Chapter 225
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၂၂၅)


Chapter 225 (လက်ချောင်းပြတ်ကိုကျိုးကြောင်းဆင်ခြင်ခြင်း)

ဗလာကျင်းပြီး ကျဉ်းမြောင်းသောစင်္ကြံတွင် လူရုပ်သွင်နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ လျှောက်လာကြသည်။

စင်္ကြံ၏အဆုံးတွင် သတ္တုအော်တိုလျှောတံခါးတစ်ခု ရှိသည်။ တံခါးဘေးတွင် လူငယ်တစ်ယောက်ထိုင်နေကာ နံရံကိုမှီပြီး သမ်းဝေနေသည်။

လူနှစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်တော့ ချက်ချင်းပင် လန်းဆန်းသွားပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။

"ကျေးဇူးပြုပြီး မင်းရဲ့ ID ကိုပြပေးပါ" သူက လေးနက်စွာ ပြောလိုက်သည်။

လင်ချီးယဲ့သည် သူ့လက်ထဲကို တံဆိပ်ပေးလိုက်သည်။ တစ်ဖက်လူက အနီးကပ်ကြည့်ပြီး အံ့အားသင့်စွာ ပြောသည်။

"ဒါဆို ခင်ဗျားက ညကင်းစောင့်အသစ်ပေါ့၊ စိတ်မရှိပါနဲ့" သူသည် လင်ချီးယဲ့ကို အနည်းငယ် ဦးညွတ်ပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်ကို ပြန်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် လင်ချီးယဲ့နောက်ရှိ လူကို အံ့အားသင့်မှုတချို့ဖြင့် ကြည့်လိုက်သည်။

"အစ်ကိုလင် ဒါက..."

"အိုး၊ သူက ငါခေါ်လာတဲ့ ကျွမ်းကျင်ပညာရှင်ပါ၊ လာပြီး အလောင်းလာကြည့်တာ" လင်ချီးယဲ့သည် တံဆိပ်ကို ဖယ်လိုက်ပြီး အေးအေးဆေးဆေး ပြောလေသည်။

"ကောင်းပြီ၊ ကျွန်တော် ခင်ဗျားတို့အတွက် တံခါးဖွင့်ပေးပါ့မယ်"

လူငယ်သည် သတ္တုလျှောတံခါးဘေးရှိ သေတ္တာငယ်လေးကိုဖွင့်ပြီး စကားဝှက်တစ်ဒါဇင်ရိုက်ထည့်လိုက်သည်။ သတ္တုလျှောတံခါးပွင့်လာပြီး အတွင်းဘက်လမ်းကြောင်းကို ထုတ်ဖော်ပြသလိုက်သည်။

ရှပ်အင်္ကျီနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အန်းချင်းယွီသည် အခန်းထဲသို့ လင်ချီးယဲ့နောက်ကနေလိုက်သွားပြီး အံ့သြစွာ ပြောသည်။

"ဒီမှာ လုံခြုံရေးက အရမ်းချောင်နေပါလား၊ သူတို့က ငါ့ခန္ဓာကိုယ်ရှာဖွေပြီး ငါ့ ID ကို စစ်ဆေးမယ်လို့ ထင်ထားတာ"

"ဒါက ရင်ခွဲရုံလေ၊ ဒီလောက်အထိ အလုပ်ရှုပ်ခံဖို့မလိုပါဘူး၊ လျှို့ဝှက်ချက်အစစ်ဆိုရင် အရှက်မရှိလျှောက်သွားဖို့ နေနေသာသာ ရှိနေသလဲဆိုတာတောင် မင်းမသိနိုင်ဘူး" လင်ချီးယဲ့က ပြန်ပြောသည်။

