Chapter 56
Viewers 9k

👻Chapter 56




ဖုန်းမှတဆင့် ချန်းထောင်က ဆက်ပြောနေဆဲပင်။


"ဒီနေ့ငါ အတန်းမော်နီတာဆီကwechatရတယ်လေ..မနက်ဖြန်လီရှောင်းရဲ့စျာပနတဲ့..ငါအခုTနယ်မှာ ကားရိုက်နေတာကွာ သွားလို့မရဘူး..ညီကိုကျား မင်းမသွားချင်ဘူးလား..မင်းလည်းSမြို့မှာပဲလေ..တို့တွေဘွဲ့ရတာ၁နှစ်ပဲရှိသေးတယ် လီရှောင်းကိုလည်း တို့တွေအဆောင်မှာ ကောင်းကောင်းခင်ခဲ့ရတာပဲ..အခုသူ့ခမျာဆိုးဆိုးရွားရွားသေသွားရတာ မင်းသွားလို့မရဘူးလား"


ချန်းထောင်စကားဆုံးစဥ်မှာပင် ရှီကျား၏ wechatမှစာ၀င်လာခဲ့လေသည်။ ၄င်းမှာအတန်းမော်နီတာမှ သူ့အားလီရှောင်း စျာပနတက်ရန်ဖိတ်ခြင်းပင်။ အတန်းမော်နီတာပြောသည်မှာ လီရှောင်းကအသတ်ခံခဲ့ရခြင်းဖြစ်လေရာ သူ၏ကိုယ်မှာ မှုခင်းတပ်ဖွဲ့ထံမှ autopsyလုပ်ခြင်းခံရကာ မနေ့ကမှမိသားစုထံပြန်ရောက်ပြီး မြှုပ်နှံခွင့်ရခဲ့ခြင်းဖြစ်သည်။ လူတိုင်းမှာတစ်ချိန်ကအတန်းဖော်များဖြစ်သည်။ သူ့အနေနှင့်ရှီကျားအား လီရှောင်း၏နောက်ဆုံးခရီးကိုလိုက်ပို့ရာတွင်ရှိနေစေလိုလေသည်။


ရှီကျား ထိုမက်ဆေ့ကိုကြည့်ကာ သူ၏အကြည့်တို့မှာ အနည်းငယ်အာရုံစူးစိုက်နေခဲ့ရာ အကြာကြီးမတုန့်ပြန်မိချေ။


စပီကာမှတဆင့်ချန်းထောင်၏အသံထွက်လာခဲ့လေသည်။


"ဟင်း..မနှစ်ကဘွဲ့ယူတုန်းက လီရှောင်းတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ၀မ်ယွီကို အားလုံးရှေ့မှာလက်ထပ်ခွင့်တောင်းခဲ့တာလေ..အဲတုန်းကလူတိုင်းပျော်ရွှင်နေခဲ့တာလေ..၁နှစ်ထဲမှာဘာလို့ဒီလိုဖြစ်သွားရတာလဲကွာ..ညီကိုကျားရေ မင်းဒီလိုမျိုးလူတွေနဲ့ပြောဆိုဆက်ဆံရတာမကြိုက်မှန်း သိပါတယ်..လီရှောင်းက..တော်တော်သနားစရာကောင်းလို့ပါကွာ..ငါလည်းသူနဲ့တော်တော်ခင်ခဲ့ပါတယ်ကွာ..အဲဒါကြောင့်အဆင်ပြေရင်..သူ့ကိုလိုက်ပို့လိုရမလားကွာ"


ရှီကျား ဖုန်းကိုနားမှာပြန်ကပ်လိုက်ပြီး ခပ်တိုးတိုးဆိုလိုက်သည်။


"စိတ်မပူပါနဲ့..ငါမင်းအစား စျာပနကိုတက်ပေးပါ့မယ်"


ချန်းထောင်အလျင်အမြန်ဆိုလာခဲ့သည်။


"ကောင်းတယ်..ညီကိုကျား..ငါမင်းကိုအခုပဲငွေနည်းနည်းလွှဲလိုက်မယ်နော်..လီရှောင်းမိသားစုကအတော်လေးချမ်းသာပုံပေါက်ပေမယ့် ဒါကတို့တွေအတန်းဖော်တွေရဲ့ စိတ်စေတနာကောင်းပဲလေ..ဦးလေးနဲ့အန်တီကိုငါ့အစားပေးပေးနော် အိုကေ"


