Volume 1 (သေမျိုးနယ်မြေ ၂၁၇)
Chapter 217 (စည်ကားနေသောစိတ်ကျန်းမာရေးဆေးရုံ)
လင်ချီးယဲ့သည် အလှလေးဖြင့် ဆွဲဆောင်၍ရသော လူစားမျိုး မဟုတ်ပေ။
တစ်ဖက်မှာ လူသားပုံစံရှိပြီး လူသားပုံစံပြောင်းလို့ရသရွေ့ အရာများစွာကို လုပ်ဆောင်နိုင်သောကြောင့် မီးလျှံမြေနဂါးကို အလုပ်ခန့်ရန် သူဆုံးဖြတ်ခဲ့သည်။
ပန်းကန်ဆေးနည်းမသိဘူးလား။ ကိစ္စမရှိဘူး လီယိဖေးသင်ပေးလိမ့်မယ်။
ကြမ်းသုတ်နည်းမသိဘူးလား။ ကိစ္စမရှိဘူး လီယိဖေးသင်ပေးလိမ့်မယ်။
အိပ်ရာခင်းနည်းမသိဘူးလား။ ကိစ္စမရှိဘူး လီယိဖေးသင်ပေးလိမ့်မယ်။
မီးလျှံမြေနဂါးကိုယ်တိုင်က ဉာဏ်ရည်မနိမ့်ပေ။ ၎င်းနှင့်တိုက်ခိုက်တုန်းက ဒီအရာ၏လေးနက်မှုကို လင်ချီးယဲ့ တွေ့ကြုံခံစားပြီးဖြစ်သည်။ ၎င်းကို ချက်ပြုတ်နည်း၊ ပန်းကန်ဆေးနည်းနှင့် ကြမ်းသုတ်နည်းသင်ပေးရန် မခက်ခဲပေ။
တကယ်တော့ လင်ချီးယဲ့သည် တစ်ဖက်၏အရွယ်အစားကြောင့် ယခင်က ရုန်းကန်နေရခြင်းဖြစ်သည်။
ယခုအခါတွင် မီးလျှံမြေနဂါးသည် သူ့မျက်စိရှေ့တွင် လူသားအဖြစ်သို့ ပြောင်းလဲသွားကာ သူမသည် ပြီးပြည့်စုံသော အသွင်အပြင်နှင့် စိတ်နေစိတ်ထားရှိသော ဆံပင်နီရောင်ဘုရင်မအဖြစ် တည်ရှိနေသေးသည်။ သဘာဝအတိုင်းပင် သူသည် ဤ 'ဟိုင်' နယ်ပယ် လူရမ်းကားကို ဆေးရုံမှာနေရန် ငြင်းဆန်မည်မဟုတ်ချေ။
သူမ အလုပ်ခန့်ခံရကြောင်း ကြားသိရသောအခါ ဆံပင်နီရောင်နဂါးဘုရင်မ၏ မျက်လုံးများသည် ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်ခြင်းကြောင့် ပျော်ရွှင်မှုအပြင် ရှက်ရွံ့မှုနှင့် ဒေါသကို အရိပ်အမြွက်ပြနေသည်။
နောက်ဆုံးတော့... ငါ အပေးအယူလုပ်ရဦးမယ်။
လင်ချီးယဲ့သည် သူ့လက်ကို လေထဲမှာ ဖမ်းဆုပ်လိုက်ပြီး သူ့လက်ထဲမှာ စာချုပ်တစ်ခု ပေါ်လာသည်။ သူသည် စာချုပ်ကိုပင်မကြည့်သော ဆံပင်နီရောင်ညီမကို ပေးလိုက်ပြီးနောက်…
သူမက တစ်လုပ်တည်း ဝါးစားလိုက်သည်။
သို့မဟုတ် ဝါးစားချင်ပင်မရှိပါ။
လင်ချီးယဲ့: "…"
"မင်းဘာလို့စားလိုက်တာလဲ" လင်ချီးယဲ့က ကူကယ်ရာမဲ့ပြောသည်။ "ငါမင်းကို လက်မှတ်ထိုးခိုင်းတာ လက်မှတ်ထိုးရမှာ"
ဆံပင်နီရောင်အမျိုးသမီး၏ မျက်လုံးများက ရှုပ်ထွေးနေသည်။ သူမသည် လင်ချီးယဲ့ပြောသောစကားများကို နားမလည်ပေ။
နဂါးများလောကတွင် လက်မှတ်ရယ်လို့ မရှိပါ။
