Chapter 96
Viewers 9k

👻Chapter 96



ရှီကျားမှာ ကျင်းယီဝေ့အဖွဲ့၀င်များထဲမှတစ်ဦးဖြစ်ကာ အခန်းအနည်းငယ်သာပါရှိသည်။ 


ပြစ်မှုများကိုဖုံးကွယ်ရန်အတွက် ထိုအရာရှိမင်းတစ်စုမှာ အရှေ့ရုံးတော်နှင့် ပူးပေါင်း၍ ဆိုးရွားသော အမှုအခင်းတစ်ခုကိုဖန်တီးခဲ့လေသည်။ ကျင်းယီဝေ့မှာ၄င်းကိုဖော်ထုတ်ရန်တာ၀န်ပေးခဲ့ရပြီး ထိုအရှုပ်အထွေးထဲပါ၀င်မိခဲ့လေသည်။ အဓိကဇာတ်ဆောင်မှလွဲလျှင် ကျန်ကျင်းယီဝေ့အားလုံးမှာ ရှုမြေတွင်သေဆုံးခဲ့ကြသည်။ ထိုအထဲမှ ဒုတိယမြောက်သေဆုံးသူမှာ ရှီကျားဖြစ်လေသည်။


Cစီရင်စုကိုရောက်ရှိပြီးနောက်ရှီကျား ရိုက်ကူးရေးအဖွဲ့ရှိနေရာ တောင်ပေါ်သို့မောင်းနှင်သွားလိုက်သည်။


ဤတစ်ခါရုပ်ရှင်ကားမှာလည်း ကားကြီးတစ်ကားဖြစ်လေသည်။ ထုတ်လုပ်ရေးတွင်ပါ၀င်သူများမှာလည်း လွန်ခဲ့သော၂လမှရှီကျားရိုက်ကူးခဲ့သော ရွှမ်း၀ူကိုပင်ကျော်လွန်လေသည်။ ရိုက်ကူးရေးအဖွဲ့ပင်ဖြစ်စေ ဇာတ်ညွှန်းဆရာပင်ဖြစ်စေ သရုပ်ဆောင်များပင်ဖြစ်စေ ဤနှစ်၏ ဒိတ်ဒိတ်ကြဲကားကြီးတစ်ကားဟုအမည်တပ်ရန်လုံလောက်လေသည်။


ရှီကျားမှာ အဖွဲ့ထံသို့ရောက်ရှိလာပြီးနောက် ပရောဂျက်နှင့် သရုပ်ဆောင်များကိုညစိစစ်ရာတွင် တာ၀န်ရှိသော လက်ထောက်ဒါရိုက်တာကိုတွေ့ခဲ့ရလေသည်။ လက်ထောက်ဒါရိုက်တာမှာ သူ့အားလာမည့်နေ့များအတွက် ရိုက်ကူးရေးအချိန်ဇယားများကိုပြောပြပြီး ၀န်ထမ်းတစ်ဦးအား လက်ရှိအဖွဲ့သားများနေနေသော ဟိုတယ်ကိုလိုက်ပို့စေသည်။ သူတို့ထွက်ခွာခါနီးတွင် လက်ထောက်ဒါရိုက်တာမှာတိတ်တဆိတ်မေးလာခဲ့သည်။ 


"ရှောင်ရှီ ဒီလူ..သူကဘယ်သူလဲ"


ရှီကျား လက်ထောက်ဒါရိုက်တာကြည့်နေသောနေရာသို့ လှမ်းကြည့်လိုက်လေသည်။


ရှုမျှော်ခင်းကိုနောက်ခံထားလျက် ယဲ့ကျင်းကျီမှာ အနက်ရောင်ကြောင်ကလေးကိုပွေ့လျက်ကားဘေးတွင်ရပ်ကာ နှင်းဆီရောင်တိမ်တိုက်များကို ငေးကြည့်နေခဲ့လေသည်။ ရှီကျား၏အကြည့်ကိုခံစားမိလျှင် သူကရှီကျားကိုလှည့်ကြည့်လာခဲ့သည်။ သူ၏နှုတ်ခမ်းပါးပါးတို့ကအသာကွေးညွတ်သွားလျက် သူ၏အေးစက်စက်မျက်နှာမှာလည်း နူးညံ့သွားခဲ့လေသည်။


