Chapter 54
Viewers 9k

👻Chapter 54




အလုပ်မရှိသောနေ့ရက်များမှာ အလွန်သက်တောင့်သက်သာနှင့်စိတ်အေးလက်အေးရှိလှသည်။ 


ရှီကျားမချက်ပြုတ်ဖြစ်သည်မှာ အတော်ကြာလေပြီ။ လွန်ခဲ့သောလ ယဲ့ကျင်းကျီသူနှင့်အတူလာနေစဥ်က မည်မျှပင်အလုပ်များနေပါစေ သူ(ယဲ့ကျင်းကျီ)ကအမြဲချက်ပြုတ်ပေးခဲ့လေ့ရှိသည်။ 


ယဲ့ကျင်းကျီ၏အချက်အပြုတ်မှာ အင်မတန်ကောင်းလှသည်။ သာမာန်အိမ်ချက်ဟင်းလျာများက သူ၏လက်နှင့်ထိသည်နှင့် အရသာရှိလာခဲ့လေသည်။ ရှီကျား၏အရသာခံစနစ်မှာ ယဲ့ကျင်းကျီကြောင့်ပြောင်းလဲလာခဲ့သည်။ 


နောက်တစ်နေ့သူချက်ပြုတ်သောအခါတွင် အရသာမှာအလွန်သာမာန်ဆန်သည်ကိုရှာတွေ့သွား၏။


ယဲ့ကျင်းကျီသည်လည်း သူယခုချက်ထားသော ဟင်းလျာများကိုချက်ပြုတ်ဖူးသည်သာ။ သူတစ်ယောက်တည်းနေခဲ့စဥ်က သူချက်ပြုတ်သောဟင်းလျာများမှာ အရသာမရှိဟုတစ်ခါမျှမခံစားရဖူးချေ။ သို့သော် အရာအားလုံးကိုလိုက်၍မယှဥ်သင့်။ ယဲ့ကျင်းကျီ၏လက်ရာကိုစားပြီးနောက်တွင် ရှီကျားမှာ သူ၏ဟင်းလျာများက မြိုချရန်ပင်ခက်ခဲသည်ဟု ခံစားလိုက်ရလေသည်။


ညစာစားပွဲတွင် ချက်ပြုတ်ရန်တာ၀န်ကျသော လူရွယ်ကလေးမှာ စိတ်နှင့်လူနှင့်မကပ်ဘဲ တူဖြင့် ထမင်းကိုထိုးဆွနေခဲ့လေသည်။ သူ၏တဖက်ခြမ်းတွင်တော့ ဆရာယဲ့မှာ အလွန်အရသာရှိသောတစ်ခုခုကိုစားနေရသည့်အလား အားရပါးရစားသောက်နေခဲ့လေသည်။ 


ယဲ့ကျင်းကျီထိုမျှကောင်းကောင်းမွန်မွန်စားသောက်နေသည်ကိုမြင်ရလျှင် ရှီကျား ရှက်ရွံ့လာလေတော့သည်။ 


"ဆရာယဲ့..ကျွန်တော့်လက်ရာကအဲလောက်မကောင်းပါဘူး"


ယဲ့ကျင်းကျီ အသီးအရွက်ကြော်တပုံကြီးကိုတူနှင့်ညှပ်ယူလျက်သူ၏ပန်းကန်ထဲသို့ထည့်လိုက်လေသည်။ ထို့နောက်သူကရှီကျားကို ကြည့်လျက်ပြောလိုက်သည်။


"အရမ်းအရသာရှိတယ်"


ရှီကျား"အာ.."