နောက်ဆုံးတွင် သူသည် အန်းချင်းယွီကို ခေါ်လာခဲ့ကာ တခြားအရာကြောင့်မဟုတ်ဘဲ အန်းချင်းယွီ၏စွမ်းရည်ဖြစ်သော အလောင်းများကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်မှုသည် သာ့ရှတွင် ထိပ်တန်းဖြစ်ပြီး အစွမ်းထက်ဆုံး မှုခင်းဆေးဆရာဝန်ပင်လျှင် သူနှင့်မယှဉ်နိုင်လောက်ပေ။

ဤနေရာတွင် သူနှင့်အတူ သူတို့တွေ သဲလွန်စတချို့ကို အမှန်တကယ် တွေ့ရှိနိုင်သည်။

နှစ်ယောက်သား တံခါးကို တွန်းဖွင့်ပြီး ရင်ခွဲရုံထဲသို့ ဝင်သွားသည်။ ရဲစခန်း၏ ရင်ခွဲရုံနှင့် ယှဉ်လိုက်လျှင် ဤနေရာသည် သိသိသာသာ သေးငယ်သွား၏။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်များနှင့် သက်ဆိုင်သည့် အလောင်းများကိုသာ ဤနေရာတွင် သိမ်းဆည်းထားကာ ထိုကဲ့သို့ ဖြစ်ရပ်များ တစ်နှစ်အတွင်း အကြိမ်းများစွာဖြစ်ပျက်မည်မဟုတ်ပေ။

သူ့ ID ကို မှုခင်းဆေးဆရာဝန်ထံ ပြသပြီးနောက် တစ်ဖက်လူက လင်ချီးယဲ့ကို ချက်ချင်း ခွဲစိတ်မှုအစီရင်ခံစာအား ပေးခဲ့ပြီး လင်ချီးယဲ့၏တောင်းဆိုမှုကြောင့် စွန်းရှောင်၏အလောင်းကို အအေးခန်းထဲမှ ထုတ်လာခဲ့သည်။

လင်ချီးယဲ့သည် ခွဲစိတ်မှုအစီရင်ခံစားကို ရိုးရိုးရှင်းရှင်း ကြည့်လိုက်ပြီးနောက် သူ့ရှေ့က အလောင်းကို အာရုံစိုက်လိုက်သည်။

အစီရင်ခံစာကို သုံးသပ်ကြည့်လျှင် ဤအလောင်းသည် ယခင်သုံးယောက်နှင့် အတူတူပင် ဖြစ်ကာ ထူးထူးခြားခြားဘာမျှ မရှိချေ။ သူတို့တွေ တကယ်ဖြတ်ကျော်ချင်ပါက အလောင်းကနေ စတင်ရမည်။

အန်းချင်းယွီသည် လုံးဝလျစ်လျူရှုပြီး တိကျသောအမူအရာဖြင့် အလောင်းတစ်ခုလုံးကို စစ်ဆေးနေကာ သူ့မျက်လုံးများထဲတွင် မီးခိုးရောင်အလင်းတန်းဖျော့ဖျော့ဖြင့် အခြေအနေထဲကို လုံးလုံးဝင်ရောက်လာခဲ့သည်။

အလောင်း၏ လက်မတိုင်းကို သေချာစွာစစ်ဆေးပြီးနောက် သူ့မသိစိတ်က အိတ်ကပ်ကိုနှိုက်ပြီး ချွန်ထက်သောခွဲစိတ်ဓားကို ဆွဲထုတ်လိုက်သည်…

လင်ချီးယဲ့သည် သူ့လက်ကို ကိုင်လိုက်ပြီး ခေါင်းခါလေသည်။ "မင်းကြည့်လို့ပဲရမယ်၊ ခွဲစိတ်လို့မရဘူး"

အန်းချင်းယွီသည် ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ပြီး အလောင်းကို ငုံ့ကြည့်ရင်း သူ့မျက်မှန်မှ အလင်းရောင်ဖျော့ဖျော့ ရောင်ပြန်ဟပ်နေကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ခြုံပြောရရင် ဒါက အရင်အလောင်း ၃ လောင်းနဲ့ အတူတူပဲ၊ သေစေတဲ့ဒဏ်ရာက ရင်ဘတ်မှာ၊ လက်ချောင်းဆယ်ချောင်းက ပြတ်နေတယ်၊ သံမှိုဒဏ်ရာတွေကလွဲလို့ တခြားဘာဒဏ်ရာမှမရှိဘူး"