 á€›á€žá€Žá€€á€ťá€Źá€¸á€•á€źá€Żá€śá€¸á€œá€ťá€€á€şá€†á€­á€Żá€œá€­á€Żá€€á€şá€žá€Šá€şá‹


"လက်ထောက်ဒါရိုက်တာချန်..သူကကျွန်တော်ရဲ့...သူငယ်ချင်းပါ"


လက်ထောက်ဒါရိုက်တာချန်မှာ မျက်မှောင်ကျုံ့လိုက်မိလေသည်။


"မင်းကဇာတ်ကားရိုက်ဖို့ သူငယ်ချင်းကိုခေါ်လာတာလား"


ရှီကျားတည်ငြိမ်စွာဆိုလိုက်သည်။


"ကျွန်တော်အခုတလောသူ့ကိုကျွန်တော့် မန်နေဂျာပဲဖြစ်ဖြစ် လက်ထောက်ပဲဖြစ်ဖြစ်လုပ်ခိုင်းမလို့စဥ်းစားထားတာ..ကျွန်တော်သူငယ်ချင်းသက်သက်ပဲမဟုတ်ပါဘူး"


လက်ထောက်ဒါရိုက်တာချန်မှာနားလည်သည့်အလားခေါင်းညိတ်လိုက်လေသည်။ အတော်ကြာပြီးနောက် သူကတီးတိုးဆိုလာခဲ့သည်။


"မင်းသူငယ်ချင်းကတကယ်မဆိုးဘူး..သူရောသရုပ်ဆောင်ဖို့စိတ်၀င်စားလား"


ရှီကျားတန့်သွားမိလေသည်။


သူသည်ဤကိစ္စကိုသူကိုယ်တိုင်မဆုံးဖြတ်နိုင်ချေ။ ထိုအစား သူကဆရာယဲ့ကို သွားခေါ်လိုက်လေသည်။ ထို့နောက်မျှော်လင့်ထားသလိုပင် ယဲ့ကျင်းကျီမှာ သူ့အားနားမလည်စွာကြည့်လာခဲ့သည်။


"စိတ်ထဲမထားပါနဲ့ဆရာယဲ့.. လက်ထောက်ဒါရိုက်တာချန်ကဒီတိုင်းပဲမေးလိုက်တာ..ကျွန်တော်ဒီတစ်ခေါက်လိုက်လာဖို့ဖိတ်ခဲ့တာသာမဟုတ်ရင် ခင်များအနုပညာလောကကကိစ္စတွေနဲ့ မရှုပ်ချင်ဘူးဆိုတာ ကျွန်တော်သိပါတယ်"


ရှီကျားမှာ လက်ထောက်ဒါရိုက်တာချန်ကိုငြင်းဆန်လိုက်သော် လက်ထောက်ဒါရိုက်တာချန်မှာ နှမြောတသအမူအယာမျိုးပြသလာခဲ့လေသည်။


အနုပညာလောကမှာ ငါးနှင့်နဂါးများရောနှောနေသောနေရာတစ်ခုဖြစ်သည်။ ရေမှာနက်လွန်းသည်။ ရှီကျားမှာ ယဲ့ကျင်းကျီနှင့်အနည်းငယ်မျှမကိုက်ညီသော ထိုသို့နေရာမျိုးကိုမ၀င်ရောက်စေလိုချေ။