ရှီကျားမှာ ချန်းထောင်၏ စိတ်စေတနာကောင်းကိုမငြင်းလိုက်ချေ။ သူ၏အံဆွဲထဲမှ စာအိတ်တစ်အိတ်ကိုရှာလိုက်ပြီး ချန်းထောင်၏ယွမ်၅၀၀ကိုထည့်လိုက်သည်။ ထို့နောက် သူ့ထံမှယွမ်၅၀၀ကိုလည်းထည့်လိုက်လေသည်။ စာအိတ်ပေါ်တွင်သူတို့၂ဦး၏အမည်ကိုချရေးလိုက်လေသည်။ မနက်ဖြန်စျာပနတွင် ထိုစာအိတ်ကို လီရှောင်း၏မိဘများကိုပို့ပေးလိုက်မည်ဖြစ်သည်။


အရာအားလုံးကိုလုပ်ပြီးနောက် ရှီကျား သူ၏ဖုန်းကိုဖွင့်လျက် လွန်ခဲ့သောလ၀က်ခန့်က မှုခင်းကိုရှာဖွေလိုက်လေသည်။


ချန်းထောင် ထိုကိစ္စကိုပြောလာသည်နှင့် ထိုစဥ်က တီဗွီတွင်ပေါ်လာသော သတင်းနှင့်အင်တာဗျူးမှာ သူ၏စိတ်ထဲတွင်ပေါ်လာတော့သည်။ ထိုစဥ်က သေဆုံးသူ၏အမည်ကို သူဂရုမပြုမိခဲ့ချေ။ ထိုသေဆုံးသွားသောသူမှာသူ၏အတန်းဖော်ဟောင်းဖြစ်နေလိမ့်မည်ဟုထင်မထားမိချေ။


ထင်ထားသလိုပင် အင်တာနက်ပေါ်တွင် ထိုအဖြစ်အပျက်အကြောင်း ပြောသူများအတော်များလေသည်။ 


ထိုအမှုမှာ တကယ်တမ်းတွင် အလွန်ရိုးရှင်းကာ သက်သေသာဓကများမှာလည်း ခိုင်မာလေသည်။ ထို့အပြင် တစ်ကိုယ်လုံးသွေးများနှင့်ဖုံးလွှမ်းနေသော မိန်းကလေးတစ်ဦးထွက်ပြေးသွားသည်ကို အိမ်နီးနားချင်းတစ်ဦးမှမြင်လိုက်လေသည်။ ထို့အပြင် ထိုစုံတွဲမှာ အမြဲတမ်းလက်ပါခြေပါနှင့်ရိုက်နှက်ရန်ဖြစ်နေသည်ကို မကြာခဏတွေ့ဖူးသူများလည်းရှိလေသည်။


ဤအမှုတွင် အာရုံစိုက်မှုကို အဆွဲဆောင်နိုင်ဆုံးတစ်ချက်မှာ သေဆုံးသူ၏ဆိုးဆိုးရွားရွားအခြေအနေဖြစ်သည်။


တစ်စုံတစ်ယောက်မှာ ရဲများရောက်မလာခင် လီရှောင်း၏ခန္ဓာကိုယ်ကိုဓါတ်ပုံရိုက်ထားခဲ့လေသည်။ ထိုပုံမှာလိုင်းပေါ်မှချက်ချင်းဖျက်ချခံလိုက်ရသော်လည်း ထိုပုံကိုsaveလုပ်ပြီး ပြန်ပြန်တင်သော အားယားနေသည့်အင်တာနက်အသုံးပြုသူများလည်းရှိလေသည်။