လင်ချီးယဲ့သည် ထပ်မံဆုပ်ကိုင်လိုက်ပြီး လက်မှတ်ထိုးရန် သူမကိုပေးလိုက်သည်။ လျှပ်စီးကြောင်းကဲ့သို့ သူမ၏ပါးစပ်ထဲကို စာချုပ်မထည့်မီ လင်ချီးယဲ့သည် သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ လက်ဖဝါးကိုဆုပ်ကိုင်ပြီး ဘောပင်ဖြင့် အနီရောင်ခြယ်ပြီးနောက် စာချုပ်ပေါ်တွင် ခပ်ကြမ်းကြမ်း ဖိလိုက်သည်။
"လက်မှတ်ထိုးခြင်း" ကဲ့သို့ ခက်ခဲသော လုပ်ဆောင်ချက်ကို တစ်ဖက်က လုပ်ဆောင်မည်ဟု သူ မျှော်လင့်မထားသော်လည်း လက်ဗွေနှိပ်ခြင်း၏ မူလနည်းလမ်းသည် အသုံးဝင်မည်လား မသိပါ။
ဒီစိတ်ကျန်းမာရေးဆေးရုံ၏ လုပ်ဆောင်ချက်များသည် သူထင်ထားတာထက် ပိုအားကောင်းသည်။ စာချုပ်ကို လက်ဗွေနှိပ်လိုက်သည်နှင့် စာချုပ်က လေထဲမှာ ပျောက်သွားသည်။
စာချုပ်က အသက်ဝင်လာသည်။
တစ်ချိန်တည်းမှာပင် ဆံပင်နီရောင်အမျိုးသမီး၏ရှေ့ရှိ သံလှောင်အိမ်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး အစိမ်းရောင်သူနာပြုယူနီဖောင်းသည် သူမ၏ခန္ဓာကိုယ်တွင် ပေါ်လာကာ သူမကောက်ကွေးသောခန္ဓာကိုယ်ကို ကောင်းစွာဖုံးအုပ်ထားသည်။
သူမရင်ဘတ်ပေါ်ရှိ နာမည်ပြားပေါ်တွင် စာလုံးသေးသုံးလုံးရှိသည်။
——၀၀၄။
လင်ချီးယဲ့က သက်ပြင်းချလိုက်သည်။ စာချုပ်ကို လက်မှတ်ရေးထိုးသည့် လုပ်ငန်းစဉ်မှတစ်ဆင့် အသိတရားလုံးဝမရှိသော ဤမီးလျှံမြေနဂါးကို လုံးလုံးလျားလျား ယဉ်ကျေးသိမ်မွေ့စေရန် ရှည်လျားပြီး ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်မည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ" လင်ချီးယဲ့က သူမမျက်လုံးများကို စိုက်ကြည့်လိုက်သည်။
ဆံပင်နီရောင်အမျိုးသမီးက ခေါင်းခါသည်။
"မင်းက စကားတောင် မပြောတတ်တာကို ငါ မေ့သွားတယ်..." လင်ချီးယဲ့သည် သူ့နဖူးကို ဆုပ်ကိုင်လိုက်ပြီး ခဏလောက်စဉ်းစားကာ "မင်းက မီးလျှံမြေနဂါးဆိုတော့ အခုကစပြီး ငါမင်းကို… အာ့နွီ(ငတုံးမိန်းကလေး)လို့ခေါ်မယ်"
မီးလျှံမြေနဂါး: "…"
ဆံပင်နီရောင်အမျိုးသမီးသည် သူမလက်ကို ပြတ်ပြတ်သားသား ဆန့်တန်းပြီး သူမရှေ့တွင် "X" ဟူသော အမူအရာလုပ်ပြကာ သူမ၏မျက်နှာက အေးစက်သော မျက်နှာထားနှင့် လေးနက်မှုတို့ ပြည့်နှက်နေသည်။
"…ဒါဆို မင်းကို ဟုန်ယန်(လှပတဲ့အမျိုးသမီး)လို့ခေါ်မယ် ဟုန်ယန်က အဆင်ပြေတယ်မလား" လင်ချီးယဲ့က တွန့်ဆုတ်စွာ ပြောလိုက်သည်။
ဆံပင်နီရောင်အမျိုးသမီးက ခဏလောက်စဉ်းစားပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ယနေ့ခေတ်တွင် ဝန်ထမ်းများသည် သူတို့၏ အထက်လူကြီးများကို ဆန့်ကျင်ရန် သတ္တိရှိကြသည်။ ဤအဆင်မပြေသော လမ်းကြောင်းကို အနာဂတ်တွင် ထိန်းချုပ်ရမည်ဖြစ်သည်။
