Chapter 52
Viewers 9k

👻Chapter 52



ရှီကျားဟိုတယ်ကိုပြန်ရောက်ပြီးမကြာမီ တစ်စုံတစ်ယောက်မှာ တံခါးလာခေါက်ခဲ့လေသည်။ သူတံခါးကိုဖွင့်ကြည့်လိုက်သော် ယဲ့ကျင်းကျီမှာ သူနှင့်အကြည့်ချင်းမဆုံဘဲရပ်နေသည်ကိုတွေ့လိုက်ရလေသည်။ 


၃စက္ကန့် မကျော်ခင်မှာပင် ယဲ့ကျင်းကျီ၏ အမူအရာ ပို၍အေးစက်လာပြီးဆိုလာခဲ့သည်။


"မင်းအပေါ်မှာသရဲတစ်ကောင်ရဲ့အငွေ့အသက်တွေရှိနေတယ်"


ရှီကျားမှာအသာတန့်သွားခဲ့သော်လည်း ဘတ်စ်ကားမှတ်တိုင်တွင်တိုးမိခဲ့သော မိန်းကလေးသရဲကိုပြန်လည် သတိရသွားခဲ့သည်။ သူလည်း ထိုမိန်းကလေးသရဲမှာ အရူးတစ်ယောက်နှယ် ထိုပိုစတာကိုပွတ်သပ်နေပြီး ကျန်မိန်းကလေးတစ်ယောက်ကိုတွန်းထုတ်ပစ်လုနီးဖြစ်ခဲ့ကြောင်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေသည်။


ယဲ့ကျင်းကျီကဆိုသည်။ 


"ကြည့်ရတာ သရဲဖြစ်လာတာမကြာသေးတဲ့ လေလွင့်၀ိညာဥ်ထင်တယ်..ဒီတစ်ရက်၂ရက်အတွင်း ပြန်၀င်စားသွားမှာပါ"


ရှီကျားကမေးလိုက်သည်။ 


"တစ်ယောက်ယောက်သေပြီးရင် သူတို့အသက်ရှိတုန်းက ဘယ်သူ့ကိုကြိုက်ခဲ့လဲဆိုတာ မှတ်မိနိုင်သေးတာလား"


"အင်း..အဲဒီလေလွင့်၀ိညာဥ်က အဲဒီပိုစတာထဲက မင်းသားကို အတော်ကြိုက်ပုံရတယ်..အဲဒါကြောင့် သေပြီးတဲ့အခါလည်း သူ့ကိုမှတ်မိနေပြီး အဲဒီပိုစတာနားကမခွာချင်တာဖြစ်မယ်"


ရှီကျားလည်း နားလည်စွာခေါင်းညိတ်လိုက်လေသည်။ သူရုတ်ချည်းတစ်စုံတစ်ခုကိုမှတ်မိသွားခဲ့သည်။ 


"ဟုတ်သား ဆရာယဲ့..ဒီနေ့ကျွန်တော့်ကိုလာရှာတာ ကိစ္စရှိလို့လား"


ယဲ့ကျင်းကျီ၏ နားရွက်ဖျားမှာ ရုတ်ချည်း နီမြန်းလာခဲ့လေသည်။ သူသည်အကြည့်များကိုတဖန်လွှဲဖယ်လာပြန်ရာ ရှီကျားမှာ သူ့အား ရှုပ်ထွေးစွာကြည့်နေမိလေသည်။ အတော်ကြာပြီးသည်မှ ယဲ့ကျင်းကျီမှာ ခေါင်းကိုငုံ့လျက် သေးငယ်သောအသံကလေးဖြင့်ဆိုလာခဲ့သည်။


"ကိုယ်မှတ်မိတာ..မှတ်မိတာက ဒီနေ့ကမင်းရဲ့နောက်ဆုံးခန်းကိုရိုက်ရတာဆိုတာလေ..မင်းရဲ့ရိုက်ကူးရေးပြီးသွားတာကို ဂုဏ်ပြုတဲ့အနေနနဲ့ ကိုယ်တို့လမ်းလေးဘာလေးသွားလျှောက်ကြမလား"


လွန်ခဲ့သောလ၀က်ခန့်က ချန်းအန်ကိုရောက်လာစဥ်မှပင် ဤသည်မှာရှီကျားအတွက် ရှေးဟောင်းမြို့တော်သို့ပထမဆုံးလာလည်ရခြင်းဖြစ်လေသည်။