ယဲ့ကျင်းကျီ၏မျက်၀န်းအကြည့်များမှာ စစ်မှန်နေပြီး လိမ်ပြောနေသည်ဟုမထင်ရချေ။ ရှီကျား သံသယတို့နှင့် ကြာစွယ်တစ်ဖက်ကိုညှပ်ယူလိုက်ပြီး ၀ါးကြည့်လိုက်သည်။ စားရင်းနှင့်ပင် သူတဖြည်းဖြည်းရေအလွန်ငတ်လာမိလေသည်။ ၄င်းမှာ ဆားများသွားမှန်း သိသာသောလက္ခဏာပင်။


ယဲ့ကျင်းကျီက တက်တက်ကြွကြွစားသောက်နေသေးသည်ကိုတွေ့သော် ရှီကျားမေးလိုက်မိလေသည်။


"ဆရာယဲ့ ခင်များဒီဟင်းတွေကိုတကယ်ကြိုက်တာလား..ခင်များချက်တာထက်ပိုကောင်းတယ်လို့ထင်တယ်ပေါ့"


ယဲ့ကျင်းကျီမှာ အလေးအနက်ဖြေဆိုလာသည်။


"အရမ်းကောင်းတယ် ကိုယ်ချက်တာထက်ပိုကောင်းတယ်"


သူတို့ပြောနေရင်းနှင့်ပင် ယဲ့ကျင်းကျီမှာ ထမင်းနောက်တစ်ပန်းကန်ခူးနေပေပြီ။ ယခင်ကယဲ့ကျင်းကျီမှာ အမြဲပန်းကန်တစ်လုံးစာမျှသာစားနေကျဖြစ်သည်။ ယခုမူသူက တစ်ပန်းကန်ကို အလင်းအလျင်နှင့်အပြီးသတ်ကာနောက်တစ်ပန်းကန်ကိုပင် ထည့်နေခဲ့ချေပြီ။ ရှီကျားကိုအားနာရုံမျှသာဆိုပါက သူကဤမျှအထိသရုပ်ဆောင်စရာမလိုချေ။ သို့သော်ယဲ့ကျင်းကျီမှာ ပန်းကန်ထဲမှ ဟင်းလျာများကိုအပြောင်ရှင်းလိုက်ပြီး ထမင်းတစ်စိသော်မျှကျန်မနေစေရချေ။


ရှီကျား"...."


မဟုတ်သေးဘူး ဆရာယဲ့ရဲ့ ရသာခံအာရုံကတစ်ခုခုမှားနေတာဖြစ်မယ်...


စားသောက်ပြီးနောက် ရှီကျားမှာ သူ၏တူကိုချကာ ယဲ့ကျင်းကျီစားနေသည်ကိုထိုင်ကြည့်နေလေတော့သည်။


 á€†á€›á€Źá€šá€˛á€ˇá€™á€žá€Ź အလွန်အမင်းကျော့ရှင်းသပ်ရပ်စွာစားသုံးနေခြင်းမဟုတ်ချေ။ ထို့အတူ အသည်းအသန်သွပ်နေသည်မျိုးလည်းမဟုတ်ပဲ ပျော်ရွှင်စွာစားသောက်နေခြင်းဖြစ်သည်။ မိမိမှာစားပွဲပြည့်ဟင်းလျာများကိုချက်ပြုတ်ထားပြီး တစ်စုံတစ်ယောက်က ထိုဟင်းလျာများကို အရသာရှိရှိစားနေခဲ့လျှင် ကျေနပ်မိမည်သာ။


ရှီကျားမှာ မေးကိုလက်တစ်ဖက်နှင့်ထောက်ကာ သူ၏လေသံမှာ အပြုံးရိပ်တို့ စွက်လျက်ပင်ဆိုလိုက်သည်။ 


"ဆရာယဲ့ မနက်ဖြန်လည်း ကျွန်တော်ပဲချက်ရင်ရော"


ယဲ့ကျင်းကျီ၏တူမှာလေထဲတွင် တန့်သွားခဲ့လေသည်။ သူ၏ခေါင်းမှာ ဖြည်းညှင်းစွာမော့လာပြီး ရှီကျားကိုကြည့်လိုက်သည်။ အတော်ကြာပြီးမှ သူကမေးလာခဲ့သည်။ 


"မင်း..ကိုယ့်အတွက်ချက်ပေးဦးမှာလား"