ယဲ့ကျင်းကျီကလည်း ဇာတ်ကားမရိုက်ချင်ခဲ့ချေ။ သူကစုန့်စုန့်ကိုကိုင်လျက် ရှီကျားနှင့်အတူ ဟိုတယ်သို့ပြန်လိုက်သွားခဲ့လေသည်။ ဓါတ်လှေကားထဲတွင် ရိုက်ကူးရေးတဖွဲ့ထဲမှ မိန်းကလေးstaff၂ဦးနှင့်ဆုံခဲ့လေသည်။ ထိုမိန်းကလေး၂ဦးမှာ ရှီကျားနှင့် ယဲ့ကျင်းကျီနှင့်ဆုံကြသည်နှင့် ရှီကျားအား အကြည့်တစ်ချက်နှင့်ပင်မှတ်မိလေသည်။ (ရှီကျားနှင့်ရိုက်ကူးရေးတစ်ဖွဲ့ထဲ) ထို့နောက်ရှီကျားအား စိတ်လှုပ်ရှားစွာနှင့် လက်မှတ်တောင်းလာခဲ့ကြလေသည်။ အဆုံးတွင်သူတို့မှာ အနည်းငယ်တွေးလျက် ယဲ့ကျင်းကျီထံကပါ လက်မှတ်တောင်းလိုက်လေသည်။


ယဲ့ကျင်းကျီမှာ ဘာမှထွေထွေထူးထူးမတွေးလိုက်မိပဲ ထိုအတိုင်းလက်မှတ်ထိုးပေးလိုက်လေသည်။ မိန်းကလေးနှစ်ဦးမှာ အမည်မသိစတားတစ်ဦးထံမှလက်မှတ်ရလိုက်သည်ဟုသာထင်နေခဲ့ပြီး ရွမ်းရွှယ်လောက၏ ငရဲဘုရင်ယဲ့ထံမှ လက်မှတ်ကိုရလိုက်ခြင်းဖြစ်ကြောင်း သိလိမ့်မည်မဟုတ်ချေ။


မိန်းကလေး၂ဦးမှာ တိတ်တဆိတ်တွတ်ထိုးနေခဲ့ကြလေသည်။


"ရှေ့လက ရုပ်ရှင်ဧကရာဇ်ဖန်းမတော်တဆဒဏ်ရာရသွားတယ်လေ..ငါ့အထင်တို့တွေအဖွဲ့က ရိုက်ကူးရေးကိုနောက်ရွေ့မယ်ထင်နေတာ..ဒါပေမယ့်လည်း ရုပ်ရှင်ဧကရာဇ်က တကယ်စိတ်အားထက်ထက်သန်သန်နဲ့ ရိုက်ကူးရေးကိုလာဖို့ဆုံးဖြတ်လိမ့်မည်လို့ထင်မထားဘူး"


"အား..ငါဒီမနက်က ရုပ်ရှင်ဧကရာဇ်ဖန်းကိုတွေ့လိုက်တယ် အရမ်းချောတာပဲ"


"ရုပ်ရှင်ဧကရာဇ်ဖန်းကိုရထားမှတော့ တို့တွေကားကလုံး၀အကြမ်းစားနဲ့ ရုံတင်ငွေစံချိန်တင်လောက်တယ်"


မိန်းကလေး၂ဦးမှာ တတွတ်တွတ်ဆိုရင်း ဓါတ်လှေကားမှ ဦးစွာထွက်သွားခဲ့လေသည်။


ရှီကျားမှာ ဓါတ်လှေကားထဲတွင်ရပ်လျက် သူတို့ကျောပြင်အား သံသယများနှင့်ကြည့်လိုက်မိလေသည်။ ယဲ့ကျင်းကျီမှာ နားမလည်သည့်အလား သူ့ကိုကြည့်လာခဲ့သည်။ သူကပြုံးလျက်ဆိုလိုက်သည်။


"ဘာမှမဟုတ်ပါဘူး ဆရာယဲ့ ကျွန်တော်ဒီကားကိုရွေးတုန်းက ချန်းထောင်ကဒီကားကတကယ့်အကြီးကြီးတဲ့ ပေါက်လည်းပေါက်မှာတဲ့..ဒီကားထဲမှာ တကယ့်ဆရာကြီးတွေပါတယ်လေ..ရုပ်ရှင်ဧကရာဇ်ဖန်းမော့ထင်က ဒီကားထဲပါနေမယ်လို့ထင်မထားဘူး"


ယဲ့ကျင်းကျီမှာ ဖန်းမော့ထင်၏အမည်ကိုတစ််ခါမျှမကြားဖူးလေရာ ရှီကျားမှာ အခန်းထဲသို့ပြန်ရင်း ရှင်းပြလာလေသည်။ 


