Chapter 140
Extra_(7)
အချိန်ကြာလာသည်နှင့်အမျှ ကျီရွှမ်နှင့် ယဲ့ကျား၏ ဆက်ဆံရေးက တဖြည်းဖြည်း တိုးတက်လာလေသည်။
တစ်ဖက်လူနှင့် အချိန်ကုန်ဆုံးပြီးနောက်တစ်ဖက်လူက ပျံ့နှံ့နေသော ကောလဟလများကဲ့သို့ မဟုတ်ကြောင်း ယဲ့ကျား သိရှိခဲ့သည်။
ကျီရွှမ်က အနည်းငယ် ရိုင်းစိုင်းသော်လည်း လူဆိုး မဟုတ်ပေ။
သို့သော်ငြားလည်း ကျီရွှမ်က သူ့အငှားအိမ်တွင် လာနေချိန်က ပိုများနေလေသည်။
ဘယ်လိုတွေ ဖြစ်သွားလဲမသိပေမဲ့ ကျီရွှမ်က သူ့ဘ၀ထဲကို တဖြည်းဖြည်း တိုး၀င်လာသလိုပဲ…
ယဲ့ကျားက လျှောက်လာပြီး စားပွဲပေါ်မှ ကျီရွှမ်၏ ခြေထောက်များကို ကန်လိုက်သည်။
"အောက်ချထား…"
ကျီရွှမ်က နာခံစွာ ခြေထောက်များကို အောက်ချလိုက်ပြီး ဘေးသို့ ရွှေ့ထိုင်လိုက်သည်။
တစ်ဖက်ခြမ်းတွင် ထိုင်မည့် ယဲ့ကျားက တုံ့ဆိုင်းစွာ ကျီရွှမ်၏ ဘေးတွင် ၀င်ထိုင်လိုက်သည်။
ကျီရွှမ်က ယဲ့ကျားကို မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။
ယဲ့ကျားက တစ်ဖက်လူ၏ အကြည့်ကို သတိပြုမိလိုက်သောကြောင့် လှည့်ကြည့်လိုက်သည်။
ထိုအခါ ကျီရွှမ်က သူ့ကို အပြစ်ကင်းစင်စွာ ကြည့်လာလေသည်။
ယဲ့ကျား: "မင်း ဘယ်အချိန်ပြန်မှာလဲ…"
ကျီရွှမ်ကို ခေါ်လာမိတာ သူ့အမှားပဲ…
အစောပိုင်းက ကျီရွှမ် သူ့အိမ်လာနေသောအခါ သူ စိတ်မသက်မသာဖြစ်မိသော်လည်း ယခု လာလွန်းအားကြီးသောကြောင့် ဂရုပင်မစိုက်နိုင်တော့ချေ။
ကျီရွှမ်:"ကျွန်တော်က ကောကောကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လားဟင်…"
ယဲ့ကျား :"အဲ့လို မဟုတ်ပါဘူး…ဒါပေမဲ့ မင်း အိမ်ပြန်နောက်ကျရင် မင်းမိသားစုက စိတ်ပူနေမှာပေါ့…"
ကျီရွှမ်:"ကျွန်တော် အိမ်ပြန်နောက်ကျရင်တောင် အိမ်မှာ တစ်ယောက်မှ မရှိဘူး…"
ဘေးတွင် ထိုင်နေသော ကျီရွှမ်က ယဲ့ကျားကို ကြောင်ကြီးတစ်ကောင်သဖွယ် မှီတွယ်နေလေသည်။
ထို့နောက် သူက ယဲ့ကျားကို စိုက်ကြည့်ကာမေးလိုက်သည်။
"ကျွန်တော် လာတာ မုန်းလို့လား…ကောကော~~~"
