Chapter 72
Viewers 9k

👻Chapter 72




၀မ်စစ်ခုံးတောင် ခင်များကိုဒူးထောက်ပြီး 'အဖေ'လို့ခေါ်ရတော့မယ်ထင််တယ်..


ရှီကျားမှာ ထိုခွက်ကိုပြန်အမ်းချင်ခဲ့သော်လည်း သရဲလေးမှာ အမြှီးပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ချေပြီ။ ၄င်းမှာ pointများကိုယူလျက် သူလိုချင်သော ပစ္စည်း၀ယ်ရန်ထွက်ခွာသွားသည်မှာ သိသာလေသည်။


ရှီကျားမှာ အာလူးပူကြီးကိုကိုင်လျက် မျက်နှာပူနေရလေသည်။ သူသည်ထိုခွက်အားယဲ့ကျင်းကျီလက်ထဲထိုးထည့်လျက် စိတ်ရှုပ်ထွေးစွာဆိုလိုက်သည်။ 


"ဆရာယဲ့ ဒါကခင်များ၀ယ်ထားတာလေ..စျေးကြီးလွန်းတယ် ကျွန်တော်လက်မခံနိုင်ဘူး"


ဆရာယဲ့မှာ ရှီကျားအား ကြောင်အစွာကြည့်လာခဲ့လေသည်။


ရှီကျားပြုံးလျက်ဆိုသည်။


"ခင်များအတွက်တော့ point 50ဆိုတာ ငွေသား ၅၀လောက်ပဲဖြစ်လောက်ပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာ ၁၀သန်းပါ....ကျွန်တော်ဒီလက်ဆောင်ကို လက်မခံနိုင်ဘူး "


ယဲ့ကျင်းကျီအလျင်စလိုဆိုလာခဲ့သည်။


"ဒါစျေးမကြီးပါဘူး" 


ယဲ့ကျင်းကျီ၏ စိတ်ရင်းနှင့်အမူအယာကိုမြင်သော် ရှီကျားမှာ မငြင်းဆန်ခင်အကြောင်းပြချက်ကိုစဥ်းစားလိုက်လေသည်။ 


"ဒါဆိုလည်း ဆရာယဲ့ .ဘယ်လိုပဲဖြစ်ဖြစ်ဒါက ဟိုးပဝေဏသီကခွက်တွေလေ..နှစ်ပေါင်းထောင်ကျော် မြေကြီးထဲအမြှုပ်ခံထားရတာ..ပိုးမွှားတွေကပ်တွယ်နေမှာပဲ ခင်များဒီခွက်တွေနဲ့မသောက်သင့်ဘူး"


ယဲ့ကျင်းကျီမှာ ခတ္တမျှတန့်သွားခဲ့လေသည်။ တွေးကြည့်ပြီးနောက် ၄င်းမှာ ကျိုးကြောင်းဆီလျော်သည်ဟုခံစားရလေသည်။


ဤတစ်ကြိမ်တွင် ရှီကျားမှာ လက်ဆောင်ကိုပြန်ပေးလိုက်ပြီးနောက် သက်ပြင်းကိုမှုတ်ထုတ်လိုက်မိလေသည်။ သူတို့၂ဦးသားဖော့ယန်သရဲစျေး၏ အတွင်းလွှာကို လျှောက်သွားလိုက်ကြသည်။ သူ မသိသည်မှာ ဆရာယဲ့သည်တည်ငြိမ်စွာဖြင့် ထျန်းကုန်းပွဲကြည့်စင်အွန်လိုင်းရှော့ကိုဖွင့်လျက် စာလုံးတစ်လုံးရိုက်လိုက်ခြင်းပင်။


『ခွက်』


နှစ်ပေါင်း၂၀၀၀ကျော်၀ိုင်ခွက်ကို ဇနီးကိုပေးလို့မရဘူး..ဇနီးနေမကောင်းဖြစ်လိမ့်မယ်..ဒါဆို..ဇနီး၀ိုင်သောက်ဖို့ ပိုကောင်းတဲ့၀ိုင်ခွက်၀ယ်ပေးမယ်...


