Chapter 95
Viewers 9k

👻Chapter 95




၂၅နှစ်တာ တစ်ယောက်တည်းနေထိုင်လာပြီးနောက် ဤကမ္ဘာကြီးတွင် ပျော်ရွှင်စရာများစွာရှိကြောင်း သူ ရုတ်ချည်း သတိထားမိသွားခဲ့သည်။ ဤဘ၀တွင် သရဲဖမ်းခြင်း အပနှင်ခြင်း သေမျိုးလောကကို ကာကွယ်ခြင်းအပြင် သူ့အားပျော်ရွှင်အောင်လုပ်ပေးနိုင်သည့်အရာများစွာရှိပေသေးသည်။


ညအချိန်ရောက်သော် ရှီကျားမှာ သရဲဖမ်းရန်ထွက်ရဆဲဖြစ်လေသည်။ 


ယဲ့ကျင်းကျီမှာ ရုပ်ရှင်ပင်တစ််ခါမျှမကြည့်ဖူးသည်ကိုသိရပြီးသည့်နောက် ရှီကျားမှာ တမင်တကာဖြစ်စေ လမ်းကြုံ၍ဖြစ်စေ ယဲ့ကျင်းကျီအား သာမာန်လူများကဲ့သို့ ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို ဖြတ်သန်းရန်ခေါ်သွားတတ်လေသည်။ ၄င်းမှာ ထူးထူးခြားခြားဖြစ်ရန်မလိုအပ်ချေ။ ဥပမာ ညစာစားပြီးနောက် အနီးအနားရှိပန်းခြံကိုသွားကာ လမ်းလျှောက်ခြင်းပင်ဖြစ်စေ ပိတ်ရက်များတွင် ကန်ရေပြင်ဆီသွားလျက် လှေလှော်ခြင်းပင်ဖြစ်စေ လုပ်လေ့ရှိကြသည်။


သူတို့၂ဦးမှာ ဖော့ရန်ကန်တစ်လျှောက် လှေကလေးကိုလှော်လျက် နယ်မြို့လေး၏ရှုခင်းများကိုခံစားနေခဲ့ကြသည်။ သို့နှင့် ၇ရက်မြောက်နေ့တွင် သူတို့၂ဦးသားမှာ အဆုံးတွင်ယခုမှသေဆုံးပြီးခါက မကောင်းဆိုး၀ါး၀ိညာဥ်တစ်ကောင်နှင့်ပက်ပင်းတိုးမိလေသည်။


ရှီကျား ထိုသရဲကိုဂုတ်မှဆွဲလျက် အနည်းငယ်အံ့အားသင့်သွားမိလေသည်။ သူသည်ထိုသရဲအား နံရံတွင် ဖိချုပ်လျက် သူ၏လက်ချောင်းများကို တဂျွတ်ဂျွတ်မြည်သည်အထိတင်းကြပ်လိုက်သည်။ ထို့နောက် ရိုးသား၍ အန္တရာယ်ကင်းသောမျက်နှာကလေးဖြင့် ယဲ့ကျင်းကျီဘက်သို့လှည့်လာကာမေးလိုက်လေသည်။


"ဆရာယဲ့ ကျွန်တော်ဘာဆက်လုပ်လိုက်ရမလဲဟင်"


ထိုမြင်ကွင်းကို မြင်လိုက်ရသော ယဲ့ကျင်းကျီ"...."


ရှီကျားသည်လည်း သူ၏သရဲဖမ်းသောနည်းက အနည်းငယ်ရက်စက်သည်ကို သတိထားမိပုံပင်။ သူ၏တင်းကြပ်စွာဆုပ်ထားသော လက်ချောင်းများကို ဖြေလျော့လျက် ထိုသရဲ၏ဂုတ်ကို မချိုးမိစေရန် သတိထားလိုက်လေသည်


