Chapter 73
Viewers 21k

🎶 Chapter 73



ဤဘက်သို့ လျှောက်လာနေသည့် လူနှစ်ယောက်ကိုကြည့်ပြီး ထန်ကျင့်၏ဘေးတွင်ချထားသည့် လက်များက အနည်းငယ် တင်းကျပ်သွားခဲ့သည်။


အဆင်ပြေပါတယ် ငါ အခုသိပြီပဲ...နောက်မှ မှတ်ထားလိုက်မယ်....


"မင်းပြန်လာပြီပဲ..."

ထန်ကျင့် ယဲ့ဇယ်ရှစ်ကို လက်ယမ်းပြလိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"အင်း...ငါဒီနားတစ်ဝိုက်ကို ခဏလောက် လှည့်ကြည့်ရုံတင်..."


"ဒီနားတစ်ဝိုက်လို့ ခေါ်လို့ရလို့လား..."

ရှန်ဇယ်ယွီ သူတို့နှစ်ယောက်ကို အနည်းငယ် မကျေမနပ်နှင့် စိုက်ကြည့်လိုက်သည်။

"မင်းတို့တစ်ချိန်လုံး ကစားနေကြတာကို..."


ဟယ့်ကျင်းယွင် ကူကယ်ရာမဲ့သွားပြီး ရှားရှားပါးပါးပင် သူ့သူငယ်ချင်းကို နှစ်သိမ့်လိုက်သည်။

"နောက်တစ်ခေါက်ကျ မင်းကိုခေါ်ဖို့ သတိရပါ့မယ်ကွာ ဟုတ်ပြီလား..."


ဘေးနားရှိ ဒါရိုက်တာက ချောင်းအကျယ်ကြီးဟန့်လိုက်လေသည်။


သူတို့က ငါ မရှိနေသလို တကယ်ကြီး ဆက်ဆံနေကြတာပဲ ဟုတ်တယ်မလား...


အခုလည်း တခြားဧည့်သည်တွေကို သူတို့လိုဖြစ်အောင် သင်ပေးနေပြန်ပြီ...


အခြားသူများက မထိန်းနိုင်ဘဲ အကုန်လုံးရယ်လိုက်ကြသည်။


ဧည့်သည်များ ရောက်လာကြပြီဖြစ်၍ ယနေ့ခရီးစဥ်ကို တရားဝင် စတင်လိုက်သည်။


အုပ်စုက တစ်ဖန် ဆားရေကန်အလယ်သို့ ရထားဖြင့် သွားလိုက်ကြပြီး လမ်းတစ်လျှောက်ရှိ မြင်ကွင်းများက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။


ယဲ့ဇယ်ရှစ်က ၎င်းကို နှစ်ခါခန့် ကြည့်ခဲ့ရသည့်အတွက် အလွန်အမင်း ကျေနပ်နေလေ၏။


အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွာပြီး မကြာမီမှာပင် မွန်းတည့်ချိန်သို့ ရောက်လာခဲ့သည်။ လူတိုင်းက အမှတ်တရ ဓာတ်ပုံများရိုက်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် လုံလုံလောက်လောက် ပျော်ရွှင်သွားခဲ့ကြသည်။


သို့သော် ထိုအချိန်မှာပင် လူတိုင်းပြဿနာတစ်ခုကို တွေ့လိုက်ကြ၏။ 


သူတို့နေ့လည်စာ ဘာစားရမှာလဲ...


ဧည့်သည်များက နံနက်ခင်းတွင် ပျော်ရွှင်ပြီးနောက် အနည်းငယ် မောပန်းကာ ဗိုက်ဆာနေကြပြီဖြစ်သည်။


ယို့ကျားက ၎င်းကို ပထမဆုံးမေးလိုက်သူ ဖြစ်သည်။


ထို့နောက် ဝေ့ပေကလည်း လိုက်မေးလိုက်သည်။

"ဟုတ်တယ် နေ့လည်စာစားချိန် ရောက်နေပြီ...ကျွန်တော်တို့ ဘာစားရမှာလဲ..."