အတွင်းလွှာသို့မ၀င်မီ ရှီကျားနှင့်ယဲ့ကျင်းကျီမှာ မျက်နှာဖုံး၂ခု၀ယ်လိုက်ကြလေသည်။ မျက်နှာဖုံးတပ်ခြင်းမတပ်ခြင်းမှာရှီကျားအတွက်အရေးမပါချေ။ သို့သော်ယဲ့ကျင်းကျီကဆိုလာသည်။


"အထဲမှာကိုယ့်ကို သိတဲ့သူတွေရှိလောက်တယ်.ကိုယ့်ကိုမြင်ရင် သူတို့မသက်မသာဖြစ်နေလိမ့်မယ်"


ရှီကျားအေးခဲသွားခဲ့လေသည်။


မှန်၏။ အတွင်းရှိဆရာသခင်များမှာ မျိုးဆက်သစ်ဆရာသခင်လေးများဖြစ်သည်။ လူတိုင်းမှာ ဟူတျဲလိုမဟုတ်ပဲ ငရဲဘုရင်ယဲ့ကို ကြောက်ရွံ့ကြလေသည်။ ယဲ့ကျင်းကျီ၀င်သွားပါက ထိုသူတို့နေသာလိမ့်မည်မဟုတ်ချေ။


သူတို့၂ဦးသား မျက်နှာဖုံးစွပ်လျက် သူတို့၏ မော့သို့ကိုယ်စီအား ရွှေရောင်တံခါးတွင်ကပ်လိုက်ကာ အတွင်းသို့၀င်သွားခဲ့ကြလေသည်။


အတွင်းသို့၀င်စဥ်တွင် ရှီကျားမှာ သူ၏ မော့သို့တွင် pointတစ်pointမှမရှိသည်ကို မတော်တဆမေ့သွားခဲ့လေသည်။ သို့ဆိုပါက သူတို့မည်သို့၀င်လာသနည်း။


အဘယ်ကြောင့်မူထိုစဥ်က ယဲ့ကျင်းကျီကသူ့အားဆိုခဲ့၍ပင်။


"ယင်စွမ်းအင်အရမ်းလေးလံနေတဲ့အချိန် မကောင်းဆိုးရွားတွေကိုဆွဲဆောင်မိနိုင်တယ်..ယန်စွမ်းအင်ပြင်းထန်တဲ့အခါကျရင်မိစ္ဆာတွေကိုဆွဲဆောင်နိုင်တယ်...တချို့မိစ္ဆာတွေက ယန်စွမ်းအင်မြင့်တဲ့သူတွေကို သူတို့အစာအဖြစ်သတ်မှတ်ပြီး သူတို့ဆီက ယန်စွမ်းအင်တွေကိုစုပ်ယူကြတယ်.."


ရှီီကျားမှာချက်ချင်းပင်တစုံတစ်ခုကိုတွေးမိလေသည်။ 


"မြေခွေး၀ိညာဥ်တွေလား"


ယဲ့ကျင်းကျီ ခတ္တမျှတန့်သွားခဲ့လေသည်။ 


"မြေခွေး၀ိညာဥ်တွေကလည်း မိစ္ဆာသားရဲတွေပါပဲ..ဒါပေမယ့် တကယ်တမ်းမှာ သူတို့ကယင်စွမ်းအင်ကိုမစုပ်ယူဘူး..သူတိုကလူသားတွေကိုစားရတာကြိုက်တာ.."


ရှီကျား"..."


ယင်စွမ်းအင်ကိုစုပ်ယူတာကမှ ပိုကောင်းသလိုပဲ ..


ယဲ့ကျင်းကျီဆိုလိုသည်မှာ ချန်းထောင်အတွက်အန္တရာယ်ရှိသည်ဟူ၍ပင်။


ဆရာယဲ့မှာ ဖက်တီးလေးက ရှီကျားကိုဂရုစိုက်ပေးသည်အားတွေ့ဖူးလေသည်။ 


'ငါ့ဇနီးအပေါ်ကောင်းပေးရင် ငါ့အပေါ်လည်း ကောင်းပေးတာပဲ..' 


