Chapter 100
Viewers 21k

🎶 Chapter 100


ဟယ့်ကျင်းယွင်၏မက်​ဆေ့ချ်ကို စာပြန်ပြီး​နောက် ယဲ့ဇယ်ရှစ် ခုတင်​ပေါ် ​ခေတ္တမျှ လှဲ​နေလိုက်သည်။ ထို့​နောက် Weibo ကိုဖွင့်ကာ ယမန်နေ့က Weibo ​ပေါ်မှ သူ့ကောမန့်များကို ဖတ်ရန် အဆင်သင့်ဖြစ်​နေခဲ့သည်။

သို့သော်ငြား ယမန်နေ့ညက​နေ ယခုထိ 10 နာရီမ​ကျော်​သေးသည့် အချိန်တို​လေးအတွင်းမှာပင် Weibo ​ပေါ်၌ ထိုမျှကိစ္စအများကြီး ဖြစ်သွားလိမ့်မည်ဟု သူ မ​မျှော်လင့်မိခဲ့​ပေ။

သူ ပိုမ​မျှော်လင့်မိခဲ့သည်မှာ စကားလုံးသုံးလုံးမျှသာပါသည့် ပို့စ်ထဲက မှတ်စုထဲရှိ ဟယ့်ကျင်းယွင်၏လက်​ရေးကို ပရိသတ်များက အမှန်တကယ်ကြီး မှတ်မိကြလိမ့်မည်ဟုပင်။

ယဲ့ဇယ်ရှစ်အား စိတ်ဆိုးသွား​စေသည်မှာ သူ့စတူဒီယိုမှ ထုတ်ထားသည့် Weibo ​ပေါ်က ဖြေရှင်းချက်ပင်။

အဲ့ဒါကို ပရိသတ်တစ်​ယောက်က​ ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...

ယဲ့ဇယ်ရှစ် Weibo ​ပေါ်က ကောမန့်များကို မြင်လိုက်ချိန်တွင် စိတ်အ​နှောင့်အယှက်ဖြစ်ကာ ချက်ချင်း ကောင်းရှူကို ဖုန်း​ခေါ်လိုက်သည်။

​ကောင်းရှူကလည်း ဤအ​ခြေအ​နေနှင့် ပတ်သက်ပြီး ယဲ့ဇယ်ရှစ်ကို ​မေးချင်​နေခြင်းဖြစ်သည်။ ​ပြောရလျှင် သူ ယမန်နေ့က ယဲ့ဇယ်ရှစ်ကို ပရိသတ်​များအား ပြန်မတုံ့ပြန်ရန် သတိ​ပေးခဲ့သည်။
ယဲ့ဇယ်ရှစ်က ဘာကြောင့် Weibo ​ပေါ်တင်ခဲ့တာလဲ...

ကံ​ကောင်းစွာပင် ၎င်းကို သူအချိန်မှီ ကိုင်တွယ်​ဖြေရှင်းခဲ့ပြီး သက်​ရောက်မှုအများကြီး ဖြစ်မသွား​စေခဲ့​ချေ။

​ကောင်းရှူနှင့်စကားပြောပြီး​နောက် သူနှင့်​ကောင်းရှူက လုံးဝ အမြင်မတူကြသည်ကို ယဲ့ဇယ်ရှစ် သတိပြုမိလိုက်သည်။
​
​ကောင်းရှူက ယဲ့ဇယ်ရှစ်အား Weibo တွင် ပို့စ်မတင်သင့်ဟု​ ပြောခဲ့သည်။

ယဲ့ဇယ်ရှစ်က သူ့အား အဘယ့်ကြောင့် တစ်ဖက်သူက ​ဖြေရှင်းချက်ထုတ်ရသလဲဟု​ မေးခဲ့သည်။

​ကောင်းရှူက ယဲ့ဇယ်ရှစ်အား ထိုသို့လုပ်ခြင်း၏ ​​နောက်ဆက်တွဲ ဖြစ်နိုင်​ချေရှိသည်များကို စိတ်ရှည်ရှည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

ယဲ့ဇယ်ရှစ်က ၎င်းကို ပရိသတ်များက ပို့လိုက်သည်ဟု အဘယ့်​ကြောင့် သူက ​​ဖြေရှင်းချက်ထုတ်ရမည်လဲဟု ​ကောင်းရှူအား ဆက်​လက်​မေးမြန်း​နေဆဲပင်။

​ကောင်းရှူက ကြက်​သေ​သေသွားကာ မ​နေနိုင်ဘဲ​မေးလိုက်သည်။
"ဒါဆို သခင်​လေး...ကျွန်​တော် ဘယ်လိုပို​ကောင်းကောင်းတုံ့ပြန်သင့်တယ် ထင်လို့လဲ..."

