👻Chapter 23
Viewers 9k

👻Chapter 23



ယဲ့ကျင်းကျီထွက်ခွာသွားသည့် ဓါတ်​လှေကား၏ တင်း​တောင်ဟူ​သော အသံကိုကြားလိုက်ရသည်နှင့် ရှီကျားမှာတစ်ခုခုကို ရုတ်ချည်းသတိရသွားမိ​တော့သည်။ သူကုတ်အင်္ကျီကိုဆွဲလျက် ​ပြေးထွက်သွားလိုက်သည်။ အိမ်ရာ၀န်း၏ပန်းခြံသို့​ရောက်​သော် ယဲ့ကျင်းကျီ၏ ​ကျောပြင်ကို​တွေ့လိုက်ရ​လေသည်။ သူလှမ်း၍​အော်လိုက်သည်။

"ဆရာယဲ့"

၂ကြိမ်မျှ​ခေါ်လိုက်​သော်လည်း တဖက်လူမှာ သူ့ကိုမကြား​ချေ။ ရှီကျားမှာ ​ပြေးလိုက်သွားပြီး တစ်ဖက်လူ၏လက်ကိုဆွဲလိုက်​လေသည်။

ယဲ့ကျင်းကျီ၏ လက်၅​ချောင်းမှာတင်းတင်းဆုပ်သွားမိလျက် ​နောက်ကိုထိုးချ​တော့မည့်ဆဲဆဲတွင်​နောက်မှလိုက်လာသူမှာ ရှီကျားဖြစ်သည်ကို​တွေ့လိုက်ရ​၏။ သူကမျက်လုံးများ၀ိုင်းစက်သွားလျက် လက်ကိုအမြန်ပြန်ရုတ်လိုက်​လေသည်။

ရှီကျား ဆရာယဲ့၏ လက်ကိုဆွဲလျက်ဆိုလိုက်သည်။

"ဒီလို​ပါ ဆရာယဲ့..ကျွန်​တော်​ပြောဖို့​မေ့သွားတာတစ်ခုရှိလို့ပါ"

ယဲ့ကျင်းကျီ သူ၏လက်ကိုဆုပ်ကိုင်ထား​သော လူရွယ်​လေး၏လက်ကိုငုံ့ကြည့်လိုက်မိ​လေသည်။ ထိုစကားကိုကြားသည်နှင့် သူ၏မျက်လုံးများမှာ ဖျတ်ခနဲ​တောက်ပသွားလျက် အနည်းငယ်အံ့အားသင့်သွားပုံနှင့် ရှီကျားကိုကြည့်လာခဲ့​လေသည်။

ရှီကျားမှာ တဖက်လူ၏အမူအယာကိုသတိမထားမိပဲ ဆက်၍​ပြော​နေခဲ့သည်။

"ဒီလိုပါ..မ​နေ့ညကခင်များအိမ်မှာမရှိတုန်း..ညလယ်ကျကျွန်​တော်နိုးလာပြီး မီးဖို​ချောင်ထဲ​ရေသွား​သောက်​တော့..တစ်ခုခုမူမမှန်သလိုခံစားရတယ် ..ကျွန်​တော်ကငယ်ငယ်ထဲက သရဲ​တွေကိုမြင်နိုင်တာ​လေ..အဲဒါ​ကြောင့် ၀ူရှန်းချင်းလီနဲ့ အ​ဆောင်​လေးကိုချွတ်ပြီး​တော့​တောင် ကျွန်​တော့်၀မ်းကွဲကိုကြည့်လိုက်​သေးတယ်"

သူ၏မျက်လုံးများထဲမှ ​မျှော်လင့်ချက်မီး​တောက်​လေးမှာ ငြိမ်း​သေသွားလျက် ယဲ့ကျင်းကျီမှာ ​ခေါင်းကိုတိတ်တဆိတ်ငုံ့ကာ သူ၏လက်ကိုဆုပ်ကိုင်ထား​သော လူရွယ်​လေး၏လက်က​လေးကိုငုံ့ကြည့်လိုက်ပြန်သည်။ သူ၏​လေသံထဲတွင် မ​ကျေမနပ်ဖြစ်မှုအရိပ်အ​​​ယောင်​​လေး မသိမသာပါ၀င်လျက်ဆိုလာခဲ့သည်။

"သူကသရဲမဟုတ်ဘူး"

