Chapter 51
Viewers 9k

👻Chapter 51




ရွှမ်းရွှယ်လောကမှလူတိုင်း ချန်းအန်ကိုရောက်လာစဥ်က စစ်တပ်လေဆိပ်မှ လေယာဥ်နှင့်လာခဲ့ကြခြင်းပင်။ သူတို့ထွက်ခွာစဥ်မှာလည်း ဆရာသခင်များကိုပြန်လည်ပို့ဆောင်ရန် အထူးလေယာဥ်များကိုစီစဥ်ပေးခဲ့ကြလေသည်။


ဖေးယွီပြောပုံအရ သူ၏ဆရာ ထျန်းစစ်တောက်ရန်နှင့် ကျစ်ဝေ့ရှင်းခန်းမမှ စန်းရှို့ကျန်းကျွင်းတို့မှာ အထက်ပိုင်းအရာရှိများအား စိုးရိမ်တကြီးနှင့် နယူကလီးယား ဗုံးခလုတ်ကိုပြင်ထားစရာမလိုစေရန် အသိသွားပေးခဲ့သည်ဟုပင်။


ရှီကျား၄င်းကိုကြားသော် ရှော့ခ်ရသွားခဲ့သည်။ 


: 【 Nukes ဗုံးဟုတ်လား..အဲဒီအခြေအနေအထိရောက်သွားပြီလား! 】


ဖေးယွီ ရဲတင်းကာ ယုံကြည်ချက်အပြည့်ရှိနေခဲ့လေသည်။ 


: 【 အဲဒီချင်ရှီဟွမ်က ချင်ပြည်ထောင်ကြီးကို ပြန်လည်ထူထောင်ချင်နေတာနော် အိုကေ?! 】


ရှီကျား"...."


မင်းပြောတော့လည်း အဓိပ္ပါယ်ရှိသလိုပဲ..


ဆရာသခင်အများစု ချန်းအန်မှထွက်ခွာသွားခဲ့ပြီး ဆရာသခင်တချို့မျှသာအတားအဆီးကိုအားဖြည့်ရန် သင်္ချိုင်းဂူတွင်ကျန်ရစ်လေသည်။ 


ရွှမ်း၀ူရိုက်ကူးရေးမပြီးသေးလေရာ ရှီကျားမှာရိုက်ကူးရေးသို့သွားရန်လိုအပ်နေဆဲပင်။ ယဲ့ကျင်းကျီမှာလည်း သူ့ကိုအဖော်ပြုရန်နေရစ်လေသည်။


သင်္ချိုင်းဂူမတော်တဆမှုအပြီး ချန်းအန်မြို့တွင် သောင်တင်နေခဲ့သော မျိုးဆက်သစ်ဆရာသခင်ငယ်များမှာလည်း တစ်ယောက်မှမကျန်ရစ်ပဲ အကုန်လစ်သွားခဲ့ကြ၏။ ချန်းအန်မြို့တွင်ညဘက်လျှောက်လာရင်း မကောင်းဆိုး၀ါးမဆိုထားနှင့် လေလွင့်၀ိညာဥ်တစ်ကောင်ကိုမျှပင် မတွေ့နိုင်ချေ။ pointများရရှိရေးအတွက် ထိုဆရာသခင်များမှာ သရဲတစ်ကောင်တမြှီးကိုမျှအလွတ်ပေးခဲ့လိမ့်မည်မဟုတ်ဘဲ တချို့သရဲများအတွက် ပြန်လည်၀င်စားခြင်း စက်၀န်းသို့ပင်ပို့ပေးခဲ့လိမ့်မည်။


ယဲ့ကျင်းကျီမှာ ချန်းအန်တွင်နေရစ်ကာ ရှီကျားကိုအဖော်ပြုပေးနေခဲ့သည်။ တနည်းဆိုရလျှင် သူ့အတွက်ဖမ်းစရာသရဲမရှိသလို pointလည်းများများမရနိုင်ချေ။ ထို့ကြောင့်ပထမဆုံးအကြိမ်အနေနှင့် ရှီကျားမှာ သူ၏အမည်ကို မော့သို့အဆင့်ဇယားပေါ်တွင် ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့လေသည်။


ယဲ့ကျင်းကျီ..