ယဲ့ဇယ်ရှစ် : "အဲ့ဒါက ပရိသတ်တွေ ပို့လိုက်တာလို့ မ​ပြောနဲ့..."

​ကောင်းရှူ မှင်သက်သွားခဲ့သည်။
"အဲ့ဒါက ပရိသတ်တစ်​ယောက်ဆီက မှတ်စု​လေးမဟုတ်ဘူးလား..."

"အဲ့ဒါကို ပရိသတ်တစ်​ယောက်က ​ပေးတာလို့ ဘယ်သူက​ ပြောလို့လဲ..."
ယဲ့ဇယ်ရှစ် ​ပြောလိုက်သည်။

​ကောင်းရှူက ယခုတွင် အလွန်အမင်းကို စိုးရိမ်ပူပန်သွား​ပြီ ဖြစ်သည်။
"ဒါဆို အဲ့ဒါကိုဘယ်သူက ​ပေးလိုက်တာလဲ..."

​လေထုက တစ်စက္ကန့်မျှ ​အေးခဲသွားခဲ့သည်။

​ကောင်းရှူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"သခင်​လေး ချစ်​နေပြီပဲ..."

၎င်းက အ​မေးစကားတစ်ခွန်း ဖြစ်​သော်လည်း ​လေသံက ခိုင်မာ​နေ​ပေသည်။

ယဲ့ဇယ်ရှစ် ရုတ်တရက်ပင် အပြစ်ရှိစိတ်အနည်းငယ် ခံစားလိုက်ရသည်။
"မဟုတ်ပါဘူး မဟုတ်ဘူး..."

"အဲ့ဒီမှတ်စုကို ဘယ်သူက​ပေးခဲ့တာလဲ..."
​ကောင်းရှူက ဆက်လက်​မေးလိုက်သည်။ တစ်စုံတစ်ခုကို ​တွေးမိလိုက်သည့်အလား ​သူ့လေသံက မြင့်တက်သွားသည်။
"အဲ့ဒါကတကယ်ကြီး ရုပ်ရှင်ဧကရာဇ်ဟယ့်ရဲ့အဖွဲ့ဆီကများ ဖြစ်​နိုင်လောက်သလား..."

ယဲ့ဇယ်ရှစ်၏နှလုံးသားက ရုတ်တရက် ခုန်လာခဲ့သည်။

​နောက်တစ်စက္ကန့်တွင် ​ကောင်းရှူ၏အသံက တဖြည်းဖြည်း တိုးနိမ့်သွားသည်ကို ယဲ့ဇယ်ရှစ်နား​ထောင်​လိုက်ရသည်။
"CP ကို​ကြော်ငြာဖို့အတွက် ပြင်ဆင်ထားတဲ့စာရွက်လား...ဒါဆို သခင်​လေး မ​နေ့တုန်းက ဘာလို့ သူ့အဓိပ္ပါယ်ကို ကားထဲမှာတုန်းက ကျွန်​တော့်ကို​ မေးခဲ့တာလဲ...သိပ်​ယုတ္တိမရှိဘူး​..."

ယဲ့ဇယ်ရှစ် ယခုတစ်ကြိမ်ကဲ့သို့ တစ်ခါမှ ထိုမျှ​လောက် ကံမ​ကောင်းခဲ့ဖူး​ပေ။ ကံ​ကောင်း​ထောက်မစွာနှင့်ပင် ​ကောင်းရှူက ​သံမဏိ​အ​ဖြောင့်တစ်​ယောက်ဖြစ်​နေခဲ့သည်။

သက်ပြင်း​ဖျော့ဖျော့ ချလိုက်ပြီး​နောက် ယဲ့ဇယ်ရှစ် ​ပြောလိုက်သည်။
"အဆင်​ပြေပါတယ်..အဲ့ဒါကပြဿနာကြီး မဟုတ်ပါဘူး...အခုအကုန်လုံး​ ဖြေရှင်းပြီးသွားပြီပဲကို ထားလိုက်ပါ​တော့...ကျွန်​တော်ကိုယ်တိုင် အ​ဖြေရှာလိုက်ပါ့မယ်..."

​ကောင်းရှူ ရုတ်ခြည်းပင် ပိုစိတ်ရှုပ်​ထွေးသွားခဲ့သည်။
"ဟမ်..."

ဖုန်းကို ဇ​ဝေဇဝါနှင့် ချလိုက်ပြီး​နောက် ကောင်းရှူ အမှန်ပင် ပိုမိုကာ စိတ်ရှုပ်​ထွေးသွားခဲ့သည်။

အဲ့​​တော့ ယဲ့ဇယ်ရှစ် ငါ့ကိုဖုန်း​ခေါ်ရတဲ့ ရည်ရွယ်ချက်က ဘာများပါလိမ့်...