"သူကတကယ်မဆိုးဘူး..ဖန်းမော့ထင်ပွဲဦးထွက်တာ ၁၀နှစ်ကျော်ပြီ...ကျွန်တော်က ဟာသကားတွေကြည့်ရတာကြိုက်တယ်..သူ့ဇာတ်ကားတွေသိပ်မကြည့်ဖြစ်ဘူး..ဒါပေမယ့်သူ့မှာ မိန်းကလေးဖန်တွေအတော်များတာ"


ထိုစဥ် ရှူထံသို့ခရီးကြမ်း ရိုက်ကူးရေးအဖွဲ့တွင်...


အရံဇာတ်ကောင်ငယ်လေးရှီကျားမှာ ဟိုတယ်သို့ပြန်လျက် အေးအေးဆေးဆေးအနားယူနိုင်လေသည်။ သို့သော် အဓိကဇာတ်ရုပ်ကိုသရုပ်ဆောင်ရမည်သူတချို့မှာ ည၁၀နာရီအထိရိုက်ကူးရန်နေရစ်ခဲ့ရလေသည်။ သရုပ်ဆောင်၄ဦးမှာ ၀တ်စုံများလဲလှယ်လျက်ပုံများရိုက်ကူးနေခဲ့ကြရသည်။ ဖန်းမော့ထင်မှာ ထိုအမျိုးသားဇာတ်ရုပ်များအဓိကပါ၀င်သော ရှုထံသို့ ခရီးကြမ်းကားတွင် အဓိကဇာတ်ဆောင်ဖြစ်လေရာ သူရိုက်ရသောဓါတ်ပုံအရေအတွက်မှာ ပို၍များလေသည်။


ကျန်သရုပ်ဆောင်၃ဦးမှာ မိတ်ကပ်ခန်းထဲသို့ပြန်သွားလျက် အ၀တ်အစားလဲကာမိတ်ကပ်များဖျက်နေခဲ့ကြပြီဖြစ်သည်။ ဖန်းမော့ထင်မှာ ရှုချွမ်းတောက်အသုံးအဆောင်တစ်ခုကိုဆွဲထုတ်လျက် ပို့စ်တချို့ပေးနေခဲ့လေသည်။ ကင်မရာမန်းမှာလည်း နောက်ဆုံးအဖြတ်ပုံများကိုရိုက်ကူးပြီးစီးသွားခဲ့ချေပြီ။ 


ရှုထံသို့ ခရီးကြမ်း၏ဒါရိုက်တာမှာ နိုင်ငံကျော် ပထမအဆင့်ဒါရိုက်တာတစ်ဦးဖြစ်သူ လောင်လီဖြစ်လေသည်။ သူက သရုပ်ဆောင်များ၏ ဇာတ်ရုပ်ပိုစတာများကို ကိုယ်တိုင်ကြီးကြပ်ကာရိုက်ကူးစေခြင်းဖြစ်သည်။ အဓိကသရုပ်ဆောင်အတွက် နောက်ဆုံးအဖြတ်ပုံများကို ရိုက်ကူးပြီးနောက် ဒါရိုက်တာမှာ ဇာတ်ညွှန်းဆရာနှင့်အတူ ဇာတ်၀င်ခန်းတချို့ကိုဆွေးနွေးနေခဲ့ကြသည်။ ဖန်းမော့ထင်၏ လက်ထောက်မှာ မျက်နှာသုတ်ပု၀ါနှင့် ရေဘူးတို့ကိုအသင့်ကိုင်ထားလျက် နဖူးမှချွေးစတို့ကို သုတ်ပေးရန်စောင့်နေခဲ့လေသည်။


ဖန်းမော့ထင်မှာ စတူဒီယိုထဲမှ အပြင်သို့ထွက်လိုက်သည်။ သူကအရပ်မြင့်မြင့်နှင့် ခန့်ညားကာ မိန်းကလေးများကြိုက်လောက်သည့်ရုပ်ရည်မျိုးဖြစ်လေသည်။


သို့သော်သူက ဓါတ်ပုံရိုက်ကွင်းမှထွက်ခါနီးမှာပင် သူ၏လက်ထောက်မှာ အထိတ်တလန့်နှင့်အော်ဟစ်လာခဲ့လေသည်။


"အစ်ကိုဖန် သတိထား"


ဘန်း...