ယဲ့ကျားက တင်းတင်းစေ့ထားပြီး တစ်ခဏကြာပြီးနောက် ပြန်ဖြေလိုက်သည်။
"မမုန်းပါဘူး…"
ထိုအခါမှ ယဲ့ကျားက သူတို့နှစ်ယောက်ကြား အကွာအဝေးက နီးကပ်နေသည်ကို သတိထားမိပြီး တစ်ဖက်လူကို တွန်းလိုက်သည်။
"ဟေ့…ဝေးဝေးနေ…"
ထိုအခါ ကျီရွှမ်၏ အိတ်ကပ်ထဲမှ တစ်ခုခု ပြုတ်ကျသွားလေသည်။
ယဲ့ကျားက ခါးကိုင်းကာ ကောက်ယူလိုက်သည်။
ထိုအရာက ဈေးကြီးသည့် စီးကရက်ဘူးဖြစ်ကာ နှစ်လိပ်သုံးလိပ်ခန့် သောက်ထားလေသည်။
ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
"မင်းဟာလား…"
ကျီရွှမ်:"မဟုတ်ဘူး…"
ယဲ့ကျား :"ဟုတ်လား…တကယ်တော့ မင်း စီးကရက်သောက်တာ ငါ့အတွက် ပြဿနာမရှိဘူး…ငါ့ရှေ့မှာသာ မသောက်နဲ့…ငါ သူ့အနံ့ကို မကြိုက်ဘူး…"
ကျီရွှမ်က ခေါင်းခါလိုက်သည်။
"ကျွန်တော် မသောက်ပါဘူး…သူငယ်ချင်းဟာ…"
ယဲ့ကျား :"ဟမ်…ဒါဆို မင်း သူ့ကို ပြန်မပေးဘူးလား…"
:"မပေးပါဘူး…သူက ကျွန်တော့်ကို အနိုင်ကျင့်တယ်…
ယဲ့ကျား : "အဲ့လိုလား…ဒါနဲ့ မင်းမှာ သူငယ်ချင်းရှိသေးတယ်လား…"
ကျီရွှမ်:"ဟမ်…"
ယဲ့ကျား :"ငါက သဘောရိုးနဲ့ ပြောတာ…"
ကျီရွှမ်:"ရပါတယ်…ကောကော ကျွန်တော့်ကို ဂရုစိုက်တာကို သဘောကျတယ်…"
ယဲ့ကျား : "..."
ထူးဆန်းသလိုပဲ…
ယဲ့ကျားက နှစ်စက္ကန့်ကြာပြီးနောက် ပြောလိုက်သည်။
"မင်း သူငယ်ချင်းတွေ ထားတာကောင်းတယ်…ဒါပေမဲ့ သူတို့ အနိုင်ကျင့်တာတော့မခံနဲ့…"
ကျီရွှမ်:"ဟုတ်ကဲ့…"
……
ချန်ယင်းက ကျောင်းတံခါးကို မှီကာ ရပ်နေပြီး စီးကရက်သောက်နေလေသည်။
ကျီရွှမ်က သူ့ဆီ လျှောက်လာသည်ကို မြင်သောအခါ သူက ခုန်ကာ အော်လိုက်သည်။
"အစ်ကိုရွှမ်…"
ကျီရွှမ်:"စီးကရက်…"
ချန်ယင်းက အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်ပေးလိုက်လေသည်။
သို့သော် ကျီရွှမ်က လှမ်းမယူပေ။ သူက ချန်ယင်း၏ ပါးစပ်ထဲမှ စီးကရက်ကို ဆွဲယူလိုက်ပြီး မြေပြင်ပေါ်ပစ်ချကာ နင်းခြေလိုက်သည်။
ချန်ယင်း: "???"
ကျီရွှမ်:"အားလုံးကို လိုက်ပြောလိုက်…ကျောင်းမှာ ဆေးလိပ်သောက်လို့ မရဘူးလို့…"
ချန်ယင်း: "???"