ထိုအမည်မှာ ပထမနေရာတွင်ရှိနေဆဲပင်။


ဤရက်များအတွင်းရှီကျားမှာ ယဲ့ကျင်းကျီနှင့်အတူနေထိုင်ဖြစ်ကာ ဆရာယဲ့ အပြင်ထွက်ကာသရဲဖမ်းခြင်းကိုတစ်ခါမျှမတွေ့ခဲ့ဖူးချေ။ သို့တိုင်အောင်ဆရာယဲ့မှာ pointပမာဏအတော်များများကိုရရှိနေဆဲပင်။ ဒုတိယနေရာမှနန်ရိသည် ယဲ့ကျင်းကျီထက် တစ်၀က်ကျော်မျှနိမ့်နေဆဲဖြစ်၏။ သို့သော်အဆုံးတွင်တော့ ယဲ့ကျင်းကျီမှာ ကောင်းကင်အလယ်မှ မထိနိုင်သောကြယ်တစ်ပွင့်မဟုတ်တော့ချေ။ ခေါင်းကိုမော့ကာကြည့်လိုက်ရုံဖြင့် ယဲ့ကျင်းကျီ၏အမည်ကိုမြင်နိုင်ပေပြီ။


ဖေးယွီသည် ချန်းအန်မှမထွက်ခွာမီက ရှီကျားအား ရုပ်ရှင်မြို့တော်တွင် ကစားရန်တမင်လာရှာခဲ့လေသည်။ သူမထွက်ခွာမင် မော့သို့အဆင့်ဇယားကိုဖွင့်ကြည့်လိုက်ပြီး အဆင့်၁၂သို့ရောက်နေသည်ကိုမြင်သော် လွန်စွာမပျော်မရွှင်ဖြစ်သွားခဲ့သည်။ 


ရှီကျားမေးလိုက်သည်။


"မင်းကအဆင့်၁၂တောင်ကျသွားပြီလား"


ဖေးယွီမှာ မတရားသလိုခံစားရလေသည်။


"အစ်ကိုကျားရဲ့..မော့သို့အဆင့်ဇယားထုတ်ပြန်တဲ့ ပထမ၅ရက်ကဘာမှအတည်ယူစရာမလိုဘူးသိရဲ့လား ...အခုအဆင့်၁၂ကိုကျနေတာကိုကြည့်စရာမလိုဘူး..ဘာလို့ဆိုငါ့မှာလိုက်စရာသရဲမရှိတော့ ရစရာpointမှမရှိတာ..ရက်နည်းနည်းသာစောင့်လိုက် အဲကောင်တွေအကုန်လုံးကိုပြန်နင်းပြမယ် ..ငါ့ခြေဖျားတောင်မမီစေရဘူး"


ရှီကျားမှာ ယဲ့ကျင်းကျီ၏နာမည်ကိုလက်ညှိုးထိုးပြလျက် အမူအရာမဲ့စွာဆိုလိုက်သည်။ 


"ဒါဆို ဆရာယဲ့ကရော..ခုမှ၁ရက်ပဲရှိသေးတာကို ဆရာယဲ့က pointတွအများကြီးရနေပြီ"


ဖေးယွီမှာ အလွန်မကျေမနပ်ဖြင့်ဆိုလာခဲ့သည်။


"အဲဒီpointတွေက သူသရဲဖမ်းလို့ရလာတာလို့ဘယ်သူပြောလဲ..သူပစ္စည်းတွေရောင်းချလို့ရလာတာပါနော်"


"အာ..?"


ဖေးယွီကရှင်းပြလာခဲ့သည်။


"ငါအရင်ကထျန်းကုန်းပွဲကြည့်စင် online shop ကနေ ငရဲဘုရင်ယဲ့ရဲ့သွေးကိုမ၀ယ်ဖူးဘူးလား..အဲဒီpointတွေလည်း မော့သို့အဆင့်ဇယားထဲ အကြုံး၀င်တယ်..ငရဲဘုရင်ယဲ့က ငါတို့တွေနဲ့ကွာတယ်လေ..တို့တွေဂျူနီယာတွေက အလွန်ဆုံးမှ သွေးတစ်စက်နှစ်စက် တို့တွေဆွဲထားတဲ့ အဆောင်စာရွက်လေးတစ်ရွက်နှစ်ရွက်ပဲရောင်းရပေမယ့် သူကတပုံကြီးရောင်းရတာဟ...သူကစိတ်၀ိညာဥ်ကျောက်တုံးနဲ့ အစီအရေးဆွဲပြီး ထျန်းကုန်းပွဲကြည့်စင်မှာတင်ရောင်းလို့ရတယ်လေ"