ရှီကျားမှာ ၄င်းကိုသတိမထားမိပဲ ​ခေါင်းညိတ်လိုက်​လေသည်။

"အင်း..သူကတကယ်လည်း သရဲမဟုတ်ပါဘူး"

သူမသာ သရဲဖြစ်ခဲ့လျှင် အိမ်သို့​ရောက်လာစဥ်ကတည်းက သူနှင့်ယဲ့ကျင်းကျီချက်ချင်းသတိထားမိမည်ဖြစ်သည်။ သို့​သော် ရှီကျားကဆိုလာခဲ့သည်။

"ဆရာယဲ့..တစ်ခုခုကမူမမှန်ဘူး..ကျွန်​တော်အဲလိုခံစား​နေရတယ်"

သူ၏စကားမှာ ရုတ်ချည်းရပ်သွားပြီး ရှီကျား၏အမူအရာမှာလည်း​တောင့်တင်းသွားကာ သူနှင့်ယဲ့ကျင်းကျီထံ​လျှောက်လာ​နေ​သော အဖြူ​ရောင်၀တ်မိန်းက​လေးကိုကြည့်လိုက်မိ​လေသည်။

ယဲ့ကျင်းကျီမှာလည်းထိုမိန်းက​လေးကိုလှည့်ကြည့်လိုက်သည်။ ထိုမိန်းက​လေးမှာ ​ခေါင်းကိုငိုက်စိုက်ချလိုက် သူမ၏ဆံပင်တို့မှာ ရှုပ်ပွ​နေခဲ့သည်။ ထိုသို့ပုံစံအတိုင်းပင် သူမမှာ သူတို့၂ဦးထံတိတ်တဆိတ်​လျှောက်လာ​နေခဲ့​လေသည်။ သူမ သူတို့​ရှေ့သို့​ရောက်လာခါနီးမှာပင် ယဲ့ကျင်းကျီက မျက်လုံးကိုနှိမ့်လျက် သူ၏ညာ​ခြေ​ထောက်ကို​ဆောင့်ချလိုက်​လေသည်။

၀မ်...

​လေညှင်းတစ်ခုကသူ့​ခြေ​ထောက်​အောက်မှပြန့်ထွက်လာခဲ့ပြီး ပန်းခြံတစ်ခုလုံးကိုဖြတ်တိုက်သွားခဲ့​လေသည်။ အဖြူ​ရောင်၀တ်မိန်းက​လေးမှာလည်း ​ခေါင်းကို​မော့လာခဲ့ပြီး သူမ၏​သွေး​ရောင်ကင်းမဲ့​နေ​သော မျက်နှာမှာ သူတို့​ယောက်ကိုကြည့်လာခဲ့သည်။ သို့​သော်သိပ်မကြာလိုက်ခင်မှာပင် သူမမှာကိုယ်ကိုလှည့်လျက် တခြားဦးတည်ရာသို့ဆက်၍​လျှောက်သွားခဲ့​လေသည်။

ယဲ့ကျင်းကျီ" ​လေလွင့်၀ိညာဥ်​​လေးပါပဲ.."

ရှီကျားကဆိုသည်။

"ကျွန်​တော်​ဖေးယွီဆီကကြားဖူးတာ​တော့ အငြိုးကြီး၀ိညာဥ်​တွေကလွဲရင် ဒီ​​လေလွင့်၀ိညာဥ်​တွေက ​လေလွင့်​နေတာနဲ့ ​၀ိညာဥ်ရိုင်းဆိုပြီး၂မျိုးရှိတယ်ဆို...​လေလွင့်၀ိညာဥ်​တွေက ကမ္ဘာ​ပေါ်မှာ ၁ရက်၂ရက်​​လောက်​လေလွင့်​နေပြီးရင် ပြန်လည်၀င်စားရတယ်..ကျန်တဲ့၀ိညာဥ်​တွေက​တော့ သူတို့​သေပြီးပြီဆိုတဲ့အ​ကြောင်း သိပြီးရင် ဒါမှမဟုတ် သူတို့ရဲ့ဆန္ဒပြည့်ပြီးရင် ပြန်လည်၀င်စားကြတယ်...ဆရာယဲ့..အဲဒီမိန်းက​လေးက ဒီတိုင်း​လေလွင့်​နေတာလား ​မေ့​နေတာလားဆိုတာ ခင်များဘယ်လို​ပြောနိုင်တာလဲ"