ယဲ့ကျင်းကျီမှာ မော့သို့ကိုဖွင့်လျက် စက်'ဘီး'ကလေးအား ထိုသရဲထံချိန်လိုက်လေသည်။


(TN-အရှေ့ပိုင်းမှ ပါခဲ့တဲ့ modouပုံကို မှတ်မိကြသေးလားမသိဘူး.. လှေပုံစံကလေးအပေါ်မှာမှ စက်ရစ်ဘီးလေးလည်ပြီး ရွှေမှုန်လေးတွေထွက်လာတာလေ) 


သရဲ၏ကိုယ်မှ အနက်ရောင်စွမ်းအင်တစ်ခုထွက်လာခဲ့ပြီး ရှီကျား၏ မော့သို့ထဲသို့၀င်သွားခဲ့လေသည်။


ယဲ့ကျင်းကျီကဆိုသည်။ 


"အတည်ပြုပြီးသွားပြီ..အခုဒီမကောင်းဆိုး၀ါးကိုဖြေရှင်းလိုက်တာနဲ့ မင်းဆီpointအလိုလို၀င်လာလိမ့်မယ်"


ရှီကျားအနည်းငယ်တွေးကြည့်လိုက်သည်။


"ဒီမကောင်းဆိုး၀ါးကိုတစ်ခါတည်း၀ိညာဥ်ဖြိုခွဲလိုက်သင့်လား ဒါမှမဟုတ် ငရဲကိုပို့ပြီး အပြစ်ပေးရမလားဆိုတာ ဘယ်လိုခွဲခြားရမလဲ..ပြောချင်တာကဗျာ လင်းရှောင်ကိုဘယ်လိုမေးရမလဲ"


ဆရာသခင်များမှာ သရဲကိုဖမ်းမိပြီးလျှင် လင်းရှောင်၏အဆုံးအဖြတ်ကိုတောင်းခံကြမှန်း ရှီကျားသိရှိပြီးဖြစ်သည်။


ယဲ့ကျင်းကျီ " စိတ်မပူပါနဲ့..မင်းတိုက်ရိုက်ရှင်းပစ်လိုက်လို့ရတယ်...သူ့၀ိညာဥ်ကမပြိုကွဲသင့်ဘူးဆိုရင် လင်းရှောင်က သူ့ကို ငရဲကိုတိုက်ရိုက်ပို့ပေးလိုက်လိမ့်မယ်..အပြစ်ပေါ့တဲ့ မကောင်းဆိုး၀ါးဆိုတာရှားတယ်...ဒီတော့မင်းတွန့်ဆုတ်နေစရာမလိုဘူး ဒီတိုင်း.."


ဘန်း...


ရှီကျား၏လက်သီးမှာ မကောင်းဆိုး၀ါး၏ခေါင်းကိုဖောက်ထွက်လျက် နံရံသို့ပင် ထိုးမိသွားခဲ့လေသည်။


မကောင်းဆိုး၀ါး၏မျက်လုံးများမှာ ပြူးကျယ်လျက် ဤနူးညံ့ကာ ကျော့ရှင်းလေးလူရွယ်လေးမှာ လက်သီးတစ်ချက်ဖြင့် သူ့ကိုရက်ရက်စက်စက်ရှင်းပစ်လိုက်သည်အား မယုံနိုင်စွာကြည့်နေခဲ့လေသည်၊


မကောင်းဆိုး၀ါး၏ကိုယ်မှာ တုန်ယင်လာပြီး တဖြည်းဖြည်း ပြိုကျလာပြီး မရေတွက်နိုင်သော အလင်းစက်များအဖြစ် လေထဲသို့ပျောက်ကွယ်သွားလေတော့သည်။


ရှီကျားမှာ ယဲ့ကျင်းကျီကိုကြည့်လိုက်သည်။


" ဒီဟာက ၀ိဥာဥ်ပြိုကွဲသွားလား လင်းရှောင်ဆီကနေ ငရဲကိုပို့ခံလိုက်ရတာလားဟင်"


ယဲ့ကျင်းကျီ"...."