ကြီးများသော ဓါတ်ပုံရိုက်ကွင်းမှာ ရုတ်ချည်း အသိပေးချက်မရှိပဲ ပြိုကျလာလေတော့သည်။


ရိုက်ကွင်းတစ်ခုလုံးတမဟုတ်ချင်းရှုပ်ထွေးသွားခဲ့သည်။ ၀န်ထမ်းများမှာ ချက်ချင်းပြေးထွက်လာခဲ့ကြလေသည်။ ထိုအပျက်အစီးများအကြားမှ နီရဲရဲသွေးများ စီးထွက်လာခဲ့သည်။ ဖန်းမော့ထင်မှာ လေးလံသောဘုတ်ပြားကြီးတစ်ခု၏အောက်တွင်ပိနေနေလျက် တိတ်ဆိတ်နေခဲ့လေသည်။


လူတိုင်းမှာ စိုးရိမ်တကြီးနှင့် ထိုဘုတ်ပြားကို အပြေးအလွှားမတင်လိုက်ကြလေသည်။ လောင်လီပင်လျှင် ထိတ်လန့်စွာပြေး၀င်လာလျက် ထိုဘုတ်ပြားကိုကူမပေးလိုက်လေသည်။


လူတိုင်းထိုဘုတ်ပြားကိုမတင်နေကြစဥ် ထိုလူအုပ်ကြားမှဖောက်လျက်ထွက်ခွာသွားသော အနက်ရောင်အရိပ်တစ်ခုကိုသတိမထားမိခဲ့ကြချေ။


"ဟီးဟီးဟီး...ဟီးဟီးဟီး"


အပြင်ဘက်တွင် ပစ္စည်းများကိုသိမ်းဆည်းနေသော ၀န်ထမ်းမှာ ရုတ်ချည်းစူးရှသော ရယ်သံတစ်ခုကိုကြားလိုက်ရလေသည်။ သူကဘေးဘီ၀ဲယာသို့လှည့်ကြည့်လိုက်သော်လည်း ဘာကိုမျှမတွေ့ရချေ။


"ဟီးဟီးဟီးဟီး..."


"ဟီးဟီးဟီးဟီး..."


ထိုရယ်သံမှာ တဖြည်းဖြည်းဝေးကွာသွားလျက် မည်းမှောင်နေသောတောင်များအကြား ညလေပြည်နှင့်အတူပျောက်ကွယ်သွားလေတော့သည်။

၇လမြောက်လလယ်တွင် ငရဲဂိတ်ပွင့်လေသည်။ ပုံတူကားချပ်များ ဖုံးကွယ်ခံရပြီး မြစ်ထဲတွင်မီးပုံများ တောက်ပလာသည်။


***


၇လမြောက်လလယ်၏ သရဲပွဲတော်မှာ အထူးနေ့တစ်နေ့ဖြစ်၏။ ညအချိန်ရောက်ရှိလာသည်နှင့် သေမျိုးလောကမှ ယင်စွမ်းအင်များမှာ တဖြည်းဖြည်းအားကောင်းလာပြီး ဖုန်းတုငရဲတံခါးပွင့်လာသည်။ လင်းရှောင်၏ နှလုံး၀ါးမြိုအတိဒုက္ခကိုကျော်လွန်နိုင်ခဲ့သော ၀ိညာဥ်ရိုင်းများမှာလည်း တဖက်ပရလောကသို့၀င်လျက် ပြန်လည်၀င်စားရန်အခွင့်အရေးကိုရှာဖွေတတ်ကြသည်။