ရှီကျားခေါင်းညိတ်လိုက်လေသည်။


ယဲ့ကျင်းကျီ၏နှုတ်ခမ်းထောင့်တို့ အသာမြင့်တက်လာပြီး ဘာမျှမဆိုခဲ့ချေ။ 


စားသောက်ပြီးနောက် ယဲ့ကျင်းကျီက ရှီကျားကို ပန်ကန်းများဆေးခွင့်မပေးခဲ့ချေ။ သူကမီးဖိုချောင်ထဲတွင် ဘေစင်၌ရပ်လျက် ပန်းကန်များနှင့် တူများကို တောက်ပြောင်လာသည်အထိ ပွတ်တိုက်ဆေးကြောနေလေသည်။ 


ရှီကျားလည်း မငြင်းဆန်လိုက်တော့ပဲ ဆိုဖာတွင်ထိုင်ကာ တီဗွီကြည့်နေလိုက်သည်။


ဤကဲ့သို့ဘ၀မှာ အလှည့်အပြောင်းများကင်းမဲ့၍ သာမာန်ဆန်လှသည်။ ယှဥ်တွဲတည်ရှိနေကြသော သက်ရှိ၂ဦးတွင် တစ်ဦးက ချက်ပြုတ်ပြီး တစ်ဦးမှာပန်းကန်များကိုဆေးကြောရန်တာ၀န်ယူလေသည်။ အရာအားလုံးမှာ ပုံမှန်ဆန်သော်လည်း သူ၏ရင်ထဲမှ နွေးထွေးမလာပဲမနေနိုင်ခဲ့ချေ။


တီဗွီကြည့်နေသောရှီကျား၏အကြည့်တို့ကတဖြည်းဖြည်းရွေ့လျားသွားလျက် မီးဖိုချောင်ထဲမှ လူထံရောက်ရှိသွားခဲ့သည်။ ဤအနေအထားမှ သူသည် ယဲ့ကျင်းကျီ၏ကျောပြင် သူ၏ကိုယ့်အနည်းငယ်ကိုင်းထားပုံ ထင်းရှူးပင်နှယ် ရှည်လျား၍ ပိန်ပါးသောကိုယ်ကိုမြင်နိုင်လေသည်။ ဤအမျိုးသားမှာ များစွာတွေ့ကြုံခံစားရဖူးသည်။ သူကြုံတွေ့ခံစားဖူးသည်တို့ထက်ပင်ပိုနိုင်လေသည်။


တကယ်တမ်းတွင် ဆရာယဲ့နှင့်အတူနေရခြင်းမှာထိုမျှဆိုးမနေချေ။ 


ထိုအတွေးတို့က ရှီကျား၏ စိတ်ထဲဖြတ်ခနဲ၀င်လာမိလျှင် သူ၏မျက်ခုံးတို့တွန့်ချိုးသွားလျက် ထိုပုံမှန်မဟုတ်သော အတွေးကိုလျင်မြန်စွာပစ်ထုတ်လိုက်လေသည်။


သူ့အကြည့်ကိုပြန်ရုတ်လိုက်စဥ် တီဗွီမှ အလျင်စလိုကြေညာသံတစ်ခုကိုကြားလိုက်ရလေသည်။


"လက်ရှိမှာဆိုရင် ကျွန်တော်တို့ဟာ Sမြို့ ချိုးဟူခရိုင်ကိုရောက်ရှိနေပါပြီ.. ဒီနေ့မနက် ၁နာရီ ၃၂မိနစ်မှာ ရဲတပ်ဖွဲ့၀င်တွေဟာ ချိုးဟူခရိုင်ထဲမှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်.. ပြစ်မှုပြစ်ခင်းဟာ အင်မတန်မှဆိုးရွားပြင်းထန်တဲ့ ၀မ်းနည်းစရာမြင်ကွင်းမျိုးပါ..ကျွန်တော်တို့ သတင်းထောက်နဲ့အတူလို့က်ပြီး အခြေအနေအမှန်ကိုလေ့လာလိုက်ကြစို့"