ထိုခပ်၀ါး၀ါးပုံတွင် လီရှောင်း၏မျက်နှာမှလုံး၀ခုတ်ဖြတ်ခံထားရလေသည်။ သူ၏ဦးခေါင်းခွံမှာ ဖရဲသီးနှယ် ၂ခြမ်းခြမ်းနေပြီးကြမ်းပြင်ပေါ်တစ်ခြမ်းစီကျနေခဲ့လေသည်။ မျက်နှာ၂ခြမ်းလုံးမှာလည်း ဓါးဖြင့်ဆိုးဆိုးရွားရွားခြစ်ထားခြင်းခံရလေသည်။ မျက်နှာအစိတ်အပိုင်းများမှာ မမြင်နိုင်တော့ပဲ အနီရောင်အသားစများကိုသာဖုံးလွှမ်းနေခဲ့လေသည်။ မျက်လုံးနှစ်လုံးမှာလည်း မျက်လုံးပေါက်များမှထွက်ကျနေပြီးအဖြူရောင်ဦးနှောက်ဖတ်များမှာလည်း ထိုမျက်လုံးများတွင်ကပ်နေခဲ့သည်။ ထိုထွက်ကျနေသောမျက်လုံး၂လုံးမှာ မျက်နှာကျက်ကိုစိုက်ကြည့်နေပြီး အဘယ်သို့စိုက်ကြည့်နေမှန်း မပြောနိုင်ချေ။


ငယ်စဥ်ကပင် ရှီကျားမှာ ၀ိညာဥ်များသရဲများကို ၄င်းတို့ သေဆုံးစဥ်ကပုံစံဖြင့် မကြာခဏတွေ့ဖူးခဲ့သည်။

သို့သော်လီရှောင်း၏ပုံကိုကြည့်ပြီးနောက် သူသည်အော်ဂလီဆန်ပြီး အန်ထွက်တော့လုနီးပါးပင်။


အသတ်ခံလိုက်ရပုံမှာ ရက်စက်လွန်းလှ၍ သတင်းဌာနအများစုမှာ ထိုမှုခင်းကိုဖော်ပြခဲ့ကြသည်။ ၀မ်ယွီက လင်းရှောင်းကိုသတ်ပြီးပြီးချင်းထွက်ပြေးသွားခဲ့သည်။ ရှေ့အပါတ်မှသာ သူမမှာ ရဲတပ်ဖွဲ့၀င်များထံမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဘ၀တစ်ကွေ့မှဖြတ်သွားဖြတ်လာများမှာလည်း သူမအားရက်စက်ကာ အဆိပ်ပြင်းလှသော မိစ္ဆာနှယ်မိန်းမအဖြစ်လက်ညှိုးထိုးအပြစ်တင်ကြလေသည်။ ထိုမှုခင်းမှာ 'ချိုးဟူအဆိပ်ပြင်းသောမိန်းမ အိမ်တွင်းအကြမ်းဖက်အမျိုးသမီး'အဖြစ်လူသိများလေသည်။


【အဲဒီမိန်းမကအစတည်းက ပိုက်ဆံကြောင့် လက်ထပ်တာပဲ..အခုကျလူပါသတ်လိုက်ပြီ.. ! 】


【 ဖီးနစ်လိုယောကျာ်းကကြောက်စရာကောင်းပေမယ့် မိန်းမကပိုပြီးတော့တောင် ကြောက်စရာကောင်းသေး..သေဒဏ်ချရမှာ အသေသာပစ်သတ်လိုက်】


【 ဒီလိုမိန်းမမျိုး သူ့ယောကျာ်းကို ဘယ်နှခါတောင် ဦးထုပ်စိမ်းဆောင်းပေးခဲ့လဲမှမသိတာ အခုမှသူ့ယောကျာ်းမိသွားတော့ သတ်လိုက်တာဖြစ်မယ်..သေဒဏ်သာချလိုက် 】


ထိုအမှုအခင်းနှင့် ကောမန့်များကိုကြည့်ကာ သူ ထိုဖြစ်စဥ်ကို အကျဥ်းချုပ်ခန့်မှန်းလိုက်နိုင်သည်။


ထိုအမှုမှာ ရိုးရှင်းနေလွန်း၍ဤမျှထက်ပိုမရှင်းလင်းနိုင်တော့ချေ။ ၄င်းမှာ လက်ထပ်ထားသော စုံတွဲ၂ဦး အခန့်မသင့်၍ ရန်ဖြစ်ကြပြီး တစ်ယောက်မှတစ်ယောက်ကို သတ်မိခဲ့ခြင်းဖြစ်သည်။ ထိုစဥ်ကအိမ်ထဲတွင် သူမနှင့်လင်းရှောင်၂ယောက်သာရှိခဲ့လေရာ ၀မ်ယွီမှာ ရွေးချယ်စရာမရှိပဲ အပြစ်ကို၀န်ခံရန်သာတတ်နိုင်လေသည်။ အိမ်နီးနားခြင်းများမှာလည်း ရန်ဖြစ်သံများကို ကြားခဲ့ရသည်။ သူမ၏လက်ဗွေရာများမှာလည်း လက်နက်အပေါ်တွင်ရှိနေလေရာ သူမငြင်းဆန်ရန်မဖြစ်နိုင်ချေ။