ချန်းအန်မှာ ဧပရယ်လတွက် မအေးလှချေ။ လေပြည်မှာ သူတို့မျက်နှာကိုတိုးဝှေ့လျက်နွေဦး၏ခံစားချက်ကိုသယ်ဆောင်လာခဲ့သည်။


ချန်းအန်တွင် နိုင်ငံကျော် လမ်းဘေးမုန့်ဆိုင်များရှိသည်။ တကယ်တမ်းတွင် ဤမြို့မှမုန့်အတော်များများမှာ နာမည်ကြီးခြင်းဖြစ်လေသည်။


တောင်ပိုင်းသားစစ်စစ်တစ်ဦးအနေနှင့် ရှီကျားနှင့်သူ၏အဖေမှာ Sမြို့ကိုရွေ့ပြီးစဥ်ကပင် ထိုနေရာတွင် ငယ်စဥ်ကပင်နေလာခြင်းဖြစ်လေသည်။ သူသည်သိုးသားစားခဲသလို ပေါင်မော့ကိုလည်းတစ်ခါမျှမစားဖူးချေ။


(TN- အသီးအရွက်တွေ သိုးသားတွေ သိုးရိုးပြုတ်ရည်နဲ့ချက်ထားတဲ့စွပ်ပြုတ်မျိုးပါ)


သိုးသားပေါင်မော့၊ ခေါက်ဆွဲအေး၊ အသားစဥ်းကောခေါက်ဆွဲ ၊အသားပေါင်မုန့်...


ချောမော၍ အရပ်မြင့်မြင့်နှင့် ကောင်လေး၂ဦး ညစျေးတန်းတွင် ဘေးချင်းယှဥ်၍လျှောက်သွားနေသည်က မျက်လုံးများစွာကိုဆွဲဆောင်နိုင်လေသည်။


 á€šá€˛á€ˇá€€á€ťá€„်းကဝဎမသဏ လမ်းလျှောက်ထွက်ရန်အကြံပေးခဲ့သူဖြစ်သည်။ ဟိုတယ်မှထွက်လာပြီးနောက် သူကဖုန်းကိုထုတ်လျက် ဧရိယာမြေပုံကိုပင် အကြာကြီးကြည့်နေခဲ့သေးသည်။ အဆုံးတွင် သူသည်ရှီကျားကိုခေါ်လျက် မုန့်မျိုးစုံရသော ညစျေးတန်းသို့ချီတက်လာခဲ့လေသည်။


သို့သော် ညစျေးတန်းကိုရောက်သည်နှင့် ယဲ့ကျင်းကျီကြောင်တောင်တောင်ဖြစ်သွား၏။


ဆရာယဲ့ဘ၀တစ်လျှောက်တွင် ဤမျှလူအများကြီးကိုတစ်ခါမျှမမြင်ဖူးခဲ့ချေ။


ဆရာယဲ့မှာ ကျန်ကလေးများနှင့်မတူပဲ ငယ်ဘ၀ကိုတစ်ဦးတည်းဖြတ်သန်းလာသူဖြစ်သည်။ အခြားကလေးများ၏မိဘများမှာ ထိုကလေးများကို လည်ပတ်ရန် ခေါ်သွားပေးလိမ့်မည်။ ဆရာယဲ့၏ အပန်းဖြေခြင်းများမှာ သရဲဖမ်းခြင်း တခါတရံတွင် ရတနာများသန့်စင်ခြင်းနှင့် အဆောင်များရေးဆွဲခြင်းမျှသာ။ ၄င်းက ဟာကွက်ကိုဖြည့်သည်ဟုဆိုနိုင်လေသည်။ 


ထိုမျှပြည့်ကြပ်နေသော လူအုပ်ကြီးနှင့်ရင်ဆိုင်ရသောအခါ ဆရာယဲ့စဥ်းစားထားသော အကြံအစည်မှာပျက်ယွင်းသွားပြီး ရှီကျားကသာ သူ့ကိုဦးဆောင်သွားခဲ့ရလေသည်။ လမ်းတစ်လျှောက်တွင် သူတို့စားလိုက်နှင့်လျှောက်လာခဲ့ကြလေသည်။ တဖြည်းဖြည်းနှင့် လမ်းအစမှအဆုံးသို့ရောက်ရှိလာတော့သည်။


