Chapter 69
Viewers 9k

👻Chapter 69




ဖက်တီးလေးချန်မှာဘယ်တော့မှတွေးမိလိမ့်မည်မဟုတ်ချေ။ သူပြောလိုခဲ့သည်မှာ 'သူ့ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့နားလည်ပေးပြီး ဂရုစိုက်ပေးပါ'ဟုသာ ဆိုလိုခြင်းပင်။ 


သို့သော်၄င်းကိုကြားလိုက်ရသော ဆရာယဲ့မှာတော့ သူ၏ရင်ထဲတွင် သမီးတစ်ယောက်ကိုယုံကြည်အပ်နှံ့လာသော ယောက္ခထီးတစ်ယောက်လိုခံစားရလေသည်။


(ငါ့မိသားစုညီကိုကျားကို မင်းဆီအပ်လိုက်ပြီ..မင်းသူ့အပေါ်ကောင်းပေးရမယ်..သူ့ကိုထိခိုက်ခံစားရအောင်လုပ်လို့မဖြစ်ဘူး )


ဆရာယဲ့မှာ ရှီကျားအား အဘယ်သို့ထိခိုက်ခံစားစေနိုင်ပါမည်နည်း။ 


ဟာသအနေနှင့်ပြောရလျှင် သူတို့လက်ပင်မထပ်ရသေးသော်လည်း သူ၏မော့သို့အကောင့်မှာ အတူတကွပေါင်းစည်းထားပြီးဖြစ်သည်။


Pointပေါင်း၆သန်းကျော်..ရှီကျားအကောင့်ထံတိုက်ရိုက်ဆက်နွယ်နေခဲ့သည်။


လောကကြီးတွင် ဤထက်ပိုကောင်းသော အာမခံချက်ရှိပါသေးသလား...


မဟုတ်သေး..ရှိပေသေးသည်။ ၄င်းမှာ ဆရာယဲ့၏ကတိစကားဖြစ်လေသည်။


ငရဲဘုရင်ယဲ့ပေးထားသော ကတိတစ်ခုမှဘယ်သောအခါမှ မတည်ပဲကျန်ရစ်လိမ့်မည်မဟုတ်ချေ။ ရှီကျားကိုဂရုစိုက်ရန်အတွက် သူ၏ဇနီးအား အခက်အခဲတစ်ခုတလေမျှခံစားခွင့်ပေးလိမ့်မည်မဟုတ်ချေ။ ထိုနေ့ကဆရာယဲ့မှာ အိမ်သို့ညနေ၅နာရီအရောက်ပြန်လာခဲ့ပြီး စျေး၀ယ်အိတ်အများအပြားကိုလည်းဆွဲလာခဲ့သေးသည်။ ထို့နောက် သူ၏ဇနီးအတွက် အရသာအရှိဆုံးဟင်းပွဲများကို တက်တက်ကြွကြွချက်ပြုတ်ခဲ့လေသည်။


စားသောက်နေစဥ်တွင် ရှီကျားမှာ၀မ်းနည်းစွာ သက်ပြင်းချလိုက်လေသည်။


"ချန်းထောင်က အစားကောင်းတွေစားရဖို့ကံမပါလာဘူးပဲ"


ထို့နောက် ပျော်ရွှင်စွာ အားရပါးရစားသောက်နေလေတော့သည်။ 


နေ့ရက်များမှာ အလွန်အေးချမ်းလွတ်လပ်နေခဲ့သည်။


ရှီကျား၏နောက်ဆုံးဇာတ်ခမ်း ရွှမ်း၀ူမှာ post-productionအဆင့်သို့ရောက်နေခဲ့ချေပြီ။ နာမည်ကြီးသရုပ်ဆောင်များနှင့် ထုတ်လုပ်ရေးအဖွဲ့မှာ နေရာတိုင်းတွင် ကြေညာနေကြပြီးဖြစ်သည်။ သူကအရံဇာတ်ကောင်လေးမျှသာ။ ဤကဲ့သို့အရာများမှာ သူလုပ်ရမည့်အပိုင်းမဟုတ်ချေ။ ဤကားမှာသူ့အား ငွေအမောက်များများပေးထားခဲ့သည်။ ထိုပမာဏမှာအခြားနာမည်ကြီးများအတွက် မပြောပလောက်သော်လည်းရှီကျားအတွက်မူ တစ်နှစ်စာမျှသက်တောင့်သက်သာနေထိုင်ရန်လုံလောက်လေသည်။