ရှီကျားမှာ ရှုပ်ထွေးနေခဲ့လေသည်။ 


"ဆရာယဲ့?"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်သည်။


ဇနီးကအရမ်းကြမ်းတယ်..ဇနီးကအရမ်းကြောက်စရာကောင်းတယ်..ဒါပေမယ့်လည်း သရဲကိုရိုက်နေတဲ့ ဇနီးရဲ့ပုံလေးကချစ်စရာလေး...


ဤသည်မှာ ရှီကျားဖော့ယန်တွင် တွေ့သမျှ တစ်ကောင်ထဲသော မကောင်းဆိုး၀ါးဖြစ်သည်။ သူသည်pointများရရှိရန်အတွက် မော့သို့ကိုမည်သို့သုံးရမည်ကိုသိပြီးဖြစ်လေသည်။ 


နောက်တစ်နေ့တွင် သူသည် ယဲ့ကျင်းကျီကို အနှောင့်အယှက်မပေးတော့ပဲ တစ်ယောက်တည်း သရဲဖမ်းထွက်ရန်စဥ်းစားနေခဲ့လေသည်။ သို့သော်ယဲ့ကျင်းကျီကဆိုလာသည်။


"ကိုယ်ဒီလအဖို့ pointတွေ လုံလုံလောက်လောက်ရပြီးသွားပြီ..ည..ညကျလည်း ဘာမှလုပ်စရာမရှိဘူး..ကိုယ်ကဒီမြို့ကိုလည်း ကောင်းကောင်းသိတယ်လေ..ကိုယ်မကောင်းဆိုး၀ါးတွေကူရှာပေးမယ်"


ယဲ့ကျင်းကျီကထိုသို့ဆိုလာလေရာ ရှီကျားမငြင်းလိုက်တော့ချေ။


နေ့ရက်များတဖြည်းဖြည်းကုန်လွန်သွားလျက် ရှီကျားမှာဖော့ယန်တွင်လ၀က်မျှနေနေမိပြီးဖြစ်သည်။ ထိုလ၀က်လုံးလုံး သူသည်မကောင်းဆိုး၀ါးတစ်ကောင်ကိုသာဖမ်းမိကာ point ၁pointသာစုမိသေးသည်။


ဂျွန်လလယ်တွင် သူသည် Sမြို့သို့ပြန်သွားပြီး နွေရာသီ၀တ်တချို့ကိုထုပ်ပိုးလျက် Cစီရင်စုတွင် ရိုက်ကူးရေးအတွက်သွားရဦးမည်ဖြစ်သည်။


ရှီကျားနှင့် ယဲ့ကျင်းကျီမှာ Sမြို့ကိုရောက်နေစဥ်တွင် ၂ရက်မျှသာနေဖြစ်မည်ဟုတွေးထားခဲ့ကြသည်။ အဓိကရည်ရွယ်ချက်မှာ အ၀တ်အစားများထုပ်ပိုးရန်ဖြစ်သည်။ သို့သော် မထွက်ခွာခင်မှာပင် ရှီကျားမှာ ခါတိုင်းကဲ့သို့ပင် စုန့်စုန့်အား အိမ်နီးနားချင်းအန်တီထံအပ်ခဲ့ရန်ပြင်လိုက်သော်လည်း ထိုခေါင်းမာသော ကောင်စုတ်ကလေးမှာ သူ့အား လက်သည်းများဖြင့်မြဲမြံစွာတွယ်ထားခဲ့လေသည်။ ထို့နောက် သူ၏သေးငယ်သောလက်ကလေးနှစ်ဖက်နှင့်အတူ တကိုယ်လုံးကိုသုံးလျက် ရှီကျား၏လက်ကောက်၀တ်ကို တွယ်ဖက်ထားပြီး မည်သို့ပင်ဖယ်ဖယ်မရချေ။


ရှီကျား၏အတွေးတို့တုန်လှုပ်သွားလျက် ဘာဆက်လုပ်ရမှန်း မသိဖြစ်နေခဲ့လေသည်။ သူသည်စုန့်စုန့်၏လက်သည်းများကို အတင်းဆွဲဖြုတ်လိုက်ရုံသာတတ်နိုင်လေသည်။