ညစျေးတန်း၏နှစ်ဘက်လုံးတွင် အမှတ်တရလက်ဆောင်များရောင်းသော ဆိုင်သေးသေးလေးများရှိ၏။ လည်ပတ်သူအများစုမှ ထိုဆိုင်လေးများထဲ၀င်ကာ သူတို့၏မိဘများ သူငယ်ချင်းများအတွက် လက်ဆောင်လေးများ ၀ယ်ယူတတ်ကြသည်။ ရှီကျား ဆရာယဲ့ကိုတမင်မေးလိုက်သည်။


"ဆရာယဲ့ ခင်များ သကြားမုန့်နဲ့သစ်ကြားသီးတွေ၀ယ်ချင်သေးလား..ချန်းအန်က သကြားမုန့်နဲ့ သစ်ကြားသီးကအရမ်းနာမည်ကြီးတာနော်..ခင်များ၀ယ်သွားပြီး တစ်ယောက်ယောက်ကိုပေးလို့ရတာပေါ့"


ယဲ့ကျင်းကျီ၏လက််ထဲ၌ တစ်၀က်စားထားသော အသားပေါင်မုန့်တစ်လုံးကိုကိုင်ထားခဲ့လေသည်။ သူက၄င်းကိုကြားလျှင် သာမာန်ကာလျှံကာတုန့်ပြန်လာသည်။


"ကိုယ့်မှာ ပေးစရာလူမရှိဘူး" 


၄င်းကိုကြားသော် ရှီကျားမှာ အသားပေါင်မုန့်ကိုကိုက်ရန်ပြင်နေရာမှ လေထဲတွင်တန့်သွားခဲ့လေသည်။


ထို့နောက် ဆံပင်နက်ကလေးများနှင့် ချောမော ကျော့ရှင်းလှသော လူရွယ်ကလေးမှာ အသားပေါင်မုန့်ကိုဖြည်းညှင်းစွာကိုက်လိုက်ပြီး သူ၏ရှေ့မှလူကို စိုက်ကြည့်နေမိလေသည်။ အသားပေါင်မုန့်ကိုကိုက်ထားလေရာ နှင်းဆီရောင်နှုတ်ခမ်းများမှာ ဆီကလေးဝေ့နေခဲ့သည်။ ၄င်းမှာ ကြည့်ရမဆိုးသည့်အပြင် ဆွဲဆောင်နိုင်သောအရောင်အသွေးနှင့် ခံစားချက်တစ်မျိုးကိုပေးနေခဲ့လေသည်။ ရှီကျား၏မျက်လုံးများက ကြီးမားသည်။ သူယဲ့ကျင်းကျီကိုအကြောင်သားကြည့်နေမိစဥ် ညစျေးတန်း၏ မီးရောင်စုံတို့က ထိုမျက်လုံးများထဲတွင် ထင်ဟပ်နေခဲ့လေသည်။


ယဲ့ကျင်းကျီမှာ ထိုမျက်၀န်းများထဲ မနစ်မြောမိပဲမနေနိုင်ခဲ့ချေ။


ရှီကျား လျင်မြန်စွာအသိပြန်၀င်လာခဲ့လေသည်။


ဆရာယဲ့က သူငယ်ငယ်လေးထဲက အရင်းနှီးဆုံးလူကိုဆုံးရှုံးလိုက်ရတယ်ဆိုတာ တကယ်မေ့သွားတာပဲ..


ရှီကျား သူ၏အသားပေါင်မုန့်ကိုချလိုက်ပြီး စိတ်မကောင်းစွာဆိုလာခဲ့သည်။


"တောင်းပန်ပါတယ်..ကျွန်တော်မတော်တဆမေ့သွား .."


ယဲ့ကျင်းကျီက ဘာမှဆိုမလာခဲ့လေရာ ရှီကျား ရုတ်ချည်းပူပန်လာခဲ့လေသည်။


ယဲ့ကျင်းကျီ၏ အခြားသူများနှင့်ဆက်ဆံရာတွင် အတွေ့အကြုံနည်းပါးခြင်းကိုလည်း ရှီကျားသိထားခဲ့သည်။ သူတစ်ဖက်လူကို မည်သို့နှစ်သိမ့်ရမည်လဲမသိချေ။ သူကသာ တစ်ဖက်လူ၏မေ့ဖျောက်ထားသော ၀မ်းနည်းစရာကိစ္စကို သွားဖော်မိသူဖြစ်လေသည်။