မကြာသေးမီကပင် ချန်းထောင်မှာ ရှီကျားအား ဇာတ်ညွှန်းတချို့ပို့ပေးခဲ့သည်။ ပေးသည့်ပမာဏမှာလည်းမဆိုးချေ။ သို့သော်ရှီကျားမှာ သူ့ကိုယ်သူကောင်းစွသိလေသည်။ 


: 【 ထောင်ကျစ်..ငါသရုပ်ဆောင်ရမလဲမသိဘူးဆိုတာ မင်းသိပါတယ်နော်..ငါ့သရုပ်ဆောင်တာကအဲလောက်မဟုတ်ဘူး..သဘာ၀လွန်တို့ သရဲကားတို့ သည်းထိတ်ရင်ဖိုတို့မဟုတ်ဘူးဆိုရင် ငါသရုပ်သွားဆောင်ရင် သူတို့ရုပ်ရှင်အတွက် မကောင်းနိုင်ဘူးလေ.. 】


ချန်းထောင်မှာ လျင်မြန်စွာတုန့်ပြန်လာခဲ့သည်။


: 【 ညီကိုကျား..ကိုယ့်ကိုယ်ကိုဘာလို့ဒီလောက်တောင်သိနေရတာတုန်း..ဟား ဟား ဟား..! 】


ရှီကျား"......"


သူ၏သူငယ်ချင်းကောင်းကို ၅မိနစ်မျှဘလော့ပြီးနောက် သူတို့၂ဦးသားဆက်လက်စားသောက်နေခဲ့ကြလေသည်။


ရှီကျားမှာချန်းအန်သို့သွားရာတွင် စုန့်စုန့်အား သူနှင့်အတူခေါ်မလာခဲ့ချေ။ ၄င်းမှာ ပထမအင်ပါယာသင်္ချိုင်းဂူဖြစ်သည်။ ဆရာယဲ့ကိုယ်တိုင်ပင်လျှင် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်ဟုဆိုလာလေရာ သူ၏မိသားစု စုန့်စုန့်ကိုလုံး၀ခေါ်သွားရန်မဖြစ်နိုင်ချေ။


ထိုစဥ်ကသူ၏အိမ်မှ အဆိုးလေးအား ဘေးအိမ်မှအန်တီကို ဂရုစိုက်ရန်အပ်ခဲ့ရလေသည်။ သူမထွက်ခွာမီက ထိုကောင်ဆိုးလေး၏နှာဖျားလေးကိုတို့ခဲ့သည်။ 


"ရက်နည်းနည်းလောက်ကြာလိမ့်မယ်..မင်းကိုယ့်ဟာကိုယ်ကောင်းကောင်းစားပြီးနေနေနော်..မင်းလိမ်လိမ်မာမာနေရင် ငါကဆရာယဲ့ကိုမင်းအတွက် တစ်ပတ်စာငါးကောင်းကောင်းကင်ခိုင်းပေးမယ်"


စုန့်စုန့်မှာအလိုလိုက်ခံထားရသော ကလေးလေးနှယ် ရှီကျား၏လက်မောင်းထဲတိုး၀င်လာကာ မည်သို့ခါထုတ်ထုတ်ထွက်မသွားခဲ့ချေ။ ၄င်းမှာ 'ဆရာ့ရဲ့ငါးကိုမစားရလည်း..ဆရာနဲ့ပဲအတူရှိချင်တယ်'ဟူသော အထာမျိုးပင်။