ဤကဲ့သို့အရာများကို​ဆွေး​နွေးရခြင်းတွင် ယဲ့ကျင်းကျီမှာ အရမ်းရှက်​ကြောက်​နေခြင်းမရှိ​တော့​ချေ။ သူသည် အလွန်တည်ငြိမ်၍ ဆရာသခင်အတု​လေး​ဖေးအလွန်လိုချင်ပါသည့် အစစ်အမှန်ဆရာသခင်တစ်ဦး၏အရှိန်အ၀ါမျိုးဖြင့် ဆိုလာခဲ့​လေသည်။

"အခုနက ၀ိညာဥ်ရဲ့ကိုယ်မှာ အသက်စွမ်းအင်က သန်မာ​နေတုန်းပဲ..မကြာ​သေးခင်ကမှ​သေသွားတာဖြစ်နိုင်တယ်..ဒီတိုင်းဆိုသူက ​လေလွင့်၀ိညာဥ်လား ဆန္ဒမပြီးပြတ်​သေးတဲ့၀ိညာဥ်ရိုင်းလားဆိုတာမ​ပြောနိုင်​ပေမယ့် ​လေလွင့်၀ိညာဥ်​တွေက ၀ိညာဥ်ရိုင်း​တွေထက် ၁၀ဆပို​တွေ့ရများတယ်...၀ိညာဥ်ရိုင်း​တွေကို ​တော်ရုံမ​တွေ့ရတတ်ဘူး"

ရှီကျား​ခေါင်းအသာညိတ်လိုက်သည်။ ခေါင်းကိုငုံ့လိုက်ချိန်တွင်မှ သူသည်ဆရာယဲ့၏ လက်ကို ကိုင်ထားမိဆဲဖြစ်သည်ကို​တွေ့လိုက်ရကာ လျင်မြန်စွာလွှတ်လိုက်သည်။

သူ့ကိုဆုပ်ကိုင်ထား​သော လက်က​လေးမှာ ရုတ်ချည်းလွှတ်ချသွားခဲ့သည်။ ယဲ့ကျင်းကျီမှာ ဖြည်းညှင်းစွာ​ခေါင်းငုံ့လျက် သူ၏လစ်ဟာသွား​သော လက်ကို သတိလက်လွတ်စိုက်ကြည့်​နေမိစဥ် ရှီကျား၏စကားသံကိုကြားလိုက်ရ​လေသည်။

"တကယ်​တော့ ဒီမနက်ကကျွန်​တော်ထွက်လာတုန်းက ဒီ၀ိညာဥ်ကို တိုက်​ရှေ့မှာ​တွေ့လိုက်​သေးတယ်..မကြာ​သေးခင်က​သေသွားတဲ့ ​လေလွင့်၀ိညာဥ်ပဲဖြစ်နိုင်ပါတယ်"

သူတို့၂ဦးစကားခတ္တမျှ​ပြောကြပြီး​နောက် ယဲ့ကျင်းကျီမှာ အရင်ထွက်ခွာသွားဆဲပင်။ သူ၏အန်တီမိသားစုကလည်းပြန််မလာ​သေး​လေရာ သူယခုပြန်လိုက်လာခဲ့လျှင်​တောင် ​စောင့်​နေရရုံသာရှိလိမ့်မည်။ တဖက်တွင်​တော့ ယဲ့ကျင်းကျီမှာ နှစ်၃၀၀သက်တမ်းရှိ ၀ိညာဥ်ကြီးတစ်​ကောင်ကို Sမြို့တဖက်ခြမ်းတွင် အမှန်တကယ်ရှာ​တွေ့ခဲ့​လေသည်။ ၄င်းမှာ မ​ကောင်းဆိုးရွား၀ိညာဥ်မျိုးမဟုတ်​သော်လည်း သူ၏သက်တမ်းကြာစွမ်းအားများရှိ​လေရာ လူကိုယ်တိုင်သွားရန်လိုအပ်​လေသည်။

ထို့အပြင် ရှီကျားကိုကာကွယ်​ပေးနိုင်ရန် ​မှော်လက်နက်များ အ​ဆောင်များစွာလည်း ​ပြင်ဆင်​ပေးထားပြီးဖြစ်သည်။ မ​တော်တဆမ​ကောင်းဆိုး၀ါး၀ိညာဥ်နှင့်အမှန်တကယ်ဆုံခဲ့လျှင်​တောင် သူပြန်မလာခင်အထိထိုအ​ဆောင်များကအချိန်ဆွဲထား​ပေးနိုင်လိမ့်မည်။ ထို့အပြင်ရှီကျားမှာ ၀ူရှန်းချင်းလီကိုလည်း ဆွဲထား​သေးသည်။ အကယ်၍ ၄င်းကအလုပ်မဖြစ်​သေးလျှင်​​တော့...

