Chapter 141
Extra-(8)
ယဲ့ကျား၏ မျက်နှာက ပူလောင်နေပြီး အတွေးများက ရှုပ်ထွေးနေလေသည်။
တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံကလည်း နားစည်ကိုပင် ရိုက်ခတ်နေလေသည်။
ယဲ့ကျား သူ့အခန်းထဲ ပြန်ရောက်နေပြီဖြစ်ကြောင်းကို အချိန်အတော်ကြာမှ နားလည်သွားလေသည်။
သူက ကျီရွှမ်၏ အခန်းထဲမှ မည်သို့ထွက်လာမှန်း မမှတ်မိတော့ချေ။ ကျီရွှမ်၏ ထိုစကားကို နားထောင်ပြီးနောက်ပိုင်း သူ့၏မှတ်ဉာဏ်များက ရှုပ်ထွေးနေလေသည်။
သို့သော်…
တစ်ဖက်လူ၏ အပူဓာတ်က သူ့လက်ဖဝါးထဲတွင် ကပ်ငြိနေသေးလေသည်။
ယဲ့ကျားက ရေချိုးခန်းထဲ တဟုန်ထိုး ပြေး၀င်သွားလိုက်သည်။
ရေအေးများက သူ့စိတ်ကို ကြည်လင်လာစေလေသည်။
အဖြစ်အပျက်များကို ပြန်မှတ်မိလာသည်။
တစ်ဖက်လူက သူ့လည်ပင်းကို နှာဖျားဖြင့် ပွတ်သပ်ကာ ညည်းညူနေသံ၊ တစ်ဖက်လူ၏ လက်ချောင်းများက သူ့ကျောကို ပွတ်သပ်နေပြီး အက်ရှရှပြောသံ၊ သူ့နာမည်ကို တိုးတိုးခေါ်သံ။
ကောကော…
မြန်ပေး…
ယဲ့ကျားက မသိစိတ်အရ တုန်ရီသွားပြီး သူ့၏ လည်ပင်းနှင့် ပါးများက နေ၀င်ဆည်းဆာကဲ့သို့ နီရဲလာလေသည်။
………
ရက်အနည်းကြာပြီးဖြစ်သော်လည်း ယဲ့ကျားက ကျီရွှမ်ကို တမင်ရှောင်နေလေသည်။
ယဲ့ကျားက နေရာသစ်ကို စုံစမ်းနေမှန်း ကျီရွှမ် အလိုလို သိနေလေသည်။
သူက စိတ်စောသွားမှန်း သိလေသည်။
သို့သော်လည်း ယဲ့ကျားက မိန်းကလေးများနှင့် ပတ်သက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ကျီရွှမ်က ယဲ့ကျားကို ကလေးဘ၀တည်းက သိခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူ မည်သို့ ကြီးပြင်းလာသည်နှင့် တစ်ဖက်လူ၏ စိတ်နေစိတ်ထားကိုပါ သိလေသည်။ ယဲ့ကျားက နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း အခြားလူများနှင့် သူ့ကြား စည်းခြားထားသူဖြစ်သည်။
သို့သော် ယခု သူက တစ်ဖက်လူ၏စည်းကို ချိုးဖျက်ပြီဖြစ်၏။
သူ အခန်းထဲသို့၀င်လိုက်သည်။
အခန်းထဲတွင် အနီရောင်မီးမှိန်ဖျဖျ ထွန်းထားလေသည်။
နံရံတွင် လူတစ်ယောက်၏ ဓာတ်ပုံများနှင့်ပြည့်နေ၏။
ထိုင်နေသည့်ပုံ၊ မတ်တပ်ရပ်နေသည့်ပုံ၊ ဘေးတိုက်ပုံ စသည်ဖြင့် များစွာ ရှိသော်လည်း ဓာတ်ပုံများကို အဝေးမှ ရိုက်ယူထားခြင်းဖြစ်ကြောင်း သိသာလှသည်။
ကျီရွှမ်က ထိုဓာတ်ပုံများကို စွဲလမ်းရူးသွပ်စွာ ကြည့်နေလေသည်။
သူက တစ်ပုံချင်းစီကို ရတနာသဖွယ်ကြည့်နေပြီး နောက်ဆုံးတွင် ပုံတစ်ပုံ၌ ရပ်တန့်သွားသည်။