ရှီကျားမှာ ကောင်ဆိုးလေးကိုချီလျက် အိမ်ဘေးမှအန်တီထံခေါ်သွားခဲ့လေသည်။ ထို့နောက်သူက ကူကယ်ရာမဲ့စွာဆိုလိုက်သည်။


"ငါကဆရာယဲ့ကိုမကင်ခိုင်းရင်တောင် မင်းကဆရာယဲ့ဆီပြေးသွားပြီး ချစ်ဖို့ကောင်းအောင်ချွဲပြလိုက်တာနဲ့ ငါးစားရမယ်လို့တွေးနေမှန်း ငါသိတယ်နော်"


စုန့်စုန့်မှာထောက်ခံသည့်အလား မြောင်ဟုအော်လာခဲ့သည်။ 


ဟုတ်တယ် ဟုတ်တယ် ဘေဘီက တော်တယ်မလား..


ရှီကျားမှာပြုံးလိုက်မိလေသည်။ 


"ငါပြန်လာလို့ မင်းအစာသေချာမစားဘူးလို့ကြားလို့ကတော့ ဆရာယဲ့ကို မင်းအတွက် နောက်ထပ်ဘယ်တော့မှ ငါးမကင်ပေးဖို့ပြောလိုက်မှာ..ဆရာယဲ့က ငါ့ကိုနားထောင်မလား မင်းကိုနားထောင်မလားကြည့်ကြသေးတာပေါ့"


စုန့်စုန့်မှာကြောက်လွန်း၍ သူ၏မျက်လုံးလေးများ ၀ိုင်းစက်လာလေတော့သည်။ သူကအိမ်နီးချင်းအန်တီ၏လက်မောင်းထဲသို့လျှင်မြန်စွာ ခုန်၀င်သွားခဲ့လေသည်။


ထင်ထားသလိုပင် ရှီကျားချန်းအန်မှပြန်လာပြီးနောက် ကောင်ဆိုးလေးမှာ ၀ိတ်ကျမသွားခဲ့ချေ။ ၄င်းမှာ အသားလေးနည်းနည်းပင်တိုးလျက် ပြည့်ဖောင်းလာသေးသည်။ စုန့်စုန့်မှာ ရှီကျားထံမှ အလွန်အလိုလိုက်ခံထားရလေသည်။ သူကငါးကိုသာစားကာ ကြောင်စာစားရန်ငြင်းဆန်လေ့ရှိသည်။ ထို့အပြင် လူလည်းအလွန်ကပ်ကာ ဘယ်သွားသွားလိုက်ကာ အနမ်းများအပွေ့အဖက်များတောင်းဆိုနေတတ်သည်။


ယခင်က ထိုအကောင်လေးမှာ ရှီကျားတစ်ယောက်တည်းကိုသာ ပစ်မှတ်ထား၍ ကပ်တွယ်တတ်ကာ ကျန်သူများကို အကြည့်တစ်ချက်ပင်မပေးပဲချေမိုးတတ်သည်။ သို့သော် ယဲ့ကျင်းကျီမှ ၄င်းအား ငါးတစ်ပန်းကန်ပေးလိုက်သည်မှအစပြု၍...


ဤကောင်စုတ်လေးမှာ ဆရာယဲ့လက်မောင်းထဲတွင် တချိန်လုံးခွေနေကာ လှုပ်ပင်မလှုပ်တော့ချေ။


သဘာ၀ကျစွာပင် စုန့်စုန့်အနှစ်သက်ဆုံးမှာ ရှီကျားဖြစ်နေဆဲပင်။ ရှီကျားနိုးလာတိုင်း ထိုကောင်စုတ်လေးမှာ သူ၏ခေါင်းဦးဘေးတွင် ပါးစပ်လေးဟလျက် အမြဲအိပ်နေတတ်လေသည်။ ထို့အပြင်ထိုအကောင်လေးမှာ တံခါးကိုမည်သို့ပိတ်ရဖွင့်ရမည်ကို မည်သို့တတ်မြောက်သွားမှန်း မသိချေ။