သို့သော် ဤအမှုမှာ Sမြို့တော်တက္ကသိုလ်၏ မဖြေရှင်းနိုင်သော ပုစ္ဆာတစ်ခုဖြစ်သည့်: ဘာလို့သာမာန်ရုပ်နဲ့လင်ရှောင်းက ဌာနရဲ့ပန်းကလေးကိုလက်ထပ်နိုင်သွားတာလဲ ဟူသောအမှန်တရားကိုလည်းဆွဲထုတ်လာခဲ့လေသည်။


ကောလိပ်တက်စဥ်က သူ အများသူငါနှင့် ပြောဆိုဆက်ဆံခဲသော်လည်း ဌာနမှကောင်လေးအများစုမှ လင်ရှောင်းမှာ သိပ်မကောင်းဟုမြင်ကြမှန်း သိလေသည်။


၀မ်ယွီမှာ အမှန်တကယ်လှပသောမိန်းကလေးဖြစ်ကာ ဌာနတွင်မိန်းကလေးနည်း၍ ပန်းကလေးဖြစ်လာခြင်းမျိုးမဟုတ်ချေ။ ကျောင်းတွင်သူမ၏ကျော်ကြားမှုကမြင့်လေသည်။ သူမက ဒရာမာ club၏ပင်မထောက်တိုင်ကြီးဖြစ်သလို ကောလိပ်အဆိုပြိုင်ပွဲတွင်လည်း ဆုရရှိခဲ့သူဖြစ်သည်။ သူမနှင့်လင်ရှောင်းစတွဲစဥ်က လူတိုင်းမှာ ဌာန၏ပန်းကလေးမှာနွားချေးပုံထဲစိုက်သွားပြီဟုသာတွေးကြလေသည်။ 


ဤသတင်းများကိုဖတ်ရမှသာ ၀မ်ယွီမှာ Sမြို့နယ်ခံဖြစ်ပြီး သူမမိသားစုအခြေအနေမှာ သိပ်မကောင်းလှပဲ ဆင်ခြေဖုံးရပ်ကွက်တွင်နေရသည်ကိုသိလိုက်ရလေသည်။ သူမ၏တက္ကသိုလ်တတိယနှစ်တွင် ဖခင်ဖြစ်သူမှာ ကြီးကြီးမားမားနာမကျန်းဖြစ်ခဲ့လေသည်။ သူမ၏မိသားစုမှာ နဂိုကပင်မပြည့်စုံချေ။ ဆေးရုံစားရိတ်ကိုပေးချေရသောအခါပို၍ပင် ခက်ခဲလာတော့သည်။ လင်ရှောင်းနှင့် ၀မ်ယွီမှာတစ်မြို့ထဲကသာဖြစ်၍ သူမ၏အခြေအနေကိုကောင်းကောင်းသိလေသည်။ သူ၏မိသားစုမှာ ၁၀နှစ်အတွင်း စီးပွားတက်ကာ ငွေကြေးအတော်ချမ်းသာလာခဲ့သည်။ သို့နှင့်မိသားစု၂ခုဝေးကွာသွားရခြင်းဖြစ်လေသည်။


၀မ်ယွီ၏မိသားစုအခက်အခဲနှင့်ကြုံတွေနေရချိန်တွင် လင်ရှောင်း၏မိဘများမှာ ရက်ရက်ရောရောကူညီပေးခဲ့ကြသည်။ ၀မ်ယွီလည်းအဘယ်ကြောင့်ရယ်မသိပဲ လင်ရှောင်းနှင့်စတွဲတော့သည်။ ထို့နောက် လင်ရှောင်းနှင့် ဘွဲ့ယူအပြီး၌လက်ထပ်ကာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်လာခဲ့၏။


ထိုကိစ္စမဖြစ်မီက လိုင်းပေါ်တွင် ဖီးနစ်လိုယောကျာ်းများအကြောင်းသာ နာမည်ကြီးနေစဥ် ဤသည်မှာ ဖီးနစ်နှယ်မိန်းမမျိုးပေါ်လာခဲ့ခြင်းဖြစ်လေရာ လူအများ၏အကြိတ်အနယ်ဆွေးနွေးခြင်းခံရလေသည်။