ယဲ့ကျင်းကျီမှာ တည်တံ့စွာဆိုခဲ့သည်။

"အဲဒါမှအလုပ်မဖြစ်​သေးရင် သူ့ကိုပစ်​ပေါက်လိုက်လို့ရတယ်"

ယဲ့ကျင်းကျီမှာ လက်ညှိုးကို​မြှောက်လျက် ရှီကျား၏လည်တိုင်မှ ၀ူရှန်းချင်းလီကိုထိုးပြလျက်ဆိုခဲ့သည်။

ရှီကျား ​ကြောင်အသွားလျက် ​ထူးဆန်း​သောအမူအရာဖြင့်​ခေါင်းကိုအသာညိတ်လိုက်မိ​လေသည်။

ယဲ့ကျင်းကျီထွက်သွားသည်အထိ​စောင့်ပြီးမှ ရှီကျားမှာ ​​ကြေးအံစာတုံး​လေးကို ကိုင်လျက် ငိုအရအခက် ရယ်ရအခက်ဖြင့်ဆိုလိုက်​လေသည်။

"မင်းရဲ့သခင်က​တောင် မင်းကိုပစ်​ပေါက်ခိုင်း​နေတယ်"

မတရားခံရသလိုခံစားရကာ ၀ူရှန်းချင်းလီ​လေးမှာ ရှီကျား၏အ၀တ်ကြားထဲတိုး၀င်ကာ မျက်ရည်များညှစ်ထုတ်​နေ​တော့သည်။

သို့နှင့် မ​နေ့ညက အဖြစ်အပျက်ကိုပင်​မေ့​​မေ့​လျော့​လျော့ဖြစ်သွားခဲ့​လေသည်။

ရှီကျား အိမ်ပြန်​ရောက်ပြီး မကြာခင်မှာပင် အန်တီတို့မိသားစုမှာလည်းပြန်​ရောက်လာခဲ့​လေသည်။ အန်တီတို့လင်မယား၂ဦးက ဟင်းချက်စရာများ၀ယ်လာခဲ့ပြီး သူတို့ချက်ပြုတ်ကြမည်ဖြစ်ကာ ရှီကျားကိုလည်း သူတို့လက်ရာကိုမြည်းခိုင်းမည်ဟု​ဆိုလာ​လေသည်။

တတိယအန်တီက သူ၏လက်ကိုဆုပ်ကိုင်လျက် ထပ်ခါထပ်ခါဆိုလာခဲ့​လေသည်။

"​ရှောင်ကျား..တို့​တွေမင်း၀မ်းကွဲငှားထားတဲ့တိုက်ခန်းကို သဘက်ခါကျရင်​ပြောင်း​တော့မယ်..ဒီရက်​တွေထဲ​နေခွင့်​ပေးလို့ သိပ်​ကျေးဇူးတင်ပါတယ်ကွယ်..ဒုက္ခ​ပေးမိပြီ.."

ရှီကျား​ခေါင်းကို​ယမ်းကာ ပြုံးလိုက်သည်။

"ဒုက္ခမဟုတ်ပါဘူး..နည်းနည်း​လေးပဲ ကူညီ​ပေးလိုက်တာပါ.."

တဖက်လူကသူ့အ​ပေါ်​ကောင်းလျှင်လည်း သူကလည်းပြန်​​ကောင်း​ပေးရန်တွန့်ဆုတ်​နေလိမ့်မည်မဟုတ်​ချေ။

ရိုးသား​သော တတိယအန်တီမှာ ရှီကျား၏စကားကိုအဘယ်မှာ လက်ခံလိမ့်မည်နည်း။ သူမက သမီးဖြစ်သူကိုလှမ်း​ခေါ်လိုက်​လေသည်။

"သမီး​လေးကျွင်း​ရေ..အား​နေတုန်း​လေး..​ရှောင်ကျားရဲ့အိမ်ကိုသန့်ရှင်း​ပေးလိုက်ပါဦးကွယ်...ဒီ၂ရက်အတွင်း တို့​တွေလုပ်တာနဲ့ သူ့တိုက်ခန်းလည်းညစ်ပတ်ကုန်ပြီ"