ချန်ယင်း ကြောင်အနေစဉ် ကျီရွှမ်က သူ့ကို စိုက်ကြည့်ကာ ပြောလာလေသည်။
"အထူးသဖြင့် မင်း…"
ချန်ယင်း:"ဘာ…ဘာလဲ…"
ကျီရွှမ်:"စီးကရက်သောက်ပြီး စာသင်ခန်းထဲကို မ၀င်နဲ့…"
ချန်ယင်း:"ဟုတ်…ဟုတ်ကဲ့…"
ကျီရွှမ်က အကြည့်ကို ပြန်ရုတ်လိုက်ပြီး
ကျောင်း၀င်းထဲ ၀င်သွားလိုက်သည်။
………
ယဲ့ကျားက ခန်းမထဲတွင် ရပ်နေကာ အပေါ်မှ မီးဆိုင်းကို မော့ကြည့်နေလေသည်။
သူ့တွင် ဤကဲ့သို့သော အိမ်ရှိသော်လည်း သူ မနေချင်ပေ။
သို့သော် စာချုပ်သက်တမ်းက ပြည့်သွားပြီး အိမ်ပိုင်ရှင်ကလည်း သက်တမ်းတိုးမည်ကို လက်မခံပေ။
ထို့ကြောင့် သူ အချိန်တိုလေးအတွင်း နေရာရှာမရပေ။
ထိုအခါ ကျီရွှမ်က သူ့အိမ်တွင် ခဏလောက်လာနေရန် ဖိတ်ခေါ်ခဲ့ပြီး မိသားစု၀င်များက အိမ်ကို ရောက်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့လေသည်။
ထို့ကြောင့် သူကတစ်ဖက်လူ၏ ဖိတ်ကြားချက်ကို ခက်ခဲစွာ သဘောတူခဲ့သည်။
ဒါပေမဲ့…
ဒီလို အပြင်အဆင်ကအစ တန်ဖိုးကြီးတဲ့ နေရာက ထူးဆန်းနေတယ်…
ထို့ကြောင့် ယဲ့ကျားက ဤနေရာတွင် နှစ်ရက် သုံးရက်လောက်သာနေပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။
ကျီရွှမ်က လျှောက်လာပြီး တစ်ဖက်လူ၏ပခုံးပေါ် သဘာ၀ကျကျ လက်တင်လိုက်သည်။
"အခန်း ပြင်ဆင်တာ ပြီးတော့မယ်…"
ယဲ့ကျားက အလိုအလျောက် နောက်ဆုတ်လိုက်သည်။
ကျီရွှမ်က တစ်ဖက်လူ၏ တုံ့ပြန်မှုကို သတိမပြုမိပုံ ပေါ်၏။
သူက ခါးကိုင်းလိုက်ကာ တစ်ဖက်လူ၏ ခရီးဆောင်အိတ်ကို ယူလိုက်သည်။
"ကောကော ကျွန်တော် လိုက်ပို့ပေးမယ်…"
"အိုကေ…"
ယဲ့ကျားက ခေါင်းငြိမ့်လိုက်သော်လည်း တစ်ဖက်လူကို ခရီးဆောင်အိတ် မပေးလိုက်ချေ။
"ငါ သယ်လိုက်မယ်…"
သူ့၏ အသုံးအဆောင်များက များများစားစား မရှိသောကြောင့် ခရီးဆောင်အိတ်နှစ်လုံးက ပေါ့ပါးလေသည်။
ကျီရွှမ်က သဘောတူလိုက်သည်။
ထို့နောက် အရှေ့မှ လျှောက်သွားပြီး ယဲ့ကျား ဘေးမှ ဖြတ်သွားစဉ် ယဲ့ကျား၏လက်ကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။
ယဲ့ကျားက ထိတ်လန့်သွားပြီး သူ့ရှေ့မှ ကောင်လေးကို ကြည့်လိုက်သည်။
ကျီရွှမ်က လှည့်ကြည့်လိုက်လေသည်။
"ဘာလို့လဲ ကောကော…တစ်ခုခု မေ့ကျန်ခဲ့လို့လား…"
ယဲ့ကျားက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး…"