ယဲ့ဇယ်ရှစ် ​ကောင်းရှူအား မရှင်းပြ​​တော့ပေ။ သို့မဟုတ်လျှင် သူတစ်ကြိမ် ရှင်းပြလိုက်သည်နှင့် မှတ်စုထဲက စာအား မည်သူ​ရေးသလဲ ဟူသည်ကိုပါ မလွဲဧကန် ထပ်ရှင်းပြရ​​​တော့မည်ပင်။

သူနှင့် ဟယ့်ကျင်းယွင်အ​ကြောင်း ​ကောင်းရှူအား အမှန်တကယ် မ​​ပြောနိုင်ချေ။

၎င်းက သူ့​အေးဂျင့်အား မ​ပြောပြချင်၍ မဟုတ်ပေ။ ယခုက အချိန်ကောင်းမဟုတ်သည်​တော့​ သေချာ​​ပေသည်။

ဤကိစ္စအား ​ကောင်းရှူအား မ​ပြောမီ အနည်းဆုံး သူနှင့်ဟယ့်ကျင်းယွင်၏ ဆက်ဆံ​ရေးကို တိတိကျကျ သတ်မှတ်ထားရန် လို​​​ပေသည်။

ဤသည်ကိုတွေးပြီး ယဲ့ဇယ်ရှစ် မ​နေနိုင်မထိုင်နိုင်​တော့ဘဲ ဖုန်းကိုထုတ်ကာ Weibo ကိုတစ်ခဏမျှ ကြည့်လိုက်သည်။

ရုတ်တရက် သူ​မေးခွန်းတစ်ခုကို ​တွေးလိုက်မိသည်။

ဟယ့်ကျင်းယွင်က အခုအင်္ဂလန်မှာ​လေ..အဲ့​တော့ သူ​hot searchကို မ​တွေ့နိုင်​လောက်​သေးဘူး...

၎င်းကို သဘောပေါက်လိုက်ပြီး ယဲ့ဇယ်ရှစ်က Weibo ကို ဖျက်ရန် သူ့လက်ကို ထိန်းထားလုနီးပါးဖြစ်သွားသည်။

ယခုအချိန်က အနည်းငယ် အထိမခံဖြစ်နေသည့်အချိန်ဖြစ်သည်။ ယခုအချိန် သူ Weibo ပို့စ်ကိုသာ အမှန်တကယ် ဖျက်ပစ်လိုက်ပါက ၎င်းက လိပ်ပြာမလုံ​သည့်ပုံနှင့် တူသွား​ပေလိမ့်မည်။

အချိန်ကျလာပါက ပရိသတ်များက ဇာမချဲ့ချင်လျှင်ပင် သူတို့က​ သေချာ​ပေါက်ရေကြီးခွင်ကျယ် လုပ်ပစ်မည်သာ ဖြစ်​၏။

ထို့နောက် ဤကိစ္စက အဆုံးသတ်မရှိ​တော့​ပေ။

ငါ Weibo ကိုမဖျက်ဘူးဆိုရင် တကယ်လို့ ဟယ့်ကျင်းယွင် အဲ့ဒါကို မြင်သွားရင် ဘာလုပ်ရမလဲ...

ယဲ့ဇယ်ရှစ် ယခုအခါတွင် အကျပ်ရိုက်နေပြီဖြစ်သည်။

ပထမဆုံးအကြိမ်အ​နေဖြင့် ယဲ့ဇယ်ရှစ် စုံလုံးကန်းပြီး Weibo ​​ပေါ်ပို့စ်တင်ခဲ့သည်ကို ​​နောင်တရမိသွားသည်။

ငါ အဲ့ဒါကို ရှင်းရှင်းလင်းလင်းကို ထန်ကျင့်နဲ့​ဝေ့လီ​ဖေးဆီ ပို့လိုက်တာ​လေ...အဲ့ဒါကို ငါ ဘာလို့များ Weibo ​ပေါ် ပို့စ်တင်ခဲ့ရတာလဲလို့...

နှစ်ကြိမ်​တွေးပြီးသွားပြီး​နောက် အဆုံးတွင် Weiboကို ဖျက်ရန် ဆုံးဖြတ်လိုက်သည်။

သို့​သော်မသိသာ​စေရန် ယဲ့ဇယ်ရှစ် တမင်တကာပင် ​​ဘောပင်နှင့်စာရွက်ကိုယူကာ မက်​​​ဆေ့ချ်ကို ပြန်​ရေးလိုက်သည်။ ထို့​နောက် ဓာတ်ပုံရိုက်ကာ Weibo​ပေါ် ပို့စ်တင်ပြီး ယခင် Weibo ကို ဖျက်ပစ်လိုက်သည်။

@ယဲ့ဇယ်ရှစ် : အရင်ပို့စ်က သိပ်မဆီ​​လျော်လို့ ဒါ​ပေမဲ့အခုဟာက​​​တော့ ပိုပြီးဆီ​လျော်ပါတယ်...# ပုံ #

စာရွက်ဖြူ​ပေါ်တွင်မူ စကားလုံးအနည်းငယ် ရှိ​ပေသည်။

ယဲ့ဇယ်ရှစ် : "မင်း..."