ပုံထဲတွင် ယဲ့ကျားက အသက်၁၃/၁၄နှစ်သာရှိသေးပြီး အရပ်မရှည်သေးပေ။ သူ့၏ ဆံပင်များနှင့် မျက်လုံးများက နေရောင်အောက်တွင် တောက်ပနေပြီး နတ်ဘုရားငယ်သဖွယ် ဖြစ်နေလေသည်။
ကျီရွှမ်က လက်ဆန့်လိုက်ပြီး ဓာတ်ပုံကို နူးနူးညံ့ညံ့နှင့် ဂရုတစိုက် ပွတ်သပ်လိုက်သည်။
သူ တစ်ဖက်လူကို စတွေ့ခဲ့သည့်အချိန်ကို မှတ်မိသေးသည်။
ထိုစဉ်က သူက အလွန်ငယ်သေးပြီး သူ့နှလုံးသားထဲမှ ပုံမှန်မဟုတ်သော လိုအင်ဆန္ဒများကို နားမလည်နိုင်ခဲ့ချေ။
သို့သော် အရွယ်ရောက်လာသောအခါ သူက တဖြည်းဖြည်း နားလည်လာခဲ့သည်။
သူ လိုချင်သည်ကို အတိအကျ သိလာခဲ့၏။
သူက ယဲ့ကျားကို အချိန်ပေးကာ စိတ်ရှည်စွာ စောင့်နေသော်လည်း တစ်ဖက်လူက သူနှင့် ဝေးကွာလာလေသည်။
ဒီလိုတော့ အဖြစ်မခံနိုင်ဘူး…သူ တစ်ခုခု လုပ်ရမယ်…
သူက ခေါင်းငုံ့ကာ ဓာတ်ပုံကို ညင်သာစွာ နမ်းလိုက်သည်။
ကောကောက ကျွန်တော့်အပိုင်ပဲ…
……….
အချိန်က မိုးသောက်ချိန်ဖြစ်ပြီး ကောင်းကင်က မှောင်နေဆဲဖြစ်သည်။
ကျောင်းသွားရန် အလွန်စောလွန်းနေလေ၏။
သို့သော် ယဲ့ကျားက ကျီရွှမ်ကို ရှောင်ရန် ဤအချိန်တွင် ကျောင်းသွားရန် ရွေးချယ်ခဲ့သည်။
သူက တံခါးကို ဖွင့်လိုက်သည်။
ပတ်၀န်းကျင်က မှောင်နေဆဲဖြစ်သောကြောင့် ယဲ့ကျားက တစ်စုံတစ်ခုကို ခလုတ် တိုက်မိကာ လဲကျမလို ဖြစ်သွားလေသည်။
သို့သော် လက်နှစ်ဖက်က သူ့ကို လှမ်းထိန်းပေးလာလေသည်။
ယဲ့ကျားက တံခါးဘောင်ကို ကိုင်ကာ လှည့်ကြည့်လိုက်သည်။
"ကျီရွှမ်…"
တစ်ဖက်လူ၏ မျက်နှာက အမှောင်ထဲတွင် မသဲကွဲသော်လည်း မျက်လုံးများက တောက်ပနေလေသည်။
"ကောကော…"
ယဲ့ကျားက ကျီရွှမ်ကို မြင်သောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားရလေသည်။ သူက မသိစိတ်အရ နောက်ဆုတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
"ဘာလို့ ဒီရောက်နေတာလဲ…"
ထိုအခါမှ ကျီရွှမ်က အိမ်နေရင်း အ၀တ်အစားမ၀တ်ထားကြောင်း၊ ကျောင်း၀တ်စုံကိုသာ ၀တ်ဆင်ထားပြီး အောက်တွင် ဘာမှ ခံမ၀တ်ထားကြောင်း သူ သတိထားမိသည်။
ယဲ့ကျားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း ဒီမှာ ဘယ်အချိန်ကတည်းက ရှိနေတာလဲ…"
ကျီရွှမ်က နာခံစွာ ပြန်ဖြေလိုက်သည်။
"မနေ့ညကတည်းက…"
ယဲ့ကျား:"ဘာလို့ အဲ့လို လုပ်တာလဲ…"
ကျီရွှမ်:"ကောကောက ကျွန်တော့်ကို ရှောင်နေတာကို…"
ယဲ့ကျား:"မင်း အတွေးလွန်နေတာ…အခု ငါ သွားတော့မယ်…"
သို့သော် ကျီရွှမ်က ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ယဲ့ကျား၏ ဘောင်းဘီစကိုဆုပ်ကိုင်ကာ ပြောလာလေသည်။