ထို့အပြင်ဆရာယဲ့မှာ မူလနံပါတ်၁ ရွှမ်းရွှယ်လောက၏ နာမည်ကြီး စံပြမော်ဒယ်လည်းဖြစ်သေးသည်။ ယခုမူသူသည် သူ၏ဇနီးသူငယ်ချင်းအတွက် တစ်ခုခုကူညီလုပ်ကိုင်ပေးချင်လေရာ ထိုကဲ့သို့ မှော်ရတနာပစ္စည်း၀ယ်ပေးကာ ချန်းထောင်အနား မိစ္ဆာများမကပ်နိုင်အောင်လုပ်ပေးချင်လေသည်။


ဆရာယဲ့တွေးနေစဥ်မှာပင် ရှီကျားကဆိုလာသည်။ 


"ဆရာယဲ့ မိစ္ဆာတွေအနားမကပ်နိုင်အောင် ယန်စွမ်းအင်ကို ဖိနှိပ်ပေးတဲ့ အဆောင်မျိုးရှိလား"


ယဲ့ကျင်းကျီက တစ်ခုပြီးတစ်ခုရွတ်ပြလာခဲ့လေသည်။


ရှီကျားခေါင်းညိတ်လိုက်သည်။


"ဒါဆို ကျွန်တော်ချန်းထောင်အတွက် နည်းနည်း၀ယ်ပေးမယ်"


ယဲ့ကျင်းကျီ "ကိုယ်ချန်းထောင်အတွက်၀ယ်ပေးမယ်"


သူ၏စကားသံမှာ ရပ်သွားခဲ့လေသည်။ ယဲ့ကျင်းကျီမှာ ရှီကျားကိုအံ့အားသင့်စွာကြည့်လိုက်မိလျှင် ဆံပင်နက်တို့နှင့် လူရွယ်လေးမှာ မျက်ခုံးများတွန့်ချိုးနေသည်ကိုတွေ့လိုက်ရလေသည်။ 


ရှီကျားမှာ စဥ်းစားပြီးနောက် ခေါင်းကိုမော့ကာဆိုလာခဲ့သည်။


"ဆရာယဲ့ပြောသလိုဆို အဲဒီအဆောင်တွေက စျေးပေါတယ်ဆိုတော့ အားလုံးပေါင်းမှ ၃ ၄pointလောက်ပဲ ရှိမှာပေါ့..ကျွန်တော်ခင်များဆီက pointနည်းနည်းလောက်ချေးလို့ရမလား..'ghosts know'ကလူတွေရော သရဲတွေဆီကရော သတင်းစာမူတွေလက်ခံတယ်ဆိုတော့ ကျွန်တော်ကျိရင်ဆီက နည်းနည်းပါးပါးမေးမြန်းပြီး စာမူနည်းနည်းရေးဖို့စဥ်းစားထားတယ်..ပြီးကျရင် ကျွန်တော်ပြန်ဆပ်ပါ့မယ်..ကျိရင်ကိုတော့ အရင်တောင်းပန်ရမှာပဲ..ဒါပေမယ့် သူလည်း 'ghosta know'ကိုမဖတ်ပါဘူးလေ "


ယဲ့ကျင်းကျီမှာရှီကျားကိုကြည့်နေခဲ့လေသည်။ အတော်လေးကြာပြီးသည်မှာ သူ၏ရင်ထဲမှ မကျေနပ်မှုကိုထိန်းချုပ်လျက်ဆိုလာခဲ့သည်။ 


"ကိုယ့်pointတွေနဲ့ပဲ ချန်းထောင်အတွက်၀ယ်လိုက်လို့ရပါတယ်"


ရှီကျား၏မျက်လုံးတို့၀ိုင်းစက်သွားခဲ့သည်။


"ဆရာယဲ့က ဘာလို့ချန်းထောင်အတွက်၀ယ်ပေးမှာလဲ"


ယဲ့ကျင်းကျီ "သူကမင်းသူငယ်ချင်းလေ"


ရှီကျားမှာ ပို၍ပင်ရှုပ်ထွေးလာခဲ့လေသည်။ 


"မှန်တယ်လေ သူကကျွန်တော့်သူငယ်ချင်း...နေပါဦး ဆရာယဲ့ တစ်ရက်တည်းနဲ့ သူနဲ့ခင်သွားတာလား"


ယဲ့ကျင်းကျီ၏စိတ်ထဲတွင် မေးခွန်းတချို့ပေါ်လာခဲ့လေသည်။


ဇနီးအပေါ်ကောင်းတဲ့သူက ငါ့အပေါ်ကောင်းတာနဲ့အတူတူပဲ..သူကဇနီးရဲ့သူငယ်ချင်းဆိုမှတော့ ငါ့သူငယ်ချင်းပဲပေါ့...