နှစ်စဥ်နှစ်တိုင်း သရဲပွဲတော်မတိုင်မီ၂လအလိုတွင် ရွှမ်းရွှယ်လောကမှာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲကိုကျင်းပတတ်ကြ၏။ ထိုအစည်းအဝေးပွဲတွင်လူတိုင်းမှာ ခြေထောက်ကိုထောင်လျက်ပင်အိပ်စက်လျက် ထိုသည်းမခံနိုင်စရာ ၁၀ရက်နှင့်၁၀ညကိုဖြတ်သန်းကြရလေသည်။ တခါတရံတွင် ယခုနှစ်၏ဖုန်းတုငရဲဂိတ်ပွင့်မည့်အရေးကိုဆွေးနွေးတတ်ကြသည်။


ချီရှန်းတောက်ရန်မှာ ဟိုက်ချန်းမှထွက်လာချိန်တွင် မနက် ၂၂နာရီမျှသာရှိပေသေးသည်။ ဂျွန်လ၏ခြစ်ခြစ်တောက်ပူသောနေရောင်ကြောင့် ချီရှန်းတောက်ရန်၏မျက်နှာမှာ နီရဲနေခဲ့လေသည်။


ဤသို့နေ့မျိုးတွင် မည်သူမျှအပြင်မထွက်ချင်ကြချေ။ ချီရှန်းတောက်ရန်အတွက်လည်းအတူတူပင်။ သူသည်ပစ္စည်းတစ်ပုံကြီးကိုသယ်လျက်အိမ်ရှေ့တံခါးတွင်ရပ်ကာ နေအပူဓါတ်ကိုခံရင်း သူ၏သားဖြစ်သူအား နားပူနားဆာလုပ်နေခဲ့သည်။


"ဒီအဘိုးကြီးက ၁၀ရက်တောင်အဝေးကြီးသွားရမှာ မင်းအိမ်ကိုသေချာစောင့်ကြည့်ထားမှရမယ်နော်..၃ရက်လောက်ကျရင်ထျန်းကုန်းပွဲကြည့်စင်မှာ ကူပွန်eventရှိလိမ့်မယ် ၀င်နှိုက်ဖို့မမေ့နဲ့နော်... ဒီအဘိုးကြီးက ဒီိနှစ်သရဲပွဲတော်ပိတ်ရက်အတွက် ဖုတ်အလောင်း၃ကောင်နဲ့ နှစ် ၅၀၀၀နှင်းဂျင်ဆင်းလိုချင်တယ်..မင်းသာကူပွန်ကိုမရလိုက်ရင် ဒီအဘိုးကြီးက pointတွေအပိုကုန်လိမ့်မယ် အဲလိုသာဆို မင်း မော့သို့အကောင့်ထဲကနှုတ်ပစ်မယ်မှတ်"


ချီရှန်းတောက်ရန်၏သားဖြစ်သူမှာ စိတ်နာလွန်း၍ သေသွားပါရစေဟုသာဆုတောင််နေခဲ့လေသည်။


"အဖေရယ် သိပါပြီလို့..ကူပွန်ရအောင်နှိုက်ပါ့မယ်"


ချီရှန်းတောက်ရန်မှာ ဆက်လက်ပေါက်ကွဲနေဆဲပင်။


"ဟုတ်သား ရှန်းနုန်တောင်ကြားကပစ္စည်းတွေလည်းရှိသေးတယ်..မနေ့ကဒီအဘိုးကြီး ရှန်းနုန်တောင်ကြားအွန်လိုင်ရှော့ကနေမှာထားတယ်..ချဲရှိုး အဲဒီအိုပိန်ခြောက်ကြီးမနှစ်ကဒီအဘိုးကြီးဆီကနေ ပါ၀ါဘန့်ငှားသွားတယ်..ပစ္စည်းတွေကအိမ်အရောက်ငွေချေဆိုတော့မင်း ၂၀ရာခိုင်နှုန်းလျှော့စျေးရအောင် စျေးဆစ်ရမယ်နော်"


"အဖေ ကျွန်တော်သိပြီလို့"


"ပြီးတော့ ၀ရံတာမှာဒီအဘိုးကြီးစိုက်ထားတဲ့ ဆူးပင်လေးတွေ..အိုင်းရိုး..သူတို့အားလုံးက ဒီအဘိုးကြီးရဲ့ ကလေးလေးတွေနော်..မင်းသူတို့ကိုရေသေချာလောင်းဖို့သတိရဦး"


"အဖေ....."