သူသည် လင်ချီးယဲ့၏လက်မှ ခွဲစိတ်မှုအစီရင်ခံစာကို ယူပြီး ဆက်ပြောလေသည်။ "လက်ချောင်းဆယ်ချောင်းက တက်ကြွတဲ့တုံ့ပြန်မှုတွေရှိပြီး သူတို့ကိုဖြတ်တောက်တုန်းက အသက်ရှင်နေသေးတယ်လို့ ဆိုလိုတယ်၊ အဲဒါက အရင်အလောင်း ၃ လောင်းနဲ့ အတူတူပဲ…"

"ဒါဆို ထူးခြားတာဘာမှမရှိဘူးပေါ့" လင်ချီးယဲ့သည် နောင်တရမှုတချို့ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်" အန်းချင်းယွီသည် ‌လေးလံစွာခေါင်းညိတ်ပြီး "ဒီအလောင်းက အရင်အလောင်း ၃ လောင်းနဲ့မတူတာ တစ်ခုပဲရှိတယ်"

"ဘယ်နေရာလဲ"

"လက်ချောင်းပြတ်တွေရဲ့ ဦးတည်ရာပဲ" အန်းချင်းယွီ၏မျက်လုံးများက တောက်ပလာသည်။ "အရင်အလောင်း ၃ လောင်းရဲ့ လက်ချောင်းပြတ်တွေရဲ့ ဦးတည်ရာက အပေါ်ကနေအောက်ဖြစ်တယ်"

အန်းချင်းယွီသည် သူ့ခန္ဓာကိုယ်ကို နံရံမှာ ကပ်ထားပြီး နံရံမှာ ရိုက်ကပ်ခံထားရသလို သူ့ဘယ်ဘက်ကို နေရာချထားကာ သူ့လက်ဖဝါးက နံရံကို မျက်နှာမူပြီး သူ့လက်ဖမိုးက အပြင်ဘက်ကို မျက်နှာမူထားသည်။

တစ်ချိန်တည်းမှာပင် သူသည် ညာလက်ဖြင့် ဓားနှင့်တူသော ပုံသဏ္ဌာန်ကို ဖန်တီးပြီး လက်ချောင်းများကို အသာအယာ ဖြတ်တောက်လိုက်သည်။

"ယေဘုယျအားဖြင့်ပြောရရင် သေဆုံးသူက ဒီလိုမျိုး နံရံပေါ်မှာ သံမှိုနဲ့ရိုက်ကပ်ခံရရင် မင်း သူ့လက်ချောင်းတွေကို ဖြတ်တောက်ချင်ရင် လက်ဖမိုးကနေ လက်ဖဝါးကိုပဲ မင်းဖြတ်တောက်လို့ရမှာ၊ ဘာကြောင့်လဲဆိုတော့ ဓားက နံရံဘက်ကနေ ဖြတ်တောက်လို့မရဘူး၊ အဲဒါက အလောင်း ၃ လောင်းရဲ့ လက်ချောင်းတွေကို ဖြတ်တောက်ခဲ့တဲ့ ဦးတည်ရာလည်းဖြစ်တယ်။

ဒါပေမယ့် ဒီအလောင်းက မတူဘူး"

သူသည် ဘယ်လက်ချောင်းများပေါ်တွင် အောက်မှအပေါ်ကို အလျားလိုက်မျဉ်းကြောင်းဆွဲရန် သူ၏ညာလက်ကို အသုံးပြုခဲ့သည်။