ထိုသို့မေးလိုက်ပြီး ဝေ့ပေ တစ်ခဏတန့်သွားကာ သူ့ခေါင်းကို ထိုနေရာရှိ ဒါရိုက်တာအဖွဲ့ထံ လှည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"မဟုတ်သေးဘူး...ဒါရိုက်တာ...ကျွန်တော်တို့အတွက် ဒီနေ့ နေ့လည်စာမရှိဘူးလို့တော့ မပြောနဲ့နော်...မပြောဘူးမလား..."


ဒါရိုက်တာအဖွဲ့က မည်သူမှ စကားမပြောကြသေးပေ။ ပရိုဂရမ်အဖွဲ့က ဝန်ထမ်းများက မနေနိုင်တော့ဘဲ ခေါင်းလှည့်ကာ သူတို့နှုတ်ခမ်းထောင့်ရှိ အပြုံးများကို ဖုံးဖိလိုက်ကြရသည်။


အခြေအနေက မှားနေသည်ကို မြင်ပြီး ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်လည်း အချင်းချင်း ကြည့်လိုက်ကြသည်။


သူတို့ကို နေ့လည်စာ တကယ်ကြီး မပေးဘူးဆိုတာဖြစ်နိုင်ပါ့မလား...


ဧည့်သည်များ တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားကြသည်။


ရှန်ဇယ်ယွီ ဆွဲဆွဲငင်ငင် အော်လိုက်လေ၏။

"ခင်ဗျားတို့ တကယ်ကြီးလား... ကျွန်တော် ခင်ဗျားတို့ရှိုးကို အခုပထမဆုံးလာတာကို စားစရာမပေးဘူးပေါ့လေ...ဒါရိုက်တာ ခင်ဗျား တမင်လုပ်နေတာပဲ..."


"မနောက်နဲ့နော်..."

ယို့ကျားလည်း အနည်းငယ် မယုံကြည်နိုင်ချေ။


ဧည့်သည်များ ပိုပို စိုးရိမ်စိတ်လာသည်ကို မြင်လိုက်ရပြီး မလှုပ်မယှက်ဖြစ်နေသော ဝန်ထမ်းကနောက်ဆုံးတွင် လှုပ်ရှားလာကာ ပြင်ဆင်ထားသည့် နေ့လည်စာနှစ်ဘူးကို ထုတ်ကာ ထန်ကျင့်နှင့်ရှန်ဇယ်ယွီကို ဦးစွာ ပေးလိုက်သည်။


နေ့လည်စာပို့ပြီးနောက် ဝန်ထမ်းက အလျင်အမြန်ပင် ပရိုဂရမ်အဖွဲ့ကို ပြန်သွားလိုက်သည်။


ဝေ့ပေက ဝန်ထမ်းနှစ်ယောက်အား စိုက်ကြည့်နေသည်။

သူတို့ နောက်တစ်ကြိမ် မထွက်လာသည်ကို မြင်လိုက်ရာ သူ မနေနိုင်ဘဲ သတိပေးလိုက်သည်။

"ကျွန်တော်တို့အတွက်ကရော...နေ့လည်စာနှစ်ဘူးလေးပဲလား...အဲ့ဒါဘာကိုဆိုလိုတာလဲ..."


ထန်ကျင့်နှင့်ရှန်ဇယ်ယွီလည်း အနည်းငယ် စိတ်ရှုပ်သွားကြပြီး သူတို့လက်ထဲက နေ့လည်စာဘူးကို ကြည့်ကာ မယုံနိုင်မှုများဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ လျှို့ဝှက်မစ်ရှင်တစ်ခု ပြီးမြောက်ခဲ့လို့များလား..."