(TN- ပိုက်ဆံရှိလို့ကပ်တာမျိုးကိုပြောတာဖြစ်နိုင်ပါတယ်)


တချို့ဆိုလျှင် သူမကို သေဒဏ်ပေးသင့်မပေးသင့် Pollများပင်ပြုလုပ်လာကြသည်။ ထို့အပြင် Poll ၏ရလဒ်မှာ 'သေဒဏ်ပေးခံရသင့်သည်'ဟုပင်။


ရှီကျား ထိုလူတို့၏ကောမန့်များကို အမူအရာမဲ့စွာဖတ်လျက် ဖုန်းကိုပြန်ပိတ်လိုက်လေသည်။ ထို့နောက် နားထင်ကိုပွတ်သပ်လိုက်မိသည်။ သူ၏စိတ်ထဲတွင် လင်ရှောင်းအစား CSဌာနမှပန်းးကလေးအကြောင်းကိုသာ တွေးနေမိလေသည်။


၀မ်ယွီမှာ လင်ရှောင်းနှင့်မတွဲမီက သူမနှင့်ရှီကျားတွဲသွားကြလိမ့်မည်ဟု ထင်ကြေးပေးကြသူအများအပြားရှိခဲ့လေသည်။


သူတို့၏ပထမနှစ်တွင် ရှီကျားမှာ ၀မ်းယွီထံမှ ရည်းစားစာကိုပင် လက်ခံရရှိဖူးသည်။ သို့သော် သူကလူအများနှင့် ဆက်ဆံလေ့မရှိလေရာ ထိုကျောင်း၏ပန်းကလေးကိုလည်း အမှုမဲ့အမှတ်မဲ့သာဖြစ်လေသည်။ ထို့ကြောင့် သူကထွေထွေထူးထူးမတုန့်ပြန်ပဲ ငြင်းပယ်လိုက်လေသည်။ ထိုနောက်ပိုင်းနှစ်များတွင် သူနှင့်၀မ်ယွီနေရာတစ်ခုတည်းတွင်ပေါ်လာတိုင်း အတန်းဖော်များမှာ စနောက်ကာ ဌာန၏ပန်းကလေးနှင့် မြက်ကလေးမှာ အလွန်လိုက်ဖက်သောအတွဲများဖြစ်ကြောင်း အမြဲအော်ဟစ်အားပေးတတ်ကြသည်။


ရှီကျား၏မှတ်ဥာဏ်များထဲတွင် ထိုဆံပင်ကိုမြင့်မြင့်စည်းထားတတ်သောမိန်းကလေးမှာ အမြဲရိုးရှင်းသောပြောင်အင်္ကျီများကို၀တ်ဆင်တတ်လေသည်။ နွေရာသီတွင် မိန်းကလေးများမှာ လှပသောစကပ်လေးများကို ၀တ်ဆင်လိုကြသည်။ သူမတစ်ယောက်တည်းသာ လျှော်လွန်း၍ အရောင်ဖျော့နေသော တီရှပ်နှင့် ဂျင်းအစုံလိုက်ကိုသာ အမြဲ၀တ်တတ်ခြင်းဖြစ်သည်။ ထိုကောလိပ်၄နှစ်လုံးတွင် ဘယ်တုန်းကမှပြောင်းလဲမသွားခဲ့ချေ။


သူမှတ်မိသည်မှာ ဘွဲ့အခမ်းအနားတွင် ထိုမိန်းကလေးသည် ရုတ်ချည်းလက်ထပ်ခွင့်တောင်းခံရစဥ်က သူမမျက်နှာပေါ်တွင် ပျော်ရွှင်မှုရော အံ့အားသင့်မှုပါရှိမနေခဲ့ချေ။ ထိုအစားသူမမှာတုန်လှုပ်စိုးရိမ်သွားလျက် သူ့ထံသို့ ကြည့်လာခဲ့လေသည်။


ထိုစဥ်က သူ့ဘေးမှ ချန်းထောင်ကအော်ဟစ်အားပေးနေခဲ့သည်။ 


"လက်ခံလိုက် လက်ခံလိုက် လက်ခံလိုက်" 


ရှီကျားမှာ ဤကဲ့သို့တက်ကြွအသက်၀င်လွန်းသောပဲမျိုးတွင် ၀င်ပါရခြင်းမျိုးကို မနှစ်သက်ချေ။ ၀မ်ယွီမှာသူ့အားကြည့်နေသည်ကိုမြင်လျှင် သူလည်းပြန်လည်ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းကိုသာဆက်ကြည့်နေလိုက်လေသည်။


ထိုမိန်းကလေးက သူမ၏ခင်ပွန်းကို ထိုမျှရက်စက်စွာသတ်ဖြတ်ခဲ့သည်လား..


