှုပ်နေလို့ပါ…”


ယီနျိုက နှေးကွေးသော်လည်း နှစ်စက္ကန့်ကြာပြီးနောက်တွင် သတိပြန်ဝင်လာကာ မသိလိုက်ပါဘဲ ပြန်တုံ့ပြန်လိုက်သည်။

”မဖြစ်နိုင်တာ… ကျွန်တော့်မှာ ရှုပ်နေတဲ့ ဆံပင်တွေ မရှိပါဘူး…”


နေ့တိုင်း မင်းသားလေးက ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်ပြီး သူ့ပုံရိပ်ကို အတော်လေး ဂရုစိုက်ထားခြင်းပင်။


ယွဲ့ကျန့်က မင်းသားလေးအား မျက်လုံးများတွင် အပြုံးရိပ်များဖြင့် ကြည့်နေခဲ့သည်။


ယီနျိုက နောက်တစ်စက္ကန့်လောက် ရှုပ်ထွေးသွားပြီးနောက် လုံးဝကို သတိပြန်ဝင်လာခဲ့သည်…


[သေလိုက်ပါတော့၊ ငါ ဘယ်လိုလုပ်ပြီး ငါးစားလိုက်ရုံနဲ့ ငါ့ဘေးမှာ လူတစ်ယောက် ရှိနေတာကို မေ့သွားရတာလဲ… ငါ့ ပုံရိပ်ကတော့…]


ယွဲ့ကျန့်မျက်လုံးများထဲမှ အပြုံးရိပ်က ပိုနက်ရှိုင်းသွားခဲ့သည်။ မင်းသားလေး၏ ပုံရိပ်က အတိုပြောရလျှင် ကျက်သရေရှိပြီး တည်ကြည်နေခြင်းမျိုး မဟုတ်ပေ။


အမှန်တွင် သူက တိမ်တိုက်လေးကို တိတ်တိတ်လေး ထိတွေ့ခဲ့ခြင်းသာ ဖြစ်သည်။ မထင်မှတ်ထားစွာဖြင့် တိမ်တိုက်လေးက ဤတစ်ကြိမ်တွင်မူ သူ့အား ဓာတ်မလိုက်စေခဲ့ဘဲ ကလေးဆိုးလေးကဲ့သို့ သူ့လက်အား ရင်းနှီးစွာ ပွတ်သပ်နေခဲ့သည်။


*


မနက်ပိုင်းတွင် လတ်ဆတ်သောငါးကို စားခဲ့ရသော်လည်း ယီနျို၏ စိတ်အခြေအနေက တွေးထားခဲ့သလို ကောင်းမွန်မနေခဲ့ချေ။


သူက ယွဲ့ကျန့်ရှေ့တွင် မျက်နှာပျက်ခဲ့ရသည်။ 

ဘယ်လိုလုပ်များ ငါ့ပုံရိပ်ကို ပြန်လည် ပြင်ဆင်နိုင်ပါမလဲ…


သို့သော်လည်း ယွဲ့ကျန့်က ဤသည်ကို သတိပြုမိပုံ မရချေ။ စားပြီးသည့်နောက် သူက ပုံမှန်လေသံဖြင့်သာ ပြောခဲ့သည်။

“ခဏနေရင် အခြေစိုက်စခန်းမှာ အစည်းအဝေး လုပ်လိမ့်မယ်… အဓိကအားဖြင့်တော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေနဲ့ စစ်ပွဲအကြောင်း အကျဉ်းချုပ်ရယ်ပါပဲ… အရှင့်သားလည်း တက်ရောက်ရမှာပါ…”


ယီနျိုက အံ့ဩသွားကာ မေးလိုက်သည်။ 

“ကျွန်တော်လား… ကျွန်တော်က စစ်တပ်ကို အသာထားဦး… အခြေစိုက်စခန်းကတောင်မှ မဟုတ်ဘူးလေ…”


“အခုတလော အင်တာနက်ပေါ်မှာ အရှင့်သားအကြောင်း မကောင်းတဲ့ ကောလဟာလတချို့ ထွက်နေပါတယ်… ကိုယ့်အထင်တော့ ဒါကို ဖြေရှင်းဖို့ လိုအပ်တယ်… ပြီးတော့လည်း အရှင့်သားကြောင့် ကိုယ်တို့ ဒီတစ်ကြိမ် အနိုင်ရခဲ့တာလေ…”


ယီနျို : “…”


ဒါဆို သူက အင်တာနက်ပေါ်က ငါ့ရဲ့ မကောင်းတဲ့ ကောလဟာလတွေကို ဖြေရှင်းဖို့ ကူညီပေးနေတာလား…


သေစမ်း… ငါ တကယ်ကို စိတ်လှုပ်ရှားသွားပြီ…



🧜🧜🧜