"ဟုတ်သား ဒီမနက်က ဒီအဘိုးကြီးသန့်စင်နေတဲ့ ဆေးလုံးလည်းရှိသေးတယ်..မင်းသေချာစောင့်ကြည့်ထားရမယ်နော်..သူက၄၉ရက်လောက်ကြာမလားမသိဘူး.."


"အဖေ....."


"မနေ့ညကဒီအဘိုးကြီးကြည့်နေတဲ့ကားက ဘာပါလိမ့်..၈ရက်နေရင်ဇာတ်သိမ်းတော့မှာ..သေစမ်း..ဒီအဘိုးကြီးရဲ့ ပါ၀ါဘန့်တွေကလည်း ၈ရက်လောက်ထိပဲခံမှာ..ဖုန်းလည်း ဘတ်ထရီရှိတော့မှာမဟုတ်ဘူး..အဲကျရင်မင်း ဒီအဘိုးကြီးအတွက် ဇာတ်သိမ်းကိုမှတ်ထားပေးရမယ်နော်..ဒီအဘိုးကြီးပြန်လာရင် အတိအကျသိချင်တယ်"


"အဖေ!"


သူ့သားထံမှအော်သံတစ်ချက်ကြောင့်ချီရှန်းတောက်ရန်မှာ ဖြတ်ခနဲအသိပြန်၀င်လာလျက် သူ၏သားဖြစ်သူကိုစိုက်ကြည့်လိုက်လေသည်။


အသက်၆၀ကျော် တခေါင်းလုံးဖြူနေသောဆရာသခင်အိုကြီးမှာ မျက်ရည်များခါးသက်စွာစီးကျလာတော့သည်။ 


"အဖေ..အဖေကဆရာသခင်အစည်းအဝေးပွဲကိုမတက်ချင်တာနဲ့ ဒီမှာကျွန်တော့်ကိုနားပူနားဆာလုပ်နေလည်း သွားကိုသွားရမှာပဲ..စန်းရှို့ကျန်းကျွင်းက မြို့တော်မှာအဖေ့ကိုစောင့်နေတယ်..ရှောင်ပြေးလို့မရဘူး"


ချီရှန်းတောက်ရန်၏ မျက်နှာအိုကြီးမှာနီရဲလာတော့သည်။


"အ..အဓိပ္ပါယ်မရှိတာတွေပြောနေတယ်..ဒီအဘိုးကြီးကဘယ်တုန်းကမသွားချင်လို့လဲ...ဘယ်တုန်းကနားပူနားဆာလုပ်လို့လဲ..မသိတတ်တဲ့သား..လာထား"


"အား.."


သူ၏သားဖြစ်သူအား စိတ်ပါလက်ပါရိုက်နှက်ပြီးနောက် ချီရှန်းတောက်ရန်လည်း ရင်ထဲမှ တစ်ဆ်ို့နေမှုကြီးပြေလျော့သွားခဲ့လေသည်။ ပစ္စည်းတပုံကိုသယ်လျက် သူ တိမ်များပေါ်ပျံတက်လျက် မြို့တော်ထံ အရှိန်တင်၍ ပျံသန်းသွားတော့သည်။ ညနေခင်းတွင် သူသည် မြို့တော်နယ်နိမိတ်တွင်းသို့ရောက်ရှိလျက် မလှမ်းမကမ်းတွင်ပျံသန်းနေသောကျူးကျောက်ကျန်းရန်ကိုလှမ်း၍တွေ့လိုက်ရလေသည်။


ချီရှန်းတောက်ရန် ထိုနားသို့အမြန်သွားလိုက်သည်။


သူတို့တစ်ဦးကိုတစ်ဦးနှုတ်ဆက်ပြီးနောက် ချီရှန်းတောက်ရန်ကမေးလိုက်သည်။


"တာအိုရောင်းရင်းကျူးကျောက် လက်ထဲမှာဘာတွေတုန်း"


ကျုးကျောက်ကျန်းရန်မှာ သူ၏ဖုန်းနှင့်အပိုပါ၀ါဘန့်၃၈ခုကိုသယ်ထားခဲ့လေသည်။ သူကယုံကြည့်မှုရှိရှိနှင့်ပြန်မေးလိုက်သည်။