ထိုအခိုက် ဒါရိုက်တာက နောက်ဆုံးတွင် ရှေ့ထွက်လာပြီး ထန်ကျင့်၏မှတ်ချက်ကို ခေါင်းညိတ်လိုက်သည်။

"မှန်တယ်...ကဲ ပထမဆုံးအနေနဲ့ ငါတို့ ထန်ကျင့်နဲ့ရှန်ဇယ်ယွီကို ဂုဏ်ပြုချင်ပါတယ်...မင်းတို့ရဲ့ဒီနေ့ လျှို့ဝှက်မစ်ရှင်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."


ထန်ကျင့် အံ့အားသင့်သွားပုံပင်။


ရှန်ဇယ်ယွီက ပို၍ပင်နားမလည်ပေ။

"ငါတို့ ဘာတာဝန်ပြီးခဲ့လို့တုန်း..."


ဒါရိုက်တာက ပြုံးရုံပြုံးပြီး ရှင်းပြရန် စိတ်ကူးမရှိပေ။ 

"တောင်းပန်ပါတယ် ဒါကို အခုလောလောဆယ် ထုတ်ပြောလို့ မရပါဘူး...မင်းတို့ လျှို့ဝှက်မစ်ရှင်တစ်ခု ပြီးသွားတဲ့အတွက် ဆုလာဘ်အနေနဲ့ ဒီနေ့ နေ့လည်စာကို ရနိုင်ပါတယ်... ပြစ်ဒဏ်အနေနဲ့ ကျန်တဲ့အဖွဲ့နှစ်ဖွဲ့က သူတို့ရဲ့ကိုယ်ပိုင်နေ့လည်စာကို ဖြေရှင်းရပါမယ်..."


၎င်းကိုကြားပြီး ထန်ကျင့် မျက်မှောင်ကြုတ်ကာ ယဲ့ဇယ်ရှစ်ထံလှည့်ပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ်... ငါမင်းကို ငါ့နေ့လည်စာပေးမယ်..."


"ခဏနေပါဦး..."

ဒါရိုက်တာက ထန်ကျင့်ကို ကြားဖြတ်ပြောလိုက်သည်။

"လူတိုင်းကို စည်းမျဥ်းတွေကို အသိပေးချင်ပါတယ်...ထန်ကျင့်ပဲဖြစ်ဖြစ် ရှန်ဇယ်ယွီပဲဖြစ်ဖြစ် နှစ်ယောက်လုံး ဘယ်သူကမှ ပရိုဂရမ်အဖွဲ့က ပေးထားတဲ့နေ့လည်စာကို တခြားအဖွဲ့နှစ်ဖွဲ့ကို ပေးလို့မရပါဘူး...မဟုတ်လို့ကတော့ မင်းတို့ရဲ့နေ့လည်စာတွေပါ ပြန်သိမ်းမှာပါ..."


ဤသည်က ဧည့်သည်အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒါရိုက်တာအဖွဲ့ကို ဆန့်ကျင်သည့် အခြေအနေကို ရှောင်ရှားနိုင်စေရန် ဒါရိုက်တာအဖွဲ့က ယခင်အတွေ့အကြုံမှ သင်ခန်းစာယူထားခြင်း ဖြစ်သည်။


၎င်းကိုကြားပြီး ဝေ့ပေက မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

"ဒါက လွင်တီးခေါင်တောရွာလေးလေ...အကုန်လုံးက ဆားရေကန်ကြီးပဲ...နေ့လယ်စာကို ငါ့ဘာသာငါတစ်ယောက်တည်း ချက်စားဖို့ ပြောနေတာလား...ဒါရိုက်တာ ခင်ဗျားက လူရောဟုတ်ရဲ့လား..."


ယို့ကျားလည်း ဒေါသထွက်စွာ ရယ်လိုက်သည်။

"ဒါရိုက်တာ...ကျွန်မတို့ကို တစ်လျှောက်လုံး ဆားကိုစားပြီး ဆားရေသောက်ခိုင်းစေချင်နေတာများလား..."