ဖရဲရွက် : "င​ကြောက်​လေး..."

[T/N - စ​နောက်ချင်တဲ့လေသံအ​နေအထားနဲ့ သုံးထားတာပါ...ငါ့ရင်ထဲမှာရှိတာမင်းဆိုပြီး သူ့ပရိသတ်​လေး​တွေကို ရည်ညွှန်းထားလို့ ဖရဲရွက်​လေး​တွေက င​ကြောက်​လေးလို့ ချစ်စနိုးခေါ်လိုက်တာပါ]

ဤ Weibo ပို့စ်ကိုမြင်ပြီး ပရိသတ်များက ကြက်​သေ​သေကာ မှင်တက်သွားကြသည်။

[ဒါဘာအဓိပ္ပါယ်လဲ...]

[လူတစ်​ယောက်နဲ့ နှစ်​ယောက်...ယဲ့ဇယ်ရှစ်က ငါတို့က သစ္စာမရှိဘူးလို့​ ပြောတာလား...]

[အဲ့ဒါက ဒီလို​ပြောချင်တာထင်တာပဲ...သူတင်လိုက်တဲ့ပုံက ငါတို့ကို​ပြောချင်တာက ငါတို့ဖရဲရွက်​လေး​တွေရဲ့ရင်ထဲမှာ လူတစ်​ယောက်ထက် ပိုရှိ​ပေမဲ့ သူ့နှလုံးသားထဲမှာ​​တော့ လူတစ်​ယောက်ပဲ ရှိတယ်လို့လား...]

[သေစမ်း...မင်းအဲ့ဒါကို ရှာ​တွေ့သွားမယ်လို့ မထင်ထားဘူး...ငါ​သေ​သေချာချာ ဖုံးထားတာကိုကွာ...]

[နည်းနည်း​​တော့ ထက်မြက်သားပဲ...နင် အကုန်လုံး ရှာ​​တွေ့သွားပြီဆိုမှ​​တော့ ငါလည်း ​သ​ဘောထားကြီးကြီးနဲ့ပဲ ဝန်ခံရ​​တော့မှာ​ပေါ့​လေ...ဟုတ်တယ် မှန်တယ်...အဲ့​​တော့ဘာဖြစ်လို့လဲ...]

[ယဲ့ဇယ်ရှစ် မင်းက ရင့်ကျက်တဲ့ အနုပညာရှင်တစ်​ယောက်ဖြစ်ပြီးသားပါ...လူတိုင်းအရွယ်ရောက်​နေတဲ့လူ​တွေပဲ အချင်းချင်း မ​ပြောဘဲ နား​လည်​ပေးသင့်တယ်​နော်...]

[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်...မြက်ဆိုတာက အမြဲတမ်း တခြားဘက်ဆို ပိုစိမ်းတာ​လေ...ရှစ်ရှစ်က မနာလို​နေတာလား...ဒါ​ပေမဲ့ ရှစ်ရှစ်မနာလိုရင်​တောင်မှ ရှစ်ရှစ်က ငါ့ရဲ့တစ်ဦးတည်း​သော ​ဘေဘီ​လေးမဟုတ်ဘူး​လေကွယ်...ဒါက မကူညီနိုင်တဲ့တစ်ခုခု​လေးဖြစ်ရုံတင်ပါ...​နော်...]

[ဘယ်လိုပဲဖြစ်ဖြစ် ငါ့နှလုံးသားထဲမှာ နင်တစ်​ယောက်တည်းပဲ မထားနိုင်ဘူး...ယဲ့ဇယ်ရှစ် နင့်ရဲ့ကံကြမ္မာကို လက်ခံလိုက်​တော့...]

[ငါက​တော့ နည်းနည်း ပိုတိကျတယ်...ငါ့နှလုံးသားထဲမှာ နင်နဲ့ထန်ထန်ပဲရှိတာ တခြားဘယ်သူမှ မရှိဘူး...]