ရှီကျား တီဗွီကိုကြည့်လျက် ထိုအခါမှသာ S မြို့တော်ပိုင်ချန်နယ်ကို ပြောင်းလိုက်မိကြောင်း သတိထားမိခဲ့လေသည်။


တီဗွီစခရင်ပေါ်တွင် ငယ်ရွယ်သော သတင်းထောက်လေးမှာ အင်တာဗျူးတစ်ခုပြုလုပ်နေစဥ်ဖြစ်သည်။ သူသည်အသစ်ဆောက်လုပ်ထားသော အထက်တန်းအိမ်ယာနယ်မြေထဲတွင်ရပ်နေခဲ့သည်။ အနီးအနားမှလူများမှာလည်း တီဗ်ီရုပ်သံလှိုင်းမှ ရိုက်ကူးတင်ဆက်နေသည်ကိုမြင်လျှင် အနားသို့၀ိုင်းလာကြလေသည်။ 


သတင်းထောက်က မေးခွန်းတစ်ခုကိုမေးလိုက်သည်နှင့် ထိုရပ်ကြည့်နေသူများမှာ စတင်အကြိတ်အနယ်ဆွေးနွေးလာကြတော့သည်။


"ဆိုးရွားလွန်းတယ်..ကပ်ဆိုးလိုပဲ..မနေ့ညကကောင်းကောင်းအိပ်ပျော်နေတုန်း အိမ်နီးနားချင်းတွေရန်ဖြစ်နေတာကိုကြားလိုက်ရတယ်လေ..ဒီစုံတွဲက ခဏခဏဖြစ်နေကျ..တို့တွေရိုးနေပြီ..သူတို့ကနာရီနဲ့ချီပြီးကို ရန်ဖြစ်နေကြတာ"


“အမှန်ပဲ ..ငါလည်း၁၁နာရီလောက်က စပြီး သူတို့ရန်ဖြစ်နေတာကိုကြားရတာ ၁နာရီထိပဲ..အဲဒီမိသားစုကမိန်းမဖြစ်သူက ဓါးဆွဲပြီး ယောကျာ်းကိုအသေထိုးသတ်လိုက်တာ..ငါမြင်လိုက်တယ်...အဲဒီလူကိုရဲတွေသယ်ထုတ်လာတော့ သူ့မျက်နှာရော တစ်ကိုယ်လုံးရော သွေးတွေဆိုတာ ရွှဲနေတာပဲ"


"အရမ်းကြောက်ဖို့ကောင်းတယ် ကြောက်လွန်းလို့ ညတောင်မအိပ်နိုင်ဘူး..သူများတွေပြောတာတော့အဲဒီလူကတော်တော်ဆိုးဆိုးရွားရွားသေသွားတာတဲ့..မျက်လုံးတွေတောင်ထွက်ကျတယ်ဆိုပဲ"


ရှီကျားခတ္တမျှနားထောင်နေပြီးနောက် မျက်မှောင်ကျုံ့လိုက်မိကာ ဖျော်ဖြေရေးအစီအစဥ်တစ်ခုကိုကြည့်ရန် လိုင်းပြောင်းလိုက်၏။


Sမြို့တော်မှာ နိုင်ငံ၏အကြီးဆုံးမြို့တော်ထဲတွင်ပါ၀င်သော်လည်း အမြဲအေးချမ်းကာ ရာဇ၀တ်မှုကြီးကြီးမားမားများလည်း မရှိခဲ့ချေ။ မနှစ်ကတစ်ခါသာ မူးပြီးကားမောင်းသည့်တစ်မှုသာရှိခဲ့သည်။ ဒရိုင်ဘာမှာ မူးဝေလျက် ဘတ်စ်ကားမှတ်တိုင်ကို ၀င်တိုက်ခဲ့လေသည်။ လူ၅ယောက် နေရာတွင်ပွဲချင်းပြီး ဆုံးသွားခဲ့သည်။ ၄င်းမှာ Sမြို့တော်တွင်ရေပန်းစားသော သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပြီး အင်တာနက်တွင် ဟော့ဖြစ်ကာ ရှာဖွေမှုထိပ်ဆုံးတွင်ရှိနေခဲ့လေသည်။