ဒါရိုက်တာက သူမှားနေသည်ကို သိပြီး သေချင်ယောင်ဆောင်သည့် လှည့်ကွက်အသစ်ကို စတင်လိုက်သည်။


ကျန်အချိန်များတွင် ဝေ့ပေနှင့်ယို့ကျားက မည်မျှ ပြစ်တင်ဝေဖန်နေပါစေ ဒါရိုက်တာက မကြားချင်ယောင်ဆောင်နေလေသည်။


ယဲ့ဇယ်ရှစ်က မညည်းညူဘဲ ဟယ့်ကျင်းယွင်ကိုသာ ကြည့်လိုက်၏။


ကြည့်ရသည်မှာ သူတို့မနက်က မုန့်ပဲသရေစာအချို့ထုတ်ပိုးလာခဲ့သည်မှာ အမှန်တကယ်ပဲ ပညာရှိသွားပုံပေါ်ပေသည်။


ထန်ကျင့် နေ့လည်စာဘူးကို ကိုင်ထားလျက်နှင့် မျက်မှောင်ကြုတ်လိုက်သည်။


ငါအခုဘာလုပ်သင့်လဲ...


သူ့နံဘေးက ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ငါ ယဲ့ဇယ်ရှစ်ကို နေ့လည်စာလွတ်သွားခွင့် မပြုနိုင်ဘူးလေ ဟုတ်တယ်မလား...


နှလုံးသားအမဲ့ဆုံးဖြစ်သည့် ရှန်ဇယ်ယွီသာလျှင် လူတိုင်းရှေ့မှောက်မှာပင် နေ့လည်စာဘူးကို တိုက်ရိုက် ဖွင့်လိုက်လေသည်။ သူက အရသာရှိသည့်နေ့လည်စာကို ပျော်ပျော်ကြီးစားသုံးလျက်ပင် သဘောခွေ့နေ၏။


ဝေ့ပေမှာ စိတ်ထဲချဥ်တူးနေလျက် ဒါရိုက်တာအဖွဲ့နှင့်ငြင်းခုံနေရင်း ထန်ကျင့်အား သူတို့၏လျှို့ဝှက်မစ်ရှင်က ဘာလဲဆိုသည်ကို မေးရန်ကြိုးစားနေခဲ့သည်။


ပြီးမြောက်သွားခဲ့သော မစ်ရှင်အားကြေညာမပေးသည်မှာ သနားစရာပင်။ ထို့ကြောင့် ထန်ကျင့်နှင့်ရှန်ဇယ်ယွီလည်း သူတို့ ဘာမစ်ရှင်အောင်မြင်သွားသည်ကို အမှန်တကယ် သေချာမသိချေ။


တစ်ခဏမျှ ရေးကြီးခွင်ကျယ်လုပ်ကာ ပြဿနာရှာပြီးနောက် ဝေ့ပေနှင့် ယို့ကျားလည်း ဒါရိုက်တာအဖွဲ့က သူတို့အား နေ့လယ်စာ ကျွေးမည်မဟုတ်ကြောင်း ကျိန်းသေသွားခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သား ပြဿနာမရှာဘဲ အားအနည်းငယ်ကို ချွေတာလိုက်ကြသည်။


သို့သော် သူတို့ ကျိန်းသေပေါက် စား၍မရတော့ပေ။ ထို့ကြောင့် သူတို့၏အကြည့်များကို သူတို့နှင့် တစ်လှေတည်း(တစ်ဖွဲ့တည်း)ဖြစ်သော လူနှစ်ယောက်ပေါ် ရွေ့လိုက်လေ၏။


ဝေ့ပေ ဟယ့်ကျင်းယွင်ကို ဦးစွာကြည့်လိုက်သည်။ ယခုသူတို့က တာဝန်ကိုမအောင်မြင်ဘဲ နေ့လည်စာ မစားရသော အဖွဲ့နှစ်ဖွဲ့ဖြစ်သောကြောင့် မစ်ရှင်ကို ပြီးမြောက်ခဲ့သော ထထန်ကျင့်နှင့်ရှန်ဇယ်ယွီတို့ထံမှ ခွဲထားခြင်းက ပိုကောင်းပေသည်။


"ဟယ့်လောင်ရှီးက နေ့လည်စာ ဘာများစားမလဲမသိဘူး...ကျွန်တော်တို့က တစ်လှေတည်းစီးနေတဲ့သူတွေလို့ပြောလို့ရတာပဲ....ကျွန်တော်တို့နှစ်ဖွဲ့လုံး နေ့လည်စာအတွက် ဘာမှမရှိဘူးလေ..."