"ကောကော ကျွန်တော် တောင်းပန်ပါတယ်…ကျွန်တော် ကောကောကို သဘောမကျခဲ့သင့်ဘူး…မဟုတ်ဘူး…ကျွန်တော် အဲ့ဒါကို ကောကောကို မပြောပြခဲ့ရမှာ…ကျေးဇူးပြုပြီး ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့…"
ယဲ့ကျားက အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။
"အရင်ထလိုက်…"
ကျီရွှမ်က ခေါင်းခါလိုက်သည်။
"မထဘူး…ကောကော ပြန်မဖြေရင် ကျွန်တော် မထဘူး…"
ယဲ့ကျားက ခါးကိုင်းကာ တစ်ဖက်လူ၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သည်။
သို့သော် တစ်ဖက်လူ၏လက်က အလွန် ပူကျစ်နေလေသည်။
ယဲ့ကျားက ကျီရွှမ်၏ နဖူးကို စမ်းလိုက်သည်။
အရမ်းပူနေတယ်…
သူ စိတ်ထင်တာ မဟုတ်ဘူး…
"မင်းဖျားနေပြီ…မြန်မြန်ထ…"
ကျီရွှမ်:"မထဘူး…"
ယဲ့ကျား :"ငါ မင်းကို ဒေါသမထွက်ချင်ဘူးနော်…"
အမှန်အတိုင်း ပြောရလျှင် ယဲ့ကျား သူ့ကိုယ်သူ စိတ်တိုမိလေသည်။
ထိုညက သူသာ ငြင်းဆန်ခဲ့လျှင် သူတို့၏ဖြူစင်သည့်ဆက်ဆံရေးက ပြောင်းလဲမသွားနိုင်ပေ။ ဤသို့ဖြစ်လာရခြင်းက သူ့အမှားကြောင့်သာ ဖြစ်သည်။
ကျီရွှမ် :"ဒါဆို ကောကော ထွက်မသွားရဘူး…"
ယဲ့ကျားက လျင်မြန်စွာ သဘောတူလိုက်သည်။
"ရတယ်…"
သူက ကျီရွှမ်ကို ဆွဲထူလိုက်သည်။
"မြန်မြန်ထတော့…"
ထိုအခါ ကျီရွှမ်က ယိမ်းယိုင်ကာ ထလာပြီး မသိစိတ်အရ ယဲ့ကျားဘက်မှီလိုက်လေသည်။
ယဲ့ကျား၏ စိတ်ထဲ၌ ယခင်ညက မြင်ကွင်းများကို ပြန်မြင်ယောင်လာလေသည်။
သူက စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျီရွှမ်၏ လက်ကို ကိုင်လိုက်သည်။
"အိမ်ထိန်းကို ခေါ်ပေးရမလား…"
ထိုစကားပြောပြီးမှ အိမ်ထိန်းက လွန်ခဲ့သည့် နှစ်ရက်ကတည်းက ခွင့်ယူထားကြောင်း သတိရလာလေသည်။
အချိန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး ကျောပိုးအိတ်ကို အောက်ချလိုက်သည်။
"ထားလိုက်တော့…ငါ မင်းကို အခန်းထဲ လိုက်ပို့ပေးမယ်…"
သူက တစ်ဖက်လူကို ကုတင်ပေါ်တင်ပေးလိုက်ပြီးနောက် ကျီရွှမ်က သူ့နား နားကပ်ကာ ပြောလာလေသည်။
"အနည်းဆုံးတော့ ကောကော ကျွန်တော့်ကို မငြင်းဘူးမလား…"
ယဲ့ကျားက အလိုအလျောက် တစ်ဖက်လူကို တွန်းလိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်သည်။
ကျီရွှမ်က တစ်ဖက်လူ၏ နောက်ကျောကိုကြည့်ကာ ပြုံးနေလေသည်။
မငြင်းတာ ကောင်းတယ်...
သူ အခြေအနေတွေကို မြန်မြန်ကိုင်တွယ်ရမယ်…
ကောကော အိမ်မပြောင်းခင်ထိပဲ အချိန်ရတော့တယ်…