Chapter 200
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၂၀၀)


Chapter 200 (ကျွန်တော်အရမ်းကြောက်တာပဲနော်)

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ" ပိုင်လီဖက်တီးက ညှိုးငယ်သော မျက်နှာဖြင့် မေးသည်။

လင်ချီးယဲ့က ခဏလောက် နှုတ်ဆိတ်နေပြီး ပြောသည်။ "မြေပြင်ကို အရူးအမူး ဖောက်ထွက်တာ ကောင်းတဲ့ အကြံတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ တည်နေရာက အရမ်းနက်ပြီး မြေပြင်တည်ဆောက်ပုံက အရမ်း ရှုပ်ထွေးတယ်။ ဖောက်ထွက်ဖို့ သင့်တော်တဲ့ တားမြစ်အပျက်အစီးတွေ မရှိရင် လမ်းကြောင်းအလယ်မှာ ကျွန်တော်တို့ အမြုပ်ခံရလိမ့်မယ်။

အကူအညီအတွက် ကျွန်တော်တို့အချက်ပြခဲ့တာ အခု တစ်နာရီကျော်ကြာသွားပြီ။ တခြားနည်းပြတွေလည်း မြေနဂါးရဲ့ ကြီးမားတဲ့လှုပ်ရှားမှုကို တွေးမိလောက်ပြီး အစီအစဉ်တွေဆောင်ရွက်လောက်တယ်။ ကယ်ဆယ်ရေးကို ကျွန်တော်တို့ စောင့်နေတာက အကောင်းဆုံးရွေးချယ်မှုပဲ။"

"လင်ချီးယဲ့ရဲ့အမြင်ကို ငါသဘောတူတယ်။ ဒီကနေ မြေပြင်ကို တောက်လျှောက် ဖြတ်ကျော်သွားတာ လက်တွေ့မကျဘူး။ ကယ်ဆယ်ရေးကို ငါတို့စောင့်နေတာ ပိုကောင်းတယ်။" နည်းပြဟုန်က သဘောတူကာ ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်သဘောတူပြီး ရှန်ချင်းကျူနှင့် ပိုင်လီဖက်တီးတို့က သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိဘဲ အနားယူရန် ထိုင်နေခဲ့ကြသည်။


အချိန်အတော်ကြာပြီးနောက် ကျောက်ရည်ပူအပေါက်ထဲမှာ။

ယိယွီ၏မျက်လုံးများတွင် မည်းမှောင်သောအလင်းရောင်က တဖြည်းဖြည်း လျော့ပါးသွားပြီး သူ၏မျက်ခုံးကြားတွင် ပင်ပန်းနွမ်းနယ်မှု အနည်းငယ် ပေါ်လာသည်။

အပေါက်အတွင်းရှိ ကျောက်ရည်ပူများသည် ငြိမ်သက်သွားပြီး မီးလျှံမြေနဂါး၏ မျက်လုံးများတွင် ဒေါသများ ပျောက်ကွယ်သွားကာ ကိုင်းရှိုင်းမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် အစားထိုးလာသည်။

ယိယွီသည် အပြုံးဖြင့် ရှေ့သို့ လျှောက်သွားပြီး မီးလျှံမြေနဂါးကြီးသည် တလေးတစား ချက်ချင်း ဦးညွှတ်ကာ အမှားကို မကျူးလွန်ဝံ့ပေ။

ဝိညာဉ်စာချုပ်၏ လွှမ်းမိုးမှုအောက်တွင် မီးလျှံမြေနဂါးသည် တခြားယုံကြည်သူများ ဒါမှမဟုတ် 'သဘာဝဘေးအန္တရာယ်များ' ကဲ့သို့ ယိယွီ၏ယုံကြည်သူ လုံးလုံးဖြစ်လာကာ သူ၏ညွှန်ကြားချက်များကို ငြင်းဆန်နိုင်ခြင်းမရှိပေ။

ဤသည်မှာ [ယိယွီ] နှင့်ပတ်သက်၍ ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်။

ယိယွီသည် သူ့ရှေ့မှ မီးလျှံမြေနဂါးကို ကျေနပ်စွာကြည့်ရင်း တစ်ခုခုကို တွေးနေပုံရပြီး အဝေးကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။

"ရှေ့ဆက်သွားဖို့ မရွေးချယ်ဘဲ ကယ်တင်ခံရဖို့ စောင့်နေတာလား။ ဒါကနည်းနည်းတော့ဉာဏ်ကောင်းပေမယ့်… အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါက အသုံးမဝင်ဘူး။"