ဝေ့ပေက ပြောလိုက်သည်။


"ငါတို့က မင်းတို့နဲ့တူတူပဲလို့ ဘယ်သူပြောလဲ...ငါတို့မှာ စားဖို့ရှိတယ်..."

ဟယ့်ကျင်းယွင်က ဝေ့ပေစကားကို ဖြတ်ပြောလိုက်သည်။


ယို့ကျားက တန့်သွားသည်။

"ဘာများစားမှာလဲ..."


ယဲ့ဇယ်ရှစ် နှုတ်ခမ်းကိုကွေးလိုက်ပြီး ဤမနက်ခင်းက သူထုတ်လာခဲ့သော စားစရာများကို သူ့အိတ်ထဲမှ ထုတ်လိုက်လေ၏။

"ကျွန်တော်တို့ ဒါကို နေ့လည်စာအနေနဲ့ စားမှာလေ..."


အေးနေသော်လည်း ဒင်မ်စမ်းက လတ်ဆတ်နေသေးပေသည်။


အရသာလည်း အလွန်ရှိသေးသည်။


သို့သော် တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ တွေးလိုက်မိသည်။


လျှို့ဝှက်မစ်ရှင်က ဘာများပါလိမ့်...


ဤအချက်နှင့်ပတ်သက်ပြီး ယဲ့ဇယ်ရှစ် ထန်ကျင့်နှင့်ရှန်ဇယ်ယွီကို မေးမြန်းလိုက်သည်။


ထန်ကျင့်နှင့် ရှန်ဇယ်ယွီ၏ ရှင်းပြချက်ကို နားထောင်ကြည့်လိုက်ရာ သူတို့ အထူးတလည် ဘာမှ မလုပ်ခဲ့ပေ။ မနက်ခင်းတွင် လူတိုင်းနှင့် မနက်စာအတူစားခဲ့ပြီး ရှုခင်းနေရာသို့သွားရန် တခြားသူများကဲ့သို့ ကားပေါ်တက်ခဲ့ကြလေသည်။ ထို့နောက်တွင် အားလုံးက အတူတူရှိနေခဲ့ကြပေ၏။။


အကယ်၍ သူတို့သာ တာဝန်ကို လုပ်ဆောင်ခဲ့ပါက လူတိုင်း၏မြင်ကွင်းထဲတွင် ရှိနေ၍ သေချာပေါက် ဖော်ထုတ်ခံရလိမ့်မည်ပင်။ လုံးဝမတွေ့ရန် မဖြစ်နိုင်ချေ။


သို့သော်ငြား တစ်လျှောက်လုံး သူတို့အတူရှိနေခဲ့ကြပြီး သာမာန်မဟုတ်သည့် မည်သည့်အရာကိုမျှ ယဲ့ဇယ်ရှစ် အမှန်တကယ် မမြင်မိပေ။


ပိုမိုသေချာစေရန် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကိုလည်း မေးမြန်းခဲ့သည်။ သို့သော် ဟယ့်ကျင်းယွင်လည်း သူတို့နှစ်ယောက်ကြားက မူမမှန်သည့် မည်သည့်အပြုအမူကိုမှ မတွေ့ခဲ့ပေ။