ရှီကျားမှာ အိမ်မှာသာနေပြီး အပြင်သို့မထွက်သဖြင့် ယဲ့ကျင်းကျီမှာလည်း အပြင်ထွက်၍ သရဲဖမ်းချိန်အတော်လျော့ကျသွားခဲ့လေသည်။


နေ့စဥ်နေ့တိုင်း သူတို့အတူဆိုဖာတွင်ထိုင်လျက် တီဗွီကြည့်နေကြမည်ဖြစ်ကာ ကြေးအံစာတုံးလေးမှာ လေထဲတွင် ဟိုဟိုသည်သည်ခုန်လျက် လက်တစ်၀ါးစာကြောင်ကလေးထံတွင် လက်သည်းနှင့် အပုတ်ခံနေခဲ့သည်။ အကြောင်းတချို့ကြောင့် ၀ူရှန်းချင်းလီမှာ စုန့်စုန့်ကိုစရခြင်းအား လွန်စွာနှစ်ခြိုက်လေသည်။ စုန့်စုန့်မှာ ၄င်းကိုလက်သည်းဆန့်လျက်လိုက်ဖမ်းတိုင်း မျက်နှာကျက်ပေါ်သို့ ၀ှစ်ခနဲပျံတက်သွားတတ်သည်။


စုန့်စုန့်မှာ သေးငယ်နေဆဲဖြစ်သည်။ ထိုမျှအမြင့်ကိုမခုန်နိုင်ပဲ လေထဲတွင် ဟိုဟိုသည်သည်ခုန်နေရုံသာတတ်နိုင်လေသည်။ 


ရှီကျားစိတ်ကောင်း၀င်နေချိန်တွင် သူကစုန့်စုန့်ကိုကောက်ယူလျက် ၀ူရှန်းချင်းလီကို လှမ်းပုတ်နိုင်အောင် မြှောက်ပေးလေ့ရှိသည်။ အမိခံလိုက်ရပြီးနောက် ၀ူရှန်းချင်းလီမှာ ဆက်၍မပျံတော့ချေ။ ထိုအစား ၄င်းမှာ စုန့်စုန့်နှင့် ဘောလုံးဂိမ်းကစားတတ်လေသည်။


ဤလူရွှင်တော်၂ဦးရှိနေလေရာ အိမ်မှာ ဘယ်တော့မှ ငြိမ်းချမ်းတိတ်ဆိတ်မနေပဲ တချွင်ချွင် တတောက်တောက်အသံများတနေကုန်ကြားနေရလေသည်။


၄င်းတို့အပြင် ရှီကျားမှာ အခုတလောကျိရင်ကိုသင်ကြားပေးရင်းအလုပ်များနေခဲ့သည်။


"အင်း..အဲဒီဂရမ်မာကနည်းနည်းခက်တယ် ..မင်းဒီစာကြောင်းကိုမှတ်မိရငိရပြီ..ပြီးတော့ဒီစာလုံးကိုလည်းမှတ်ထား .ဂရမ်မာကနောက်မှတွေးရမယ့်ပြဿနာဖြစ်လာလိမ့်မယ်..အာနေပါဦး...မင်းမူလတန်းသင်္ချာနဲ့ ဘာသာစကားစာအုပ်တွေကိုဖတ်ပြီးသွားပြီပေါ့..သင်္ချာကိုတောင်လေ အဲလောက်တောင်မြန်တာလား"


ကျိရင်၏လေသံမှာ ညင်သာနေခဲ့လေသည်။


"မူလတန်းသင်္ချာက ဒီတိုင်းရိုးရိုးရှင်းရှင်း ပုစ္ဆာလေးတွေပါပဲ...များများစားစားတွေးနေစရာတောင်မလိုပါဘူး.. ကျန်းကျစ်တစ်ခါပြောဖူးတယ် '


'သင်ကြားခြင်းရဲ့တာအိုဟာ သူတော်ကောင်းတရားကိုဖော်ဆောင်ပေးပြီး ကျက်သရေမင်္ဂလာနဲ့ပြည့်စုံစေတယ်တဲ့ .’