ရှီကျား တားလို​သော်လည်း ​၀မ်းကွဲ​ရှောင်ကျွင်းမှာ တံမြက်စည်းကို​ကောက်ကိုင်ကာ စတင်လှည်းကျင်း​နေ​တော့သည်။ ဧည့်ခန်းကိုရှင်းလင်းပြီး​နောက် သူမမှာ ရှီကျားအခန်းထဲသို့တိုက်ရိုက်၀င်သွားခဲ့​လေသည်။ ၄င်းကိုမြင်​သော် ရှီကျားလျင်မြန်စွာဆိုလိုက်သည်။

"၀မ်းကွဲ..ငါ့အခန်းကိုသိမ်းစရာမလိုပါဘူး တကယ်ရတယ်"

သူ့စကားမဆုံးခင်မှာပင် သူမမှာ သူ့အခန်းထဲ၀င်သွား​တော့သည်။ ထို့​နောက်သူ၏၀မ်းကွဲဖြစ်သူမှာ ​သေးငယ်​သော ​ကြေးမုံ​လေးကို ဂရုတစိုက်ကြည့်​နေသည်ကို​တွေ့လိုက်ရ​လေသည်။

"၀မ်းကွဲ ..ဒီမှန်​လေးကတကယ်ထူးခြားတာပဲ​နော် ဒါ​ပေမယ့် မှန်က၀ါး​နေ​ရောပဲ..သိပ်လည်းအရိပ်မထင်ဘူး..မျက်နှာ​တောင်​သေချာမမြင်ရဘူး"

ရှီကျား၏​ခြေလှမ်းတို့တန့်သွားလျက် ၀မ်းကွဲ၏လက်ထဲမှ ထိုရှစ်​ထောင့် ​ကြေးမုံ​လေးကိုကြည့်လိုက်မိ​လေသည်။

၀မ်းကွဲ​ရှောင်ကျွင်းမှာ ပြုံးလျက်​ခေါင်းကို​မော့လာခဲ့​လေသည်။

"ဒီမှန်ကိုသန့်သွား​အောင်ပွတ်​ပေးမယ်​နော်..အဲဒါမှမြင်ရမှာ​ပေါ့..."

ထို့​နောက်အ၀တ်စုတ်ကို​ကောက်ယူကာ မှန်ကိုစတင်ပွတ်တိုက်​တော့သည်။ သူမမှာ မှန်၏​ထောင့်တိုင်းကို ဂရုတစိုက်ပွတ်တိုက်သန့်ရှင်း​နေခဲ့​လေသည်။ ထို့​နောက်ထိုမှန်ကို ရှီကျားထံကမ်း​ပေးလိုက်​လေသည်။ သူမ၏အပြုံးမှာ ​နွေး​ထွေး​နေခဲ့​လေသည်။

"ကြည့်ပါဦး ၀ါး​နေ​သေးလားလို့"

ရှီကျားမှန်ကိုယူလျက် ငုံ့ကြည့်လိုက်​လေသည်။ ထိုမှန်ထဲတွင် အခန်းထဲမှ ပရိ​ဘောဂပစ္စည်းများကသာ ပုံရိပ်ထင်​နေကာ လူတစ်ဦးမျှမ​ပေါ်နေခဲ့​​ချေ။

ထိုမှန်ကိုစိုက်ကြည့်​နေခဲ့ပြီး​နောက် ရှီကျား ​​ခေါင်းကို​မော့လျက် သူ၏၀မ်းကွဲကိုကြည့်လိုက်​လေသည်။ သူ၏၂၀​​​ကျော်အရွယ်၀မ်းကွဲမှာ သူ့အိပ်ခန်း၏ကြမ်းပြင်ကို တက်တက်ကြွကြွလှည့်ကျင်း​နေခဲ့​လေသည်။ ​ထောင့်ရှိဖုန်များပင်မကျန်​စေရ​ချေ။ ထို့​နောက်အ၀တ်စုတ်ဖြင့် သူ၏စာအုပ်စင်နှင့် စာအုပ်စင်နှင့်နံရံကြားမှ အဟ​လေးများပါမကျန်ပွတ်တိုက်​နေပြန်သည်။