ပြောပြီးနောက် ဖေးယွီကထျန်းကုန်းပွဲကြည့်စင်online shopကိုဖွင့်လျက် "ယဲ့ကျင်းကျီ"ဟု တိုက်ရိုက်ရှာလိုက်လေသည်။ ၄၆ခုသော ရလဒ်များကျလာခဲ့လေသည်။


ဖေးယွီ ဖုန်းမျက်နှာပြင်ကိုလက်ညှိုးထိုးပြလျက် သူ၏မျက်လုံးများမှာ မနာလိုမှုတို့နှင့်လောင်ကျွမ်းနေခဲ့လေသည်။


"ကြည့်ပါလား..ရောင်းအားကထိပ်ဆုံးပဲ..အဲဒါတွေက ငရဲဘုရင်ယဲ့ဆွဲထားတဲ့ အိမ်စောင့်အဆောင်စက္ကူတွေပဲ..သူ့အတွက်အဲဒီတစ်ရွက်ဆွဲဖို့ ၃စက္ကန့်ပဲကြာတာ..အ၀ါရောင်စက္ကူတစ်ရွက်ကိုဘယ်လောက်ကျမှာတုန်း..၁pointကို တပုံကြီး၀ယ်လို့ရတယ်..Cinnabarဆိုပိုတောင်တန်သေး ၁pointဆို တစ်ပုံးကြီးရတာ..


ဒါဆိုငရဲဘုရင်ယဲ့ရဲ့ မြေဓါတ်အဆောင်ကရော ၁pointကို ၁၀ခု၀ယ်လို့ရတယ်....ဒီတော့တွေးကြည့်ပါလား..သူကနည်းနည်းလေးပဲသုံးပြီး ၀င်ငွေကြီးကြီးရနေတာ..အစ်ကိုကျားရေ ငါဖြင့် ပြောမပြတတ်အောင်မနာလိုဖြစ်တယ်ကွာ..ငရဲဘုရင်ယဲ့ကသောက်ရမ်းချမ်းသာတာကွ"


ရှီကျားမှာ ဖေးယွီပြောသမျှကို ငေးမောနားထောင်နေခဲ့လေသည်။ ဆရာသခင်အတုလေးဖေးမှာ မနာလိုမှုကြောင့်စိမ်းဖန့်နေသည်မှာ အတော်ကြာလောက်ချေပြီ...ထိုအကြောင်းကိုပြောရာတွင် သူကမရပ်မနားဆက်တိုက်ပြောနိုင်လေသည်။ ရှီကျား ခတ္တမျှတွေးလျက် အကြောင်းအကျိုးအကောင်းအဆိုးများကို ခွဲထုတ်ကာမေးလိုက်သည်။ 


"သူ့လိုလူတစ်ယောက်က တစ်လမှာဘယ်လောက်၀င်လဲ"


ဖေးယွီကဆိုသည်။


"တစ်လမှာ ငါဆိုပုံမှန် မကောင်းဆိုး၀ါး၀ိညာဥ် ၆၀ကနေ ၇၀အထိဖမ်းနိုင်တယ်ကွာ..အရမ်းကောင်းတဲ့လဆို ၈၀ ၉၀ပေါ့..ဒါပေမယ့်လတိုင်းတော့ ငါpoint ၁၀၀လောက်ရနိုင်တယ်..ဘာလို့ဆို ငါ့အဆောင်တွေကစျေးပေါတော့ လူတွေက၀ယ်ကျတယ်လေ..ပြီးတော့ ကျစ်ဝေ့ရှင်းခန်းမက အကြီးဆုံးတပည့်လေ..သူဆိုလည်းလတိုင်းသရဲလိုက်ဖမ်းဖို့အချိန်သိပ်မရှိဘူး..ဒါပေမယ့်သူ့pointတွေကလည်းမြင့်တယ်လေ မော့သို့အဆင့်၂မှာရှိနေတယ်ဆိုတာ သူလည်း အဆောင်တွေအများကြီးရောင်းရလို့ပဲ"