ရှီကျားသက်ပြင်းအသာချလိုက်လေသည်။


နောက်တစ်နေ့မနက်စာစားပြီးချိန်တွင် ရှီကျားသူ၏အတန်းဖော် စျာပနကိုတက်မည့်အကြောင်းပြောပြလိုက်လေသည်။ ယဲ့ကျင်းကျီမှာတန့်သွားခဲ့သည်။


"ကိုယ်မင်းနဲ့အတူလိုက်ခဲ့ရမလား"


ရှီကျားမှာခေါင်းခါလျက်ပြုံးလိုက်လေသည်။


"မလိုပါဘူး..အတန်းဖော်ရဲ့စျာပနကိုတက်ရုံလေးပဲလေ"


ယဲ့ကျင်းကျီ ခေါင်းညိတ်လိုက်သော်လည်း သူကအနည်းငယ်စိတ်ပူနေဆဲပင်။


ရှီကျားကမေးလိုက်သည်။


"ဆရာယဲ့ ကျွန်တော်ကြားဖူးတာတော့ ရက်ရက်စက်စက်အသတ်ခံရတဲ့သူတွေက အမြန်ပြန်လည်၀င်စားဖို့မဖြစ်နိုင်ပဲ သေမျိုးလောကမှာပဲနေနေရတယ်ဆို အဲဒါအမှန်ပဲလား"


ယဲ့ကျင်းကျီကပြန်ဖြေလာခဲ့သည်။


"အင်း..အဲလိုအခြေအနေတွေလည်းရှိတယ်..ဆိုးဆိုးရွားရွားသေသွားရတဲ့သူတွေမှာ အငြိုးတွေရှိတတ်တယ်..အငြိုးသိပ်မရှိတဲဲ၀ိညာဥ်တွေကတော့ လေလွင့်၀ိညာဥ်အဖြစ်နဲ့ ရက်နည်းနည်းကြာပြီးရင်ပြန်၀င်စားသွားကြတာပဲ..အငြိုးပိုပြင်းတဲ့၀ိညာဥ်တွေက မကောင်းဆိုး၀ါးတွေဖြစ်လာတတ်တယ်..လက်စားချေဖို့ လူမသတ်ရသေးသ၍ သူတို့အငြိုးကိုလက်လွှတ်မှာမဟုတ်ဘူး"


ရှီကျားအတော်ကြာလေးလေးနက်နက်တွေးပြီးမှ ယဲ့ကျင်းကျီအားထိုပုံကိုပြရန်ဆုံးဖြတ်လိုက်လေသည်။


ယဲ့ကျင်းကျီမှာ ထိုကြောက်မက်ဖွယ်သွေးလွှမ်းသောဓါတ်ပုံကိုမြင်လျှင် သူ၏မျက်လုံးတို့ စုကျုံ့သွားခဲ့လေသည်။ ခတ္တမျှအကြာ သူကခေါင်းမော့လျက်မေးလာခဲ့သည်။


"မင်းက သူ့ရဲ့စျာပနကိုသွားတက်မှာလား"


ရှီကျားကခေါင်းညိတ်လာခဲ့သည်။


"သူကကျွန်တော့်အတန်းဖော်လေ..ကျွန်တော်တို့ကသိပ်မရင်းနှီးပေမယ့်..လူတိုင်းက Sမြို့ကနယ်ခံတွေပဲ

ပြီးတော့ သူသေသွားတဲ့အမှုကလည်းကြီးတယ်..ချန်းထောင်နဲ့သူနဲ့ကလည်းခင်ကြတယ်လေ..အခုချန်းထောင်မှအလုပ်ရှိနေတော့ မအားတာနဲ့ ကျွန်တော့်ကို သူ့အစား စျာပနကိုတက်စေချင်တာ"


ယဲ့ကျင်းကျီ၏ မျက်ခုံးတို့စုကျုံ့နေခဲ့သည်။


"ဒီလူသတ်ပုံက သိပ်ရက်စက်လွန်းတယ်..ဒီလူရဲ့၀ိဥာဥ်ကကျိန်းသေရှိနေဦးမှာပဲ..သူသေသွားတဲ့နေရာမှာရှာသရွေ့ သူ့၀ိဥာဥ်ကိုတွေ့မှာ..ရှီကျားကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်"


"ရပါတယ် မလိုပါဘူး"


ယဲ့ကျင်းကျီ တန့်သွားမိလေသည်။


"?"