ရှီကျား သူမကိုတားမ​နေ​တော့ဘဲ သည်အတိုင်းသာစိုက်ကြည့်​နေခဲ့​လေသည်။

သို့​သော် ဤတစ်ကြိမ်တွင်မူ ၀မ်းကွဲဖြစ်သူမှာ သန့်ရှင်း​နေရင်း ရုတ်တရက်ရပ်သွားခဲ့​လေသည်။ သူမမှာ စာအုပ်စင်ကိုသန့်ရှင်း​နေ​စဥ်အတိုင်း ခါးကိုကိုင်းလျက်​တောင့်​​တောင့်ကြီးရပ်​နေခဲ့သည်။ ထို့​နောက်သူမ၏​ခေါင်းကိုဖြည်းညှင်းစွာ​မော့လာပြီး ရှီကျားကိုကြည့်လာခဲ့​လေသည်။ သူမ၏လှပ​သောမျက်မှာ​ပေါ်တွင် ထူးဆန်း​သောအပြုံးကြီးကိုချိတ်ဆွဲလျက် အ၀ါ​ရောင်လူစက္ကူ​လေးကိုယမ်းပြလာခဲ့သည်။ သူမ၏​လေသံတွင် ရယ်မြူးရိပ်တို့ပါ၀င်​နေခဲ့​သော်လည်း ၄င်းမှာ အလွန်မ​ကောင်း​သောခံစားချက်ကို​ပေး​လေသည်။

"၀မ်းကွဲ​ရှောင်ကျား..ဘယ်တုန်းကတည်းက စက္ကူညှပ်တမ်း​ဆော့​နေတာတုန်း.."

ထိုလူစက္ကူရုပ်​လေးကိုကြည့်ကာ ရှီကျား၏မျက်လုံးတို့တစ်ချက်မျှတုန်လှုပ်သွားခဲ့​သော်လည်း သူမကိုမတုန့်ပြန်ခဲ့​ချေ။

၀မ်းကွဲ​ရှောင်ကျွင်းမှာ အသာရယ်​​မောလိုက်​လေသည်။ သူမ၏လက်၅​ချောင်းမှာဖြည်းညှင်းစွာဆန့်သွားလျက်ထိုလူစက္ကူရုပ်​လေးကို စက္ကူလုံးတစ်လုံးအဖြစ်တဖြည်းဖြည်းချင်းဖိ​ချေလိုက်​လေသည်။ လူစက္ကူရုပ်က​လေးမှာ အစပိုင်းတွင် ရုန်းကန်​နေ​သေး​​သော်လည်း သူမ၏လက်ထဲတွင်ပင် စက္ကူလုံးအဖြစ် ဖိ​ချေခံလိုက်ရကာ ​ငြိမ်သက်သွား​လေ​တော့သည်။

S မြို့​တော်၏တဖက်ခြမ်းတွင် ယဲ့ကျင်းကျီမှာ နှစ်၃၀၀ ​လေလွင့်၀ိညာဥ်ကြီးနှင့် ညှိုနှိုင်း​နေပြီး ​မောက်လျန်စာချုပ်ချုပ်ရန်ပြင်ဆင်​နေကြ​လေသည်။

​မောက်လျန်စာချုပ်သည်ကား သရဲအိုကြီးသည်လည်း မ​ကောင်းမှုမပြုသ၍ မိမိသည်လည်း သူ၏၀ိညာဥ်ကိုမဖြိုခွဲဟု နှစ်ဦးသ​​ဘောတူညှိနှိုင်း​သောစာချုပ်မျိုးလည်းဖြစ်သည်။

သို့​သော် ယဲ့ကျင်းကြီ၏ လက်​ချောင်း၂​ချောင်းထိပ်တွင် ​ရွှေ​ရောင်အလင်းတစ်ခု​တောက်ပလာပြီး စာချုပ်​​ပေါ်တွင် လက်မှတ်ထိုးခါနီးတွင် သူ၏လှုပ်ရှားမှုကရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။

၄င်းကိုမြင်​သော် သရဲအိုကြီးက စားပွဲကိုလှန်​သော အမူအရာမျိုးနှင့်ကြုံး၀ါးလာခဲ့သည်။

"​ကောင်​လေး..မင်းကစာချုပ်မချုပ်ချင်​တော့ဘူးလား..ဒီအဘိုးကြီးကလည်း ချုပ်ချင်မ​နေဘူးကွ"