ရှီကျားတစ်ခုခုကိုတွေးမိသည်။ 


"ဒီလိုဆိုမှတော့ ထျန်းကုန်းပွဲကြည့်စင်ကတပည့်တွေက ပိုရသင့်တာမဟုတ်ဘူးလား..သူတို့ကရတနာတွေသန့်စင်တဲ့နေရာမှာတော်တယ်လေ"


ဖေးယွီခေါင်းခါလိုက်သည်။ 


"အဲဒါတွေက မော့သို့အဆင့်ဇယားထဲထည့်မတွက်ဘူး"


ထျန်းကုန်းပွဲကြည့်စင်အကြောင်းပြောရာတွင် ဖေးယွီမှာ မနာလိုမှုကြောင့် အံကိုကြိတ်လျက်ဆိုလာခဲ့သည်။


"အဲဒီထျန်းကုန်းပွဲကြည့်စင်ကမျိုးမစစ်တွေလည်း ပိုက်ဆံတွေတပုံကြီးရှိပါ့..သောက်ရမ်းချမ်းသာကြတာ"


ရှီကျား သူ့အားတစ်ချက်ကြည့်လိုက်လေသည်။ 


"မနာလိုမှုကမင်းကိုရုပ်အတော်ပြောင်းသွားစေတာပဲနော်"


ဖေးယွီ သူ၏မျက်နှာအရေပြားကိုထူစေလိုက်သည်။ 


"အိုကေ အိုကေ..ငရဲဘုရင်ယဲ့အကြောင်းပြန်သွားရအောင်...အစ်ကိုကျား ငရဲဘုရင်ယဲ့က တစ်လမှာအနည်းဆုံး pointထောင်ကျော်၀င်တယ်..ရှေ့လကိုပဲဥပမာထား..မော့သို့အဆင့်ဇယားပေါ်က လူ၁၀၀လုံးချန်းအန်မှာလာစုနေရတာလေ..ချန်းအန်ကအန္တရာယ်များလွန်းတယ်..သင်္ချိုင်းဂူကလည်းအန္တာရာယ်များတယ်..တို့တွေအဲဒီလွတ်သွားတဲ့ချင်စန်းရှီနဲ့တိုးရင်ရော..တို့တွေရဲ့အသက်လေးတွေကို တန်ဖိုးထားဖို့လိုတယ်လေ..အဲဒါကြောင့် ချန်းအန်ကိုမလာခင်က အဟမ်း..ငါ့ကိုယ်ငါကာကွယ်ဖို့ အဆောင်တွေအများကြီးယူလာတာပေါ့..ဒီလိုနဲ့ ငါ ငရဲဘုရင်ယဲ့ဆီက point ရှစ်ဆယ် ခုနှစ်ဆယ်ဖိုးအားပေးလိုက်ရပါရော."


ရှီကျားမေးခွန်းတစ်ခုကိုတွေးမိလေသည်။ 


"ဒါဆို ကျိရင်ကဘယ်သူ့မှမသတ်ခဲ့ဘူးလေ..ပြီးတော့ သင်္ချိုင်းဂူထဲအမြန်ပြန်၀င်သွားတာ..မင်း၀ယ်ထားတဲ့ဟာတွေက အပိုတွေဖြစ်မသွားဘူးလား"


"အစ်ကိုကျားငါ့ညာလက်က ပတ်တီးတွေနဲ့ပတ်ထားတာမတွေ့ဘူးလား"


ရှီကျားခေါင်းငုံ့လျက်ကြည့်လိုက်လေသည်။ မှန်ပေ၏။ ဆရာသခင်အတုလေးဖေး၏ ညာလက်မှာ အကြောင်းတချို့ကြောင့်ပတ်တီးများနှင့် စည်းနှောင်လျက် လည်တိုင်တွင်ဆွဲထားခဲ့လေသည်။


"ဘာဖြစ်ခဲ့တာလဲ" 


ဖေးယွီမှာ မျက်ရည်များ၀ဲတက်လာခဲ့သည်။


"မနေ့က ငါလည်းမလိုအပ်ဘဲရတနာတွေအများကြီး၀ယ်လိုက်မိမှန်း သတိရတာနဲ့ ဒေါသထွက်လွန်းလို့ကိုယ့်လက်ကို ခုတ်လိုက်မိတာပဲ"


ရှီကျား"...."