[ဟုတ်တယ် ဟယ့်ရှစ်ဖန်အ​နေနဲ့ ငါ့နှလုံးသားထဲမှာ နင်နဲ့ဟယ့်ကျင်းယွင်ပဲ ရှိတာပါ...ဒါ​ပေမဲ့ ငါ့နှလုံးသားထဲမှာ နင့်တစ်​ယောက်ထဲကိုပဲ ထားခွင့်ပြုမယ်ဆိုရင်​တော့..အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း...ယဲ့ဇယ်ရှစ် ငါနင့်ကို ​နေ့ခင်းအိပ်မက်က​နေ ထ​​တော့လို့ပဲအကြံ​ပေးတယ် အား...]

"[ဟားဟားဟားဟားဟားဟား အ​ပေါ်ထပ်က ညီအစ်မ​တွေ လွန်လွန်းသွားပြီ...ဒါ​ပေါ့ငါ့နှလုံးသားထဲမှာလည်း ယဲ့ဇယ်ရှစ်တစ်​ယောက်တည်း ရှိတာမဟုတ်​ပေမယ့်​ပေါ့​...]

[ဟားဟားဟားဟားဟားဟားဟားဟားဟားဟား နင်တို့ဘယ်နတ်ဆိုးတံတားက ​ရောက်လာကြတာတုန်း...သတိထားကြဦး​နော် မဟုတ်ရင် ဘ​လော့ခံနေရဦးမယ်...]

[နင် ငါ့ကိုဘ​လော့ရင်​တောင်မှ ငါ့မှာ ဒုတိယအ​​ကောင့် ရှိ​​သေးတယ်​နော်...]

[ယဲ့ဇယ်ရှစ် ငါ့ပရိုဖိုင်ပုံကိုကြည့်...]

"..."

အချိန်အ​တော်ကြာ​အောင် Weibo တွင် ဆင်တူသည့်ကောမန့်များနှင့် ဖုံးလွှမ်း​နေခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ယဲ့ဇယ်ရှစ်​ပြောလိုက်သည်။

ကိစ္စမရှိဘူး လုံးဝကိစ္စမရှိပါဘူး...

Weiboပို့စ်ကိုဖျက်ရန် အရိုးသားဆုံးနည်းကို​ တွေ့နိုင်​နေသမျှ သူ့ပရိသတ်များ၌ အိုင်​ဒေါလ်တစ်​ယောက်ထက် ပိုရှိသည်ကို သိရလျှင်ပင် သူဝမ်းနည်းလိမ့်မည်မဟုတ်​​ပေ။

ဤသည်မှာ အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြ​နေ​ပေသည်။

ယဲ့ဇယ်ရှစ်၏ယခင်Weibo ပို့စ်ကိုဖျက်ပြီး တစ်မိနစ်အတွင်း​​လေးမှာပင် အချို့ပရိသတ်များက ယဲ့ဇယ်ရှစ် ယခင်ပို့စ် ဖျက်လိုက်သည်ကို ရှာတွေ့သွားကာ အနည်းငယ် စိတ်ရှုပ်​​ထွေးသွားကြသည်။ သိသော်လည်း ယဲ့ဇယ်ရှစ်၏ အသစ်တင်ထား​သော ပို့စ်ကိုမြင်လိုက်ချိန်တွင် ပရိသတ်များက ရုတ်ခြည်းပင် အ​ပျော်လွန်သွားကြ​​တော့၏။

[သူ တမင်သက်သက် ​နောက်ဆုံးWeibo ပို့စ်ကိုဖျက်ပြီး တင်ထားတာပဲ...ရှင်းပြစမ်းပါဦး...]

[အဲ့ဒါ တကယ်နင်ပဲ ယဲ့ဇယ်ရှစ်...]

[ကောမန့်ဧရိယာထဲမှာ ငါ​​တော့ အ​နှေးနဲ့အမြန် ရယ်​သေ​တော့မှာပဲ...]

[ယဲ့ဇယ်ရှစ် နင်က ပရိသတ်​တွေ​တွေကို ဆူပူကြိမ်း​အောင်းတဲ့ တစ်ဦးတည်း​သော အနုပညာရှင်ဖြစ်​ထိုက်ပါ​ပေတယ်...]

[အနုပညာရှင်​တွေနဲ့ ပရိသတ်​တွေ အချင်းချင်း စ​နောက်​နေကြတာ သိသာ​နေတာပဲ...]

[ဟားးးး...]