"အင်း..သူကကိုယ့်သူငယ်ချင်းပဲလေ"


ရှီကျား"...." 


ဒီနေ့..ချန်းထောင်ရဲ့ လူမှုဆက်ဆံရေးအရည်အချင်းကို ထပ်ပြီးအသိအမှတ်ပြုရတော့မှာပဲ...


ယဲ့ကျင်းကျီမှာ ချန်းထောင်ကိုကာကွယ်နိုင်မည် အဆောင်များ၀ယ်မေးမည်ပြောသော်လည်း ရှီကျားမှာလည်း တချို့ကို၀ယ်လိုက်ဆဲပင်။ ထိုသို့၀ယ်ရန်အတွက် ယဲ့ကျင်းကျီထံမှ pointချေးရာတွင် ယဲ့ကျင်းကျီက ဤသို့သာဆိုလာခဲ့သည်။


"မင်း၀ယ်လို့ရပါတယ်"


ရှီကျားမှာ ဆရာယဲ့မှာ သူ့ကိုလွှဲပေးလိုက်ပြီဟုသာထင်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ပစ္စည်းများကို၀ယ်ရာတွင်လည်း စျေးဆိုင်မှ ဆရာသခင်မှာ ဘာမှမပြောပဲ သူ့အား ပစ္စည်းများကိုတိုက်ရိုက်ပေးလိုက်လေသည်။


ဖော့ယန်သရဲစျေး အတွင်းလွှာတွင် ၀ိညာဥ်ရိုင်းများနှင့် လေလွင့်၀ိညာဥ်များအတော်နည်းသွားခဲ့သည်။


သရဲစျေး၏အပြင်လွှာမှာ သရဲတအုပ်ကြီးနှင့် ဆရာသခင်တချို့ လျှောက်သွားနေခြင်းဟုဖော်ပြလျှင် အတွင်းလွှာတွင်မူ ဆရာသခင်အရည်အတွက်မှာ တ၀က်ကျော်ခန့်နေရာယူထားခဲ့လေသည်။


အတွင်းလွှာတွင် စျေးဆိုင်ဖွင့်ထားသူများမှာ အများစုကမျိုးဆက်သစ်ဆရာသခင်လေးများဖြစ်သော်လည်း ကျင့်ကြံဆင့်မြင့်သော ၀ိညာဥ်များလည်းရှိလေသည်။


သူတို့သည်အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသည်ဖြစ်ကာ ကျင့်ကြီစွမ်းမြင့်ပြီး မှော်ပစ္စည်းတချို့ကိုပြုလုပ်နိုင်စွမ်းရှိလေသည်။ ရောင်းချနိုင်လျှင် သူတို့လည်း pointများရရှိမည်ဖြစ်သည်။


ထို့အပြင် အတွင်း၌စျေးဆိုင်ဖွင့်ထားသော ဆရာသခင်အများစုမှာ ထျန်းကုန်းပွဲကြည့်စင်နှင့် ရှန်းနုန်တောင်ကြားတို့မှ ဆရာသခင်လေးများဖြစ်ကြလေသည်။ တွေးကြည့်လျှင် ကျိုးကြောင်းဆီလျော်လှသည်။ ရှီကျားဖေးယွီထံမှကြားဖူးသည်မှာ ထျန်းကုန်းနှင့် ရှန်းနုန်းဂိုဏ်းများမှ တပည့်လေးများမှာ သူတို့ရတနာပစ္စည်းများနှင့် ဆေးများကို သန့်စင်ပြီးသည်နှင့် ဂိုဏ်းကိုအပ်နှံကာ သူတို့ဂိုဏ်း၏အွန်လိုင်းရှော့တွင် တင်ကာ ရောင်းချနိုင်ကြသည်။ သူတို့သည်သူတို့ဂိုဏ်း၏ ကိုယ်ပိုင်တပည့်များဖြစ်ပြီး အမြတ်ရာခိုင်နှုန်းမှာ တခြားဆရာသခင်ကြီးများထက် ၂၀ရာခိုင်နှုန်းပိုနည်းလေသည်။