ခေါင်းကိုလှည့်လိုက်သည်နှင့်ရှီကျား ကိတ်ရောင်းနေသော တွန်းလှည်းလေးကိုတွေ့လိုက်ရလေသည်။ သူတွေးပင်မတွေးလိုက်တော့ပဲ ယဲ့ကျင်းကျီ၏လက်ကိုဆွဲကာ ထိုလှည်းလေးထဲခေါ်သွားလိုက်လေတော့သည်။ ထို့နောက်သူသည် သကြားကိတ်ကလေး၂ခုအတွက် ၁၀ယွမ်ကိုပေးလိုက်လေသည်။ တစ်ခုက သူ့အတွက်ဖြစ်ကာတစ်ခုမှာ ယဲ့ကျင်းကျီအတွက်ဖြစ်သည်။


တဖြတ်ဖြတ်တောက်ပနေသော ညစျေးတန်းအလင်းရောင်အောက်တွင် ရှီကျားမှာပြုံးလျက်ဆိုလာခဲ့သည်။


"ကျွန်တော့်မှာလက်ဆောင်ပေးစရာဘယ်သူမှမရှိဘူး..ခင်များမှာလည်းမရှိဘူး..ဆရာယဲ့ ဒါဆိုကျွန်တော်တို့ဘာမှပေးနေစရာမလိုတော့ဘူး..ကျွန်တော်တို့ကိုယ့်ဟာကိုပဲစားကြမယ်..ကျန်တဲ့သူတွေကိုဂရုစိုက်မနေတော့ဘူးနော်"


ယဲ့ကျင်းကျီမတုန့်ပြန်သေးသည်ကိုတွေ့သော် ရှီကျားထပ်မံမေးလိုက်၏။


"ဆရာယဲ့"


ယဲ့ကျင်းကျီအသိပြန်၀င်လာပြီး သူ၏အကြည့်တို့ကို ရှီကျား၏နှုတ်ခမ်းပေါ်မှ လွှဲလိုက်ရသည်။ ထို့နောက်နီမြန်းနေသောပါးပြင်တို့နှင့် ခပ်တိုးတိုးဆိုလာခဲ့သည်။ 


"အင်း"


ညစျေးတန်း၏အရောင်အသွေးစုံလင်သော မီးရောင်များမှာဆရာယဲ့၏ ရှက်ရွံ့စွာနီမြန်းနေသောပါးပြင်ပေါ်အရိပ်ထင်နေခဲ့သည်။ မူလတွင်ရှိကျားမှာ ယဲ့ကျင်းကျီကိုတောင်းပန်ရန်သာ သကြားကိတ်ကလေးကို၀ယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်မမျှော်လင့်ထားသည်က တစ်ကိုက်ကိုက်လိုက်သည်နှင့် ထိုသကြားကိတ်ကလေးမှာ နူးညံ့ စေးကပ်ချိုမွှေးကာ အလွန်အရသာရှိနေခြင်းပင်။


ရှီကျား မျက်လုံးကိုမှိတ်လျက် အကိုက်ကြီးကြီးတစ်ကိုက်ကိုက်လိုက်လေသည်။ သူ၏ကျေနပ်နေသောအမူအရာကိုမြင်လျှင် ယဲ့ကျင်းကျီမှာလည်း ခေါင်းငုံ့လျက် သူ၏လက်ထဲမှ စေးကပ်ကပ်သကြားကိတ်ကလေးကိုတစ်ကိုက်ကိုက်လိုက်သည်။ သကြားဖြူနှင့်စေးအိအိဆန်ကိတ်အရသာလေးမှာ သူ၏လျှာပေါ်တွင် အချိုဓါတ်ကလေးကိုပျံ့နှံ့သွားစေပြီး ပျော်ရွှင်မှုကိုခံစားရစေသည်။


မုန့်ချိုချိုလေးတွေ ချိုမြိန်တဲ့လေထုနဲ့ ချိုမြိန်တဲ့သူ..