ထိုအဖြစ်တွင် ၅ယောက်သေဆုံးခဲ့သော်လည်း ၄င်းမှာDUI caseမျှသာဖြစ်လေသည်။ ဤကဲ့သို့မှုခင်းမျိုးမှာ S မြို့တော်တွင် အတော်ကြာဆွေးနွေးခံလိုက်ရလေသည်။ S မြို့တော်တွင်နေထိုင်သူများ၏ဘ၀များမှာ ချောမွေ့ကာ အထိုင်ကျပြီး လူတိုင်းအေးချမ်းကလုံခြုံမှုရှိမှန်း သိနိုင်လေသည်။ ဤကဲ့သို့ ဆိုးရွားသော သေမှုသေခင်းမျိုးဖြစ်ခဲလေသည်။


ရှီကျား ၄င်းကိုသိပ်စိတ်မ၀င်စားခဲ့ချေ။ သူလိုင်းပြောင်းလိုက်စဥ်မှာပင် သူ၏နောက်မှနက်ရှိုင်းသောခပ်နိမ့်နိမ့်အမျိုးသားအသံတစ်ခုကိုကြားလိုက်ရလေသည်။ 


"လူသတ်မှုလား"


ရှီကျားခေါင်းညိတ်လိုက်ကာ ယဲ့ကျင်းကျီကိုလှည့်ကြည့်လိုက်လေသည်။ 


"အင်း..လင်မယားနှစ်ယောက်ရန်ဖြစ်တာဖြစ်မယ်..မိန်းမက သူ့ယောကျာ်းကိုထိုးသတ်လိုက်တာ"


ယဲ့ကျင်းကျီမှာ 'အင်း'ဟုလေသံတိုးတိုးပြုလျက် ဆိုဖာပေါ်၀င်ထိုင်လာခဲ့သည်။ သူသည်တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ကျောရိုးကိုဖြောင့်တန်းစွာထိုင်လျက်တီဗွီကိုစိုက်ကြည့်နေခဲ့လေသည်။


လူကြည့်များသော ရသစုံလက်ရှိုးတစ်ခုလာနေခဲ့သည်။ ဟာသသိပ်မပါသော်လည်း ရှီကျားမှာ သည်အတိုင်းကြည့်နေရုံဖြစ်လေသည်။ သူနာရီ၀က်ခန့်ကြာအောင်ကြည့်နေပြီးမှ ယဲ့ကျင်းကျီမှာ မရဲတရဲနှင့် သတိထားလျက်မေးလာသည်ကို ရုတ်တရက်ကြားလိုက်ရလေသည်။


"ကိုယ် ..မင်းဘေးမှာထိုင်လို့ရမလား"


ရှီကျားကြောင်သွားမိသည် "?"


ယဲ့ကျင်းကျီ၏နားရွက်ဖျားတို့မှာ နီရဲလာပြီး သူကရှင်းပြလာခဲ့သည်။ 


"ကိုယ်ထိုင်နေတဲ့နေရာက တီဗွီကြည့်ရတာသိပ်အဆင်မပြေလို့"


ရှီကျား ရုတ်ချည်းနားလည်သွားလျက် ပြုံးကာခေါင်းညိတ်လိုက်လေသည်။ 


"ဆရာယဲ့ကြိုက်တဲ့နေရာမှာထိုင်လို့ရပါတယ် ဆိုဖာကကြီးတယ်.."