သို့တိုင်အောင် အွန်လိုင်းရှော့တွင် တင်၍ရောင်းလျှင် အမြတ်၏ ၃၀ရာခိုင်နှုန်းကို အခကြေးငွေပေးရသေးသည်။ ဖော့ယန်စျေးတွင်မူ ရာခိုင်နှုန်း၂၀မျှသာပေးရလေသည်။ သို့နှင့် ဤမျှများပြားသော ဆရာသခင်များမှာ အပြေးအလွှားစျေးလာရောင်းကြသည်မှာ အံ့သြစရာမဟုတ်ချေ။


ရှီကျားမှာ မျက်နှာဖုံးအောက်မှ သက်ပြင်းချလျက်ဆိုလာခဲ့သည်။


"ဒီဖော့ယန်သရဲစျေးပိုပြီး အကြိမ်ရေများများဖွင့်ခဲ့ရင် ထျန်းကုန်းပွဲကြည့်စင်နဲ့ ရှန်းနုန်တောင်ကြား မွဲသွားလောက်တယ်"


ယဲ့ကျင်းကျီကဆိုသည်။


"တစ်နှစ်မှာ အလွန်ဆုံး ၂ကြိမ်ပဲဖွင့်လို့ရတယ်"


"ဘာလို့လဲ"


ယဲ့ကျင်းကျီကစိတ်ရှည်လက်ရှည်ရှင်းပြလာခဲ့သည်။


"ပထမတစ်ချက်က ၀ူရှန်းရှစ်ထောင့်အစီအရင်ကို ထိန်းသိမ်းဖို့ စွမ်းအင်တွေအများကြီးလိုတယ်..ကိုယ့်အစွမ်းနဲ့ဆို တစ်နှစ်မှာ ၄ကြိမ်လောက်ပဲ ဒီအစီအရင်ကိုဖွင့်နိုင်တာ"


ရှီကျားရုတ်ချည်းနားလည်သွားခဲ့သည်။ ဆရာယဲ့မှာ ရွှမ်းရွှယ်လောက၏OPဖြစ်ကာ ထိပ်ဆုံးတွင်ရပ်တည်နေသူဖြစ်သည်။ သူပင်လျှင် ဤ၀ူရှန်းရှစ်ထောင့်အစီအရင်ကို ၄ကြိမ်သာဖွင့်နိုင်လေသည်။ ဤ၀ူရှန်းရှစ်ထောင့် အစီအရင်၏ စွမ်းအင်ကုန်ဆုံးမှုကမြင့်မားမှန်း သိသာလေသည်။


ယဲ့ကျင်းကျီကဆက်၍ဆိုလာသည်။


"ဒုတိယအချက်က ဖော့ယန်သရဲစျေးသာ ခဏခဏဖွင့်နေရင် ထျန်းကုန်းပွဲကြည့်စင်နဲ့ ရှန်းနုန်တောင်ကြားကသည်းခံနေမှာမဟုတ်ဘူး... သူတို့သာအတင်းအကြပ်တွန်းအားအပေးမခံရရင် ဒီသရဲစျေးကိုပေးဖွင့်မှာတောင်မဟုတ်ဘူး"


ရှီကျားနားလည်လေသည်။ ဤသရဲစျေးသာအမြဲရှိနေပါက မည်သူက ထျန်းကုန်းပွဲကြည့်စင်နှင့် ရှန်းနုန်တောင်ကြားတို့မှ စျေး၀ယ်ကြတော့မည်နည်း။ အားလုံးက သရဲစျေးကိုသာသွားကြပေလိမ့်မည်။


"ဒါဆိုဖော့ယန်သရဲစျေးက 11/11လိုပဲပေါ့.."