ဆရာယဲ့နေထိုင်လာခဲ့သော ၂၅နှစ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သကြားမှာအလွန်အရသာရှိသည်ဟုခံစားလိုက်ရလေသည်။


ပထမဆုံးDate(ယဲ့ကျင်းကျီအမြင်) မှာအောင်မြင်သွားခဲ့လေသည်။ သူတို့၂ဦးသားညလယ်ရောက်မှအတူပြန်လာခဲ့ကြသည်။ 


ဓါတ်လှေကားထဲအ၀င်တွင် ယဲ့ကျင်းကျီ သူ၏ဇနီးဖြစ်သူမှ သူ့အတွက် သကြားကပ်စေးကိတ်ကလေး၀ယ်ကျွေးသောကြောင့် ပျော်ရွှင်မှုထဲ နစ်မြှုပ်နေသေးစဥ် ရှီကျား၏ အံ့အားသင့်သော အာမေဋိတ်သံကိုကြားလိုက်ရလေသည်။


ယဲ့ကျင်းကျီခေါင်းကိုလှည့်လျက်ကြည့်လိုက်လေသည်။


ရှီကျား ဖုန်းကိုကိုင်ထားပြီး သူ၏လက်ချောင်းများကဖုန်းမျက်နှာပြင်ပေါ် ခဏခဏဖိနေခဲ့လေသည်။ ထို့နောက်မျက်မှောင်ကျုံ့လျက်ဆိုလာခဲ့သည်။


"ဒီသတင်းကိုဘာလို့ဖွင့်လို့မရတာလဲ..wechatကြောင်နေတာလား"


ယဲ့ကျင်းကျီမှာ ဘေးတွင်လိမ်လိမ်မာမာရပ်လျက် 'ဇနီးကမင်းကိုမပြရင် မင်းကလည်းမကြည့်ရဘူး'ဟူသော စည်းမျည်းကို နာခံစွာလိုက်နာနေခဲ့လေသည်။


ခတ္တမျှကြိုးစားကြည့်ပြီးနောက် ရှီကျား အကူအညီမဲ့စွာကြည့်လာခဲ့သည်။ 


"ဆရာယဲ့ ကျွန်တော် ခင်များဖုန်းကိုငှားလို့ရလား..ကျွန်တော်wechatကြည့်ချင်ပေမယ့် ကျွန်တော့်ဖုန်းကကြောင်နေလို့ပါ"


ယဲ့ကျင်းကျီမှာဖုန်းကိုထုတ်ယူကာ ဖွင့်လိုက်ပြီး ရှီကျားကိုကမ်းပေးလိုက်လေသည်။


ရှီကျားလည်းဖုန်းကိုယူလျက် wechat တရား၀င်အကောင့်ထံ၀င်လိုက်လေသည်။ ထို့နောက် 'ghosts know'အကောင့်ထဲရောက်သည်နှင့် သတင်းလေးပုဒ်မှာ ချက်ချင်းတက်လာခဲ့လေသည်။ သူကား 《 ချင်ပြည်ထောင်၏ ထိုခုနှစ်များမှ အချစ်အမုန်းလွန်ဆွဲပွဲ အပိုင်း၃..ရဲတင်းလိုက်တာ..ကျောက်ကောင်းက ကုန်းကုန်းတစ်ယောက်ပဲ..သူ့မှာချင်ပြည်ထောင်ရဲ့ ကံကြမ္မာကိုဆုံးဖြတ်ပိုင်ခွင့်ဘယ်တုန်းကရှိသွားတာလဲ》


ဆိုသော သတင်းကို နှိပ်ကြည့်ရန်တွန့်ဆုတ်မနေခဲ့ချေ။


လက်ချောင်းတို့နှင့်အသာနှိပ်လိုက်သည်နှင့် စာလုံးရေ တစ်သောင်းမျှ ၀တ္တုတိုတစ်ပုဒ် ရှီကျားမျက်စိရှေ့တွင်ပေါ်ထွက်လာခဲ့လေသည်။ 


သူ ထိုသတင်းကိုသာမာန်ကာလျှံကာဆွဲချကြည့်ရင်း သူ၏ဖုန်းကိုကြည့်ကြည့်လိုက်သည်။ သူ၏ဖုန်းမှာ ခေါင်းစဥ်နှင့် အကျဥ်းချုပ်ကိုသာမြင်နိုင်လေသည်။


ရှီကျားမေးလာခဲ့သည်။


"ဆရာယဲ့ ကျွန်တော့်ဖုန်းကိုဘာမှားနေတာလဲ တစ်ချက်လောက်ကြည့်ပေးလို့ရမလား"