Weibo ပို့စ်ကို ဖျက်လိုက်ပြီး​​နောက် ပရိသတ်များထဲတွင် မ​ကျေမနပ် ပြောဆိုမှုများ မရှိသ​လောက်နီးနီးပင်။ ယဲ့ဇယ်ရှစ် တည်ငြိမ် အေး​ဆေး​နေသည့် ကောမန့်ဧရိယာထဲ တစ်ချက်ကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်​လေသည်။

သို့​သော်ငြား အဓိကအချက်မှာ ပရိသတ်များက မူမမှန်မှုကို သတိမထားမိခြင်းက အခြားသူများလည်း သတိမပြုမိဟု မဆိုလို​ပေ။

ဟယ့်ကျင်းယွင်က ​နေ့လည်မွန်းတည့်ချိန်တွင် နိုးလာခဲ့သည်။ အချိန်ကို မြင်လိုက်ချိန် ထိတ်လန့်သွားပြီး ​​ဆေးရုံကို အလျင်အမြန် သွားလိုက်သည်။

လူနာ​ဆောင်ထဲသို့ သူ​ရောက်သွားချိန်တွင် သူနာပြုက ကျွမ်းလန်ကို နေ့လယ်စာ​ကျွေး​နေပြီး ယွိရယ်လည်း ရှိ​ပေသည်။

ဟယ့်ကျင်းယွင် စိတ်သက်သက်သာရာ ရသွားပြီးအသက်ရှုထုတ်လိုက်သည်။
"ဘာလို့ကျွန်​တော့်ကို ဖုန်း​ခေါ်ပြီး မနှိုးလိုက်တာလဲ..."

ယွိရယ် ရှင်းပြခါနီးတွင် ကျွမ်းလန်က လက်ဦးမှုယူကာ ​ပြောလိုက်သည်။
"ငါ​ရှောင်ယွိကို မင်းကိုမ​ခေါ်ဖို့​ ပြောလိုက်တာ...မင်း မနေ့ညက ​နောက်ကျမှအိပ်ရတာ​လေ...အဲ့​ကြောင့် ငါမင်းကို နည်းနည်းကြာကြာ ပိုအိပ်​စေချင်လို့..."

ယွိရယ်​ ​ဘေးတွင်​ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့ဖြစ်သွားသည်ပင်။

ဟယ့်ကျင်းယွင် ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
"ကျွန်​တော်က အ​​မေ့ကို ဂရုစိုက်ဖို့ဒီ​ရောက်လာတာ​လေ..."

ကျွမ်းလန် ပြောလိုက်သည်။
"ငါ့ကိုဂရုစိုက်ဖို့ဆိုရင် မင်းလည်း ​ကောင်း​ကောင်းအနားယူရမယ်လို့ ဆိုလိုတာပဲ​လေ...ပြီး​တော့ ငါ့ကို​စောင့်​ရှောက်ဖို့ ဒီမှာ ​စောင့်​ရှောက်တဲ့သူတစ်​ယောက်ရှိပြီးသားပါ...မင်းဘာမှ လုပ်စရာမလိုပါဘူး...မင်း​နေ့တိုင်း ဒီလာပြီး ငါနဲ့​စကားပြောဖို့ပဲ လုပ်စရာရှိတာ..."

"ဟုတ်တယ်..."
ကျွမ်းလန် သူနာပြုအား သူမဗိုက်ဝပြီဖြစ်​ကြောင်း​ပြောကာ အရင်ထွက်သွားရန် ပြောလိုက်သည်။ သူနာပြုထွက်သွားပြီး​နောက် သူမထပ်​ပြောလိုက်သည်။
"အ​​မေ့ကို စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုအ​​ကြောင်း ပြောခွင့်​ပေး..."

ဟယ့်ကျင်းယွင် အိပ်ရယထံ​ ​​လျှောက်သွားပြီး ထိုင်ချကာ ပန်းသီးကိုကောက်ပြီး အခွံနွှာလိုက်သည်။ ထို့​နောက် သာမာန်ကာလျှံကာပင်​ မေးလိုက်သည်။
"ဘာစိတ်ဝင်စားစရာများလဲ..."

ကျွမ်းလန် သူမဖုန်းကိုထုတ်ပြီးWeibo ကိုကျွမ်းကျင်စွာ ဖွင့်ကာ သူမ၏​ following list တွင် နံပါတ်တစ်ဖြစ်သည့် Weiboကိုဖွင့်ကာ ဟယ့်ကျင်းယွင်ထံ ​ပေးလိုက်သည်။
"ကြည့် ဇယ်ရှစ်က အရမ်းချစ်ဖို့​ကောင်းတာပဲ... သူ မ​နေ့က တင်လိုက်တဲ့Weiboကိုဖျက်သွားတယ်​လေ..."

ဟယ့်ကျင်းယွင် တစ်ခဏတန့်သွားပြီး သူ့နှုတ်ခမ်း​ထောင့်များ ​​ကော့တက်မသွားဘဲ မ​နေနိုင်​ပေ။
"ဖျက်သွားပြီလား အဲ့​လောက်မြန်မြန်လေ..."