ရှီကျားမှာ နှုတ်ခမ်းကိုကာလျက် ချောင်းအသာဟန့်လိုက်လေသည်။ 


"အဟမ်း..အဟမ်း..ကျွန်တော်..ကျွန်တော်ကဒီတိုင်းမေးကြည့်ရုံပါ..သူ့၀ိညာဥ်ကိုရှာဖို့အထိလည်းမတွေးထားပါဘူး..ရဲတွေကလည်း လူသတ်မှုလို့အဖြေထုတ်ထားပြီပဲ..ကျွန်တော်က သူ့စျာပနကိုတက်ရုံပါ..ဒါပါပဲ"


ယဲ့ကျင်းကျီ တစ်ခုခုထပ်ပြောချင်ခဲ့သော်လည်း ရှီကျားမှာ သူ၏ဆန်ပြုတ်ကို အလင်းအလျင်နှင့်သောက်ပြီးသွားခဲ့သည်။ ထို့နောက် ထရပ်ကာထွက်သွားခဲ့ပြီး ယဲ့ကျင်းကျီကို တစ်ခွန်းမှပြောခွင့်မပေးခဲ့ချေ။


ဘတ်စ်ကားပေါ်ရောက်မှသာ ရှီကျား စိတ်သက်သာရာရစွာသက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်လေသည်။


အဘယ်ကြောင့်ရယ်မသိ ဆရာယဲ့ကို သူနှင့်အတူခေါ်မသွားချင်ခဲ့ပေ။ အထူးသဖြင့် လင်ရှောင်းကိုသွားတွေ့ရာတွင်ဖြစ်သည်။ လင်ရှောင်း၏၀ိညာဥ်ကိုမြင်သည်နှင့် ၀မ်ယွီအကြောင်းကပါလာလိမ့်မည်။ သို့တည်းမဟုတ် ၀မ်ယွီမှာ သူ့ကိုတစ်ခါ၀န်ခံခဲ့ဖူးသည့်အကြောင်းပါလာလိမ့်မည်။


ဆရာယဲ့အား သူ၏ကိုယ်ရေးကိုယ်တာကိစ္စကိုပေးသိရန်မှာ အဆင်မပြေဟုခံစားရလေသည်။


အင်း ဟုတ်တယ်..ဘာလို့ဆို ဆရာယဲ့ကို ကိုယ်ရေးကိုယ်တာကိစ္စကိုမသိသွားစေချင်ရုံပဲ..တဖက်လူကို၀င်မရှူပ်စေချင်လို့မဟုတ်ဘူး..


ဒီအကြောင်းပြချက်ကြောင့်ပဲ..


ဘတ်စ်ကားမှာ Sမြို့တော် အရှေ့ခြမ်းမှ အနောက်ခြမ်းချိုးဟူနယ်ထံရွေ့လျားနေခဲ့လေသည်။ 


ရှီကျား စျာပနသို့ရောက်ရှိချိန်တွင် ၉နာရီကျော်ခဲ့ပြီဖြစ်သည်။ သူသည်၀မ်းနည်းကြေကွဲခြင်းခန်းမထဲသို့မ၀င်ရသေးခင်မှာပင် လျှောက်လမ်း၂ဖက်လုံးတွင် ပန်းများဝေဝေဆာဆာပြင်ထားသည်ကိုတွေ့လိုက်ရလေသည်။ လူစိမ်းအများအပြားမှာ ပန်းစည်းများကို လမ်းဘေးတွင်အသာလာချကြလေသည်။


"ဒီလိုအဆိပ်ပြင်းတဲ့မိန်းမမျိုးကဘယ်လိုပဲဖြစ်ဖြစ် သေကိုသေသင့်တယ်"


"ဟုတ်တယ်..နတ်ဆိုးမ.."