ယဲ့ကျင်းကျီရှီကျား၏ဖုန်းကိုယူလိုက်လေသည်။ ခတ္တမျှစူးစမ်းပြီးနောက် သူ၏လက်ညှိုးနှင့်လက်ခလယ်တို့ကိုအတူဖိလိုက်ကာ ရှီကျား၏ဖုန်းမျက်နှာပြင်ပေါ်တွင် ရွှေရောင်အက္ခရာတစ်ခုကိုရေးဆွဲလိုက်လေသည်။


ထိုအက္ခရာမှာ ရွှေရောင်တောက်ပလျက် ဖုန်းမျက်နှာပြင်ကိုဖုံးလွှမ်းနေခဲ့သည်။ နောက်ဆုံးတစ်ချက်ကိုဆွဲပြီးနောက် ရွှေရောင်အလင်းတန်းများထွက်လာခဲ့လေသည်။ ရွှေရောင်စာလုံးလေးများအပြွတ်လိုက်မှာ မည်သည့်နေရာမှမှန်းမသိထွက်လာခဲ့လေသည်။ လေထဲတွင် သူတို့မှာ စာတစ်ပုဒ်ကိုစတင်ရေးသားလာကြသည်။ ထိုစာပုဒ်အောက်တွက် ခလုတ်၂ခုရှိကာ 


'အတည်ပြုပါ' 'ငြင်းပယ်ပါ' ဟူ၍ပင်။


ဟိုတယ်cctvကိုစောင့်ကြည့်ရေးခန်းတွင် လုံခြုံရေးအစောင့်မှာ မျက်လုံးကြီးပြူးလျက် ဖန်သားပြင်များကိုစိုက်ကြည့်နေခဲ့လေသည်။


"ငလူး ဖက်တီး ဖက်တီး ထတော့..သရဲရှိတယ်.သရဲရှိတယ်လို့ လေထဲမှာစာလုံးတွေပျံနေတယ်..စာလုံးတွေလေထဲကနေပေါ်လာတယ်လို့"


အိပ်ပျော်နေသောခပ်၀၀လုံခြုံရေးမှာ အိပ်ချင်မူးတူးနှင့်နိုးလာခဲ့လေသည်။ သူကသူ၏အဖော်လက်ညှိုးထိုးပြရာသို့ မျက်လုံးဖွင့်၍ကြည့်လိုက်လေသည်။ ရွေ့လျားနေသောဓါတ်လှေကားထဲတွင် လူ၂ယောက်မှာ ခေါင်းငုံ့လျက် ဖုန်းကိုယ်စီကြည့်နေ့ကြပြီး ဘာမျှထွေထွေထူးထူးမရှိချေ။


"၀မ်ကြီး..မင်းကန်းနေတာလား..ဘာသရဲလဲ..ဘယ်မှာလဲ .ငါအိပ်နေတာကိုလာမဖျက်စမ်းပါနဲ့"


၀မ်ကြီး မယုံကြည်နိုင်ပဲ မျက်လုူံပြူးလျက်စိုက်ကြည့်နေခဲ့လေသည်။ မည်သို့ပင်ဆိုစေ ရွှေရောင်စာလုံးများကိုနောက်တစ်ကြိမ်မမြင်နိုင်တော့ချေ။ သူကမျက်လုံးတို့ကိုပွတ်သပ်လိုက်ပြီး သံသယတို့နှင့်ဆိုလာခဲ့သည်။


"ငါတကယ်မှားမြင်တာလား"


ဓါတ်လှေကားထဲတွင် ယဲ့ကျင်းကျီက လက်ကိုမြှောက်လျက် အတားအဆီးကိုရေးဆွဲလိုက်သည်။ ၄င်းမှာ လုံခြုံရေးကင်မရာထံမှ ဖုံးကွယ်ထားနိုင်သည်။


မော့သို့အဆင့်ဇယားကိုမြင်ဖူးထားသော အတွေ့အကြုံရှိလေရာ ထိုစာလုံးလေးများလေပေါ်ပျံနေသည်ကိုမြင်ရသည်က ရှီကျားအတွက်မထူးဆန်းတော့ချေ။ သူကထိုစာပုဒ်ကိုဂရုတစိုက်ဖတ်ရှုလိုက်သည်။ သူကအစပိုင်းကိုသာဖတ်ရသေးစဥ် ယဲ့ကျင်းကျီကမေးလာခဲ့သည်။


"မင်း 'ghosts know'ကိုဘယ်တုန်းကစfollowထားတာလဲ တစ်လရှိပြီလား"