ယိယွီသည် ခေါင်းလှည့်ပြီး မီးလျှံမြေနဂါးကို ညွှန်ကြားချက်ပေးလိုက်သည်။ "အဲဒီဧည့်သည်တွေကို ဒီနေရာဖိတ်လိုက်ပါ။"

မီးလျှံမြေနဂါးသည် ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင် [အကြွင်းမဲ့မြေဆီလွှာနယ်ပယ်] သည် ချက်ချင်း ရွေ့သွားကာ ရှုပ်ထွေးပွေလီသော လှိုဏ်ဂူလမ်းကြောင်းများသည် အသက်ဝင်နေပုံရပြီး လမ်းကြောင်းများက အလိုအလျောက် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် နေရာတွင် အနားယူနေသော လင်ချီးယဲ့နှင့် တခြားသူများသည် ကမ္ဘာလည်ပတ်ခြင်းကို ခဏလောက် ခံစားလိုက်ရသည်။ နေရာဖရိုဖရဲအောက်တွင် သူတို့သည် ကျောက်ရည်ပူများပြည့်နေသော အပေါက်ကြီးတစ်ခုဆီသို့ ချက်ချင်းရောက်သွားကြသည်။

သူတို့သည် လျင်မြန်စွာ မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏ အမူအရာမှာ လေးနက်မှုအပြည့်ရှိသည်။

ကျောက်ရည်ပူ၊ မီးလျှံမြေနဂါး၊ တစ်ကိုယ်လုံးဒဏ်ရာများ ဖုံးလွှမ်းနေသော 'ဟိုင်' နယ်ပယ် သန်မာသူ၊ လျှို့ဝှက်ဆန်းကြယ်လူသား…

ဒါကို လင်းနို့များပြောသော မြေအောက်ဂူ၏အချက်အချာဖြစ်သည်။ 

လင်ချီးယဲ့သည် သူတို့၏ အခြေအနေကို ချက်ချင်း နားလည်လိုက်သည်။ နည်းပြဟုန်၏ မျက်လုံးများသည် လေထုထဲက ညုတုတုလူသားအပေါ် ကျရောက်သွားပြီး သူ၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။

"ရှေးနတ်ဘုရားကျောင်းက [ယိယွီ] လား။" နည်းပြဟုန်သည် သူ့အထောက်အထားကို အကြည့်တစ်ချက်ဖြင့် မှတ်မိခဲ့သည်။

"မင်းတို့ညကင်းစောင့်လူသားတွေကြားမှာ ငါ့ပုံရိပ်က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသလိုပဲ..." ယိယွီသည် ပြုံးပြုံးလေးပြောပြီး "နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်အပြင် 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' တစ်ယောက်နဲ့… ပိုင်လီမိသားစုရဲ့ သခင်လေးလည်းရှိနေပါလား။

ကျွတ် ကျွတ် ကျွတ်… ဒီတစ်ခေါက် ငါပေါကြွယ်ဝတော့မှာပဲ။ ငါမင်းလို့ သခင်လေးကို ငါ့ယုံကြည်သူအဖြစ် ပြောင်းလဲလိုက်ရင် ပိုင်လီမိသားစုတစ်ခုလုံးက ငါ့အိတ်ကပ်ထဲရောက်လာမှာမဟုတ်ဘူးလား။"

ယိယွီသည် ရတနာတချို့ကို ရှာဖွေတွေ့ရှိထားသကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ပိုင်လီဖက်တီးကို စိုက်ကြည့်နေသည်။

ပိုင်လီဖက်တီး၏ မျက်နှာသည် ဖြူဖျော့သွားသော်လည်း ကျောကို တည့်တည့်မတ်မတ်ထားပြီး တည်ငြိမ်စွာ ပြောသည်။ "စိတ်မပူပါနဲ့ ခင်ဗျားကျွန်တော့်ကို မထိန်းချုပ်နိုင်ခင် သေချာပေါက် သတ်သေလိုက်မယ်… ကျွန်တော်ကနေတစ်ဆင့် ကျွန်တော်တို့ပိုင်လီမိသားစုထဲက ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မစဉ်းစားနဲ့။"