ဆရာယဲ့မှာ ခွင့်ပြုချက်ရရှိပြီးနောက် ချက်ချင်းထရပ်ကာ ၀င်ထိုင်လာခဲ့လေသည်။ ၂ဦးသားမှာ မီတာ၀က်ခန့်သာခြားလျက် တီဗွီကိုကြည့်နေခဲ့ကြသည်။ ယဲ့ကျင်းကျီ၏ အကြည့်တို့ကတီဗွီစခရင်ပေါ်မှတဆင့် တစ်ချက်တစ်ချက် ရှီကျားထံ ခိုးကြည့်တတ်လေသည်။ ရှီကျားအနည်းငယ်လှုပ်ရှားလိုက်တိုင်း ယဲ့ကျင်းကျီမှာ စိတ်လှုပ်ရှားစွာ အလျင်အမြန်အကြည့်လွှဲသွားတတ်လေသည်။ သူဘာလုပ်သင့်သည်ရော ဘာပြောသင့်သည်ကိုပါ စဥ်းစားရကြပ်နေခဲ့သည်။


တီဗွီအနည်းငယ်ကြည့်ပြီးနောက် ယဲ့ကျင်းကျီ နောက်တစ်ကြိမ်ခိုးကြည့်ရန်ပြင်လိုက်ပြန်သည်။ သူခေါင်းကိုတစ်၀က်မျှပင် မလှည့်ရသေးခင်၌ ရှီကျားမှာ ရုတ်ချည်းလက်ခုပ်တီးလျက်ဆိုလာခဲ့သည်။ 


"သြော်ဟုတ်သား..ဆရာယဲ့ မနေ့ကကျိရင်ကျွန်တော့်ကိုပြောတာ သူကမူလတန်းတရုတ်စာတွေကိုနားလည်သွားပြီတဲ့..ဘာသာစကားဖတ်စာအုပ်ကို တစ်အုပ်လုံးပြီးဖို့ ရက်နည်းနည်းလောက်ပဲလိုတော့တယ်..ဒါပေမယ့် သင်္ချာနဲ့ အင်္ဂလိပ်ကသူ့အတွက်ခက်ခဲနေတယ်..လုံး၀ကိုမသိတာ..ကျွန်တော်သူ့အတွက် စာဖတ်စက်တစ်လုံး၀ယ်ချင်လို့ အဆင်ပြေပါ့မလား"


ယဲ့ကျင်းကျီ လန့်သွားပြီးခေါင်းကိုအမြန်ပြန်လှည့်လိုက်လေသည်။ ထို့နောက်သူကရှုပ်ထွေးစွာမေးလာခဲ့သည်။


"စာဖတ်စက်..?"


ရှီကျားခေါင်းညိတ်လိုက်သည်။ 


"အင်း..စာဖတ်စက်..ခင်များမသိတဲ့ဘယ်ဟာမဆို နှိပ်ကြည့်လို့ရတဲ့ဟာပေါ့"


ယဲ့ကျင်းကျီ"..မင်းမသိတဲ့ဟာတွေကိုနှိပ်ကြည့်လို့ရတဲ့ဟာ..?"


ရှီကျားရုတ်ချည်းမည်သို့ရှင်းပြရမှန်းမသိဖြစ်သွားခဲ့လေသည်။ သူယခင်ကတွေ့ဖူးသော ကြော်ငြာတစ်ခုကိုပြန်စဥ်းစားလိုက်သည်။ သူ၏ခေါင်းကိုယဲ့ကျင်းကျီအနီးသို့ကိုင်းလျက် ထိုကြော်ငြာထဲမှကလေးမလေးသဖွယ်လုပ်ပြလိုက်လေသည်။ 


"ဒီလိုမျိုးလေ..အရမ်းလွယ်တာပဲ...