သူက ဆရာသခင်အတုလေးဖေးနှင့် အရေမရအဖတ်မရများ အတော်ကြာပြောနေခဲ့ပြီးနောက် ရှီကျားမှာ ရိုက်ကူးရန်ပြန်သွားခဲ့လေသည်။ 


ညနေခင်းဇာတ်၀င်ခန်းကိုရိုက်ကူးပြီးချိန်တွင် ဖေးယွီ ချန်းအန်မှထွက်သွားနှင့်ပြီးဖြစ်၏။


ချန်းအန်တွင် ဆရာသခင်အတော်များများမရှိတော့ချေ။ ရွှမ်းရွှယ်လောက၏စီနီယာများမှာ ဤနေရာတွင်နေရန်မလိုအပ်ချေ။ သူတို့အားအိမ်ပြန်၍ စားသောက် တရေးတမောအိပ် ပျော်ပါးရန်ပြန်သွားခဲ့ပြီဖြစ်သည်။ မျိုးဆက်သစ်ဆရာသခင်ငယ်များအတွက် ဤနေရာတွင်ဆက်နေရန်ပို၍ပင်မဖြစ်နိုင်ချေ။ အဘယ်ကြောင့်မူ ချန်းအန်တွင်ရှိသမျှသရဲများအားလုံး ခြစ်ကုတ်ဖမ်းဆီးခံလိုက်ရပြီဖြစ်၍ပင်။ သူတို့pointလိုချင်ပါက အခြားနေရာများတွင် သရဲသွားဖမ်းရန်လိုအပ်လေသည်။


ရှီကျားမှာ ရိုက်ကူးရေးအတွက် နောက်ထပ်၅ရက်မျှဆက်နေခဲ့သည်။ နောက်ဆုံးရက်မှာ သူ၏နောက်ဆုံးအခန်းဖြစ်လေသည်။ ၄င်းမှာသူမြှားနှင့်ပစ်ကာအသတ်ခံရသော အခန်းလည်းဖြစ်၏။


ရွှမ်း၀ူကို ကျန်းကွမ်ခေတ်မှ မတော်တဆမှုကြီးတစ်ခု၌ ဇာတ်အိမ်တည်ထားခြင်းဖြစ်လေသည်။ ဤကဲ့သို့သည်းထိပ်ရင်ဖို့ဇာတ်လမ်းမျိုး၏ နောက်ခံကျောရိုးမှာ ပလ္လင်ကိုဖမ်းဆုပ်ခြင်းနှင့်ပတ်သက်နေခဲ့လေသည်။ ရွှမ်း၀ူမှာလည်း ထူးခြားမနေခဲ့ချေ။


ထိုကားထဲတွင် ယခင်မင်းသားဟောင်း၏အဖွဲ့မှပုန်ကန်ကြပြီး ချန်းအန်တွင် လူသတ်မှုဖြစ်စဥ်များဆက်တိုက်ဖြစ်ပေါ်လာစေခဲ့သည်။ သေမှုသေခင်းတိုင်းတွင် ယခင်မင်းသားဟောင်း လီကျန်းချန်းကိုညွှန်ပြနေသော သဲလွန်စတစ်ခုစီကိုချန်ထားရစ်ခဲ့တတ်သည်။


ချန်းအန်မြို့တော်ထဲတွင် လီကျန်းချန်း၏၀ိညာဥ်မှာ သူ၏ညီငယ်လက်ချက်ကြောင့် မတရားသေဆုံးသွားခဲ့ရပြီး လက်စားချေရန်ပြန်လာခဲ့သည်ဟု ကောလဟာလများစတင်ပျံ့နှံ့လာခဲ့လေသည်။