အခုငါက မူလတန်းစာပဲသင်ရသေးတာ..တကယ့်သင်ကြားခြင်းရဲ့တာအိုကိုမထိတွေ့နိုင်သေးဘူး..ရှီကျားငါပျင်းနေလို့မဖြစ်ဘူး..ဒီခေတ်ရဲ့ဗဟုသုတတွေကသိပ်စိတ်၀င်စားစရာကောင်းတယ်..ငါသင်ကြားခြင်းရဲ့တာအိုကိုအမြန်ထိတွေ့ချင်မိတယ် ..ကောလိပ်အဆင့်ထိရောက်ဖို့ဘယ်လောက်လိုသေးလဲမသိဘူး..ကောလိပ်စာပေတွေကို ဘယ်တော့မှစလေ့လာလို့ရမှာလဲ"


ရှီကျား"....."


ရှီကျားမှာ သူတို့၏ကောလိပ်အဓိပ္ပါယ်မှာ သူပြောသလိုမဟုတ်ကြောင်းကိုပြောချင်မိသည်။ ယခုမှ မူလတန်းပြီးသည်ကို ကောလိပ်အကြောင်းစစိတ်ကူးယဥ်နေသည်။ ၄င်းမှာ ခေါင်းပေါ်လက်ထောက်လျက် 'ရှင်းဟွာတက်ရမလား ပီကင်းတက်ရမလား'ဟု စိတ်ကူးယဥ်နေသလိုပင်။


ရှီကျားမှာ ကျိရင်၏ စိတ်ခွန်အားကို မတိုက်ဖျက်လိုပါချေ။ သူခတ္တမျှတွေးလျက် စကားလမ်းကြောင်းကိုသာလွှဲလိုက်လေသည်။


"အခုတလောကြားရတာတော့ ရွှမ်းရွှယ်လောကကဆရာသခင်တွေ အတော်များများချန်းအန်ကိုသွားကြသေးတယ်တဲ့ ပထမအင်ပါယာကထင်ထားတာထက်စောနိုးလာလို့ဆိုပဲ .သူတို့ကသင်္ချိုင်းဂူအပေါ် စည်းအထပ်၁၀၀လောက်ထပ်ချဖို့အစီအစဥ်ဆွဲနေတာ"


"အဲလိုလား..နေ့တိုင်းအပြင်ကနေ ထူးဆန်းတဲ့အသံတွေကြားနေရတာမထူးဆန်းတော့ပါဘူး..ဆူညံလွန်းလို့ စာတောင်လုပ်မရဘူး"


ရှီကျားမှာ ရွှမ်းရွှယ်လောကကိုယ်စားတောင်းပန်ပေးလိုက်သည်။


"ကျိရင် သူတို့ကိုနားလည်ပေးလိုက်ပါ"


ကျိရင်မှာ ပြုံးလျက် သက်ပြင်းချလေသည်။ 


"ငါကဘယ်လိုမှမနေပါဘူး ဒါပေမယ်ခမည်းတော်အင်ပါယာကတော့ ဒီနေ့မနက်က ထာ၀ရနန်းတော်ကနေဒေါသတကြီးထွက်လာတယ်လေ..စစ်သူကြီးပိုင်ချီရဲ့ဓါးကိုဆွဲပြီး ဆောက်လုပ်ရေးကိုတိတ်တဆိတ်မလုပ်နိုင်ဘဲဆူညံနေတဲ့သူတွေကို ထွက်ခုတ်ပစ်မယ်ကြိမ်း၀ါးနေတာပဲ..ဟုတ်သား ခမည်းတော်အင်ပါယာက ငါ့ဆီကမူလတန်းစာအုပ်တွေကိုယူသွားသေးတယ်...ဆောက်လုပ်ရေးဆိုတဲ့စကားကို အဲဒီကနေသင်လိုက်တာဖြစ်မယ်"


ရှီကျား၏မျက်လုံးများမှာ ခွေးတစ်ကောင်လို ရူးကြောင်ကြောင်နှင့် ပြူးကျယ်သွားခဲ့သည်။


"မင်းစာအုပ်ကိုယူသွားတာလား..ပထမအင်ပါယာကဘာလို့ မင်းစာအုပ်ကိုယူသွားရတာလဲ .."