ဆရာယဲ့ မသိဘူးလား"


ယဲ့ကျင်းကျီခေါင်းခါလိုက်လေသည်။


"ကိုယ်ဒီလိုဟာမျိုးတစ်ခါမှမကြားဖူးဘူး"


ရှီကျား သူ၏ဖုန်းကိုဖွင့်လျက်လိုင်းပေါ်တွင် စာဖတ်စက်၏ပုံကိုရှာကြည့်လိုက်လေသည်။ ယဲ့ကျင်းကျီကိုမျက်နှာချင်းဆိုင်လျက် သူရှင်းပြလိုက်လေသည်။


"ကျွန်တော်စိတ်ပူတာက မီးရှို့လိုက်ပြီးရင် ဒီစက်ကအလုပ်လုပ်ဦးမှာလားဆိုတာပဲ..ဒါကစက်ပစ္စည်းဆိုတော့ လျှပ်စစ်ဓါတ်အားလိုတယ်..မီးရှို့လိုက်ပြီးရင် အားဖြည့်လို့ရောရပါဦးမလား"


ယဲ့ကျင်းကျီကဆိုသည်။


"ထျန်းကုန်းပွဲကြည့်စင်က ဒီလိုဟာမျိုးအရင်က စမ်းကြည့်ဖူးတယ်..ယင်စွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားအစား အားသွင်းလို့ရတယ်"


ရှီကျားအံ့အားသင့်သွားခဲ့လေသည်။ 


"သူတို့ကဘာလို့ဒါကိုစမ်းကြည့်တာလဲ"


ယဲ့ကျင်းကျီမှာ စိတ်ရှည်လက်ရှည် ရှင်းပြလာခဲ့သည်။


"နှစ်တိုင်းကောင်းကင်ဘုံဆရာသခင်တွေကိုယ်စားပြုအစည်းအဝေးပွဲက ၁၀ရက်၁၀ညကြာတတ်တယ်..ယူသွားလို့ရတဲ့ပစ္စည်းကလည်းနည်းနည်းလေးပဲ ..လူတိုင်းရဲ့ဖုန်းတွေက အစည်းအဝေး၃ရက်မြောက်နေ့ဆို အားကုန်သွားတာပဲ..ဒီတော့ ထျန်းကုန်းပွဲကြည့်စင်ကဆရာသခင်တွေက ယင်စွမ်းအင်နဲ့ဖုန်းအားသွင်းလို့ရမယ့်နည်းလမ်းကိုစမ်းသပ်ကြည့်ခဲ့ကြတယ်လေ..အဲနောက်ပိုင်း ယင်စွမ်းအင်ဖြည့်ထားတဲ့စိတ်၀ိညာဥ်ကျောက်တုံးကိုသယ်လာသ၍ ဖုန်းကိုစိတ်ကြိုက်သုံးလို့ရသွားတာပဲ"


ရှီကျား"...."


ရှီကျားမှာထို ကောင်းကင်ဘုံဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲကြီးအကြောင်း ယခင်ကကြားခဲ့ဖူးလေသည်။ ထိုစဥ်က ရွှမ်းရွှယ်လောကမှလူများမှာ အတော်လေးလေးနက်မှုရှိသည်ဟု သူထင်ခဲ့ဖူးလေသည်။ နှစ်တိုင်း ဆရာသခင်များစုဝေးပြီး ဆွေးနွေးပွဲကြီးကျင်းပတတ်ကြသည်။ နောက်ပိုင်း ဖေးယွီပါးစပ်မှတဆင့်သိလိုက်ရသည်မှာ ဤအစည်းအဝေးပွဲကြီးမှာမျက်နှာပြရုံသက်သက်ဖြစ်လေသည်။ ထိုအစည်းအဝေးပွဲကြီး၏ တာ၀န်ရှိသူ စန်းရှို့ကျန်းကျွင်းပင်လျှက် မနှစ်ကဆွေးနွေးပွဲတွင် ဤသို့ကတိပေးခဲ့သေးသည်။


"တာအိုရောင်းရင်းတို့..မစိုးရိမ်ကြပါနဲ့..ဒီတာအိုဆရာအသက်ရှိနေသ၍တော့ ဒီဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲကြီး ဖျက်သိမ်းစေရမယ်ကွ"