လင်ချီးယဲ့သည် လက်နောက်ပစ်ကာ ခေါင်းယမ်ပြီး အကျဉ်းထောင်မှ ထွက်လာခဲ့သည်။
တစ်မိနစ်အကြာတွင်။
လီယိဖေးနှင့် အားကျူးတို့သည် လင်ချီးယဲ့၏ရှေ့တွင် ရပ်နေကာ သူတို့ရှေ့မှ အလှလေးကို ငေးကြည့်ရင်း သူတို့၏ မေးရိုးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
"ချီး… ချီးယဲ့ မင်းရွေးချယ်ထားတဲ့ သူနာပြုက အဆင့်အတန်းမြင့်တာပဲ" လီယိဖေးသည် ရယ်မောပြီး လင်ချီးယဲ့ကို လက်မထောင်ပြလိုက်သည်။
အားကျူးကလည်း ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မျက်လုံးပြူးပြီး စိတ်လှုပ်ရှားစွာပြောသည်။ "အစ်မကြီး ခင်ဗျားင အရမ်းလှတာပဲ"
ဟုန်ယန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် မြင့်တက်လာပြီး သူမသည် လီယိဖေး၏ မျက်လုံးများကို လျစ်လျူရှုကာ ထိုင်ချလိုက်ပြီး အားကျူး၏ ခေါင်းကို ချစ်ခင်စွာ ထိလိုက်သည်။
"သူမက ဟုန်ယန် သူမက အခုကစပြီး ငါတို့ဆေးရုံရဲ့ လေးယောက်မြောက်သူနာပြု ဖြစ်လာလိမ့်မယ် ဒါပေမယ့် သူမရဲ့အခြေအနေက နည်းနည်းတော့ ထူးခြားတယ် လီယိဖေး ကျေးဇူးပြုပြီး သူမကို ဂရုစိုက်ပါ"
လင်ချီးယဲ့သည် ဟုန်ယန်ရှေ့မှာ ရပ်လိုက်ပြီး မိတ်ဆက်ပေးသည်။
ထိုသို့ပြောပြီးနောက်တွင် သူသည် တစ်စုံတစ်ခု မှားနေပြီဟု သိလိုက်ကာ ပတ်ပတ်လည်ကို ကြည့်လေသည်။ "Rubik ကုဗတုံးက ဘယ်မှာလဲ"
"ဒါကို မာလင်က ဖမ်းထားပြီး အခု စာကြည့်ခန်းထဲမှာ ကစားစရာအဖြစ် ဆက်ဆံခံနေရတယ် အဲဒါက ထွက်ပြေးလို့မရဘူး" လီယိဖေးက ပခုံးတွန့်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ဟုန်ယန်ဆီသို့ လျှောက်သွားကာ နှစ်ကြိမ်ချောင်းဟန့်ရင်း ပြုံးပြီး သူ၏ညာလက်ကို ဆန့်တန်းလိုက်သည်။
"မင်္ဂလာပါ ငါ့နာမည်က လီယိဖေးပါ ငါက ဒီမှာ သူနာပြုခေါင်းဆောင်ပါ"
ဟုန်ယန်သည် နောက်ဆုံးတွင် သူမအကြည့်ကို အားကျူးဆီမှ လှည့်လိုက်ပြီး လီယိဖေးကို ခဏလောက် ဂရုတစိုက် ကြည့်နေသည်။ သူဆန့်တန်းထားသော ညာလက်ကို ကြည့်ရင်း သူမမျက်လုံးထဲတွင် သံသယတချို့ပေါ်လာသည်။
ထို့နောက် ဆံပင်နီရောင်နှင့် သူနာပြုဝတ်စုံဝတ်ထားသော ခပ်မိုက်မိုက်အမျိုးသမီးသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ…
အုတ်…
သူမသည် လီယိဖေး၏လက်ကို သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။
လင်ချီးယဲ့: Σ( ̄ロ ̄llll)
အားကျူး: (*?.?*)?