"အိုး" ယိယွီသည် မျက်ခုံးပင့်ကာ "လူတိုင်းပြောတာတော့ ပိုင်လီမိသားစုရဲ့ သခင်လေးက မထီမဲ့မြင်ပြုတတ်တဲ့ ပေါ်ကြော့သူဌေးသားလေးတဲ့။ ဒီလောက်အထိ သတ္တိရှိမယ်လို့ ငါမထင်ထားဘူး။"

နည်းပြဟုန်က ရှေ့သို့ ခြေလှမ်းလှမ်းပြီး လှောင်ပြောင်လိုက်သည်။ "ရှေးနတ်ဘုရားကျောင်းရဲ့ [ယိယွီ] က… [ဝိညာဉ်ကြားခံ] အထူးတပ်ဖွဲ့ကြောင့် အမဲလိုက်ခံရတဲ့ လေလွင့်ခွေး‌ဖြစ်နေတာ။ အခုတော့ သူက ဂျူနီယာတွေရှေ့မှာ လူလုံးပြရဲတယ်ပေါ့။"

ယိယွီ၏မျက်ခုံးများ တွန့်သွားကာ သူ့လက်ချောင်းကို ဆန့်လိုက်သည်။ သူ့နောက်က ဗလာနတ္ထိမှ အနက်ရောင် ချိန်းကြိုး ထူထူကြီး ထွက်လာပြီး နည်းပြဟုန်ကို တင်းတင်းကျပ်ကျပ် ချည်ထားသည်။

"နည်းပြ မင်းငါ့ကို ရန်စစရာမလိုဘူး။ မင်းဘာတွေတွေးနေလဲ ငါသိတယ်။" ယိယွီက ခပ်ရေးရေးအပြုံးဖြင့် "ဒီဂျူနီယာတွေအတွက် အချိန်ဆွဲဖို့ မင်းကိုယ်မင်းစတေးချင်နေတာလား။ မင်းအတွေးလွန်နေပြီ။

မင်းရဲ့ညကင်းစောင့်လူသားက ဂုဏ်ယူရတဲ့ မျိုးစေ့တွေအားလုံးကို ငါမင်းရှေ့မှာ သတ်ပေးလိုက်မယ်လေ။

ပထမဆုံး နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ကို သတ်မယ် ပြီးရင် 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' ကောင်လေးနဲ့ ပိုင်လီမိသားစုက သခင်လေးကို ငါ့ယုံကြည်သူတွေအဖြစ် ပြောင်းလဲပြီး သူတို့ကိုထိန်းချုပ်ပြီးတော့ သူတို့လက်တွေနဲ့ မင်းကိုသတ်ခိုင်းမယ်… ဒီဇာတ်ညွှန်းကို မင်းကျေနပ်ရဲ့လား။"

နည်းပြဟုန်သည် တစ်ခုခုကို အော်ဟစ်ချင်သလို မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူ့အသံမှာ လည်ပင်းညှစ်ထားသကဲ့သို့ အသံမထွက်နိုင်ပေ။

ရှန်ချင်းကျူ၏ မျက်လုံးများ နီရဲနေပြီး သူဖောက်ခွဲမည့်အချိန်တွင် သူ့ဘေးနားရှိ လင်ချီးယဲ့က ရုတ်တရက် စကားပြောလာသည်။

"သူတို့နှစ်ယောက်ကိုတော့ ယုံကြည်သူအဖြစ်ပြောင်းလဲနိုင်ပြီး ကျွန်တော့်ကိုကျတော့ ခင်ဗျားဘာလို့သတ်ပစ်ရတာလဲ။" လင်ချီးယဲ့သည် ယိယွီ၏မျက်လုံးများကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော်က နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ဖြစ်တာကြောင့် ကျွန်တော့်တန်ဖိုးက သူတို့ထက်မနိမ့်သင့်ဘူးမလား။"

ယိယွီသည် လင်ချီးယဲ့ကို ကြည့်ကာ ခဏအကြာတွင် ပြုံးပြီး စိတ်ရှည်ရှည်ဖြင့် ဖြေလေသည်။ "မင်းက နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ဖြစ်တာကြောင့် ငါမင်းကိုသတ်ပစ်မှဖြစ်မှာ။ ဘာလို့လဲဆိုတော့ မင်းဝိညာဉ်က နတ်ဘုရားတွေနဲ့ စာချုပ်ချုပ်ထားပြီး ငါမင်းနဲ့ စာချုပ်ချုပ်ချင်ရင် နတ်ဘုရားတွေဆီက တုံ့ပြန်မှုကို ငါရရှိလိမ့်မယ်။