"ငါရုပ်ရှင်သွားရိုက်ရဦးမယ်..တကယ်တကယ်ကို ခေါ်သွားလို့မရလို့ပါကွာ"


သူသည်စုန်စုန့်အား အန်တီ၏လက်ထဲထည့်ပေးရန်ပြင်လိုက်သော်လည်း အန်တီမှာ သူ့ကိုသေချာပင် မကိုင်နိုင်သေးခင်တွင် ကြောင်ကလေးသည် ရှီကျား၏လက်များထဲ ပြန်လည်ခုန်၀င်လာခဲ့လေသည်။ သူ၏လျှာနီနီလေးဖြင့် ရှီကျား၏မျက်နှာကိုလျက်နေခဲ့ပြီး နေခဲ့ရန်ငြင်းဆန်နေခဲ့တော့သည်၊။


ထို့သို့ပင်အန်တီလက်ထဲသို့ထည့်ပေးလိုက် စုန်စုန့်မှာ ပြန်ခုန်၀င်လာလိုက်ဖြင့်ပင် စုန့်စုန့်မှာ လုံး၀မနေခဲ့လိုချေ။


ရှီကျားမှာ လမ်းစပျောက်နေခဲ့သလို တချိန်တည်းမှာပင် ရင်ကွဲသလိုလည်းခံစားလာရလေသည်။ ဘေးအိမ်မှ အန်တီက ပြုံးလျက်ဆိုလာခဲ့သည်။


"ဒီကောင်ကလေးက မင်းကိုသိပ်လွမ်းနေတာပါကွယ်..ရှောင်ကျား အဆင်ပြေရင် မင်းနဲ့ပဲခေါ်သွားပါလားကွယ်...ရှေ့လကလည်း သူမင်းကိုလွမ်းနေလိုက်တာမှ ..တို့အိမ်ရဲ့ရှေ့တံခါးမှာထိုင်ပြီး ဓါတ်လှေကားပွင့်လာတိုင်း မင်းများလားဆိုပြီး မျှော်နေရှာတာ"


စုန့်စုန့်မှာ ရှီကျားအားခေါင်းကလေးဖြင့် ညင်သာစွာတိုးဝှေ့ပွတ်သပ်နေခဲ့ပြီး သူ၏လက်ကလေးများမှာ သူ့ထံ ခိုင်မြဲစွာတွယ်ချိတ်ထားခဲ့လေသည်။


ရှီကျားမှာ ခေါင်းကိုငုံ့လျက် ချွဲနွဲနေသော ကြောင်ကလေးကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။ မခွဲနိုင်တော့လေရာ စုန့်စုန့်အား ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လျက်ပြုံးလိုက်တော့သည်။


"ကျေးဇူးပဲ အန်တီ..ကျွန်တော် အန်တီကို ဒုက္ခအတော်ပေးမိသွားပြီ..ဒီတစ်ကြိမ်တော့ ကျွန်တော်ပဲ ခေါ်သွားလိုက်တော့မယ်"


စုန့်စုန့်ကိုခေါ်သွားရန်လိုလေရာ ရှီကျားမှာ လေယာဥ်ရော အမြန်ရထားကိုပါစီး၍မရချေ။ သူသည်Cစီရင်စုကို ကားမောင်းသွားရန်သာရှိတော့သည်။


သူ့တွင်ကားမရှိချေ။ အစပိုင်းတွင် သူအကြံရခက်နေစဥ် ဆရာယဲ့ကဆိုလာခဲ့သည်။ 


"ထျန်းကုန်းပွဲကြည့်စင်မှာ pointတွေသုံးပြီး ကား၀ယ်လို့ရတယ်လေ ..မော်တော်ကားတွေကအရမ်းပဲ စျေးပေါတယ်"


ရှီကျားမှာတန့်သွားခဲ့မိလေသည်။


"အရမ်းစျေးပေါတာလား"