လီယိဖေး: (?°?д°?) ! ! ! လခွမ်း…
လီယိဖေးသည် ဟုန်ယန်၏ပါးသပ်ထဲမှ သူ့လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ သူ၏အနီရောင် လက်ဖဝါးတွင် သွားများ ထူထပ်စွာ ဖုံးလွှမ်းသွားသည်။
လီယိဖေးသည် ရှုပ်ယှက်ခတ်စွာ လင်ချီးယဲ့ကို လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူက ခေါင်းညိတ်ပြသည်။ "သူမအခြေအနေက အတော်လေးထူးခြားတယ်လို့ ငါပြောသားပဲ…"
ထိုအချိန်တွင် ခွေးတစ်ကောင်သည် ဟုန်ယန်၏ခြေရင်းသို့ ပြေးသွားကာ သူမအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ပြီး သူမ၏ ခြေထောက်ကို ၎င်း၏ခေါင်းနှင့်ပွတ်လိုက်သည်။
"ဂူ ဂူ ဂူ ဂူ"
ဟုန်ယန်၏ မျက်လုံးများတွင် သံသယများ ပေါ်လာပြန်သည်။ သူမသည် ဖြည်းညှင်းစွာ ထိုင်ချကာ ခွေးကို ကောက်ယူပြီးနောက်…
အုတ်…
ခွေးတစ်ကောင်၏ ခြေလက်များသည် လေထဲတွင် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။
"လခွမ်း ညီမကြီးဟုန်ယန် မင်းဒါကိုစားလို့မရဘူး မင်း အဲဒါကို တကယ်စားလို့မရဘူး" လီယိဖေးသည် ထိတ်လန့်တကြား ရှေ့ကိုပြေးကာ ဟုန်ယန်၏ပါးစပ်ထဲမှ ကြောက်လန့်နေသော ခွေးကို ကယ်တင်ပြီး မြေပြင်ပေါ် ချပေးလိုက်သည်။
ခွေးသည် အကိုက်ခံရ၍ တကယ်ကြောက်လန့်သွားတာကို တွေ့လိုက်ရသည်။
၎င်းသည် မြေပြင်တွင် ခဏလောက် ပစ်လဲနေပြီးနောက် ရုတ်တရက် မြေပြင်မှ ထခုန်ပြီး ပြင်းထန်စွာ ပြေးသွားခဲ့သည်။ ခွေး၏ပါးစပ်မှ လူသံထွက်လာသည်။
"လှ…လိုက်တဲ့…လိပ်ပြာလေး"
ဘမ်း…
၎င်းသည် ရှေ့ကနံရံကို ဝင်တိုက်မိပြီး ၎င်း၏ခြေလက်များ တုန်ခါကာ ချက်ချင်း မေ့လဲသွားသည်။
လင်ချီးယဲ့သည် လီယိဖေးဆီမှာ ပညာသင်ကြားနေသော ဟုန်ယန်ကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သတိလစ်နေသည့် ခွေးတစ်ကောင်ကို တွေ့လိုက်ပြီး သူ့အမူအရာမှာ ရုတ်တရက် ထူးဆန်းလာသည်။
သူသည် ဂရုတစိုက် ကုသမှုနှင့် စီမံခန့်ခွဲပြီးနောက် စိတ်ကျန်းမာရေးဆေးရုံမှာ စိတ်ရောဂါသည်များအရေအတွက်က ဘာကြောင့် ပိုပိုပြီးများလာသလဲဆိုတာ သူအမြဲတမ်း ခံစားခဲ့ရသည်။
ဒါကထင်ယောင်ထင်မှားတစ်ခုပါ ဒါကထင်ယောင်ထင်မှားဖြစ်ရမယ်။
ဖရိုဖရဲစိတ်ကျန်းမာရေးဆေးရုံမှ သူထွက်သွားပြီး ဒုတိယထပ်ရှိ စာကြည့်ခန်းဆီသို့ လှေကားမှ ဖြောင့်တန်းစွာ လျှောက်သွားသည်။
သူစာဖတ်ခန်းထဲဝင်လိုက်သည်နှင့် လင်ချီးယဲ့သည် တံခါးဝမှာ ထိတ်လန့်သွားသည်။
မာလင်သည် ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး လဲလျောင်းနေပြီး Rubik ကုဗတုံးကို လက်ထဲတွင် ကိုင်ဆောင်ကာ ပေါ့ပေါ့ပါးပါး ဆော့ကစားနေပြီး သူ့မျက်လုံးများထဲက စိတ်ဝင်စားမှု ပြင်းထန်လာသည်။
တခြားတစ်ဖက်တွင်မူ Rubik ကုဗတုံးသည် မာလင်နှင့်ကစားနေစဉ် ၎င်း၏မျက်နှာတွင် စိတ်ပျက်အားငယ်နေသည်။ ဘက်စုံသုံး 'Rubik ကုဗတုံး' အလိုအလျောက်အဝတ်လျှော်ခြင်း၊ ပန်းကန်ဆေးခြင်းနှင့် ကတ်မွှေခြင်းနှင့် လီယိဖေး၏ညာလက်ရုံးဖြစ်သော ၎င်းသည် ဘယ်လိုလုပ် ဤအခြေအနေတွင် အဆုံးသတ်သွားခဲ့သည်ကို စိတ်ရှုပ်ထွေးနေပုံရသည်။
လင်ချီးယဲ့က စာကြည့်ခန်းထဲသို့ လျှောက်သွားတာကိုမြင်တော့ မာလင်သည် သူ့လက်ထဲက Rubik ကုဗတုံးကို ချလိုက်ပြီး အပြုံးဖြင့် ပြောသည်။
"မင်္ဂလာညနေခင်းပါ အရှင်မာလင်"
TK Team (Chapter 217)