ထိုကြွေးကြော်မှုအဆုံး၌ သူကလက်ခုပ်သံများဖြင့် သောင်းသောင်းဖြဖြအားပေးခံလိုက်ရ၏။ ဆရာယဲ့ပင်လျှင် အတော်အသင့်လက်ခံကာ လက်ခုပ်တီးပေးခဲ့လေသည်။


ထို့ကြောင့် ဤကိုးစားမရသော ဆရာသခင်တစ်အုပ်ကြီးအပေါ်မျှော်လင့်ချက်သိပ်မထားသင့်ချေ။ ထိုသူတို့မှာ သင်၏အောက်ဆုံးစည်းကို ထပ်ခါထပ်ခါခုန်ကျော်ရုံသာရှိပေမည်။


ရှီကျား သူ၏ရင်ထဲမှ တိတ်တဆိတ်ဝေဖန်နေခဲ့ပြီးမှမေးလိုက်သည်။


"ဒါတို ပြဿနာပြေလည်သွားရောလား"


ယဲ့ကျင်းကျီ ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းကိုပြန်ခါလျက်ဆိုလာခဲ့သည်။


"အဲဒီတုန်းက ထျန်းကုန်းပွဲကြည့်စင်ကပိုစ့်တစ်ခုတင်ခဲ့တယ်လေ..ယင်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကိုပြောင်းလဲနိုင်တဲ့ဘယ်သူ့ကိုမဆို point တစ်ရာပေးမယ်ဆိုပြီး..ပြီးတော့ ထျန်းကုန်းပွဲကြည့်စင်က အကြီးဆုံးစီနီယာက စမ်းသပ််မှုတွေလုပ်ဖို့ အဖွဲ့တစ်ဖွဲ့စီစဥ်ခဲ့ပေမယ့်.."


"ပေမယ့်ဘာဖြစ်လို့လဲ"


"အဲဒီအစည်းအဝေးပွဲမှာ ဒီနည်းလမ်းကိုသုံးပြီး ဖုန်းကစားမယ့်စီနီယာတွေမရှိကြတာ"


ရှီကျားမေးလိုက်သည်။


"ဘာလို့လဲ"


“ဘာလို့ဆိုယင်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကိုပြောင်းနေတုန်းမှာ စွမ်းအင်တွေအများကြီးကုန်တယ်လေ..နှစ်၁၀၀မကောင်းဆိုး၀ါးတစ်ကောင်ရဲ့၀ိညာဥ်ကိုမှ တစ်နာရီ၁ကီလို၀ပ်ပဲရမှာ..မညီမျှဘူး..ဘယ်စီနီယာကမှ အဲလောက်မကောင်းဆိုး၀ါးတွေနဲ့ ယင်စွမ်းအင်ကိုမရှာနိုင်ကြဘူးလေ..ဒါကြောင့် ရောင်းရင်းတိုင်းတာမှုကဆုကိုရပြီးတော့..အဲဒီစမ်းသပ်မှုကိုလည်း ထျန်းကုန်းပွဲကြည့်စင်ကဘေးဖယ်ထားလိုက်တော့တယ်"


ယဲ့ကျင်းကျီစကားကိုကြားပြီးနောက် ရှီကျား၏အမူအရာမှာ ပြောင်းလဲနေခဲ့လေသည်။ အတော်ကြာမှ သူမေးလိုက်သည်။


"သင်္ချိုင်းဂူမှာ လျှပ်စစ်မီးဆင်လို့ရမယ်လို့ထင်လား"


ယဲ့ကျင်းကျီ"...."


ရှီကျားအနည်းငယ်ထပ်တွေးလိုက်ပြန်သည်။


"သင်္ချိုင်းဂူကိုအင်တာနက်လိုင်းလေးပါချိတ်ပေးသင့်တယ် မဟုတ်ရင် ကျိရင်တစ်သက်လုံးစာဖတ်စက်ကလေးနဲ့ပဲဆော့နေရမှာ"


ယဲ့ကျင်းကျီ"..."



👻