လျှို့ဝှက်မစ်ရှင်ကို သူတို့ ပြီးမြောက်သွားပြီဟု ဒါရိုက်တာအဖွဲ့က ကြေညာပြီးသည့်နောက် တွေ့ရသည့် ရှန်ဇယ်ယွီ၏မျက်နှာပေါ်က အံ့သြမှုမှာ အတုအယောင်ဟု မထင်ရချေ။ 


ထန်ကျင့်နှင့်ပတ်သတ်ပြီး ဟယ့်ကျင်းယွင် မသေချာသော်လည်း ရှန်ဇယ်ယွီ မသိသည်ကို သူသေချာလေ၏။ 


သို့သော်ငြား အဆုံးတွင် ထန်ကျင့်က မနက်ခင်းတွင် သူ ယဲ့ဇယ်ရှစ်အတွက် ထုတ်လာခဲ့သည့် မုန့်ပဲသရေစာများ သူ့ကျောပိုးအိတ်ထဲတွင် ရှိသေးကြောင်း ရုတ်တရက် သတိရသွားသည့်အတွက် ဝေ့ပေနှင့် ယို့ကျားမှာ နေ့လည်စာကိုတော့ စားနိုင်လိုက်သေးသည်။ ပရိုဂရမ်အဖွဲ့က ထောက်ပံ့ပေးသည့် နေ့လည်စာဘူးအား လူတိုင်းကို မျှပေး၍မရသော်လည်း ဤမုန့်ပဲသရေစာများကမူ အဆင်ပြေပေသည်။


ထန်ကျင့်နှင့် ရှန်ဇယ်ယွီက နေ့လည်စာဘူးများ စားကြပြီး ယဲ့ဇယ်ရှစ်နှင့် အခြားသူများက သယ်လာသော မုန့်နှစ်ဘူးကို မျှဝေရန် အတူတကွစုရုံးလိုက်ကြသည်။ 


ပထမတွင် ယဲ့ဇယ်ရှစ် စားနေရသည်ကို အလွန်ပျော်နေသော်လည်း ထန်ကျင့်၏နေ့လည်စာဘူးထဲမှ ငါးအကြွပ်ကြော်ကို တတွေ့လိုက်ချိန်တွင် ချက်ချင်းဒေါသထွက်သွားသည်။


"နေ့လည်ကျရင်တော့ သေချာပေါက် လျှို့ဝှက်မစ်ရှင်ကို အောင်မြင်အောင် လုပ်ရမယ်..."

ယဲ့ဇယ်ရှစ် ဖက်ထုပ်ကြော်က်ို စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ကိုက် ကိုက်လိုက်လေ၏။


ဟယ့်ကျင်းယွင်က နှုတ်ခမ်းထောင့်တွင် အပြုံးလေးနှင့် ယဲဲ့ဇယ်ရှစ်ထံ ရေတစ်ဘူး ကမ်းပေးလိုက်သည်။

"ဟုတ်ပါပြီ..."


ထန်ကျင့်က ဤမြင်ကွင်းကို သတိပြုမိလိုက်ပြီး သူ့မျက်ခုံးများက ထပ်တွန့်သွားသည်။


သူ့နံဘေးတွင် ရေသောက်နေသည့် ရှန်ဇယ်ယွီက ခေါင်းမော့လိုက်ရာ ထန်ကျင့်အမူအရာကို မြင်သွားသည်။ သူ့လက်ထဲက ရေဘူးက်ိုပြီး ထန်ကျင့်ပခုံးကို ပုတ်လိုက်၏။

"လူငယ်လေး...ဘာလို့ တစ်ချိန်လုံး မျက်မှောင်ကြီးကြုတ်နေရတာလဲကွ..."


သူ့ကြောင့် ထန်ကျင့် တစ်ခဏမျှတန့်သွားပြီး ခဏအကြာတွင် စိတ်လျှော့လိုက်သည်။


တစ်စက္ကန့်မျှ တွေးလိုက်ပြီးနောက် ထန်ကျင့် သူ့နံဘေးနားရှိ ရှန်ဇယ်ယွီကိုကြည့်ကာ မေးလိုက်သည်။

"ရှန်လောင်ရှီး...ကျွန်တော်တို့ ဘာလျှို့ဝှက်မစ်ရှင်ကို အောင်မြင်သွားတာများလဲ..."