ယဲ့ကျင်းကျီမှာ ထျန်းကုန်းပွဲကြည့်စင်online shopကိုဖွင့်လိုက်ပြီး လက်ရှိပေါက်စျေး ယွမ်တစ်သိန်းခွဲကျော်သာရှိသော ရိုးရိုးsedanကားတစ်စီးကိုတွေ့ရှိသွားခဲ့လေသည်။ သူကဖုန်းကိုရှီကျားထံကမ်းပေးလျက် ပြလိုက်လေသည်။ ရှီကျားမှာ ထိုကားနှင့် ထိုကားအောက်မှ စျေးကိုကြည့်လျက် မယုံနိုင်စွာပင် မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ အဆုံးတွင်သူကမေးလိုက်လေသည်။ 


"ကျွန်တော့်မျက်စိမှားနေတာမဟုတ်ပါဘူးနော်.. ၁.၅ pointထဲလား?"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။


"အင်း..ဘာလို့ဆို ရိုးရိုးကားမို့လေ..မှော်ရတနာအဖြစ်မပြောင်းရသေးဘူး"


အစ်ကိုကျားမှာ မနေထိုင်မထိုင်နိုင် အလွန်၀ယ်ချင်နေပါသော်လည်း သူ့တွင် တစ်pointသာရှိလေသည်။


ဤစျေးကြီးသောကားကိုလက်လျှော့လျက် ရှီကျားမှာ အွန်လိုင်းရှော့တွင်အကြာကြီးမွှေနှောက်ရှာဖွေနေခဲ့သေးသည်။ အဆုံးတွင်သူသည်ကားတစ်စီးကိုရှာတွေ့ခဲ့လေသည်။ ၄င်းမှာ pointများအသည်းအသန်လိုအပ်နေသော ဆရာသခင်တစ်ဦးမှာ ၉၀ရာခိုင်နှုန်းလျှော့စျေး point တစ် pointတိတိနှင့်ရောင်းထားခြင်းဖြစ်လေသည်။ ၄င်းမှာ ၉၀ရာခိုင်နှုန်းအသစ်စက်စက်ဖြစ်ကာ Benzပင်ဖြစ်သေးသည်။


အစ်ကိုကျားမှာ သူ့တသက်နေထိုင်လာသည့်တစ်လျှောက်လုံး လိုင်စင်ရအောင် ကားမောင်းသင်ရသည့်ကားမှလွဲ၍ အခြားကားတစ်စီးမှ မမောင်းဖူးခဲ့ချေ။ သူ၏ပထမဆုံး၀ယ်ယူမှုမှာ Benzတစ်စီးဖြစ်နေခဲ့လေရာ လွန်စွာမှ စိတ်လှုပ်ရှားနေမိတော့သည်။


မျှော်လင့်ထားသည့်အတိုင်းပင် ထျန်းကုန်းပွဲကြည့်စင်မှာ လွန်စွာလျင်မြန်လှလေသည်။ ထိုညနေမှာပင် ထျန်းကုန်း delivery ဆာဗစ်မှတစ်စုံတစ်ယောက်မှာ ကားကိုပို့ဆောင်လာခဲ့သည်။ ထိုdelivery ဘရိုမှာ ယခင်က ရှီကျားကို မော့သို့လာပို့ပေးသူပင်ဖြစ်ကာ Sမြို့အတွင်း ပို့ဆောင်ရေးကို တာ၀န်ယူထားသူဖြစ်ပုံရလေသည်။ သူရောက်လာချိန်တွင် လက်ဗလာနှင့်ဖြစ်ကာ ကား၏အရိပ်အယောင်ကိုမှပင် မမြင်ရချေ။ သူကသူ၏ချန်ခွန်းအိတ်ကိုခါချလိုက်သည်နှင့် အသစ်စက်စက်ဘလင်းဘလင်းတောက်နေသော Benzတစ်စင်းမှာ ရုတ်ချည်းပေါ်လာခဲ့လေသည်။