ခေါင်းဆောင်မင်းသားနှင့်မင်းသမီးတို့မှာ သဘာ၀ကျစွာပင် လာရောက်စစ်ဆေးခဲ့ကြသည်။ အဆုံးတွင်သူတို့မှာအဖြေမှန်ကိုထုတ်နိူင်ခဲ့ပြီး ၄င်းမှာအိမ်ရှေ့စံမင်းသားဟောင်း၏ လက်ကျန်အင်အားစုလက်ချက်များဖြစ်ခဲ့လေသည်။ သို့နှင့်အဆုံးတွင် သူတို့သည် ထန်ထိုက်စုန့်အားသတ်ဖြတ်ရန်ကြိုတင်ကြံစည်ထားမှုကို တားဆီးနိုင်ခဲ့ပြီး HEနှင့်ဇာတ်သိမ်းခဲ့လေသည်။


ရှီကျား၏ဇာတ်ကောင်မှာ ဇာတ်လိုက်မင်းသားဘေးမှ သက်တော်စောင့်တစ်ဦးဖြစ်လေသည်။ ဇာတ်လိုက်မင်းသားက အမှန်တရားကိုဖော်ထုတ်ခဲ့ပြီး လူသတ်သမား၏အဓိကရည်ရွယ်ချက်မှာ လက်ရှိအင်ပါယာကို သတ်ရန်ဖြစ်ကြောင်းရှာတွေ့ခဲ့လေသည်။ သူ၏အစောင့်များကိုချက်ချင်းစေလွှတ်လျက် နန်းမြို့တော်မှ ထန်ထိုက်စုန့်ဆီတတ်နိုင်သမျှမြန်မြန်သတင်းပို့စေခဲ့သည်။ 


ရှီကျားမြင်းကိုဒုန်းစိုင်းလျက် နန်းမြို့တော်ဆီပြေးသွားခဲ့လေသည်။ သို့သော် လူသတ်သမားမှာ ရွှမ်း၀ူဂိတ်တွင် လုပ်ကြံရေးသမားများကြိုတင်နေရာချထားပြီးဖြစ်ကာ သည်းထန်စွာရွာသွန်းနေသောမိုးအောက်တွင် သူ မြှားနှင့်အပစ်ခံရပြီး သေဆုံးသွားခဲ့လေသည်။


ရှီကျား ယခင်ကဇာတ်၀င်ခန်းများစွာကိုရိုက်ကူးဖူးခဲ့သည်။ သို့သော်၄င်းတို့မှာဖြတ်လျှောက်သာသာဇာတ်ရုပ်များသာဖြစ်ပြီး ဤသို့ကားကြီးမျိုးတွင်တစ်ခါမျှသရုပ်မဆောင်ခဲ့ဖူးချေ။


ဒါရိုက်တာက တိုက်ပွဲထဲ၀င်ရန်သူ၏ကိုယ်အစစ်ကိုသုံးစေလိုခဲ့သည်။ ကင်မရာlensများမှာ သူ၏မျက်နှာကိုရိုက်ကူးနေခဲ့လေသည်။ ၄င်းမှာ သည်းထိတ်ရင်ဖိုဆန်ကာ ဆွဲဆောင်နိုင်သောရလဒ်မျိုးကိုရရှိရန်လိုအပ်လေသည်။


ထိုအခန်းကို၁၀ခေါက်ထက်မနည်းပြန်ရိုက်ခဲ့ရပြီး အခေါက်တိုင်းရှီကျား၏ကိုယ်မှာရွံ့အိုင်များကြားထဲပစ်လှဲခဲ့ရလေသည်။ ဒါရိုက်တာကျေနပ်သောအခါမျှသာရပ်ရတော့သည်။


သူ့ကဲ့သို့ဇာတ်ကောင်သေးသေးလေးသေဆုံးပြီးနောက် မည်သည်မျှထွေထွေထူးထူးမသက်ရောက်ခဲ့ချေ။ လက်ထောက်ဒါရိုက်တာက သူ့အား ပန်းစည်းတချို့ပေးလျက် ဓါတ်ပုံအတူတူရိုက်ခဲ့ကြသည်။ ကျန်သရုပ်ဆောင်များမှာလည်း အနည်းငယ်လာရောက်ဂုဏ်ပြုခဲ့ကြလေသည်။ ၄င်းမှာတရား၀င်ပြီးဆုံးသွားပြီဟုဆိုနိုင်လေသည်။