"သူ့လက်ချောင်းတွေကို အောက်ကနေအပေါ် ဖြတ်တောက်ခဲ့တယ်၊ လက်ဖဝါးကနေ လက်ဖမိုးကိုပေါ့၊ ဒါပေမယ့် အခု ငါ့လက်အနေအထားနဲ့ ဒီလိုမျိုးမလုပ်နိုင်ဘူး၊ ဒါကြောင့် သူ့လက်ချောင်းတွေကို ဖြတ်တောက်တုန်းက သူတို့က ဒီအနေအထားမှာ ရှိရမယ်…"

အန်းချင်းယွီသည် သူ့ဘယ်ဘက်လက်ကို လှည့်လိုက်၏။ ၎င်းသည် နံရံမှာ သံမှိုရိုက်ခံထားရသော်လည်း သူ့လက်ဖဝါးက အပြင်ဘက်ကို မျက်နှာမူနေပြီး သူ့လက်ဖမိုးက နံရံကို မျက်နှာမူနေသည်။

လင်ချီးယဲ့၏မျက်လုံးများ တောက်ပလာသော်လည်း သူ့မျက်ခုံးများ တွန့်သွားပြန်သည်။

"ဒါပေမယ့် ဗီဒီယိုထဲမှာတော့ ခန္ဓာကိုယ်အနေအထားက အဝေးကြီးမှာရှိနေပြီး အလင်းရောင်က မှုန်ဝါးနေတာကြောင့် သူ့လက်ဖဝါးရဲ့ ဦးတည်ရာကို ငါတို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ သူက ဒီလိုမျိုး သံမှိုနဲ့ ရိုက်ခံရတာများလား။

လက်ဖဝါးက အပေါ်ရောက်ပြီး သံမှိုက်ရိုက်ကပ်ခံထားရတာကနေ မင်းဘာပြောနိုင်လဲ"

"သေချာပေါက် ငါတို့ ဒီတစ်ခုတည်းနဲ့ ဘာမှမပြောနိုင်ဘူး၊ ဒါပေမယ့် အဲဒါက ပြဿနာအတိအကျပဲ" အန်းချင်းယွီသည် အလောင်းဆီသို့ လျှောက်သွားပြီး အလောင်း၏လက်ဖဝါးပေါ်ရှိ ဒဏ်ရာနှစ်ခုကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။

"သံမှိုက လက်ဖဝါးကို ဖြတ်သွားတာနဲ့ သံမှိုက လက်ဖမိုးကို ဖြတ်သွားတာက ဆင်တူတဲ့ပုံသဏ္ဌာန်ဒဏ်ရာတွေကို ဖန်တီးပေမယ့် တကယ်တော့ ကွဲပြားတယ်၊ ဒီအလောင်းရဲ့လက်က ဒဏ်ရာဟာ… သံမှိုက အပေါ်ကနေအောက်ကို ဖြတ်သွားတာကြောင့် ဖြစ်လာတာ"

အန်းချင်းယွီသည် လက်တစ်ချောင်းကို သံမှိုက်လို အသုံးပြုပြီး သူ့တခြားလက်၏လက်ဖမိုးနှင့် လက်ဖဝါးကို ဖြတ်ပြီး လေးနက်စွာ ပြောခဲ့သည်။

"ပြောရရင်… သံမှိုဖြတ်လိုက်တဲ့ ဦးတည်ရာက လက်ချောင်းဖြတ်လိုက်တဲ့ ဦးတည်ရာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဆိုလိုတာက…

"ဆိုလိုတာက သူ့လက်ချောင်းတွေကို အရင်ဖြတ်ပြီးမှ သူက နံရံမှာ သံမှိုရိုက်ကပ်ခံရတာပေါ့" လင်ချီးယဲ့သည် သူ့မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းပြီး အန်းချင်းယွီ၏စကားကို ဆက်ပြောလိုက်သည်။

အန်းချင်းယွီက ခေါင်းညိတ်သည်။ "မှန်တယ်"