ကြည့်ရတာ သူ အများကြီး တွေးမိနေပုံပဲ…
………
ယဲ့ကျားက ကျောပိုးအိတ်ကို ဆွဲထုတ်လိုက်သောအခါ ပန်းရောင်စာအိတ်တစ်အိတ်က စားပွဲထဲမှ ထွက်ကျလာလေသည်။
စာအိတ်ပေါ်တွင် ရေးထားသော လက်ရေးက လှပပြီး မိန်းကလေးတစ်ယောက်၏ လက်ရေးနှင့် တူလေသည်။
စားပွဲအောက်တွင် လှပစွာ ထုပ်ပိုးထားသော ချောကလက်တစ်ဘူးလည်း ရှိနေလေသည်။
ယဲ့ကျား အံ့ဩသွားပြီး သတိပြန်၀င်လာလေသည်။
ဒီနေ့က ချစ်သူများနေ့ပဲ…
သူက ကြည့်ကောင်း၊ အဆင့်ကောင်းပြီး သိမ်မွေ့သောကြောင့် ဖြစ်နိုင်သည်။ ယခင်ကျောင်းတွင်လည်း သူကို ချစ်သူများနေ့တိုင်း လက်ဆောင်ပေးသော မိန်းကလေးများစွာရှိလေသည်။ သို့သော် သူက လက်ဆောင်များ၊ တိုက်ရိုက်၀န်ခံခြင်းများကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့လေသည်။
ထိုအခါ သူ့စားပွဲအောက်တွင် တိတ်တိတ်လေး လာထည့်ကြလေသည်။
ယဲ့ကျား အစပိုင်းက လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဖက်လူ မမြင်အောင် လွှတ်ပစ်လိုက်လေသည်။
သူ ကျီရွှမ်၏အိမ်တွင် နေနေသည်မှာ တစ်လကျော်ပြီဖြစ်သည်။
သူ အိမ်တစ်အိမ်အိမ်ကို ငှားရန်လုပ်တိုင်း ထိုအိမ်များက အကြိမ်တိုင်း အိမ်ငှားရသွားခြင်း၊ မငှားတော့ခြင်းများ ဖြစ်နေလေသည်။
ထို့ကြောင့် သူက ကျီရွှမ်၏ အိမ်တွင် ပေါက်ဈေးအတိုင်း အိမ်လခပေးကာ နေခဲ့သည်။
အတူနေနေကြသောကြောင့် သူတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးက တိုးတက်လာလေသည်။
အထူးသဖြင့် ကျီရွှမ်က အခြားလူများရှေ့တွင် အေးစက်သော်လည်း သူ့ရှေ့တွင် ညုတုတုပြောတတ်သော ကလေးတစ်ယောက်သာ ဖြစ်လေသည်။
တစ်ဖက်တွင် သူကလည်း မရင်းနှီးသောလူများကို နွေးထွေးစွာ ဆက်ဆံသော်လည်း အမှန်တွင် လျစ်လျူရှုတတ်သူဖြစ်လေသည်။
သို့သော် သူက တစ်ယောက်ယောက်ကို တကယ် ဂရုစိုက်လျှင် လွန်စွာ စိုးရိမ်ပူပန်တတ်သူဖြစ်သည်။
ထို့ကြောင့် ကျီရွှမ်၏ သူငယ်ချင်းများကို သူ မကြိုက်ချေ။
ကျီရွှမ်က ရိုင်းစိုင်းနေသည်မှာ ထိုသူငယ်ချင်းအုပ်စုကြောင့်ဖြစ်လေသည်။
သို့သော် ကျီရွှမ်က သူနှင့် အနေများလာသောကြောင့် ထိုသူငယ်ချင်း အုပ်စုနှင့်တဖြည်းဖြည်း ဝေးကွာလာလေသည်။
ဒါက ကောင်းတော့ ကောင်းပါတယ်...
............
အခန်းထဲပြန်ရောက်သောအခါ...