ရှီကျား မိတ်ကပ်ဖျက်ပြီး အ၀တ်အစားများလဲလိုက်ကာ ပန်းစည်းလေးကိုကိုင်လျက် ရုပ်ရှင်မြို့တော်မှတကိုယ်တည်းထွက်လာခဲ့တော့သည်။ 


ချန်းအန်မြို့သို့ပြန်ရန် ၉နာရီဘတ်စ်ကားကိုစီးရန်လိုအပ်လေသည်။ ကံကောင်းစွာသူသည်နောက်ဆုံးဘတ်စ်ကားကို မလွဲခဲ့ချေ။ သို့မဟုတ်ပါက တက္ကစီစီးရန်ယွမ်၁၀၀ထပ်ကုန်ကျပေလိမ့်မည်။


ရှီကျားဘတ်စ်ကားမှတ်တိုင်ကိုရောက်ချိန်တွင် သူ လမ်းမီးလင်းကြော်ငြာဘုတ်ဘေးတွင်ရပ်လျက် ဘတ်စ်ကားကို တိတ်တဆိတ်စောင့်နေခဲ့လေသည်။ ထိုကြော်ငြာမှာ လက်ရှိနာမည်ကြီးနေသော ရုပ်ရှင်ဧကရာဇ်တစ်ဦး၏ ဇာတ်ကားတစ်ကားပင်။ ထိုကားမှာနောက်လတွင်ထွက်ရှိမည်ဖြစ်သည်။


ရှီကျားတစ်ချက်မျှကြည့်လျက် အကြည့်လွှဲလိုက်လေသည်။ သူ၏အကြည့်တို့မှာ ကြော်ငြာဘုတ်၏ မီတာ၀က်ခန့်အကွာတွင်ရပ်တန့်လျက် ဘတ်စ်ကားအလာကိုစောင့်နေခဲ့လေသည်။


ယနေ့ဘတ်စ်ကားမှာအနည်းငယ်နောက်ကျသည်။ ရှီကျား၅မိနစ်မျှစောင့်နေသည့်တိုင် ဘတ်စ်ကားအရိပ်အယောင်ကိုပင်မတွေ့ရချေ။ 


သိပ်မကြာလိုက်ခင်မှာပင် ကောင်းကောင်းမွန်မွန်၀တ်စားထားသော မိန်းကလေး၃ယောက်မှာ ရယ်မောလျက်ရောက်လာခဲ့ကြလေသည်။ ဘတ်စ်ကားမှတ်တိုင်းမှ ပိုစတာကိုမြင်သည်နှင့် သူတို့၃ယောက်လုံးအံ့အားသင့်သောအာမေဋိတ်သံများပြုလုပ်လာကြလေသည်။ 


"အာ...ဖန်မော့ထင်..သူ့ကားနောက်လထွက်မှာပဲ..အား...ငါသွားကြည့်ချင်တယ်"


မိန်းကလေး၃ဦးမှာ သူတို့၏အနှစ်သက်ဆုံး မင်းသားမင်းသမီးများအကြောင်းစိတ်လှုပ်ရှားစွာပြောဆိုနေကြလေသည်။ ရှီကျားမှာဘေးတွင်ရပ်လျက် တိတ်တဆိတ်ပင်ဘတ်စ်ကားကိုစောင့်နေခဲ့သည်။


၄င်းမှာ မိန်းကလေးတစ်ယောက်မှရုတ်တရက်ဆိုမလာခင်အထိပင်။


"ငါ တကယ်ကြီး ဖန်မော့ထင်နဲ့လက်ထပ်ချင်လိုက်တာ"


ရှီကျားမျက်မှောင်ကျုံ့လိုက်မိလေသည်။ သူရုတ်ချည်းထိုမိန်းကလေး၃ယောက်ရှေ့လျှောက်သွားလျက် လက်ကိုမြှောက်ကာ အပြုံးဖြင့်ဆိုလိုက်သည်။


"ဆောရီး..တဆိတ်လောက်ပါ"