"မင်းလက်ထဲမှာလည်းမကိုင်ထားလို့လား"


ချီရှန်းတောက်ရန်ကရယ်လိုက်သည်။


"အိတ်နဲ့လွယ်နေရင်ပိုလေးလို့..ဒီနှစ်ဒီအဘိုးကြီးသေချာချိန်ကြည့်ခဲ့ပြီးပြီ..အိုင်ဖုန်းရယ် ရှောင်းမီပါ၀ါဘန့်၃၉ခုရယ် လုံး၀၁၀ကီလိုဂရမ်အတိပဲ..ပိုလည်းမပိုလျော့လည်းမလျော့ဘူး"


ကျူးကျောက်ကျန်းရန်မှာမယုံနိုင်ချေ။ 


"ပါ၀ါ၃၈လုံးကမှကွက်တိပဲ ရှီရှန်းမင်းများသွားပြီ"


ချီရှန်းတောက်ရန်မှာ မျက်စောင်းကြီးနှင့်ဆိုလာသည်။


"ပေါက်ကရ"


ဆရာသခင်၂ဦးမှာ မြို့တော်သို့မရောက်ခင် တိမ်များအထက်၌စတင်ငြင်းခုန်ကြလေတော့သည်။ ဤတစ်ကြိမ်တွင် မည်သူကမျှမည်သူ့ကိုမယုံကြပေ။ ကျူးကျောက်ကျန်းရန်မှ ပါ၀ါဘန့်၃၉လုံးမှာ သတ်မှတ်ထားသော ၀ိတ်ကိုကျော်လွန်နေသည်ဟုသာ တထစ်ချဆိုနေခဲ့သည်။ ရှီရှန်းတောက်ရန်ကမူ ၄င်းမှာ သတ်မှတ်ထားသည်ထက်ပိုနည်းကြောင်းငြင်းနေ.ခဲ့သည်။ သူတို့၂ဦးသားမှာ ဆရာသခင်များအစည်းအဝေးသို့ ဒေါသတကြီးပျံသန်းသွားခဲ့ကြလေသည်။


ဆရာတော်ပုရှင်းမှာ လက်ထဲတွင် ဘီစကစ်အသိပ်ခြောက်များကိုင်ထားလျက် အတွင်းကို၀င်သွားလုဆဲဆဲမှာပင် သူတို့၂ဦးထံမှတွန်းထုတ်ခံလိုက်ရလေသည်။


"မင်း..ဒီကမိန်းကလေး ဒီအဘိုးကြီးအတွက် ဒါကိုချိန်ကြည့်ပေးစမ်းပါဦး..ပါ၀ါဘန့် ၃၉ခုကဘယ်လောက်လေးလဲသိရအောင်"


မိနိးမငယ်လေးမှာ မိန်းကလေးတရာအိုဆရာမလေးတစ်ဦးဖြစ်ကာ သူမမှာ ထိုဆရာသခင်၂ဦး၏ဒေါကြီးမောကြီးအသွင်ကြောင့်ထိတ်လန့်သွားခဲ့လေသည်။ သူမမှာလက်တို့တုန်ယင်လျက် ရှီရှန်းတောက်ရန်၏ ဖုန်းနှင့်ပါ၀ါဘန့်များကို အလက်ထရောနစ်ချိန်ခွင်ပေါ်တင်၍ချိန်လိုက်လေသည်။ စက္ကန့်ပိုင်းအတွင်း အားပါးတရအော်သံကြီးကိုကြားလိုက်ရသည်။


"ပိုနေတယ် ပိုနေတယ်..၁၀.၀၁၅ ကီလိုဂရမ်တောင်ပ်ိုနေတယ်..ပိုနေတယ့်ဟေ့"


ချီရှန်းတောက်ရန်မှာ ချက်ချင်းကြောင်အသွားခဲ့ပြီး ကျူးကျောက်ကျန်းရန်မှာ ၀ါးလုံးကွဲရယ်ချလိုက်တော့သည်။



👻