ယဲ့ကျင်းကျီ၏အမူအယာမှာ ​အေးစက်လာခဲ့​လေသည်။ ​ချက်ချင်းဆိုသလိုပင် ​ရွှေ​ရောင်အလင်းတစ်ခုက သရဲအိုကြီး၏ကိုယ်​ပေါ်သို့ရိုက်ခတ်သွားခဲ့​လေသည်။ သရဲအိုကြီး၏ ​ဒေါသမှာ​ကောင်းကင်​ပေါ်သို့ ထိုးတက်သွားခဲ့​သော်လည်း သူ၏​ရှေ့မှ အမြဲတည်ငြိမ်ကာ ခံစားချက်မဲ့​သော လူရွယ်​လေး၏မျက်မှာ​ ရုတ်ချည်းအလွန်အမင်း​အေးစက်လာသည်ကိုမြင်ချိန်တွင် သူ့မှာတိုက်ခိုက်ချိန်ပင်မရှိလိုက်​ချေ။ ထို့​နောက် သရဲအိုကြီးကိုစိုက်ကြည့်လျက် တစ်လုံးချင်းစီ​ပြောလိုက်သည်။

"ခင်များသာ လူ​တွေကိုဒုက္ခ​ပေးရဲရင် ငါ ယဲ့ကျင်းကျီက ခင်များကို ငရဲပြည်ရှစ်ထပ်အထိဆင်းပြီး မီး​တောင်​ချော်ရည်​တွေဆီက​နေ​လောင်ကျွမ်းခံရတဲ့နာကျင်မှုမျိုးကို ခံစားရ​​​​အောင်လုပ်​ပေးမယ်လို့ကတိ​ပေးတယ်"

စကားဆုံးသည်နှင့် ယဲ့ကျင်းကျီသည် သူ၏ကိုယ်ကိုလှည့်လျက် လျင်မြန်စွာထွက်ခွာသွားပြီး မိုးကုပ်စက်၀ိုင်းအစွန်သို့​ဖြတ်ခနဲ​ပျောက်ကွယ်သွားခဲ့ကာ ​မောက်လျန်စာချုပ်ကိုပင် ဂရုစိုက်မ​နေ​တော့​ချေ။

သရဲအိုကြီးမှာ ​လေထဲတွင်​မျော​နေ​သော ​မောက်လျန်စာချုပ်ကိုကြည့်လိုက်​လေသည်။ အ​တော်ကြာပြီး​နောက် အရိုက်ခံလိုက်ရ၍​လောင်ကျွမ်းသွား​သော ပါးပြင်ကိုကိုင်လျက် မ​ကျေမနပ်ဆိုလိုက်သည်။

"ဒီအဘိုးကြီးကသာ လူ​တွေကိုဒုက္ခ​ပေးချင်ရင် မ​ကောင်းဆိုး၀ါးတို့ မိစ္ဆာ​တို့ဖြစ်​နေတာကြာ​ပေါ့..ငါသာနှစ်၃၀၀​နေလာတဲ့ မ​ကောင်းဆိုး၀ါးသာဆို ဒီ​သောက်​ကောင်​လေး ငါ့ကိုလက်တစ်​ချောင်းထဲနဲ့ခုလိုတိုက်ခိုက်လို့ရမယ်များထင်​နေလား..ဒီ​ခေတ်က​လေး​တွေက​တော့ အကြီးကိုလည်း​လေးစားရမှန်းမသိဘူး..အငယ်ကိုလည်းတန်ဖိုးထားရမှန်းမသိဘူးပဲ..ဆိုးချက်.."

ထိုစဥ် ကျင်းတု​ရေကန်​ဘေးမှ အဆင့်မြင့်အိမ်ရာ၀န်းထဲတွင်..

ဘန်း..ဘန်း..ဘန်း...

မီးသီးများကွဲ​ထွက်သွားသံဆက်တိုက်ထွက်​ပေါ်လာပြီး အိမ်ယာ၀န်းတစ်ခုလုံးမှာ အ​မှောင်အတိကျသွား​တော့သည်။

တစ်စုံတစ်​ယောက်၏ ကျယ်​လောင်စွာ အပြစ်တင်သံကိုလည်းကြားလိုက်ရ​လေသည်။

"ဓါတ်အား​ပေးဌာနက မီးဖြတ်မယ်ဆိုတာကို ဘာလို့ကြိုအသိမ​ပေးတာလဲ..လွန်လွန်းတယ်..ငါအထက်ကိုတိုင်မယ်"