Delivery ဘရိုမှာ စိတ်မပါလက်မပါနှင့်ဆိုလိုက်သည်။


"စစ်ကြည့်လိုက်ဦး...တခြားပို့စရာပစ္စည်းတွေရှိသေးလို့...၇လ လလယ်ကြီးမှာ စျေး၀ယ်တဲ့သူတွေရှိနေပြီပေါ့ ..အလုပ်များချက်ပဲ...လောင်ဇီနောက်လကျကျိန်းသေခွင့်ယူပြီပဲ"


ရှီကျားမှာ ကားကိုဂရုတစိုက်စစ်ဆေးလိုက်ပြီးနောက် ၄င်းမှာ အမှန်တကယ် အသစ်စက်စက်ဖြစ်သည်ကိုတွေ့လိုက်ရလေသည်။ သူသည်သူ၏နာမည်ကို လက်မှတ်ထိုးလျက် delivery slipကို ပြန်ကမ်းပေးလိုက်သည်။ ထိုဘရိုမှာ ထိုslipကို စိတ်မပါလက်မပါကြည့်လိုက်လေသည်။ သူက slipပေါ်တွင် လက်မှတ်ထိုးထားသော အမည်ကို ဖတ်ကြည့်လိုက်သည်။


"ရှီကျားနော် ...အင်း ပစ္စည်းလည်းရပြီးပြီဆိုတော့ ..သွားတော့မယ် . ငလူး..ရှီကျားလား" 


ရှီကျားမှာ ကားသော့ကိုကိုင်လျက်Benzအသစ်လေး၏အရသာကိုမြည်းရန်မစောင့်နိုင်ဖြစ်နေစဥ်မှာပင် deliveryဘရို၏အော်သံကြောင့် ထိတ်လန့်သွားမိလေသည်။


ထျန်းကုန်းပွဲကြည့်စင်မှာ ပို့ဆောင်မှုမြန်ဆန်ကာ ကာစတမ်မာ၏ ကိုယ်ရေးအချက်အလက်ကိုမပေါက်ကြားစေရန်အတွက် ၀ယ်သူ၏အချက်အလက်များကို မဖော်ပြပေးထားချေ။ ဘားကုတ်သာပါလေသည်။ စလာကတည်းကပင် delivery ဘရိုမှာ ခေါင်းကိုသာတွင်တွင်ငုံ့ထားလျက် ရှီကျားကိုမော့ပင်မကြည့်ခဲ့ချေ။ ယခုမူ ရှီကျားဟူသောအမည်ကိုဖတ်မိလိုက်သည်နှင့် သူ၏လက်ထဲမှ ငါးခြောက်ပင်လွတ်ကျလျက် အထိတ်တလန့်နှင့်မော့ကြည့်လာခဲ့လေသည်။ အတော်ကြာစိုက်ကြည့်နေပြီးမှာ သူ၏ခေါင်းမှာ တဂျွတ်ဂျွတ်နှင့်လှည့်သွားလျက် ဘေးတွင်ရပ်နေသော ယဲ့ကျင်းကျီကိုတွေ့လိုက်ရလေသည်။


Delivery ဘရို"....."


စက္ကန့်၀က်မျှကြာပြီးနောက် သူကကျယ်လောင်စွာအော်လိုက်လေသည်။


"သွားတော့မယ်နော် ဟားဟား..အရေးတကြီးကိစ္စလေးတွေရှိသေးလို့..လိုက်ပို့စရာမလိုဘူးနော်"


၀ှစ်ခနဲပင် ထိုလူမှာထွက်ပြေးသွားလေတော့သည်။ အဝေးမှပင် သူ၏အော်သံကိုကြားနေရဆဲပင်။


"လန့်လိုက်တာသေမလိုပဲ .ငရဲဘုရင်ယဲ့နဲ့ သရဲဘုရင်ရှီက ငါ့deliveryနယ်မြေထဲရောက်နေတယ်တဲ့လား..လောင်ဇီနေရာပြောင်းရမယ်..လုံး၀ပြောင်းရမယ်..၀ူး၀ူး၀ူး၀ူး..လောင်ဇီထွက်တော့မယ်လို့"


ရှီကျား"......" 