ကျွမ်းလန် စခရင်​ကို ​ထောက်ပြပြီး ကြည့်ခိုင်းလိုက်သည်။
"ဖျက်ရုံတင်မကဘူး အဲ့ဒါကို​တောင် ဖုံးလိုက်​သေးတယ်...သူပို့စ်အသစ်တစ်ခု တင်လိုက်တယ်လေ..."

ဟယ့်ကျင်းယွင် ပန်းသီးကို​အောက်ချကာ ပုံကိုနှိပ်ကြည့်လိုက်သည်။ ထို့နောက် မ​နေနိုင်စွာဖြင့် ကျွမ်းလန်နှင့်အတူ ရယ်​​​​မောလိုက်သည်။

"သူက အရမ်းချစ်စရာ​ကောင်းတာပဲ..."
ကျွမ်းလန်က ကျယ်​လောင်စွာ ရယ်​​မောလိုက်သည်။ သူမဒဏ်ရာ ပွင့်သားမည်ကိုသာ မစိုးရိမ်ရပါက ယခုထက် ကျယ်​လောင်စွာ ရယ်ပစ်လိုက်မည်ပင်။

"ကျွန်​​​​တော် မြင်သွားမှာကို သူစိုးရိမ်​နေတာပဲ..."
ဟယ့်ကျင်းယွင် အပြုံး​လေးနှင့်​ ပြောလိုက်သည်။

"ဒါ​ပေမဲ့ သားမြင်ပြီးသွား​လောက်ပြီ ဆိုတာကိုတော့ သူ မထင်ထား​လောက်ဘူး​...ပြီး​​တော့ သိပြီသားဆိုတာကို​ရော...ဇယ်ရှစ်က ချစ်ဖို့ အဲ့​လောက်​ကောင်းတာ...အ​မေသူနဲ့​ဆုံဖို့ မျှော်လင့်​​နေပြီ..."

ထိုသို့ပြောပြီး ကျွမ်းလန် ဟယ့်ကျင်းယွင်ကို စ​နောက်စွာ ကြည့်လိုက်သည်။

ဟယ့်ကျင်းယွင် သူ့နားရွက်ထိပ်လေးများ အနည်းငယ် ပူလာသည်ဟု ခံစားလိုက်ရသည်။ ထို့​ကြောင့် ဖုန်းကို ကျွမ်းလန်ထံပြန်​ပေးလိုက်ကာ ပန်းသီးကို အခွံဆက်နွှာ​နေလိုက်သည်။

ကျွမ်းလန် သူ့အား မကျေမနပ်ဖြင့် ဆက်စိုက်ကြည့်နေလိုက်သည်။

အချိန်အ​တော်ကြာပြီးနောက် ဟယ့်ကျင်းယွင် ​ချောင်းဖွဖွဆိုးကာ အကူအညီမဲ့စွာ ​ပြောလိုက်ရသည်။
"ကျွန်​​တော် အ​ကောင်းဆုံးကြိုးစားမှာပါ..."

ကျွမ်းလန် စိတ်​ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

ပန်းသီးနွှာပြီး​​​နောက် ကျွမ်းလန်ထံမ​ပေးမီ ထပ်မံ​ရေ​ဆေးလိုက်သည်။

ကျွမ်းလန် ​ကျေးဇူးတင်လိုက်ကာ တစ်ကိုက် ကိုက်လိုက်ပြီး ​ပြောလိုက်သည်။
"ဒီည စတူးချက်​ပေးနိုင်မလား..."

သူမ ဟယ့်ကျင်းယွင်၏အချက်အပြုတ် အရသာကို မမြည်းစမ်းရသည်မှာ အ​ချိန်အ​​တော်ကြာသွားပြီဖြစ်သည်။

ဟယ့်ကျင်းယွင် ပြုံးကာ ​ခေါင်းညိတ်လိုက်သည်။
"​သေချာ​ပေါက်ရတာ​ပေါ့..."

ကျွမ်းလန် ​ပြောရန်မလို​ပေ။ သူ ယ​နေ့ ဟင်းအမယ်အချို့ဝယ်ကာ ကျွမ်းလန်အတွက် တစ်ခုခုချက်ပြုတ်​ပေးရန် စီစဥ်ထား​လေသည်။​ နောက်ရက်အနည်းငယ်အထိ သူ့အချိန်ဇယားကို ရှင်းထားပြီး ကျွမ်းလန်အတွက်​ အာဟာရရှိ​သော ဟင်းများ ​နေ့တိုင်း ချက်ပြုတ်​​ပေးမည် ဖြစ်သည်။

နှစ်​ယောက်သား ထိုင်ကာ အချိန်အတန်ကြာ​အောင် စကား​ပြောပြီး​နောက် ဟယ့်ကျင်းယွင်က သူကုန်စုံဆိုင်သွားပြီး ဈေးဝယ်လိုက်မည်ဟု အကြုံပြလိုက်သည်။ ကျွမ်းလန်အား ဂရုစိုက်ရန် တစ်စုံတစ်​ယောက်အား လိုအပ်​နေဆဲ​ဖြစ်၍ ယွိရယ်က​ နေခဲ့​လေသည်။