ကျိရင်သက်ပြင်းချလိုက်သည်။


"ခမည်းတော်အင်ပါယာက ယင်စစ်သား၃၀၀ကျော်ကိုသုံးပြီး နွားကမြက်ကိုစားတဲ့ပုစ္ဆာကိုဖြေရှင်းဖို့ တစ်ပတ်လောက်ကြာခဲ့တာ..သူပုစ္ဆာဖြေရှင်းနေတာကိုကြည့်ဖို့ ငါ့ကိုထာ၀ရနန်းတော်ထဲ၀င်ခိုင်းသေးတယ်လေ..ဖြေရှင်းပြီးလည်းပြီးရော ဒီပါမွှားပုစ္ဆာလေးက တာအိုလမ်းစဥ်အဆင့်မမီဘူး..လွယ်လွန်းတယ်တဲ့"


ရှီကျား"....."


ခင်များက ယင်စွမ်းအင်စစ်သား၃၀၀ကျော်နဲ့ဘာမှလုပ်စရာမရှိလို့ ပုစ္ဆာဖြေရှင်းနေတာလား...


ကျိရင်" ပြီးတော့ ငါခမည်းတော်အင်ပါယာကိုချီးကျူးလိုက်တယ်လေ ‘Dad, good job.’”


ရှီကျား" နေပါဦး..မင်းကဘာလို့ အင်္ဂလိပ်လို ချီကျူးတာလဲ"


ကျိရင်၏လေသံတွင် အပြုံးရိပ်တို့စွက်နေခဲ့သော်လည်း ထိုမေးခွန်းကိုဖြေမလာခဲ့ချေ။


"ခမည်းတော်အင်ပါယာက ဒီထူးဆန်းတဲ့ဘာသာစကားကဘာလဲလို့မေးတယ်လေ ...ငါကလည်းအင်္ဂလိပ်ဘာသာစကားလို့..သုံးနေတဲ့သူတွေ သန်း၃၀၀ကျော်တောင်ရှိတယ်လို့ပြောလိုက်တယ်..လူပေါင်းသန်း၃၀၀ကျော်လေ.. ခမည်းတော်အင်ပါယာလည်း ၀တ်ရုံလက်ကိုယမ်းပြီး ငါ့ကိုထာ၀ရနန်းတော်ထဲကနေမောင်းထုတ်လိုက်တော့တာပဲ ..ဖြစ်ချင်တော့ ငါ့လက်ထဲဘာသာစကားစာအုပ်တချို့ပါလာပေမယ့် အင်္ဂလိပ်စာအုပ်တော့ပါမလာဘူး ..ခမည်းတော်လည်း အဲဒါအားလုံးကိုယူသွားတော့တာပဲ"


ရှီကျား"....."


လူပေါင်းသန်း ၃၀၀ကျော်ဆိုတာကို ဘာလို့ဖိပြောနေရတာတုန်း..မင်းရဲ့ပါးပါးအင်ပါယာက လူပေါင်းသန်း၃၀၀လောက်တောင် တော်မနေဘူးပြောချင်နေတာလား...


ထိုညတွင်ရှီကျားမှာ ကျိရင်အတွက် communismစာအုပ်များစွာကိုမီးရှို့ပေးခဲ့ပြီး ကျိရင်မှာ ၀မ်းတွင်းမည်းတာအိုထဲမှ ဘယ်တော့မှရုန်းမထွက်နိုင်သည့်တိုင်အောင် ပထမအင်ပါယာအကြောင်းကိုကြွားလိုသော ချစ်စရာဘေဘီလေးဖြစ်နေသေးစေရန်ကြံစည်ခဲ့လေသည်။


ထိုစာအုပ်များကိုမီးရှို့ပေးပြီး နောက်တစ်နေ့တွင် ကျိရင်မှာ ရှီကျားအား ဤသို့တုန့်ပြန်လာခဲ့သည်။