ယဲ့ကျားက ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်လေသည်။
ထိုစဉ် ကျီရွှမ်က လက်ထဲတွင် လေ့ကျင့်ခန်းစာအုပ်ကို ကိုင်ကာ အခန်းထဲသို့ ၀င်လာသည်။
"ကောကော ဒီမေးခွန်းကို နားမလည်ဘူး…"
ယဲ့ကျားက ပြောလိုက်သည် ။
"လာထိုင်လေ…ဘယ်ဟာ နားမလည်တာလဲ…"
ကျီရွှမ်က လေ့ကျင့်ခန်းစာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး မေးခွန်းကို ထောက်ပြလိုက်သည်။
ယဲ့ကျားက တစ်ချက်ကြည့်ရုံနှင့် နားလည်သွားလေသည်။
"လာ…ငါ့ကျောပိုးအိတ်ထဲက ဘောပင်ထုတ်ပေး…"
ကျီရွှမ်က ကျောပိုးအိတ်ဇစ်ကို ဖွင့်လိုက်သောအခါ သူ့လှုပ်ရှားမှုက ရပ်တန့်သွားလေသည်။
ကျောပိုးအိတ်ထဲတွင် အချစ်စာအိတ်များစွာနှင့် ချောကလက်များစွာ ရှိနေလေသည်။
ယဲ့ကျား : "ဘာဖြစ်လို့လဲ…"
ကျီရွှမ်က စာအိတ်တစ်အိတ်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ကြည့်ရတာ ကောကောက အရမ်းနာမည်ကြီးတာပဲ…"
ယဲ့ကျား တစ်ဖက်လူ၏ လက်ထဲကို စာအိတ်ကို မြင်မှ တစ်ဖက်လူ၏ စကားကို နားလည်သွားလေသည်။
ကြည့်ရတာ သူ လွှတ်ပစ်ဖို့ မေ့သွားတာပဲ…
"စာအိတ်ကို မဖွင့်ကြည့်နဲ့…"
သို့သော် ကျီရွှမ်က ဖွင့်ကြည့်ပြီးဖြစ်သည်။
"ဘာလို့လဲ…ကောကောက ဒါမျိုးကို ကြိုက်လို့လား…"
ယဲ့ကျား:"လျှောက်မပြောနဲ့…"
ထို့နောက် သူက ကျီရွှမ်၏လက်ထဲမှ စာကိုယူလိုက်ပြီး စာအိတ်ထဲ ပြန်ထည့်လိုက်သည်။
ထိုစဉ် ကျီရွှမ်က ယဲ့ကျားနား ကပ်လာပြီး မေးလိုက်သည်။
"ကောကောက အဲ့မိန်းကလေးတွေကို သွားနှစ်သိမ့်ပေးမှာလား…"
ယဲ့ကျား၏ အမူအရာက အုံ့မှိုင်းလာပြီး တံခါးကို ညွှန်ပြလိုက်သည်။
"ထွက်သွား…"
……..
ညဉ့်က ပိုနက်လာလေသည်။
ကျီရွှမ်က သူ့ဆီက ငှားထားသည့် ဖတ်စာအုပ်ကို ပြန်မပေးရသေးကြောင်း သတိရသွားလေသည်။
ထိုဖတ်စာအုပ်ကို မနက်ဖြန် လိုအပ်လေသည်။
ထို့ကြောင့် သူ ကျီရွှမ်၏အခန်းဆီ သွားလိုက်သည်။
အခန်းတံခါးက ပိတ်ထားလေသည်။
ယဲ့ကျားက တံခါးရှေ့တွင် အနည်းငယ် တုံ့ဆိုင်းနေ၏။
သူ အဘယ်ကြောင့် ကျီရွှမ်က ထိုသို့မေးမှန်း နားမလည်နိုင်ပေ။
စာအုပ်တောင်းဖို့က ဒုတိယ…ပထမက ကျီရွှမ်နဲ့ စကားပြောဖို့ပဲ…
သူက တံခါးကို ခေါက်လိုက်သည်။
"ငါပါ…"
"၀င်ခဲ့လေ…"
ယဲ့ကျားက တံခါးကို ဖွင့်ကာ အထဲ၀င်လိုက်သည်။
အခန်းက လွန်စွာ တောက်ပခြင်း မရှိသော်လည်း တစ်ဖက်လူကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။