ဒါကြောင့် နတ်ဘုရားကိုယ်စားလှယ်တွေက [ယုံကြည်သူများ] မဖြစ်လာနိုင်ဘဲ ရှေးနတ်ဘုရားကျောင်းကို ဆန္ဒအလျောက်ပဲ ပါဝင်နိုင်တယ်။"

လင်ချီးယဲ့သည် တွေးဆဆဖြင့် ခေါင်းညိတ်ပြီး "ရှေးနတ်ဘုရားကျောင်းကို ကျွန်တော်ဝင်ဖို့ ဆန္ဒရှိနေတယ်လို့ အခုပြောရင် ခင်ဗျားယုံမှာလား။"

ယိယွီသည် လင်ချီးယဲ့ကို ခဏတာ ဂရုတစိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ "မင်းဘယ်လိုထင်လဲ။"

"ခင်ဗျားယုံမယ်လို့ ကျွန်တော်ထင်တယ်။" လင်ချီးယဲ့က လေးနက်စွာ ပြောသည်။ "ကျွန်တော်က လူတွေကို ဘယ်တော့မှ မလိမ်ဘူး"

ယိယွီသည် ပြုံးကာ ခေါင်းခါလိုက်သည်။ "အချိန်ဖြုန်းနေစရာမလိုပါဘူး။ မင်းပြန်လာဖို့ အခွင့်အလမ်း မရှိဘူး။ မီးလျှံမြေနဂါး၊ မာထျန်းယိနဲ့ ငါ 'ဟိုင်' နယ်ပယ် သန်မာသူသုံးယောက်ရှိတယ်။ မင်းတို့လေ့ကျင့်ရေးစခန်းမှာရှိတဲ့ နည်းပြအားလုံးပေါင်းရင်တောင် ငါတို့ရဲ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး။

အံ့ဖွယ်ဖြစ်ရပ်တစ်ခု မပေါ်လာသရွေ့… မင်းတို့ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူး။"

ယိယွီ၏ ဖီးနစ်မျက်လုံးများသည် လင်းချီ၏မျက်လုံးများကို စိုက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "မင်းဘယ်လိုလုပ် နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ဖြစ်လာတာလဲဆိုတာ ငါသိချင်မိတယ်။ တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ်… တခြားတစ်ခုခုကြောင့်လား။"

လင်ချီးယဲ့၏ မျက်လုံးများသည် ငြိမ်သက်နေပြီး ဘာမှပြန်မပြောပေ။

"မင်းငါ့မပြောပြလည်း ကိစ္စမရှိပါဘူး။ မင်းဝိညာဉ်အနက်ဆုံးထဲကို ငါကိုယ်တိုင်ဝင်ပြီး မင်းရဲ့လျှို့ဝှက်ချက်တွေကိုကြည့်လိုက်မယ်" ယိယွိ၏မျက်နှာပေါ်မှာ ထူးဆန်းသောအပြုံးတစ်ခုပေါ်လာသည်။

လင်ချီးယဲ့သည် အံ့အားသင့်သွားပြီး တစ်ခုခုကို တွေးနေပုံရသည်။ "ခင်ဗျားက ကျွန်တော့်ဝိညာဉ်အနက်ဆုံးကို ဝင်ချင်တာလား။"

"ဟုတ်တယ်။ ငါ့ရှေ့မှာ လူ့ဝိညာဉ်က ကစားစရာတစ်ခုပဲ။ မင်းရဲ့ဝိညာဉ်ကို ငါ လုံးဝထိန်းချုပ်ထားသရွေ့ မင်းရဲ့လျှို့ဝှက်ချက်အားလုံးကို ငါသိနိုင်ပြီး ငါ့လက်နဲ့ အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်တယ်။"

လင်ချီးယဲ့၏ မျက်လုံးများထဲတွင် အလင်းရောင် တဖျပ်ဖျပ် လင်းလက်လာပြီး 'အိုး' ဟု နာခံစွာ ပြောလိုက်သည်။

ယိယွီက အနည်းငယ်ထူးဆန်းသွားသည်။ "ဘာလဲ။ မင်းမကြောက်ဘူးလား။"

လင်ချီးယဲ့သည် ခဏလောက် စဉ်းစားပြီးနောက် မဝံ့မရဲပြောလိုက်သည်။

"အား… ကျွန်တော်အရမ်းကြောက်တာပဲနော်။"

TK Team (Chapter 200)