ရှီကျားအနည်းငယ်တွေးတောလိုက်သည်။


"တစ်လလောက်ရှိပြီ ..ထင်တာတော့ ပြီးခဲ့တဲ့လဒီအချိန်ပဲ ဖေးယွီနဲ့ဆုံခဲ့တာ သူကကျွန်တော့်ကို 'ghosts know'ကို followလုပ်ခိုင်းခဲ့တာ"


ယဲ့ကျင်းကျီခေါင်းအသာညိတ်လိုက်သည်။ သူ၏လက်ချောင်းများမှာ လေထဲတွင် အလင်းအလျင်နှင့်လှုပ်ရှားသွားပြီး ရွှေရောင်အက္ခရာများကို ရေးဆွဲလိုက်လေသည်။ 


ရှီကျား မူးဝေနေပြီး ထိုစာလုံးများကဘာကိုဆိုသည်ကိုနားလည်အောင်လိုက်မဖတ်နိုင်ခဲ့ချေ။ ယဲ့ကျင်းကျီရပ်သွားသည်ကိုစောင့်နေစဥ် ကြီးမားသော စာလုံးကြီးတစ်လုံးလေထဲတွင်ပေါ်လာခဲ့သည်။


『Balance: 0』


ယဲ့ကျင်းကျီ ထိုနံပါတ်ကို ငေးကြည့်နေခဲ့လေသည်။ ရှီကျားမှာ ပို၍ပင်ရှုပ်ထွေးနေပြီး ၄င်းမှာ မည်သည်ကိုဆိုလိုမှန်း နားမလည်ချေ။


လျင်မြန်စွာပင် ယဲ့ကျင်းကျီမှာနောက်ထပ် အက္ခရာ၂ခုကိုထပ်မံရေးဆွဲလိုက်သည်။ ထို့နောက်ဖုန်းကို ရှီကျားထံပြန်ပေးလိုက်လေသည်။


"အခုဖတ်လို့ရပြီ"


ရှီကျား 'ghosts know'တရား၀င်အကောင့်ကိုဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ယခုလေးတင် အကျဥ်းချုပ်မှလွဲဖွင့်မရသော သတင်းမှာ ပွင့်ကျလာတော့သည်။ သူကဖုန်းကိုရှုပ်ထွေးစွာကြည့်နေခဲ့လေသည်။ ရှီကျားမှာယဲ့ကျင်းကျီကိုကြည့်လျက်မေးလိုက်သည်။


"ဆရာယဲ့ ကျွန်တော်ခုနကကျဘာလို့ဖတ်လို့မရတာလဲ..'ghosts know'ကကျွန်တော့်ကိုဆက်ဖတ်ခွင့်မပေးတော့တာလား"


ယဲ့ကျင်းကျီကဆိုသည်။


"အင်း ပြဿနာသေးသေးလေးပါ .ကိုယ်ပြင်လိုက်ပြီမို့ မင်းအခုဖတ်လို့ရပြီ"


ရှီကျားမှာ ဤကမ္ဘာပေါ်တွင် ဆယ်ပြားကုမ္ပဏီကို နှစ်ပြားတစ်ပြားရိုက်ပြီး သတင်းဖတ်ရန် ငွေပိုပေးရသော တရား၀င်အကောင့်မျိုးရှိလိမ့်မည်ဟု လုံး၀မသိချေ။ သူကမေးလာခဲ့သည်။ 


"နောက်ကျရင်လည်း အဲလိုဖြစ်ဦးမှာလား"


ယဲ့ကျင်းကျီမှာ သူအခုလေးတင်လုပ်လိုက်သည်ကို ပြန်တွေးလိုက်သည်။ သူ၏နားရွက်ဖျားတို့ ဖြတ်ခနဲနီရဲလာပြီူ လျင်မြန်စွာဆိုလာခဲ့သည်။ 


"ဘာမှထပ်မဖြစ်တော့ပါဘူး..မင်း'ghosts know'မှာ သတင်းတွေဆက်ဖတ်လို့ရသွားပြီ..မင်းနောက်ထပ်နှစ်ပေါင်း ၅သိန်းကျော်အထိဆက်ဖတ်နေလို့ရတယ်"


ရှီကျားသိပ်မရှင်းခဲ့ချေ။


"အာ..?"


"ဘာမှမဟုတ်တော့ဘူး"



👻