ရှီကျားနှမြောတသနှင့်သက်ပြင်းချလိုက်လေသည်။


ယဲ့ကျင်းကျီမှာနားမလည်ခဲ့ချေ။


ရှီကျားကဆိုသည်။


"11/11လိုပဲလေ ကျွန်တော်ကြည့်တာ ပစ္စည်းတွေကလည်း စျေးပိုနည်းသွားတယ်... ကျွန်တော်ဖေးယွီဆီကတွေ့ဖူးတာ ကျစ်ဝေ့ရှင်းခန်းမရဲ့တပည့်နန်ရိ သွေးစက်က တစ်စက်ကို ၈pointဆီကျတယ်..ဒါပေမယ့်ကျွန်တော်အခုဖြတ်လာတဲ့ ကျစ်ဝေ့ရှင်းစျေးဆိုင်လေးမှာ နန်ရိသွေးစက်က တစ်စက်ကို ၇စက်ပဲကျတယ် ..ဒီလိုဆို ၀ယ်သူရော ရောင်းသူရော အဆင်ပြေတယ်လေ...ဖော့ယန်သရဲစျေးက 11/11ဖြစ်နေတာကိုး..."


ယဲ့ကျင်းကျီမှာ ရှီကျားဆိုလိုသည်ကိုနားလည်သော်လည်း နားမလည်သည့်တစ်ချက်ရှိလေသည်။


"11/11ကဘာကိုပြောတာလဲ"


ရှီကျားမေးလိုက်မိသည်။ 


"ဆရာယဲ့ သရဲစျေးကို မသွားဖြစ်တာ ၃နှစ်ရှိပြီလို့မပြောခဲ့ဘူးလား...ဒါဆို ဖော့ယန်သရဲစျေးကစဖွင့်တာ ဘယ်လောက်ကြာပြီလဲ"


ယဲ့ကျင်းကျီတွေးလိုက်သည်။


"၀ူရှန်းတောင်ရဲ့အမွေအနှစ်က နှစ်ပေါင်း ၄၉၆နှစ်ကျော်လက်ဆင့်ကမ်းလာခဲ့တာ...လွန်ခဲ့တဲ့ ၂၀၁နှစ်တုန်းက ဆရာသခင်ကြီးတစ်ယောက်က ၀ူရှန်းချင်းလီနဲ့ ထျန်းကုန်းပွဲကြည့်စင်နဲ့ ရှန်းနုန်တောင်ကြားကို ချီတက်ပြီး ဖော့ယန်သရဲစျေးဖွင့်ဖို့ သဘောတူစာချုပ်ကိုလက်မှတ်ထိုးခိုင်းခဲ့တယ်လေ...အဲဒီနောက်ပိုင်း နှစ်တိုင်း ဖော့ယန်သရဲစျေးကိုစဖွင့်ခဲ့တာဆိုတော့ ဒီနေ့ထိဆို နှစ်ပေါင်း ၂၀၀လောက်ရှိပြီပေါ့"


ရှီကျားခေါင်းညိတ်လိုက်သည်။ 


"နှစ်ပေါင်း၂၀၀...ဒါဆို 11/11ထက်စောတာပဲ..မားယွမ်က ခင်များတို့ကိုအရိုအသေတောင်ပေးသင့်တယ်"


(TN-မားယွမ်ဆိုတာ တရုတ်ကအချမ်းသာဆုံးပုဂ္ဂိုလ်ပါ တရုတ်အွန်လိုင်းရှော့တွေနဲ့ 11/11စျေးရောင်းပွဲတော်ကိုစထွင်ခဲ့တာ)


ယဲ့ကျင်းကျီမှာ ရှီကျား၏စကားကိုနားမလည်သော်လည်း နာခံစွာခေါင်းညိတ်လိုက်လေသည်။ 


ဇနီးပြောသမျှအကုန်မှန်တယ်..


သူတို့၂ဦးမှာထိုင်စရာနေရာတစ်ခုရှာဖွေလျက် ထိုင်ချကာအနားယူလိုက်ကြသည်။ ရှီကျားမှာ အတွေးတွင်နစ်မြောနေခဲ့သည်။ ဖော့ယန်သရဲစျေးကိုဖွင့်လှစ်ခဲ့သူတို့မှာ အမျှော်အမြင်ကြီးလှလေသည်။ ဤသည်မှာ ဆုံးရှုံးမှုမရှိသော တည်ငြိမ်သော စီးပွားရေးဖြစ်သည်။ သို့သော် သူတွေးနေတုန်းတန်းလန်းမှာပင် သူ၏ခေါင်းမှာတောင့်တင်းစွာလှည့်လာပြီး မျက်လုံးများပြူးကျယ်လျက် ယဲ့ကျင်းကျီကိုစိုက်ကြည့်လိုက်လေသည်။