ပစ္စည်းလေးပို့ရုံပဲကို ခင်များကိုတစ်ယောက်ယောက်၀ါးစားတော့မလိုပြောစရာမလိုပါဘူးဗျာ...


ရှီကျားမှာ ရွှမ်းရွှယ်လောကတွင်လမ်းစမရှိတော့မှန်း သိပြီးဖြစ်သည်။ ဤထျန်းကုန်းပွဲကြည့်စင်မှ delivery ဘရိုမှာ ယခင်တစ်ခေါက်ကမူ 'လောင်ဇီက ထျန်းကုန်းပွဲကြည့်စင်က လူ..အခွန်လည်းရတယ်..လောင်ဇီကကောင်းကင်ကြီးအောက်မှာ နံပါတ်၁ပဲ..'ဟူသော စတိုင်အပြည့်နှင့်ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ဘောင်းဘီတွင်သေးထွက်ကျမတက်အမှန်တကယ်ပြေးထွက်သွားခဲ့လေသည်။


သက်ပြင်းအသာချလျက် သူ စုန့်စုန့်ကိုချီ၍ ကားထဲသို့၀င်သွားလိုက်လေသည်။ ထို့နောက်ယဲ့ကျင်းကျီမှာ စုန့်စုန့်ကိုပြောင်း၍ချီလိုက်သည်။ လူ၂ဦးနှင့်ကြောင်တစ်ကောင်မှာ Cစီရင်စုသို့အတူထွက်လာကြလေတော့သည်။


တစ်နေ့နှင့်တစ်ညမောင်းနှင်ပြီးနောက် သူတို့သည် Cစီရင်စုသို့ရောက်ရှိလာခဲ့ကြသည်။


ကားလိုင်စင်လျှောက်စဥ်ကလွဲလျှင် ဤသည်မှာ ရှီကျား၏ပထမဆုံးအကြိမ်ကားမောင်းဖူးခြင်းဖြစ်သည်။ 


အစပိုင်းတွင်သူက အရှိန်မတင်ရဲဘဲ ကောင်းစွာမမောင်းနိုင်ပဲဖြစ်နေခဲ့လေသည်။ သို့သော် ယဲ့ကျင်းကျီကဆိုလာသည်။ 


"ကိုယ်ဒီမှာရှိတယ်..ဘာမတော်တဆမှမဖြစ်စေရဘူး" 


ထို့နောက်အစ်ကိုကျားမှာ အကြောက်တရားကင်းမဲ့စွာမောင်းနှင်လေတော့သည်။


ပါရမီပါ၍ပေလော ပုန်းကွယ်နေသောအရည်အချင်းကြောင့်ပေလားမဆိုနိုင် မောင်းလေမောင်းလေ ပို၍ချောမွတ်လာလေသည်။ Cစီရင်စုသို့ရောက်ချိန်တွင် သူသည်တောင်လမ်းများကိုပင် ကောင်းစွာမောင်းနှင်နိုင်ခဲ့ပြီဖြစ်သည်။


ချန်းထောင်မှ ရှီကျားအားပေးလာသော ဇာတ်ညွှန်းအသစ်မှာ ရှေးခေတ်သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်သည်။ ရွေးချယ်စရာသိပ်မရှိလှချေ။ လက်ရှိရှီကျားတွင် မည်သည်ကြော်ကြားမှုမှမရှိသလို နောက်ခံလည်းမရှိချေ။ သူ့အားကမ်းလှမ်းသောဒါရိုက်တာမှာ အကြည့်တစ်ချက်နှင့်ပင် တုန်ယင်စေသော သူ၏မျက်နှာကို သဘောကျ၍ဖြစ်သည်။ သည်းထိပ်ရင်ဖိုကားများသာ သူ့အား သရုပ်ဆောင်ရန်ကမ်းလှမ်းတတ်သည်။