မည်သူမှသတိမထားမိသည်မှာ အ​ဆောက်အဦးတစ်ခုတည်းကသာ မီးအားလုံး၀ပြတ်​တောက်သွားခြင်းဖြစ်ကာ သာမာန်မီးဖြတ်ခြင်းမျိုးမဟုတ်ခဲ့ခြင်းပင်။

မီးဖို​ချောင်ထဲတွင် ချက်ပြုတ်​နေကြ​သော ဦး​လေးနှင့်အန်တီမှာ အရိပ်အ​ယောင်​လေးမျှပင်မကျန်ဘဲ ​လေထဲသို့​ပျောက်ကွယ်သွားခဲ့ကြ​လေသည်။ ဧည့်ခန်းထဲတွင်ရှိသည့် နံရံ​ပေါ်မှနာရီမှာ ၁၉: ၃၂မိိနစ်တွင် ရပ်​နေခဲ့ပြီး ​ရွေ့လျားခြင်းမရှိ​တော့​ချေ။

ရှီကျား သူ၏​ရှေ့မှ မိန်းက​လေးကို​အေးစက်စွာကြည့်လိုက်​လေသည်။ လူစက္ကူ​လေးမှာ သူမလက်ထဲတွင် ဖိ​ချေခံလိုက်ရပြီးသည်နှင့် မီးထ​တောက်​လောင်ကျွမ်းသွား​တော့သည်။ ​ရွှေ​ရောင်မီး​တောက်များက ၀မ်းကွဲ​​ရှောင်ကျွင်း၏ လက်ကို​လောင်ကျွမ်း​နေ​သော်လည်း သူမမှာ နာကျင်မှုကို မခံစားရသည့်အလား ထိုစက္ကူလုံး​လေးမှာ သူမလက်ထဲ၌ပင် ပြာအဖြစ်​ပြောင်းလဲသွား​​တော့သည်။

သူတို့၂ဦးမှာတစ်ဦးကိုတစ်ဦးကြည့်​နေခဲ့ကြသည်။

အ​တော်ကြာပြီး​နောက် ၀မ်းကွဲ​ရှောင်ကျွင်းမှာ အသာရယ်​မောလိုက်​လေသည်။ သူမ၏အမည်း​ရောင်အတိမျက်လုံးများမှာ ​ရေခဲ​ကန်ထဲတွင်နစ်မြုပ်​နေသည့်အလား လူတစ်ဦးကိုတုန်လှုပ်သွား​စေနိုင်​သော ​အေးစိမ့်စိမ့်ခံစားချက်ကို​ပေး​နေခဲ့သည်။

"ငါ့၀မ်းကွဲက ယင်စွမ်းအင်သန်မာတဲ့အပြင်ကို..​ဆရာသခင်တစ်​ယောက်လည်းဖြစ်​နေမယ်လို့ မထင်ထားဘူး​နော်"

ရှီကျားမှာ မထူးမခြားနားစွာပင်ဆိုလိုက်သည်။

"ငါကမင်းရဲ့၀မ်းကွဲလား"

​ရှောင်ကျွင်းမှာ ပို၍ပင်​ပျော်ရွှင်စွာ ပြုံးလိုက်​လေသည်။

"၀မ်းကွဲက ငါ့၀မ်းကွဲ​ပေါ့လို့"

ရှီကျားမှာ စားပွဲ​ပေါ်တွင်တင်ထား​သော ​မှော်လက်နက်များကိုကြည့်လိုက်မိ​လေသည်။ အရင်ကသူသည်ထိုပစ္စည်းများကို အနည်းငယ်မျှဂရုမစိုက်မိပဲ စားပွဲ​ပေါ်သို့သာ သည်အတိုင်းတင်ထားခဲ့မိသည်။ တစ်​နေ့တွင် သူ၏၀မ်းကွဲမှာ ၄င်းတို့ကိုရှာ​တွေ့သွားလိမ့်မည်ဟု မည်သို့ထင်ထားလိမ့်မည်နည်း။

"လွန်ခဲ့တဲ့၂နှစ်က​တွေ့ခဲ့တာက​​တော့ ငါ့၀မ်းကွဲဖြစ်နိုင်ပါတယ်...ဒါ​ပေမယ့် မင်းက​​တော့..ဘယ်သူလဲဆိုတာ ငါမသိဘူး"

"ငါကနင့်ရဲ့၀မ်းကွဲပါပဲ..၀မ်းကွဲ​ရှောင်ကျားရဲ့"

ရှီကျား သူမကို​အေးစက်စွာကြည့်​နေခဲ့​လေသည်။



👻