ဟယ့်ကျင်းယွင် လူနာ​​​ဆောင်မှ ထွက်သွားပြီးနောက်
ယွိရယ် ခက်ခက်ခဲခဲ​ မေးလိုက်သည်။
"အမ်...ကျွန်​​​တော့်အတွက် အစ်ကိုဟယ့်ကို​ မေးတာ ပို​ကောင်းတယ်ဆို​ပေမယ့် အစ်ကိုဟယ့်က ကျွန်​​တော့်ကို​ မ​ပြောပြမှာ စိတ်ပူလို့ပါ...အဲ့​ကြောင့် မဒမ် ကျွန်​​တော့်ကို​ ပြောပြနိုင်မလား..."

ကျွမ်းလန်က အနည်းငယ် ဇ​ဝေဇဝါဖြစ်သွားသည်။
"ဘာကိုလဲ..."

ယွိရယ် ​ကြောက်​​ကြောက်လန့်လန့်နှင့် တံ​တွေးမြိုချလိုက်ပြီးနောက် ​မေးလိုက်သည်။
"အစ်ကိုဟယ့်မြင်သွားမှာကို ယဲ့ဇယ်ရှစ်က စိတ်ပူ​နေတာလို့ အစ်ကိုဟယ့်က ဘာလို့​​ပြောခဲ့တာလဲဟင်..."

ကျွမ်းလန်က ​မမေးမီ တစ်စက္ကန့်မျှ ကြက်​သေ​သေသွားခဲ့သည်။
"သူ မင်းကိုမ​ပြောပြဘူးလား..."

ယွိရယ် ​ခေါင်းခါလိုက်သည်။

ကျွမ်းလန်က ပိုပြီး အံ့အားသင့်သွားခဲ့သည်။
"ဒီလိုအ​​ရေးကြီးတဲ့အဖြစ်အပျက်ကို သူက မင်းကို အသိမ​ပေးခဲ့ဘူးလား..."

ဖြစ်ပျက်ခဲ့သည်များကို ယွိရယ်အား အကြမ်းဖျဥ်းရှင်းပြပြီး​​​နောက် ကျွမ်းလန်​ ပြောလိုက်သည်။
"ဒါက သူ့ရဲ့ဂရုမစိုက်မှုပဲ...အနာဂတ်ကျ ဒီလိုမျိုး တစ်ခုခုဖြစ်ရင် သူ့ဝန်ထမ်း​တွေကို​ ပြောပြရမယ်ဆိုတာ ငါ​နောက်မှ သူ့ကို​ပြောလိုက်ဦးမယ်..."

ယွိရယ် ​​ခေါင်းကို ထပ်ခါခပ်ခါ ညိတ်လိုက်သည်။ ၎င်းကို သ​ဘောမတူရန် ခက်ခဲ​ပေ​၏။

ထိုအခိုက် လူနှစ်​ယောက်၏အ​ဆွေး​နွေးခံ ဟယ့်ကျင်းယွင်က ဟင်းချက်စရာ ပါဝင်ပစ္စည်းများ ဝယ်ယူပြီး​​နောက် ကျွမ်းလန်၏ဗီလာကို ပြန်လာခဲ့သည်။

ပါဝင်ပစ္စည်းများကို ဦးစွာပြင်ဆင်ပြီး​​နောက် ဟယ့်ကျင်းယွင် Wechat ကိုဖွင့်ကာ ယဲ့ဇယ်ရှစ်ထံ ဗီဒီယို​ကော်လ် တောင်းဆိုမှု ပို့လိုက်သည်။

ဗီဒီယိုက လျင်မြန်စွာပင် ချိတ်ဆက်သွားခဲ့ပြီး ယဲ့ဇယ်ရှစ်၏ ရင်းနှီးကျွမ်းဝင်​နေသည့် မျက်နှာ​လေးက စခရင်တွင်​ပေါ်လာကာ ရင်းနှီးနေသည့် အသံ​​လေးကထွက်လာခဲ့သည်။
"ဟယ့်​လောင်ရှီး...ဘာဖြစ်လို့လဲ..."

ဟယ့်ကျင်းယွင်၏ နက်ရှိုင်း​သော မျက်ဝန်းများက ​ကွေးညွတ်သွားပြီး သူ့အသံကလည်း အနည်းငယ် နိမ့်​နေခဲ့သည်။
"ဘာမှမဖြစ်ပါဘူး...ကိုယ်မင်းကို လွမ်းလို့..."


🎶🎶🎶