ရှန်ဇယ်ယွီ အရေးမစိုက်စွာ ပခုံးတွန့်လိုက်သည်။

"ငါဘယ်လိုလုပ်သိမှာလဲ...ငါပါဝင်ဖူးတဲ့ ရသစုံရှိုးက နည်းဆိုမှ နည်းနည်းလေးလေ...အဲ့တော့ ရသစုံရှိုးတွေ ဘယ်လိုလုပ်အလုပ်လုပ်လဲဆိုတာ ငါအရမ်းနားမလည်ဘူး...ဒါပေမဲ့ ဒါကိုစိုးရိမ်နေမယ့်အစား ငါတို့ဒီညပြန်သွားရင် ဟင်းချက်ဗီဒီယိုတွေကို သေချာလေ့လာသင့်တယ်ထင်တာပဲ...အဲ့ဒါမှ ငါတို့ဟင်းချက်ရမယ့်အချိန်ရောက်ရင် ခရမ်းချဥ်သီးနဲ့ကြက်ဥမွှေကြော်ဖို့က ဆီအရင်ထည့်ရမလား ကြက်ဥအရင်ထည့်ရမလားဆိုတာကို မသိတဲ့ အခြေအနေမျိုး မရောက်မှာ..."


ထန်ကျင့် တိတ်ဆိတ်သွားခဲ့သည်။


ရှန်ဇယ်ယွီ တန့်သွားပြီးမှ သူ့အားပြန်ကြည့်လိုက်သည်။

"အာ အို... မင်းတကယ်မသိဘူးလား..တကယ်ကြီးလား..."


ထန်ကျင့် ရုတ်တရက် သူ့မျက်နှာပူလာသည်ဟု ခံစားလိုက်ရပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ကျွန်တော် လေ့လာနိုင်တယ်..."


ပြီးတော့ ငါ အလေးအနက်ထားပြီးတော့ကို လေ့လာမှာ...


ဘာလို့လဲဆိုတော့...


ထန်ကျင့် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်ကို စောင်းကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင် ရထားနှင့် ထွက်သွားချိန်က ဝေ့ပေနှင့်ယို့ကျားမှာ ယခင်ရိုက်ကူးရေးက အကြောင်းများကို ပြောခဲ့ကြသည်။


ဟယ့်ကျင်းယွင်က အရသာရှိသော အစားအစာများကို ချက်ပြုတ်တတ်သောကြောင့် ရိုးရှင်းစွာပင် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နှင့် အမြဲပူးပေါင်းလိုစိတ်ရှိနေကြောင်းကို ထန်ကျင့် နားလည်လိုက်သည်။


သို့သော် ယင်းက သူ မသင်ယူနိုင်သည့် ကြီးကြီးမားမား မဟုတ်ပေ။ 


ရှန်ဇယ်ယွီ သူ့အကြည့်ကို ပြန်မရုတ်သိမ်းမီ ထန်ကျင့်ကို လေးလေးနက်နက်နှင့် စက္ကန့်အတော်ကြာအောင် စိုက်ကြည့်လိုက်သည်။


မကြာမီ နေ့လည်ပိုင်းရိုက်ကူးရေးကို ဆက်လက်ရိုက်ကူးလိုက်သည်။


ရိုက်ကူးရေးစတင်ပြီးနောက် ယဲ့ဇယ်ရှစ်က ရှစ်ဆအားစိုက်ထုတ်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ ပရိုဂရမ်အဖွဲ့နှင့်ပတ်သက်သည့် logo အားလုံးကို အာရုံစိုက်လာခဲ့သည်။


ကံခေစွာပင် လမ်းတစ်လျှောက် မည်သည်မှ မဖြစ်ခဲ့ချေ။



🎶🎶🎶