ဆရာယဲ့မှာ သူ၏ခုံတွင် တည်ငြိမ်စွာထိုင်လျက် ရှီကျားကိုကြည့်နေခဲ့လေသည်။


ဖော့ယန်ကန်အပေါ်တွင် သရဲများနှင့်လူအများမှာ သွားလိုက်လာလိုက်ရွေ့လျားနေခဲ့သည်။


အစပိုင်းတွင် ယဲ့ကျင်းကျီမှာ ရှီကျားနှင့် အကြည့်ချင်းဆုံကာကြည့်နေသေးသော်လည်း တဖြည်းဖြည်းနှင့် သူ၏နားရွက်များနီရဲလာပြီး အကြည့်လွှဲလိုက်ရတော့သည်။ 


သို့သော် ခတ္တမျှအကြာတွင် ရှီကျားမှာ တုန်ယင်နေသောအသံနှင့်မေးလာခဲ့သည်။


"ဆရာယဲ့ ...အဲဒီထျန်းကုန်းပွဲကြည့်စင်နဲ့ ရှန်းနုန်တောင်ကြားကိုတစ်ယောက်တည်းချီတက်သွားရဲတဲ့ အဲဒီလူစွမ်းကောင်း ဆရာသခင်က ဘာလို့၀ူရှန်းချင်းလီကို သူနဲ့အတူယူသွားတာလဲဆိုတာ ကျွန်တော်ကိုရှင်းပြလို့ရမလား"


ယဲ့ကျင်းကျီမှာ ခေါင်းကိုမော့လျက် သာမာန်ကိစ္စရပ်လိုပင်ဆိုလာခဲ့သည်။ 


"အစတည်းက ၀ူရှန်းချင်းလီက ၀ူရှန်းတောင်ရဲ့ ဂိုဏ်းရတနာပစ္စည်းပဲလေ"


ရှီကျား"...."


သူ၏ကိုယ်မှာခတ္တမျှတုန်ယင်သွားခဲ့သည်။ ရှီကျားမှာ တံတွေးအသာမြိူချလိုက်လျက် မနေနိုင်ပဲမေးလာခဲ့သည်။


"ဆရာယဲ့ ကျွန်တော်မေးလို့ရမလား..အဲဒီ၀ူရှန်းချင်းလီက ကျွန်တော်သိတဲ့ ၀ူရှန်းချင်းလီလား..."


၄င်းကိုကြားသော် ယဲ့ကျင်းကျီဘာမျှမဆိုနိုင်ခင်မှာပင် ကြေးအံစာတုံးလေးမှာ သူ၏ရှန်းခွန်အိတ်ထဲမှ လှစ်ခနဲပျံထွက်လာခဲ့သည်။ ၄င်းမှာ ရှီကျားအား ပတ်ကာပျံသန်းနေပြီးမှ ရှီကျား၏လက်ဖ၀ါးပေါ် ခပ်မိုက်မိုက်ဆရာတပါးနှယ်ဆင်းသက်လာခဲ့သည်။


——အဲဒါကငါ မင်းသိတဲ့ အဖိုးပဲ..မှန်တယ်..


ရှီကျား"...."


အတော်ကြာပြီးနောက် ရှီကျားမှာတနေ့တာ၏နောက်ဆုံးမေးခွန်းကိုမေးလိုက်လေသည်။


"ဆရာယဲ့ ခင်များနဲ့သိလာတာဒီလောက်ကြာပြီဆိုပေမယ့် ကျွန်တော်မသိသေးလို့နော်..ခင်များရဲ့ ဂိုဏ်းကလေ ဘယ်လိုခေါ်တာ.."


"၀ူရှန်းတောင်ပါ"


ရှီကျား"...."


စာရေးသူမှာပြောစရာရှိတယ်: 


C+:....ငါတစ်ခုခုများအမှားလုပ်မိလို့လား..ဒါနဲ့စကားမစပ်..ဆရာယဲ့ကဒီနေ့အရမ်း Mr.Perfectဆန်နေသလိုပဲ (အရပ်ရှည် ၊ ချမ်းသာ၊ ရုပ်ချော)



👻