"ဒါပေမယ့် ဗီဒီယိုမှာ ပြသထားတဲ့ ဖြစ်စဉ်က ငါတို့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ မကိုက်ညီဘူး" လင်ချီးယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "စစ်ဆေးကြည့်ပြီးနောက် ဒီဗီဒီယိုမှာ အထူးပြုလုပ်ချက်လုပ်ဆောင်ခြင်းရဲ့ သဲလွန်စတွေမရှိဘူး၊ ဆိုလိုတာက ဗီဒီယိုမှာ ရိုက်ကူးထားတဲ့ မြင်ကွင်းတွေက တကယ့်အမှန်ပဲ"

"ဒီကိစ္စမှာ ဖြစ်နိုင်ခြေတစ်ခုပဲကျန်တော့တယ်..." အန်းချင်းယွီက ဖြည်းညှင်းစွာပြောသည်။

"ဗီဒီယိုထဲမှာ သေဆုံးသွားတဲ့သူက စွန်းရှောင်မဟုတ်ဘူး" လင်ချီးယဲ့နှင့် အန်းချင်းယွီတို့က တစ်ချိန်တည်းတွင် ပြောလိုက်သည်။

အကွာအဝေးနှင့် အလင်းရောင်ကြောင့် ဗီဒီယိုဖမ်းစက်မှ ရိုက်ကူးထားသော ပုံကို ရှင်းရှင်းလင်းလင်း မသိရဘဲ သေဆုံးသူ၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ နောက်ဆုံးတွင် ခွဲခြမ်းစိတ်ဖြာမှုမှာ စားပွဲထိုး၏ယူနီဖောင်းကြောင့် သေဆုံးသူမှာ စွန်းရှောင်ဖြစ်သည်ဟု လူတိုင်းက ဆုံးဖြတ်ခဲ့ကြသည်။ 

ထို့အပြင် နောက်နေ့တွင် ပုံတွင်ပြထားသည့်အတိုင်း နံရံပေါ်တွင် ရိုက်ကပ်ခံထားရသော စွန်းရှောင်၏ အလောင်းကို တွေ့ရှိခဲ့သည်။

ဗီဒီယိုတိပ်ခွေရှိ သေဆုံးသူ၏ အထောက်အထားကို မည်သူမျှ သံသယမရှိကြပေ။

"တစ်နည်းပြောရရင် စွန်းရှောင်ရဲ့အဝတ်အစားတွေ ဝတ်ထားတဲ့ တခြားလူတစ်ယောက်ရှိခဲ့ပြီး 'လျှို့ဝှက်ဆန်းကြယ်' က နံရံမှာ သံမှိုရိုက်ကပ်ခဲ့ပေမယ့် ဗီဒီယိုဖမ်းစက်က အားကုန်သွားပြီးနောက်မှာ တစ်ယောက်ယောက်က လက်ချောင်းတွေကို ဖြတ်ခံထားရတဲ့ စွန်းရှောင်ကို မူလလူနဲ့ အစားထိုးလိုက်တာလား" အန်းချင်းယွီက တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့်… ဘာလို့ဒီလိုဖြစ်ခဲ့တာလဲ"

"ငါတို့ရဲ့ကျိုးကြောင်းဆင်ခြင်မှုမှာ ဆိုးဝါးတဲ့ပြဿနာတစ်ခုရှိသေးတယ်" လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး ဆက်ပြောလိုက်သည်။

"ငါတို့ရဲ့ကျိုးကြောင်းဆင်ခြင်မှုအရ နံရံမှာ ရိုက်ကပ်ခံရတဲ့လူနှစ်ယောက်ဟာ မတူညီတဲ့လူနှစ်ယောက် ဖြစ်နိုင်ပေမယ့်… အခင်းဖြစ်ပွားရာနေရာက သွေးစွန်းထင်းမှုတွေမှာ စွန်းရှောင်ရဲ့ DNA ကိုပဲ တွေ့ရှိခဲ့တယ်"

TK Team (Chapter 225)