ကျီရွှမ်က ကုတင်စွန်းတွင် ထိုင်နေပြီး သူ့ကို ကြည့်နေလေသည်။
"စောစောက ကိစ္စပြောမလို့…"
ထိုအခါ ကျီရွှမ်က ပြောလာလေသည်။
"လာလေ ကောကော…တံခါး ပိတ်လိုက်…အိမ်ထိန်းဖြတ်သွားမှာ စိုးလို့ပါ…"
ထိုအခါ ယဲ့ကျားက တံခါးပိတ်လိုက်သည်။
ကျီရွှမ်က သူ့ဘေးနေရာကို ညွှန်ပြလိုက်သည်။
"ထိုင်…"
ယဲ့ကျားက တွန့်ဆုတ်စွာ ထိုင်လိုက်သည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"ဘာလို့ အဲ့လိုမေးတာလဲ…"
ကျီရွှမ်:"သိချင်လို့…"
ယဲ့ကျား:"ဒါပေမဲ့ အဲ့လို မမေးသင့်ဘူး…"
ကျီရွှမ်:"ဘာလို့ မမေးသင့်တာလဲ…"
ယဲ့ကျား :"ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ပဲ…"
ကျီရွှမ်:"ကိုယ်ရေးကိုယ်တာတဲ့လား…ဒါပေမဲ့ ကျွန်တော် ကောကောကို ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောပြနိုင်တယ်…ဘာလို့ဆို ကောကောကို သဘောကျလို့ပဲ…"
ဘာ…
ကျီရွှမ် ဘာပြောလိုက်တာ…
ယဲ့ကျားက အံ့အားသင့်နေစဉ် ကျီရွှမ်က သူ့လက်ချောင်းများကို ဆုပ်ကိုင်လာလေသည်။
ကျီရွှမ်၏ အမူအရာက အထီးကျန်ဆန်နေလေသည်။
"တောင်းပန်ပါတယ်…"
ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"မင်းကို အပြစ်မတင်ပါဘူး…ဒါ…ဒါက ဆယ်ကျော်သက်အရွယ် စိတ်ကစားတာပဲ…မင်း ကြီးလာရင် နားလည်လာမှာ…"
ကျီရွှမ်:"တကယ်လား…"
ယဲ့ကျားက စိတ်လှုပ်ရှားနေသောကြောင့် သူ ဘာပြောခဲ့မိမှန်းပင် မေ့သွားလေသည်။
သူက တောင့်တင်းစွာ ခေါင်းငြိမ့်လိုက်သည်။
ထိုအခါ ကျီရွှမ်က သူ့လက်ကို တစ်နေရာပေါ်တွင် တင်ပေးလိုက်လေသည်။
"ဒါက ပုံမှန်လား…"
ကျီရွှမ်က ယဲ့ကျား၏ နားနားကပ်ကာ ပြောလိုက်သည်။
ဘာ…
ယဲ့ကျား စိတ်ရှုပ်ထွေးသွားလေသည်။ သူ မည်သို့ တုံ့ပြန်ရမည်မှန်း မသိချေ။
သူ အခုဘာလုပ်နေတာလဲ…ဘာပြောနေတာလဲ…
ယဲ့ကျား လက်ဖဝါးအောက်မှ မာကြောနေသော အရာကိုသာ ခံစားမိနေလေသည်။
ဒါက ဘယ်လိုအခြေအနေလဲ…
ယဲ့ကျားက ငြင်းဆန်ရန် ကြိုးစားသော်လည်း ကျီရွှမ်က သနားစရာကောင်းသည့်ပုံစံကြောင့် ခေါင်းခါရမည်လား၊ ခေါင်းငြိမ့်ရမည်လား မသိတော့ချေ။
"ကောကော ကျွန်တော် အဆင်မပြေဘူး…"
ကျီရွှမ်က ယဲ့ကျား၏ ပခုံးပေါ် မေးတင်လိုက်ပြီး မျက်လုံးများက စိတ်ဆန္ဒကြောင့် တောက်ပနေလေသည်။
"ကူညီပေးပါ…ကောကော…"