ဘေးမှလူ၂ယောက်ဖြတ်လျှောက်သွားကာ ထို၂ဦးမှာ သတင်းကိုဖတ်ခဲ့ကြသူများပင်ဖြစ်နိုင်လေသည်။


ရှီကျားခေါင်းခါလျက် ၀မ်းနည်းခြင်းခန်းမထဲသို့၀င်သွားလိုက်လေသည်။ သူသည်စာအိတ်ကို လင်ရှောင်း၏မိဘများထံကမ်းကာ ဆိုလိုက်သည်။


"ကျွန်တော့်လည်းထပ်တူပူဆွေးရပါတယ်" 


ထို့နောက်ခန်းမထဲသို့၀င်ကာ ထိုင်လိုက်လေသည်။


ထိုဟောခန်းထဲတွင် လင်ရှောင်း၏သူငယ်ချင်းများ မိသားစုများ အတန်းဖော်များနှင့်ပြည့်နေခဲ့သည်။ ရှီကျား၏ ကောလိပ်အတန်းဖော်အတော်များများလည်းရောက်လာကြလေသည်။ သူ့ကိုမြင်သည်နှင့် ထိုသူများမှာတစ်ယောက်ပြီးတစ်ယောက်အံ့အားသင့်ကုန်ကြလေသည်။ ထို့နောက် သူ့ကိုလက်ညှိုးထိုးကာ တီးတိုးဆိုနေခဲ့ကြလေသည်။ သို့သော် သူ့ကိုမူ တစ်ယောက်မှနှုတ်ဆက်ရန်ထွက်မလာကြချေ။


ချန်းထောင်ဤနေရာမှာ မရှိလေရာ ထိုလူများမှာ သူ့အားစကားလာပြောကြမည်မဟုတ်ချေ။


သို့သော် မကြာခင်မှာပင် သတင်းထောက်များနှင့် သတင်းမီဒီယာအုပ်လိုက်ကြီးမှာ စျာပနခမ်းမသို့ရောက်ရှိလာကြလေသည်။ စတိတ်ပေါ်တွင် လင်ရှောင်း၏မိဘများမှာ ၀မ်းနည်းစွာငိုကြွေးနေကြပြီး အဆိပ်ပြင်းသောမိန်းမဟုကျိန်ဆဲနေကြလေသည်။ ထို့နောက်ဒူးထောက်ထိုင်ချလျက် သူတို့သားဖြစ်သူ၏ အဖြူအမည်းဓါတ်ပုံကို ဖက်ကာ ကောင်းကသ်ဘုံမှ သူတို့သားအတွက် မျှတမှူပေးသောအားဖြင့် ထိုမိန်းမကို ရိုးရှင်းသောသေခြင်းနှင့်မသေရပါစေကြောင်း ဆုတောင်းနေခဲ့ကြလေသည်။


စျာပနအခမ်းအနားမှာ သတင်းစာရှင်းလင်းပွဲအဖြစ်ပြောင်းလဲသွားခဲ့လေသည်။ နေရာတစ်ခုလုံးရှုပ်ထွေးလာခဲ့သည်။


စျာပနပွဲအဆုံးသတ်ပြီးနောက် ရှီကျားပြန်ထွက်သွားရန်ပြင်လိုက်စဥ်မှာပင် သတင်းထောက်တစ်ဦးမှာ သူ၏လမ်းကိုပိတ်လာခဲ့လေသည်။ ထိုသတင်းထောက်မှာ သူ၏မျက်နှာကို ဂရုတစိုက်ကြည့်ပြီးနောက် မျက်လုံးများတောက်ပသွားလျက် မိုက်ကရိုဖုန်းကိုထိုးပေးလာခဲ့သည်။


"ဒီကလူကြီးမင်း ခင်များနဲ့ လူကြီးမင်း လျိူချောင်း(အမည်လွှဲ)ရဲ့ပတ်သက်မှုကဘယ်လိုလဲဆိုတာ မေးလို့ရမလား..ဒီနေ့ခင်များ သူ့စျာပနကိုလာတက်တယ်ဆိုတော့ ပြောစရာတစ်ခုခုများရှိသလား သိပါရစေ..ဒီအမှုအပေါ်ကိုခင်များဘယ်လိုမြင်ပါသလဲခင်ဗျ"




👻