"ငါနားလည်ပြီ..ဒီကမ္ဘာမှာ တုနှိုင်းမဲ့အုပ်ချုပ်သူဆိုတာမျိုးမရှိတော့ဘူး..ခမည်းတော်အင်ပါယာရဲ့အတွေးကမှားနေတယ်..ရှီကျား..မင်းဒီစာအုပ်တွေကို ငါဖတ်ရအောင် ပို့ပေးလိုက်မှန်း သိပေမယ့် နောင်ကျရင် ငါခမည်းတော်အင်ပါယာကို ကောင်းကောင်းအကြံပေးပြီး ချင်ပြည်ထောင်ကြီးကို ပြန်ထူထောင်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေကိုတားပေးပါ့မယ်"


ရှီကျား"....."


ရှီကျားမှာ သူသည်ကျိရင်အား လမ်းလွဲအောင်လုပ်မိပြီဟုခံစားရလေသည်။ တခါတရံတွင် ကျိရင်မှာ ပထမအင်ပါယာပေါ် သူ၏လေးစားမှုကိုမတတ်သာပဲဖော်ပြတတ်သော်လည်း အချိန်အများစုတွင်မူကျိရင်မှာ ပထမအင်ပါယာအကြောင်းပြောလာသောအခါ ၄င်းမှာ ပထမအင်ပါယာတစ်ယောက် ယခုတလော သင်္ချာပုစ္ဆာနှင့် ဘာသာစကားများကိုလေ့လာနေကြောင်းသာဖြစ်သည်။ တစ်ခါကဆိုလျှင် ပထမအင်ပါယာအား ခေတ်မီအတွေးစိတ်ကူးများအကြောင်းမိတ်ဆက်ပေးရန်ပင်ကြံလေရာ ရှီကျားသူ့အားအမြန်တားခဲ့လေသည်။


ပေါက်ကရ..ပထမအင်ပါယာသာ မား-ဒါဒါစာအုပ်တွေသွားဖတ်လို့ကတော့ သင်္ချိုင်းဂူကနေတကယ်ကြီးခုန်ထွက်လာပြီး ကမ္ဘာကြီးကိုအုပ်စိုးချင်သွားမှာပေါ့...


(TN- မားဆိုတာ ဂျက်မားကနေယူထားတာဖြစ်မယ်ထင်ပါတယ်..ဂျက်မားကတရုတ်အွန်လိုင်းရှော့တွေကိုစထွင်ခဲ့တဲ့သူဌေးကြီးပါ..မား-ဒါဒါဆိုတာ အဲလိုပဲ နယ်ပယ်အသီးသီးမှာအောင်မြင်တဲ့သူတွေအကြောင်းရေးထားတဲ့ စိတ်အားတက်ကြွစေတဲ့စာပေမျိုးဖြစ်ပါလိမ့်မယ်..သူကအင်တာနက်ဗန်းစကားနဲ့ မား-ဒါဒါလို့ရေးထားတာပါ)


သို့သော် ရှီကျားတဖြည်းဖြည်းနားလည်လာခဲ့သည်။


ပထမအင်ပါယာမှာ ကျိရင်အား ထာ၀ရနန်းတော်တွင်းသို့၀င်ခွင့်မပေးသေးချေ။


နှစ်၂၀၀၀ကျော်ကြာ လျစ်လျူရှူမှုမှာ သင်္ချာပုစ္ဆာတစ်ပုဒ်ကြောင့် ပျောက်ကွယ်မသွားနိုင်ချေ။  


ကျိရင်မှာ အမြဲရှီကျားအားပြုံးရွှင်စွာစကားပြောနေခဲ့သည်။ သို့သော်သူနှင့်စကားမပြောရသောအချိန်တွင် ကျိရင်မှာ အေးစက်စက်အုတ်ဂူထဲတွင် တကိုယ်တည်းအထီးကျန်စွာ စာအုပ်ဖတ်နေရမည်လား မည်သူသိပါမည်နည်း။



👻