မိန်းကလေး၃ဦး ရှီကျားကိုတွေ့သွားခဲ့သည်။ သူတို့၃ယောက်လုံးကြောင်အနေရာမှ ဖြည်းညှင်းစွာခေါင်းညိတ်လျက် ရှက်၀ဲ၀ဲမျက်နှာလေးများဖြင့် လမ်းဖယ်ပေးလာလေသည်။


ရှီကျား ဘတ်စ်ကားမှတ်တိုင်တစ်ဖက်သို့လျှောက်သွားလျက် သူ၏အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ယူကာ အမှိုက်ပုံးထဲပစ်လိုက်လေသည်။ သူလှည့်လိုက်သောအခါတွင် ထိုမိန်းကလေးများမှာ သူတို့၏မင်းသားဖန်မော့ထင်အကြောင်းဆက်ပြောမနေကြတော့မှန်း တွေ့လိုက်ရလေသည်။ ထိုအစားသူတို့မှာ ခေါင်းချင်းဆိုင်လျက်သူ့ထံသို့လှမ်းကြည့်ကာ တီးတိုးဆိုနေခဲ့ကြသည်။


"ချောလိုက်တာရော..နာမည်ကြီးတစ်ယောက်ယောက်များလား"


ရှီကျား၏အကြည့်တို့မှာ သူတို့ထံမှ ဖြတ်သန်းသွားလျက် မီတာ၀က်မျှ ပို့စတာပေါ်သို့ကျရောက်သွားခဲ့လေသည်။


မကြာခင်မှာပင် ဘတ်စ်မှာရောက်ရှိလာခဲ့ပြီး သူတို့၄ယောက်လုံးမှာလည်း ဘတ်စ်ကားပေါ်တက်လိုက်ကြလေသည်။ ရှီကျားက နောက်ဆုံးမှတက်ခဲ့သူဖြစ်သည်။ ထိုပိုစတာအနီးမှအဖြတ်သူ၏ခြေလှမ်းတို့ အနည်းငယ်တန့်သွားခဲ့သည်။ လေထဲသို့မျက်နှာမူလျက် သူကခပ်တိုးတိုးဆိုခဲ့သည်။


"မင်းကမနာလိုဖြစ်လို့ စိတ်တိုရုံလေးနဲ့ အဲဒီမိန်းကလေးကို တွန်းလိုက်ချင်တယ်ပေါ့..ဒါပေမယ့်သူ့နောက်မှာကလမ်းမကြီးပဲ..သူနောက်ပြန်လန်ကျလို့ မတော်တဆကားနဲ့တိုက်မိရင်..မင်း တစ်ယောက်ယောက်ကိုသတ်မိပြီး မကောင်းဆိုး၀ါး၀ိညာဥ်ဖြစ်လာမှာပဲ..ပြန်လည်၀င်စားလို့ရတော့မှာမဟုတ်ဘူး"


ထိုစကားများကိုချန်ထားပြီးနောက် သူ ဘတ်စ်ကားပေါ်သို့တက်သွားတော့သည်။ 


ဘတ်စ်ကားအိုကြီးမှာ ရုပ်ရှင်မြို့တော်မှတရွေ့ရွေ့ထွက်ခွာသွားတော့သည်။ ရှီကျား သူ၏နောက်သို့တိတ်တဆိတ်ကြည့်လိုက်မိသည်။  


ဘတ်စ်ကားမှတ်တိုင်တွင် အ၀ါရောင်စကပ်ကို၀တ်ဆင်ထားသော မိန်းကလေးမှာသူ့ကိုကြောင်ကြည့်နေခဲ့လေသည်။ ထိုမိန်းကလေး၏ခြေထောက်များမှာလေထဲတွင်လွင့်မျောနေခဲ့သည်။ သူမမှာဘာဖြစ်သွားသည်ကို နားမလည်သည့်အလား ရှီကျားကို ကြောင်တောင်တောင်နှင့်ကြည့်လျက် ကျန်ရစ်လေ၏။


ခတ္တမျှအကြာတွင် မိန်းကလေးသရဲမှာ ပိုစတာထံပြန်လည်ရောက်ရှိသွားပြီး သူမကိုယ်သူမ ပိုစတာပေါ်မှ ချောမောသောမျက်နှာထံ တိုးဝှေ့ပွတ်သပ်နေခဲ့လေတော့သည်။



👻