သို့သော် ချန်အန်းတွင်ရိုက်ခဲ့သော ရွှမ်း၀ူဟူသည့်ရှေးခေတ် သည်းထိပ်ရင်ဖိုကားမှာတော့ ကွဲပြားလေသည်။ ရွှမ်း၀ူမှာ ထန်မင်းဆက် အင်ပါယာ ထိုက်ကျုံးလက်ထပ်တွင်ဖြစ်သည်။ ဤသည်ကမူ ကျင်းယီဝေ့ကားပင်ဖြစ်လေသည်။


ဟွားရှားတွင် ထာ၀ရတည်တံ့သော IPကြီး၂ခုရှိသည်။ နှစ်စဥ်နှစ်တိုင်း ၄င်းကိုနောက်ခံထားလျက် ရုပ်ရှင်ဇာတ်ကားများထွက်လာတတ်သည်။


တစ်ခုမှာ အနောက်အရပ်သို့ခရီးသွားခြင်းဖြစ်သည်။ နှစ်တိုင်း ၄င်းနှင့်ပတ်သက်သော ကားအနည်းဆုံး ၂ကားတော့ထွက်တတ်သည်။ ဒုတိယတစ်မျိုးမှာ ကျင်းယီဝေ့အမျိုးအစားဖြစ်သည်။


မင်မင်းဆက်အစပိုင်းတွင် မင်ထိုက်ဇုနှင့် ကျူးယွမ်ကျွမ်းတို့မှာ ကျင်းယီဝေ့ကိုတည်ထောင်ခဲ့ကြသည်။ ၄င်း၏မူလရည်ရွယ်ချက်မှာ အင်ပါယာကိုယ်စား ကမ္ဘာကြီးကိုစောင့်ကြည့်ရန်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုကျင်းယီဝေ့မှာ အင်အားကြီးထွားလာပြီး မင်ချန်းဇုတည်ထောင်ခဲ့သော အရှေ့ရုံးတော်ကိုပုန်ကန်လာခဲ့လေသည်။ ထိုမင်မင်းဆက်ကာလတွင် ကျင်းယီဝေ့မှ ပုန်ကန်မှုများ

အကြိမ်ကြိမ်ဖြစ်ပွားခဲ့လေသည်။


ထိုကျင်းယီဝေ့ကိုနောက်ခံပြုလျက် ရှေးခေတ်ဒရာမာများ များစွာထွက်လေ့ရှိသော်လည်း ပရိတ်သတ်များမှာ ဘယ်တော့မှ မညည်းငွေ့ခဲ့ကြချေ။ ရုပ်ရှင်ကားတစ်ကားထွက်လာတိုင်း ရုံတင်ငွေမှာ စံချိန်တင်လောက်၏။


ရှီကျားဤတစ်ကြိမ်တွင် ရိုက်ကူးမည့်ကားမှာ ရှုထံသို့ လမ်းကြမ်း ဟုအမည်ရလေသည်။


 á„á€„á€şá€¸á€™á€žá€Źá€™á€„á€şá€™á€„á€şá€¸á€†á€€á€şá€”á€žá€ąá€Źá€„á€şá€¸á€•á€­á€Żá€„á€şá€¸á€€á€Źá€œá€€á€­á€Ż အခြေတည်ထားခြင်းဖြစ်သည်။ ရှုနယ်မြေမှ အရာရှိများမှာ အရှေ့ရုံးတော်နှင့် ပူးပေါင်းခဲ့ကြသည်။ သူတို့၏ခြစားမှုကို ကျင်းယီဝေ့မှ တွေ့ရှိခဲ့လေသည်။ ဤဇာတ်လမ်းမှာ ထိုသတင်းကို အင်ပါယာထံသို့ ခက်ခက်ခဲခဲသတင်းပေးပို့ခဲ့ရသည့် ရုန်းကန်ရမှုများအကြောင်းဖြစ်၏။



👻